← Chapters

အရှင်တိမ်စိတ်ဝိညာဉ် နာခံခြင်း

Vol. 93 Ch. 1274

အရှင်တိမ်စိတ်ဝိညာဉ် နာခံခြင်း

Vol. 93 Ch. 1274

ဝမ်လင်းသည် စဉ်းစားနေလျက် တောင်အပြင်ဘက်သို့ ခြေလှမ်းထွက်သည်။ တောင်အထက်ရှိ အက်ကြောင်းသည်လည်း အလင်းများနှင့်အတူ ပျောက်ကွယ်သွားခဲ့လေပြီ။ ခုနစ်ရောင်စုံနယ်မြေက တဖန် ပြန်မှောင်မိုက်သွားတော့သည်။

သူ့ရှေ့ရှိ အမှောင်ထုကို ကြည့်ကာ ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်သည်။ သူက ထွက်ခွာရန် ပြင်လိုက်စဉ် ရုတ်တရက် မင်သက်သွားပြီး အောက်ဘက်ရှိ တောင်ကြားတစ်ခုထံ ငုံ့ကြည့်လိုက်သည်။

“ထွက်လာပြီး ငါ့ကို လာတွေ့…” ဝမ်လင်း၏အသံက တည်ငြိမ်၏။ သို့သော် မငြင်းဆန်နိုင်သည့် လွှမ်းမိုးနိုင်စွမ်း ပါဝင်သည်။

သူ့အသံက အေးစက်စက်လေအလား တောင်ကြားထဲတွင် ပဲ့တင်ထပ်သွားသည်။ ခုနစ်ရောင်စုံနယ်မြေတစ်ခုလုံးသည်ပင် တုန်ခါသွား၏။ ၎င်းအသံက လောကဥပဒေသတစ်ခုကဲ့သို့ပင်။ ထိုအသံကိုကြားမိသူတိုင်း၏ စိတ်မှာ တုန်လှုပ်သွားပေလိမ့်မည်။

ထိုတောင်ကြားအတွင်း၌ အရှင်တိမ်စိတ်ဝိညာဉ် ထိုင်နေ၏။ သူက တောင်ထိပ်ရှိအလင်းပျောက်ကွယ်သွားကာ ဝမ်လင်း ပြန်ရောက်လာခဲ့ချိန်ကတည်းက အသိဝင်နေခဲ့ပေပြီ။ ထို့အတူ သူသည် အလွန်အမင်းကြောက်ရွှံ့မှုကိုလည်း ခံစားမိ၏။

သူက လွန်ခဲ့သောနှစ်တစ်ရာက ထိုလူ ပြန်ရောက်ရှိလာခဲ့ပြီဟု ခပ်ရေးရေး ခန့်မှန်းနိုင်သည်။

လွန်ခဲ့သောနှစ်တစ်ရာက ထိုလူ့အပေါ် သူ့သတ်ဖြတ်ချင်စိတ်မှာလည်း အချိန်နှင့်အမျှ ပျောက်ကွယ်သွားခဲ့ပေပြီ။ သူက ချီတုံချတုံ ဖြစ်နေစဉ် သူ့စဉ်စားဉာဏ်ပါ လွတ်ကင်းသွားစေလုသည့် အော်ရာတစ်ခုကို ခံစားမိလိုက်သည်။ တစ်ချိန်တည်းမှာပင် ဝမ်လင်း၏အေးစက်စက်စကားလုံးများက သူ့ခန္ဓာကိုယ်ပေါ်သို့ အဘက်ဘက်ကနေ ခြေမွလာပြီး သူ့မူလစိတ်ဝိညာဉ်ထံ တိုက်ရိုက် ကျရောက်သွားသည်။

သူ့မျက်နှာမှာ ဖြူရောသွားလေ၏။ သူ့ဘေးပတ်လည်တွင် ခပ်ဖျော့ဖျော့အပြာရောင်မီးတောက်တစ်ခုက သူ့အား လောင်ကျွမ်းသကဲ့သို့ ပေါ်လာသည်။ မိုးကြိုးကလည်း ထိုမီးတောက်အနှံ့ ပျံ့နှံ့ပါရှိကာ သူ့ခန္ဓာကိုယ်ကို ထုံထိုင်းစေသည်။

သူ့ကို ပို၍ တုန်လှုပ်မိစေသည်က သူ့စိတ်နှလုံးအတွင်းမှ ရူးသွပ်ဖွယ်တိုက်ပွဲစိတ်ဆန္ဒပင်။ သူသာ ထိုတိုက်ပွဲဆန္ဒကို ပေါက်ကွဲပစ်ပါက အဆင်ပြေပေဦးမည်။ သို့သော် မက သူ့ခန္ဓာကိုယ်အတွင်း၌သာ ပိတ်မိနေသည်။ ထိုတိုက်ပွဲဆန္ဒက သူ့မူလစိတ်ဝိညာဉ်ကို လောင်ကျွမ်းစေ၏။ထိုအခါ ပြင်းထန်သောနာကျင်မှုကြောင့် သူသည် ငြီးငြူလိုက်ရပေသည်။

သူ့ကို ပို၍ ကြောက်လန့်စေသည်က သူသာ ခုချက်ခြင်း မထွက်လာပါက တစ်ဖက်လူသည် သူ့ကို သတ်ပစ်ဖို့အတွက် အတွေးတစ်ချက်သာ လိုသည်ဟု ခံစားမိရခြင်းပင်။

“ဒါ…ဒါက…သူက ဘယ်လိုကြောင့် ဒီလောက်ထိ သန်မာလာရတာလဲ…” အရှင်တိမ်စိတ်ဝိညာဉ်၏မျက်နှာသည် ကြောက်ရွှံ့မှုဖြင့် ပြည့်နှက်၍ ဖြူရောလေ၏။ သူသည် အခုဝမ်လင်းနှင့်လွန်ခဲ့သောနှစ်တစ်ရာကဝမ်လင်းမှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားသွားခဲ့ပြီကို ရှင်းလင်းစွာ ခံစားမိသည်။

အရှင်တိမ်စိတ်ဝိညာဉ်က တုံ့နှေးမနေဘဲ လှိုဏ်ဂူထဲကနေ ထိုးထွက်လာကာ သူသည် ကောင်းကင်ထက်ရှိ ဝမ်လင်းကို မြင်၏။ သူ ဝမ်လင်းကို တွေ့မြင်လိုက်ရသည်နှင့် သူ့စိတ်မှာ ဗလာကျင်းသွားပြီး နှလုံးခုန်ပေါက်မိလေသည်။

ပတ်ဝန်းကျင်မှာ အလုံးစုံ ငြိမ်သက်တိတ်ဆိတ်၏။ သို့သော် အရှင်တိမ်စိတ်ဝိညာဉ်၏စိတ်ဝိညာဉ်၏ စိတ်ထဲ၌ သည်လောကဟာ ဝမ်လင်းလက်ထဲမှာဟု ခံစားမိ၏။ သူသည် ဝမ်လင်းလက်ထဲတွင် ကျရောက်ကာ လွတ်မြောက်နိုင်ဖို့ရာ အခွင့်အရေး မရှိတော့ချေ။ သူ့ဘဝက သူ့ထိန်းချုပ်မှုတွင် မရှိတော့၊ သူ့ရှေ့ရှိလူ၏ လက်ထဲသို့ ကျရောက်နေခဲ့လေပြီ။

အထူးသဖြင့် သူသည် ဝမ်လင်း၏နှဖူးကြားကနေ ထူးဆန်းသောခံစားချက်တစ်ခုကို ရရှိနေ၏။ ဝမ်လင်းနှဖူးကြား၌ မည်သည့်အရာမှ ရှိမနေသော်လည်း သူက မျက်လုံးတစ်လုံး သူ့အား စိုက်ကြည့်နေသကဲ့သို့ ခံစားမိရသည်။

ထိုမျက်လုံးမှာ သူ စိတ်ကူးကြည့်၍ပင် မရနိုင်သည့် ဥပဒေသတစ်ခုအလား။ သူက သူ့မူလစိတ်ဝိညာဉ်ကို ပျက်စီးစေနိုင်သော အပြာရောင်မီးတောက်၊မိုးကြိုးနှင့်တိုက်ပွဲဆန္ဒတို့က ထိုတတိယမျက်လုံးကနေ လာတာဟု ခံစားမိသည်။

ဝမ်လင်းသည် သူ့တည်နေရာကူးပြောင်းမှုကို နှောက်ယှက်ခဲ့ချိန်တုန်းက သူသည် သားရဲများပြည့်နှက်နေသည့် ဤတောင်ကြားထဲတွင် ပေါ်လာခဲ့ရသည်။ ထိုစဉ်က သူ ကြောက်လန့်ခဲ့ရသော်လည်း ယခုအခိုက်အတန့်နှင့် ယှဉ်လျှင်မူ ပမွှားသာ ဖြစ်လေတော့၏။ သူ့အမြင်တွင် သူဟာ ဝမ်လင်းရှေ့၌ ပုရွတ်ဆိတ်တစ်ကောင်အလား။

ထိုခံစားချက်မှာ ပိုပိုအားကောင်းလာ၍ အရှင်တိမ်စိတ်ဝိညာဉ်၏မျက်နှာကို ပိုပိုပြီး ဖြူရောလာစေသည်။

ဝမ်လင်းက အရှင်တိမ်စိတ်ဝိညာဉ်ကို အေးစက်စက် ကြည့်၍ သူ့ညာလက်ကို ပင့်မြှောက်သည်။ သူက လေဟာနယ်ထဲသို့ လက်ညွှန်၏။

ဝမ်လင်း၏ ညာလက်မှ ထူးဆန်းသောအမှတ်အသားတစ်ခု ပေါ်လာကာ အရှင်တိမ်စိတ်ဝိညာဉ်ထံ ဖြည်းဖြည်းချင်း ပျံသန်းသွားသည်။ ထိုအမှတ်အသားမှာ မမြန်လွန်းပါ။ အရှင်တိမ်စိတ်ဝိညာဉ်သာ ရှောင်လိုပါက လွယ်လင့်တကူဖြင့် ရှောင်နိုင်ပေလိမ့်မည်။

သို့သော်ငြားလည်း ဝမ်လင်း၏ အေးစက်စက် စူးစိုက်ကြည့်မှုကြောင့် အရှင်တိမ်စိတ်ဝိညာဉ်၏နဖူးထက်တွင် ချွေးပြန်နေလေပြီ။ သူက တစ်စက်လေးပင် မလှုပ်ဝံ့ချေ။ အကယ်၍ သူသာ လှုပ်ဝံ့သည်နှင့် သူ့အတွက် စောင့်နေသည့်အရာက သတ်ဖြတ်ခံရမှုဟု အသေအချာ ခံစားမိပေသည်။

သူက ဝမ်လင်း ထိုကဲ့သို့ လုပ်နိုင်သည်ဟုလည်း ယုံကြည်သည်။ သူ့ကို ချက်ခြင်းပင် သတ်ပစ်နိုင်သည်ကို ယုံ၏။ ထိုအရာမှာ နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် ရရှိလာသည့် သူ့ အလိုလိုသိစိတ်ပင်။

သူသည် အကူအညီမဲ့စွာဖြင့် နီးကပ်လာသည့် အမှတ်အသားကို ကြည့်နေရသည်။ သူ စတင်ရုန်းကန် ကြည့်၏။ သို့သော် အဆုံးသပ်၌ သူသည် ခုခံမှုကို လက်လျော့ရသည်သာပင်။ သူက သူ့မျက်ခုံးနှစ်ခုကြားထဲကို ထိုအမှတ်အသား နက်ရှိုင်းစွာ ဝင်ရောက်သည်အား ခွင့်ပြုရလေ၏။

ထိုအမှတ်အသား ကျရောက်လာချိန်တွင် သူ့မူလစိတ်ဝိညာဉ်ထဲရှိ အပြာရောင်မီးတောက်၊မိုးကြိုးနှင့်တိုက်ပွဲဆန္ဒတို့ဟာ သူ့မျက်ခုံးနှစ်ခုကြားတွင် စုဝေးသည်။ ယင်းတို့က ထိုအမှတ်အသားနှင့် ပေါင်းစည်းပြီး အကြိမ်အနည်းငယ် လင်းလက်ပြီးနောက် ပျောက်ကွယ်သွားလေသည်။

အရှင်တိမ်စိတ်ဝိညာဉ်သည် စိတ်သက်သာရာရဟန်ဖြင့် ကြိတ်သက်ပြင်းချမိတော့သည်။ ထို့နောက် သူက အလွန်လေးစားသည့်ဟန်ပန် ပြကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ဒီကျွန်အိုကြီးက သခင့်ကို နှုတ်ဆက်ပါတယ်…”

သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူက ထိုအမှတ်အသားသည် သူ့ကို သတ်ပစ်ဖို့ မဟုတ်မှန်း၊ထိန်းချုပ်ဖို့သာ ဖြစ်မှန်း မြင်ပေသည်။ တစ်ဖက်လူက မည်သို့မှ ထူးထူးထွေထွေ မပြောသော်လည်း ဝမ်လင်း၏ လုပ်ဆောင်မှုက သူ့ဆန္ဒကို ဖော်ပြနေပေ၏။

ဝမ်လင်း၏ ကျွန်တစ်ယောက်အဖြစ် အသက်ရှင်မလား၊ သို့တည်းမဟုတ် သေမလား။

ဤအရာက ဝမ်လင်း၏ စိတ်ကူးအကြံပင်။ အရှင်တိမ်စိတ်ဝိညာဉ်သာ အညံ့မခံပါက သူသည် ထိုသူ့ကို သတ်ပစ်ဖို့ ဝန်လေးနေမည် မဟုတ်ချေ။ ဝမ်လင်းက အရှင်တိမ်စိတ်ဝိညာဉ်ထံမှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီး တည်တည်ငြိမ်ငြိမ် မေး၏။ “ငါ အိပ်ပျော်သွားတာ ဘယ်လောက် ကြာခဲ့ပြီလဲ…”

အရှင်တိမ်စိတ်ဝိညာဉ်က ခါးသီးစွာ ခံစားမိ၏။ သို့သော် သူသည် ဝမ်လင်း၏အမေးကို ပြန်ဖြေရမည်သာ။ သူက သက်ပြင်းမချမိဘဲ မနေနိုင် ဖြစ်ရ၏။

သူ ထိုမေးခွန်းကို ကြားသည့်အခါ ခပ်သွက်သွက်ဖြင့် တလေးတစား ပြန်ဖြေ၏။ “သခင် အိပ်ပေါ်နေခဲ့တာ နှစ်ပေါင်း (၉၉)နှစ် ပါ…”

ဝမ်လင်း၏အမူအရာက ပုံမှန်အတိုင်းသာ ရှိ၏။ သို့သော် သူ့စိတ်ထဲတွင်တော့ တုန်လှုပ်မိပေ၏။ သူက သူ့ရှေ့ရှိ အမှောင်ထုကို ကြည့်ကာ ငြိမ်သက်စွာ စဉ်းစားသည်။

“ဒီတော့ ဒီလောက်ထိအချိန်တွေ ကုန်လွန်ခဲ့တာပေါ့…”

အရှင်တိမ်စိတ်ဝိညာဉ်က ဝမ်လင်း စဉ်းစားနေသည်ကို မနှောက်ယှက်ဝံ့ပေ။ သူက ဝမ်လင်းကို ရှုပ်ထွေးသောအမူအရာဖြင့်သာ ကြည့်ရုံကြည့်နေမိ၏။ သူသည် လွန်ခဲ့သောနှစ်ပေါင်းတစ်ရာက သူ အထင်သေးခဲ့သောလူဟာ သူ့သခင် ဖြစ်လာလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။

ခဏအကြာတွင် ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ခါသွားပြီး သူက အကွာအဝေးတစ်ခုထံ ပျံသန်း၏။ အရှင်တိမ်စိတ်ဝိညာဉ်သည် စိတ်ထဲကနေ သက်ပြင်းချ၍ နောက်ကလိုက်လာသည်။

ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ဖြင့် သူက အလွန်မြန်ဆန်စွာ သွားနိုင်ပြီး စစ်မာမို၏လှိုဏ်ဂူရှိရာသို့ ရောက်လာလေသည်။ ဝမ်လင်း၏ဆန္ဒကြောင့် ဤနေရာသည် မီးနှင့်မိုးကြိုးတို့ သည်ခုနစ်ရောင်စုံနယ်မြေကို ပျံ့နှံ့ခဲ့ချိန်က ကင်းလွန်ခွင့် ရခဲ့၏။

ဝမ်လင်းက တောင်ကြားထဲ ဝင်လာပြီး သူ့ညာလက်ကို ဝေ့ယမ်း၏။ အရှင်တိမ်စိတ်ဝိညာဉ်က တောင်ကြားအပြင်ဘက်တွင် တလေးတစား ရပ်ကျန်ခဲ့သည်။ ဝမ်လင်းအမိန့်မပေးဘဲ သူသည် တောင်ကြားထဲသို့ ခြေလှမ်းတစ်ဝက်ပင် မဝင်ရဲပေ။

တောင်ကြားအတွင်း၌ ဝမ်လင်းက ရင်းနှီးသောမြင်ကွင်းမြင်ကွက်ကို ကြည့်သည်။ သူ ကြိုတင်ပြင်ဆင်ထားခဲ့ရခြင်း မရှိဘဲ နှစ်တစ်ရာဆိုသည့် အချိန်ကုန်လွန်သွားခဲ့ခြင်းက သူ့ကို အန္တရာယ်အာရုံကို ခံစားမိစေအောင် ပြုလုပ်ပေသည်။

“ထာဆန် လွတ်မြောက်လာလောက်ပြီ…” ဝမ်လင်းက ပထမဆုံးလှိုဏ်ဂူထံ တန်းတန်းမတ်မတ် သွား၏။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ပြီးမှ သူဟာ စိတ်သက်သာရာ ရသွား၏။

ပထမလှိုဏ်ဂူထဲတွင် အတားအဆီးမြောက်များစွာ ရှိနေပြီး မူလသလင်းကျောက်အားလုံးမှာလည်း သုံးစွဲပြီးခဲ့သလို သားရဲစိတ်ဝိညာဉ်များလည်း ကုန်သွားခဲ့ပေပြီ။ ခြင်သားရဲက မြေပြင်ထက်တွင် လှဲလျောင်းနေပြီး ၎င်းပတ်လည်တွင် ပိုးအိမ်ကဲ့သို့ ဖွဲ့စည်းမှုတစ်ခု ရှိနေသည်။ ၎င်းသည် အလွန်အမင်းအားနည်းနေကာ ချိုးဖျက်ဖို့ပင် ခွန်အားမရှိတော့ဟု ထင်ရသည်။

ဝမ်လင်း၏နတ်ဘုရားအာရုံ ဝင်ရောက်လာခိုက်တွင် အားနည်းနေသော ခြင်သားရဲက ချက်ခြင်း မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲတွင် ချက်ခြင်း ပျော်ရွှင်မှုဖြင့် ပြည့်သွား၏။ ၎င်းက စတင် ရုန်းကန်တော့သည်။ သို့သော် ၎င်း၏ဆင့်ကဲပြောင်းလဲမှု ပြီးပြည့်စုံစေဖို့အတွက် မူလသလင်းကျောက် လိုအပ်နေသေး၏။ ထို့ကြောင့် ၎င်းသည် ပိုးအိမ်ကဲ့သို့အရာကနေ လွတ်မြောက်ရန် မချိုးဖျက်နိုင်ပေ။

ဝမ်လင်းက ထိုအရာကို တွေ့မြင်ရသည့်နောက် သူ့စိတ်ထဲ၌ နာကျင်မိ၏။ သူက လှိုဏ်ဂူကို ဖွင့်လှစ်ကာ အတွင်းသို့ ဝင်လာ၏။ သူ့ညာလက်ကိုလည်း လေဟာနယ်ထဲသို့ ဆန့်ထုတ်ရာ သိုလှောင်နေရာလွတ်ပေါ်လာသည်။ သည့်နောက် သူ ပိုင်ဆိုင်ထားသည့် မူလသလင်းကျောက်အားလုံးသည် ပျံသန်းထွက်လာကြသည်။

ထိုမူလသလင်းကျောက်များ ပေါ်လာချိန်၌ ၎င်းတို့က သိပ်သည်းသောမူလစွမ်းအင်ကို ထုတ်လွှတ်ကာ ပိုးအိမ်ထံ ပျံသန်းဝင်လာ၏။ ခြင်သားရဲ ယင်းတို့ကို စတင် စုပ်ယူပြီး ၎င်း၏ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ကို အပြီးသပ်ရန် ဆက်လက် ပြုလုပ်တော့သည်။

“ချန်ထျန်ကျွင်းကို ဒီနေရာ ခေါ်လာခဲ့။ သူ အသက်ရှင်နေလောက်သေးတယ်…” ဝမ်လင်း၏နတ်ဘုရားအာရုံဖြင့် ပြောစကားက တောင်ကြားထဲကနေ ထွင်းဖောက်ထွက်လာပြီး အရှင်တိမ်စိတ်ဝိညာဉ်၏စိတ်ထဲ ဝင်ရောက်သွားသည်။

အရှင်တိမ်စိတ်ဝိညာဉ်က ဝမ်လင်း၏အမိန့်ကို လေးလေးစားစား လက်ခံပြီးနောက် သူသည် အကွာအဝေးတစ်ခုထံ ပျံသန်းသွားလေ၏။

ချန်ထျန်ကျွင်းက လွန်ခဲ့သောနှစ်တစ်ရာက လှိုဏ်ဂူထဲတွင်ပင် ထိုင်နေ၏။ သည်နှစ်တစ်ရာအတွင်း သူ့စိတ်မှာ အလွန်ရှုပ်ထွေးလျက် ရှိ၏။ သည်နေရာကနေ ထွက်ခွာဖို့ သူ့မျှော်လင့်ချက်များမှာလည်း ပျောက်ရှလာသလိုပင်။ သူသည် သူ့ရှေ့ရှိ အမှောင်ထုကိုသာ မကြာမကြာ ကြည့်မိပြီး သည်နေရာသို့ မဝင်လာခင် သူ့ဘဝအကြောင်းကို တွေးနေတတ်သည်။

“ဆရာနဲ့ငါ့ရောင်းရင်းညီကိုတွေဟာ သားရဲတွေကို ရင်ဆိုဖို့ အဆင့်ကိုးဒေသမှာ ရောက်နေလောက်ပြီ။ ငါလည်း အဲ့နေရာမှာ ရှိနေသင့်တာ။ ငါ ဒီမှာ မရှိသင့်ဘူး…”

သူသည် ဤအမှောင်ထုကမ္ဘာအတွင်း၌သာ လွန်ခဲ့သောနှစ်တစ်ရာလုံးလုံး တစ်ကိုယ်တည်း ကုန်ဆုံးခဲ့ရ၏။ သူသည် မျှော်လင့်ချက်မဲ့လာခဲ့ရသည်။ သို့သော် ဝမ်လင်း နိုးထလာချိန်၌ အမှောင်ထုအတွင်း ပေါ်လာခဲ့သည့် တောက်ပသောအလင်းက ချန်ထျန်ကျွင်းကို တုန်လှုပ်စေခဲ့ပေသည်။

သူက ဤနေရာကနေ ထွက်ချင်၏။ သူ သည်နေရာကနေ အတော်လေးကို ထွက်ချင်မိပေသည်။ သည်လိုမျိုး စိတ်ပူပန်နေရမှုက သူ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေဖို့ထိ လုံလောက်သည်။ သူသည် ရုတ်တရက် မတ်တပ်ထရပ်ကာ တဟုန်ထိုး ထိုးထွက်ပြီး အကွာအဝေးတစ်ခုထံ ကြည့်သည်။ သူ့စိတ်မှာ တုန်ယင်လေ၏။

“သူ…သူ ပြန်လာပြီ…”

သူ စိတ်ပူပန်စွာဖြင့် စောင့်နေစဉ်မှာပင် ချန်ထျန်ကျွင်းက အကွာအဝေးတစ်ခုမှ အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။ သူက ထိုအလင်းတန်းအတွင်း၌ အရှင်တိမ်စိတ်ဝိညာဉ် ရှိနေသည်ကို မြင်ပြီး နှလုံးတစ်ချက်ခုန်ပေါက်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သည်။ သူ သတိထားလေ၏။

အရှင်တိမ်စိတ်ဝိညာဉ်က လေထဲ၌ ရပ်ကာ ချန်ထျန်ကျွင်းကို အေးစက်စက် ကြည့်သည်။ သူက ဖြည်းဖြည်းချင်း ပြောလာသည်။ “ရောင်းရင်းကျင့်ကြံသူချန်…သခင်က သင့်ကို တွေ့ချင်တယ်။ ကျေးဇူးပြုပြီး ငါ့ နောက်လိုက်ခဲ့ပါ…”

“သခင်…” ချန်ထျန်ကျွင်း အံ့အားသင့်သွားသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက တစ်ခုခုကို ပြန်သတိရသွားဟန်ရသည်။ ထို့နောက် သူသည် အသက်ဝဝရှုသွင်းကာ စကားတစ်ခွန်းမှ မဆိုဘဲ အရှင်တိမ်စိတ်ဝိညာဉ်နောက်သို့ လိုက်သွားတော့သည်။

သိပ်မကြာခင်တွင်ပင် ချန်ထျန်ကျွင်းက စစ်မာမို၏တောင်ကြားထံ ရောက်လသည်။ သူက ဤနေရာတွင် ဝမ်လင်း၏အော်ရာကို ရှင်းရှင်းလင်းလင်း ခံစားမိ၏။ သူ့မျက်လုံးထဲတွင်လည်း ကျေနပ်ပျော်ရွှင်မှုတို့ ပေါ်ထွက်လာလေသည်။

“ရောင်းရင်းကျင့်ကြံသူချန်…ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ…” တောင်ကြားအတွင်းမှ ဝမ်လင်း၏အသံ ထွက်ပေါ်လာသည်။ ချန်ထျန်ကျွင်းသည် စိတ်လှုပ်ရှားစွာဖြင့် တောင်ကြားထဲ ဝင်လာ၏။ သူက ချက်ခြင်းပင် လှိုဏ်ဂူတစ်ခု၏အပြင်ဘက်ရှိ ဝမ်လင်း၏ပုံရိပ်ကို မြင်လိုက်ရသည်။

“အစ်ကိုလု…” ချန်ထျန်ကျွင်းက ဝမ်လင်းကို မြင်တွေ့ရချိန်၌ သူ့အသံပါ စိတ်လှုပ်ရှား၍ တုန်နေသည်။ နှစ်ပေါင်းတစ်ရာလောက် စောင့်ဆိုင်းနေရပြီးနောက် နောက်ဆုံးတော့ သည်နေ့ ရောက်လာခဲ့ပေပြီ။ သူက သူ့စိတ်ခံစားမှုကို ခက်ခက်ခဲခဲ ထိန်းချုပ်ထားရ၏။

“သင့်ရှိမှာ မူလသလင်းကျောက် အလုံအလောက် ပါခဲ့လား…”

“လုံလောက်ပါတယ်။ လုံလောက်တာထက်တောင် ပိုသေးပါတယ်…” ချန်ထျန်ကျွင်းက လက်မြှောက်၍ သူ့သိုလှောင်နေရာလွတ်အက်ကြောင်းကို ဖွင့်လှစ်သည်။ သူက သိုလှောင်အိတ်တစ်ခုကို ထုတ်ယူကာ ဝမ်လင်းထံ တလေးတစား ပေးလိုက်၏။

ဝမ်လင်းက ၎င်းကို လက်ခံပြီးနောက် သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်သည်။ ထို့နောက် သူက စကားတစ်ခွန်းပြောခဲ့ပြီး လှိုဏ်ဂူထဲ လှမ်းလျှောက်ဝင်သွားလေ၏။

“ငါ့ကို စောင့်နေပါ။ ငါ သင့်ကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးမယ်…”

ချန်ထျန်ကျွင်းက သည်နေ့အတွက် နှစ်ပေါင်းတစ်ရာလောက် စောင့်နေခဲ့ရသူ မဟုတ်လား။ သူက အသက်ဝဝရှုသွင်း၍ သူ့စိတ်လှုပ်ရှားမှုကို ဖိနှိပ်ရသည်။ ထို့နောက် သူက နက်မှောင်နေသည့် ကောင်းကင်ကို မော့ကြည့်သည်။ ထိုအခိုက်အတန့်၌ သည်အမှောင်ထုကောင်းကင်သည်ပင် တောက်ပသွားသလား ထင်ရလေ၏။

“နောက်ဆုံးတော့ ငါတို့ ဒီနေရာကနေ ထွက်သွားနိုင်တော့မယ်…”

***

All Chapters