အခန်း ၇၄
Vol. 8 Ch. 74
အခန်း ၇၄ - အကျပ်အတည်း။
"အာ... အဖြူရောင် တိမ်တိုက်တွေက အချစ်တွေနဲ့အတူ ကျွန်မဆီကို ရွေ့လျားလာနေတယ် ပြီးတော့ အချစ်ရဲ့ ပန်းတွေကလည်း ပိန္နဲပင်တွေပေါ်မှာ ဝေဆာနေတယ်။"
ထန်မော့ရွှေက ယဲ့ချန်ကို စူးစူးရဲရဲ ချစ်ခင်မြတ်နိုးသည့် အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။
ဤအချစ်ကဗျာကို သူမကိုယ်တိုင် ရေးသားထားခြင်းဖြစ်သော်လည်း သူမတစ်ယောက်တည်း ခံစားရုံသာဖြစ်ပြီး အများရှေ့တွင် ပြောပြရန် ရည်ရွယ်ချက်မရှိခဲ့ပါ။ ဒီနေ့မှသာ ခြွင်းချက်အနေဖြင့် ပြောပြခြင်းဖြစ်သည်။
မနေ့ညက သူမသည် မှန်ရှေ့တွင် အကြိမ်ပေါင်း တစ်ရာကျော်လောက် စိတ်နှစ်၍ လေ့ကျင့်ခဲ့ရသည်။ သူမ၏ ကြိုးစားအားထုတ်မှုသည် အကယ်ဒမီ ဝင်ခွင့်စာမေးပွဲကိုပင် ဖြေဆိုနိုင်လောက်သည်အထိ စိတ်ရင်းအမှန် ပါဝင်နေသည်။
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ယဲ့ချန်မှာမူ အော်ရယ်မိတော့မလိုဖြစ်သွားသည်။
'ထန်မော့ရွှေ မင်းက ဖွင့်ပြောနေတာလား။ဒါက အရမ်းကို အဆင်မပြေလိုက်တာ။ မင်း ဒါမျိုး လုပ်တတ်လို့လား။'
"ကျောင်းသူ ထန်မော့ရွှေ မင်းဘာကို ဆိုလိုတာလဲ ငါ့ကို တရုတ်ယဉ်ကျေးမှုရဲ့ နက်နဲမှုကို ပြသဖို့ ဒီလောက်တောင် ပတ်ပတ်လည် လှည့်ပြောနေရတာလား။"
ယဲ့ချန်က စိတ်မရှည်ဟန်ဆောင်၍ မေးလိုက်သည်။
ယဲ့ချန်၏ မျက်နှာကို ကြည့်ပြီး ထန်မော့ရွှေ၏ ရင်ခုန်သံများ လွဲချော်သွားသည်။ ယဲ့ချန်သည် သူမ၏ ဝန်ခံမှုကို ကျေနပ်ပုံမရကြောင်း သူမ သိလိုက်သည်။
"ကျွန်မ ကော်ဖီဆိုင်ထဲကို ဝင်လာကတည်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ အစ်ကို့ကိုပဲ မြင်တယ်။ ကျွန်မ အစ်ကို့ကို ကြိုက်တယ်။"
ထန်မော့ရွှေက ထိတ်လန့်တကြားဖြင့် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
တစ်တိုင်းပြည်လုံး ပေါက်ကွဲသွားသကဲ့သို့ပင်။
ထိုအချိန်တွင် ကော်ဖီဆိုင်ထဲတွင် စားသောက်နေကြသော ကျောင်းသားအားလုံး၏ နှလုံးသားများမှာ မဖော်ပြနိုင်လောက်အောင် တုန်လှုပ်သွားကြသည်။
ထန်မော့ရွှေက တကယ်ပဲ အရင်စပြီး ဝန်ခံလိုက်တာလား။ အို ဘုရားသခင် ဒါက တစ်ခုခုသော ကြော်ငြာတာလား။ ဒါမှမဟုတ် နောက်ပြောင်ကျီစယ်ခြင်းလား။ သူမက TikTok ဗီဒီယို ရိုက်ပြီး နာမည်ကြီးချင်နေတာလား။
ထန်မော့ရွှေ၏ ဝန်ခံမှုကို ကြားရချိန်တွင် ယဲ့ချန်သည် အလွန်ပင် ကျေနပ်အားရသွားသည်။ ဤအချိန်တွင် ခံစားလိုက်ရသော ပျော်ရွှင်မှုသည် အရွယ်ရောက်ပြီးသူများအတွက် ရုပ်ရှင်ပေါင်း ၁၀၀ ကြည့်ရသည်ထက် ပိုသာလွန်ကြောင်း သူ ကျိန်ပြောရဲသည်။
ထိပ်တန်းယောက်ျားလေးများစွာတို့က သူမ၏ ခွေးပေါက်စ လေး ဖြစ်လာရန် မျက်နှာချိုသွေးနေကြပြီး သူမ၏ ကြိမ်လုံးဖြင့် အရိုက်ခံရဖို့အထိ တောင်းဆိုနေကြသည်။ ယခုမူ အများရှေ့တွင် သူမသည် ယဲ့ချန်ကို ဝန်ခံနေပြီဖြစ်သည်။
"ကျောင်းသူ ထန်မော့ရွှေ မင်းဆိုလိုတာက တစ်ညတာတွဲပြီး မနက်ဖြန်ကျရင် လမ်းခွဲကြမယ်လို့ ပြောတာလား တောင်းပန်ပါတယ်ငါက အဲဒီလို ပေါ့ပေါ့တန်တန် နေတတ်တဲ့ လူမျိုး မဟုတ်ဘူး။"
ယဲ့ချန်က ရယ်ချင်စိတ်ကို ထိန်းရင်း အလေးအနက် ပြောလိုက်သည်။
'သေစမ်း လူယုတ်မာ အရမ်းကို ယုတ်မာတာပဲတစ်ညတာဆက်ဆံရေးကို ဒီလောက်တောင် ကဗျာဆန်ဆန် ပြောနိုင်ရတာလား။ စက်ဆုပ်ဖို့ကောင်းလိုက်တာ။'
"မဟုတ်ပါဘူး လူတော်တော်များများက စစ်မှန်တဲ့အချစ်ကို တစ်သက်မှာ တစ်ခါပဲ တွေ့ရတတ်ပါတယ်။ လွဲချော်သွားရင် ထာဝရ ဆုံးရှုံးသွားမှာ ယဲ့ချန် ကျွန်မ အစ်ကို့ဘေးမှာ နေချင်တယ် ကျွန်မကို အခွင့်အရေး တစ်ခုလောက် ပေးနိုင်မလား။"
ကျောင်းသားအားလုံးမှာ အံ့အားသင့်လွန်း၍ ကျောက်ရုပ်များကဲ့သို့ ဖြစ်သွားကြသည်။ ဤဖြစ်ရပ်၏ သက်ရောက်မှုသည် ငလျင်လှုပ်သကဲ့သို့ ပြင်းထန်သည်။ ယဲ့ချန်အပေါ်တွင် ထားရှိသော ယောင်္ကျားလေးများ၏ မနာလိုခြင်း အားကျခြင်းမုန်းတီးခြင်းတို့သည် အထွတ်အထိပ်သို့ ရောက်သွားသည်။
ဒီကောင် အရင်ဘဝက ကမ္ဘာဂြိုဟ်ကို ကယ်ခဲ့တာလား။
ယဲ့ချန်ကို အားကျသူများကမူ သူတို့၏ အိုင်ဒေါမှာ ထန်မော့ရွှေကဲ့သို့ နတ်သမီးမျိုးကိုပင် အောင်နိုင်လိုက်ပြီဖြစ်၍ အလွန် ဂုဏ်ယူဝမ်းမြောက်နေကြသည်။
"တောင်းပန်ပါတယ် ငါ ငြင်းတယ်။"
ယဲ့ချန် မတ်တပ်ရပ်ပြီး နှာသုတ်ပုဝါဖြင့် ပါးစပ်ကို သုတ်လိုက်သည်။
"အခုလောလောဆယ်မှာ အချစ်ဇာတ်လမ်း အဆီအငေါ်မတည့်တဲ့ စကားတွေကို နားထောင်ဖို့ စိတ်မရှိဘူး။ ငါ ပညာပဲ သင်ချင်တယ်။ ပညာသင်ရတာက ငါ့ကို ပျော်ရွှင်စေတယ်။ ကျောင်းသူ ထန်မော့ရွှေ ကိုယ့်ကိုယ်ကိုယ် လေးစားပါ။ ငါ့ကို ကာမဂုဏ်မှာ နစ်မွန်းအောင် မလုပ်ပါနဲ့။ ဒါက ဖားကို ရေနွေးနွေးထဲထည့်ပြုတ်သလိုပဲ ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ထိခိုက်စေလိမ့်မယ်။ ပြီးတော့ မင်းရဲ့ အချိန်တွေကို အလဟဿ မဖြုန်းတီးပါနဲ့လို့ အကြံပေးချင်တယ်။"
ကောင်မလေးမှာမူ စကားမပြောနိုင်အောင် ဖြစ်သွားသည်။ ယဲ့ချန်က သူမကို စိတ်ပျက်လာသလိုပင်။ ပြောပြီးသည်နှင့် ယဲ့ချန်သည် အဆောင် တစ်ခုကို အိတ်ထဲမှထုတ်ကာ ဘောလုံးကဲ့သို့ လုံး၍ ထန်မော့ရွှေကို ပေးလိုက်သည်။
"မင်းရဲ့ ဒီနေ့ သရုပ်ဆောင်မှုက အရမ်း လွန်ကဲနေသေးတယ်။ နောက်တစ်ခါကျရင် စိတ်ပါဝင်စားမှု ပိုထည့်ပေးပါ။"
တိုးတိုးလေး ပြောလိုက်သည်။
"တကယ်တော့ ချစ်သူရည်းစားထားတာထက် ခွေးတစ်ကောင် မွေးတာက ပိုကောင်းပါတယ်။"
ယဲ့ချန် ထွက်သွားသည်။
ထန်မော့ရွှေမှာ သက်ပြင်းချနိုင်လိုက်သည်။ ကံကောင်းလိုက်တာ ယဲ့ချန်က တကယ်ပဲ ငြင်းလိုက်တာပဲ။ သူကသာ ဒီသရုပ်ဆောင်မှုကို အစစ်အမှန်လို့ ထင်ပြီး လက်ခံလိုက်ရင် သူမ ဒီနေ့တော့ ပြန်လမ်းမရှိတော့တဲ့ ချောက်ထဲ ကျသွားမှာပဲ သူမသည် ရောဂါကုသရေး အဆောင်ကို အလွန်ဂရုတစိုက် သိမ်းလိုက်သည်။
'ဖေဖေ စိတ်မပူပါနဲ့။ သမီး သူ့ကို ဆက်ပြီး ဝန်ခံနေမှာပါ။ သူ ငြင်းတိုင်း ဒီအဆောင်တွေ ရလာမှာဖြစ်လို့ ဖေဖေ့အတွက် အများကြီး စုဆောင်းပေးနိုင်မှာ။'
ငြင်းပယ်ခံရလိုက်တာ... ထန်မော့ရွှေ ငြင်းပယ်ခံရလိုက်တာပဲ...
စားသောက်ဆိုင်ထဲက ကျောင်းသားတွေအားလုံးရဲ့ မျက်လုံးတွေက ပြူးကျယ်နေကြပြီး သွေးထွက်တော့မတတ်ပင်။
ဒါက အိပ်မက်တစ်ခုလိုပါပဲ ကျွန်တော်တို့အားလုံးက မသင်မနေရ ပညာရေးကို သင်ခဲ့ကြတာ ဘာလို့ ယဲ့ချန်က ဒီလောက်ထိ ထူးချွန်နေရတာလဲ ယဲ့ချန် မင်းက နတ်ဆိုးတစ်ကောင်လား။
ယဲ့ချန် စားသောက်ဆိုင်ထဲက ထွက်လာချိန်တွင်။
တီ...တာဝန်ပြီးဆုံးခြင်း: 【ကျောင်းသူလှ ထန်မော့ရွှေ၏ ဝန်ခံမှုကို ငြင်းပယ်ခြင်း】။ ရင်သား တင်းရင်းစေသည့် ဆေးပြား ၁၀ ပြား ရရှိသည်။ ရရှိသော ပြုပြင်မှု စွမ်းအင် - ၀ ရာခိုင်နှုန်း။ စနစ် ပြုပြင်မှု - ၂ ရာခိုင်နှုန်း
"ဟာ ရင်သားဆေးပြား ၁၀ ပြားလား ဒါက အသုံးဝင်တယ် တန်းမော့ရွှေက တကယ်ကို တန်ဖိုးရှိတာပဲ။"
ယဲ့ချန် ရယ်မောလိုက်သည်။
"တစ်နေ့ကျရင် ရင်သားပြားတဲ့ ကောင်မလေးတွေကို စမ်းကြည့်ရမယ်။ လှပတဲ့ ကောင်မလေးတွေက ရင်သားပြားတတ်ကြတယ်လို့ ကြားဖူးတယ်။ သူတို့ ဒါလေး သောက်လိုက်ရင် တကယ့်ကို ပြီးပြည့်စုံသွားမှာ။"
သူ့ရဲ့ အစီအစဉ်က တော်တော် အောင်မြင်ပုံရသည်။ ထန်မော့ရွှေသည် သူ့အတွက် ရေရှည် အကျိုးအမြတ် ရနိုင်မည့်သူ ဖြစ်လာလိမ့်မည်။
"ယဲ့... ယဲ့ချန်။"
ကောင်မလေးတစ်ယောက်က သူ့ဆီသို့ ပြေးလာသည်။ သူမ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေသည်။
"ဟင် မင်းက ဘယ်သူလဲ။"
ယဲ့ချန် အံ့အားသင့်စွာ မေးလိုက်သည်။
"ယဲ့ချန် ကျွန်မက... ကျွန်မက စုံကျားပါ... အစ်ကို ကျွန်မကို မသိပေမယ့် ယွီရှီးဆီကနေ အစ်ကို့အကြောင်း မကြာခဏ ကြားဖူးပါတယ်။"
ထိုကောင်မလေးက မောပန်းစွာ အော်ပြောလိုက်သည်။
"အော် မင်းက ယွီရှီးရဲ့ သူငယ်ချင်းပေါ့။ မစိုးရိမ်ပါနဲ့ဖြည်းဖြည်းချင်း ပြောပြပါ။"
ယဲ့ချန်က ပြောလိုက်သည်။
"ယဲ့ချန် ယွီရှီးရဲ့ အိမ်မှာ ပြဿနာ တက်နေတယ် ကူညီပေးနိုင်မလား။ ကျွန်မက ယွီရှီးရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပါ။ သူက အစ်ကို့ကို တကယ် ကြိုက်တာပါ..."
"ယွီရှီးရဲ့ အိမ်မှာ ပြဿနာ တက်တယ်..."
ယဲ့ချန်၏ မျက်ခုံးများ တွန့်သွားသည်။ ဒီနေ့ သူ WeChat ပို့တော့ မပြန်ဖုန်းခေါ်လို့မရတဲ့ အကြောင်းရင်းကို သူ နားလည်သွားသည်။
"မစိုးရိမ်ပါနဲ့ ကျွန်တော် ကူညီပေးမယ်။"
ယဲ့ချန်က ချက်ချင်း ပြောလိုက်သည်။
"ယွီရှီးရဲ့ ကိစ္စက ကျွန်တော့်ကိစ္စပါပဲ။ ကောင်းကင်ကြီး ပေါက်ပြဲသွားရင်တောင် ကျွန်တော် ဖာထေးပေးမှာပါ။"
ဆုန်ကျား ပြောပြချက်အရ ယွီရှီး၏ ဆွေမျိုးများက ငွေကြေးလာရောက် တောင်းဆိုနေပြီး သူမ၏ မိခင်ကို အနိုင်ကျင့်နေကြကြောင်း သိရသည်။ ယွီရှီး၏ ဖခင်မှာ အိပ်ရာထဲ လဲနေပြီး မိခင်မှာ ရိုးသားလွန်းသူ ဖြစ်သည်။ ယဲ့ချန်မှာ ငွေကြေးနှင့် ဖြေရှင်းနိုင်မည့် ပြဿနာဟု ယူဆကာ လိပ်စာအတိုင်း လမ်းလျှောက် ထွက်လာခဲ့သည်။
ကွမ်ဒါလမ်းမ။ ယန့်မြို့၏ စရိုက်ဆန်သော ရပ်ကွက်ဟောင်း။
ယွီရှီး၏ အိမ်မှာ အလွန်ဟောင်းနွမ်းပြီး ညစ်ပတ်သည်။ အခန်း (၃) ခန်းပါသော အိမ်ဖြစ်သော်လည်း ပရိဘောဂ တစ်စုံတစ်ရာ မရှိသလောက်ပင်။ ဧည့်ခန်းထဲတွင် ခေတ်ဟောင်း ဆိုဖာအို တစ်ခုသာ ရှိသည်။
ထိုနေရာတွင် အဝတ်အစား ကောင်းမွန်စွာ ဝတ်ဆင်ထားသော လူအုပ်စုတစ်ခုက ရပ်နေကြသည်။
ယွီရှီးသည် ဆိုဖာပေါ်တွင် ထိုင်နေပြီး ရှက်ရွံ့နေဟန် ရှိသည်။ သူမ၏ ဘေးတွင် ဆံပင်ဖြူများ ပေါက်နေပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများဖြင့် ညှိုးငယ်နေသော အမျိုးသမီးကြီး တစ်ဦး ရှိသည်။ သူမမှာ ယွီရှီး၏ မိခင် လီဟွီ ဖြစ်သည်။ သူမသည် အရင်က အလွန် လှပသူ ဖြစ်ခဲ့သော်လည်း အခက်အခဲများစွာကြောင့် အိုမင်းသွားခဲ့ရသည်။
"လီဟွီ ယွီရှီး ငါတို့ ဒီနေ့ လာတာက မင်းတို့ ကြွေးကျန်နေတဲ့ ငွေတွေအတွက်ပဲ။ ငါးနှစ်တောင် ရှိပြီ မင်းတို့ ပိုက်ဆံ ပြန်ပေးသင့်ပြီ မဟုတ်လား ငါတို့က ဆွေမျိုးတွေမို့လို့ ကြွေးတောင်းတဲ့ ကုမ္ပဏီကို မခေါ်လာတာ။ ဒီနေ့ ဘာပဲဖြစ်ဖြစ် ဒီပိုက်ဆံကို ပြန်ပေးရမယ်။"