← Chapters

အခန်း ၉၈၄

Vol. 94 Ch. 984

အခန်း ၉၈၄

Vol. 94 Ch. 984

အခန်း (၉၈၄) - တာအိုလက်တွဲဖော် ဖုန်းရှီးတာအိုအရှင်၊ အလှပဂေးလေးနှင့် ရမ္မက်ခြောက်ပါးလောကီအသီး (၂)

'စိတ်ဝင်စားစရာပဲ... ‘ကံကြမ္မာကူ’ရဲ့ ပြသချက်အရဆိုရင် ငါ့ရဲ့အခွင့်အရေးရှိတဲ့နေရာက ဖုန်းရှီးတာအိုအရှင်ရှိတဲ့နေရာနဲ့ ထပ်တူကျနေသလိုပဲ... ငါ့ရဲ့အခွင့်အရေးက ဖုန်းရှီးတာအိုအရှင်ဆီမှာ ရှိနေတာများလား...'

'ဒါမှမဟုတ် ဖုန်းရှီးတာအိုအရှင်က ယူဆောင်လာပေးတာများလား...'

ကျိုးစွေ့သည် မေးစေ့ကိုပွတ်သပ်လိုက်ပြီး အလွန်အမင်း စူးစမ်းချင်စိတ် ဖြစ်ပေါ်နေလေသည်။

သို့သော်ငြား မည်သို့ပင်ဆိုစေကာမူ သူသည် ဖုန်းရှီးတာအိုအရှင်ရှိရာနေရာသို့ ရောက်ရှိသွားရန်သာ လိုအပ်ပြီး ဤသည်ကပင် လုံးဝလုံလောက်ပေသည်။

ထိုအချိန်ရောက်ပါက မည်သည့်ကိစ္စရပ်များ ဖြစ်ပျက်နေသည်ကို သိရှိရမည် မဟုတ်ပါလော။

တကယ်တမ်း အန္တရာယ်တစ်ခုခု ကျရောက်လာလျှင်ပင် ကိစ္စမရှိပေ။

မည်သို့ပင်ဖြစ်စေ ကိုယ်ပွားတစ်ခုသာ ဖြစ်သောကြောင့် ခန္ဓာကိုယ်အစစ်၏ ဘေးကင်းလုံခြုံမှုကို ထိခိုက်စေမည် မဟုတ်ချေ။

ရက်အနည်းငယ် ကြာပြီးနောက်။

ကျိုးစွေ့သည် ဖီးနစ်အင်မော်တယ်စံအိမ်တော်အတွင်း တစ်လျှောက်လုံး လျှောက်လှမ်းလာခဲ့ရာ စံအိမ်တော်ကြီးသည် တကယ်ကို ကြီးမားကျယ်ဝန်းလွန်းကြောင်း ချက်ချင်း သိလိုက်ရလေသည်။ ၎င်းသည် လျှို့ဝှက်နယ်မြေကမ္ဘာတစ်ခုနှင့် တူညီနေပြီး အဆုံးသတ်က မည်သည့်နေရာတွင် ရှိနေမှန်း လုံးဝမသိနိုင်ပေ။

ဖီးနစ်အင်မော်တယ်စံအိမ်တော်အတွင်း၌ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသော တောင်တန်းများ၊ ထူထပ်သော သစ်တောများ၊ ရှေးဟောင်းသစ်ပင်ကြီးများ ရှိနေပြီး အလွန်ထူးဆန်းကာ အန္တရာယ်များသော အပင်များစွာလည်း ပေါက်ရောက်နေလေသည်။

ဤနေရာတွင် ရေတွက်၍မရနိုင်သော သားရဲရိုင်းများလည်း ရှင်သန်နေထိုင်ကြ၏။

သို့ရာတွင် ဤသားရဲရိုင်းများအားလုံးသည် မီးဓာတ်သဘာဝများ ဖြစ်ကြပေသည်။

ဥပမာအားဖြင့် မီးဆင်ရိုင်းများဆိုလျှင် တောင်တန်းတစ်ခုကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်ရှိပြီး အဆုံးအစမဲ့ ခွန်အားရှိကြသည်။ မီးတောက်စွမ်းအားများကို ပိုင်ဆိုင်ထားပြီး တစ်ကိုယ်လုံးတွင် မီးတောက်များ ရစ်ပတ်နေကာ အုပ်စုလိုက် သွားလာနေထိုင်ရသည်ကို နှစ်သက်ကြ၏။

များသောအားဖြင့် မီးဆင်ရိုင်း ရာထောင်ချီ၍ စုရုံးနေတတ်ကြရာ သာမန်ကျင့်ကြံသူများသာ တွေ့ဆုံမိပါက ချက်ချင်း တိုက်မိ၍သော်လည်းကောင်း၊ မီးလောင်၍သော်လည်းကောင်း သေဆုံးသွားရပေမည်။

ထို့အပြင် မီးတောက်ချော်ရည်ပုရွက်ဆိတ်များလည်း ရှိနေသေးသည်။ ၎င်းတို့သည် မီးဓာတ်သဘာဝရှိသော ပုရွက်ဆိတ်များဖြစ်ပြီး လက်သီးဆုပ်ခန့် အရွယ်အစားရှိကာ အရေအတွက် အလွန်များပြားလှသည်။

မျိုးနွယ်စုတစ်ခုတွင် အကောင်ရေ သန်း (၁၀၀) အနည်းဆုံး ရှိတတ်ကြရာ ၎င်းတို့သာလျှင် ဤသစ်တော၏ သဘာဝဘေးအန္တရာယ်ကြီး ဖြစ်ပေသည်။ မဟာယာနအဆင့် ကျင့်ကြံသူများ တွေ့ဆုံမိလျှင်ပင် ကြောက်ရွံ့တုန်လှုပ်ကာ ချွေးပျံသွားမည် ဖြစ်၏။

ကောင်းကင်မီးတောက်လင်းယုန်များဆိုသည်မှာ တောင်မြင့်များပေါ်တွင် နေထိုင်ကြသော ကြမ်းကြုတ်သည့် ငှက်ဆိုးများ ဖြစ်ကြသည်။ မျိုးနွယ်စုတစ်ခုလျှင် အနည်းဆုံး အကောင်ရေ သောင်းချီရှိပြီး ကောင်းကင်ယံတွင် မကြာခဏ ကင်းလှည့်တတ်ကြသည်။

အကယ်၍ ပြင်ပမှ ဝင်ရောက်လာသူများ၏ အငွေ့အသက်ကို အာရုံခံမိပါက ချက်ချင်း လက်စွမ်းပြကာ ကောင်းကင်မှနေ၍ ဗုံးကြဲတိုက်ခိုက်ကြမည် ဖြစ်လေသည်။ အချို့သော ပြင်ပကျင့်ကြံသူများသည် ကောင်းကင်မီးတောက်လင်းယုန်များ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရပြီး အရှင်လတ်လတ် ပြာကျကာ အရိုးပင်မကျန်အောင် သေဆုံးခဲ့ကြရသည်။

အချုပ်အားဖြင့် ဆိုရသော် ဖီးနစ်အင်မော်တယ်စံအိမ်တော်အတွင်း၌ မရေမတွက်နိုင်သော မီးဓာတ်သဘာဝ သားရဲရိုင်းများ ရှင်သန်နေထိုင်ကြခြင်းပင် ဖြစ်ချေသည်။

'ဒီသားရဲရိုင်းတွေအကုန်လုံးက အစစ်အမှန်ဝိညာဉ် ဖီးနစ်ရဲ့ လက်အောက်ခံတွေပဲ...'

'သူတို့ခန္ဓာကိုယ်ထဲမှာ ဖီးနစ်သွေးမျိုးဆက်တွေ ပါဝင်နေလို့သာ ဒီလောက်အထိ အစွမ်းထက်နေကြတာ...'

ကျိုးစွေ့သည်လည်း အံ့ဩမဆုံး ဖြစ်နေမိလေသည်။

ထင်ရှားလှသည်မှာ ဤဖီးနစ်အင်မော်တယ်စံအိမ်တော်အတွင်း ရှင်သန်နေထိုင်ကြသော သားရဲရိုင်းများသည် ပြင်ပကမ္ဘာရှိ သားရဲရိုင်းများထက် အလွန်အမင်း ပို၍ အစွမ်းထက်နေခြင်းပင် ဖြစ်၏။

၎င်းတို့သည် ဖီးနစ်၏ သွေးမျိုးဆက်အနည်းငယ်ကို အမွေဆက်ခံထားကြသည်။ သွေးစက်အနည်းငယ်မျှသာ ဖြစ်သော်ငြား ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်သားရဲရိုင်းများထက် များစွာ ပိုမိုအားကောင်းနေပေသည်။

ထို့အပြင် မီးတောက်စွမ်းအားများကိုပါ ပိုင်ဆိုင်ထားပြီး အရေအတွက်လည်း များပြားလှရာ သာမန်ကျင့်ကြံသူများအနေဖြင့် ၎င်းတို့၏ပြိုင်ဘက် မဟုတ်သည်မှာ သေချာလှသည်။

သို့ရာတွင် ကျိုးစွေ့သည် နှလုံးသားမျက်လုံးစွမ်းအားမှတစ်ဆင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များကို ဖုံးကွယ်ထားခဲ့သည်။ အကယ်၍ သားရဲရိုင်းများနှင့် ကြုံတွေ့ရပါက ချက်ချင်း ပုန်းအောင်းလိုက်မည် ဖြစ်သည်။

နှလုံးသားမျက်လုံးစွမ်းအား၏ ဖုံးကွယ်ခြင်းစွမ်းရည်မှာ အလွန်အမင်း အစွမ်းထက်လှကြောင်း သိထားရမည် ဖြစ်၏။ မဟာယာနအဆင့် ကျင့်ကြံသူများ၏ နတ်ဘုရားအာရုံဖြင့် ရှာဖွေလျှင်ပင် သူရှိနေကြောင်းကို သိရှိနိုင်မည် မဟုတ်ရာ ဤသားရဲရိုင်းများဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။

ထို့ကြောင့် အင်မော်တယ်စံအိမ်တော်အတွင်း လျှောက်လှမ်းနေသည့်တိုင် သူသည် အန္တရာယ်များစွာနှင့် မကြုံတွေ့ခဲ့ရပေ။

'အင်း... နောက်ဆုံးတော့ ရောက်ပြီလား...'

ဤအချိန်မှာပင် ကျိုးစွေ့၏ စိတ်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ ‘ပစ္စည်းရှာဖွေကူ’၏ ညွှန်ကြားချက်အရ သူသည် ဖုန်းရှီးတာအိုအရှင်ရှိရာ နေရာအနီးသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း အံ့ဩဖွယ် တွေ့ရှိလိုက်ရလေသည်။

သူ၏ နှလုံးသားမျက်လုံးစွမ်းအားသည် ချက်ချင်းပင် ပျံ့နှံ့သွားခဲ့ပြီး ကီလိုမီတာ တစ်သန်းပတ်လည်အထိ လွှမ်းခြုံသွားခဲ့၏။

ချက်ချင်းပင် အဝေးတစ်နေရာ၌ ကြီးမားခမ်းနားသော နန်းတော်ကြီးတစ်ခု ပေါ်လာသည်ကို သူ အာရုံခံသိရှိလိုက်ရသည်။ နန်းတော်ကြီးတစ်ခုလုံးကို မြူခိုးကန့်သတ်ချက်များဖြင့် ရစ်ပတ်ထားပုံရပြီး သာမန်ကျင့်ကြံသူများအနေဖြင့် ၎င်း၏ အသွင်အပြင် အစစ်အမှန်ကို လုံးဝ ရှင်းလင်းစွာ မြင်တွေ့နိုင်မည် မဟုတ်ပေ။

နန်းတော်၏ ပုံပန်းသဏ္ဌာန် အကြမ်းဖျင်းကိုသာ အာရုံခံသိရှိနိုင်လေသည်။ သံသယဖြစ်ဖွယ်မရှိ ဖုန်းရှီးတာအိုအရှင်သည် ဤလျှို့ဝှက်ဆန်းကြယ်သော နန်းတော်အတွင်း၌ ပိတ်လှောင်ခံထားရခြင်းပင် ဖြစ်ချေသည်။

'ဒုက္ခပဲ... မဟာယာနအဆင့် ကျင့်ကြံသူတွေပဲ...'

'စိတ်ဝင်စားစရာပဲ... သူတို့က တိုက်ခိုက်နေကြတာလား...'

ကျိုးစွေ့သည် နန်းတော်နှင့် မိုင်သောင်းချီ ကွာဝေးသော နေရာတစ်နေရာတွင် ဖုံးကွယ်နေခဲ့သည်။ သူသည် လိုဏ်ဂူတစ်ခုအတွင်း ပုန်းအောင်းနေပြီး နှလုံးသားမျက်လုံးစွမ်းအားမှတစ်ဆင့်သာ အဝေးရှိ နန်းတော်၏ လှုပ်ရှားမှုအသီးသီးကို စုံစမ်းထောက်လှမ်းနေလေသည်။

ထိုနန်းတော်၏ အပြင်ဘက်၌ မျိုးနွယ်ခြားမျိုးနွယ်စုမှ မဟာယာနအဆင့် ကျင့်ကြံသူ အနည်းဆုံး ဆယ်ဂဏန်းကျော်မျှ ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ လူ့လောကသို့ ဆင်းသက်လာသော အင်မော်တယ်များအလား ၎င်းတို့တစ်ဦးချင်းစီ၏ ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ပျံ့နှံ့နေကြ၏။

၎င်းတို့၏ ခန္ဓာကိုယ်ပေါ်ရှိ မှော်စွမ်းအင်များသည် ဥပဒေသများကိုပင် လှုပ်ခတ်နိုင်စွမ်းရှိပုံရပြီး လှုပ်ရှားမှုတိုင်းတွင် ကြီးမားလှသော စွမ်းအားများ ပါဝင်နေပေသည်။

ယခုအချိန်တွင် သူသည် ခန္ဓာပေါင်းစည်းခြင်းအဆင့် ခန္ဓာကိုယ်သန့်စင်သူ တစ်ယောက်ဖြစ်နေပြီ ဆိုသော်ငြား မဟာယာနအဆင့် ကျင့်ကြံသူများနှင့် ယှဉ်လိုက်ပါက မည်မျှကွာဟနေမှန်းပင် မသိနိုင်တော့ချေ။ ထို့ကြောင့် သူသည် လုံးဝ လူလုံးထွက်မပြဝံ့ပေ။

အကယ်၍ ဤမဟာယာနအဆင့် ကျင့်ကြံသူများ၏ ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ရပါက အသက်ဘယ်နှစ်ချောင်းရှိရှိ သေဆုံးရန်ပင် လောက်မည်မဟုတ်ပေ။ ကံကောင်းထောက်မစွာဖြင့် ဤမဟာယာနအဆင့် ကျင့်ကြံသူများသည်လည်း ပြဿနာတစ်ခုအတွင်း ကျရောက်နေပုံရပြီး အခြားနေရာများရှိ ကိစ္စရပ်များကို အာရုံစိုက်ရန် အချိန်မရှိကြချေ။

မပီဝိုးတဝါးဖြင့် ထိုမဟာယာနအဆင့် ကျင့်ကြံသူများထံမှ ထွက်ပေါ်လာသော အသံများကိုလည်း သူ ကြားလိုက်ရလေသည်။

"ချီးတဲ့မှဘဲ... ဒီရမ္မက်ခြောက်ပါး လောကီသစ်ပင်က မျိုးဗီဇပြောင်းသွားတာပဲ... အငွေ့အသက်တွေက ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်စရာကောင်းလာရတာလဲ... ငါပြင်ဆင်လာတဲ့ ဝိညာဉ်ကာကွယ်ရေး အထွတ်အထိပ်အဆင့် ကောင်းကင်ဝိညာဉ်ရတနာကတောင် မခုခံနိုင်ဘဲ ချက်ချင်း လောကီစိတ်ကူးယဉ်ကမ္ဘာထဲကို ကျဆင်းသွားရတယ်..."

"အားလုံးပဲ မြန်မြန်လှုပ်ရှားပြီး ပတ်ဝန်းကျင်က ရမ္မက်ခြောက်ပါး လောကီစွမ်းအင်တွေကို ရှင်းထုတ်လိုက်ကြ... ဒါမှမဟုတ်ရင် ငါတို့တွေ လောကီစိတ်ကူးယဉ်ကမ္ဘာထဲ ကျရောက်သွားပြီး သေချာပေါက် သေရလိမ့်မယ်... အကုန်လုံး ဒီနေရာက မဟာယာနအဆင့် သားရဲရိုင်းတွေရဲ့ အစာ ဖြစ်သွားကြလိမ့်မယ်..."

"သေချင်နေတဲ့ တိရစ္ဆာန်တွေ... မင်းတို့လောက်နဲ့ ငါ့ကိုသတ်ချင်နေတာက တကယ်ကို အိပ်မက်မက်နေတာပဲ..."

"လှည့်စားခံလိုက်ရပြီ... ငါတို့ လှည့်စားခံလိုက်ရပြီ... ဒါက လုံးဝကို ရမ္မက်ခြောက်ပါး လောကီသစ်ပင်ရဲ့ ထောင်ချောက်ပဲ... ငါတို့လို မဟာယာနအဆင့် ကျင့်ကြံသူတွေကို ချောင်ပိတ်သတ်ဖြတ်ချင်နေတာပဲ..."

ကြောက်ရွံ့မှုနှင့် ဒေါသတို့ ရောယှက်နေသော အသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် ကြီးမားလှသော ပြဿနာတစ်ခုအတွင်း ကျရောက်သွားခဲ့ပြီး ယခင်က တွေးထင်ထားသည်များနှင့် လုံးဝကို ကွဲပြားခြားနားနေပေသည်။

ထင်ရှားလှသည်မှာ ၎င်းတို့သည် ယခင်က ထျန်းဖန်မျိုးနွယ်စုမှ မဟာယာနအဆင့် ကျင့်ကြံသူများ ဦးဆောင်လာခဲ့သော အဖွဲ့ပင် ဖြစ်လေသည်။

မူလက ၎င်းတို့သည် ဤအရာကို အလွန်လွယ်ကူသော လှုပ်ရှားမှုတစ်ခုအဖြစ် မှတ်ယူထားခဲ့ပြီး မဟာယာနအဆင့် ကျင့်ကြံသူများစွာကိုပင် ခေါ်ဆောင်လာခဲ့ကြသည်။ နည်းလမ်းအနည်းငယ် အသုံးပြုလိုက်ရုံဖြင့် ရမ္မက်ခြောက်ပါး လောကီသစ်သီးကို ရရှိရန်မှာ လက်ဖဝါးလှန်လိုက်သကဲ့သို့ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပါလော။

သို့ရာတွင် ရမ္မက်ခြောက်ပါး လောကီနန်းတော်သို့ ရောက်ရှိလာပြီးနောက် ထိုရမ္မက်ခြောက်ပါး လောကီသစ်ပင်မှာ အသက်ရှင်နေပြီး အသိဉာဏ်ရှိသော သစ်ပင်မိစ္ဆာတစ်ကောင်ကဲ့သို့ ဖြစ်နေကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရမည်ဟု မည်သူက တွေးထင်ထားခဲ့ပါမည်နည်း။

ယခင် ၎င်းတို့ ဤနေရာသို့ ရောက်ရှိလာစဉ်က ရမ္မက်ခြောက်ပါး လောကီသစ်ပင်ကို ဂရုမပြုခဲ့ခြင်းမှာ တစ်ဖက်လူက အိပ်မောကျနေသောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့်သာ ၎င်းတို့အနေဖြင့် ရမ္မက်ခြောက်ပါး လောကီသစ်သီးကို လွယ်ကူစွာ ရယူနိုင်ခဲ့ကြခြင်းပင် ဖြစ်၏။

သို့သော် ယခုမူ မတူညီတော့ချေ။ ဤအချိန်တွင် ရမ္မက်ခြောက်ပါး လောကီသစ်ပင်သည် နိုးထလာပုံရပြီး အသိဉာဏ်များ ပြန်လည်ရရှိလာခဲ့သည်။ ထို့ကြောင့် ၎င်းတို့သည် ချက်ချင်းပင် ပြဿနာကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရလေသည်။

ပထမဆုံးအနေဖြင့် ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော ရမ္မက်ခြောက်ပါး လောကီစွမ်းအင်၏ အစွမ်းမှာ ယခင်ကထက် အဆတစ်ရာမက ပိုမိုအားကောင်းလာခဲ့သည်။ ထို့အပြင် နေရာလပ်မချန် အကုန်ဝင်ရောက်နိုင်စွမ်း ရှိပေသည်။

ကာကွယ်ရေး ဝိညာဉ်ရတနာများကို ဝတ်ဆင်ထားလျှင်ပင် အသုံးမဝင်ဘဲ ဝိညာဉ်ရတနာများကို အလွယ်တကူ ထိုးဖောက်ကာ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီးနောက် လောကီစိတ်ကူးယဉ်ကမ္ဘာအတွင်းသို့ အတင်းအကျပ် ဆွဲခေါ်သွားနိုင်ဆဲပင်။

All Chapters