အခန်း ၇၃
Vol. 8 Ch. 73
အခန်း ၇၃ - ဝန်ခံချက်။
"ဆရာကြီး... ဆရာကြီးက ကျွန်မကို လိမ်နေတာ မဟုတ်လား အရင်တစ်ခါ သရဲဘုရင် ကို သတ်မယ်လို့ပြောပြီး ကျွန်မဆီက ကိုယ်လုံးတီးဓာတ်ပုံတွေ ယူဖို့ လှည့်စားခဲ့သလိုမျိုးပေါ့။ နောက်မှ စဉ်းစားကြည့်တော့ ဒါမျိုး ဘယ်ဖြစ်နိုင်ပါ့မလဲ ဆရာကြီးက လိမ်နေတာပဲလူယုတ်မာ ကျွန်မကို နမ်းချင်နေတာကို တိုက်ရိုက်မပြောရဲဘဲနဲ့။"
ယန်နန်လည်း မမိုက်ပါဘူး။ နောက်မှ စဉ်းစားကြည့်လိုက်တော့ အရာအားလုံး ရှင်းလင်းသွားသည်။ အမှန်အတိုင်းပြောရရင် အနမ်းတစ်ခုက ဝိညာဉ်ကို တည်ငြိမ်စေနိုင်တယ်ဆိုရင်တောင် တခြားယောက်ျားတစ်ယောက်သာဆိုရင် ဝိညာဉ်လွင့်သွားပါစေတော့ သူမ လုံးဝ သဘောတူမှာ မဟုတ်ပါ။ သူမသည် ဂုဏ်ယူတတ်ပြီး ရှေးရိုးဆွဲသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ ယောက်ျားနှင့် မိန်းမတို့သည် သင့်လျော်သော အကွာအဝေးကို ထိန်းသိမ်းရမည်။ သူမကို နမ်းရဲဖို့ဆိုလျှင် သူမ၏ ချစ်သူဖြစ်ရမည်ဖြစ်ပြီးသူမ ချစ်သူရွေးချယ်မှု စံနှုန်းမှာ အနာဂတ်ခင်ပွန်းဖြစ်လာမည့်သူကို ရည်ရွယ်သည်။
သို့သော် ယဲ့ချန်သည် သူမ၏နှလုံးသားထဲတွင် မည်သည့်အခါမျှ ဖျောက်ဖျက်မရနိုင်သော အမှတ်အသားတစ်ခုကို ထားခဲ့ပြီးဖြစ်သည်။
အထူးသဖြင့် အခုလေးတင်က ယဲ့ချန်၏ နတ်ဘုရားကဲ့သို့ သူရဲကောင်းဆန်သော ပုံစံသည် သူမစိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေသည်။
သူမ အထင်မကြီးဘူး စိတ်မလှုပ်ရှားဘူးလို့ ပြောရင် လိမ်ရာရောက်ပါလိမ့်မယ်။
ထို့ပြင် သူမသည် မကြာသေးမီက သူမ၏ လူမှုအသိုင်းအဝိုင်းတွင် စုံတွဲများ၏ အပြုအမူများကို မြင်တွေ့နေရသည်။ သူမသည် ရေခဲတုံးတစ်ယောက်မဟုတ် အသက်အရွယ်ရနေပြီဖြစ်၍ သူမ တကယ်သဘောကျသော ချစ်သူတစ်ယောက်နှင့် အလေးအနက် တွဲချင်သည်။
ထို့ကြောင့် ယဲ့ချန်က သူမကို လှည့်စားလိုက်သည့်အခါ သူမသည် စိတ်ဆိုးမည့်အစား မျှော်လင့်ချက်များ ကြီးမားလာပြီး နှလုံးခုန်မြန်လာသည်။
ယန်နန်သည် အလွန်လိမ္မာသည်။ သူမက ယဲ့ချန်ကို မဖော်ထုတ်ဘဲ လိုက်လျောရန် ဆုံးဖြတ်လိုက်ကာ မျက်လုံးများကိုမှိတ်လိုက်သည်။
"ဒါဆိုရင် ဆရာကြီးကိုပဲ ဒုက္ခပေးရတော့မှာပေါ့။"
ယဲ့ချန်သည် သူမကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများ အနည်းငယ် မှိတ်ထားခြင်းနှုတ်ခမ်းနီရဲရဲများကော့ညွှတ်နေသော မျက်တောင်များကြောင့် သူမမှာ အလွန်တရာ လှပနေသည်။
စိတ်လှုပ်ရှားမှုကြောင့် ယဲ့ချန်သည် တာဝန်တစ်ခုခုကိုတောင် မစဉ်းစားတော့ဘဲ ယန်နန်ကို ငုံ့၍ နမ်းလိုက်သည်။
အို...
ထိုအနမ်းသည် ပျားရည်ကဲ့သို့ ချိုမြိန်ပြီးပါးစပ်ထဲတွင် အရည်ပျော်သွားသော ချောကလက်ကဲ့သို့ နူးညံ့သည်။ နွေဦးပေါက် ရောက်လာသကဲ့သို့ပင်။ ကမ္ဘာကြီးတစ်ခုလုံးသည် သူတို့နှစ်ယောက်အတွက်သာ သီးသန့် ကမ္ဘာဦးဥယျာဉ် ဖြစ်သွားသည်။
သူတို့သည် မိနစ်အနည်းငယ်ကြာအောင် နမ်းလိုက်ကြသည်။ ယဲ့ချန်၏ လက်က နောက်ထပ်တစ်ဆင့် တိုးရန် ပြင်လိုက်စဉ် ယန်နန်က တားလိုက်သည်။
"ဆရာကြီး... ဆရာကြီးရဲ့... မှတ်ဉာဏ်က တကယ်ကို မကောင်းတာပဲ... ကျွန်မ... ကျွန်မရဲ့ Period Time ပါ..."
"အာ..."
ယဲ့ချန်လည်း သတိရသွားသည်။
"ဟင်း... ကျွန်မရဲ့ ဝိညာဉ်ကို တည်ငြိမ်စေပေးလို့ ကျေးဇူးတင်ပါတယ်။ အင်း... ဝိညာဉ်တည်ငြိမ်ခြင်းက အတော်လေး ကောင်းမွန်ပြီး ကျွန်မကို အရမ်း ပျော်ရွှင်စေတယ်... ဒါက ကျွန်မ ဘယ်တော့မှ မခံစားဖူးတဲ့ ခံစားချက်မျိုးပဲ ကျွန်မ တော်တော်ကြာကြာ မှတ်မိနေမှာ။"
ယန်နန် မတ်တပ်ရပ်၍ ပေါ့ပေါ့ပါးပါး ပြောသည်။
"ကျွန်မ ဒီနေ့ သရဲနဲ့တွေ့လို့ ကြောက်နေတာ အခုတော့ ဆရာကြီးကြောင့် ကြောက်စိတ်တွေ ပျောက်ပြီး ပျော်ရွှင်မှုပဲ ကျန်တော့တယ်ဆရာကြီးကျွန်မ အိပ်တော့မယ်။ အခန်းတွေ အများကြီးရှိတာ အဆင်ပြေတဲ့အခန်းမှာ အိပ်လိုက်ပါ။"
ပြောပြီးနောက် ယန်နန် အခန်းထဲသို့ လှည့်ထွက်သွားသည်။
"အင်း... ယန်နန် နောက်ဆိုရင် မင်းရဲ့ ဝိညာဉ်ကို မကြာခဏ တည်ငြိမ်စေပေးလို့ ရမလား။"
ယဲ့ချန်က နောက်ပြောင် မေးသည်။
ယန်နန်က လှည့်ကြည့်ပြီး ပြုံးပြသည်။
"အင်း... နောက်မှ စဉ်းစားကြည့်တာပေါ့။ ဒါနဲ့ ဆရာကြီး ကျွန်မအပြင် တခြားကောင်မလေးတွေကိုရော ဝိညာဉ်တည်ငြိမ်စေပေးဖူးလား။"
"တကယ်ကို မပေးဖူးပါဘူး။"
ယဲ့ချန်က ရိုးသားစွာ ဖြေသည်။
ယဲ့ချန်၏ အဖြေကို ကြားရတော့ ယန်နန်မှာ ပျားရည်ရသော ဝက်ဝံကဲ့သို့ ပျော်ရွှင်သွားသည်။
"ဆရာကြီး... ကျွန်မလည်း... ဒါ ပထမဆုံးအကြိမ်ပါ..."
"ဆရာကြီး မပင်ပန်းဘူးဆိုရင်... ဝိညာဉ်တည်ငြိမ်ပေးတာ နောက်လည်း အိုကေပါတယ်။"
ယဲ့ချန်မှာတော့ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားသည်။ မကြာမီ သူ့စိတ်ထဲတွင် ခိုင်မာသော အတွေးတစ်ခု ပေါ်လာသည်။
'ယန်နန် ဒီနေ့ကစပြီး မင်းက ငါ့လူပဲ။'
ထိုညတွင် ယဲ့ချန် ဆိုဖာပေါ်တွင် အိပ်လိုက်သည်။ နောက်တစ်နေ့ နံနက်တွင် ယန်နန်က သူ့အတွက် နံနက်စာနှင့် အိမ်သော့များကို ချန်ထားခဲ့ကြောင်း တွေ့လိုက်ရသည်။
ယဲ့ချန်သည် ကျောင်းသို့သွားရန် လမ်းလျှောက်နေစဉ် လေထုမှာ အလွန်ပူအိုက်နေသော်လည်း သူ့စိတ်ကမူ အလွန်ကြည်လင်နေသည်။ သူ လင်းယွီရှီးကို ဖုန်းခေါ်သော်လည်း မရသဖြင့် ကော်ဖီဆိုင်သို့ တစ်ယောက်တည်း သွားလိုက်သည်။
ထိုအချိန်တွင် ကျောင်းမှ ချမ်းသာသော လူငယ်အချို့ က သူ့ဆီသို့ ချဉ်းကပ်လာသည်။
"ဟေ့ကောင်... မင်း တကယ်ပဲ ထန်မော့ရွှေကို ဖွင့်ပြောရဲလား မင်းသာ လုပ်ရဲရင် ယွမ် ၂ သိန်း ပေးမယ်။"
"ဘာ ထန်မော့ရွှေကို ဝန်ခံရမှာ မင်းတို့ မှားနေတာ မဟုတ်လား သူမသာ ငါ့ကို ဖွင့်ပြောဖို့ အသည်းအသန် ဖြစ်နေမှာပါ။"
ယဲ့ချန်က ရယ်မောပြောဆိုသည်။
ထိုစဉ် ကော်ဖီဆိုင်ထဲသို့ ကျောင်း၏ နံပါတ် (၁) နတ်သမီး ထန်မော့ရွှေ ဝင်လာသည်။ သူမသည် ယဲ့ချန်ကို ရှာတွေ့သွားပြီး စိတ်ထဲမှ အသက်ပြင်းပြင်း ရှူကာ သူ့ဆီသို့ လျှောက်လာသည်။
'ဒါက ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို စမ်းသပ်ရမယ့် အချိန်ပဲ။'
သူမ တွေးလိုက်သည်။
တီ..တာဝန်အသစ်: ကျောင်းသူလှ ထန်မော့ရွှေ၏ ဖွင့်ပြောမှုကို ငြင်းပယ်ပါ။ ဆုလာဘ် - စနစ်မှ ခက်ခဲမှုကို ခန့်မှန်းနေဆဲဖြစ်သည်။
"ယဲ့... ယဲ့ချန်..."
ထန်မော့ရွှေက အလွန်နူးညံ့သော အသံဖြင့် ခေါ်သည်။
ယဲ့ချန်သည်လည်း စားလက်စကို ရပ်လိုက်ပြီး ထန်မော့ရွှေကို အလေးအနက် ကြည့်လိုက်သည်။
"ကျောင်းသူ ထန်မော့ရွှေ ဘာများ ပြောစရာ ရှိလို့လဲ။"