အခန်း ၇၆
Vol. 8 Ch. 76
အခန်း ၇၆ - အားလုံးသည် စီစဉ်ထားသည့် ပုံစံတစ်ခုသာ။
"အမေ... ဒူးမထောက်ပါနဲ့တော့... တောင်းပန်ပါတယ် အမေ..."
လီဟွီ ဒူးထောက်နေသည်ကို မြင်ရသဖြင့် ယွီရှီးမှာ ထိတ်လန့်သွားကာ အမေ့ကို ဆွဲထူရန် အလျင်အမြန် ပြေးသွားသည်။
ထိုအချိန်တွင် ဆွေမျိုးအုပ်စုသည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"ကောင်းပါပြီ ကောင်းပါပြီ... ဒီလိုမျိုး မလုပ်ပါနဲ့။ လီဟွီ ထလိုက်ပါ။"
ဒုတိယဦးလေး၏ဇနီး က မျက်စိမှိတ်ပြကာ အချက်ပြလိုက်သည်။
"ကဲ... ယွီရှီး ငါပြောတာကို သေချာနားထောင်။ အခု ငါပြောမယ့်စကားကိုအရေးကြီးတယ်လို့ သဘောထားပြီး နားထောင်စမ်း။"
ယွီရှီးသည် ဒုတိယအဒေါ်ကို စိတ်ပျက်ဒေါသထွက်စွာ ကြည့်လိုက်သည်။ ဒုတိယအဒေါ်မှာ မျက်နှာကို ပြင်ဆင်ကာ စကားလုံးများကို ကျွမ်းကျင်စွာ စီကုံးပြောဆိုလေသည်။
"ယွီရှီး ငါတို့က မင်းရဲ့ အုပ်ထိန်းသူတွေပါ။ နင်ကိုလည်း ငယ်ငယ်ကတည်းက ကြည့်လာတာ။ နင်က တကယ်လှတယ် သွက်လက်တယ်ကိုယ်ခန္ဓာလည်း လှပတယ်။ အခုဆိုရင်လည်း ငယ်ရွယ်တုန်းပဲ။"
ထိုစကားကို ကြားသောအခါ အနီးတွင်ရှိသော ဝမ်းကွဲညီအစ်မနှစ်ယောက်၏ မျက်နှာတွင် မနာလိုမှုနှင့် စက်ဆုပ်မှုများ ပေါ်လာသည်။ သူတို့၏ ရုပ်ရည်နှင့် ကိုယ်ခန္ဓာမှာ ယွီရှီးနှင့် ယှဉ်လျှင် အများကြီး နိမ့်ကျနေသည်ကို သူတို့ကိုယ်တိုင်လည်း သိနေကြသည်။
"ယွီရှီးမင်းတစ်ခုကို နားလည်ထားရမယ်။ ယောက်ျားတွေက အာဏာနဲ့ ငွေကြေးကို ပိုင်ဆိုင်ထားတဲ့ ဒီလောကမှာ ယောက်ျားအများစုကို ဆွဲဆောင်နိုင်တဲ့ အလှတရားမျိုး ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေအတွက်တော့ အောင်မြင်မှုလမ်းကြောင်းက ပိုပြီး ချောမွေ့လိမ့်မယ်။"
ဒုတိယအဒေါ်က လောကီအတွေ့အကြုံရှိဟန်ဖြင့် ပြောသည်။
"ဒုတိယအဒေါ်... ဘာကို ဆိုလိုတာလဲ။"
ယွီရှီး၏ အသံမှာ အေးစက်စက်ဖြစ်နေသည်။
"ကောင်းပြီ ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။ အိမ်ထောင်ပြုတာက မိန်းကလေးတစ်ယောက်ရဲ့ ဘဝအတွက် ဒုတိယအခွင့်အရေးပဲ။ ကိုယ်ပိုင်အရည်အချင်းရှိတာထက် အိမ်ထောင်ကောင်းကျတာက ပိုကောင်းတယ်။ နင့်မိသားစုက ဒီလောက် မွဲတေနေမှတော့ ချမ်းသာတဲ့ ယောက်ျားတစ်ယောက်ကို မြန်မြန်ရှာပြီး အိမ်ထောင်ပြုသင့်တယ်။ နင်က ကံကောင်းလို့ ကောင်းတဲ့ ရုပ်ရည်ကို ရလာတာဒါကြောင့် ချမ်းသာတဲ့ မိသားစုထဲကို ဝင်နိုင်ဖို့ ကြိုးစားရမှာပေါ့။"
ဒုတိယအဒေါ်၏ အသံမှာ ပိုမိုတင်းမာလာသည်။
"ဒီနေ့ ငါတို့ နင့်အတွက် လူတစ်ယောက်ကို မိတ်ဆက်ပေးမယ်။ သူကတော့ ကျန်းသခင်လေးပဲ။"
"ကျန်းသခင်လေးက အသက် ၃၃ နှစ်ရှိပြီ။ ယန်မြို့မှာ အောင်မြင်တဲ့ လူတစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ သူက ဟားဗတ်ဆေးတက္ကသိုလ်က ဘွဲ့ရတယ်။ အခုဆိုရင် ယန်မြို့ အမှတ် (၄) ပြည်သူ့ဆေးရုံကြီးရဲ့ အာရုံကြောဌာနမှာ ဌာနမှူး လုပ်နေတယ်။ အသက် ၃၀ ကျော်နဲ့ ဒီလို ရာထူးရောက်တာ ဘာကို ဆိုလိုသလဲဆိုတာ နင်နားလည်မှာပေါ့။"
ဒုတိယအဒေါ်မှာ ကျန်းသခင်လေးကို သိကျွမ်းရသည့်အတွက် ဂုဏ်ယူဝါကြွားနေပုံရသည်။
"သူက အရည်အချင်းရှိတယ် လူမှုအဆင့်အတန်း မြင့်မားတယ်။ ဆရာဝန်ဆိုတာ ဘယ်တော့မှ ခေတ်မကုန်တဲ့ အလုပ်အကိုင်ပဲ။ စီးပွားရေး ဘယ်လောက်ကျနေပါစေ လူတွေ ဖျားနေကြဦးမှာပဲ။ နင့်အဖေလိုမျိုးလေ ဘယ်လောက်ပဲ မွဲနေပါစေ ဆေးကုဖို့ ပိုက်ဆံပေးရတာပဲ မဟုတ်လား။"
"ပြီးတော့ သူ့မိသားစု နောက်ခံအကြောင်းလည်း ပြောရဦးမယ်။ သူ့အဖေက ရှုအုပ်စု မှာ အကြီးတန်းအမှုဆောင် သူ့အမေက ရှအုပ်စု မှာ အကြီးတန်းအမှုဆောင်။"
ဒုတိယအဒေါ်မှာ ပီတိဖြာနေသည်။
"ဒီလိုလူမျိုးကို တစ်ချက်ကြည့်လိုက်ရရင် ယန်မြို့က မိန်းကလေး ၉၉ ရာခိုင်နှုန်းက သူ့အိပ်ရာပေါ်ကို တက်ဖို့တောင် ဝန်မလေးကြဘူး။"
ထိုအချိန်တွင် ဝမ်းကွဲညီအစ်မနှစ်ယောက်မှာ ထိုကျန်းသခင်လေးကို ချက်ချင်းပင် ရသွားချင်နေသည့် အသွင်ဖြင့် ကြည့်နေကြသည်။ ယွီရှီးအပေါ် ထားရှိသည့် မနာလိုမှုမှာ ပိုမိုပြင်းထန်လာသည်။
"မကြာခင် ကျန်းသခင်လေး ကိုယ်တိုင် နင့်ကို လာတွေ့လိမ့်မယ်။ ယွီရှီး ဒါက နင့်ဘဝကို ပြောင်းလဲပေးမယ့် အခွင့်အရေးပဲ။ နင်သာ သူ့ကို အကြွင်းမဲ့ နာခံမယ်ဆိုရင် နင့်မိသားစု ကြွေးတင်နေတာတွေကို သူ ပြန်ဆပ်ပေးလိမ့်မယ်။ နင်လည်း စံအိမ်တွေ ကားကောင်းတွေနဲ့ ဇိမ်ခံဘဝကို ရမှာပဲ။ အဲဒီထက် ပိုတာက သူ့ဆေးပညာနဲ့ နင့်အဖေ့ရောဂါကိုတောင် ကုပေးနိုင်ကောင်း ကုပေးလိမ့်မယ်။"
ဒီနေရာအရောက်တွင် ယွီရှီးမှာ အရာအားလုံးကို နားလည်သွားသည်။ ဒါတွေအားလုံးသည် စီစဉ်ထားသော ကွက်တစ်ခုသာဖြစ်သည်။ ဦးလေးတို့က ကြွေးတောင်းသလိုလိုနှင့် အမှန်တကယ်တော့ သူမကိုကျန်းသခင်လေး ဆိုသူနှင့် ရောင်းစားရန် စီစဉ်နေခြင်းဖြစ်သည်။
ကိုယ်ကျိုးအတွက် ကိုယ့်တူမကိုတောင် ရောင်းစားမည့် ဤလူတွေကို သူမ မုန်းတီးသွားသည်။
"မဖြစ်ဘူး။"
ယွီရှီးက ခေါင်းခါရင်း ပြတ်ပြတ်သားသား ပြောသည်။
"ကျွန်မ အိမ်ထောင်မပြုချင်ဘူး။ ပြီးတော့ ကျွန်မဘဝကို တခြားသူတွေရဲ့ လက်ထဲ ထည့်မပေးနိုင်ဘူး။"
"ယွီရှီး မိန်းမပျက်မ နင်က ဘယ်လိုအဆင့်အတန်းမျိုးလဲဆိုတာ မှန်ရှေ့သွားကြည့်လိုက် နင်က ဘာမို့လို့ ဒီလောက်တောင် စော်ကားနေရတာလဲ။"
ဝမ်းကွဲညီအစ်မတစ်ယောက်က ဒေါသတကြီး အော်ဟစ်သည်။
"နင်က ဆင်းရဲတွင်းထဲက လူပဲ။ အခု ငယ်လို့ လှနေပေမယ့် အိုလာရင် ဘာမှ မဟုတ်တော့ဘူး။ အခုချိန်မှာ လူကောင်းကို ရွေးမပေါင်းရင် နင်လို မိုက်မဲတဲ့သူ ဘယ်သူရှိမလဲ ချစ်ခြင်းမေတ္တာအကြောင်း ပြောချင်နေတာလား ဟားဟား ရယ်စရာပဲ ဆင်းရဲတဲ့သူမှာ အချစ်မရှိဘူး။"
"ယွီရှီး သရုပ်ဆောင်မနေပါနဲ့။ ဒီအခွင့်အရေးကို လက်ခံလိုက်ပါ။ နင်လှပနေတုန်းမှာ အသုံးချရမှာပေါ့။"
ဦးလေးကြီးက လှောင်ပြောင်သည်။
"ကျန်းသခင်လေးက နင့်ကို စိတ်ဝင်စားတာဟာ နင့်ရဲ့ ဘိုးဘွားတွေရဲ့ ကံကောင်းမှုပဲ။ နင်က ရွေးချယ်ခွင့်တောင် မရှိဘူး။ နင်က မထိုက်တန်ဘူး။"
"ငါ့သမီးကို မဒုက္ခပေးကြပါနဲ့တော့ ငါ့သမီးကို မဖိအားပေးပါနဲ့ လိုချင်ရင် ငါ့အသက်ကို ယူသွားလိုက် ငါ့သမီးက အပြစ်ကင်းပါတယ်။"
လီဟွီမှာ ရင်ကွဲမတတ် ငိုယိုသည်။
"ယွီရှီး ငိုမနေနဲ့တော့။ ကျန်းသခင်လေး လာတဲ့အခါ မျက်ရည်စတွေနဲ့ တွေ့ချင်မှာလား။ အခုပဲ ပြင်ဆင်လိုက်တော့။ ဒီနေ့ နင်ရွေးချယ်စရာ မရှိဘူး။ ကျန်းသခင်လေးနဲ့ သေချာပေါင်းမလား ဒါမှမဟုတ် ၂ သန်း အခုချက်ချင်း ဆပ်မလား။ မဟုတ်ရင် ကြွေးတောင်းတဲ့လူတွေကို ခေါ်ပြီး မင်းတို့မိသားစုကို ဒုက္ခပေးမယ်။"
ဒုတိယဦးလေးက ရက်စက်စွာ ပြောလိုက်သည်။
အမှန်တကယ်တော့ ယွီရှီး၏ ဦးလေးနှစ်ယောက်မှာ ကျန်းသခင်လေးထံမှ အကျိုးအမြတ်ရရှိရန် ဤကိစ္စကို စီစဉ်ခဲ့ခြင်းဖြစ်သည်။ ကျန်းသခင်လေးသည် မိန်းကလေးပေါင်း ထောင်နှင့်ချီအောင် ပျက်စီးစေပြီးနောက် ယခုတွင်တော့ အိမ်ထောင်ပြုရန် ဆုံးဖြတ်ထားသည်။
သူ့၏ စံနှုန်းမှာ ငယ်ရွယ်၊ လှပ၊ ပိန်သွယ်၊ တက္ကသိုလ်ကျောင်းသူ၊ စိတ်ထားဖြူစင်ပြီး အပျိုစင်ဖြစ်ရမည်။ ယွီရှီးမှာ ထိုစံနှုန်းများနှင့် အပြည့်အဝ ကိုက်ညီနေသဖြင့် ဦးလေးတို့က သူ့ကို အတင်းအကျပ် အိမ်ထောင်ပြုပေးရန် ကြိုးစားနေခြင်းသာဖြစ်သည်။