← Chapters

အခန်း ၁၃၁၃

Vol. 110 Ch. 1313

အခန်း ၁၃၁၃

Vol. 110 Ch. 1313

အခန်း ၁၃၁၃ -

အင်မော်တယ်ဘုရင်အဆင့် ကပ်ဘေး။

ဝူရှန်းတောင်၏ တောင်တစ်ဝက်ခန့်တွင် နဂါးနီသည် တစ်လှမ်းချင်း တက်လှမ်းနေသည်။ ခြေလှမ်းတိုင်းသည် တောင်ကြီးတစ်လုံးကို ထမ်းထားရသကဲ့သို့ နှေးကွေးလေးလံ၏။

တောင်တန်းကြီးပေါ်ရှိ အင်မော်တယ်ဥပဒေများသည် သူမအပေါ် လေးလံစွာ ကျဆင်းနေခြင်းဖြစ်သည်။

တောင်ထိပ်နှင့် ပေတစ်ထောင်အကွာ၌ စုရီကိုမြင်လိုက်ရသောအခါ သူမနှလုံးသားထဲ ဖော်ပြ၍မရသော တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

စုရီသည် သူတော်စင်အင်မော်တယ် အထွတ်အထိပ် အဆင့်မျှသာ ဖြစ်၏။ သူမသည် အမည်ခံ ထိုက်ကျင်းနယ်ပယ်၏ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိထားသည်။

သို့သော် ဤစုရီ၏ ခြေဖျားကိုပင် မမြင်ရတော့ချေ။ တောင်ခါးပန်းတစ်နေရာသို့ ရောက်ရန်ပင် အသက်လုရုန်းကန်နေရ၏။

ဤကွာခြားချက်သည် များပြား ထင်ရှားလွန်းသည်။ သို့သော် တစ်ဖက်၌လည်း ယင်းသည် သာမန်ဖြစ်၏။ ဤကမ္ဘာကြီးတွင် ဧကရာဇ်သခင်သည် တစ်ပါးတည်းသာရှိသည်။

ထိုက်ကျင်းနယ်ပယ်ကို အင်‌မော်တယ်ဧကရာဇ်အဖြစ်လည်း ခေါ်ဆိုကြ လေသည်။ သမိုင်းတလျှောက် ထိုအဆင့်ကို အုပ်စိုးနိုင်ရန် ဝမ်ယဲ့တစ်ဦးတည်းသာ အရည်အချင်းပြည့်မီ၏။

နောက်ထပ် ဆယ်ရက်ခန့် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ဤအချိန်အတောအတွင်း ကမ္ဘာတစ်သောင်သစ်ပင်မှာ ထင်ရှားသော ပြောင်းလဲမှုများ ကြုံတွေ့ခဲ့ရ၏။

၎င်းသည် ဆယ်ပေကျော်ခန့် မြင့်တက်လာပြီး အကိုင်းအခက်များ ကျစ်လျစ် နူးညံ့ကာ အဝါရောင်အရွက်သစ်များ ပေါက်ရောက်လာသည်။

သစ်ပင်ထံမှ ရေတံခွန်ကဲ့သို့ စီးဆင်းနေသောစွမ်းအင်များ ပေါ်လာနေသည်။ ယနေ့တွင် ကမ္ဘာတစ်သောင်းသစ်ပင်သည် ပြည့်ဝသွားပြီဖြစ်ရာ စုရီအိတ်ထဲပြန်၍ ဆုတ်ခွာလာလေသည်။

လက်ရှိအရည်အချင်းအရ စုရီသည် ပေ(၃)သောင်းအတွင်း မည်သည့်နေရာ၌မဆို ပေါ်ထွက်လာနိုင်မည်ဖြစ်၏။

ကမ္ဘာတစ်သောင်းသစ်ပင်၏ အထူးအရည်အချင်းသည် အာကာသကိုချိုးဖြတ် နိုင်ခြင်းပေပင်။

ဥပမာအားဖြင့် ထိုက်ကျင့်နယ်ပယ် ကျွမ်းကျင်သူပင် မဖြတ်သန်းနိုင်သော တားမြစ် နယ်မြေများ သို့မဟုတ် ကမ္ဘာများကို အလွယ်တကူ ဖြတ်ကျော်သွားနိုင်၏။

ပို၍ ထူးခြားသည်မှာ တိုင်ဟဲအဆင့် ကျွမ်းကျင်သူတစ်ဦးက တာအိုအာကာသကိုပင် ဖောက်ထွက်နိုင်သည်။

ထိုက်ရွှမ်အဆင့် ကျွမ်းကျင်သူသာလျှင် ထိုအဆင့်တာအိုအာကာသကို ချိုးဖျက်နိုင်သော နည်းလမ်းရှိပေမည်။ စုရီမှာမူ ကံကောင်း ထောက်မစွာဖြင့် ထိုအမှုကို ပြုနိုင်၏။

ယင်းကြောင့်ပင် ရှေးဦးခေတ်နှင့် ယနေ့ခေတ်အထိ ကြီးကျယ်ခမ်းနားလွန်းသော နတ်ဘုရားသစ်ပင် ခြောက်ပါးအဆင့်ဝင်အဖြစ် ဂုဏ်သတင်းကြီးနေခြင်းဖြစ်သည်။

တစ်ဖက်တွင် ဆေးမီးဖိုသည်လည်း ခရမ်းရောင်ကျောက်စိမ်းကဲ့သို့ ဝင်းပလာပြီး ၎င်း မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးဆန်းပြားသော တာအိုအမှတ်အသားများ ပေါ်လာ၏။

မီးဖိုမှထွက်ပေါ်လာသော ရောင်ဝါသည် ပတ်ဝန်းကျင်ရှိ တာအိုဥပဒေစည်းမျဉ်းများကို ဖိနှိပ်ထားနိုင်သည်။

ကောင်းကင်ဆန္ဒဆေးမီးဖိုသည် ဉာဏ်ရည်အချို့ပိုင်ဆိုင်လာသဖြင့် ရိုသေမှုများ နေရာတွင် မာနထောင်လွှားသော စရိုက်အမှန် ပေါ်လာခဲ့တော့၏။

“ ငါ့ရဲ့ မူလစွမ်းအား (၄၀)ရာခိုင်နှုန်း ပြန်ရနေပြီ ... ဒီကမ္ဘာကြီးရဲ့အင်မော်တယ်ဘုရင် အဆင့် ရတနာတွေကို ငါချေမှုန်းပစ်နိုင်တယ် ထိုက်ဝူအဆင့် ရတနာတွေနဲ့တောင် ပခုံးချင်းယှဉ်နိုင်နေပြီ ... ။ ”

ဤသည်မှာ အလွန် ဂုဏ်ယူဝင့်ကြွားသော ဝါကျတစ်ကြောင်းဖြစ်ပြီး လုံးဝိုင်းနေသည့်အိုး ကိုယ်ထည်ကိုပင် ယိမ်းနွဲ့ပြနေသည်။

ထို့ကြောင့် စုရီမှ လက်ညှိုးဖြင့် ပုတ်လိုက်ကာ သတိပေးလိုက်သဖြင့် ဆေးမီးဖို ခမျာ နောက်သို့ လွင့်ပျံသွားရသည်။

“ မင်း ဘာလုပ်တာလဲ။ ”

ဆေးမီးဖိုမှ စာကြောင်းတစ်ကြောင်း ရေးပြလာသည်။ စုရီက လျစ်လျူရှုလျက်ဖြင့်၊

“ ရိုင်းပျတဲ့ကလေးတွေကို ရိုက်နှက်ဆုံးမရတယ် ဒီပုံစံထက်စာရင် မင်းရဲ့ အရင်ပုံစံကိုပဲ ငါသဘောကျတယ် မင်းရဲ့ ကံကြမ္မာကို မင်းနားလည်နေရမယ်။ ”

-ဟု ဖြေကြားလိုက်သည်။

ကောင်းကင်ဆန္ဒမီးဖိုခမျာ ချက်ချင်း စကားမပြောနိုင်တော့ဘဲ အချိန်အတော်ကြာပင် တိတ်ဆိတ်သွား၏။ ထို့နောက် စာသားအသစ် တစ်ကြောင်း ထွက်ပေါ်လာခဲ့သည်။

“ သခင်လေး ... ကျေးဇူးပြုပြီး ... စိတ်မဆိုးပါနဲ့ ဒါမောက်မာနေတာမဟုတ်ပါဘူး ငါ့ရဲ့မူလပုံစံဆိုတာ သေချာပေါက်ပြောရဲပါတယ် အဲဒီတုန်းက ငါ့ကို ဆေးဧကရာဇ်ရဲ့ ရတနာမို့ လူတိုင်းကလေးစားကြတာ သဘာဝပါပဲ။ ”

“ ကောင်းပြီ ... မင်း ဘယ်လိုစရိုက်ပဲရှိရှိ ငါဂရုမစိုက်ဘူး ဒါပေမဲ့ ငါ့ဘေးမှာ ရှိနေသရွေ့ မင်းတစ်ခုပဲ လုပ်ရမယ်။ ”

“ ‌ကျေးဇူးပြုပြီး ညွှန်ကြားပါ သခင်။ ”

“ နာခံမှုရှိပါ ... ။ ”

“ ဟုတ်ကဲ့ နားလည်ပါပြီ။ ”

“ ဒါဆို ငါ့ဓားကို နည်းနည်းပြုပြင်ပေးဦး။ ”

စုရီက သေမျိုးဓားကို ဆေးမီးဖိုထဲ ပစ်ထည့်လိုက်သည်။ ယနေ့အထိ ကောင်းကင် ဆန္ဒဆေးမီးဖိုမှ တာအိုပုလဲကိုးလုံးကို သန့်စင်ပေးထား၏။

ယင်းသည် သူ့အတွက် အဆင့်ချိုးဖြတ် ပြီး‌နောက် တာအိုအုတ်မြစ်ကို တည်ဆောက်ရန် အတွက် လုံလောက်သော ပမာဏ ဖြစ်သည်။

“ အချိန်ကျပြီ ... ။ ”

စုရီမှ ရေရွတ်လိုက်သည်။

ထိုအချိန်တွင် ဝူရှန်းတောင်ပေါ် တက်နေသောနဂါးနီသည် အရေပြားများစုပ်ပြဲ နာကျင်နေသော်လည်း နှလုံးသားထဲတွင်မူ ဖော်ပြ၍မရသော ဝမ်းမြောက်မှုခံစားလာရ၏။

ဆယ်ရက်ကျော်ကုန်လွန်ချိန်တွင် သူ့အတွက်ထိုက်ကျင်းနယ်ပယ် တက်ရောက်ရန် အခွင့်အရေးကြီး ရရှိလာပြီဖြစ်သည်။

“ ဟမ့် ... ။ ”

ရုတ်တရက် နဂါးနီ၏ နှလုံးသား တုန်ခါသွားပြီး သူမ၏ ရွှေရောင်မျက်လုံးများက ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။

တားမြစ်ထားသော ကပ်ဘေးတစ်ခု၏ ဖော်ပြ၍မရသော ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုသည် တိတ်တဆိတ် ပေါ်ထွက်လာ၏။

ထိုအရှိန်အဝါကြောင့် သူမနှလုံးသားသည် ရေခဲဂူထဲသို့ ပြုတ်ကျသွားပြီး အေးစက်သွားကာ အသက်ရှူကြပ်လာခဲ့သည်။

“ ဒါ ... ငါ့ရဲ့ ထိုက်ကျင်းနယ်ပယ် ကပ်ဘေးကြီးလား ... ဒါပေမဲ့ ဘာလို့ ဒီလောက် ကြောက်စရာ ကောင်းနေရတာလဲ ... ။ ”

သူမ၏ လှပသော မျက်နှာမှာ ဖြူဖျော့သွားသည်။ ဤသည်သာ သူမအတွက် ကပ်ဘေးဖြစ်သော် လုံးဝသေပေမည်။ သို့သော် ရုတ်တရက် သတိရလာကာ တောင်ထိပ်ပေါ် မော့ကြည့်လိုက်၏။

တောင်ထိပ်ပေါ်တွင် တာအိုဥပဒေများသည် လန့်ဖျပ်သွားကြသည့်အလား တောင်တန်းထဲသို့ ဝင်ရောက် ပျောက်ကွယ်ကုန်သည်။

တောင်တန်းတဝိုက် ရစ်သိုင်းနေသော အနက်ရောင် အငွေ့အသက်များစွာသည်လည်း လုံးဝရှင်းလင်းနေ၏။ တောင်ခြေရှိ မြေပြင်ပင် လုံးဝကြည်လင်ရှင်းလင်းနေချေပြီ။

သို့မှသာ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးသည် တောင်များနှင့်မြစ်များပါရှိသည့် ဧရာမကျွန်းကြီး တစ်ကျွမ်းဖြစ်နေကြောင်း တွေ့ရှိလိုက်ရ၏။

ထိုကျွန်းကြီး မြေပြင်တွင် မိုးကုပ်စက်ဝိုင်းအတွင်း တိုးဝင်ပျောက်ကွယ်နေ ခဲ့သည့် အက်ကွဲကြောင်းကြီးတစ်ခု ရှိနေသည်။

အနက်ရောင်မြူများသည် ထိုအက်ကွဲကြောင်းအတွင်း တိုးဝင်ပုန်းကွယ် နေခြင်းဖြစ်၏။

အက်ကွဲကြောင်းအတွင်း အနက်ရောင်မြူများ ပြည့်သိပ်နေပြီး မျက်ဝန်း တစ်ဖက်က ပြင်ပသို့ချောင်းကြည့်လာသည်။

“ မကြည့်နဲ့ ... ထိုက်ရွှမ်အဆင့် ပညာရှင်တောင် အဲဒီငရဲတွင်းကို မစူးစမ်းဝံ့ဘူး။ ”

စုရီမှ သတိပေးလိုက်သည်။ သို့မှသာ နဂါးနီကသတိဝင်လာပြီး သူမ၏နတ်အာရုံကို ချက်ချင်း ရုတ်သိမ်းလိုက်တော့၏။

“ ဒီငရဲတွင်းထဲက သတ္တဝါတွေကို စူးစမ်းလိုတဲ့အခါ ... သူတို့ရဲ့ ပစ်မှတ်ထားခံရရင် မင်းရဲ့စိတ်တည်ငြိမ်မှု ပျက်ပြားသွားလိမ့်မယ် အဆိုးဆုံးအနေနဲ့ အသက်ပါ ဆုံးရှုံးရလိမ့်မယ်။ ”

“ စီနီယာ ဒီကပ်ဘေးက ... ။ ”

“ ဟုတ်တယ် ငါ့အတွက်ပဲ ဒါကြောင့် ငရဲတွင်းပွင့်လာပြီး သူတို့က ငါ့ကိုစူးစမ်းကြတာ။ ”

စုရီမှ ခေါင်းညိတ်ပြလိုက်သည်။ နဂါးနီတစ်ယောက် ဆွံ့အသွားရသည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တားမြစ် စွမ်းအားများသည် အင်မော်တယ်ဘုရင် တစ်ပါးအတွက်ပင်လော။

ယင်းသည် ထိုက်ကျင်းနယ်ပယ်၏ ကပ်ဘေးများထက်ပင် အဆပေါင်းများစွာ ပို၍ ကြောက်စရာကောင်းနေသည်။

“ တကယ်ပဲ ဧကရာဇ်သခင်က နာမည်နဲ့ထိုက်တန်ပါပေတယ် ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ ကပ်ဘေးကို ရင်ဆိုင် နေရတာတောင် တည်ငြိမ်နေတုန်းပဲ။ ”

နဂါးနီမှ တိုးတိုးလေး ညည်းတွား လိုက်လေသည်။ ထိုအချိန်တွင် ကောင်းကင်၌ မိုးကြိုးမိုးတိမ်များ စုရုံးနေကာ ဧရိယာတစ်ခုလုံး ကပ်ဘေးစွမ်းအားများ ဖုံးလွှမ်းလာ၏။

ဤတားမြစ်ကပ်ဘေးကြောင့်ပင် တာအိုဥပဒေများ၊ မြူများနှင့် အလောင်းကောင် များသည်ပင် ဘေးကင်းရာသို့ အလျင်အမြန် ပုန်းအောင်းသွားကြတော့သည်။

“ ချွင် ... ။ ”

“ ဟိတ် ... ။ ”

ရုတ်တရက် ကျယ်လောင်ပြီး ထက်ရှလှသောဓားမြည်သံ ထွက်ပေါ်လာသည်။ တစ်ဆက်တည်းမှာပင် ဓားတစ်လက်အလား စုရီပုံရိပ်သည် ကောင်းကင်ပေါ် ထိုးတက်သွားတော့၏။

ထိုစဉ် ကောင်းကင်ကြီးသည် တရွေ့ရွေ့ပွင့်လာပြီး ထူးခြားဆန်းပြားသော မြင်ကွင်းအချို့ ထွက်ပေါ်လာချေပြီ။

လျင်မြန်စွာစီးဆင်းနေသော မြစ်ကြီးတစ်စင်းအထက်တွင် ကျောပေးကာ ရပ်နေကြသည့် ပုံရိပ်များသည် တစ်စုံတစ်ရာကို သတိပြုမိပြီး ချက်ချင်းလှည့်ကြည့်လာ၏။

***

All Chapters