← Chapters

အခန်း ၁၃၀၉

Vol. 110 Ch. 1309

အခန်း ၁၃၀၉

Vol. 110 Ch. 1309

အခန်း ၁၃၀၉ -

အရှေ့ပင်လယ်သို့ ထွက်ခွာခြင်း။

စုရီမှ တိတ်ဆိတ်သွားသည်။ လီဖူယွီမှာ သူ၏ပဉ္စမမြောက် ဘဝဖြစ်၏။ ရှေးဦးခေတ်၏ အုပ်စိုးရှင်ရတနာတစ်ပါးကို ရရှိခဲ့ခြင်းသည် အမှန်ပင် စိတ်ဝင်စားစရာပေပင်။

ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သည့် ခြောက်လက်မအရွယ် ဓားခေါင်းတလားလေးကို ပြန်၍သတိရလာ၏။

ဤရတနာကို ကောင်းကင်ဘုံ နတ်ဆိုးတောင်၏ ရှေးဦးလျှို့ဝှက်နယ်မြေထဲမှ လဲ့ကျိနှင့်အတူ ရရှိခဲ့ခြင်း ဖြစ်သည်။

လဲ့ကျိသည် ကမ္ဘာတစ်ဝှမ်းခရီးသွားစဉ် လီဖူယွီနောက်သို့ သစ္စာရှိစွာ လိုက်ပါခဲ့ဖူးသည့် အစေခံတစ်ဦးဖြစ်၏။

ဆိုလိုသည်မှာ ထိုဓားခေါင်းတလားသည် သေချာပေါက် အုပ်စိုးရှင်ကမ္ဘာဦးရတနာတစ်ပါး ဖြစ်သော အာကာသဓားဖြစ်ချေ၏။

“ မင်းဘာတွေ တွေးနေတာလဲ။ ”

ရှစ်နင်က စုရီကို အကဲခတ်လာ၏။ စုရီတစ်ယောက်ခေါင်းရမ်းပြကာ၊

“ မင်းရဲ့အဘိုးက ဘာဖြစ်လို့ အင်‌မော်တယ်မြေအကြောင်း ဒီလောက်အထိ အသေးစိတ် သိနေရတာလဲ ပြီးတော့ ... လီဖူယွီအကြောင်းကိုတောင် သိနေတယ်။ ”

“ ဒါက လျှို့ဝှက်ချက် မဟုတ်ပါဘူး ငါ့ရဲ့ဘိုးဘွားတွေဟာ မူလက အင်မော်တယ်မြေ ဇာတိကပဲ ... ရှေးဦးခေတ်အစောပိုင်းမှာ နတ်ဘုရားအဆင့် တက်လှမ်းဖို့အတွက် ...

... မွေးရပ်မြေကိုစွန့်ခွာပြီးတော့ ပိုမိုမြင့်မားတဲ့ လမ်းကြောင်းရှာဖွေဖို့ အချိန်မြစ် ဆီကို ထွက်ခွာလာခဲ့ကြတယ် ...

... ဒါကြောင့် အင်‌မော်တယ်နယ်မြေရဲ့ ရှေးဦးခေတ်နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို ငါ့ရဲ့ဘိုးဘွားတွေဆီကနေ ပြန်ကြားခဲ့ရတာပါ။ ”

“ ဒါဆို မင်းရဲ့ဘိုးဘွားတွေက လီဖူယွီနဲ့သိနေကြတာလား။ ”

“ တာအိုလီ ... မင်းက ဘာဖြစ်လို့ လီဖူယွီအကြောင်း စိတ်ဝင်စားနေရတာလဲ။ ”

“ သူ့ရဲ့ ထူးခြားတဲ့ လုပ်ရပ်တချို့ကို ငါအရင်က ကြားဖူးထားလို့ပါ။ ”

“ ရိုးရိုးသားသားပြောရရင် အဲဒီလီဖူယွီအကြောင်း ... ငါလည်းအများကြီး မသိပါဘူး၊ ငါ့ဘိုးဘေးတွေက သူ့အကြောင်း ပြောရင် ‘လူထူးလူဆန်း’ဆိုတဲ့ နာမ်စားပဲ အသုံးများကြတယ်။ ”

စုရီမှ အနည်းငယ် စိတ်ပျက်သွားရသည်။ ထိုစဉ် ရှစ်နင်သည် ရုတ်တရက် ဝိုင်ခွက်ကိုပြန်ချ လိုက်ကာ စုရီထံစိုက်ကြည့်လျက်၊

“ တာအိုလီ ... မင်းရဲ့စွမ်းရည်တွေကို မြင်ပြီးတဲ့နောက်မှာ ငါတစ်ယောက်ယောက်ကို ရုတ်တရက် သတိရလာမိတယ် ... အဲဒီလူက ဘယ်သူလဲ သိလား။ ”

-ဟု မေးမြန်းလာ၏။

“ ဘယ်သူလဲ ... ။ ”

“ စုရီ ... ။ ”

ဤအမည်သည် လက်ရှိ အင်မော်တယ်မြေ၏ မုန်တိုင်းထိပ်တွင် ရပ်နေသော လူငယ်ဖြစ်၏။

ရှစ်နင်အကြည့်များက စုရီကို ထွင်ဖောက်မတတ်ဖြစ်လာသည်။ အခြားမည်သူ မဆို ဤကဲ့သို့သော အကြည့်အောက်တွင် တုန်လှုပ်သွားနိုင်သော်လည်း စုရီမပါချေ။

သူက ရှစ်နင်ထံ တည်ငြိမ်စွာ ပြန်လည်စိုက်ကြည့်ကာ၊

“ မင်း ဘာဖြစ်လို့ အဲဒီလိုခံစားရတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။ ရှစ်နင်၏မျက်ဝန်းများ အနည်းငယ်မျှပင် မှေးစင်းသွားပြီးနောက်၊

“ ဗီဇအသိ ... ။ ”

-ဟု ပြန်ဖြေ၏။ စုရီနှလုံးသားသည် တစ်ချက်ပြင်းစွာ လှုပ်ခတ်သွားခဲ့သော်လည်း တည်ငြိမ်စွာဖြင့်၊

“ မင်း ဒီကိုလာတာ စုရီကို သတ်ဖို့တာဝန်ပါနေတာလား။ ”

-ဟု ဆက်မေးလိုက်သည်။

“ မင်း ဘယ်လိုထင်လဲ။ ”

ရှစ်နင်က ပြုံးလျက် တုန့်ပြန်၏။ သို့သော် စုရီထံမှ အဖြေကို စောင့်ဆိုင်းရန် ပျင်းရိလာပြီး အကြောင်းအရာ ပြောင်းလဲလိုက်တော့သည်။

“ ဒီနေ့လေလံပွဲမှာ ... ငါ့ကြောင့် မင်းအပေါ် အထင်လွဲကုန်တယ် ငါ မမှားရင် ကျင်းကျိလျူနဲ့ ချင်းကျန်းတို့အဖွဲ့က လွှတ်ထားမှာမဟုတ်ဘူး ...

... နဂါးဘာသာစကားကို နားလည်နေခဲ့တာက နဂါးနန်းတော်နယ်မြေကို စူးစမ်းရာမှာ အရမ်းအရေးပါကြတယ် ...

... ဒါပေမယ့် ... တာအိုလီ၊ မင်း ဒါကို စိတ်ပူစရာမလိုပါဘူး သူတို့က မင်းကို အန္တရာယ် ပြုချင်ရင် ငါ့ကို အရင်ကျော်ဖြတ်ရမယ်။ ”

“ မင်း ဒီလောက်ထိ လုပ်စရာမလိုပါဘူး ဒီပြဿနာကို ငါကိုယ်တိုင် ကိုင်တွယ်နိုင်တယ်။ ”

“ ဒါပေမယ့် သူတို့က မင်းနဲ့ငါ တစ်လှေတည်းစီးနေကြပြီလို့ ထင်နေကြတာ ငါ ဘယ်လိုလုပ်ပြီး ရပ်ကြည့်နေရမှာလဲ၊ တာအိုလီ နဂါးနန်းတော် အပျက်အစီးတွေထဲရောက်ရင် ငါမင်းအပေါ် စိတ်ရင်းအမှန်နဲ့ ပူးပေါင်းမယ် ဘယ်လိုလဲ။ ”

“ ဒါက ငြင်းစရာ အကြောင်းမရှိပါဘူး။ ”

ရှစ်နင်မှ ပြုံးလိုက်သည်။ ထိုအပြုံးသည် မိုးရွာပြီးနောက် ပွင့်လန်းလာသော ပန်းလေး တစ်ပွင့်ကဲ့သို့ တောက်ပလန်းဆန်းနေ၏။

စုရီသည် အလှတရားပေါင်းများစွာကို မြင်ခဲ့သော်လည်း စိတ်နေစိတ်ထားနှင့် ရုပ်ရည် နှစ်မျိုးလုံးတွင် ပြိုင်ဘက်ကင်းလောက်အောင် လှပသည်ဟု ယူဆနိုင်သူမှာ အလွန်ရှားပါး၏။

သို့သော် ဤမိန်းကလေးသည် မှော်ဆန်သောစိတ်ထားနှင့် လှုပ်ရှားမှုတိုင်းတွင် တုယှဉ်နိုင်စရာမရှိသည့် ကြော့ရှင်းမှုကို ပိုင်ဆိုင်ထားချေသည်။

“ ကောင်းပြီ အောင်မြင်ပါစေ။ ”

နှစ်ယောက်သား ဝိုင်ခွက်ကို ကောက်ကိုင်ကာ ပြိုင်သောက်ချလိုက်တော့၏။ ထိုအချိန်တွင် တံခါးခေါက်သံ ကြားလိုက်ရပြီး၊

“ မိန်းကလေး ... ရပါပြီ။ ”

-ဟူသော အမျိုးသားအသံ ထွက်ပေါ်လာသည်။

ဤသည်မှာ ရှစ်နင်နောက်သို့ အမြဲလိုက်ပါလေ့ရှိသော ခံ့ညားထည်ဝါသည့် အမျိုးသားဖြစ်ချေပြီ။

သူသည် ရှစ်နင်နှင့်အတူ စုရီကို မြင်သောအခါ မျက်မှောင်ကြုတ်ခဲ့သော်လည်း စကားမဆိုတော့ဘဲ ရှစ်နင်ထံ ကျောက်စိမ်းပြား တစ်ပြားကို ကမ်းပေးလိုက်၏။

ရှစ်နင်က ထိုကျောက်စိမ်းပြားကို တစ်ချက်မျှပင် မကြည့်ဘဲ စုရီထံသို့ လွှဲပေးပြီး၊

“ လေလံပွဲမှာ ဒီကျောက်စိမ်းပြားကို ငါ့ကြောင့် ချင်းကျန်းက ပစ်မှတ်ထားခဲ့တာ မဟုတ်လား ယူလိုက်ပါ။ ”

-ဟု ပြောကြားလာ၏။ စုရီမှ အံ့သြသွားရသည်။ ဤကျောက်စိမ်းပြားတွင် ကြယ်ပျံလှေတည်နေရာ မှတ်တမ်းပါ၏။

ဤသို့ ပြန်လုယူပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားချေ။ သူမ၏ ဂရုတစိုက်ပြုမူပုံမှာ အမှန်ပင် လေးစားဖွယ်ကောင်းနေ၏။

“ ကျေးဇူးတင်ပါတယ်။ ”

စုရီမှ မငြင်းဆန်ဘဲ ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်သည်။

“ ဒါနဲ့ ... ချင်းကျန်းရဲ့စရိုက်အရဆို ဒါကိုလိုလိုလားလား ပေးအပ်မှာ မဟုတ်ဘူး ... ဘယ်လိုလုပ်လိုက်တာလဲ။ ”

“ ငွေနဲ့ ဝယ်လိုက်တာ။ ”

ထိုမေးခွန်းကြောင့် ဘေးတွင်ရပ်နေသော အမျိုးသားက ဝင်ရောက်ဖြေကြားပေးလာသည်။ ဤသည်မှာ ရိုးရှင်းသော်လည်း အလွန်ပင် ထိရောက်ပုံရချေပြီ။

အဆုံးတွင် စုရီသည် ထွက်ခွာရန် ပြင်လိုက်တော့၏။ မထွက်ခွာမီ အရှေ့ပင်လယ် သစ်ရိုင်းကျွန်းတွင် ပြန်လည်တွေ့ဆုံရန် ရှစ်နင်မှ ချိန်းဆိုမှုပြုလုပ်လာသည်။

ထိုကျွန်းတွင် ဝေလငါးမျိုးရိုးမှ လူတိုင်းနှင့်တွေ့ဆုံရန် ချိန်းဆိုထားပြီးဖြစ်၏။ ယင်းကြောင့် စုရီမှ ခေါင်းညိတ်လိုက်သည်။ စုရီ ထွက်သွားပြီးနောက် အစေခံအမျိုးသားက မျက်မှောင်ကြုတ်ကာ၊

“ မိန်းကလေးရှစ် ... ကျောက်စိမ်းပြားတစ်ခုအတွက်နဲ့ ချင်းကျန်းလို လူအပေါ် ကျေးဇူးကြွေးတင်ရတာ ထိုက်တန်ရဲ့လား။ ”

-ဟု မေးမြန်းလိုက်သည်။

“ ဒါကို ထိုက်တန်မှု ရှိ၊ မရှိ ... တွက်ဆနေရမယ့် အခြေအနေမျိုးမဟုတ်ဘူး တာအိုလီဟာ ငါ့ကြောင့် ချင်းကျန်းရဲ့ ပစ်မှတ်ထားတာ ခံခဲ့ရတာပါ။ ”

“ မိန်းလေးရှစ်က နဂါးနန်းတော်အပျက်အစီးတွေကို သွားတဲ့အခါ လီရွှမ်ကြွယ်ကို နဂါးဘာသားစကားအတွက် အသုံးချဖို့ ရည်ရွယ်နေတာလား။ ”

“ မင်း ... မျက်လုံးထဲမှာ ငါက အဲဒီလိုလူမျိုးလား။ ”

“ ဒီလက်အောက်ငယ်သားက မိုက်မဲပြီး ဘာမှမစဉ်းစားဘဲ ပြောမိတာပါ ... မိန်းကလေး စိတ်မဆိုးပါနဲ့။ ”

အစေခံ အမျိုးသားခမျာ ခန္ဓာကိုယ် တောင့်တင်းသွားပြီး ခေါင်းကိုအမြန်ငုံ့ချကာ တောင်းပန်တော့၏။

ရှစ်နင်မှ စကားမဆိုဘဲ မတ်တတ်ထရပ်လိုက်ကာ လှပသောမျက်နှာ၌ ကျက်သရေအလင်းများ ဖုံးလွှမ်းလျက်၊

“ နောက်တစ်ခါ ဒီလိုစကားမျိုး ငါ့ရှေ့မှာ ထပ်မပြောမိစေနဲ့။ ”

-ဟု ပြတ်သားစွာ သတိပေးလိုက်သည်။

“ နားလည်ပါပြီ။ ”

အစေခံအမျိုးသားတစ်ယောက် နဖူးမှ ချွေးစေးများ စီးကျလာသည်။ မိန်းကလေးသည် နူးညံ့ပြီး ဖော်ရွေသော်လည်း အမှန်တကယ်တွင် အလွန်မာနကြီး ပြတ်သားချေ၏။

သူမ ဒေါသထွက်လျှင် မျိုးနွယ်စု၏ အကြီးအကဲများပင် တုန်လှုပ်ရသည်။ သို့သော် သူ အံ့ဩနေဆဲပေပင်။

နဂါးဘာသာစကားကို နားလည်နေသည်မှတပါး အခြားထူးခြားချက် မည်သည်မျှ မရှိသော လူငယ်တစ်ဦးအပေါ် အဘယ့်ကြောင့် အလေးပေးနေသနည်း။

ညဉ့်အမှောင်သည် ကမ္ဘာကြီးကို တိတ်ဆိတ်နေစေသည်။ လမ်းမကြီးပေါ်တွင် ဖြည်းညှင်းစွာ လျှောက်လှမ်းလျက် စုရီက တည်းခိုခန်းဆီသို့ ပြန်လာခဲ့သည်။

“ တကယ်ပဲ အမျိုးသမီးတစ်ဦးရဲ့ အလိုလိုသိစိတ်သက်သက်လား ... မဟုတ်ဘူး ဒီအမျိုးသမီးက ငါ့ရဲ့ အထောက်အထားကို တစ်ခုခုမြင်နေတာ ဖြစ်နိုင်တယ် ...

... ဒါဆို သူမက ဘာလို့ မလှုပ်ရှားဘဲ စေတနာကောင်းတွေပဲ ပြနေရတာလဲ သူမကို တကယ်ပဲ နားလည်ရခက်နေတယ်။ ”

စုရီတစ်ယောက် လက်ထဲမှ ကျောက်စိမ်းပြားကို ပြန်ငုံ့ကြည့်ကာ တွေးတော နေမိသည်။

နတ်ဘုရားများသည် ဝင်စားခြင်း တာအိုအပေါ် တားမြစ်ထားပြီး လူဝင်စားခြင်းကို လုံးဝခွင့်မပြုကြချေ။ ထို့ကြောင့် ထိုနတ်ဘုရား သားတော်များသည် သူတို့ရှာနေသည့်လူသည် သူအဖြစ်သာ သိရှိသွားခဲ့သော်။

ထိုညတွင် လေလံပွဲသတင်းသည် အရပ်ရပ်သို့ပျံ့နှံ့သွားပြီး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့လေသည်။

ဝေလငါးဝိညာဉ်မျိုးနွယ်စုသည် နဂါးနန်းတော်အပျက်အစီးများကို စူးစမ်းရန် အတွက် စုစည်းနေကြောင်း သိရှိကုန်၏။

ထို့ကြောင့် လီရွှမ်ကြွယ်ဟူသော နဂါးဘာသာစကားကို နားလည်နေသည့် စုရီ သည်လည်း လူအများ၏ အာရုံစိုက်ရာ ဖြစ်လာနေခဲ့သည်။

တစ်ဖက်တွင် စုရီသည် ဤ‌အကြောင်းအရာများထံ လျစ်လျူရှုလျက် အရှေ့ပင်လယ်သို့ ထွက်ခွာရန်ပြင်ဆင်နေ၏။

နှစ်ရက်အကြာတွင် နဂါးနီသခင်ထံမှ သူမရောက်ရှိလာကြောင်း ဆက်သွယ်မှုတစ်ခုကို လက်ခံရရှိလာခဲ့သည်။

***

All Chapters