← Chapters

အခန်း ၁၃၁၇

Vol. 110 Ch. 1317

အခန်း ၁၃၁၇

Vol. 110 Ch. 1317

အခန်း ၁၃၁၇ -

ဒါ အင်မော်တယ်ဘုရင်တစ်ပါးလား။

သို့သော်လူတိုင်းကို အံ့အားသင့် သွားစေသည်မှာ အဘွားအို၏ ပြင်းထန်လှသော တိုက်ခိုက်မှုကြီးသည် လေထဲတွင် လွဲချော်သွားခြင်းပေပပင်။

စုရီပုံရိပ်သည် အရေးသောအချိန်တွင် ထူးဆန်းစွာ ပျောက်ကွယ်သွားသည်။ အဘွားအို တစ်ယောက် နှလုံးခုန်သံများ မြန်ဆန်သွားပြီး ထိတ်လန့်သွားတော့၏။

သူမ၏ တိုက်ခိုက်မှုစွမ်းအားသည် ထိုလေဟာနယ်တစ်ခုလုံးကို လှောင်အိမ်ကြီး တစ်လုံးကဲ့သို့ လွှမ်းခြုံထားခဲ့သည်။

ထိုက်ဝူအဆင့် ပညာရှင်တစ်ဦးပင် လွတ်မြောက်ရန် အခွင့်အရေး မရှိသင့်ချေ။ ယခုမူ လုံးဝ လွတ်မြောက်သွား၏။

တာအိုလှောင်အိမ်ကြီးသည် လေဟာနယ်အတွင်း ဗလာအဖြစ်ကျန်ရစ်နေ တော့သည်။ ထူးဆန်းလွန်းချေပြီ။

“ ဟမ့် ... ။ ”

“ ဝှစ် ... ။ ”

ချက်ချင်းပင် အဘွားအို၏ ကျောရိုးတစ်လျှောက် အေးစက်လာပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ ခန္ဓာကိုယ်ကို လျင်မြန်စွာ လှည့်ကာ လက်ဖဝါးဖြင့် ပြန်လည် ရိုက်ချပစ်လိုက်သည်။

ပေတစ်သောင်းပတ်လည်ရှိ ဟင်းလင်းပြင်သည် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့သည်။

အနီးနားရှိ ပင်လယ်ရေပြင်သည် ပေသုံးထောင်ခန့် နက်ရှိုင်းစွာ နိမ့်ဆင်းသွားပြီး ပြင်းထန်သော လှိုင်းလုံးကြီးများ အရပ်မျက်နှာ အသီးသီးထံ ရေမြားများအလား ပြန့်ကားကုန်၏။

အဘွားအိုခမျာ ပိုမို မျက်မှောင်ကြုတ် သွားသည်။ အဘယ့်ကြောင့်ဆိုသော် ပြိုင်ဘက် ရောင်ဝါကိုပင် မဖမ်းမိခဲ့ချေ။

“ ထွက်လာစမ်း ... ။ ”

ဒေါသတကြီး အော်ဟစ်လျက် လက်နှစ်ဖက်ဖြင့် တံဆိပ်တစ်ခုကို ချက်ချင်း ပြုလုပ်လိုက်သည်။

“ ခရစ် ... ။ ”

လေဟာနယ်သည် ဧရာမလက်ကြီး တစ်ဖက်ဖြင့် ညှစ်ခြေခြင်း ခံလိုက်ရသကဲ့သို့ လုံးဝပျက်စီးကုန်၏။

ဤမြင်ကွင်းသည် နတ်ဘုရား မီးတောက်ဂိုဏ်းမှ အင်‌မော်တယ်ဘုရင်များ ကိုပင် တုန်လှုပ်ခြောက်ခြားသွားစေသည်။

ထိုစဉ် အဘွားအို၏ ဦးခေါင်းအထက် လေဟာနယ်တွင် ထက်ရှတိတ်ဆိတ်လှသော အလင်းတန်းတစ်စ တိုးညှင်းစွာ ရုတ်တရက် ပေါ်ထွက်လာ၏။

“ မိပြီ ... ။ ”

အဘွားအိုက တည်ငြိမ်စွာဖြင့် သူမ၏ တြိဂံပုံမျက်လုံးများကို နတ်ဘုရားအလင်းများ တောက်ပစေလျက် လက်ကို အထက်သို့ ပင့်မြှောက်ကာ ရိုက်ချလိုက်သည်။

“ ဘုန်း ... ။ ”

ရုတ်တရက် ပေါ်လာသော ထိုထက်ရှနေသည့် အလင်းတန်းများသည် ချက်ချင်းကွဲအက်သွားခဲ့၏။

သို့သော် တစ်ပြိုင်နက်တည်းမှာပင် ပင်လယ်ကြမ်းပြင်အောက်မှ စုရီ၏ပုံရိပ်သည် ရေပြင်ကိုခွဲလျက် သူမထံ သတ်ရန် တိုးဝင်လာတော့သည်။

“ မကောင်းတော့ဘူး။ ”

အဘွားအို မျက်နှာအမူအရာသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

သူမ လှည့်စားခံလိုက်ရ၏။ စုရီကို ကောင်းကင်ယံထက်တွင် ပုန်းကွယ်နေသည်ဟု ထင်မှတ်ခဲ့သော်လည်း ပင်လယ်ကြမ်းပြင်တွင် ပုန်အောင်းနေချေပြီ။

အသက်တရှိုက်စာအတွင်း စုရီ၏ လက်သီးချက်များ သူမထံ ကျရောက်လာခဲ့၏။ ကောင်းကင်နှင့်မြေကြီးကြား ဖျက်ဆီခြင်း စွမ်းအင်များ ပြည့်နှက်လာသည်။

ထိုအရေးကြီးသောအချိန်၌ အဘွားအို၏ လည်ပင်းတွင် ဆွဲထားသော အရိုးဖြူပုတီးသည် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာ‌တော့၏။

သူမခန္ဓာကိုယ်တဝိုက် ဆန်းကြယ်သော အကာအကွယ် စက်ဝန်းကြီးတစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။

“ ဘုန်း ... ။ ”

သို့သော် စုရီ၏ လက်သီးချက် ကျရောက်သွားသည့်အခါ ထိုအကာအကွယ် စက်ဝန်းသည် ပြင်းစွာတုန်ခါပြီး ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ပေါ်လာခဲ့၏။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”

အဘွားအို၏ မျက်လုံးများ မယုံနိုင်စွာ ပြူးကျယ်သွားသည်။ ဤသည်မှာအင်မော်တယ် ဘုရင်တစ်ပါး၏ စွမ်းအားလော။ ထိုက်ဝူအဆင့် ကျွမ်းကျင်သူ တစ်ယောက်ထက်ပင် ပိုပြီး ကြောက်စရာကောင်းနေချေပြီ။

အရိုးဖြူပုတီးသည် ထိပ်တန်းအဆင့် ထိုက်ဝူရတနာဖြစ်ပြီး ၎င်းမှထုတ်လွှတ်ခဲ့သော အကာအကွယ်စွမ်းအားအလွှာမှာ ထိုက်ဝူအဆင့် ကျွမ်းကျင်သူတစ်ဦး၏ အပြည့်အဝ တိုက်ခိုက်မှု အပေါ် ခုခံနိုင်စွမ်းရှိ၏။

သို့သော် ယခုအခါတွင်မူ ပြိုင်ဘက်၏ သာမန်လက်သီးချက် တစ်ချက်တည်းဖြင့်ပင် ကွဲအက်လုနီးပါး ဖြစ်သွားခဲ့ရလေသည်။

“ လာဦးမယ် ... ။ ”

စုရီက အဖွားအိုကို အသက်ရှူချိန် မပေးလိုသဖြင့် လက်သီးချက်များ ဆက်တိုက် ပစ်ခတ်လိုက်သည်။

ယင်းသည် ကနဦး အထွတ်အထိပ် အင်‌မော်တယ်ဘုရင်တစ်ပါး၏ စွမ်းအားများနှင့် ဥပဒေစည်းမျဉ်းများ ပါဝင်နေ၏။

ဤကဲ့သို့ မြန်ဆန်ပြီး ပြင်းထန်လှသော တိုက်ခိုက်မှုများအောက်တွင် အဘွားအိုသည် ခုခံကာကွယ်ရေးအလွှာကို လက်လွှတ် လိုက်ရတော့သည်။

အဆုံးတွင် အဘွားအိုသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဝှက်ဖဲများဆက်တိုက် ထုတ်ဖော်ကာ တုန့်ပြန်လာရ၏။

သို့တိုင် နောက်သို့ ယိုင်လဲသွားပြီး လုံးဝ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ဒဏ်ရာများစွာ ရရှိလျက် ဆံပင်များရှုပ်ပွကာ အသက်ဘေးကို ရင်ဆိုင်လာရ၏။

အဘွားအိုတစ်ယောက် စိတ်ထဲမှ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်ချင်လာသည်။ ဤသည်မှာ အင်‌မော်တယ်ဘုရင်တစ်ပါးမှ နားလည်ထားသော တာအိုပင်လော။

သူမသည် ထိုက်ဟဲအဆင့် ကျင့်ကြံမှုကိုပိုင်ဆိုင်ထားကာ အလွန်သန်မာသူ ဖြစ်လေသည်။ သူမကျင့်ကြံမှုကို ထိုက်ဝူအဆင့် အထိ ဖိနှိပ်ထားသော်လည်း အဆင့်တူပြိုင်ဘက် အပေါ် သုတ်သင်နိုင်စွမ်း ရှိနေသေး၏။

ယခုမူ စုရီလက်တွင် ရက်စက်စွာ ရိုက်နှက်ခံနေရသည်။ လုံးဝ အဓိပ္ပါယ်မရှိချေ။ ခံပြင်းမှုနှင့် မယုံနိုင်မှုများ ဝင်ရောက်လာ၏။

“ ဒါ ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ... ။ ”

နတ်မီးတောက်ဂိုဏ်းမှ အင်မော်တယ် ဘုရင်များလည်းအံ့အားသင့်လျက် စကားများစွာ မပြောနိုင်ကြတော့ချေ။

လက်ရှိ အင်မော်တယ်မြေတွင် မည်သည့်အင်‌မော်တယ်ဘုရင်မှ ဤမျှစွာသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားမျိုးကို ပြသနိုင်မည်မဟုတ်ကြောင်း ပြောနိုင်၏။

လှိုင်းလုံးကြီးများသည် ပင်လယ်ရေမျက်နှာပြင်အနှံ့ ပြန့်ကာနေကာ တဝုန်းဝုန်းမြည်ကြွေးနေသည်။

လက်သီးချက်များသည် ဗုံတစ်လုံးကို ရိုက်ခတ်နေသည့်အလား ဝုန်းဒိုင်းကျဲကျရောက် နေခဲ့ပြီး အဘွားအိုထံမှ သွေးများ အကြိမ်ကြိမ် အန်ထုတ်နေရစေသည်။

သူမ၏ အဆင့်မြင့် ဝှက်ဖဲများကို အသုံးပြုနေသော်လည်း စုရီ၏ပြင်းထန်လှသော တိုက်ခိုက်မှုများထံ မယှဉ်နိုင်ခဲ့ချေ။

ပုတီးကိုသာ အားကိုးလျက် မနည်း ခုခံနေရသည်။ အခြားတစ်ဖက်တွင်မူ စုရီ၏ အရှိန်အဝါသည် သက်တံကဲ့သို့ ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားပြီး၊ လက်သီးချက်တိုင်း တောက်ပသော ဓားစွမ်းအင်များဖြာကျနေ၏။

စုရီသည် သူတော်စင်အင်မော်တယ် အဆင့်ဖြင့် ချူးယွင်ကျားကဲ့သို့ ထိုက်ဝူအဆင့် မြင့်မြတ်သူကို သတ်ဖြတ်နိုင်ခဲ့သည်။ ယခုအခါ အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဆိုဖွယ်မရှိတော့ချေ။ ထိုက်ဟဲအဆင့်မှ မြင့်မြတ်သူတစ်ဦးကိုပင် ယှဉ်ပြိုင်နိုင်၏။

ဤအဘွားအိုသည် လက်ရှိတွင် ထိုက်ဝူအဆင့်တွင်သာ ရှိသော်လည်း သူမ၏ ခွန်အားမှာ ချူးယွင်ကျားထက်အဆများစွာ သာလွန်နေသည်။

ထို့ကြောင့် ယခုအချိန်ထိ တောင့်ခံနိုင်ခြင်းဖြစ်၏။ ချင်းကျန်းတစ်ယောက် မျက်နှာနီရဲလာကာ၊

“ မင်းတို့အားလုံး အတူတူ ပူးပေါင်းပြီး တိုက်ကြစမ်း။ ”

-ဟု ဒေါသတကြီး အမိန့်ပေးသည်။

နတ်မီးတောက်ဂိုဏ်းမှ အင်မော်တယ် ဘုရင်များသည် အချင်းချင်း ပြန်လှည့်ကြည့်ကာ တိုက်ပွဲအတွင်း ပြေးဝင်သွားတော့သည်။

“ သေချင်နေတဲ့ ပိုးဖလံလေးတွေပဲ။ ”

ထိုမြင်ကွင်းကြောင့် စုရီမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ဝတ်ရုံအင်္ကျီလက်ကို ဝှေ့ယမ်းလိုက်တော့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်သည် လှိုင်းအဖြစ်ပျံ့နှံ့သွားတော့၏။ ဆောင်းဦးလေပြင်းများ တိုက်ခတ်မှုကြောင့် ကြွေရွက်ခြောက်များ လွင့်စင်ကုန်သလိုပင်။

လေထုအလယ် သွေးညှီရနံ့များ သင်းထုန်လာပြီး သွေးမြူများအဖြစ် လူတိုင်း ပြောင်းလဲကုန်တော့၏။

မြင်ကွင်းသည် အမှန်ပင် ပိုးဖလံများကို လောင်မြိုက်သွားသော မီးတောက်များအလား ရက်စက်ကြီးစိုးလွန်းသည်။ တစ်ဖက်တွင် ချင်းကျန်းသည် လုံးဝဂရုမစိုက်ခဲ့ချေ။

ဤအင်မော်တယ် ဘုရင်များသည် အခြားလူများအတွက် မြင့်မြတ်သူများအဖြစ် ရှုမြင်နိုင်သော်လည်း သူ့အမြင်၌ အစေခံများသာ ဖြစ်လေသည်။

ထိုသူများ သေဆုံးသွားခြင်းသည် သာမန်ဖြစ်ချေ၏။ တစ်ဖက်တွင် ထိုသူများ၏ သေဆုံးမှုသည် အချည်းနှီးမဖြစ်ခဲ့ချေ။ သူတို့၏ နှောင့်ယှက်မှုကြောင့် အဘွားအိုသည် အသက်ရှူချိန် ခဏရသွား၏။

ယင်းကြောင့် လျင်မြန်စွာဖြင့် ချင်းကျန်းဘေးသို့ ပြန်လည် ဆုတ်ခွာလာကာ၊

“ သခင်လေး ... ဒီကောင်လေးက တစ်ခုခုမှားနေတယ်။ ”

-ဟု တုန်ရီသောအသံဖြင့် တိုးတိုးလေး ပြောကြားလိုက်သည်။

သူမခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ရရှိထားပြီး ဆံပင်များဖရိုဖရဲဖြင့် မျက်နှာပြင် တစ်ခုလုံး ရောင်ရမ်းညိုမဲနေ၏။ လွန်စွာ စိတ်ပျက်အားငယ်နေချေပြီ။

ထိုမြင်ကွင်းကြောင့် စုရီသည် ဆက်မလိုက်ခဲ့ဘဲ အဝေးမှနေ၍ မထီမဲ့မြင် အပြုံးဖြင့်၊

“ ထွက်ပြေးတော့မို့လား ။ ”

- ဟု မေးမြန်းလိုက်သည်။

“ မကြောက်နဲ့ ... ဒါက ဒီလောက်တော့ ခြိမ်းခြောက်မှု မရှိသေးပါဘူး။ ”

ချင်းကျန်းမျက်နှာ မှိုင်းညို့သွားသည်။ သူသည် ရှစ်နင်ဘေးမှ သာမန်အစေခံတစ်ဦးက ဤမျှကြောက်မက်ဖွယ်ရာ ခွန်အားမျိုး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“ မင်းအတွက် ခြိမ်းခြောက်မှု မဟုတ်သေးဘူးလား ... ဒါဆိုဘာလို့ အဲဒီမှာ ရပ်နေသေးတာလဲ။ ”

စုရီမှ လှောင်ပြုံးများဖြင့် ချင်းကျန်းထံ ချက်ချင်းပြေးဝင်လိုက်တော့သည်။ ချင်းကျန်း တစ်ယောက် ဒေါသတကြီး ဖြစ်သွား၏။

သို့သော် သူ့ခွန်အားကို ထုတ်ဖော်ရန် တွန့်ဆုတ်နေသည်။ ယနေ့အင်မော်တယ်မြေသို့ ဆင်းသက်လာရသည့် အကြောင်းရင်းသည် နတ်ဘုရားလမ်းကို တက်လှမ်းရန်ပေပင်။

သူ့ကျင့်ကြံမှု အစစ်အမှန်ကို ထုတ်ဖော်ပြသလိုက်ပါက နတ်ဘုရားဒုက္ခထံ ဖိတ်ခေါ်ရာရောက်ပေမည်။

“ ထွက်သွား ... ။ ”

“ ဝုန်း ... ။ ”

ချင်းကျန်းမှ လက်ကို မြှောက်လိုက်သည်။ သွေးနီရောင် သင်္ကေတတစ်ခုသည် လေထုထဲ၌ ပေါက်ကွဲသွားပြီး တားမြစ်စွမ်းအားအဖြစ် ပြောင်းလဲလာ၏။

“ ဝှစ် ... ။ ”

စုရီက ၎င်းကိုထိပ်တိုက်မရင်ဆိုင်ဘဲ ကမ္ဘာတစ်သောင်းသစ်ပင်စွမ်းအားဖြင့် ချက်ချင်း ရှောင်တိမ်းလိုက်လေသည်။

သူ့တိုက်ခိုက်မှု လွဲချော်သွားသည်ကို မြင်လိုက်ရသောအခါ ချင်းကျန်းတစ်ယောက် မျက်မှောင်ကြုတ်လိုက်၏။

အဘွားအိုနှင့် တိုက်ပွဲဖြစ်စဉ်က ဤစုရီသည်နေရာအမျိုးမျိုးတွင် တိတ်တဆိတ် ပြန်ပေါ်လာနိုင်စွမ်းရှိခဲ့သည်။

ထို့ကြောင့် နတ်ဘုရားတံဆိပ်၏ အာကာပြင်ပိတ်လှောင်ခြင်း တာအိုဥပဒေကို အသုံးပြုကာ တုန့်ပြန်လိုက်ခြင်းဖြစ်၏။

သို့သော်လည်း ရလာဒ်မှာ မထူးခြားချေ။ ထိုစုရီသည် ခြေရာမကျန်အောင် ပျောက်ကွယ် သွားပြန်သည်။

“ ခုခံထား ... ။ ”

အဖွားအိုမှ ရပ်ကြည့်မနေအားတော့ဘဲ အရိုးဖြူပုတီးအသက်သွင်းကာ ချင်းကျန်းအပေါ် ဖုံးအုပ်ကာကွယ်ပေးလိုက်၏။

“ ဝှစ် ... ။ ”

ထိုစဉ် စုရီပုံရိပ်သည် မလှမ်းမကမ်းတွင် ရုတ်တရက် ပေါ်လာပြီး လက်သီးချက်တစ်ချက် ပြင်းထန်စွာ ပစ်သွင်းလာချေပြီ။

“ ဘုန်း ... ။ ”

ရလာဒ်အနေဖြင့် အဖွားအိုသည် နာကျင်စွာအော်ဟစ်ကာ အဝေးသို့ လွင့်စဉ် သွားတော့သည်။

“ လူယုတ်မာ ... ။ ”

ချင်းကျန်းမှ မုန်းတီးမှုများဖြင့် အံကြိတ်လိုက်ကာ ဒေါသတကြီး အမိန့်ပေး လိုက်တော့သည်။

“ ကျင့်ကြံမှုကို အခု ဖိနှိပ်မထားနဲ့တော့ သူ့ကိုသတ်ပစ်စမ်း ... ငါသူ့ကိုအရှင်လတ်လတ် အရေခွံခွာပစ်မယ်။ ”

“ နားလည်ပါပြီ။ ”

အဘွားအိုသည်လည်း ဒေါသကြောင့် ရူးသွပ်လုနီးပါးဖြစ်နေရာ အမိန့်ရသည်နှင့် သူမ ကျောတွင်သယ်ဆောင်လာသော မီးခိုးရောင် အဝတ်အိတ်ကို ဖယ်ရှားပစ်လိုက်သည်။

“ ခရစ် ... ။ ”

တံဆိပ်တစ်ခု ကျိုးပျက်သွားသကဲ့သို့ သူမ၏ကျင့်ကြံမှုသည် တဟုန်ထိုးမြင့်တက်ကာ ထိုက်ဟဲရောင်ဝါများ ပြသလာခဲ့၏။

ကြောက်မက်ဖွယ်ကောင်းသော ထိုရောင်စွမ်းအားများကြောင့် ပင်လယ်ပြင်သည် ပွက်ပွက်ဆူလာပြီး ပေကိုးသောင်းပတ်လည်၌ ပြင်းထန်စွာ တုန်ခါလာချေပြီ။

ကောင်းကင်ကြီးသည်ပင် ချက်ချင်း ပြိုကျတော့မည့်အလား ခံစားလာရတော့သည်။ အဘွားအို၏ဒဏ်ရာများမှာ ပြန်ကောင်းမွန်ကာ လုံးဝခြားနားသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွား၏။

တစ်ဖက်တွင် စုရီသည် သူ့ခွန်အားကို ထိုက်ဟဲအဆင့် ပြိုင်ဘက်နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်ဟု ယူဆထားခဲ့သည်။

သို့သော် ယခု အဖွားအိုကို မြုင်လိုက်ရချိန်တွင် လုံးဝ မသေချာတော့ချေ။ ချင်းကျန်းက ဒေါသထွက်လာပြီး၊

“ မြန်မြန် သူ့ကို သတ်လိုက်။ ”

-ဟု အော်ဟစ်လိုက်သည်။

“ ဟိတ် ... ။ ”

အဘွားအိုက လေထဲခုန်တက်ကာ စုရီထံဦးတည်သော လက်ဖဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

လက်ဖဝါးသည် တစ်ချက်တည်း ဖြစ်သော်လည်း ကောင်းကင်မှ ဆင်းသက်သော ဓားတစ်စင်းအလား တောက်ပသော ငွေရောင် အလင်းတန်းများ ဖြာထွက်လာနေ၏။

ထိုလက်ဖဝါးထဲ၌ ထိုက်ဟဲအဆင့် ဥပဒေစည်းမျဉ်းများသည် ရေတံခွန်ကြီးကဲ့သို့ စီးဆင်းလိုက်ပါလာသည်။

ယခင်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ကြိမ်ပြသနေသော အဖွားအို၏ စွမ်းအားသည် နှစ်ဆပိုပြင်းထန်သည်။

ဤသည်မှာ ထိုက်ဝူအဆင့်ကို ကျော်လွန်သောဥပဒေများ၏ သက်ရောက်မှု စွမ်းအားဖြစ်ချေ၏။

***

All Chapters