အခန်း ၇၂
Vol. 8 Ch. 72
အခန်း ၇၂ - ဝိညာဉ်ကို အားဖြည့်ခြင်း။
ကျိုးဟွေလီသည် တစ်စုံတစ်ခုကို တိုးတိုးလေး ရေရွတ်ကာ နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားသည်။
ဘုန်းးး
တံခါး ပိတ်သွားသည်။
ယဲ့ချန် ခေါင်းခါယမ်းလိုက်ပြီး ကိုယ်လုပ်တာ ကိုယ်ခံရတာပေါ့ဟု ရေရွတ်သည်။
"ဆရာကြီး ကျိုးဟွေလီ ဘာဖြစ်သွားတာလဲ။"
ရှယန်နန်က သိလိုစိတ်ဖြင့် မေးသည်။
"ဘာမှမဖြစ်ပါဘူး။ တစ်ခုခုဖြစ်ခဲ့ရင်တောင် သူကိုယ်တိုင်ပဲ ခံရမှာပါ။ ဒါနဲ့နောက်ဆိုရင် သူ့နဲ့ ပတ်သက်တာ ဘာမှမလုပ်ပါနဲ့ ကိုယ့်ကိုကိုယ်ပဲ ဒုက္ခရောက်လိမ့်မယ်။"
ယဲ့ချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ။" ယ
ရှယန်နန်က ပြတ်ပြတ်သားသား ခေါင်းညိတ်သည်။
ယခုအခါ သူမသည် ယဲ့ချန် ပြောသမျှကို နားထောင်သည်။ သူက အရှေ့ကို ညွှန်ပြလျှင် သူမ အနောက်ကို မသွားတော့ချေ။
"ဒါနဲ့ ဆရာကြီးရှောင်ဟုန်ကတော့ ဒီတစ်ခါ တကယ်ကို လွန်လွန်းတယ်။ ကျွန်မကို သရဲခြောက်တဲ့အိမ် လာငှားပေးတယ် ဒီညသာ ကျွန်မ သတိမထားမိရင် ဒီမီးလောင်သရဲရဲ့ အစားအစာ ဖြစ်သွားတော့မှာ... တွေးမိတာနဲ့တင် ကြောက်ဖို့ကောင်းလိုက်တာ။"
ရှယန်နန် တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်နှာမှာလည်း ဖြူဖျော့သွားသည်။
နောက်တစ်စက္ကန့်တွင် သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။
"မနက်ဖြန် ရုံးသွားရင် ပထမဆုံးလုပ်မယ့်အလုပ်က သူ့ကို အလုပ်ထုတ်ပစ်လိုက်မယ်ပြီးတော့ အေဂျင်စီဆီကနေ လျော်ကြေးပါ တောင်းမယ်။"
"ကောင်းတဲ့ အကြံပဲ။ ပိုက်ဆံလိုတာ မဟုတ်ရင်တောင် ကိုယ့်ရဲ့ တရားဝင်အခွင့်အရေးကိုတော့ ကာကွယ်သင့်တယ်။"
ယဲ့ချန်က ခြေထောက်ကို ချိတ်ထိုင်လျက် ပြောသည်။
"အွန်လိုင်းမှာ ရှာကြည့်တော့ လက်ရှိဥပဒေအရ သရဲခြောက်တဲ့အိမ်ဆိုတာ သိရက်နဲ့ ငှားရင် အေဂျင်စီက တရားရုံးမှာ ရှုံးတတ်တယ်။ ဒါပေမဲ့ ပြောရရင်တော့ မင်း ဒီအိမ်ကနေ ပြောင်းစရာ မလိုတော့ပါဘူး ဆက်နေလိုက်ပါ။"
"ဟင်"
"သရဲကတော့ ငါ ရှင်းပစ်လိုက်ပြီ တစ်အိမ်လုံးကိုလည်း မကောင်းဆိုးဝါးဖျက်ဆီးခြင်း အဆောင်နဲ့ သန့်စင်ပေးထားတယ်။ အညစ်အကြေးတွေ လုံးဝ မရှိတော့သလို အဆောင်ရဲ့ ကောင်းတဲ့ စွမ်းအင်တွေတောင် ကျန်ရစ်ဦးမှာ။ သာမန်သရဲတွေဆို ဒီအိမ်ကို မြင်တာနဲ့ ပျက်စီးမှာ ကြောက်လို့ ဝေးဝေးကနေ ရှောင်သွားကြလိမ့်မယ်။"
ယဲ့ချန်က ရှင်းပြသည်။
"တကယ်လား ဒါဆိုရင် ကြောက်စရာ မလိုတော့ဘူးပေါ့။"
ရှယန်နန်မှာ ပခုံးပေါ်မှ ဝန်လေးကြီးတစ်ခု ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ အထူးသဖြင့် ယဲ့ချန် ဘေးမှာ ရှိနေတာကို မြင်ရတော့ သူမမှာ မပြောပြနိုင်လောက်အောင် စိတ်ချလက်ချ ဖြစ်သွားသည်။
ရုတ်တရက် သူမက ယဲ့ချန်ကို နူးညံ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဆရာကြီး.. ကျေးဇူးတင်ရမယ့် စကားလုံးတောင် ရှာမရတော့ဘူး။ ဆရာကြီးက ကျွန်မကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့တာ..."
ရှယန်နန် တကယ်ကို စိတ်လှုပ်ရှားနေသည်။
ယဲ့ချန်မှာ ဘာလို့ ကိုယ့်ကိုယ်ကိုယ်ပဲ ငါ့ကို မပေးအပ်လိုက်တာလဲဟု တွေးနေမိသည်။
ညဉ့်နက်သန်းခေါင် နှစ်ယောက်တည်း စားပွဲပေါ်တွင်လည်း OKAMOTO 001 နှင့် လျှို့ဝှက်ဆန်းကြယ်သော အပြာရောင်ဆေးပြားများ ရှယန်နန်၏ ရေချိုးခန်းမှ ဓာတ်ပုံများကိုပင် မြင်ဖူးထားသည်ဒီအခြေအနေမှာ ဘာလုပ်ရမလဲ ဆိုတာ ထင်ရှားလှသည်။
"အဟမ်း..."
ယဲ့ချန် ချောင်းဆိုးဟန်ဆောင်ပြီး မတ်တပ်ရပ်လိုက်သည်။
"ယန်နန်... ကိစ္စလည်း ပြီးပြီမို့ ငါ အိမ်ပြန်တော့မယ်။ ငါ တော်တော် မောနေပြီ။"
"ဆရာကြီး..."
ရှယန်နန်က ယဲ့ချန်၏ လက်ကို ဆွဲထားလိုက်သည်။
"ဒီလောက်တောင် နောက်ကျနေပြီ... ဆရာကြီး... ဒီမှာပဲ... ဒီမှာပဲ ညအိပ်သွားရင် မကောင်းဘူးလား အမှန်တော့... ကျွန်မ နည်းနည်း ကြောက်နေသေးလို့ပါ..."
ခဏရပ်ပြီးနောက် ရှယန်နန်က ရှက်ရွံ့စွာ ထပ်ပြောသည်။
"ဒီအိမ်မှာ အိပ်ခန်းတွေ အများကြီး ရှိပါတယ်။"
'အခွင့်အရေး ရပြီ။'
ယဲ့ချန် ဆိုဖာပေါ် ပြန်ထိုင်လိုက်သည်။
"ကောင်းပါပြီ ယန်နန် မင်းကို အဖော်ပြုပေးတဲ့အနေနဲ့ ဒီမှာပဲ ညအိပ်ပေးပါ့မယ်။"
ရှယန်နန် အလွန် ဝမ်းသာသွားသည်။
"ဒါနဲ့ ယန်နန် မင်းက အဲဒီ တံခါးခေါက်သရဲရဲ့ အနှောင့်အယှက်ပေးခြင်းကို ခံထားရလို့ ဝိညာဉ်အနည်းငယ် ထိခိုက်နေနိုင်တယ်။ ရေတစ်ခွက် သွားခပ်ပေးပါ၊ ဝိညာဉ်ပြုပြင်ရေး အဆောင် တစ်ခုကို ဖျော်ပြီး တိုက်ပေးမယ်။"
ယဲ့ချန်က ပြောလိုက်သည်။
ရှယန်နန်မှာ ယခုအခါ ယဲ့ချန် ပြောသမျှကို လုံးဝ နာခံနေပြီ ဖြစ်၍ ရေခပ်ရန် ထသွားသည်။
ယဲ့ချန်လည်း ထိုအခွင့်အရေးကို အသုံးချကာ သရဲမလေးဝိညာဉ်ပြုပြင်ရေး အဆောင်အချို့ ကျွေးလိုက်သည်။
ရှယန်နန် ရေနွေးနှစ်ခွက် ခပ်လာရာ ယဲ့ချန်က အဆောင်တစ်ခုကို ခွက်ထဲ ထည့်ဖျော်လိုက်သည်။ ဆေးဖျော်သကဲ့သို့ အဆောင်မှာ အရည်ပျော်သွားပြီး ရေမှာ အဝါနုရောင် ပြောင်းသွားသည်။
ယဲ့ချန်က သူမကို တိုက်လိုက်ရာ သူမမှာ ချက်ချင်းပင် သက်သောင့်သက်သာ ဖြစ်သွားသည်။
"ဆရာကြီး.. ကျွန်မ... ကျွန်မ ရေချိုးလိုက်ဦးမယ်နော်..."
ရှက်ရွံ့စွာ ပြောသည်။
"သွားလေ ငါ့ကို ဂရုမစိုက်ပါနဲ့။"
ယဲ့ချန် ပြုံးသည်။
ရုပ်ရှင်တွေထဲမှာဆိုရင် ယောက်ျားလေးနဲ့ မိန်းကလေး နှစ်ယောက်တည်းရှိပြီး မိန်းကလေးက ရေချိုးမယ်လို့ ပြောရင် ဒါဟာ ဖိတ်ခေါ်ချက်တစ်ခုပဲ။
ယဲ့ချန်က ဘယ်သူနဲ့မှ မတွဲဖူးပေမဲ့ ဒီလောက်တော့ နားလည်ပါသည်။
'ငါ့ရဲ့ ၂၁ နှစ်အရွယ် လူပျိုဘဝက ဒီလှပတဲ့ စီအီးအိုလက်ထဲ ရောက်တော့မှာလား စိတ်လှုပ်ရှားစရာပဲ။'
ရှယန်နန် ရေချိုးနေစဉ် ယဲ့ချန်က မီးလောင်သရဲကို လွှတ်၍ ယင်စွမ်းအင် စုပ်ယူထားသော ကြောင်များကို ရှင်းလင်းခိုင်းလိုက်သည်။
မကြာမီ ရှယန်နန် ရေချိုးပြီး ပြန်ထွက်လာသည်။
ယဲ့ချန်မှာ နှာခေါင်းသွေး လျှံမတတ် ဖြစ်သွားရသည်။ သူမသည် ပန်းရောင်ဖျော့ဖျော့ ပိုးသားညဝတ်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူမ၏ ကိုယ်ခန္ဓာမှာ ပြီးပြည့်စုံလွန်းသည်။
ယဲ့ချန်ကို စိုက်ကြည့်နေတာကို မြင်တော့ ရှယန်နန်က ရှက်ရွံ့ပြီး ဝမ်းသာသွားသည်။
'မိန်းမတစ်ယောက်ဟာ သူချစ်တဲ့သူအတွက်ပဲ လှပအောင် ပြင်ဆင်တတ်တာ။'
သူမ စိတ်ထဲ တွေးမိသည်။
"ဆရာကြီး ကျွန်မ အလုပ်များလို့ အားကစား မလုပ်ဖြစ်တော့လို့ ကိုယ်ခန္ဓာက ပုံစံမကျတော့ဘူး။"
"ယန်နန် အဲဒါက ကြွားတာပဲ။ မင်းရဲ့ ခြေထောက်တွေကို ငါ သုံးနှစ်တောင် အပိုင်ကြည့်ပြီး ပျော်နိုင်ပါတယ်။"
ယဲ့ချန်က တည်တည်ကြည်ကြည် ပြောလိုက်သည်။
"ဆရာကြီးက တည်ကြည်တဲ့အချိန်မှာ နတ်ဘုရားလိုပဲ ဒါပေမဲ့ မတည်ကြည်တဲ့အချိန်မှာတော့ အဓိပ္ပာယ်မရှိတာတွေ ပြောတတ်တာပဲ... တစ်ခါတလေကျရင်... ဆရာကြီးစကားတွေက ရွံစရာကောင်းတယ်..."
ရှယန်နန် ရယ်မောသည်။
"ရွံစရာကောင်းတယ် ယန်နန် ယောက်ျားနဲ့ မိန်းမ ချစ်သူတွေဖြစ်ပြီး နှစ်ယောက်တည်းရှိနေရင် ရွံစရာကောင်းတာတွေပဲ ပြောတာ မဟုတ်ဘူး ပိုရွံစရာကောင်းတာတွေကိုတောင် လုပ်ကြသေးတာ မယုံဘူးလား။"
ဒါကို ကြားတော့ ရှယန်နန် ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။ သူမ၏ နှလုံးသားမှာ မြန်ဆန်စွာ ခုန်နေသည်။
လှပသော အမျိုးသမီးတစ်ယောက် ဘေးနားမှာရှိနေပြီး သူမ၏ ကိုယ်သင်းနံ့က ယဲ့ချန်ကို အကြောက်အကန် လှုပ်ရှားစေသည်။
"အဟမ်း... ယန်နန် မင်းမှာ ချစ်သူ ရှိဖူးလား။"
ယဲ့ချန် ရုတ်တရက် မေးသည်။
"မရှိဖူးပါဘူး။ ကျောင်းပြီးကတည်းက ကုမ္ပဏီမှာ အလုပ်လုပ်တာ ပြီးတော့ စိတ်ကြိုက်လူမျိုး မတွေ့လို့ပါ။"
ရှယန်နန်က ရိုးသားစွာ ဖြေသည်။
"ဒါဆိုရင်တော့..."
ယဲ့ချန်၏ မျက်လုံးတွင် လိမ္မာပါးနပ်သော အရိပ်အယောင် ပေါ်လာသည်။
"ဒါနဲ့ ယန်နန်မင်း ဝိညာဉ်ပြုပြင်ရေး အဆောင် သောက်ထားပေမဲ့ သရဲတွေကို မြင်ခဲ့ပြီးပြီ။ လုံခြုံရေးအတွက် မင်းရဲ့ ဝိညာဉ်ကို ထပ်ပြီး အားဖြည့်ပေးဖို့ လိုအပ်မယ်။ မဟုတ်ရင် နောက်ဆိုရင် တစ်ခုခုနဲ့ ထပ်တွေ့ရင် ဝိညာဉ်လွင့်သွားနိုင်တယ်။"
"ဟုတ်ကဲ့ပါ နားထောင်ပါ့မယ်။ ဘယ်လို အားဖြည့်ပေးရမှာလဲ။"
"အမှန်တော့ လူသားတွေရဲ့ တံတွေးမှာ ယန်စွမ်းအင် အပြည့်အဝ ရှိတယ်။ ငါ့ရဲ့ ဝိညာဉ်စွမ်းအားက မြင့်မားတော့ ငါ့တံတွေးမှာ ယန်စွမ်းအင်တွေ အများကြီး ပါဝင်တယ်။ မင်းရဲ့ ဝိညာဉ်ကို အားဖြည့်ဖို့ဆိုရင်... အဲဒါက... အဲဒါက... အဲဒါက... အဲ... နားလည်မယ် မဟုတ်လား။"
ရှယန်နန် ရှက်ရွံ့စွာဖြင့် မျက်လုံးများ အရောင်လက်သည်။
"အစ်ကိုလေး... ဆိုလိုတာက... အ... အနမ်း... အနမ်း တစ်ခုလား။"
ယဲ့ချန် စိတ်ထဲတွင် ဒီညတော့ အကုန်လုံး လုပ်ပစ်လိုက်တော့မယ်ဟု တွေးလိုက်သည်။
"ဟုတ်တယ် အဲဒါပဲ။"