← Chapters

ချိပ်ပိတ်နယ်မြေ၏ အရှင်သခင်

Vol. 93 Ch. 1273

ချိပ်ပိတ်နယ်မြေ၏ အရှင်သခင်

Vol. 93 Ch. 1273

ထိုဝတ်စုံနက်ဖြင့်အဘိုးအိုက သူ့​​ရှေ့ရှိ အဖြစ်သနစ်များကို မယုံကြည်နိုင်ဟန်ဖြင့် စူးစိုက်ကြည့်​နေသည်။ ထို့အတူ သူ့မျက်လုံးထဲတွင် ​​​လောဘတက်​နေဟန်လည်း အပြည့်ရှိသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်​စေကာ ​ရှေ့သို့ ​နောက်တစ်ကြိမ် ဆက်တိုးသည်။

သို့ရာတွင် သူ အနား​ရောက်လာသည်နှင့် ဧရာမတံခါးက ရုတ်တရက် ဖြည်းဖြည်းချင်း ပွင့်လာသည်။ ထိုသို့ ပွင့်ဟလာသည်နှင့် အား​ကောင်း​သောအလင်းတစ်ခု ​တောက်ပလာပြီး အဘိုးအိုကို ​​ထွေးခြုံသည်။

ထိတ်လန့်နာကျင်စွာ​​​အော်သံ ပဲ့တင်ထပ်လာ၏။ အဘိုးအို၏ မျက်လုံးထဲတွင် ​ကြောက်ရွှံ့မှူတို့ အထင်းသား ​ဖြစ်​ပေါ်သည်။ သူက ​ရှေ့ဆက်မတိုး​တော့ဘဲ ​နောက်ပြန်ဆုတ်သည်။

"ချိပ်...ချိပ်ပိတ်နယ်​မြေရဲ့ အရှင် ပြန်နိုးထ လာတာလား..."

အဘိုးအို၏ခန္ဓာကိုယ်သည် ​လောင်ကျွမ်းခံရသည့်အလား အနက်​ရောင်အခိုးအ​ငွေ့များ ထွက်​ပေါ်လာ​​တော့သည်။ ထိုအလင်းက သူကဲ့သို့ အစွမ်းထက်သူကိုပင် အရည်​ပျော်​စေမည့်အလား ထင်ရသည်။

ထိုတံခါးပွင့်ဟလာသည်နှင့် ​လောကကို တုန်လှုပ်​စေမည့် ​အော်ရာတစ်ခု ပျံ့လွင့်လာသည်။ ထို​အော်ရာက ချိပ်ပိတ်နယ်​မြေအစီအရင်အစပ်နားတစ်​လျှောက် ပျံ့နှံ့၏။

ချိပ်ပိတ်နယ်​မြေအစီအရင်သည် ထာဆန်ထွက်ခွာလာပြီး​နောက် သိပ်မကြာခင်တွင် ထပ်မံ ​ပြောင်းလဲ​လေ၏။ အရင်က လုံးဝမထွက်ပေါ်လာခဲ့​သော အစီအရင်၏​​နောက်ဆုံးစိတ်ဝိညာဥ်သည်ပင် ထွက်​ပေါ်လာခဲ့​တော့သည်။

​အစီအရင်​နောက်ဆုံးစိတ်ဝိညာဥ်(ဝါ)ကိုးခု​မြောက်စိတ်ဝိညာဥ်သည် ​ကျောက်စိမ်းပြားတစ်ခု ဖြစ်သည်။ ထို​ကျောက်စိမ်းပြား ​ပေါ်လာချိန်တွင် နယ်​မြေချိပ်ပိတ်ခြင်းအစီအရင်အနှံ့တွင် လှိုင်းဂယက်များ ​ပေါ်လာသည်။ အ​တောမသတ်နိုင်​သော တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။

ထိုအခိုက်အတန့်တွင် ​ရှေး​ဟောင်းကြယ်အဖွဲ့အစည်းမှ အစွမ်းထက်​သောလူများသည် သူတို့စိတ်ကို တုန်လှုပ်​စေနိုင်သည့် ​အော်ရာတစ်ခုကို ခံစားမိသည်။ အချိန်ကြာမြင့်လွန်းစွာ ရှင်သန်ခဲ့ကြ​​သော ​မွန်းစတားအိုအချို့က​တော့ ထို​အော်ရာကို သိကြ​ပေ၏။

သည်​အော်ရာက သူတို့ကို တုန်လှုပ်​စေခဲ့ရုံသာမက ​ကြောက်လန့်သည် အ​တွေးများပါ ဖြစ်​ပေါ်လာ​စေသည်။

"ချိပ်ပိတ်နယ်​မြေရဲ့ အရှင်သခင်..."

ပြင်ပနယ်​မြေ(ဝါ)​ရှေး​ဟောင်းကြယ်အဖွဲ့အစည်းနှင့် ယှဥ်ပါက ချိပ်ပိတ်နယ်​မြေမှ လူများသည် ထိုဖိအားကို များစွာ မခံစားလိုက်ရ​ပေ။ ကြယ်အဖွဲ့အစည်း​လေးခု၏ အစွမ်းထက်ဆုံးသူများကသာ ၎င်း​အော်ရာကို ခံစားမိ​ပေ၏။ နတ်ဘုရားကလန်ရှိ အခန်းတစ်ခုတွင် ​ကောင်​လေးတစ်​ယောက် ထိုင်​​နေ၏။ ထိုသူ၏ပုံပန်းကသာ ​ကောင်​လေးတစ်​ယောက်နှင့် တူ၏။သို့​သော် သူ့ဆံပင်များက မီးခိုး​ရောင် ဖြစ်​နေသည်။ သူက ဤ​နေရာတွင် နှစ်​ပေါင်းများစွာ မလှုပ်မရှားသည့်အလား ထိုင်လျက်ရှိသည်။

သို့​သော်ငြားလည်း ဤအခိုက်အတန့်၌ သူ့မျက်​တောင်တို့က တုန်ခါသွားပြီး ရုတ်တရက် မျက်လုံးဖွင့်လာ၏။

"ဆရာ့ရဲ့​အော်ရာ..."

မိုး​ကောင်းကင်ဘုံနယ်​မြေတွင်လည်း ချင်းလင်က ငြိမ်သက်စွာ ကျင့်ကြံလျက် သူ့စွမ်းအားကို တတ်နိုင်သမျှ အမြန်ပြရရှိရန် ကြိုးစား​နေသည်။ သို့ရာတွင် သည်အခိုက်အတန့်၌ သူ့မျက်လုံးမှာ ​တောက်ပလာခဲ့သည်။ ရုတ်တရက် သူက မတ်တပ်ထရပ်ပြီး အကွာအ​ဝေးတစ်ခုထံ ကြည့်ကာ အသက်ခပ်ပြင်းပြင်း ရှုထုတ်လိုက်၏။

"ဆရာ..."

​လေ​ကောင်းကင်ဘုံနယ်​မြေမှာ မ​ရေမတွက်နိုင်​သော ခြင်သားရဲများ ရှိ​လေသည်။ ပြိုပျက်​နေသည့် ​ကောင်းကင်ဘုံနယ်​မြေအစိတ်အပိုင်းတစ်ခု​ပေါ်တွင် အကြီးအကဲတစ်​ယောက် ထိုင်​နေသည်။ ထိုအဘိုးအိုက ​ကျောက်အဖြစ်သို့ ​ပြောင်း၍ ရုပ်တုတစ်ခုကဲ့သို့ပင်။

သို့ရာတွင် ဤအခိုက်အတန့်၌ ရုပ်တု၏မျက်လုံးနှစ်လုံးမှာ အက်​ကြောင်းများ ဖြစ်​ပေါ်လာသည်။ အက်သံနှင့်အတူ ထိုအဘိုးအိုက မျက်လုံးဖွင့်လာ​လေသည်။

"ဟိုလူအိုကြီးရဲ့ ​အော်ရာ..." ထိုအဘိုးအို၏မျက်လုံးထဲတွင် ထူးဆန်း​သောအလင်းတစ်ခု ဖြစ်​ပေါ်သည်။ ​မေ့​ဖျောက်ထား​သောမှတ်ဉာဏ်များစွာဟာ သူ့​ခေါင်းထဲတွင် ပြန်လည် ပြည့်နှက်လာသည်။ အချိန်အတန်ကြာပြီး​နောက် သူ့မျက်လုံးမှာ ပြန်မှိတ်သွားပြီး ​​နောက်တစ်ဖန် ရုပ်တုဖြစ်သွား​လေ၏။

လျှပ်စီး​ကောင်းကင်ဘုံနယ်​မြေ ​အောက်ရှိ ကြယ်အဖွဲ့အစည်းတစ်ခုတွင် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး​ပေါ်ရှိ ​တောင်ထိပ်တစ်ခု​ပေါ်၌ အမျိုးသမီးတစ်ဦး ထိုင်​နေသည်။ သူမက ​​အတိတ်ကိုအောက်​မေ့ဟန်ဖြင့် ​ကောင်းကင်ထက်ကို ကြည့်သည်။ သူမ၏မျက်လုံးထဲတွင်လည်း ရှုပ်​ထွေးမှုတို့ ရှိသည်။

"ငါ မမှတ်မိဘူး ဖြစ်​နေတယ်...ဒါ ဘယ်သူ့ရဲ့​အော်ရာလဲ.. ဒီ​အော်ရာဟာ ရင်းနှီးလွန်းတယ်...အရမ်းရင်းနှီးလွန်းတယ်..."

သည်အခိုက်အတန့်၌ လျှပ်စီး​ကောင်းကင်ဘုံနယ်​မြေ​အောက် ကြယ်အဖွဲ့အစည်းတစ်ခုရှိ ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး​ပေါ်ရှိ ​​တောင်တစ်လုံး​ပေါ်တွင် အိပ်​စက်​နေ​သော လူငယ်တစ်​ယောက် ရှိသည်။ သူက ​​ခေါင်း​မော့ကာ အကွာအ​ဝေးတစ်ခုထံ စူးစိုက်ကြည့်ရင်း သူ့ခန္ဓာကိုယ်မှာ တုန်ခါသွားသည်။

"ဒီအဘိုးအိုကို ​သေ​လောက်​အောင်လန့်သွား​စေတာပဲ။ ဒီ​အော်ရာဟာ ငါ့ကို ဖမ်းဖို့အတွက်နဲ့ ​ကောင်းကင်ဘုံနယ်ပယ်ပိုင်နက်က မွန်းစတားအိုအချို့ ​လာ​နေကြတာလို့ ငါ ထင်မိတယ်။ ဒါ​ပေမဲ့ ဒီ​အော်ရာကို ဘာ​ကြောင့် ရင်းနှီးသလိုလို ခံစားမိရတာလဲ..."

ထိုလူငယ်မှာ ဝမ်လင်းနတ်ဘုရားပြစ်ဒဏ်ကို ရင်ဆိုင်ရစဥ်အတွင်း အက်​ကြောင်းထဲမှ လွတ်​မြောက်ခဲ့သည့်သူပင်။

​ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီး​​စေ့​ကြောင့် ဖြစ်​ပေါ်လာသည့် တံခါးပွင့်ဟလာချိန်၌ လူတစ်​ယောက် ဖြည်းဖြည်းချင်း လှမ်းထွက်လာသည်။

ဝတ်စုံနက်နှင့် အဘိုးအိုက ​နောက်သို့ ဆက်တိုက်ဆုတ်​နေသည်။ တံခါးထံမှ ​ကြောက်မက်ဖွယ်အလင်းကလည်း လွင့်ပြယ်​လေ၏။ ထိုအခါ ဝတ်စုံနက်အဘိုးအိုသည် မျက်​မှောင်ကြုတ်သွားသည်။

"သူက ချိပ်ပိတ်နယ်​မြေရဲ့ အရှင်သခင် မဟုတ်ဘူး။ ဒီလူက ချိပ်ပိတ်နယ်​မြေရဲ့ ဒုတိယ​မြောက်အရှင်သခင်များ ဖြစ်​နေမလား။ သူ့​အော်ရာက အားမ​ကောင်းဘူးပဲ။ ငါ့ကို ​ကြောက်လန့်​စေတာက ဒီတံခါး​နောက်က လူသာ ဖြစ်တယ်..."

တံခါးက​နေ လှမ်းထွက်လာ​သော သူသည် ဝမ်လင်းပင်။

သူ့ထံ၌ ခန္ဓာကိုယ် ရှိမ​နေဘဲ သူဟာ မူလစိတ်ဝိညာဥ်သပ်သပ်သာ ဖြစ်​နေ၏။

အဘိုးအို၏မျက်လုံးက တလက်လက် ဖြစ်သည်။ ထို့​နောက် သူက အံတင်းတင်းကြိတ်ကာ သူ့ညာလက်ကို ​ဝေ့ယမ်း၍ ​ရှေ့တိုးလာ​တော့သည်။

"ဒီလူ့ကို သတ်ပြီး ​ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီး​စေ့ကို လုယူရမယ်။ ငါသာ ဒီလို လုပ်နိုင်ခဲ့ရင် အုပ်စိုးသူနဲ့ ပတ်သတ်ပြီး စိတ်ပူ​နေစရာ မလို​တော့ဘူး..."

အဘိုးအိုသည် ခုချိန်တွင် အနက်​ရောင်မြူများဖြင့် ခြုံလွှမ်းထား၏။ သူက အစွမ်းထက်အလင်းကို ခုခံလျက် ဝမ်လင်းထံ သွားသည်။ သို့​သော် သူ့ပတ်လည်ရှိ မြူများမှာ လွင့်ပါး​ပျောက်ကွယ်​နေသည်။ မြူများအတွင်းမှ အနက်​ရောင်လက်သည်းကုတ်ချက် ဆန့်ထွက်လာကာ ဝမ်လင်းကို ကုတ်ဆွဲသည်။

ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်၏။ သူက တတိယအဆင့်ကျင့်ကြံသူတစ်​​ယောက်၏ မူလစွမ်းအင်ရင်းမြစ်ကို ခံစားမိသည်။ သို့​သော် သူသည် အလွန်အမင်း တည်ငြိမ်လှ​၏။ သူက နီးကပ်လာသည့် လက်သည်းချက်ကို ​အေးစက်စက် ကြည့်ပြီး တံခါး​နောက် ​ခြေတစ်လှမ်း ပြန်ဆုတ်လိုက်သည်။

အဘိုးအို အနား​ရောက်လာချိန်တွင် ​ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီး​​စေ့က အစွမ်းထက်အလင်းကို ထုတ်လွှတ်သည်။ တစ်ချိန်တည်းမှာ တံခါးချပ်​အပြင်ဘက်တွင် ဧရာမလက်ကြီးတစ်ဖက် ​ပေါ်လာပြီး အဘိုးအိုထံ ကြမ်းတမ်းစွာ ဆန့်တန်းလာသည်။

ထိုအဘိုးအိုပတ်လည်ရှိ အနက်​ရောင်မြူများက သည်လက်ကြီးကို ခုခံနိုင်ရန် မူလစွမ်းအင်ရင်းမြစ်အဖြစ်သို့ ​ပေါက်ကွဲထွက်သည်။ ထိုမှသာ သူသည် ဝမ်လင်းကို သတ်နိုင်မည့် အခွင့်အ​ရေး ရရှိနိုင်​ပေမည်။

သို့​သော်ငြားလည်း ပြိုကွဲလာသည့်အနက်​ရောင်မြူများမှာ လက်ကြီးကို တစ်စက်​လေးပင် မဟန့်တားနိုင်​ချေ။ ၎င်းက အဘိုးအိုထံ ချက်ခြင်း ​ရောက်ရှိလာ၏။

အဘိုးအိုသည် မည်သို့ ​ရှောင်ပါ​စေ ထိုလက်ကြီးထံမှ မလွတ်​ပေ။ သူက အံတင်းတင်းကြိတ်၏။ ထို့​နောက် အဘိုးအိုသည် သူ့လျှာထိပ်ကို ကိုက်၍ ​သွေးများ ​ထွေးထုတ်ကာ သူ့ခန္ဓာကိုယ်မှာ သုံး​ယောက်ခွဲထွက်သွား​လေ၏။ နှစ်​ယောက်က လက်ကြီးထံ ဦးတည်ပြီး တစ်​ယောက်က ဝမ်လင်းရှိ တိုးဝင်လာသည်။

ထိုအခိုက်မှာ သည်ဧရာမလက်ကြီးက လက်သီးစုပ်ကာ မြန်နှုန်းနှစ်ဆ တင်၍ အဘိုးအို၏ကိုယ်ပွားနှစ်​ယောက်ထံ ထိုးချလိုက်သည်။ ထို့​နောက် ၎င်းက မြန်ဆန်စွာ ပြန်ဆုတ်၍ ဝမ်လင်းထံ တိုးဝင်လာသည့်ကိုယ်ပွားကို ဖမ်းဆုပ်ပြီး ကြမ်းတမ်းစွာ ညှစ်​ချေပစ်သည်။

"ငါ့မူလခန္ဓာကိုယ် ဒီမှာ ရှိရင်​တော့ ငါ တိုက်ခိုက်နိုင်​ကောင်း နိုင်လိမ့်မယ်...ဒါ​ပေမဲ့ ခုချိန်မှာ​တော့..."

အဘိုးအိုသည် မချိပြုံးပြုံး၍ သူသည် သက်ပြင်းချကာ ​​ပျောက်ကွယ် သွား​တော့သည်။

အစက​နေအဆုံးထိ ဝမ်လင်းသည် မထူးခြားနားဟန်ဖြင့်သာ ရှိ​နေသည်။ အဘိုးအို ​ပျောက်ကွယ်သွားပြီး​နောက် ဝမ်လင်း​နောက်ဘက်ရှိ တံခါးသည် တဖျပ်ဖျပ် လင်းလက်ကာ အလျင်အမြန် ပြန်ကြုံ့ပြီး ​​ဝေဝါးလာလျက် ​

ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီး​စေ့အဖြစ်သို့ ​ပြောင်းလဲသွား​တော့သည်။ ၎င်းက ဝမ်လင်း၏မူလစိတ်ဝိညာဥ်ကို ယူ​ဆောင်ပြီး ဤ​နေရာက​နေ ထွက်ခွာလာ၏။ ထို့​နောက် ၎င်းပုတီး​စေ့က သည်ကြယ်အဖွဲ့အစည်းကို ချိုးဖျက်ကာ သဲလွန်စမရှိ ​ပျောက်ကွယ်သွားလေ၏။

ခုနစ်​ရောင်စုံနယ်​မြေ ​မှောင်နက်​နေသည်မှာ နှစ်​ပေါင်းတစ်ရာ ကြာမြင့်ခဲ့​​လေပြီ။ ယနေ့တွင် ​တောက်ပ​သောအလင်းက သည်နယ်​မြေ၏အထက်​ကောင်းကင်တွင် ​ပြန်​ပေါ်လာ​လေ၏။ ထိုအလင်းက ခုနစ်​ရောင်စုံနယ်​မြေကို ခြုံလွှမ်းလာချိန်၌ ဝမ်လင်းအမြင်တွင် ခပ်​ရေး​ရေးပုံရိပ်​ယောင်တစ်ခု ​ပေါ်လာ​လေ၏။ သူက ​တောင်ထိပ်​ပေါ်ရှိ သူ့ခန္ဓာကိုယ်ကို လှမ်းကြည့်ကာ သက်ပြင်းချသည်။

"အိပ်မက်တစ်ခုလိုပဲ...ဒီအိပ်မက်က နှစ်များစွာကြာရှည်လွန်းခဲ့တယ်..." ဝမ်လင်း၏မူလစိတ်ဝိညာဥ်က ထိုကဲ့သို့ ခပ်တိုးတိုး​ရေရွတ်၍ ​တောင်ထိပ်​ပေါ်ရှိ သူ့ခန္ဓာကိုယ်ဖြင့် ​တဖြည်းဖြည်းချင်း ​ပေါင်းစည်းသည်။

အချိန်အတန်ကြာပြီး​နောက် ဝမ်လင်းက မျက်လုံးဖွင့်လာ​လေ၏။ သူ့ခန္ဓာကိုယ်​ထံမှလည်း တစီစီအသံများ မြည်၏။

နှစ်​ပေါင်းတစ်ရာ အိပ်​ပျော်သွားပြီး​နောက် သူသည် တဖန် ပြန်လည် မတ်တပ်ထရပ် လာ​ပေပြီ။ သူ မတ်တပ်ရပ်လိုက်သည့် အခိုက်အတန့်၌ နိဗ္ဗာနဖြိုခွဲခြင်း​နောက်ဆုံးအဆင့်​အော်ရာသည် သူ့ထံက​နေ ပျံ့လွင့်လာ၏။ ထို​အော်ရာက ဆက်လက်မြင့်တက်ကာ နိဗ္ဗာနသန့်စင်ခြင်းအထိတ်အထိပ်အဆင့်ထိ ချိုးဖျက်​ရောက်ရှိလာ၏။ ထိုမျှနှင့် မရပ်​သေးပါ။ ၎င်း​အော်ရာက ​နောက်တဖန် တိုးတက်လာကာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်သို့ ​ရောက်ရှိရန် တာဆူသည်။

ခုနစ်​​ရောင်စုံအပင်များထဲက အနီ​ရောင်အပင်၏သစ်သီးအတွင်းမှ သူ စုပ်ယူခဲ့​သော တာအိုဆန္ဒနှင့်မူလစွမ်းအင်တို့မှာ များပြားလွန်းလှ​ပေသည်။ ​ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီး​စေ့က အများစုကို စုပ်ယူခဲ့ခြင်း ဖြစ်​သော်လည်း ဝမ်လင်း ပထမဆုံးအကြိမ်အဖြစ် ထိုပုတီး​​စေ့မှ ချက်ချင်းပြန်ယူ​ဆောင်ခဲ့သည့်အတွက်​ကြောင့် သူလည်း တာအိုဆန္ဒနှင့် မူလစွမ်းအင် အ​တော်များများ ရလိုက်​ပေသည်။

သည်အခိုက်အတန့်တွင် ဝမ်လင်း၏ဆံပင်များက ​လေမတိုက်ပါဘဲ လွင့်ဝဲ​နေ၏။ သူ့ခန္ဓာကိုယ်က​နေလည်း ထူးဆန်း​သော​အော်ရာတစ်ခုကို ​ပေးစွမ်း​နေသည်။ သူ့ဘယ်မျက်လုံးတွင် မီးအမှတ်အသား၊ညာမျက်လုံးတွင် လျှပ်စီးအမှတ်အသား ဖြစ်​ပေါ်၏။ ၎င်းတို့က ပျံသန်းထွက်လာကာ တစ်ခုတည်းအဖြစ် ​ပေါင်းစည်းသည်။ ၎င်း​ပေါင်းစည်းသွား​သော အမှတ်အသားထဲ၌ တိုက်ပွဲ ဟူသည့် စာလုံး​ကောက်​ကြောင်းလည်း ဖြစ်​ပေါ်​နေ၏။

၎င်းမှာ ​လောကတွင် လုံးဝ မ​​ပေါ်​ပေါက်ဖူး​သေး​သော အမှတ်အသား ဖြစ်​ပေသည်။ ၎င်းအမှတ်အသားက ဥပ​ဒေသအသစ်တစ်ခု ဖြစ်၏။

ဤအခိုက်အတန့်တွင် ယင်းအမှတ်အသားက ​ဝမ်လင်း၏ မျက်ခုံးနှစ်ခုကြား ကျ​ရောက်ကာ သူ့အမှန်အမှားနယ်ပယ်နှင့် တစ်သားတည်း ဖြစ်သွားသည်။ ယင်ယန်အမှတ်အသားကလည်း မီးနှင့်မိုးကြိုး​ပေါင်းစပ်ထား​သော အမှတ်အသား​ပေါ်တွင် ​ပေါ်လာပြီး ဖြည်းဖြည်းချင်း လှည့်ပတ်သည်။ တဖြည်းဖြည်းဖြင့် ၎င်းက နတ်ဆိုးအလင်း​ပေးစွမ်းကာ ကြယ်တစ်ခုကဲ့သို့ ဖြစ်သည့်အထိ ကြုံ့သွား​တော့သည်။ ထို့​နောက် ၎င်းကြယ်က သူ့မျက်ခုံးနှစ်ခုကြားတွင် ဖုံးကွယ် ​ပျောက်သွား​လေ၏။

အနှီကြယ်က မည်သို့ပင်ကြည့်ကြည့် ​ရှေး​​ဟောင်းနတ်ဘုရားတစ်ပါး၏ကြယ်ဖြင့် အလားသဏ္ဍန် တူလှသည်။ အကယ်၍သာ ကြယ်ကိုးလုံး​ရှေး​ဟောင်းနတ်ဘုရားတစ်ပါးထံ၌ ဥပ​ဒေသဖြင့် ပြုလုပ်သည့် ဤကြယ် ဖြစ်​ပေါ်ခဲ့ပါက ထို​ရှေး​ဟောင်းနတ်ဘုရားကို ကြယ်ဆယ်လုံး​ရှေး​ဟောင်းနတ်ဘုရားဟု အထင်မှား​ပေလိမ့်မည်။

ထိုဥပ​ဒေသကြယ် ​ပေါ်လာချိန်၌ ဝမ်လင်း၏ခန္ဓာကိုယ်မှ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် တစ်​ယောက်၏​အော်ရာ ​ပေးစွမ်း​လေသည်။

ဝမ်လင်းက အသက်ဝဝရှုသွင်း၏။ သူ့မျက်လုံးမှာ ​တောက်ပ​နေသည်။ သူက ညာလက်ကို ပင့်​မြှောက်ကာ ချိပ်ဟန်များ ဖြစ်​စေပြီး သူ့ခန္ဓာကိုယ်ကို ညွှန်သည်။ သူ့မျက်နှာက အနည်းငယ် နီမြန်းသွားသည်။ သို့​သော် သူက မရပ်တန့်ဘဲ ဆက်၍ လက်ညွှန်သည်။ ချိပ်ပိတ်မှုများစွာ ချမှတ်ပြီးမှ ​သူသည် ​ရပ်တန့်သွား၏။

ထိုအခါ သူ့ခန္ဓာကိုယ်မှ ထွက်​ပေါ်​နေ​သော နိဗ္ဗာနဖြိုခွဲခြင်း​အော်ရာသည် များစွာ​သောအတားအဆီးများ​အောက်၌ တဖြည်းဖြည်း ​လွင့်ပြယ်သွား​​တော့၏။

"ဒီ​အော်ရာဟာ ငါ့ကျင့်ကြံမှုအဆင့်ကို နိဗ္ဗာနဖြိုခွဲခြင်းအ​စောပိုင်းအထွတ်အထိပ်အ​ဆင့် ဖြစ်​စေဖို့ လုံ​လောက်တယ်။ ဒါ​​ပေမဲ့ ဒါကို အခုထိ ငါ အပြည့်အဝ နားမလည်​သေးဘူး။ ငါ စုပ်ယူခဲ့တဲ့ တာအိုအားလုံးကို အပြည့်အဝ နားမလည်​သေးဘဲနဲ့ ဒီကျင့်ကြံမှုအဆင့်ကို အသုံးပြုလိုက်မယ်​ဆိုရင် ငါ ​ရှေ့ဆက်တိုးတက်ဖို့ မဖြစ်နိုင်လုနီးပါး ဖြစ်သွားလိမ့်မယ်။ ဒါဟာ ငါ့အနာဂတ်ကျင့်ကြံမှုအ​ပေါ် ဆိုးကျိုးအများကြီး ဖြစ်သွားနိုင်တယ်..."

"ဒါ​ပေမဲ့လည်း ဒါကို လက်လွှတ်ဖို့ကျ​တော့လည်း နှ​မြောဖို့ ​ကောင်းလွန်းတယ်။ ဒါ့​ကြောင့် အရင်​ဆုံး ငါ ဒါကို ချိပ်ပိတ်ထားမယ်။ ငါ စုပ်ယူခဲ့တဲ့ တာအိုဆန္ဒအားလုံးကို နားလည်သွားမှ ငါ ဒီချိပ်ပိတ်မှု​တွေကို တစ်ခုပြီးတစ်ခု ​ဖြေ​လျှော့မယ်။ အဲ့အချိန်ကျရင် ဘာအန္တရာယ်မှ မရှိ​တော့ဘူး။ ဒါ့အပြင် ငါ့ကျင့်ကြံမှုအဆင့်ကိုလည်း ပို​တောင် သန်မာ​စေလိမ့်ဦးမယ်..."

ဝမ်လင်းက အသက်ဝဝရှုသွင်းလိုက်၏။ သူ့မျက်လုံးထဲတွင်လည်း ​အေးစက်မှု ဖြတ်​ပြေးသွားသည်၊

"ငါ့ နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့်နဲ့ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်​ရောက်ဖို့ ​ခြေလှမ်းတစ်ဝက်အလိုအဆင့်ရယ်၊ ငါ့​ရှေး​ဟောင်းနတ်ဘုရားခန္ဓာကိုယ်၊ ငါ့မန္တာန်​တွေ၊ လက်နက်ရတနာ​တွေနဲ့ ဆိုရင် ငါဟာ နိဗ္ဗာနဖြိုခွဲခြင်း​နောက်ဆုံးအဆင့် ဒါမှမဟုတ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ​တွေကို အနိုင်ယူနိုင်​လောက်မလား...။ ငါ့အ​နေနဲ့ နိဗ္ဗာနဖြိုခွဲခြင်း​နောက်ဆုံးအဆင့်ကျင့်ကြံသူ​တွေကို​တော့ အနိုင်ရသင့်တယ်။ နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူ​တွေကို​တော့ မတိုက်ခိုက်ရ​သေးဘဲ နိုင်၊မနိုင် ငါ မသိ​သေးဘူး။ အခွင့်အ​ရေး​ပေးရင်​တော့ ငါ နိဗ္ဗာနဖြိုခွဲခြင်း အထွတ်အထိပ်တစ်​ယောက်နဲ့ တိုက်ခိုက်ကြည့်ရမယ်..."

ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားမှ ဖုံးကွယ်​နေ​သောအမှတ်အသားကြယ်သည် အထိန်းအချုပ်မဲ့ကာ တလက်လက်​တောက်ပပြီး အစွမ်းထက်တိုက်ပွဲဆန္ဒမှာ သူ့ကို ​ထွေးခြုံ​လေ၏။ ​ဝမ်လင်းက အသက်ဝဝရှုသွင်းကာ ထိုကြယ်ကိုဖိနှိပ်၍ မျက်​မှောင်ကြုတ်သည်။ သူက ထိုသို့ဖြစ်ရခြင်းမှာ သူ စုပ်ယူခဲ့​သောတာအိုများကို အပြည့်အဝနားမလည်ခြင်း​ကြောင့်ဖြစ်မှန်းသိ​ပေသည်။

“ထွက်ခွာဖို့ အချိန်ကြပြီ။ ဒီနှစ်ပေါင်းများစွာ ကြာမြင့်ပြီးတဲ့နောက် ခြင်သားရဲက ဘာလုပ်နေမလဲ ငါ သိချင်မိတယ်။ ဒါ့အပြင် ဒီအပင်ထဲမှာ ငါ အိပ်ပျော်သွားခဲ့တာ နှစ်ပေါင်း ဘယ်လောက် ကြာသွားခဲ့ပြီလဲ။ အနည်းဆုံးတော့ နှစ်နှစ်ဆယ် ဒါမှမဟုတ် သုံးဆယ် ဖြစ်လိမ့်မယ်…”

ဝမ်လင်း၏မျက်လုံးသည် တောက်ပလျက် သူ့ကိုသူ ယုံကြည်မှု ပြည့်နှက်နေပြီး သူက ရှေ့ဆက်လျှောက်လာသည်။ သူက တောင်ထံကနေ ထွက်ခွာကာ ရှေ့တည့်တည့်သို့ ပျံသန်းသွားလေ၏။

“ဒီနေရာက ကိစ္စတွေ ပြီးပြီးဆိုတော့ ငါ လေကောင်းကင်ဘုံနယ်မြေရှိ သွားရမယ်။ ငါသာ ခြင်သားရဲအမြောက်အများကို စုဆောင်းနိုင်ခဲ့ရင် နတ်ဘုရားကလန်ကိုတောင် ချိုးဖျက်နိုင်စွမ်း ရှိလာနိုင်တယ်။ ထာဆန် ခုချိန်မှာ နိုးထလာပြီလား၊ မလာသေးဘူးလားတော့ ငါ မသိဘူး…”

သည်အခိုက်အတန့်တွင် ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် အဆုံးမဲ့ကြယ်များကြား၌ ထာဆန်သည် ကြယ်များကို စူးစိုက်ကြည့်နေ၏။ သူက အံတင်းတင်းကြိတ်ထားလျက် ရှိကာ အလွန်သုန်မှုန်၍ မကျေမချမ်း ဖြစ်နေသည်။ သူသည် ဒေါသဖြင့် ပြည့်နှက်နေ၏။ သူက သူတွေ့မြင်သမျှ သက်ရှိအားလုံးကို ဖျက်စီးပစ်ချင်စိတ် ပေါက်နေလေသည်။

သူက သည်နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကို ချိုးဖျက်နိုင်ဖို့ များစွာအားစိုက်ထုတ်ခဲ့ရသည်။ အဆုံးသပ်၌ သူ့ကြယ်တစ်လုံးပင် ပျက်စီး၍ သူ့ကြယ်များကြား၌ ချိပ်ပိတ်ထားခဲ့သော တတိယအဆင့်ကျင့်ကြံသူများကိုပါ စတေးခဲ့ပြီးမှသာ သူက ဝမ်လင်းကို ဝါးမြိုဖို့အတွက် ဤအစီအရင်ကို ချိုးဖျက်လာနိုင်စွမ်း ရှိရုံမျှသာ ဖြစ်ခဲ့၏။ သို့ရာတွင် ခုချိန်၌ သူမည်မျှ ကြိုးစားပါစေ သူက ဝမ်လင်း၏အော်ရာကို ရှာမတွေ့နိုင် ဖြစ်နေ၏။

“သူက ချိပ်ပိတ်နယ်မြေမှာလည်း မရှိဘူး၊ ပြင်ပနယ်မြေမှာလည်း မရှိဘူး။ ဒါပေမဲ့ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ထဲမှာ ငါ သူ့အော်ရာကို ခံစားမိတယ်။ သူက ဒီချိပ်ပိတ်ခြင်းအစီအရင်ထဲမှာများ ဝင်ပုန်းနေတာလား။ ဒါပေမဲ့ ဒီလိုလုပ်ဖို့က သူ့ကျင့်ကြံမှုအဆင့်နဲ့ မဖြစ်နိုင်ဘူး…”

သူသည် ကောင်းကင်ထက်သို့ အော်ဟစ်လိုက်လေ၏။ သူ့မျက်လုံးတို့က နီရဲလာပေသည်။ သူက အကွာအဝေးတစ်ခုမှ ကြယ်ကွင်းပြင်များရှိ ရှေးဟောင်းကျင့်ကြံသူအချို့ကိုလည်း သတိထားမိသည်။ သူ့ဒေါသကို ပေါက်ကွဲပစ်ရမည့် နေရာ မရှိသည့်အခါ ထာဆန်သည် လက်သီး လှုပ်ယမ်းကာ ထိုဦးတည်ရာအတိုင်း တဟုန်ထိုး တိုးဝင်သွားတော့သည်။

“သောက်ဝမ်လင်း…ဒီနတ်ဘုရားက မင်းကို တနေ့မှာ လာရှာမယ်။ ငါ မင်းကို ဝါးမြိုပစ်မှ ငါ့ရင်ထဲက ဒေါသဟာ နည်းနည်း လျော့ပါးသွားမှာ…”

***

All Chapters