အခန်း ၇၇
Vol. 8 Ch. 77
အခန်း ၇၇ - ယဲ့ချန် နင်ရောက်လာပြီပဲ။
ယခုအချိန်တွင် ဦးလေးကြီးနှင့် ဒုတိယဦးလေးတို့၏ မိသားစုများသည် ယွီရှီးအား သားကောင်ကို ဝိုင်းဝန်းကြည့်ရှုနေသော သားရဲအုပ်စုကဲ့သို့ လောဘတကြီးစိတ်အားထက်သန်စွာဖြင့် ကြည့်ရှုနေကြသည်။ သူတို့ ပြောဆိုလိုက်သော စကားလုံးတိုင်းသည် ယွီရှီး၏ ရင်ထဲသို့ ဓားဖြင့်ထိုးစိုက်လိုက်သကဲ့သို့ နာကျင်စေပြီး သူမကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေချင်နေကြသည်။
သဘောကောင်းသူကို အနိုင်ကျင့်တတ်ပြီးနူးညံ့တဲ့မြင်းကို စီးတတ်တယ်။ ဆိုသည့်အတိုင်း ယွီရှီးမှာ တုတ်တုတ်မျှ မလှုပ်နိုင်ဘဲ ရပ်နေမိသည်။ သူမ၏ နှလုံးသားမှာ သံချွန်ပေါင်းများစွာဖြင့် အထိုးခံရသကဲ့သို့ နာကျင်နေပြီး လည်ချောင်းမှာလည်း တင်းကျပ်နေသည်။
အကယ်၍ ယခင်ကဆိုလျှင် အိုမင်းပြီး ဆင်းရဲဒုက္ခရောက်နေသော မိခင်နှင့် အိပ်ရာထဲတွင် လဲလျောင်းကာ သေလုမျောပါး ဖြစ်နေသော ဖခင်တို့အတွက်ဆိုလျှင် သူမသည် အရှုံးပေးပြီး ခေါင်းငုံ့ခဲ့မိပေလိမ့်မည်။
သို့သော် ယခုအချိန်တွင်မူ သူမ မလုပ်နိုင်တော့ပေ။ သူမ၏ ရင်ထဲတွင် ယဲ့ချန် ရှိနေပြီဖြစ်သည်။ ယွီရှီးသည် ယဲ့ချန်ကို မထိန်းနိုင်အောင်ပင် လွမ်းဆွေ့နေမိသည်။ ယဲ့ချန်နှင့် သိကျွမ်းခဲ့သည်မှာ ကြာလှပြီ မဟုတ်သော်လည်း ယဲ့ချန်၏ ပုံရိပ်မှာ သူမ၏ အရိုးထဲအထိ စွဲမြဲနေသည်။
ဘတ်စ်ကားပေါ်တွင် ယဲ့ချန် သူမကို ကယ်တင်ခဲ့သည့်နေ့ကတည်းက သူမသည် ယဲ့ချန်အပေါ် တစ်ချက်တည်းနှင့် စွဲလမ်းသွားခဲ့သည်။ ယဲ့ချန်နှင့် တွဲသွားတွဲလာ လုပ်ရသည်မှာ သူမအတွက် အလွန်ပင် ပေါ့ပါးပြီး ပျော်ရွှင်ရသည်။
ယနေ့တွင် ယွီရှီးသည် သူမ၏ အခက်အခဲများကို ယဲ့ချန်အား မပြောပြခဲ့ပေ။ သူမ၏ အဆိုးရွားဆုံး အားအငယ်ဆုံးနှင့် ရှက်စရာအကောင်းဆုံး အခြေအနေမျိုးတွင် ယဲ့ချန်ကို မမြင်စေချင်ခဲ့ပေ။ သူမ ချစ်ရသူ၏ ရှေ့တွင် ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သူမ၏ ဦးလေးတို့မှာ မိသားစုချင်းပင် ငဲ့ညှာမှုမရှိဘဲ ယခုလောက်အထိ ရက်စက်ကောက်ကျစ်သော အစီအစဉ်များ ဆွဲထားလိမ့်မည်ဟု သူမ လုံးဝ မတွေးထင်ထားခဲ့ပေ။
"မ... မဖြစ်ပါဘူး..."
နောက်ဆုံးတွင် ယွီရှီး ခေါင်းခါလိုက်သည်။
"ကျွန်မ... ကျွန်မမှာ ချစ်ရတဲ့သူ ရှိပြီးသားပါ။ တကယ်ပါ ကျွန်မ မလုပ်နိုင်ပါဘူး။"
"ဘာ ယွီရှီး မင်း ဘာတွေ လျှောက်ပြောနေတာလဲ။"
ဦးလေးကြီးက ဒေါသတကြီး ကြည့်သည်။
"ယွီရှီး ခေါင်းမာမနေနဲ့ ငါ သတိပေးမယ်ကျန်းသခင်လေး ရောက်တော့မှာ နင့်အပြုအမူကို ဆင်ခြင် မှားယွင်းတဲ့ စကားမျိုး မပြောနဲ့ မဟုတ်ရင်... မဟုတ်ရင် ငါ... ငါ မင်းတို့ သားအမိကို သတ်ပစ်လိုက်မယ်။"
ဦးလေးကြီးသည် မည်သည့်အရာကိုမျှ မငဲ့ညှာဘဲ ခြိမ်းခြောက်တော့သည်။ ကျန်းသခင်လေးနှင့် အရာအားလုံး အဆင်ပြေချောမွေ့ရမည်ဟု သူ အာမခံထားသောကြောင့် တစ်စုံတစ်ရာ အမှားအယွင်း ဖြစ်ပါက ကျန်းသခင်လေး၏ ဒေါသကို သူ မခံနိုင်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
ထိုစဉ်
တောက်... တောက်... တောက်
တံခါးခေါက်သံ ပေါ်လာသည်။
"ကျန်းသခင်လေး ဖြစ်ရမယ် ငါ သွားဖွင့်လိုက်မယ်။"
ဒုတိယအဒေါ်၏ မျက်လုံးများ အရောင်တောက်သွားကာ တံခါးဖွင့်ရန် အမြန်ပြေးသွားသည်။
တံခါးပွင့်သွားသည်။ တံခါးဝတွင် ယဲ့ချန် ရပ်နေသည်။
"ကျန်းသခင်..."
ဒုတိယအဒေါ်က လျှာဖျားတွင် ချိုသာစွာဖြင့် ခေါ်လိုက်သော်လည်း သူမ၏ မျက်နှာမှာ ချက်ချင်းပင် တောင့်ခဲသွားသည်။
"မင်းက ဘယ်သူလဲ။"
"ကျွန်တော် ယွီရှီးကို လာတွေ့တာ"
ယဲ့ချန်က ပြုံးလျက် အထဲသို့ တိုက်ရိုက် ဝင်လာသည်။
ဝင်ဝင်ချင်းတွင်ပင် ယွီရှီးမှာ မျက်ရည်များဖြင့် နီရဲနေသော မျက်နှာဖြင့် အသက်ရှင်လိုစိတ် မရှိတော့သကဲ့သို့ ဖြစ်နေသည်ကို သူ မြင်လိုက်ရသည်။ ယွီရှီးဘေးတွင် အမျိုးသမီးတစ်ဦးမှာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး စိတ်ပျက်အားငယ်နေသည်။ အခန်းထဲတွင်လည်း လူအုပ်စုက အတင်းအကျပ် ဖိအားပေးနေကြသည်။ လေထုမှာ တင်းမာနေပြီး ရန်လိုမှုများ ပြည့်နှက်နေသည်။
"ဟမ့်"
ယဲ့ချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ရုတ်တရက် သူ့ရင်ထဲတွင် အလွန်နာကျင်ရပြီး ဒေါသများ ပေါက်ကွဲထွက်လာသည်။ သူ၏ မျက်လုံးအစုံတွင် အေးစက်စက် အငွေ့အသက်များ ဖြတ်ပြေးသွားသည်။
"အို... တစ်စုံတစ်ယောက်က ယွီရှီးကို အနိုင်ကျင့်နေတာပဲ... ကောင်းပြီ ဒီနေ့တော့ အလုပ်ကြီးကြီး လုပ်ရတော့မယ်။"
"ယဲ့... ယဲ့ချန် နင်ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ။"
ယွီရှီးသည် ယဲ့ချန်ကို မြင်လိုက်ရသောအခါ ကိုယ်ခန္ဓာမှာ တုန်ရီသွားပြီး သူ့ဆီသို့ အကြည့်များ ရောက်သွားသည်။ သူမသည် ယဲ့ချန်ဘေးသို့ ပြေးသွားပြီး သူမ၏ ခံစားချက်များကို ရင်ဖွင့်ချင်စိတ်များ ပေါက်ဖွားလာသည်။
ယခင်က ဘတ်စ်ကားပေါ်တွင် အားကိုးရာမဲ့နေချိန်ကဲ့သို့ပင် ယဲ့ချန်မှာ ကောင်းကင်မှ ဆင်းသက်လာသကဲ့သို့ ရှိနေသည်။
ယခုအချိန်တွင် ယွီရှီးမှာ ယဲ့ချန်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ရှိုက်ကြီးတငင် ငိုချပြီး သူမ၏ ဝေဒနာများကို အကုန်ထုတ်ပြောလိုက်ချင်သည်။ ဝမ်းနည်းခြင်းများနှင့် နာကျင်ခြင်းများမှာ ဒီရေလှိုင်းကဲ့သို့ သူမကို ဝါးမြိုလိုက်သည်။
"ယဲ့ချန်... ယဲ့ချန်..."
ယွီရှီး ရှိုက်ငိုနေသည်။
"ယွီရှီး မငိုပါနဲ့တော့။ ဒါက တန်ရဲ့လား ဒါက သေးသေးလေးပါ။"
ယဲ့ချန် ယွီရှီးဆီသို့ အမြန်လျှောက်သွားသည်။
"ကျောင်းမှာ နင့်ရဲ့ သူငယ်ချင်းက အကုန်ပြောပြတယ်။ ငါအမြန်ဆုံး လာခဲ့တာတက္ကစီရှာရတာ ကြာပြီး လမ်းမှာလည်း ပိတ်နေလို့ နောက်ကျသွားတယ်။ စိတ်မပူပါနဲ့ငါ ရှိနေသရွေ့တော့ ကောင်းကင်ကြီး ပေါက်ပြဲသွားရင်တောင် ငါ ပြန်ဖာပေးနိုင်ပါတယ်။"
ယဲ့ချန် ရောက်လာခြင်းက ယွီရှီးကို စိတ်ပျက်အားငယ်မှုထဲမှ ဆွဲထုတ်လိုက်သည်။ သူမ၏ နှလုံးသားထဲတွင် စိတ်ခံစားမှုများ လှိုင်းထန်နေပြီး မထိန်းနိုင်တော့ဘဲ ယဲ့ချန်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ အော်ငိုလိုက်သည်။
ယဲ့ချန်၏ ရင်ဘတ်ပေါ်တွင် ခေါင်းတင်ထားရသည်မှာ အလွန်ပင် နွေးထွေးပြီး လုံခြုံသည်။ သူမ၏ တစ်ခုတည်းသော ဆန္ဒမှာ ဤလုံခြုံမှုကို ဖက်တွယ်ထားပြီး အိုမင်းသည်အထိ နေထိုင်ကာ သေဆုံးသွားရန်သာ ဖြစ်သည်။
ယွီရှီးသည် ငိုရင်းဖြင့် အဖြစ်အပျက် အားလုံးကို ယဲ့ချန်အား ပြောပြလိုက်သည်။ ယဲ့ချန်မှာ တစ်ခွန်းမျှ မပြောဘဲ ဒေါသများမှာ မီးတောင်ချော်ရည်ကဲ့သို့ တဖြည်းဖြည်း တောက်လောင်လာသည်။
'ဒါတွေက ဆွေမျိုးတွေလား သူတို့က အသိစိတ်မရှိတဲ့ သားရဲတွေပဲ။'
'ကောင်းပြီ၊ အရမ်းကောင်းတယ်။ ဒီနေ့ ခင်ဗျားတို့ အားလုံး ဘယ်လိုသေမလဲဆိုတာ ကျုပ် ကြည့်မယ်။'
"မဖိတ်ခေါ်ဘဲ ရောက်လာတဲ့သူ"
ယဲ့ချန်ကို စူးစိုက်ကြည့်နေကြသည်။ ယွီရှီးက သူမ ချစ်ရတဲ့သူ ရှိတယ်လို့ ပြောတုန်းက အကြောင်းပြချက်လို့ ထင်ခဲ့ပေမဲ့ အခုတော့ အမှန်တကယ် ဖြစ်နေသည်။ သူတို့ နှစ်ယောက်၏ ရင်းနှီးမှုကို မြင်ရသည်မှာ အလွန်ပင် ဒေါသထွက်စရာ ကောင်းလှသည်။
"စိတ်မပူပါနဲ့... အားလုံး စိတ်မပူကြပါနဲ့..."
ဦးလေးကြီး၏ သားက ယဲ့ချန်ကို တစ်ချက်ကြည့်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။
"ဒီကောင် ဝတ်ထားတဲ့ အင်္ကျီက တစ်ထောင်လောက် တန်မှာပေါ့ဒါပေမဲ့ ချမ်းသာတဲ့သူတွေ မျက်စိထဲမှာတော့ ဘာမှမဟုတ်ဘူးကျန်းသခင်လေး ဝတ်တာက Versace နဲ့ Armani လို ကုမ္ပဏီကြီးတွေက Custom-made တွေ။ ကွာခြားချက်က ကောင်းကင်နဲ့ မြေကြီးပဲ။ ပြီးတော့ သူ တက္ကစီနဲ့ လာတာလေ ကားတောင် မရှိတဲ့သူက ကျန်းသခင်လေးကို ဘာနဲ့ ယှဉ်မလဲ သူက အလကားကောင်ပဲ။ ကျန်းသခင်လေး ရောက်လာရင် သူ့အရှိန်အဝါနဲ့တင် ဒီကောင် ကြောက်ပြီး သေးပေါက်လိမ့်မယ်။"
ထိုစကားကို ကြားသောအခါ မိသားစုဝင်များမှာ စိတ်သက်သာရာ ရသွားကြသည်။ သူတို့၏ နှုတ်ခမ်းများတွင် လှောင်ပြုံးများ ပေါ်လာသည်။
"ဒါပေမဲ့ ကျန်းသခင်လေးက ရည်းစားမရှိဖူးတဲ့သူအပျိုစင်ကို လိုချင်တာ။ ဒီ... ဒီ..."
ဦးလေးကြီး မျက်မှောင်ကြုတ်လိုက်သည်။
"အကယ်၍ ဒီကောင်မလေးက အပျိုစင် မဟုတ်တော့ဘူးဆိုရင်... အဲဒါတော့ ခက်လိမ့်မယ်..."
"ကိစ္စမရှိပါဘူး။"
"ယွီရှီးက ဒီကောင်နဲ့ အိပ်မှာ မဟုတ်ပါဘူး။ သူမက အရမ်းကို ရှေးရိုးဆွဲတာ။ ပြီးတော့ သူက ကျောင်းပြီးရင် လက်ကမ်းစာစောင် ဝေရတယ်အိမ်ပြန်ရင် ဖခင်ကို ပြုစုရတာနဲ့ ရည်းစားထားဖို့ အချိန်မှ မရှိတာ။"
ထိုစကားကို ကြားသောအခါ နှစ်ဖက်မိသားစုမှာ စိတ်အေးသွားကြသည်။
ယဲ့ချန်သည် ယွီရှီး၏ ပခုံးကို ပုတ်ကာ ငိုတာ ရပ်ခိုင်းလိုက်သည်။ ထို့နောက် ယွီရှီးကို လွှတ်ပေးပြီး ကြမ်းပြင်ပေါ်တွင် လဲကျနေသော လီဟွီကို ယဉ်ကျေးစွာဖြင့် ဆွဲထူပေးလိုက်သည်။
"အဒေါ် ဝမ်းမနည်းပါနဲ့ စိတ်လည်းမပူပါနဲ့။ ခဏလောက် ထိုင်ပြီး နားလိုက်ပါ၊အသက်ကို ပုံမှန်ရှူပါ။ ကျွန်တော့်ကို ယုံကြည်ပေးပါ။"
"ဟူး..."
လီဟွီမှာ မျက်ရည်ကို သုတ်လိုက်ပြီး ယဲ့ချန်ကို အလွန်ပင် ကြင်နာစွာ ကြည့်လိုက်သည်။ သူမ၏ သမီးလေး ချစ်ရသူမှာ ဤလူချောလေး ဖြစ်မှန်း သူမ သိလိုက်သည်။
"လူ... လူငယ်လေး... ငါတို့ မိသားစုမှာ ဖြစ်ပျက်နေတာတွေက ရှက်စရာ ကောင်းလှပါတယ်။ မင်းကို ဒီလို အခြေအနေမျိုးနဲ့ ကြုံတွေ့စေမိတာ..."
"ဟားဟား အဒေါ် ကိစ္စကြီး ဟုတ်လား ဒါက ဘာကိစ္စကြီးလဲ။"
ယဲ့ချန် ရယ်မောလိုက်သည်။
သူသည် လီဟွီ၏ မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုနှင့် ဒုက္ခများကြောင့် ဖြစ်ပေါ်လာသော တွန့်ကြောင်းများကို ကြည့်ပြီး နှလုံးသား နာကျင်ရသည်။
"အဒေါ် ကျွန်တော့်နာမည် ယဲ့ချန်ပါ။ ကျွန်တော့်ကို ရှောင်ချန်လို့ ခေါ်နိုင်ပါတယ်။ ဦးလေးကော အခန်းထဲမှာလား ကျွန်တော် သွားတွေ့လိုက်ဦးမယ်။"
ယဲ့ချန်သည် ဦးလေးတို့ မိသားစုနှင့် စကားမပြောသေးဘဲ ယွီရှီး၏ ဖခင်ကို သွားရောက် နှုတ်ဆက်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်းမှာ အခြေခံ အကျဆုံးသော ယဉ်ကျေးမှု ဖြစ်သည်။
"ဟားဟားဟား"
ရုတ်တရက် ဦးလေးကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"လူငယ်လေးငါတို့က ယွီရှီးရဲ့ ဆွေမျိုးတွေအကြီးအကဲတွေပါ။ မင်းက နှုတ်မဆက်ဘဲ အခန်းထဲ ဝင်လာတာ ဘာပညာရှိတာလဲမင်း မိဘတွေက မသင်ပေးဘူးလားပြီးတော့ ယွီရှီးရဲ့ မိသားစုကိစ္စက ဘာမှမဟုတ်ဘူးလို့ ပြောနေတာလား အကြွေး ၂ သန်းက ဘာမှမဟုတ်ဘူးလားလူငယ်လေး ဆင်းရဲတာ အပြစ်မဟုတ်ပေမဲ့ ရိုးသားဖို့ လိုတယ်နော်။"
"ဟားဟား ၂ သန်းက ဘာမှမဟုတ်ဘူး ကားတောင် မဝယ်နိုင်တဲ့သူက ၂ သန်းကို ဘာမှမဟုတ်ဘူးလို့ ပြောနေတာလားရယ်ရလိုက်တာ ဒီလောကမှာ ဒီလို လူမျိုး ဘယ်လိုလုပ် ရှိနိုင်ရတာလဲ သူ့ခေါင်းကို တံခါးနဲ့ ညပ်မိထားတာလား။"
ဦးလေးကြီး၏ သမီးက ဟားတိုက် ရယ်မောသည်။
"အင်း... ယဉ်ကျေးမှုဆိုတာ ဘယ်သူနဲ့ ဆက်ဆံလဲဆိုတာ ပေါ်မှာ မူတည်တယ်။ ခင်ဗျားတို့လို လူမျိုးကို ကျုပ်က ယဉ်ကျေးစရာ မလိုဘူးမလား။ ခင်ဗျားတို့က ယွီရှီးရဲ့ ဆွေမျိုးတွေ ဟားဟား... ရှက်တတ်ခြင်းဆိုတဲ့ စကားလုံးကိုကော ရေးတတ်ရဲ့လား။"
ယဲ့ချန်က စိတ်မရှည်စွာ ပြောသည်။
"ကောင်းပြီ မကြမ်းတမ်းခင် အရင် ယဉ်ကျေးပြမယ် ခဏလောက် စောင့်ပါ နောက်မှ ခင်ဗျားတို့နဲ့ အသေးစိတ် ဆွေးနွေးမယ်။"
ပြောပြီးနောက် ယဲ့ချန်သည် ဒေါသထွက်နေသော ဦးလေးတို့ မိသားစုကို လျစ်လျူရှုကာ ယွီရှီးကို တစ်ချက်ကြည့်လိုက်သည်။
"လာခဲ့ပါ ဖေဖေက အခန်းထဲမှာ။"
ယွီရှီးက ခေါင်းငြိမ့်ပြီး ယဲ့ချန်ကို ဖခင်ဆီသို့ ခေါ်သွားသည်။ အိပ်ခန်းထဲတွင် ဆေးမြစ်နံ့များ ပြည့်နှက်နေသည်။ အခန်းမှာ သန့်ရှင်းသော်လည်း ရိုးရှင်းသော ပျက်စီးနေသည့် သစ်သားကုတင်နှင့် ၉၀ ခုနှစ်က ပရိဘောဂများသာ ရှိသည်။
နံရံမှာလည်း ဟောင်းနွမ်းနေသည်။ ကုတင်ပေါ်တွင် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးသည် တောင့်တင်းစွာ လဲလျောင်းနေသည်။ သူသည် သစ်ငုတ်တိုတစ်ခုကဲ့သို့ လှုပ်ရှားနိုင်စွမ်း မရှိပေ။
"ဖေဖေ..."
ယွီရှီးက ဝမ်းနည်းစွာဖြင့် ခေါ်လိုက်သည်။
"သမီးရဲ့... သမီးရဲ့ သူငယ်ချင်း ယဲ့ချန် လာကြည့်တယ်။"
"လူ... လူငယ်လေး... မင်္ဂလာပါ..."
ဖခင်ဖြစ်သူမှာ သတိရှိသေးသော်လည်း အသံမှာ အလွန်ပင် အားနည်းနေသည်။
ယဲ့ချန်သည် အနီးသို့ သွားပြီး စမ်းသပ်ကြည့်လိုက်သည်။ ဖခင်ဖြစ်သူမှာ သာမန် လေဖြတ်သည့် ရောဂါမျိုး မဟုတ်ဘဲ တစ်ကိုယ်လုံး တောင့်တင်းနေသော ထူးခြားသည့် ရောဂါမျိုး ဖြစ်သည်။
"ဟင် ဒါက သာမန် လေဖြတ်ခြင်း မဟုတ်ဘူး။"
ယဲ့ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။ သူသည် ဖခင်ဖြစ်သူ၏ ခန္ဓာကိုယ်အနှံ့အပြားကို စမ်းသပ်ကြည့်လိုက်သည်။
"ယဲ့ချန် နင်... နင် ဘာလုပ်နေတာလဲ။"
ယွီရှီးက အံ့အားသင့်စွာ မေးသည်။
"ရပါတယ် ယွီရှီး။"
ယဲ့ချန်၏ နှလုံးသားထဲတွင် ဝမ်းသာခြင်းများ ပေါက်ဖွားလာသည်။ ဖခင်ဖြစ်သူမှာ လေဖြတ်ခြင်း မဟုတ်ဘဲ ရှေးဟောင်း ဆေးကျမ်းများတွင်သာ တွေ့ရခဲသည့် ရောဂါတစ်မျိုး ဖြစ်သည်။ ယဲ့ချန်၏ ဆေးပညာ - အခက်အခဲနှင့် ထူးခြားသောရောဂါများကျွမ်းကျင်မှုအရ သူသည် ၉၉ ရာခိုင်နှုန်း ကုသပေးနိုင်မည်ဟု ယုံကြည်နေသည်။ ဒါသည် အံ့သြဖွယ် ကံကောင်းခြင်းပင်။
"ဦးလေးအခု အနားယူပါ။ ကျွန်တော် အပြင်ကိစ္စတွေကို အရင် ရှင်းလိုက်ဦးမယ် ပြီးရင် ပြန်လာကြည့်ပေးမယ်။"
ယဲ့ချန်သည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ပြုံးပြသည်။
"ဦးလေး စိတ်ချပါ။ ဦးလေးရောဂါ ပျောက်ကင်းနိုင်ပါတယ်။"
ယဲ့ချန်၏ အသံမှာ အလွန် ယုံကြည်မှု ရှိနေသည်။
"ကောင်းပြီ ဒါပေမဲ့ လူငယ်လေး ဒီကိစ္စက မလွယ်ဘူး... ငါ့ အစ်ကိုကြီးနဲ့ အစ်ကိုလတ်က ဝက်နဲ့ ခွေးထက်တောင် ဆိုးတယ်။ ၅ သိန်း ချေးပြီး ၂ သန်း ပြန်တောင်းနေတာ။ ငါတို့ သားအမိကို သတ်နေတာပဲ ငါ့သမီးကိုတောင် ဖိအားပေးနေတာ... သားရဲတွေ လူငယ်လေးအဆင်မပြေရင် ရဲကို ဖုန်းဆက်ပေးပါ။"
ဖခင်ဖြစ်သူမှာ မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
"ရပါတယ် ဦးလေး ဒါက သေးသေးလေးပါ၊ ကျွန်တော် သေချာပေါက် ဖြေရှင်းပေးပါမယ်။ စိတ်မပူပါနဲ့။"
ယဲ့ချန်သည် ယွီရှီးနှင့်အတူ အိပ်ခန်းထဲမှ ထွက်ခွာလာခဲ့သည်။