← Chapters

အခန်း ၁၃၁၁

Vol. 110 Ch. 1311

အခန်း ၁၃၁၁

Vol. 110 Ch. 1311

အခန်း ၁၃၁၁ -

တိုက်ပွဲ … ။

တစ်ဖက်တွင် နဂါးနီသခင်သည် မျက်လုံးများထဲတွင် ထူးဆန်းသော အမူအရာ ဖြစ်ပေါ်လာသည်။

ဧကရာဇ်သခင်သည် သူ့အမည် ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြင့် မည်သူ့ကိုမျှ အသက်ရှင်လျက် ထွက်ခွာခွင့်ပေးမည် မဟုတ်ကြောင်း ပြောနိုင်၏။

“ ဟားဟားဟား ... ။ ”

ချူးယွင်ကျားက ရုတ်တရက် အေးစက်စွာရယ်မောလိုက်ပြီး၊

“ ဒီတောင်ကို ဝူရှန်းတောင်လို့ ခေါ်တယ်၊ ဆိတ်သုဉ်းခြင်းလို့ အဓိပ္ပါယ်ရပြီး ဆိတ်သုဉ်းခြင်း ဆိုတာ သက်ရှိမရှိခြင်းပဲ မင်းရောက်လာတာက သေမင်းထံ ချဉ်းကပ်တာနဲ့ မခြားပါဘူး။ ”

-ဟု ပြောကြားလေသည်။

စကားဆုံးသည်နှင့် ချူးယွင်ကျားက ဦးစွာတိုက်ခိုက်လာ၏။ တောက်ပလွန်းလှသော ငွေရောင်ပေါင်တူကြီးသည် လေဟာနယ်ကို ခွဲဖြတ်လျက် ကျဆင်းသွားသည်။

ယင်းသည် ထိုက်ဝူအဆင့် ရတနာတစ်ပါးဖြစ်သဖြင့် တစ်ချက်တည်းနှင့်ပင် ဝူရှန်းတောင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့၏။

“ ဝှစ် ... ။ ”

သို့သော် စုရီပုံရိပ်မှာမူ မူလနေရာမှ ချက်ချင်းပျောက်ကွယ်သွားပြီး တိုက်ခိုက်မှု ရှောင်တိမ်းသွားသည်။

ထိုမြင်ကွင်းကြောင့် ချူးယွင်ကျားခမျာ မျက်နှာပျက်သွားသည်။ သူ၏ နတ်အာရုံဖြင့်ပင် စုရီ၏ အရိပ်အယောင်ကို ရှာမတွေ့တော့ချေ။

ယင်းက တိုက်ပွဲအတွေ့အကြုံ များပြားလှသော သူ့လိုလူကိုပင် ကြီးစွာသော သတိပေးသံများ ကြားလာရစေသည်။

“ ဝူး ... ။”

ငွေရောင်ပေါင်တူကို ပတ်ပတ်လည် ဝှေ့ယမ်းလျက် မိုးကြိုးမုန်တိုင်းများပြည့်နေသည့် တာအိုအာကာသတစ်ခု ဖန်တီးကာ သူ့အပေါ် ဖုံးလွှမ်းပစ်လိုက်သည်။

သို့သော် ထိုအချိန်တွင် သွေးပျက်ဖွယ် တုန်လှုပ်ခြောက်ခြားနေသော အော်သံတစ်သံ ထွက်ပေါ်လာ၏။

“ ဘန်း ... ။ ”

ဤသည်မှာ အင်မော်တယ်ဘုရင်တစ်ပါး ခန္ဓာကိုယ်ကြီး ရုတ်တရက် ပေါက်ကွဲသွားခဲ့ကာ သွေးမြူအဖြစ် ပြောင်းလဲသွားခြင်းပေပင်။

ထိုဖြစ်စဉ်သည် လျင်မြန်ပြီး တိတ်ဆိတ်လွန်းလှသဖြင့် အခြားအင်မော်တယ် ဘုရင်များခမျာ တုန်လှုပ်သွားကုန်သည်။

အဆိုးဆုံးမှာ သူတို့အားလုံးသည် စုရီကို နတ်အာရုံဖြင့် ဖမ်း၍မရသေးခြင်းဖြစ်လေသည်။ လူတိုင်း၏ ကျောရိုးများ အေးစက်လာကာ ကြောက်ရွံ့မှုများ ဝင်ရောက်လာ၏။

ယင်းသည် တည်နေရာ ရွေ့ပြောင်းနေခြင်းထက် သာ၍ကြောက်စရာ ကောင်းလေသည်။ အာကာသတာအိုစွမ်းအား အတက်အကျပင် မရှိသည့် ရွေ့လျားမှုပေပင်။

“ ပြန့်ကားလိုက် ... ။ ”

ချူးယွင်ကျားက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ မိုးကြိုးမုန်တိုင်းတာအို အာကာသကို ကျယ်ပြန့်စေလိုက်သည်။

တောင်ခါးပန်းတစ်ခုလုံးဖုံးအုပ်၍ ကျန်ရှိသောအင်မော်တယ်ဘုရင် ခြောက်ပါးပေါ် လွှမ်းခြုံကာကွယ်လိုက်၏။ သို့သော် စုရီကိုမူ သူသည်လည်း ရှာမတွေ့သေးချေ။

သံသယများဖြင့် ပတ်ဝန်းကျင်ထံ ဝေ့ဝဲရှာဖွေနေစဉ် ဝူရှန်းတောင်၏ တာအိုဥပဒေ စည်းများများက သူ့မိုးကြိုးမုန်တိုင်းတာအို အာကာသအပေါ် ကျဆင်းလာ၏။

“ ဟမ့် ... မင်းတို့အားလုံး ငရဲကြာပန်း ဝိညာဉ်စွမ်းအင်စုဆောင်းရေး မီးအိမ်တော်ကို အတူတကွ အသက်သွင်းပြီး ငါနဲ့အတူ ဆုတ်ခွာပါ ... ပြီးရင် အဲဒီတောင်ခြေက အမျိုးသမီးကို ဓားစာခံအဖြစ် ဖမ်းမယ်။ ”

“ နားလည်ပါပြီ ... ။ ”

အင်မော်တယ်ဘုရင်များ အားလုံးက သဘောတူလိုက်သည်။ သို့သော် ထိုအချိန်တွင် ဓားအလင်းတစ်လက် တာအိုအာကာသထံ ကျဆင်းထိမှန်သွားတော့၏။

“ ဝုန်း ... ။ ”

ဓားချက်၏ လွှမ်းမိုးနိုင်စွမ်းကြောင့် တာအိုအာကာသတစ်ခုလုံး ပြင်းစွာတုန်ခါလျက် ချူးယွင်ကျားခန္ဓာကိုယ်ကြီးခမျာ ယိမ်းထိုး မောဟိုက်သွားလေသည်။

ထိုက်ဝူအဆင့် တာအိုအာကာသသည် ဓားတစ်ချက်တည်းဖြင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။ ကြောက်စရာပေပင်။

“ ရွှပ် ... ရွှပ် ... ။ ”

သူ တုံ့ပြန်မှုမပြုနိုင်မီမှာပင် ဓားအလင်းများသည် နတ်သက်တံကြီးများကဲ့သို့ တစ်ခုပြီးတစ်ခု အဆက်မပြတ် ကျဆင်းလာ၏။

“ ဘန်း ... ဘန်း ... ။ ”

ဓားချက်တိုင်းသည် အင်‌မော်တယ်ဘုရင်များကို စိတ်ပျက်အားငယ် စေလောက်အောင် အစွမ်းထက်လှ၏။

“ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ... သူတော်စင်အင်မော်တယ်တစ်ပါးက ထိုက်ဝူ အဆင့် ကျွမ်းကျင်သူကို တကယ်ပဲ ဖိအားပေးနိုင်တာလား။ ”

အင်မော်တယ်ဘုရင်တစ်ပါးက ထိတ်လန့်တကြား အော်ဟစ်လာလေသည်။ အခြားသော အင်‌မော်တယ်ဘုရင်များသည် အရပ်မျက်နှာအသီးသီးမှ ဝင်လာသော ဓားချက်များထံ စူးစမ်းလျက်၊

“ စုရီ ... မင်းမှာ သတ္တိရှိရင် ထွက်လာခဲ့ လိပ်တစ်ကောင်လို ဘာလို့ ပုန်းနေတာလဲ။ ”

-ဟု အံကြိတ်ကာ အော်ဟစ် စိန်ခေါ်လိုက်ကြသည်။ သူတို့၏ မျက်နှာများမှာ ဖြူဖျော့လျက် သတ်ဖြတ်လိုသော ဆန္ဒများကို တာအိုအာကာသနှင့် ပေါင်းစပ်လိုက်၏။

“ မြန်မြန် ... ဒီနေရာကနေ အရင်ဆုတ်ကြရအောင်။ ”

ချူးယွင်ကျားခမျာ အခြေအနေ ဆိုးရွားလှသဖြင့် စိုးရိမ်တကြီးဆုတ်ခွာရန် ကြိုးစားတော့သည်။

စုရီ၏ ဓားချက်များသည် အာကာပြင်ကို ခွဲလျက်ကျဆင်းခြင်းဖြစ်၏။ တာအိုအာကာသ ထုတ်ဖော်ထားလျှင်ပင် ခြေရာမခံနိုင်ခဲ့ချေ။

သည့်ပြင် ဝူရှန်းတောင်ထံမှ ဥပဒေစည်းမျဉ်းများသည်လည်း ရေတံခွန်အား သူ့တာအိုအာကာသကို ဖိနှိမ်နေချေ၏။

စစ်မျက်နှာနှစ်ဖက်ဖြင့် ကြုံနေရသည်။ ယင်းကြောင့် ဒေါသထွက်လာကာ အဆုံးတွင် နဂါးနီသခင်ထံ စိုက်ကြည့်လိုက်၏။

“မင်းတို့အားလုံး တာအို ဝိညာဉ်စွမ်းအင်စုဆောင်းရေး မီးအိမ်ကိုသုံးပြီး ငါ့အတွက် ခဏလောက် အချိန်ဆွဲထားပါ ငါ ဒီကောင်မလေးကို သတ်မယ်။ ”

စကားဆုံးသည်နှင့် ချူးယွင်ကျားမှ တောင်အောက်သို့ ပြေးဆင်းသွားလေသည်။ သူထွက်သွားသည်နှင့် တာအိုအာကာသသည် ပူဖောင်းတစ်ခုကဲ့သို့ ကွဲကြေသွားတော့၏။

“ ဘောင်း ... ။ ”

“ မြန်မြန် ... ။ ”

ကျန်ရှိနေသော အင်မော်တယ်ဘုရင် ခြောက်ပါးသည် ငရဲကြာပန်း ဝိညာဉ်စွမ်းအင် စုဆောင်းရေး မီးအိမ်ကို အသက်သွင်းကာ ခုခံရန် ကြိုးစားလိုက်ရသည်။

ထိုအချိန်တွင် ချူးယွင်ကျားသည် ထိုက်ဝူအဆင့် ကျင့်ကြံမှုဖြင့် မိုးကြိုးမုန်တိုင်း တစ်စင်းကဲ့သို့ တောင်ခြေရှိ နဂါးနီသခင်ထံ ရောက်ရှိလာတော့၏။

“ သေလိုက်တော့ ... ။ ”

ချူးယွင်ကျားမှ လက်ဖဝါးဖြင့် ရိုက်ချလိုက်ရာ အာကာသဟင်းလင်းပြင်ကြီး ကွဲအက်သွားလေသည်။ ထိုလက်ဖဝါးချက်၏ ပြင်းထန်မှုကို မြင်ချိန်၌ နဂါးနီသခင်ခမျာ ထိတ်လန့်သွားရ၏။

သူမသည် အမည်ခံထိုက်ကျင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော်ငြားလည်း ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပေပင်။

သို့သော် ထိုစက္ကန့်ပိုင်းအတွင်းမှာပင် ဓားအလင်းလှိုင်းတစ်ခုသည် သူမရှ့မှောက်သို့ ရုတ်တရက် ရောက်ရှိလာ၏။

“ ဟမ့် ... ။ ”

ချူးယွင်ကျားမှ မျှော်လင့်ထားပြီး ဖြစ်သောကြောင့် ပြုံးလိုက်သည်။ ထိုအချိန်တွင် နားကွဲမတတ် ကျယ်လောင်သော တိုက်မိသံကြီး ပဲ့တင်ထပ်လာကာ အကြွင်းအကျန်လှိုင်းများ အရပ်ရပ်သို့ ပြန့်ကားသွား၏။

“ ဘုန်း ... ။ ”

ရလာဒ်အနေဖြင့် လက်ဖဝါးချက်မှာ ပေါက်ကွဲမှုအတွင်း အစိတ်စိတ်အမွှာမွှာ ကွဲကြေ သွားရတော့သည်။ ယင်းသည် ချူးယွင်ကျားမှ မမျှော်လင့်ထားသော အကျိုးဆက်ဖြစ်၏။

သူတော်စင်အင်မော်တယ်တစ်ပါးမှ သူ့ခွန်အားအပြည့်တိုက်ခိုက်မှုအပေါ် ဟန့်တား နိုင်နေသည်မှာ မယုံနိုင်စရာပေပင်။

အံ့ဩတုန်လှုပ်စရာကောင်းချေ၏။ တစ်ဖက်လူသည် ကောလာဟလများထက် ပို၍ ကြောက်စရာ ကောင်းနေတော့သည်။

“ ချွင် ... ။ ”

ထိုစဉ် နောက်ကျောမှ ဓားမြည်သံတစ်သံ ပဲ့တင်ထပ်လာသဖြင့် ပြန်လှည့်မကြည့်တော့ဘဲ နဂါးနီသခင်ကိုသာ အသေသတ်ရန် ဦးတည် လိုက်၏။

All Chapters