← Chapters

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း (၂၅၃) - သံသရာကျောက်တုံးပေါ်မှ အက်ကွဲကြောင်းများ

ရှို့ဝူသည် ကျူးလင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းကျင့်နန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"မင်းရဲ့ဆရာက အဆင်ပြေပါတယ်... သူမ နားဖို့ပဲ လိုတာ..."

ကျူးလင်၏ ငေးငိုင်နေသော မျက်နှာကို ကြည့်ကာ ကျန်းကျင့်နန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်သည်။

"ဒါဆိုရင် ကျွန်တော့်ရဲ့ဆရာကို ကူညီစောင့်ရှောက်ပေးပါဦး အစ်ကိုရှို့ဝူ..."

ရှို့ဝူသည် သူ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျူးလင်ကို သူမ၏ အိပ်ခန်းထဲသို့ ပြန်ခေါ်သွားလေသည်။ ဆိုဖာပေါ်တွင် ထိုင်နေသော ရှောက်ယွီဇီသည် ထိုနှစ်ယောက် လှေကားပေါ်သို့ တက်သွားသည်ကို ကြည့်ကာ စိတ်ထဲမှ တွေးတောနေမိသည်။

'ဒီလူက တကယ်ပဲ မိစ္ဆာနတ်ဘုရား မဟုတ်တာလား... ဒါပေမဲ့ သူ့ရဲ့ဒန်တျန်ထဲမှာ မိစ္ဆာအမြုတေ ရှိနေတယ်လေ... သူက ဒီကမ္ဘာကို စစ်မှန်တဲ့ ဝိညာဉ်နဲ့အတူ ဝင်စားခဲ့တာ မဟုတ်ရင် မိစ္ဆာအမြုတေ ဖြစ်တည်လာပြီးတဲ့နောက် လူသားတစ်ယောက်အနေနဲ့ ဆက်ရှိနေဖို့ မဖြစ်နိုင်ဘူး...'

သူ ဆိုဖာပေါ်တွင် အကျပ်ရိုက်စွာ တွေးတောနေသည်ကို မြင်သောအခါ ကျန်းကျင့်နန်သည် ဘေးတွင် ဝင်ထိုင်ကာ မေးလိုက်သည်။

"ညီလေးရှောက်... မင်း ဘာတွေ တွေးနေတာလဲ..."

သူ့၏ အမြွှာအစ်ကိုဖြစ်သူက သူ့ကို ညီလေးဟု ခေါ်သည်ကို ကြားလိုက်ရသောအခါ ရှောက်ယွီဇီသည် သူ့ကို မကျေမနပ် တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"ငါတို့က တစ်ချိန်တည်းမှာ မွေးဖွားခဲ့ကြတာလေ... ဒါကြောင့် မင်း ငါ့နာမည်ကိုပဲ တိုက်ရိုက်ခေါ်လို့ရတယ်..."

သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြစဉ်က အဖြစ်အပျက်ကို ပြန်လည်အမှတ်ရရင်း ကျန်းကျင့်နန်သည် ရှောက်ယွီဇီကို သံသယစိတ်ဖြင့်ကြည့်ကာ တွေးလိုက်သည်။

'ဒီကလေးက တကယ့်ကို ထူးဆန်းတာပဲ... သူက ငါ့အပေါ် ကြင်နာပြီး ဂရုစိုက်ပေးတတ်ပေမဲ့ ငါ သူ့ကို ညီလေးလို့ ခေါ်လိုက်တိုင်း ယမ်းအိုးပေါက်ကွဲသလိုမျိုး တုံ့ပြန်တတ်တာပဲ...'

ရှောက်ယွီဇီက မိမိမေးခွန်းကို ပြန်မဖြေသည်ကို မြင်လျှင် ကျန်းကျင့်နန်က ထပ်မံ မေးလိုက်သည်။

"ယွီဇီ... မင်း ဘာတွေတွေးနေတာလဲ... မျက်မှောင်ကြီး ကြုတ်ထားလိုက်တာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေပြီ..."

ထိုစကားကို ကြားသောအခါ ရှောက်ယွီဇီသည် သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"ငါ အဲဒီလူအကြောင်း တွေးနေတာ..."

ကျန်းကျင့်နန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

"အဲဒီလူလား... မင်းက အစ်ကိုရှို့ဝူကို ပြောတာလား..."

ရှောက်ယွီဇီက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"အင်း... သူက အရမ်းသံသယဝင်စရာ ကောင်းတယ်... လူလည်း မဟုတ်သလို မိစ္ဆာလည်း မဟုတ်ဘူး... အရမ်း ထူးဆန်းတယ်..."

ထိုစကားကို ကြားသော် ကျန်းကျင့်နန်သည် တဟားဟား ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"မင်း အတွေးလွန်နေပြီ... အစ်ကိုရှို့ဝူက လူသားတစ်ယောက်ပါ... ပြီးတော့ သူက သံသယဝင်စရာလူ မဟုတ်ဘူး... သူက အရမ်း စိတ်ကောင်းရှိလို့ ငါနဲ့ ငါ့အမေကို အိမ်လခပေးစရာ မလိုဘဲ ဗီလာမှာ ပေးနေတာလေ..."

သူ့အစ်ကို၏ ပြုံးရွှင်နေသောမျက်နှာကို မြင်သောအခါ ရှောက်ယွီဇီသည် သက်ပြင်းချကာ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

'အေးစက်တဲ့မျက်နှာနဲ့ ရွှမ်းက တစ်နေ့မှာ ဒီလိုမျိုး ပြုံးပြလာလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့ဖူးဘူး... အနာဂတ်မှာ သူ မှတ်ဉာဏ်တွေ ပြန်ရလာရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ ငါ မသိဘူး... အဲဒီအခါကျရင် ကြည့်ရတာ အရမ်း စိတ်ဝင်စားဖို့ကောင်းမှာပဲ...'

ရှောက်ယွီဇီက မိမိကို စကားမပြောဘဲ စိုက်ကြည့်နေသည်ကို မြင်သောအခါ ကျန်းကျင့်နန်သည် ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး မိမိမျက်နှာကို ထိကာ မေးလိုက်သည်။

"ငါ့မျက်နှာပေါ်မှာ တစ်ခုခု ရှိနေလို့လား..."

သူ၏ ဇဝေဇဝါဖြစ်နေသော ပုံစံကို ကြည့်ကာ ရှောက်ယွီဇီသည် သက်ပြင်းချလိုက်ပြီး ခေါင်းကို ထပ်မံခါယမ်းကာ ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး... မင်း ပျော်နေရင်ပဲ အဆင်ပြေပါတယ်..."

ကျန်းကျင့်နန်သည် ဇဝေဇဝါဖြင့် မိမိမျက်နှာကို ပွတ်သပ်နေစဉ် ရှို့ဝူနှင့် ကျူးလင်တို့သည် ကုတင်ပေါ်တွင် ထိုင်နေကြသည်။ သူမ၏ ငေးငိုင်နေသော အမူအရာကို မြင်သောအခါ ရှို့ဝူက ပြောလိုက်သည်။

"လင်အာ... ကိုယ် လောင်ယန်ကို သွားကူညီပေးဖို့ လိုသေးတယ်... မင်း အခုလောလောဆယ် နားလိုက်ဦးနော်..."

ထိုသို့ပြောပြီးနောက် သူသည် ကျူးလင်၏ အဖြေကို စောင့်ဆိုင်းနေသော်လည်း ကျူးလင်သည် လှုပ်ရှားမှုမရှိဘဲ ထိုင်နေဆဲဖြစ်၏။ ရှို့ဝူသည် သက်ပြင်းတစ်ချက်ချကာ သူမကို လှဲလျောင်းစေပြီး စောင်ခြုံပေးလိုက်သည်။ ထို့နောက် ပါးပြင်ကို ဖွဖွနမ်းကာ ပြောလိုက်သည်။

"ကောင်းကောင်း အိပ်စက်ပါတော့..."

ခေတ္တမျှ ကြာပြီးနောက် ကျူးလင်သည် အိပ်ပျော်သွားလေရာ ရှို့ဝူသည် ထကာ အိပ်ခန်းထဲမှ ထွက်ခွာသွားတော့သည်။

နာရီအနည်းငယ် ကြာပြီးနောက် ကျူးလင်သည် အိပ်မက်ဆိုးတစ်ခုကြောင့် ရုတ်တရက် နိုးလာသည်။ သူမသည် အသက်ကို ပြင်းထန်စွာ ရှူသွင်းနေစဉ် ဝရန်တာမှန်တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ မှောင်မိုက်သော ကောင်းကင်ယံ၌ နီရဲသောလမင်းကြီး လင်းထိန်နေသည်ကို မြင်လိုက်ရ၏။

အသက်ပြင်းပြင်းရှူသွင်းပြီး‌နောက် သူမသည် တဖြည်းဖြည်း တည်ငြိမ်လာတော့သည်။ လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်ကို သတိပြုမိကာ အေးစက်ပြီး ချွေးများစိုရွှဲနေသော လက်ဖဝါးများကို ဖြန့်ကြည့်လိုက်သည်။

သူမသည် မျက်မှောင်ကြုတ်ကာ အိပ်မက်ကို ပြန်လည်အမှတ်ရရန် ကြိုးစားသော်လည်း အချိန်အတော်ကြာ ကြိုးစားသော်လည်း မအောင်မြင်ပေ။ အိပ်၍မရတော့သဖြင့် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံခြင်းကို စတင်လိုက်လေသည်။

ထိုအချိန်တွင်ပင် ကောင်းကင်ဘုံရှိ သံသရာကျောက်တုံး၌ တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့၏။ သံသရာကျောက်တုံးကို စောင့်ကြပ်နေသော ကောင်းကင်စစ်သည်များသည် လေထုထဲတွင် နတ်ဘုရားစွမ်းအင်များ ဖရိုဖရဲ လှုပ်ခတ်လာသည်ကို သတိပြုမိပြီး သံသရာကျောက်တုံးကို အမြန်သွားရောက် စစ်ဆေးလိုက်ကြသည်။

သူတို့ ရောက်ရှိသွားသောအခါ စစ်သည်တစ်ယောက်သည် သံသရာကျောက်တုံးပေါ်တွင် ရုတ်တရက် အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာသည်ကို တွေ့ရှိသွားတော့သည်။ အခြေအနေ မဟန်တော့သည်ကို ထိုစစ်သည် သိလိုက်သဖြင့် အလျင်အမြန် ပြောလိုက်သည်။

"စစ်သူကြီး... ကြည့်ပါဦး... သံသရာကျောက်တုံးပေါ်မှာ အက်ကွဲကြောင်းတွေ ပေါ်နေပြီ..."

စစ်သူကြီးသည် သူညွှန်ပြရာသို့ ကြည့်လိုက်ရာ တစ်စက္ကန့်ချင်းစီတိုင်းတွင် ပိုမိုကျယ်ပြန့်လာသော အက်ကွဲကြောင်းများကို မြင်ပြီး အံ့အားသင့်သွားသည်။ သူတို့တွင် ဆုံးဖြတ်ပိုင်ခွင့် မရှိသည်ကို သိသဖြင့် စစ်သည်များကို ကြည့်ကာ ပြောလိုက်သည်။

"ကောင်းကင်ဧကရာဇ်နဲ့ သံသရာနတ်ဘုရားဆီကို အမြန်သွားပြီး သတင်းပို့လိုက်ကြ... ကျန်တဲ့သူတွေကတော့ အခုချက်ချင်း ပြန်လည်ပြုပြင်တဲ့ မန္တန်ကို သုံးကြစို့..."

သူ အမိန့်ပေးလိုက်ပြီးနောက် စစ်သည်တစ်ယောက်သည် အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ဘုံ၏ အဓိကနန်းတော်ဆီသို့ ပျံသန်းသွားတော့သည်။

တစ်ချိန်တည်းမှာပင် စစ်သူကြီးနှင့် ကျန်ရှိသော စစ်သည်များသည် လက်ဟန်များကို လျင်မြန်စွာ ဖော်ဆောင်ကာ သံသရာကျောက်တုံးပေါ်မှ အက်ကွဲကြောင်းများကို ပြုပြင်ရန် သူတို့၏ နတ်ဘုရားစွမ်းအင်များကို အသုံးပြုလိုက်ကြ၏။

သူတို့၏ နတ်ဘုရားစွမ်းအင်များသည် ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲကာ လက်ချောင်းထိပ်များမှ ထွက်ပေါ်လာသောအခါ သံသရာကျောက်တုံးပေါ်မှ အက်ကွဲကြောင်းများ ပျံ့နှံ့မှုသည် တဖြည်းဖြည်း နှေးကွေးသွားတော့သည်။

သူတို့၏ နတ်ဘုရားစွမ်းအားသည် သံသရာကျောက်တုံးကို လုံးဝပြုပြင်ရန် မလုံလောက်သော်လည်း ကောင်းကင်ဧကရာဇ်နှင့် သံသရာနတ်ဘုရားတို့ မရောက်ရှိလာမီအထိ အက်ကွဲကြောင်းများ ပျံ့နှံ့မှုကို နှေးကွေးစေရန်မူ လုံလောက်ပေသည်။

ခေတ္တမျှ ကြာပြီးနောက် နတ်ဘုရားစွမ်းအင်များ အလွန်အမင်း ဆုံးရှုံးသွားသောကြောင့် စစ်သည်အများစုသည် အားအင်ချည့်နဲ့လာကြသည်။ စစ်သူကြီးသည် ချက်ချင်း ဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။

"မတောင့်ခံနိုင်တော့တဲ့သူတွေ လုပ်ဆောင်မှုကို ရပ်ပြီး နတ်ဘုရားစွမ်းအင်ကို အမြန်ပြန်ဖြည့်ကြ..."

သူ၏ အမိန့်ပေးသံအောက်တွင် နတ်ဘုရားစွမ်းအင် ကုန်ခမ်းလုနီးပါး ဖြစ်နေသော စစ်သည်များသည် လျင်မြန်စွာ ရပ်တန့်လိုက်ပြီး မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။

သူတို့သည် နတ်ဘုရားစွမ်းအင် ပြန်လည်ရရှိရန် အာရုံစိုက်နေကြစဉ် အက်ကွဲကြောင်းများကို ထိန်းချုပ်ထားသော နတ်ဘုရားစွမ်းအင်များမှာလည်း လျော့နည်းသွားတော့သည်။

အက်ကွဲကြောင်းများ တစ်ဖန် ပြန်လည်ကျယ်ပြန့်လာသည်ကို မြင်သောအခါ စစ်သူကြီးသည် အံကို တင်းတင်းကြိတ်ကာ လိုအပ်နေသော စွမ်းအင်များကို ဖြည့်ဆည်းရန် သူ၏ နတ်ဘုရားစွမ်းအင်များကို ပိုမိုထည့်သွင်းလိုက်တော့သည်။ လင်ကျန်းနှင့် ကျိချွမ်းတို့ ရောက်ရှိလာချိန်တွင် စစ်သူကြီး၏ နတ်ဘုရားစွမ်းအင်မှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်၏။

လင်ကျန်းနှင့် ကျိချွမ်းတို့ထံ သတင်းပို့ရန် သွားခဲ့သော စစ်သည်သည် စစ်သူကြီး သွေးအန်နေသည်ကို မြင်သဖြင့် သူ့ကို အမြန်ပြေး၍ တွဲမလိုက်လေသည်။ လင်ကျန်းသည် သံသရာကျောက်တုံးရှေ့တွင် မတ်တတ်ရပ်ကာ ကျိချွမ်းကို ကြည့်ပြီး မေးလိုက်သည်။

"နတ်ဘုရား ကျိချွမ်း... သံသရာကျောက်တုံးမှာ ဘာဖြစ်သွားလဲဆိုတာ ခင်ဗျား သိလား..."

All Chapters