← Chapters

အားနည်းသောရန်သူများအားဖျက်စီးခြင်

Vol. 46 Ch. 637

အားနည်းသောရန်သူများအားဖျက်စီးခြင်

Vol. 46 Ch. 637

မြင့်မြတ်သောတမာန်တော်လား.....သွေးမျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ရွေးချယ်အသိအမှတ်ပြုတဲ့ မြင့်မြတ်သောတမာန်တော်လား.....

အန်လင်းမှာ အံ့အားသင့်လွန်းသောကြောင့် စကားပင် မပြောနိုင်ပေ။

မြင့်မြတ်သောတမာန်တော်အဖြစ် ရွေးချယ်ခံရခြင်းသည် မည်မျှထူးခြားကြောင်း သူကောင်းစွာသိရှိထားသည်။ သွေးမျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ရွေးချယ်ပေးသည့် မြင့်မြတ်သောတမာန်တော်သည် သွေးမျိုးနွယ်စုအတွင်း အလွန်မြင့်မားသော အဆင့်အတန်းတစ်ခု ဖြစ်သည်။ မြင့်မြတ်သောတမာန်တော်သည် လွန်စွာထူးချွန်သော လူငယ်ပါရမီရှင်ဖြစ်ပြီး သွေးမျိုးနွယ်စုအား ဦးဆောင်နိုင်မည့် အခွင့်အရေးကို ရရှိပေသည်။

ကတ်စီဒီတို့သည် မြင့်မြတ်သောတမာန်တော် ဖြစ်လာလိမ့်မည်ဟု အန်လင်းအနေဖြင့် ထင်မှတ်မထားပေ။ ထို့အပြင် မြင့်မြတ်သောတမာန်တော်အဖြစ် တစ်ဦးတစ်ယောက်သာ ရွေးချယ်တတ်ပါသော်လည်း ယခုအခါ သုံးဦးဖြစ်နေသည်။ ထိုမျှမကသေးပဲ သွေးမျိုးနွယ်စုတွင် ၎င်းတို့သုံးဦးထက် သာလွန်သူများစွာ ရှိသည်။

ထိုသတင်းအား ပြောပြလာသူမှာ အတန်းပိုင်ဆရာသာ မဟုတ်ပါက ပေါက်ကရ လာလှိမ့်နေသည်ထင်ကာ ထိုသူအား ထိုးနှက်ပစ်မိလောက်သည်။

"ဆရာ....သူတို့က ဘာလို့မြင့်မြတ်သောတမာန်တော် ဖြစ်လာတာလဲ။"

ထိုကိစ္စသည် ထင်သလောက် မရိုးရှင်းသောကြောင့် အန်လင်း၏ စိတ်ထဲတွင် အတွေးများစွာ စတင်ဖြစ်ပေါ်လာသည်။

ဓားအင်မော်တယ်လင်းရှောင် ခေါင်းခါပြလိုက်သည်။

"ငါလည်းမပြောတတ်ဘူး။ ဒါပေမယ့် မကြာခင်မှာ သွေးမျိုးနွယ်စုရဲ့ မှော်လောကတွေထဲကို သူတို့သွားရလောက်တယ်။ ဆုလာဘ်တွေ အများကြီးအပြင် အမွေအနှစ်တွေပါ ရလာနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီတလောတော့ ငါတို့အတွက် တာဝန်ထမ်းဆောင်ပေးဖို့ မပြောနဲ့ဦး။ ဆက်သွယ်လာဖို့တောင် လွယ်မယ်မထင်ဘူး။"

အန်လင်းမှာ စိတ်ပျက်သွားခြင်း မရှိပဲ အလွန်ပင် ပျော်ရွှင်သွားရသည်။

သူ၏အစေခံ သုံးဦးသည် သွေးမျိုးနွယ်စု၏ မြင့်မြတ်သောတမာန်တော်များ ဖြစ်လာကြသောကြောင့် အန်လင်း၏ ခံစားချက်မှာ အမှန်တကယ် ကောင်းမွန်နေသည်။ တစ်နေ့နေ့တွင် အနက်ရောင်စိမ့်တောအား အုပ်ချုပ်ရမည်ဟုပင် တွေးတောမိလိုက်သေးသည်။

...........

အန်လင်းတို့သည် သွေးမျိုးနွယ်စု မြို့တော်တစ်ခုအား ဖျက်စီးလိုက်ရုံနှင့် ရပ်တန့်မသွားပဲ အနီးနားရှိ မြို့တော်များကိုပါ ဆက်လက်ချီတက်ခဲ့ကြသည်။

ဟွမ်းချန်မြို့တော်နှင့် ကီလိုမီတာ တစ်ရာ့ငါးဆယ်အတွင်း သွေးမျိုးနွယ်စု မြို့တော်စုစုပေါင်း ဆယ့်သုံးခုတိတိရှိကာ ဓားအင်မော်တယ်လင်းရှောင်သည် အားလုံးကို ဖျက်စီးပစ်ရန် စီစဉ်ထားသည်။

"မြို့ဆယ့်သုံးမြို့မှာ ရှစ်မြို့က မြို့စားမင်းတွေက သွေးမျိုးနွယ်စုရဲ့ မြင့်မြတ်သောတမာန်တော် ရွေးချယ်ပွဲကို ထွက်သွားကြတယ်။"

ဓားအင်မော်တယ်လင်းရှောင် စကားဆိုလိုက်သည်။

"လောလောဆယ် အဲ့မြို့တွေကို စောင့်ရှောက်နေတဲ့ သူတွေက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုခြေလှမ်းတဝက်လောက် ရောက်နေတဲ့သူတွေပဲ။ တခြားငါးမျို့ကတော့ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် မြို့စားမင်းတွေက စောင့်ကြပ်နေကြတယ်။ ငါတို့တွေ ငါးဖွဲ့ခွဲပြီး လှုပ်ရှားကြတာပေါ့။"

ပုံမှန်အားဖြင့် ထိုမြို့တော်သည် တစ်ခုနှင့်တစ်ခု ဆက်သွယ်ကူညီကြသည်။ မြို့တော်တစ်ခု တိုက်ခိုက်ခံရလျှင်ပင် ၎င်းတို့သည် စစ်ကူလာသည်အထိ တောင့်ခံထားနိုင်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ဓားအင်မော်တယ်လင်းရှောင်၏ အတန်းသားများမှာ လွန်စွာထူးချွန်ကြသောကြောင့် မြို့တော်များစွာအား တစ်ချိန်တည်းတွင် တိုက်ခိုက်နိုင်ပေသည်။

ထို့ကြောင့် သွေးမျိုးနွယ်စုများအနေဖြင့် တစ်မြို့နှင့်တစ်မြို့ ကူညီပေးရန် မလွယ်ကူပေ။ ထို့အပြင် မြို့စားမင်းများလည်း ရှိမနေသောကြောင့် မြို့တော်များအား ဖျက်စီးပစ်လိုက်ရန် အကောင်းဆုံး အခွင့်အရေး ရှိနေသည်။

ဓားအင်မော်တယ်လင်းရှောင်၊ စုရှောင်လန်၊ ရွှမ်းယွမ်ချန်၊ စုချန်းရန်၊ ရှောင်ချိုးနှင့် အန်လင်းတို့သည် ကျောင်းသားများအား အသီးသီး ဦးဆောင်ကာ သက်ဆိုင်ရာ မြို့တော်များထံ ထွက်ခွာကြမည် ဖြစ်သည်။

ဓားအင်မော်တယ်လင်းရှောင်းသည် သတင်းအချက်အလက်များအရ ရှောင်ဇယ်၏ ခုခံကာကွယ်ရေး စွမ်းရည်မှာ လွန်စွာကောင်းမွန်ကြောင်း သိထားခဲ့သည်။

ထို့ကြောင့် အဖွဲ့တစ်ခုခု ပြဿနာ ကြုံရပါက ချက်ချင်းသွားရောက်ကူညီပေးနိုင်ရန် တာဝန်ပေးထားသည်။

အဖွဲ့များ သတ်မှတ်ပြီးသည့်နောက် ၎င်းတို့လည်း စတင်စစ်ချီခဲ့ကြသည်။

အန်လင်းသည် ဖရိုဖရဲ သတ္ထုအုတ်ခဲပေါ် အဖွဲ့သားများ တင်ဆောင်ကာ တာဝန်ကျသော မြို့တော်ထံ ပျံသန်းလာလိုက်သည်။

ဓားအင်မော်တယ်လင်းရှောင်သည် အန်လင်းအပေါ် ယုံကြည်ကိုးစားသောကြောင့် ဖွတ်ချီးကျောင်းသားများကိုသာ အဖွဲ့သားများအဖြစ် ပေးအပ်ထားသည်။ အန်လင်းမှာ ထိုကိစ္စနှင့်ပက်သတ်၍ ကျေနပ်လွန်းလှသည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ အားအနည်းဆုံး ကျောင်းသားသည်ပင် တာအိုခန္ဓာ အဆင့်ကိုး ဖြစ်သောကြောင့် အခြားအတန်းမှ ကျောင်းသားများထက် သာလွန်သေးသည်။

"ကျောင်းသားအန်လင်း.....ငါတို့ ဘာလုပ်ကြမလဲ။"

ခပ်ဝဝနှင့် ကျောင်းသားတစ်ဦးမှ မေးမြန်းလိုက်သည်။

"ငါတို့နင့်ကို အားပေးသင့်လား ဒါမှမဟုတ် ငါတို့နင့်တိုက်ခိုက်တာကိုကြည့်ပြီး လက်ခုပ်ဝိုင်းတီးပေးရမှာလား။"

လှပသော မိန်းမငယ်လေးတစ်ဦးမှာလည်း တဲ့တိုးမေးလာသည်။

အန်လင်းမှာ ရင်ဘတ်များပင် တင်းကြပ်လာရလေသည်။

မင်းရွေးခိုင်းတဲ့ နှစ်ခုလုံးက တစ်ခုတည်းပဲလေ....ယီးထဲမှ......

"အရင်လိုပဲ....မင်းတို့က မြို့တော်ကို တိုက်ခိုက်ပေးရမယ်။ ငါကတော့ မြို့တော်ရဲ့ အသန်မာဆုံး ကျင့်ကြံသူတွေနဲ့ ထွက်ပြေးချင်တဲ့ ကောင်တွေကို ဆော်ပလော်တီးမယ်။ မင်းတို့တွေ တိုက်ပွဲအတွေ့အကြုံရှိမှ ပိုပြီးတိုးတက်လာမှာ။"

အန်လင်းတို့၏ အဓိက ရည်ရွယ်ချက်မှာ သွေးမျိုးနွယ်စု မြို့တော်ဗဟိုရှိ သွေးကန်အား ဖျက်စီးရန် ဖြစ်ပါသော်လည်း ကျောင်းသားများ၏ တိုက်ပွဲစွမ်းရည် တိုးတက်ရန်မှာ အရေးကြီးလှသဖြင့် ၎င်းတို့အား ပေါ့ပေါ့ပါးပါး နေခွင့်မပြုသင့်ပေ။

ကျောင်းသားများမှာ စိတ်ပျက်စွာ သက်ပြင်းချမိပါသော်လည်း မကြာမီမှာပင် တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်ကြသည်။

အံ့အားသင့်ဖွယ် အနက်ရောင်မြို့တော်ကြီးနှင့်အတူ အလယ်ဗဟိုတွင် သွေးနီရောင် အကာအရံတစ်ခုအား တွေ့လိုက်ရသည်။ သွေးမျိုးနွယ်စုသည် တိုက်ပွဲများအကြောင်း ကြားသိထားပုံရပြီး ခုခံကာကွယ်ရေး ဝင်္ကပါအား သေချာစွာ ပြင်ဆင်ထားသည်။

မည်သို့ပင်ဆိုစေကာမူ ဝင်္ကပါနှင့်ပက်သတ်၍ အန်လင်းအား အထင်သေးနေပုံပင်။

အန်လင်းသည် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်ဖြင့် ဝင်္ကပါအား ကြည့်ရှုလိုက်ပြီးနောက် နယ်မြေထိုးဖောက်လက်သည်းနှင့် ဖျက်စီးပစ်လိုက်သည်။

ကျောင်းသားနှစ်ဆယ်သည် မြို့နံရံပေါ် ဆင်းသက်ကာ သွေးမျိုးနွယ်စု စစ်သည်တော်များအား အပြင်းအထန် တိုက်ခိုက်ကြတော့သည်။

အန်လင်းသည် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း ဗိုလ်ချုပ်တစ်ဦးကိုတွေ့တိုင်း လျှပ်စီးခြယ်လှယ်နည်းစနစ်ဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်ရော၊ စိတ်ဝိဉာဉ်ပါမကျန် ဖျက်စီးပစ်သည်။

ထိုအချိန်တွင် မြို့တော်ထဲမှ အားကောင်းလှသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

အန်လင်း မြို့တော်ဗဟိုသို့ လှမ်းကြည့်လိုက်သောအခါ သွေးနဂါးများ ပတ်လည်ဝိုင်းနေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ သွေးနဂါးများ၏ ကြောက်မက်ဖွယ် တိုက်စားခြင်းကြောင့် ပေတစ်ထောင်ဝန်းကျင်အတွင်း အရာအားလုံး ပျက်စီးသွားသည်။ ၎င်းသည် ကမ္ဘာမြေပေါ် ဆင်းသက်လာသော ဘီလူးတစ်ကောင်အလား ထင်မှတ်ရသည်။

"ဟမ့်....ဘောမွှေးတောင် မပေါက်သေးတဲ့ ကောင်တွေကများ ငါ့ရဲ့ရွှယ်မန်မြို့တော်ကို တိုက်ခိုက်ရဲတယ်ပေါ့။"

ထိုအမျိုးသား၏ စကားသံမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်နေသည်။

"အခုငါ...."

ဝှစ်....

ရွှေရောင်ဟာလာပြင်လျှပ်စီး၏ အဖျက်စွမ်းအင်များ ပါဝင်နေသော ဓားတစ်လက်မှာ မြို့တော်ထဲ လျင်မြန်စွာ ပျံဝဲသွားသည်။

တလက်လက် တောက်ပနေသော ရွှေရောင်ဓားမှာ ထိုအမျိုးသား၏ နယ်ပယ်အား ဖျက်စီးလိုက်ပြီး ရွှေရောင်ဟာလာပြင်လျှပ်စီးမှာ ၎င်းပြန်လည်မရှင်သန်နိုင်လောက်အောင် ခန္ဓာကိုယ်အား ပျက်စီးသွားစေသည်။ ထိုသူမှာ ကိုယ့်ကိုယ်ကို မိတ်ဆက်ခွင့်ပင် မရလိုက်ပဲ ရက်ရက်စက်စက် အသတ်ခံလိုက်ရသည်။

အန်လင်း အထင်သေးစွာဖြင့် မိစ္ဆာရှင်းဓားအား ပြန်သိမ်းလိုက်သည်။

"ဟမ့်.....စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း စဦးအဆင့်နဲ့များ ဖင်လာယားနေသေးတယ်။"

တပိုင်မှာ ခန္ဓာကိုယ် တစ်ခုလုံး ကျုံ့ဝင်သွားရသည်။

"အစ်ကိုကြီးအန်....သောက်ရမ်းမိုက်တယ်ဗျာ။"

"ငါလည်းမတတ်နိုင်ဘူးလေ။"

အန်လင်း သက်ပြင်းချလိုက်သည်။

"နောက်ပိုင်း ငါတိုက်ရတာတွေက ဟင်းလင်းပြင်သို့အပြန် အဆင့်တွေချည်းပဲ။ ဘာမဟုတ်တဲ့ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်တွေကိုတော့ စာရင်းထဲကို မရှိတာ။ သူတို့လေလုံးတွေတောင် နားမထောင်ချင်တော့ဘူး။"

တပိုင်: "......"

ကောင်းကောင်းမွန်မွန် စကားပြောလို့ မရဘူးလားဗျာ....ကျွန်တော်က စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်တောင် မရောက်သေးတဲ့ ခွေးတစ်ကောင်ပါဗျ....ကျွန်တော့်ရဲ့ နုနုနယ်နယ် ခံစားချက်လေးတွေကို ထည့်မတွက်တော့ဘူးလား.....

မြို့စားမင်းပင် အသတ်ခံလိုက်ရသောကြောင့် သွေးမျိုးနွယ်စု စစ်သည်တော်များအားလုံး ကြောက်စိတ်များ ဝင်လာပြီး တိုက်ခိုက်ချင်စိတ် ပျောက်ဆုံးကာ ထွက်ပြေးကြတော့သည်။

ကျောင်းသားများမှာ တိုက်ပွဲစွမ်းရည် ကောင်းမွန်ပါသော်လည်း လူဦးရေ နည်းပါးလွန်းလှသဖြင့် ၎င်းတို့သာ ထွက်ပြေးပါက လိုက်လံဖမ်းစီးနိုင်မည် မဟုတ်ပေ။

"တီနာ....သူတို့ကို မင်းနဲ့လွှဲထားလိုက်မယ်။"

အန်လင်း စကားဆိုလိုက်သည်။

အန်လင်း၏ ပုခုံးပေါ်တွင် ပျင်းရိစွာ ထိုင်နေသော တီနာမှာ ချက်ချင်းပင် ခေါင်းညိတ်သဘောတူလိုက်သည်။

သူမ၏လက်အား ဝေ့ယမ်းလိုက်သည်နှင့် ကောင်းကင်ထက်တွင် ကြယ်ပွင့်များနှင့် ဆင်တူသော အဖြူရောင် အလင်းအစက်အပြောက်များစွာ ဖြာထွက်လာသည်။

ထို့နောက် မြေပြင်ပေါ် ဆင်းသက်လာတော့သည်။

မြင့်မြတ်သန့်စင်သော စွမ်းအင်များ ပါဝင်နေသည့် ကြယ်ပျံများမှာ သွေးမျိုးနွယ်စု စစ်သည်တော်များအပေါ် ပြုတ်ကျလာသည်။

ဝုန်း....ဝုန်း.....ဝုန်း....

အဖြူရောင် အလင်းအစက်အပြောက်များမှာ သွေးမျိုးနွယ်စု စစ်သည်တော်များ၏ ခန္ဓာကိုယ်အား ဖောက်ထွင်းသွားကြသည်။

ခေတ္တမျှသော အချိန်အတွင်းမှာပင် သွေးမျိုးနွယ်စု စစ်သည်တော် သောင်းနှင့်ချီ အသတ်ခံလိုက်ရသည်။

တပိုင်မှာ မျက်လုံးအပြူးသားဖြင့် အသက်ရှူသံများပင် မြန်လာသည်။

လိမ္မာရေးခြားရှိကာ သူမကိုယ်သူမ ငါးယောက်မြောက် ညီမလေးအဖြစ် သတ်မှတ်ထားသော ချစ်စဖွယ် နတ်သမီးငယ်လေးသည် ထိုမျှကြောက်မက်ဖွယ် ကောင်းသည်လော။

ကျောင်းသားများမှာလည်း ရုတ်တရက် သတ်ခံလိုက်ရသော ရန်သူများကိုကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေမိသည်။

အန်လင်း ပုခုံးထက်ရှိ နတ်သမီးလေး၏ လက်ဝါးပေါ်တွင် အဖြူရောင် အလင်းအစက်အပြောက်များ ရှိနေဆဲပင်။

ထိုတိုက်ခိုက်မှုအား နတ်သမီးလေးမှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကျောင်းသားများမှာ အန်လင်းအား နားမလည်နိုင်သော အမူအရာဖြင့် ကြည့်ရှုလိုက်ကြသည်။

ငါတို့ရဲ့ တိုက်ပွဲအတွေ့အကြုံက ဘာဖြစ်သွားပြီလဲ....

အခုမှ စတိုက်ခါစကို မင်းတို့က ရန်သူတွေအကုန် အပြုတ်ဖြုတ်လိုက်တယ်....ငါတို့ကို ရေပေါ်ဆီလို လူတွေဖြစ်လာအောင် မင်းကဖိအားပေးနေတာနော်...ဟုတ်ပြီလား....

All Chapters