← Chapters

မြင့်မြတ်သောတမာန်တော်မျိုးဆက်သစ်များ

Vol. 46 Ch. 636

မြင့်မြတ်သောတမာန်တော်မျိုးဆက်သစ်များ

Vol. 46 Ch. 636

ဧကရာဇ်ရိတန်း၏ တုံ့ပြန်ချက်ကြောင့် ဧကရာဇ်အန်းမန်မှာ ဘာမှမပြောတော့ပေ။

သူသည်လည်း ထွက်ပေါ်လာသော ရလဒ်အား လက်မခံချင်ပေ။ ပုံမှန်အခြေအနေတွင် သွေးမျိုးနွယ်စုခေါင်းဆောင်သည် မြင့်မြတ်သောတမာန်တော် တစ်ဦးသာ ရွေ့ချယ်လေ့ရှိသည်။ ယခုအခါ ရုတ်ချည်းဆိုသလို သုံးဦးရွေးချယ်ခဲ့ပြီး ထိုသူများမှာ ကျင့်ကြံရေးအဆင့် အမြင့်ဆုံး မဟုတ်ကြသလို သွေးမျိုးဆက် အသန့်စင်ဆုံးထဲတွင်လည်း မပါဝင်သောကြောင့် တစ်စုံတစ်ခု မှားယွင်းနေခြင်းသာ ဖြစ်ပေလိမ့်မည်။

ဧကရာဇ်အန်းမန်သည် စိတ်အာရုံများ စုစည်းကာ အနက်ရောင်ခွက်ထဲမှ မဟူရာသွေးစက်တစ်စက်ကို ထပ်မံထုတ်ယူလိုက်သည်။ သွေးမျိုးနွယ်စုခေါင်းဆောင်၏ သွေးစက်တစ်စက်သည် အင်မော်တယ်လက်နက်ထက်ပင် ပိုမိုအဖိုးတန်ပေသည်။

ဝုန်း....

သွေးစက်ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာကာ သွေးမျိုးနွယ်စု ကျင့်ကြံသူများအားလုံးကို ဖိအားပေးလိုက်သည်။

ဧကရာဇ်အန်းမန်သည် မန္တာန်များ ရွတ်ဆိုကာ ကောင်းကင်နှင့်မြေပြင်ကြားတွင် စွမ်းအင်အလွှာများစွာ ဖြစ်ပေါ်လာစေသည်။ ထိုစွမ်းအင်များသည် သွေးမျိုးနွယ်စုခေါင်းဆောင်၏ မဟူရာသွေးစက်မှ သက်ရှိစွမ်းအင်များကို ထိန်းသိမ်းပေးသည်။

မဟူရာသွေးစက်မှာ ကောင်းကင်ထက်မှ ဆင်းသက်လာပြီး သွေးမျိုးနွယ်စုခေါင်းဆောင် ရုပ်ထု၏ မျက်ခုံးနှစ်ခုကြား နေရာသို့ စီးဝင်သွားလေသည်။

ရွေးချယ်ခံ သုံးဆယ့်ခြောက်ဦးမှာ ၎င်းတို့၏ သွေးများကို ဖောက်ထုတ်လိုက်ကြပြန်သည်။ ဧကရာဇ်ရိတန်း၏ တောင်းဆိုချက်အရ ပထမအကြိမ်မှ သွေးစက်များအား ပြန်မသုံးရပဲ အရာအားလုံး အစမှ ပြန်လုပ်ရခြင်း ဖြစ်သည်။

ဆန်းကြယ်သော အရှိန်အဝါများနှင့်အတူ သွေးမျိုးနွယ်စုခေါင်းဆောင် ရုပ်ထုမှာ စတင်လှုပ်ရှားလာပြီး ၎င်း၏အရိုးခေါင်းဖြင့် တစ်နေရာသို့ ညွှန်ပြလိုက်ပြန်သည်။

ထိုသည်မှာ လေဒင်ရှိရာအရပ်ပင်။

ကတ်စီဒီ၊ မာလင်နှင့် တိုဘိယတို့၏ သွေးစက်များ ပြင်းထန်စွာ တုန်ခါလာကာ သွေးမျိုးနွယ်စုခေါင်းဆောင် ရုပ်ထုထံ ဆွဲယူသုံးဆောင်ခြင်း ခံလိုက်ရသည်။

သွေးစက်များသည် အလွန်အရသာ ရှိသည့်အတိုင်း သွေးမျိုးနွယ်စုခေါင်းဆောင်မှာ စိတ်ကျေနပ်စွာပြုံးရင်း မျက်လုံးပင် မှိတ်ထားလိုက်သေးသည်။

အားလုံးမှာ မယုံကြည်နိုင်မှုများကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရပြန်သည်။

ဧကရာဇ်ရိတန်းမှာလည်း ဘာပြောရမှန်းပင် မသိတော့ပဲ မျက်စိမျက်နှာ ပျက်နေရသည်။

သူတို့ပဲလား......ယီးဖြစ်လို့ သူတို့ကိုပဲ ထပ်ရွေးရတာလား.....

လေဒင်မှာ တာအိုနှလုံးသား တစ်ခုလုံးပင် တည်တည်ငြိမ်ငြိမ် မရှိတော့ပေ။

ပထမအကြိမ်သည် မှားယွင်းသွားသည်ဟု သတ်မှတ်နိုင်ပါသော်လည်း နှစ်ကြိမ်တိုင်တိုင် ထိုသို့ဖြစ်နေသည်မှာ ရက်စက်သော အမှန်တရားသာ ဖြစ်ပေလိမ့်မည်။

ထို့အပြင် ဤအခမ်းအနားအား တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးမှ စောင့်ကြပ်ပေးနေသောကြောင့် မည်သူကမှ တစ်စုံတစ်ခု ပြုလုပ်ရဲမည် မဟုတ်ပေ။ တနည်းဆိုသော် ယခုတစ်ကြိမ် မြင့်မြတ်သောတမာန်တော် ရွေးချယ်ပွဲတွင် သွေးမျိုးနွယ်စုခေါင်းဆောင်မှာ ထင်မှတ်မထားသော လူသုံးဦးအား အမှန်တကယ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဧကရာဇ်ရိတန်းမှာ ရင်ထဲဗုံးပေါက်နေပါသော်လည်း အမူအရာကိုထိန်းကာ ညင်သာစွာ ပြုံးလိုက်သည်။

"အခုဆိုရင် မြင့်မြတ်သောတမာန်တော်တွေကို ရွေးချယ်ပြီးသွားပြီပဲ ဖြစ်တယ်။ ကတ်စီဒီ၊ မာလင်နဲ့ တိုဘိယ သုံးယောက်လုံးအတွက် ဂုဏ်ယူပါတယ်။"

ဧကရာဇ်အန်းမန်မှာ လက်ချောင်းများ လှုပ်ရှားလိုက်သည်နှင့် နတ်ဘုရားများ ကောင်းကင်ထက်မှ သက်ဆင်းလာသလို ရောင်စဉ်အသွယ်သွယ်နှင့်အတူ မြင့်မြတ်သောစွမ်းအင်များ ကတ်စီဒီတို့ သုံးဦးထံ လွှမ်းခြုံဝင်ရောက်သွားသည်။

သွေးမျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သောကြောင့် ဧကရာဇ်ရိတန်းနှင့် ဧကရာဇ်အန်းမန်တို့တွင် အထွန့်တက်ခွင့် မရှိပေ။

"ဂုဏ်ယူပါတယ်။"

"ဘိုးဘေးတွေက သွေးမျိုးနွယ်စုကို စောင့်ရှောက်ပေးပါစေ။"

အော်ဟစ်ဂုဏ်ပြုသံများ တောင်ထိပ်တခွင် ပဲ့တင်ထပ်သွားသည်။

သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ အရူးများ မဟုတ်ကြပေ။ ကတ်စီဒီတို့အား သွေးမျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ရွေးချယ်ခဲ့ပြီး ဧကရာဇ်ရိတန်းသည်ပင် ထိုရလဒ်အား လက်ခံခဲ့ရသည်။ ၎င်းတို့သည် ယခင်က မည်သို့ပင် ဖြစ်ခဲ့ပါစေ ယခုတွင်မူ အဆင့်အတန်း မြင့်မားသည့် မြင့်မြတ်သောတမာန်တော်များ ဖြစ်နေကြလေပြီ။

၎င်းတို့သုံးဦးသည် သွေးမျိုးနွယ်စုထဲတွင် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများနှင့်ပင် အဆင့်အတန်းချင်း တူညီနေပြီ ဖြစ်သောကြောင့် လေးစားသမှု ပြသသင့်ကြောင်း အားလုံးနားလည်ကာ အားပါးတရ ဂုဏ်ပြုပေးလိုက်ကြသည်။

အားလုံး၏ အကြည့်များအောက်တွင် ကတ်စီဒီ၊ မာလင်နှင့် တိုဘိယတို့မှာလည်း ခပ်ဖွဖွ ပြုံးလိုက်မိကြသည်။

ထင်မှတ်မထားပါသော်လည်း ၎င်းတို့သည် သွေးမျိုးနွယ်စုခေါင်းဆောင်၏ ရွေးချယ်ခြင်းခံရကာ မြင့်မြတ်သောတမာန်တော်များ ဖြစ်လာခဲ့သည်။ ထိုသည်မှာ အံ့အားသင့်စရာ ကောင်းပါသော်လည်း ၎င်းတို့အတွက် မည်မျှကောင်းမွန်ကြောင်း သေသေချာချာ နားလည်ထားကြသည်။ မြင့်မြတ်သောတမာန်တော်သည် ရာထူးအဆင့်အတန်း မြင့်မားရုံသာမက ရင်းမြစ်များစွာ ထောက်ပံ့ခံရသောကြောင့် ၎င်းတို့၏ ဘဝများသည်လည်း မယုံကြည်နိုင်စရာ ကောင်းလောက်အောင် မြင့်မားသွားတော့မည်ပင်။

ကတ်စီဒီတို့၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေလေပြီ။ ထိုသို့ရွေးချယ်ခံရသည့် အကြောင်းပြချက်အား ဝေးဝေးလံလံ တွေးနေစရာ မလိုပေ။ ၎င်းတို့သုံးဦးလုံးတွင် တူညီသော အရာတစ်ခုသာရှိပြီး ထိုသည်မှာ သခင်ဖြစ်သည်။ သခင်၏ မြင့်မြတ်သွေးစက်ကြောင့်သာ ယခုကဲ့သို့ ရွေးချယ်ခံရခြင်း ဖြစ်ပေလိမ့်မည်။

ဤသို့ဖြင့် သောင်းနှင့်ချီသော သွေးမျိုးနွယ်စု ကျင့်ကြံသူများရှေ့တွင် အန်လင်း၏ အစေခံ သုံးဦးမှာ မြင့်မြတ်သောတမာန်တော် မျိုးဆက်သစ်များ ဖြစ်လာကြတော့သည်။

ထိုသတင်းသည် အံ့အားသင့်ဖွယ် ကောင်းလွန်သောကြောင့် အနက်ရောင်စိမ့်တောသာမက အချိန်တိုအတွင်း ထိုက်ချူကုန်းမြေ တစ်ခုလုံးထံ ပျံ့နှံ့သွားမည်မှာ သေချာပေသည်။

..........

သွေးမျိုးနွယ်စုများ ထိန်းချုပ်ထားသော အနက်ရောင်စိမ့်တော၏ မြို့တော်တစ်ခု၌....

ကျောင်သားတစ်ရာမှာ မြို့တော်ဂိတ်အား ချိုးဖျက်နေကြသည်။

အန်လင်းသည် တပိုင်အားစီးကာ ဓားတစ်လက်ဖြင့် သွေးမျိုးနွယ်စု စစ်သည်တော်များကို သုတ်သင်ပစ်နေသည်။

၎င်းတို့သည် မြို့တော်အတွင်း စေလွှတ်ထားသော ထောက်လှမ်းရေးများမှတဆင့် မြို့တော်ဝန်၏အကြောင်း သိရှိခဲ့ကြရသည်။ မြို့တော်ဝန်သည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်ပြီး လက်ရှိအချိန်တွင် သွေးမျိုးနွယ်စု၏ အရေးကြီး အခမ်းအနားဖြစ်သည့် မြင့်မြတ်သောတမာန်တော် ရွေးချယ်ပွဲကြောင့် မြို့တော်မှ ထွက်ခွာသွားသည်ဟုဆိုသည်။

မြို့တော်ဝန် ရှိမနေသောကြောင့် အန်လင်းတို့မှာ သိသိသာသာ အသာစီး ရနေသည်။

စင်စစ်အားဖြင့် မြို့တော်ဝန် ရှိနေလျှင်ပင် အန်လင်းတို့အား ခုခံတိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ကောင်းကင်နှင့်မြေပြင်ကြား စစ်ချီသံများ သောသောညံနေပြီး အင်မော်တယ်မန္တာန်များလည်း နေရာအနှံ့ ပေါက်ကွဲလို့နေသည်။

တိုက်ခိုက်သံများမှာ ကျယ်လောင်လွန်းလှသောကြောင့် အန်လင်း၏ ပေါင်ပေါ်တွင် အိပ်ပျော်နေသော တီနာသည်ပင် နိုးထလာခဲ့သည်။

သူမသည် အိပ်ချင်မူးတူးဖြင့် စစ်မြေပြင်အားကြည့်ကာ ကြောင်တောင်တောင် ဖြစ်သွားရသည်။

"ဘီလူးအန်လင်း.....ငါတို့ဘယ်ရောက်နေတာလဲ။"

"အနက်ရောင်စိမ့်တောလေ။"

"ဟင်....ငါခဏလေး အိပ်ပျော်သွားတာလေ။ ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ။ ကတ်လေးတို့ကို လာရှာတာလား။"

(ကတ်လေးဆိုတာ ကတ်စီဒီကို ပြောတာပါ။)

"မဟုတ်ပါဘူး။ ငါ့ရဲ့နှစ်ကုန်စာမေးပွဲအတွက် ရောက်နေတာ။"

အန်လင်း ပြုံးကာရှင်းပြလိုက်သည်။

"မင်းပင်ပန်းနေရင် အိပ်လိုက်ဦးလေ။"

တီနာမှာ နှုတ်ခမ်းသားလေးအား ဖိကိုက်ထားလိုက်သည်။

"ဒီလောက်ဆူညံနေတာ ငါကဘယ်လိုလုပ် အိပ်လို့ရမှာလဲ။ နင်ငါ့ကို တမင်နိုးလာအောင် လုပ်တာမလား။"

ထိုအချိန်တွင် အတန်းသားများမှာ မြို့တော်ဂိတ်အား ချိုးဖျက်ကာ မြို့ထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားကြလေပြီ။

အသန်မာဆုံး ဗိုလ်ချုပ်ကြီးမှာ စုချန်းရန်၏ လစန္ဒာရောင်စဉ်ကွင်းကြောင့် နှစ်ပိုင်းပြတ်သွားရပြီဖြစ်ပြီး လစန္ဒာ၏ ကြောက်မက်ဖွယ် စွမ်းအင်များကြောင့် သက်ရှိစွမ်းအင်များအားလုံး ကုန်ခမ်းသွားခဲ့ရသည်။

မြို့တော်ဂိတ်မှာ ပျက်စီးသွားပြီဖြစ်ကာ ဗိုလ်ချုပ်ကြီးလည်း အသက်မရှိတော့ပေ။ ကျောင်းသားများသည် လူဦးရေ နည်းပါးပါသော်လည်း တိုက်ပွဲစွမ်းရည် ကောင်းမွန်လွန်းသောကြောင့် သွေးမျိုးနွယ်စု စစ်သည်တော်များ ဆုတ်ခွာထွက်ပြေးရတော့သည်။

ဓားအင်မော်တယ်လင်းရှောင်သည် ဓားအားဝေ့ယမ်းလိုက်သည်နှင့် ဓားပုံရိပ်ပေါင်းများစွာ ထွက်ပေါ်လာကာ ဆုတ်ခွာထွက်ပြေးနေသော သွေးမျိုးနွယ်စု စစ်သည်တော်များကို အသက်နှုတ်ပစ်လိုက်သည်။

ထိုသည်မှာ မျိုးနွယ်စုနှစ်ခုကြားမှ စစ်ပွဲဖြစ်သောကြောင့် ဆရာဖြစ်သူသည်လည်း သက်ညှာခြင်းမရှိ ပါဝင်ရမည်ပင်။

လုကျန့်သည် သွေးနီရောင် အကာအရံတစ်ခုနှင့်အတူ သွေးကန်တစ်ခု ရှိနေသော မြို့တော်ဗဟိုထံ ပျံဝဲသွားသည်။

သွေးမျိုးနွယ်စု မြို့တော်များ၏ အလယ်ဗဟိုတွင် သွေးကန်များ ထားရှိလေ့ရှိပြီး အစာရေစာ ရှားပါးမှုအတွက် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။ ထိုသွေးကန် ဖျက်စီးခံလိုက်ရပါက မြို့တော်သည်လည်း ပျက်စီးသွားပြီဟု ဆိုနိုင်သည်။

လုကျန့်သည် လျှပ်စီးလုံးတစ်ခုအား ဖြစ်ပေါ်စေကာ သွေးနီရောင် အကာအရံထံ ပစ်သွင်းလိုက်သည်။

ဝုန်း......

ကြမ်းတမ်းလှသော ပေါက်ကွဲမှုကြောင့် မြေပြင်သည်ပင် သိမ့်သိမ့်တုန်သွားရသည်။

အကာအရံမှာ ဖျက်စီးခံလိုက်ရကာ သွေးကန်မှာလည်း ပျက်စီးသွားလေသည်။

ကျောင်းသားများအားလုံး အော်ဟစ်အောင်ပွဲခံလိုက်ကြသည်။

သွေးမျိုးနွယ်စု မြို့တော်အား ဖျက်စီးနိုင်ခဲ့သည်မှာ ကြီးမားလှသော အောင်မြင်မှု ဖြစ်သောကြောင့် အခြားသော စမ်းသပ်ချက်များတွင် အဆင်မပြေ ဖြစ်ခဲ့လျှင်ပင် နှစ်ကုန်စာမေးပွဲ အောင်မြင်ရန် သေချာနေပြီ ဖြစ်သည်။

ဓားအင်မော်တယ်လင်းရှောင်မှာ စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် ကျောင်းသားများအား စုစည်းတော့မည့် အချိန်မှာပင် အသံလွှဲပြောင်းသောအဆောင်မှာ လင်းလက်လာသည်။

ရရှိလာသော သတင်းအချက်အလက်များကြောင့် သူ၏အမူအရာမှာ ပြောင်းလဲသွားရသည်။

"အန်လင်း....မင်းပြောထားတဲ့ သုံးယောက်နဲ့ဆိုင်တဲ့ သတင်းရလာတယ်။"

ဓားအင်မော်တယ်လင်းရှောင် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။

"ဘာသတင်းလဲ။"

အန်လင်း စိတ်လှုပ်ရှားကာ ဓားအင်မော်တယ်လင်းရှောင်အနီးသို့ သွားလိုက်သည်။

သူသည် ကတ်စီဒီတို့ကြောင့်ပင် ဤခရီးအား မဖြစ်မနေ လာခဲ့ခြင်း ဖြစ်သည်။

တပိုင်မှာလည်း အန်လင်း၏ သွေးမျိုးနွယ်စု အစေခံများကို မတွေ့ရသေးသောကြောင့် ဖင်တကြွကြွ ဖြစ်နေသည်။

"သူတို့တွေက မြင့်မြတ်သောတမာန်တော် ဖြစ်သွားပြီတဲ့။"

ဓားအင်မော်တယ်လင်းရှောင်မှာ အသက်ရှူသံများပင် မြန်နေရသည်။

"မြင့်မြတ်သောတမာန်တော်တွေက သွေးမျိုးနွယ်စုထဲမှာဆိုရင် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေနဲ့တောင် အဆင့်အတန်းချင်း တူတယ်တဲ့။ သူတို့သုံးယောက်လုံး မြင့်မြတ်သောတမာန်တော် ဖြစ်သွားကြတာ။"

အန်လင်း: "......."

All Chapters