← Chapters

အခန်း ၉၈၈

Vol. 94 Ch. 988

အခန်း ၉၈၈

Vol. 94 Ch. 988

အခန်း (၉၈၈) - ကံကြမ္မာအခွင့်အရေး၊ အင်မော်တယ်လောကမှ ဝူထုံသစ်ပင် (၁)

'ရောင်းရင်းကျိုးကလည်း ဒီမှာရှိနေတာပဲ... ကြည့်ရတာ ငါ တကယ်ကို အခုထိ စိတ်ကူးယဉ်ကမ္ဘာထဲမှာ ရှိနေသေးတာပဲ...'

ထိုအချိန်တွင် ဖုန်းရှီးတာအိုအရှင်သည် အဝေး၌ရှိနေသော ကျက်သရေရှိလှသည့် ကျိုးစွေ့ကို သတိပြုမိသွားပြီး မျက်နှာလေး ရဲခနဲဖြစ်သွားကာ မျက်ဝန်းအစုံ တုန်ခါသွားခဲ့ပြီး နှလုံးသားတစ်ခုလုံးလည်း လှုပ်ခတ်သွားခဲ့သည်။

သို့သော် ဤသည်မှာ သူမအား အပြစ်ဆို၍ မရပေ။

အဘယ်ကြောင့်ဆိုသော် လောကီစိတ်ကူးယဉ်နယ်ပယ်အတွင်း၌ သူမသည် မိမိ၏ အစွမ်းများအားလုံးကို ဆုံးရှုံးသွားခဲ့ပြီး အားကိုးရာမဲ့သော မိန်းမသားတစ်ဦးသာ ဖြစ်ခဲ့ရသဖြင့် ကျိုးစွေ့၏ဇနီးသည် ဖြစ်လာခဲ့ရသောကြောင့်ပင်။

သူတို့နှစ်ဦးသည် အေးချမ်းလှသော ကျေးရွာလေးတစ်ရွာတွင် အတူတူ နေထိုင်ခဲ့ကြပြီး နေထွက်လျှင် အလုပ်လုပ်ကာ နေဝင်လျှင် အနားယူခဲ့ကြသည်။

နှစ်ပေါင်း ဆယ်စုနှစ်များစွာ အတူတကွ ဖြတ်သန်းခဲ့ကြ၏။ ထို့အပြင် သားသုံးယောက်နှင့် သမီးနှစ်ယောက်ပင် မွေးဖွားထွန်းကားခဲ့ပေသည်။

ထိုနေ့ရက်များသည် အလွန်ပင် ရိုးရှင်းလှသော်လည်း အတိုင်းထက်အလွန် ပျော်ရွှင်စရာ ကောင်းလှသည်။

သူမသည် တစ်ခါမျှ မခံစားဖူးသော စိတ်အေးချမ်းမှုကို ခံစားခဲ့ရပြီး နှလုံးသားထဲမှ ဒဏ်ရာများလည်း ပြန်လည်သက်သာသွားသကဲ့သို့ ရှိခဲ့၏။

အမှန်အတိုင်း ပြောရလျှင် ဤနေရာမှာ စိတ်ကူးယဉ်နယ်ပယ်ဖြစ်သည်ကို သူမ ကောင်းစွာ သိရှိသော်လည်း ထွက်ခွာသွားရန် ဝန်လေးနေခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူမ အမြဲတစေ တောင့်တခဲ့သော ဘဝမျိုး ဖြစ်သောကြောင့်ပင်။

အကယ်၍ ဖြစ်နိုင်ပါက သူမသည် ကောင်းကင်တုန်လောက်သော အစွမ်းများကို မလိုချင်တော့ဘဲ မိမိ၏ မိတ်ဆွေများ၊ ချစ်သူများနှင့်အတူ အေးချမ်းစွာဖြင့် သာမန်လူသားတစ်ဦးကဲ့သို့သာ ဖြတ်သန်းသွားချင်‌မိသည်။

အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ရသဖြင့် သူမသည် အလွန်တရာ ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်သောကြောင့်ပင်။

အထူးသဖြင့် ဖုန်းရှီးမြို့တော်၏ မြို့တော်ဝန် ဖြစ်လာခဲ့ပြီးနောက် မြို့တော်တစ်ခုလုံးရှိ လူသားအားလုံး၏ ဘေးကင်းလုံခြုံရေးမှာ သူမ တစ်ဦးတည်းအပေါ်၌သာ မူတည်နေခဲ့သည် မဟုတ်ပါလော။

ထို့ကြောင့် သူမ ခံစားခဲ့ရသော ဖိအားများမှာ မည်မျှအထိ ကြီးမားလှမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

မှန်ပေသည်၊ အကယ်၍ အခြားသူများ၏ အသက်ကို ဂရုမစိုက်တတ်သော ရက်စက်ကြမ်းကြုတ်သည့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ခဲ့ပါက ဤမျှဖိအားများ ရှိနေလိမ့်မည်မဟုတ်ပေ။

အခြားသူများ သေဆုံးသွားခဲ့လျှင်ပင် မိမိနှင့် မည်သို့မျှ သက်ဆိုင်လိမ့်မည်မဟုတ်ချေ။

သို့သော် ဖုန်းရှီးတာအိုအရှင်မှာမူ ထိုကဲ့သို့သော ကျင့်ကြံသူမျိုး မဟုတ်ဘဲ ကရုဏာတရား ကြီးမားပြီး တာဝန်ယူလိုစိတ် အလွန်ပြင်းထန်သူတစ်ဦး ဖြစ်၏။

ထို့ကြောင့် သူမသည် ဤကဲ့သို့သော တာဝန်များကို လွယ်လွယ်နှင့် စွန့်လွှတ်နိုင်ခြင်း မရှိခဲ့ပေ။

အကယ်၍ သို့မဟုတ်ပါက သူမသည် ဖုန်းရှီးမြို့တော်အတွက် အစီအမံများကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီး မြို့သူမြို့သားများ ဘေးကင်းစွာ ထွက်ခွာနိုင်မည့် လမ်းကြောင်းကို ကြိုတင်ရှာဖွေထားခဲ့လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့်လည်း တစ်မြို့လုံးရှိ လူသားများမှာ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

'ဒါက ဘာဖြစ်တာလဲ...'

ကျိုးစွေ့ပင် ဇဝေဇဝါ ဖြစ်သွားခဲ့၏။ သူသည် မိမိ၏ခန္ဓာကိုယ်ထဲမှ ‘ချစ်ခြင်းမေတ္တာကူ’က တစ်စုံတစ်ခုကို အာရုံခံမိလိုက်ကြောင်း သိလိုက်ရသဖြင့် ချက်ချင်းပင် ကူပွားတစ်ကောင်သည် ပျံသန်းထွက်သွားခဲ့ပြီး ဖုန်းရှီးတာအိုအရှင်၏ ခန္ဓာကိုယ်ထဲသို့ ရုတ်ချည်း တိုးဝင်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးအကြား၌ ထူးဆန်းလှသော ဆက်နွှယ်မှုတစ်ခု ချက်ချင်း ပေါ်ပေါက်လာခဲ့တော့သည်။

အမှန်အတိုင်း ပြောရလျှင် ကျိုးစွေ့သည် ဖုန်းရှီးတာအိုအရှင်အပေါ် ကူပိုးကောင် အသုံးပြုရန် အစီအစဉ်မရှိခဲ့ပေ။

ယခုအချိန်တွင် သူသည် ထိုကဲ့သို့သော ကိစ္စရပ်မျိုးကို ပြုလုပ်ခဲလှပေသည်။

ကျင့်ကြံသူ အမျိုးသမီးများနှင့် ရေစက်ဆုံခြင်းက မိမိ၏ကျင့်ကြံမှုအတွက် များစွာ အကျိုးရှိစေမည်ကို သိသော်ငြား သူက ကိုယ်တိုင်ဦးဆောင်၍ လှုပ်ရှားလေ့ မရှိချေ။

အဘယ်ကြောင့်ဆိုသော် ထိုအရာက ခဏတာ သာယာမှုမျှသာ ဖြစ်ပြီး နောက်ဆက်တွဲ ပြဿနာများကသာ တကယ့် အနှောင့်အယှက်များ ဖြစ်သောကြောင့်ပင်။

အကယ်၍ အမှန်တကယ် တန်ဖိုးမရှိသော အမျိုးသမီးကျင့်ကြံသူ ဖြစ်ပါက သူသည် လက်ဦးမှုယူလိမ့်မည် မဟုတ်ပေ။

သို့သော်ငြား မျက်စိရှေ့မှ ဖုန်းရှီးတာအိုအရှင်သည် မိမိအပေါ် ဤမျှအထိ နှစ်လိုစိတ် ပြင်းပြလာလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

ထို့အပြင် ‘ချစ်ခြင်းမေတ္တာကူ’၏ စွမ်းအားကိုပါ လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

ရလဒ်အနေဖြင့် ‘ချစ်ခြင်းမေတ္တာကူ’၏ စွမ်းအားသည် ဖုန်းရှီးတာအိုအရှင်၏ ခန္ဓာကိုယ်အတွင်းသို့ တစ်ခဏချင်းအတွင်း ပေါင်းစပ်ဝင်ရောက်သွားခဲ့လေသည်။

ဤသည်မှာ ဆန်က ထမင်းဖြစ်သွားခြင်းဖြစ်ရာ ငြင်းပယ်ရန်ပင် မဖြစ်နိုင်တော့ချေ။

ပြဿနာမှာ ဖုန်းရှီးတာအိုအရှင်သည် မည်မျှအထိမာနကြီးသော မိန်းမပျို ဖြစ်ပါသနည်း။ သာမန်အချိန်များတွင် သူမ မျက်စိကျဖူးသော အမျိုးသားဟူ၍ တစ်ယောက်မျှ မရှိခဲ့ရာ မိမိအပေါ် မည်သို့ကြောင့် ဤမျှ နှစ်လိုစိတ် ဖြစ်ပေါ်လာရသနည်း။

ထို့ပြင် သူတို့နှစ်ဦး တွေ့ဆုံဖူးသည့် အကြိမ်ရေကလည်း မများလှပေ။

သူသည် မိမိ၏ ဆွဲဆောင်မှုအပေါ် ယုံကြည်မှုရှိသော်လည်း ထိုအတိုင်းအတာအထိ ဖြစ်လာလိမ့်မည် မဟုတ်ကြောင်း သိထား၏။

သို့သော်ငြား နှစ်လိုစိတ်အတိုင်းအတာမှာ လိမ်ညာ၍ မရနိုင်ချေ။

'ဆန္ဒခြောက်ပါး လောကီအာရုံချီ... ဆန္ဒခြောက်ပါး လောကီအာရုံချီရဲ့ သက်ရောက်မှုကြောင့် ဖြစ်နိုင်မလား...'

ကျိုးစွေ့၏ မျက်ဝန်းများ ချက်ချင်း တောက်ပသွား၏။

‘စာအုပ်ကူ’ကို ရရှိထားသော သူသည် မည်မျှအထိ ထက်မြက်သောသူ ဖြစ်ပါသနည်း။ သူသည် ချက်ချင်းပင် ပြဿနာ၏ သော့ချက်ကို သဘောပေါက်သွားခဲ့လေသည်။

၎င်းမှာ ဆန္ဒခြောက်ပါး လောကီအာရုံချီပင် ဖြစ်၏။

ထိုကဲ့သို့သော အရှိန်အဝါသည် လူတို့ကို ပုံရိပ်ယောင်နယ်ပယ်အတွင်းသို့ ကျဆင်းသွားစေနိုင်ပြီး မဟာယာနအဆင့် ကျင့်ကြံသူများပင် ခုခံနိုင်စွမ်းမရှိရာ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများအတွက်မူ ပြောနေစရာပင် မလိုတော့ချေ။ ဖုန်းရှီးတာအိုအရှင်သည် အစွမ်းထက်သော်လည်း ဤကဲ့သို့သော ပုံရိပ်ယောင်ကို ဖောက်ထွက်ရန် အလွန် ခက်ခဲပေလိမ့်မည်။

တစ်နည်းအားဖြင့် ဆိုရသော် ဖုန်းရှီးတာအိုအရှင်သည် ပုံရိပ်ယောင်နယ်ပယ်ထဲတွင် မိမိနှင့် ရင်းနှီးသောဆက်ဆံရေး ရှိခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ထို့ကြောင့်သာ မိမိအပေါ် ဤမျှအထိ နှစ်လိုစိတ် ဖြစ်ပေါ်လာရခြင်း ဖြစ်၏။

သိသာထင်ရှားလှသည်မှာ ဖုန်းရှီးတာအိုအရှင်သည် ယခုအချိန်အထိ ပုံရိပ်ယောင်နှင့် လက်တွေ့ဘဝကို ကွဲပြားစွာ မခွဲခြားနိုင်သေးပေ။

အဘယ်ကြောင့်ဆိုသော် ဖုန်းရှီးတာအိုအရှင် နိုးထလာနိုင်ခြင်းမှာ သူမ၏ ကိုယ်ပိုင်အစွမ်းကြောင့် မဟုတ်ဘဲ ‘အိပ်မက်ဝိညာဉ်ကူ’၏ အကူအညီ ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် သူမကို တစ်ခဏတာ လက်တွေ့နှင့် ပုံရိပ်ယောင်အကြား ဝေဝါးသွားစေခဲ့ချေပြီ။

"ဟူး... ပုံရိပ်ယောင်က ပုံရိပ်ယောင်ပဲလေ..."

"ဘယ်လိုပဲဖြစ်ဖြစ် လက်တွေ့ဘဝကိုတော့ အစားထိုးလို့ မရနိုင်ဘူး..."

"အေးချမ်းတဲ့ ဘဝလေးက ကောင်းမွန်လှပေမယ့်လည်း ခွန်အားရဲ့ ကာကွယ်မှု မရှိဘူးဆိုရင်..."

"ဒီအေးချမ်းမှု အားလုံးကလည်း ပုံရိပ်ယောင်သက်သက်ပဲ ဖြစ်သွားမှာ..."

"ဒါပေမဲ့ ဒါက တကယ့်ကို ကောင်းမွန်တဲ့ အတွေ့အကြုံ တစ်ခုပဲ... ငါ့အတွက်တော့ တာအိုနှလုံးသားကို မှတ်ကျောက်တင်ဖို့ လုံလောက်ပါတယ်..."

ထိုအချိန်တွင် ဖုန်းရှီးတာအိုအရှင်၏ လှပသော မျက်ဝန်းအစုံသည် စတင် ခိုင်မာလာခဲ့လေသည်။

သူမသည် ဤကဲ့သို့သော အေးချမ်းသည့် ဘဝမျိုးကို အမှန်တကယ် တမ်းတခဲ့မိသည်။ ဤသည်မှာ လူသားမျိုးနွယ်စုအတွင်း လှိုင်းတံပိုးများအကြား မွေးဖွားရှင်သန်လာခဲ့ရသော သူမအနေဖြင့် တစ်ခါမျှ မခံစားဖူးသည့် ပျော်ရွှင်မှုနှင့် အေးချမ်းမှု ဖြစ်၏။

အကယ်၍ ဖြစ်နိုင်ပါက သူမသည်လည်း ဤအမျိုးသားနှင့်အတူ တစ်သက်လုံး အတူတကွ နေထိုင်သွားပြီး အိုမင်းမစွမ်းဖြစ်သည်အထိ လက်တွဲသွားချင်မိသည်။

တစ်ခါတရံ မိမိချစ်ရသူနှင့်အတူ အိုမင်းမစွမ်းဖြစ်သည်အထိ ပေါင်းဖက်ရခြင်းသည်လည်း မကောင်းသောအရာတော့ မဟုတ်ပေ။

လူတိုင်းက အင်မော်တယ်အဖြစ် ကျင့်ကြံရန် တောင့်တနေကြသည် မဟုတ်ချေ။

အကယ်၍ အမှန်တကယ် အင်မော်တယ်ဖြစ်လာခဲ့လျှင်ပင် မည်သို့ဖြစ်မည်နည်း။ ထို့နောက်တွင် မည်သည့်အရာကို ဆက်လက် လုပ်ဆောင်ရမည်နည်း။

လောကကြီး၏ အပြောင်းအလဲများကို ငေးကြည့်နေရန်သာ ဖြစ်ပါသလော။

သို့သော်ငြား သူမ၏ တာအိုနှလုံးသားမှာ လွန်စွာ ခိုင်မာလှပေသည်။ သူမအဖို့ အင်အားကြီးမားရန် လိုအပ်သော အကြောင်းပြချက်မှာ ရိုးရှင်းလှ၏။ ၎င်းမှာ မိမိ၏ မျိုးနွယ်စုကို ကာကွယ်ရန်နှင့် လူသားမျိုးနွယ်စုအတွက် ဘေးကင်းစွာ နားခိုနိုင်မည့် နယ်မြေတစ်ခုကို ဖန်တီးပေးရန် ဖြစ်သည်။

ထိုရည်မှန်းချက် အောင်မြင်ရန်အတွက် သူမသည် လူသားမျိုးနွယ်စုကို ကာကွယ်ပေးနိုင်ပြီး နယ်မြေတစ်ခုကို စိုးမိုးနိုင်မည့် အတုမရှိ အင်အားကို လိုအပ်ပေသည်။

"အဟမ်း... ဖုန်းရှီးတာအိုအရှင်... အရင်ဆုံး အဝတ်အစားလေး ဝတ်လိုက်ရင် မကောင်းဘူးလား..."

"ကျုပ်ကလည်း တာအိုလက်တွဲဖော်ရှိတဲ့သူ ဖြစ်နေတာမို့လို့ပါ..."

"တာအိုရောင်းရင်းက ပွင့်လင်းလွန်းတာကို သိပေမယ့်လည်း ဒီလိုပုံစံနဲ့ စကားပြောဖို့က တကယ်ပဲ အဆင်မပြေလှဘူး..."

ထိုအချိန်တွင် ကျိုးစွေ့က ချောင်းတစ်ချက် ဟန့်ကာ ဖုန်းရှီးတာအိုအရှင်အား သတိပေးလိုက်၏။

"ဘာ..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ဖုန်းရှီးတာအိုအရှင်၏ လှပသော မျက်နှာလေးမှာ ရဲရဲနီသွားခဲ့လေသည်။ သူမသည် မိမိ၏လက်ရှိအခြေအနေမှာ လုံးဝ မဟန်တော့ကြောင်း သတိပြုမိသွားခဲ့၏။ သူမသည် အဝတ်အစားတစ်ခုမျှ မရှိဘဲ မိမိ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အလှကို ထင်ရှားစွာ ပြသနေမိချေပြီ။

သူမ၏ အရာအားလုံးသည် ထိုအမျိုးသား၏ ရှေ့တွင် ဗလာကျင်းနေသကဲ့သို့ ဖြစ်နေသည်။

အမှန်စင်စစ် ပုံရိပ်ယောင်နယ်ပယ်ထဲတွင်မူ သူတို့နှစ်ဦးသည် သက်တမ်းရင့်လင်မယားများကဲ့သို့ ဖြစ်ခဲ့ကြရာ ထိုကဲ့သို့သော ကိစ္စရပ်များကို အကြိမ်ပေါင်း မည်မျှအထိ ပြုလုပ်ခဲ့ကြသည် မသိရချေ။

ထို့ကြောင့် သူမအနေဖြင့်လည်း ကျင့်သားရနေခဲ့ပြီ ဖြစ်၏။

ဤကဲ့သို့ ကိုယ်လုံးတီးဖြစ်နေရုံမျှမက ကျေးလက်တောရွာ၏ နေရာအနှံ့အပြားတွင်လည်း ထူးခြားသော အတွေ့အကြုံများစွာ ရှိခဲ့ဖူးသည်။

အကျဉ်းချုပ်ရသော် ပုံရိပ်ယောင်နယ်ပယ်ထဲတွင် သူမသည် လွန်စွာ ရဲတင်းလှပြီး ထိုကဲ့သို့သော ကိစ္စရပ်များအပေါ် များစွာစိတ်ဝင်စားကာ စမ်းသပ်ရန် ဝန်မလေးခဲ့ပေ။

ဖြစ်နိုင်သည်မှာ ဆန္ဒခြောက်ပါး လောကီအာရုံချီ၏ လွှမ်းမိုးမှုကြောင့် သူမ၏စိတ်တွင်းမှ အမှောင်ထုကို အတိုင်းအဆမရှိ ကြီးထွားစေခဲ့ပြီး သူမအား အနည်းငယ် မိစ္ဆာဆန်သွားစေခဲ့သည်။

ဤသည်မှာ မိစ္ဆာဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူတစ်ဦးနှင့် များစွာ ခြားနားခြင်း မရှိတော့ချေ။

'နေဦး... မဟုတ်သေးဘူး... ငါ အခု ပုံရိပ်ယောင်နယ်ပယ်ထဲမှာ ရှိနေတာ မဟုတ်ဘူးလား...'

ဖုန်းရှီးတာအိုအရှင်၏ မျက်နှာအရောင်အသွေး ချက်ချင်း ပြောင်းလဲသွားခဲ့လေသည်။

သူမသည် ပိုမို ကြောက်မက်ဖွယ်ကောင်းသော အမှန်တရားကို တွေးတောမိသွားခဲ့ပုံရ၏။

၎င်းမှာ ယခုအချိန်တွင် မိမိသည် ပုံရိပ်ယောင်ထဲ၌ ရှိနေခြင်း မဟုတ်ဘဲ လက်တွေ့လောကသို့ ရောက်ရှိနေခြင်းပင် ဖြစ်သည်။

All Chapters