အခန်း ၆၉
Vol. 7 Ch. 69
အခန်း ၆၉ - ခင်ဗျား အကုန်မှန်အောင် ခန့်မှန်းသွားတာပဲ။
"ကျွန်တော့်ရဲ့ အခန်းထဲမှာ ခင်ဗျားရဲ့ ဓာတ်ပုံတွေနဲ့ ပြည့်နေတယ်။ ခင်ဗျား ဘယ်မှာနေလဲဆိုတာ ကျွန်တော် သိတယ်။ မနက်တိုင်း အစောကြီး ခင်ဗျားအိမ်ရှေ့သွားပြီး အမှိုက်တွေကိုရှာဖွေတယ်။ အဲဒါက ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံးတစ်ခုတည်းသော ပျော်ရွှင်မှုပဲ။ ခင်ဗျား သုံးပြီးသား တစ်ရှူးတွေ သုံးပြီးသား မိန်းမလစဉ်သုံးပစ္စည်းတွေ ခင်ဗျား ပစ်လိုက်တဲ့ ပလတ်စတစ်အိတ်တွေ အဝတ်ဟောင်းတွေ... ဒါတွေအားလုံးက ကျွန်တော့်ရဲ့ ရတနာတွေပဲ ခင်ဗျား စားကျန်တွေ အရိုးတွေကိုတောင် ကောက်ယူပြီး အရသာခံ စားခဲ့တာ။ အဲဒါက ပျော်ရွှင်ခြင်းရဲ့ အရသာပဲ..."
"သေစမ်း ဒီလူက တကယ့်ကို ရူးနေတာပဲ။ ဒီလူက တကယ့်ကို အဖျားတက်နေတာပဲ။"
ယဲ့ချန်ပင် ဦးခေါင်းတစ်ခုလုံး ကျဉ်တက်သွားသလို ခံစားလိုက်ရသည်။ယ
"ဒါပေမဲ့ ပြောရရင် ယန်နန်ရေ ဒီလူက အသက်ရှင်တုန်းက မင်းကို တကယ်ပဲ အရူးအမူး ချစ်ခဲ့တာပဲ။ စစ်မှန်တဲ့ အချစ်သာ မဟုတ်ရင် ဘယ်သူကများ ဒီလို ခွေးတစ်ကောင်လို အဖြစ်မျိုးကို ခံယူမှာလဲ။"
"ဆရာကြီး တော်တော့ စိတ်ပျက်ဖို့ကောင်းလိုက်တာ ကျွန်မအန်ချင်လာပြီ။" ယ
ရှယန်နန်က အန်ထုတ်လိုက်ပြီး လုံးဝ ထိတ်လန့်သွားတော့သည်။ သူမကို သုံးနှစ်လုံးလုံး ဒီလို ရူးသွပ်သူတစ်ယောက်က နောက်ယောင်ခံလိုက်ပြီး ခိုးရိုက်နေခဲ့သည်ကို သူမ တစ်ခါမှ မတွေးဖူးခဲ့ပေ။
သရဲက ၎င်း၏ နာကျည်းဖွယ် ဇာတ်လမ်းကို ဆက်ပြောသည်။
"ဒါပေမဲ့ ကျွန်တော်... အသက်ရှင်တုန်းက အရမ်း သတ္တိနည်းလွန်းတယ် ယန်နန်။ ခင်ဗျားကို ဖွင့်ပြောဖို့လည်း မရဲခဲ့ဘူး။ ခင်ဗျားရှေ့ကိုတောင် မထွက်ရဲဘူး။ ခင်ဗျားက ပြီးပြည့်စုံတယ် လှတယ် ချမ်းသာတယ်။ ကျွန်တော်ကတော့ အောက်ခြေလူတန်းစား ဘဝရဲ့ အသေးအဖွဲ ဇာတ်ကောင်လေးပဲ... တစ်လလောက်ကမှ လျှပ်စစ်စကူတာစီးပြီး အလုပ်သွားရင်း ထရပ်ကားကြီးနဲ့ ကြိတ်မိပြီး သေသွားခဲ့တာ... ကျွန်တော် သရဲ ဖြစ်သွားပေမဲ့ ခင်ဗျားကို မေ့လို့မရဘူး။ ကျွန်တော် ခင်ဗျားကို လွှတ်မပေးနိုင်ဘူး။ ခင်ဗျားကို အမြဲတမ်း ခြောက်လှန့်နေမယ်... ခင်ဗျားကို ချစ်သူမထားရဘူး လက်မထပ်ရဘူး။ ခင်ဗျားက ကျွန်တော့်အပိုင် အသက်ရှင်တုန်းက မပိုင်ဆိုင်ခဲ့ရတော့ အခု သေသွားပြီမို့ ကျွန်တော် ခင်ဗျားကို ပိုင်ဆိုင်ရမယ်။"
သရဲသည် အရူးအမူး အော်ဟစ်လိုက်ပြီး သွားများကို ဖြဲကာ ပါးစပ်မှ သွေးများကို ကြမ်းပြင်ပေါ်သို့ ဖြန်းပက်လိုက်သည်။
"တော်တော့။"
ယဲ့ချန်က ရုတ်တရက် အော်ပြောလိုက်သည်။
"မင်း ပြောလို့ ပြီးပြီလား ပြီးရင် ငါ့အလှည့်ပဲ။"
"ဟင်"
သရဲက ယဲ့ချန်ကို အံ့သြစွာ ကြည့်သည်။
"မင်းက အမှိုက်ပဲ။ အသက်ရှင်တုန်းကပဲ ဖြစ်ဖြစ် သေပြီးနောက် သရဲပဲ ဖြစ်ဖြစ်မင်းက ဘာမှ အဓိပ္ပာယ်မရှိတဲ့ အမှိုက်တစ်စပဲ။ ဒါကြောင့် ဒီနေ့ မင်းက ဇာတ်လိုက် မဟုတ်ဘူး။ အလွန်ဆုံးဆို ဇာတ်ရံလေးပဲ။"
ယဲ့ချန်က သရော်လိုက်သည်။ ထို့နောက် သူက ပတ်ဝန်းကျင်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ယန်နန် ဒီအိမ်ကို အေဂျင်စီကတစ်ဆင့် ငှားတာလား။"
"ဟုတ်တယ် အတွင်းရေးမှူး ရှောင်ဟုန်ကပဲ ငှားပေးတာ။"
"ဒါဆိုရင်တော့ ရှောင်ဟုန်ကို မနက်ဖြန် အလုပ်ထုတ်လိုက်ပါ ပြီးတော့ အေဂျင်စီဆီသွားပြီး လျော်ကြေး တောင်းလိုက်တော့။"
ယဲ့ချန်က အလွန် လေးနက်စွာ ပြောသည်။
"???"
ရှယန်နန်မှာ ဘာမှ နားမလည် ဖြစ်သွားသည်။
"သာမန်အားဖြင့် လူတစ်ယောက် သဘာဝမကျတဲ့နည်းနဲ့ သေဆုံးသွားတဲ့အိမ်ကို သရဲခြောက်တဲ့အိမ်လို့ ခေါ်တယ်။ သဘာဝမကျတဲ့နည်းနဲ့ သေဆုံးတယ်ဆိုတာ မတော်တဆမိမိကိုယ်ကို သတ်သေတာ၊ လူသတ်မှု စတာတွေပေါ့။ သူတို့က သက်တမ်းမကုန်ခင် သေရလို့ အလွန် စိတ်မကျေမနပ် ဖြစ်ကြတယ်။ သေပြီးနောက်မှာလည်း ဝိညာဉ်တွေက ကျန်ရစ်ပြီး မကောင်းဆိုးဝါး ဖြစ်လာကြတယ်။"
"ယန်နန် ခုနက အောက်ထပ်မှာ တွေ့ခဲ့တဲ့ ကြောင်တွေကို မှတ်မိလား သူတို့မျက်လုံးတွေက စိမ်းလင်းနေတယ်။ သူတို့က ပုံမှန်ကြောင်တွေ မဟုတ်ဘူး ယန်စွမ်းအင်တွေကို ရှူသွင်းထားတဲ့ ကြောင်တွေ။ ဒီအဆောက်အအုံမှာ မကောင်းဆိုးဝါး ဝိညာဉ်တွေ ရှိနေတာ သေချာတယ်။"
"ဒီအိမ်ထဲဝင်လာကတည်းက သေခြင်းတရားရဲ့ အငွေ့အသက်ကို ခံစားမိတယ်။ ပြီးတော့ အိမ်က အရမ်းသန့်နေတယ်။ ဒါဟာ အေဂျင်စီ ဒါမှမဟုတ် ပိုင်ရှင်က နေ့တိုင်း လာသန့်ရှင်းပေးနေတာ ဒါမှမဟုတ်... အခြားတစ်ခုခုက သန့်ရှင်းပေးနေတာပဲ။ တကယ်ဆိုရင် လူမနေတာ ကြာတဲ့အိမ်က နည်းနည်း ညစ်ပတ်နေတာ ပိုကောင်းတယ်။ အခုတော့ အဲဒီ ပန်းပင်တွေကအစ ယန်စွမ်းအင်တွေနဲ့ ပြည့်နေတယ်။ ပြီးတော့ ခုနက ဖုန်းမြည်သံမျက်နှာကျက်က စကျင်ကျောက်လုံးသံ အချိန်တွေ မမှန်တာ... ဒါတွေက မကောင်းဆိုးဝါးတစ်ကောင်ရဲ့ စွမ်းအားတွေပဲ။ ဒါပေမဲ့ ဒီတံခါးခေါက်သရဲကတော့ အရမ်း အားနည်းလွန်းတယ်။ သူက ဒီလို လုပ်နိုင်စွမ်း မရှိဘူး။"
"ဆရာကြီး... ဒါဆို ဒီအိမ်က... သရဲခြောက်တဲ့အိမ် ဖြစ်နေတာပေါ့။"
ရှယန်နန်က တုန်ယင်စွာ မေးသည်။
ယဲ့ချန်က ရှယန်နန်ကို သူ၏ နောက်ကွယ်သို့ ရွှေ့လိုက်သည်။
"ဒီနေ့ရဲ့ အဓိက ဇာတ်ကောင်က မင်းမဟုတ်ဘူး ဒီတံခါးခေါက်သရဲလည်း မဟုတ်ဘူး။ ငါ အွန်လိုင်းမှာ ရှာကြည့်လိုက်တယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဒီအခန်းမှာ မီးလောင်ပြီး လူတစ်ယောက် သေခဲ့တယ်။ သူ့နာမည်က လုရွှေ။ ပြီးတော့ လွန်ခဲ့တဲ့ လအနည်းငယ်က ဒီအိမ်မှာ ငှားနေတဲ့ စုံတွဲတစ်တွဲက အဆောက်အအုံပေါ်က ခုန်ချပြီး သတ်သေသွားကြတယ်။ ဒီအိမ်က တကယ့်ကို သရဲခြောက်တဲ့အိမ်ပဲ။"
"လုရွှေ ငါ ပြောတာ မှားလား။"
ယဲ့ချန်က ရုတ်တရက် မေးလိုက်သည်။
.
နောက်တစ်စက္ကန့်တွင်။
"ဂျီ... ဂျီ... ဂျီ... ခင်ဗျား အကုန်မှန်အောင် ခန့်မှန်းသွားတာပဲ... ဂျီ... ဂျီ..."
အခန်းထဲတွင် ဆိုးရွားသော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် မီးလောင်ကျွမ်းထားသည့် အသားအရည်ရှိသော လက်တစ်ဖက်သည် တံခါးခေါက်သရဲ၏ ပုခုံးပေါ်သို့ တက်လာသည်။
"ငါ့အိမ်ကို ကြိုဆိုပါတယ်။"
တံခါးခေါက်သရဲ၏ နောက်ကွယ်မှ ဦးခေါင်းတစ်ခု ပေါ်ထွက်လာသည်။