← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁ - ရူးသွပ်ဖွယ်ကောင်းသော ဆုလာဘ်များ။

"သေစမ်း တော်တော်လေး ကပ်သီသွားတယ်..."

ပြင်းထန်သော တိုက်ပွဲအပြီးတွင် ယဲ့ချန်လည်း အနည်းငယ် မောပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းသွားသလို ခံစားလိုက်ရသည်။

ဤတိုက်ပွဲမှာ တကယ်ကို အန္တရာယ်များလှသည်။ ယဲ့ချန်၏ ရင်ထဲတွင် ကြောက်လန့်မှု အငွေ့အသက်များ ကျန်ရစ်နေသေးသည်။

အကယ်၍သာ ထိုသရဲမလေး က ဒိုင်းကာကဲ့သို့ ဝင်ရောက်တိုက်ခိုက်ပေးပြီး လုရွှေကို မမျှော်လင့်ဘဲ ရစ်ပတ်၍ တစ်ဖက်နှင့်တစ်ဖက် ဒဏ်ရာရအောင် မလုပ်ပေးခဲ့လျှင် ယဲ့ချန်တစ်ယောက်တည်း၏ စွမ်းအားဖြင့် အဆောင်များ လက်ထဲရှိနေသည့်တိုင်အောင် ၎င်းကို သတ်ဖြတ်နိုင်မည် မဟုတ်ပေ။

"ဆရာကြီး... ဆရာကြီး... အဆင်ပြေရဲ့လား။"

ရှယန်နန်က စိုးရိမ်တကြီးဖြင့် ယဲ့ချန်ထံသို့ အပြေးရောက်လာပြီး ယဲ့ချန်ကို အားတက်သရော တွဲပေးလိုက်သည်။ ယခုအချိန်တွင် အခန်းအတွင်းရှိ ယင်စွမ်းအင်များအားလုံး ပျောက်ကွယ်သွားပြီး အခန်းမှာ ပူအိုက်မှုများ ပြန်လည် ရောက်ရှိလာသည်။

ပြတင်းပေါက်အပြင်ဘက်တွင် ညမြင်ကွင်းမှာ အလွန်လှပနေသည်။ နက်ပြာရောင် ကောင်းကင်ယံတွင် ကြယ်ကလေးများ တောက်ပနေပြီး လမင်းကြီးမှာ ငွေရောင်လှေငယ်လေးတစ်စင်းအလား လွင့်မျောနေသည်။

ပိုးမွှားများနှင့် ဖားအော်သံများက လောကကြီးတစ်ခုလုံးကို အသက်ဝင်စေသည်။

"ငါ အဆင်ပြေပါတယ်။ ငါ့လို အရည်အချင်းရှိတဲ့သူတစ်ယောက်ကို ဘာဖြစ်ရမှာလဲ။"

ယဲ့ချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အင်း... အင်း... အင်း။"

ရှယန်နန်က ယဲ့ချန်ကို အသည်းစွဲစွာ ကြည့်နေသည်။ ယဲ့ချန်နှင့် ရှယန်နန်တို့ နှစ်ယောက်သား ဆိုဖာပေါ်တွင် အတူတူ ထိုင်လိုက်ကြသည်။ ကျိုးဟွေလီကတော့ ကြောက်လန့်လွန်ပြီး သတိလစ်နေဆဲ ဖြစ်သည်။

ထိုအချိန်တွင်။

တီ...ဂုဏ်ယူပါတယ်။ အိမ်ရှင် တာဝန်ကို အောင်မြင်စွာ ပြီးဆုံးသွားပါပြီ: 【မီးလောင်သရဲ လုရွှေအား ရှင်းလင်းခြင်း】

တာအိုစွမ်းအင် ရရှိသည်။ (သိုလှောင်ခန်း တွင် အလိုအလျောက် သိမ်းဆည်းပေးသည်)

【ယင်-ယန် မျက်လုံး】 ကျွမ်းကျင်မှု ရရှိသည်။ (သိုလှောင်ခန်း တွင် အလိုအလျောက် သိမ်းဆည်းပေးသည်)

【ဝိညာဉ်ပြုပြင်ရေး အဆောင်】 ၂၀ ခု ရရှိသည်။

【မကောင်းဆိုးဝါးဖျက်ဆီးခြင်း အဆောင်】 ၂၀ ခု ရရှိသည်။

သစ္စာရှိမှု ၁၀၀ ရာခိုင်နှုန်းရှိသော မီးလောင်သရဲ တစ်ကောင် ရရှိသည်။

ပြုပြင်စွမ်းအင် 0.35 ရရှိသည်။

စနစ် ပြင်ဆင်မှု 1.95% ပြီးစီးပြီ။

ပေါက်ကွဲပြီ အကြီးကြီး ပေါက်ကွဲပြီ ကြွယ်ဝချမ်းသာသွားပြီ။

သရဲတွေ အဆောင်တွေ ကျွမ်းကျင်မှုတွေ... ယဲ့ချန်တစ်ယောက် ဝမ်းသာလွန်း၍ ရူးမတတ်ပင် ဖြစ်သွားသည်။

ဒီ မီးလောင်သရဲကို သတ်လိုက်ရတာ တကယ့်ကို တန်လိုက်တာ တကယ့်ကို အံ့သြဖို့ကောင်းတဲ့ တိုက်ပွဲပဲ ဒီလို မီးလောင်သရဲမျိုး နောက်ထပ် တစ်ရာလောက်သာ ရှိရင် သိပ်ကောင်းမှာပဲ။

နေပါဦး နောက်ထပ် သရဲတစ်ကောင် ပေါ်လာတာလား။

ယဲ့ချန်၏ သိုလှောင်ခန်းအတွင်းတွင် ဒဏ်ရာပြင်းထန်စွာ ရထားသော သရဲမလေးအပြင် နောက်ထပ် သရဲတစ်ကောင် ရှိနေသည်။

၎င်းမှာ မျက်နှာမှာ ကျောက်မီးသွေးကဲ့သို့ မည်းနက်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းထားသည့် ပုံစံမျိုး မျက်လုံးနီရဲရဲများက လူသတ်ချင်စိတ်ဖြင့် ပြည့်နှက်နေသည်။ ဤမီးလောင်သရဲမှာ လူးရွှေ မဟုတ်တော့သော်လည်း လုရွှေနှင့် ပုံစံတူပင် ဖြစ်သည်။

【မီးလောင်သရဲ: အဆင့်နိမ့် မကောင်းဆိုးဝါးသရဲ။ သရဲအတတ်၊ သရဲဝင်္ကပါ နှင့် သရဲဖိနှိပ်ခြင်းတို့ကို တတ်မြောက်သည်။ သူ၏ သရဲစွမ်းအားမှာ အပူချိန် ၃၀၀၀ ဒီဂရီစင်တီဂရိတ်အထိ ရှိသော မီးတောက်များအဖြစ် ပြောင်းလဲနိုင်သည်။ သတိပေးချက်: သရဲက ညဘက် လှုပ်ရှားရတာကို ကြိုက်သည်။ နေရောင် တိုက်ရိုက် မထိတွေ့ပါစေနဲ့ မဟုတ်ရင် သူ ပျက်စီးသွားလိမ့်မယ်။ အိမ်ရှင်အနေနဲ့ သတိထား အသုံးပြုပါ】

"သိပ်မိုက်တာပဲ ဟားဟားဟား အခုတော့ ငါ့မှာ အားကောင်းတဲ့ သရဲနှစ်ကောင်တောင် ရှိပြီ အနိုင်မရှိတော့ဘူး။"

ယဲ့ချန် ပျော်ရွှင်စွာ ပြုံးလိုက်သည်။

တာအိုစွမ်းအင်ဆိုသည်မှာ စကြဝဠာအတွင်းရှိ အရာအားလုံး၌ ရှိသော စွမ်းအင်စီးကြောင်း ဖြစ်သည်။ အဆောင်ရေးခြင်း မကောင်းဆိုးဝါးနှိမ်နင်းခြင်းနှင့် ကျွမ်းကျင်မှုများအတွက် အခြေခံ ဖြစ်သည်။

တာအိုစွမ်းအင်သည်ယဲ့ချန်၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာသည်နှင့် သူ၏ အရိုးအဆစ်များ တစ်လျှောက် စွမ်းအင်များ လည်ပတ်နေသလို အလွန်သက်သောင့်သက်သာ ခံစားရသည်။ သူ၏ အရှိန်အဝါမှာလည်း ပိုမိုမြင့်မားလာသည်။

ထို့နောက် ယဲ့ချန်သည် 【ယင်-ယန် မျက်လုံး】 ကျွမ်းကျင်မှုကို အသုံးပြုလိုက်သည်။ သူ၏ မျက်ခုံးကြားမှ တတိယမျက်လုံးတစ်ခု ပွင့်လာသကဲ့သို့ အနီရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။

သို့သော် ရှယန်နန်ကဲ့သို့ သာမန်လူများကမူ ယင်းကို မမြင်နိုင်ပေ။

"သရဲ... သရဲ... ဘယ်မှာလဲ။"

ထိုစဉ် သတိလစ်နေသော ကျိုးဟွေလီ နိုးလာသည်။ သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ အပြည့်။ ယဲ့ချန်က ယင်-ယန် မျက်လုံးဖြင့် ကြည့်လိုက်ရာ ကျိုးဟွေလီ၏ လည်ပင်းတွင် အမျိုးသမီးသရဲ၏ အနမ်းရာများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

'ဒီကောင်က မိန်းမသရဲနဲ့တောင် ဟိုဟာ လုပ်ထားတာပဲ သူက ယန် စွမ်းအင်တွေ အကုန်ကုန်နေပြီ။ ကြည့်ရတာ သူလည်း သိပ်မကြာခင် သေတော့မှာပဲ။'

ယဲ့ချန်မှာ သနားစိတ် မရှိဘဲ ရယ်ချင်စိတ်သာ ပေါ်လာသည်။ သူ၏ ပခုံးပေါ်ရှိ အသက်မီးတောက်မှာလည်း ငြိမ်းခါနီး ဖြစ်နေသည်။

"အို မင်းက သရဲတွေကို မယုံဘူးလို့ ပြောခဲ့တာ မဟုတ်လား။"

ယဲ့ချန်က ကျိုးဟွေလီကို ကြည့်ပြီး ပြုံးလိုက်သည်။

"ဒါ... ဒါ..."

"သူ... သူ ပြန်လာဦးမလား။"

ကျိုးဟွေလီမှာ ကြောက်လန့်တကြားဖြင့် တုန်ရီစွာ မေးသည်။

"ပြောရခက်တယ်။ သူက တစ်ကောင်တည်း မဟုတ်ဘဲ တစ်မိသားစုလုံးနဲ့ ပြန်လာပြီး လူတွေကို စားကောင်းသောက်ကောင်း စားနိုင်တယ်လေ။"

ယဲ့ချန်က နောက်ပြောင် ပြောလိုက်သည်။

"တော်တော့... မပြောပါနဲ့တော့ ငါ... ကျွန်တော် အလုပ်ရှိသေးတယ်။"

ကျိုးဟွေလီမှာ ဆိုဖာပေါ်မှ ယုန်တစ်ကောင်ကဲ့သို့ ခုန်ချပြီး အလောတကြီး ထွက်သွားရန် ပြင်ဆင်သည်။ သူ၏ အသက်မှာ အရေးကြီးဆုံး မဟုတ်လား။

"ဘာလို့ ဒီလောက်တောင် အရေးတကြီး ဖြစ်နေရတာလဲ။ ဒီနေ့ည မသေမချင်း ဒီမှာပဲ နေမယ်လို့ ပြောခဲ့တာ မဟုတ်လား။"

ယဲ့ချန်က ရယ်မောပြောဆိုသည်။

"ငါ အဲလို ပြောခဲ့လို့လား... မင်းတို့ နှစ်ယောက်ရှိနေတာပဲ ငါ ပြန်တော့မယ်... Bye"

ကျိုးဟွေလီမှာ လှည့်ပင် မကြည့်ဘဲ ထွက်ပြေးသွားသည်။

"သွားတော့ တစ်ကိုယ်ကောင်းဆန်တဲ့ သူရဲဘောကြောင်တဲ့ကောင်။"

ကျိုးဟွေလီ တံခါးဝသို့ ရောက်သောအခါ ယဲ့ချန်က လှမ်းအော်လိုက်သည်။

"ငါက ကောင်းတာကိုပဲ လုပ်တတ်သူပါ။ သွားခါနီး ပြောစရာရှိသေးတယ်။ နောက်သုံးနှစ်လောက် မိန်းမနဲ့ဝေးဝေးနေပါ။ ပြီးတော့ ညဘက်လမ်းလျှောက်ရင် ကိုယ့်နာမည်ကို ခေါ်သံကြားရင် နောက်လှည့်မကြည့်ပါနဲ့။ အဲဒါပါပဲအခု သွားနိုင်ပြီ။"

All Chapters