← Chapters

အခန်း ၁၃၁၀

Vol. 110 Ch. 1310

အခန်း ၁၃၁၀

Vol. 110 Ch. 1310

အခန်း ၁၃၁၀ -

ဟုတ်တယ် ... ငါပဲ။

ပြန့်ကျဲနေသော အလောင်းများကြားတွင် ပေသုံးသိန်းမျှမြင့်သော တောင်တန်းကြီးသည် နဂါးကြီးတစ်ကောင်အလား မြေပြင်တွင် ခမ်းနားထည်ဝါစွာ တည်ရှိနေ၏။

ထိုတောင်တန်းတစ်ခုလုံးသည် တစ်နှစ်ပတ်လုံးပေါက်ကွဲနေပြီး လှိုင်းဆန်သော အင်‌မော်တယ်တာအိုများ ဖုံးလွှမ်းနေသည်။

၎င်းတို့သည် အလွန်ထူထပ်စွာ ပြည့်နှက်လျက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် မတ်စောက်သောကမ်းပါးယံများကို ရေတံခွန်အလား ဖုံးလွှမ်းထား၏။

တစ်စုံတစ်ယောက်သည် တောင်ပေါ်သို့ တက်လာသည်နှင့်အမျှ ဥပဒေစည်းမျဉ်းများမှာ ပိုမိုအစွမ်းထက်လာမည်။

ဖျက်ဆီးခြင်းစွမ်းအားသည်လည်း ပိုမို ကြောက်စရာကောင်းလာမည်။ ကောလာဟလ အရ ဤအလောင်းများထံမှ တာအိုဥပဒေများမှာ တောင်တန်းအဖြစ် ဖြစ်တည်လာခြင်းဟု ပြောစမှတ်ပြုကြ၏။

အသက်မဲ့တောင်ထိပ်တွင် ရှိနေသော အင်မော်တယ်တာအို ဥပဒေစည်းမျဉ်းများသည် ထိုက်ကျင်းနယ်ပယ်ဟု ယူဆရသဖြင့် ၎င်းတို့၏ စွမ်းအားမှာ စိတ်ကူး၍ပင် မရနိုင်ချေ။

ထို့ကြောင့် ဤတောင်တန်းကြီးကို ဆိတ်သုဉ်းခြင်းတောင်ဟု ခေါ်တွင်လေသည်။ တောင်ခါးပန်းတစ်နေရာရှိ ပေတစ်ထောင်မျှ ကျယ်ဝန်းသော ရင်ပြင်ထက်တွင် အနက်ရောင် ကြာပန်းမီးအိမ်ကြီးတစ်လုံး လွင့်မျောနေသည်။

ထိုကြာပန်းရှိ ပွင့်ချပ်(၃၆)ချပ်စလုံးသည် ပွင့်အာနေပြီး ဝတ်ဆံကဲ့သို့သော အနက်ရောင် မီးလျှံများ တောက်လောင်နေ၏။

အင်မော်တယ် တာအိုဥပဒေ စည်းမျဉ်းများသည် တောင်စောင်းတစ်လျှောက် အဆက်မပြတ် စီးဆင်းလာနေပြီး ထိုကြာပန်း မီးအိမ်ထဲသို့ စီးဝင်ကုန်သည်။

ဤနည်းဖြင့် အနက်ရောင် မီးတောက်သည် ပို၍အရှိန်အဟုန်ပြင်းစွာ ‌တောက်လောင်လာ၏။ တစ်ဖက်တွင် မီးအိမ်အတွင်း၌လည်း ရောင်စုံ အလင်းလွှာတစ်ခု ဖြစ်ပေါ်လာနေသည်။

ဤသည်မှာ မဟာတာအို မူလစွမ်းအားများဖြစ်၏။ အနက်ရောင် မီးလျှံမှ အရှိန်အဟုန်ဖြင့် သန့်စင်ပေးထားခြင်းပေပင်။ ထိုလုပ်ငန်းစဉ်ကို အင်မော်တယ်ဘုရင်(၇)ပါးမှ ပူးပေါင်းဆောင်ရွက်နေ၏။

သူတို့ထဲတွင် အားအနည်းဆုံးသူပင်လျှင် အလယ်အလတ် အင်မော်တယ်ဘုရင်အဆင့်၌ ရှိနေပြီး အသန်မာဆုံးမှာ အထွတ်အထိပ် အင်မော်တယ်ဘုရင်ဖြစ်သည်။

သူတို့သည် ကွေနွားဝိညာဉ်မျိုးနွယ်မှ ဖြစ်ကြပြီး ဤဆိတ်သုဉ်းတောင်သို့ ရောက်ရှိ နေသည်မှာ တစ်လခန့်ရှိချေပြီ။

သူတို့နှင့် မလှမ်းမကမ်းတွင် ဆယ်ပေခန့်မြင့်မား သန်မာထွားကျိုင်းလှသော လူတစ်ယောက် ရပ်နေသည်။

သူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ထင်ရှားသောမုတ်ဆိတ်မွှေး ပါရှိလေသည်။

မျက်လုံးများသည် နေမင်းကဲ့သို့ တောက်ပနေကာ ထိုနေရာတွင် ပေါ့ပေါ့ပါးပါး ရပ်နေရုံမျှဖြင့်ပင် သူ့ထံမှ ထွက်ပေါ်လာသော ကျင့်ကြံမှုစွမ်းအားများသည် ပတ်ဝန်းကျင်မှ တာအိုဥပဒေစွမ်းအားများကို ဖိနှိပ်ထား၏။

ဤသည်မှာ ချူးယွင်ကျားဖြစ်သည်။ ချူးမိသားစုတွင် အချိန်ကြာမြင့်စွာတည်းကပင် ထိုက်ကျင်းနယ်ပယ်သို့ တက်ရောက်နိုင်သည့် ကျွမ်းကျင်သူတစ်ဦးဖြစ်၏။

ဓမ္မအဆုံးခေတ်တွင် ကောင်းကင်တာအိုမှ ပုန်းအောင်းနေရသဖြင့် သူ့အမည်ကိုလူတိုင်းက မေ့လျော့နေကြ၏။

ယခုအချိန်၌ ကောင်းကင်တာအို၏ ပြေလျော့မှုများကြောင့် ပုန်းအောင်းရာမှပြန်၍ ထွက်လာနိုင်ပြီဖြစ်သည်။

“ ငါသာ အဲဒီတုန်းက ကပ်ဘေးကြီးအတွင်းမှာ ဒဏ်ရာမရခဲ့ရင် ဒီတောင်ကိုတက်ပြီးတော့ တောင်ထိပ်မှာရှိတဲ့ ထိုက်ကျင်းဥပဒေတွေကို စုဆောင်းနိုင်မှာပဲ။ ”

ချူးယွင်ကျားမှ သက်ပြင်းချကာ ညည်းတွားလိုက်သည်။ ထိုစဉ် တာအိုဥပဒေများ သန့်စင်နေသော အင်မော်တယ်ဘုရင်များက မျက်ဝန်းများဖွင့်လာကြ၏။

“ အောင်မြင်ပြီ ... ။ ”

လေထုအလယ်ရှိ အနက်ရောင် ကြာပန်းမီးအိမ်အတွင်းရှိ တာအိုဥပဒေမူလ စွမ်းအင်များသည် ရုတ်တရက် ပုလဲတစ်လုံး အဖြစ် စုစည်းသွားတော့သည်။

ထိုပုလဲသည် ကြယ်တစ်စင်းကဲ့သို့ အံ့အားသင့်ဖွယ် တောက်ပကာ သိပ်သည်းဆ မြင့်မားလှ၏။

သူ့ပတ်ဝန်းကျင်တွင် ဆန်းပြားသော တာအိုတေးသံများနှင့်အတူ ဖရိုဖရဲစွမ်းအင်များ မြူအဖြစ် ရစ်သိုင်းလာသည်။

“ သန့်စင်သော တာအိုပုလဲ။ ”

ယင်းသည် အင်မော်တယ်ဘုရင်အဆင့် ဥပဒေများပေါင်းစပ် သန့်စင်ထားခြင်းဖြစ်၏။ ရှားပါးပြီး အဖိုးတန်သည်။ ထိုကဲ့သို့သော ရတနာမျိုးကို ပြင်ပကမ္ဘာတွင် မည်သည့် နေရာတွင်မျှ ရှာမတွေ့နိုင်ချေ။

အင်မော်တယ်ဘုရင်များသည် ၎င်းကို မြင်နိုင်သော် တပ်မက်စိတ်ဖြင့် ရူးသွပ်သွားနိုင် လေသည်။ ချူးယွင်ကျားကဲ့ ထိုက်ကျင်းအဆင့် အဖိုးကြီးများပင် သွေးဆောင်ခြင်းခံရနိုင်၏။

အဘယ်ကြောင့်ဆိုသော် ဤရတနာသည် အလွန်ရှားပါးပြီး ထိရောက်သောအကျိုးကျေးဇူး ပေးနိုင်သောကြောင့်ပေပင်။

“ မြန်မြန်သိမ်းလိုက် ... ခဏနားမယ်။ ”

ချူးယွင်ကျားမှ အမိန့်ပေးလိုက်သည်။ အင်မော်တယ်ဘုရင်ခုနစ်ပါးက တာအိုပုလဲနှင့် အနက်ရောင်ကြာမီးအိမ်ကို သိမ်းဆည်းလိုက်ပြီး ခွန်အားများ ပြန်၍ရယူရန် တရားထိုင်တော့၏။

ချူးယွင်ကျားကဲ့သို့ ထိုက်ကျင်းအဆင့် အဖိုးကြီးတစ်ဦးမှ ကာကွယ်ပေးခြင်းကြောင့်သာ သူတို့ဤတောင်ခါးပန်းသို့ တက်နိုင်ခြင်း ဖြစ်လေသည်။

ပေါက်ကွဲစီးကျနေသော တာအိုဥပဒေ စည်းမျဉ်းများသည် အလွန်ကြောက်စရာကောင်း လှသဖြင့် သာမန်အင်မော်တယ်ဘုရင်များ၏ ခန္ဓာကိုယ်ကို အလွယ်တကူ စုတ်ဖြဲနိုင်၏။

ဝိညာဉ်သည်ပင် ပြန့်ကျဲသွားနိုင်သည်။ နှစ်ပေါင်းများစွာအတွင်း ထိုကဲ့သို့ ရက်စက်စွာ သေဆုံးသွားသည့် အင်မော်တယ်ဘုရင် များစွာ ရှိခဲ့ဖူး၏။

“ အခု ငါတို့မှာ သုံးလုံးရှိပြီ ... နောက်ထပ် ခြောက်လုံးရရင် ထွက်သွားလို့ရပြီ။ ”

ချူးယွင်ကျားမှ ပြောကြားလေသည်။ ဤတာအိုပုလဲများသည် ကွေ့နွားမျိုးနွယ်စု၏ အထွတ်အထိပ် အင်မော်တယ်ဘုရင်များကို အုတ်မြစ်များ သန့်စင်နိုင်စေမည်။

တာအိုပုလဲတစ်လုံးတည်းဖြင့် မျိုးနွယ်စုရှိသူတော်စင်အင်မော်တယ် တစ်ပါးကို အင်မော်တယ်ဘုရင်အဆင့် အလွယ်တကူ ရရှိစေနိုင်မည်။

သို့သော် သန့်ရှင်းသောသားတော် ချူးပိုင်တျန်သည် ကောင်းကင်နတ်ဆိုးတောင် အမဲလိုက်ပွဲတွင် ပျောက်ကွယ်သွားခဲ့သည်မှာ နှမြောစရာပေပင်။

မဟုတ်သော် ဤတာအို ပုလဲများကို သန့်စင်စေလျက် မျိုးဆက်သစ်လူငယ်များကြား ပြိုက်ဘက်ကင်းတစ်ယောက် ဖြစ်လာစေမည်။

ထိုအတွေးက သူ့ရင်ထဲ ဒေါသများ တောက်လောင်လာစေသည်။ ချူးပိုင်တျန်၏ အသက်မီးအိမ်သည် မငြိမ်းသေးသဖြင့် သက်ရှိ ထင်ရှားရှိနေကြောင်း ပြောနိုင်၏။

အများစု၏ အမြင်တွင် စုရီသည် ဤအမှုကိုကျူးလွန်ခဲ့ကြောင်း ထင်ကြေးပေးကြ လေသည်။

ဆိုလိုသည်မှာ ချူးပိုင်တျန် ပျောက်ဆုံးနေမှုတွင် စုရီပတ်သက်နေသည်။ ထိုစဉ်က စုရီသည် လူတိုင်းအပေါ် အနိုင်ယူကာ မျိုးဆက်ဟောင်းအချို့ကို သတ်ဖြတ်ခဲ့၏။

ယင်းကြောင့် ချူးပိုင်းတျန်ကို တစ်စုံတစ်ရာ ပြုလုပ်ခဲ့ကြောင် ဖြစ်နိုင်ချေ အများဆုံးပေပင်။ များမကြာခင် အင်မော်တယ်ဘုရင်များ နိုးထလာသည်။

“ အကြီးအကဲချူးယွင် ... ။ ”

လူတိုင်းက ချူးယွင်ကျားကို ဦးညွှတ်လာ၏။ ချူးယွင်ကျားမှ ခေါင်းညိတ်ပြကာ၊

“ စုရီ သတင်းဘာရသေးလဲ ... ။ ”

-ဟု သတိတရ မေးလိုက်သည်။ အင်‌မော်တယ်ဘုရင်တစ်ပါးမှ လှမ်းတက်ကာ၊

“ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကင်းထောက်တွေဆီကနေ သတင်းရပါတယ် အဲဒီစုရီဟာ အရှေ့ပင်လယ်ကို ရောက်လာနေပါပြီ ...

... သူ့ကို ဂိုဏ်းကြီးတွေအားလုံးက အမဲလိုက်ဖို့ပြင်ဆင်နေပါတယ် ဒီတစ်ခါတော့ သူ ဘယ်လိုမှ လွတ်လမ်းမရှိတော့ပါဘူး။ ”

-ဟု ဖြေကြားလိုက်သည်။

“ သန့်ရှင်းသောသားတော်ကို ... တစ်နေရာရာမှာ ဒီကောင် ထောင်ခြောက်ဆင် ပိတ်ထားခဲ့တာဖြစ်မယ် သူ့ကို အလွတ်ပေးလို့ မရဘူး။ ”

ချူးယွင်ကျားက သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကိုဖုံးကွယ်ခြင်းမရှိဘဲ အေးစက်စွာ ပြောကြားလိုက်သည်။

“ ဟား ဟား ဟား ... ။ ”

ထိုစဉ် ရုတ်တရက် လှောင်ပြောင် ရယ်မောသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ယင်းသည် အဖြူဝတ်အမျိုးသားတစ်ယောက်နှင့် အနီရောင်ဝတ် အမျိုးသမီးတစ်ယောက်ဖြစ်၏။

ချူးယွမ်ကျားနှင့် အခြားသော အင်မော်တယ်ဘုရင်များ အားလုံး သူတို့နှစ်ဦးထံ လှည့်ကြည့်လိုက်ကြသည်။

“ မင်းဘာလို့ ရယ်တာလဲ။ ”

ချူးယွင်ကျား၏ အကြည့်များသည် ကြောက်မက်ဖွယ်ကောင်းသော ဓားတစ်လက် ကဲ့သို့ စုရီထံကျရောက်သွား၏။

ပြင်းထန်သော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များသည်လည်း အင်‌မော်တယ် ဘုရင် ခုနစ်ပါးထံမှ ထွက်ပေါ်လာသည်။

“ မင်းရဲ့ လက်တွေ့မကျတဲ့ စကားတွေအတွက် ငါရယ်တာ။ ”

စုရီက တောင်ပေါ်သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းသွားပြီး ပြန်ဖြေ၏။ တစ်စုံတစ်ဦး အတင်းအကျပ် တက်ရောက်လာသဖြင့် တာအို ဥပဒေစည်းများများက စုရီထံ ချက်ချင်း ပြိုကျသွားသည်။

သို့သော် သူတို့မကျရောက်ပြီ စုရီ၏ပုံရိပ်သည် မူလနေရာမှ ပျောက်ကွယ်ကာ ခြေတစ်လှမ်း ရှေ့တိုးသွား၏။

ဤနည်းဖြင့် တာအိုစဉ်းမျဉ်းများသည် သူ့ကိုထိမှန်ခြင်းမရှိဘဲ ပျောက်ကွယ်သွားသည်။ ပန်းခြံထဲ လမ်းလျှောက်နေသလိုပေပင်။

နဂါးနီသခင်မှာမူ လိုက်ပါလာခြင်း မရှိဘဲ တောင်ခြေ၌ကျန်ရစ်၏။ ချူးယွင်ကျားတစ်ယောက် မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ဤသည်မှာ အံ့အားသင့်ဖွယ်ကောင်းသော ရွေ့လျားမှုနည်းစနစ်ဖြစ်၏။ လေဟာနယ်အပေါ် အတားအဆီးမရှိ ရွေ့လျားနေခြင်ပေပင်။ ရေနက်ထဲမှ ငါးတစ်ကောင်အလားဖြစ်၏။

“ ဒီကောင်က ထူးဆန်းတယ် သတိထား။ ”

ချူးယွင်ကျားက အခြားသူများထံ နတ်အာရုံနှင့်ဆက်သွယ်ကာ သတိပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် စုရီထံ စိုက်ကြည့်ကာ၊

“ကောင်လေး ... မင်းက ငါတို့ကို ရန်လိုနေပုံပဲ ဘာလို့လဲ။ ”

-ဟု မေးမြန်းလိုက်သည်။

သူသည် ထိုက်ကျင်းအဆင့်ဖြစ်ပြီး အနားတွင် အင်မော်တယ်ဘုရင်ခုနစ်ပါးသည်ပင် ရှိနေသည်။ ယခုမူတစ်ဖက်လူသည် ဂရုမစိုက်ဘဲ ရန်လိုမှုကို ပြသနေ၏။

ထို့ကြောင့် သံသယဝင်သည်မှာ သဘာဝပေပင်။ အင်‌မော်တယ်ဘုရင်များသည် ချက်ချင်း အသင့်အနေအထားဖြင့် စုရီအပေါ် စောင့်ကြည့်လာ၏။

“ ဘာလို့ ငါက ရန်လိုနေတာလဲဆိုတော့ မင်းက ငါ့ကို အသရေဖျက်နေလို့ပဲ။ ”

“ ငါတို့က မင်းကို အသရေဖျက်တယ် ဟုတ်လား ... အဲဒါ ဘာကို ဆိုလိုတာလဲ။ ”

စုရီက ပြန်မဖြေဘြ သူ့လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ သတိလစ်နေသောချူးပိုင်တန် ပေါ်လာသည်။

“ သန့်ရှင်းသော သားတော်။ ”

အင်မော်တယ်ဘုရင် တစ်ယောက်မှ အံ့အားသင့်စွာ အော်ဟစ်လျက် အခြားသူများမှာ မျက်နှာပျက်သွားကြသည်။

“ သူ မသေသေးဘူး ... ပြီးတော့ ငါကထောင်ခြောက်ဆင် ဖမ်းဆီးပစ်ခဲ့တာမျိုး မဟုတ်ဘူး တစ်ခုပဲ သူထွက်မပြေးအောင် ပြေးလမ်းကိုတော့ ပိတ်ဆို့ထားရတယ် ...

... ဒါဆို မင်းတို့ရဲ့ သန့်ရှင်းသော သားတော်ကို ထောင်ခြောက်ဆင်ပိတ်ဆို့တယ် ဆိုတာ အသရေဖျက်တာမဟုတ်လို့ဘာလဲ။ ”

“ ဒါဆို မင်းကစုရီပဲ ... ။ ”

ချူးယွမ်ကျားက နောက်ဆုံးတွင် အခြေအနေကို သဘောပေါက်သွားလေသည်။ သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များမှာ လုံးဝ ထိန်းမနိုင်သိမ်းမရ မြင့်တက်လာ၏။

“ ဟုတ်တယ် ... ငါပဲ ... ။”

စုရီမှ ဖြေကြားလိုက်သည်။ သူသည် ပြောင်ပြောင်တင်းတင်း ထွက်ပေါ်လာရုံသာမက ထိုက်ကျင်းအဆင့် ကျွမ်းကျင်သူတစ်ယောက် ရှေ့၌ပင် မေးခွန်းထုတ်နေ၏။

မောက်မာလွန်းပြီး မာနကြီးသည်။ သေရမည်ကိုအမှန် မကြောက်တတ်သည်လော။ သို့မဟုတ် ရူးသွပ်နေသည်လော။

***

All Chapters