အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
အခန်း ၈၁ - ဒီလှုပ်ရှားမှုကလန်းလှချည်လား။
ရယ်မောသံများ လှောင်ပြောင်သံများ ဆူညံသံများ ဆဲဆိုသံများ ဝေဖန်သံများနှင့် သံသယဖြစ်ဖွယ် အမေးအမြန်းများကြောင့် လူနေအိမ်ရာဝင်းအတွင်းရှိ လေထုမှာ ရုတ်တရက် ဆူပွက်လာခဲ့သည်။
“လူငယ်လေး စိတ်လိုက်မာန်ပါ မလုပ်နဲ့ဦးလူသတ်တာ ဥပဒေနဲ့ ငြိစွန်းတယ်။”
အဘွားဆန်းက အပြေးအလွှား ရောက်လာပြီးအော်ဟစ်တော့သည်။
“နင် ဒီလိုလုပ်ရင် မိုးကြိုးပစ်ခံရလိမ့်မယ်။ငါ့ရဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းကိုလည်း မင်းကို မငှားတော့ဘူး။ အခုချက်ချင်း ရပ်လိုက်တော့ တစ်ယောက်ယောက် လာကူကြပါဦး လာပြီး ဒါကို တားကြပါဦး။”
“အဘွားဆန်းကျေးဇူးပြုပြီး မအော်ပါနဲ့ဦး။ ကျွန်တော် ဦးလေးလင်းကို ဆေးကုပေးနေတာပါ။”
ယဲ့ချန်က မြေကြီးကို တက်ကြွစွာ တူးဆွရင်း ပြောလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် လင်းယွီရှီးနှင့် လီဟွီ မိခင်နှင့်သမီးနှစ်ယောက်လုံးက ဘေးနားတွင်ရှိနေပြီး ဘေးလူများ ရဲခေါ်မည့်အရေးကို အဆက်မပြတ် တားဆီးပေးနေခဲ့သည်။
သို့မဟုတ်ပါက ယဲ့ချန်တစ်ယောက် ဦးလေးလင်းကို မြေမြှုပ်မပြီးခင်မှာတင် ရဲဖမ်းခံရလောက်ပြီဖြစ်သည်။
ယဲ့ချန်က အလွန်လက်သွက်လှသည်။ ဆယ်မိနစ်ခန့်အတွင်းမှာတင် ဦးလေးလင်းကို ခေါင်းလေးသာ ဖော်ပြီး တစ်ကိုယ်လုံးကို မြေကြီးထဲ မြှုပ်နှံပြီးစီးသွားခဲ့သည်။
“ဦးလေးလင်း အဆင်ပြေရဲ့လား။”
ယဲ့ချန်က မေးလိုက်သည်။
“တကယ်အဆင်ပြေပါတယ်။”
“ငါ့ခန္ဓာကိုယ်က အာရုံခံစားမှု မရှိတာ ကြာလှပြီ။ အခု ဘယ်လိုခံစားနေရလဲဆိုတာတောင် ငါမသိတော့ဘူး။”
“ကဲ... ကုသမှုရဲ့ ပထမအဆင့်တော့ ပြီးသွားပြီ။ အခုကတော့။”
ယဲ့ချန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ပိုမိုများပြားလာသော အိမ်နီးနားချင်းများကို မြင်လိုက်ရသဖြင့် အသံကိုမြှင့်ကာ အော်လိုက်သည်။
“ချစ်လှစွာသော အိမ်နီးနားချင်းတို့ခင်ဗျာ ကျွန်တော် အခု ဦးလေးလင်းကို ကုသပေးနေတာပါ။ သူရဲ့ရောဂါအခြေအနေက အရမ်းဆိုးရွားနေပြီဖြစ်လို့ ကျွန်တော် အပြင်းစားကုထုံးကို သုံးရမှာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်မတင်ကြပါနဲ့။ ကျွန်တော် ဥပဒေကို မသိတာမဟုတ်ဘူး စာမတတ်တာလည်း မဟုတ်ဘူးးလူမိုက်လည်း မဟုတ်ပါဘူး။ ကျွန်တော် ဘာလုပ်နေလဲဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်။ အခု ကျွန်တော် လူတိုင်းကို အကူအညီတစ်ခုလောက် တောင်းချင်ပါတယ် လူကြီးမင်းတို့ဆီက ပစ္စည်းအချို့ ငှားချင်လို့ပါ။”
“လူကြီးမင်းတို့အိမ်က အိုးခွက်ပန်းကန်တွေ ဓားတွေ ကတ်ကြေးတွေ ဂွတွေပလာယာတွေ ဒါမှမဟုတ် အဲဒီလိုမျိုး ပစ္စည်းတွေရှိရင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ငှားပေးကြပါ။ အကျဉ်းချုပ်ပြောရရင် ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ ခဲ... စတဲ့ သတ္တုနဲ့လုပ်ထားတဲ့ အိမ်သုံးပစ္စည်း ဒါမှမဟုတ် ကိရိယာတွေဆိုရင် ရပါပြီ။ နှောင့်ယှက်မိတဲ့အတွက် အားနာပါတယ် အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။”
အစပိုင်းတွင် အိမ်နီးနားချင်းများက ဝေခွဲမရ ဖြစ်နေကြသည်။ သို့သော် လင်းမိသားစုသည် လူတိုင်းနှင့် ဆက်ဆံရေးကောင်းမွန်သဖြင့် လင်းယွီရှီးနှင့် လီဟွီတို့က တစ်အိမ်တက်ဆင်း လိုက်လံငှားရမ်းသောအခါတွင် အိမ်နီးနားချင်းများလည်း ငြင်းဆန်မနေတော့ပေ။
မကြာမီအချိန်အတွင်းမှာပင် ဦးလေးလင်း မြေမြှုပ်ခံထားရသည့် နေရာဘေးတွင် အိုးများ ဒယ်အိုးများ ပန်းကန်များ ကတ်ကြေးများ မီးဖိုချောင်သုံးဓားများတံခါးသော့များနှင့် အခြားသော သတ္တုပစ္စည်းမျိုးစုံ တောင်လိုပုံသွားခဲ့သည်။
“အဆင်သင့်ဖြစ်ပြီ။”
ယဲ့ချန်က ဖုန်းကိုထုတ်ပြီး အချိန်ကို စစ်ဆေးလိုက်သည်။
“နောက်တစ်နာရီကြာရင် ဦးလေးလင်းကို ပြန်တူးလို့ရပြီ။ အဲဒီအချိန်ကျရင် ကုသမှုရဲ့ ရလဒ်ကို မြင်တွေ့ရလိမ့်မယ်။”
ဒီတစ်နာရီအတွင်းမှာတော့ ယဲ့ချန် ဘာမှ ထပ်လုပ်စရာမလိုတော့ဘဲ စောင့်ဆိုင်းနေရုံသာဖြစ်သည်။
အားလပ်ချိန်တွင် ယဲ့ချန်က စနစ်တာဝန်တစ်ခု ဖန်တီးရန် အခွင့်အရေးယူလိုက်သည်။
“တီ...တာဝန်တစ်ခု ဖန်တီးလိုက်ပါပြီ။ တာဝန်အကြောင်းအရာ- အိမ်ရှင်သည် လင်းယွီရှီးဖခင်၏ ထူးဆန်းသောရောဂါကို ကုသပေးရမည်။ ဆုလာဘ်- စနစ်သည် တာဝန်၏ခက်ခဲမှုကို ခွဲခြမ်းစိတ်ဖြာနေဆဲဖြစ်ပြီး ဆုလာဘ်များကို နောက်မှ တွက်ချက်ပေးပါမည်။
“ကဲ... ဒါဆို အားလုံးပဲ စောင့်ကြတာပေါ့။”
ညွှန်ကြားရေးမှုးလော့က ပြုံးပျော်စွာဖြင့် ထိုင်ခုံတစ်ခု သွားငှားကာ ထိုင်လိုက်ပြီး သူ ယူဆောင်လာသော ရေနွေးဓာတ်ဘူးကို ထုတ်၍ ရေနွေးကြမ်းကို အေးအေးလူလူ သောက်နေတော့သည်။
ညွှန်ကြားရေးမှုးလော့က သူတို့ ထွက်သွားလို့ရပြီဟု မပြောသဖြင့် ကျွမ်းကျင်ပညာရှင်များလည်း မလှုပ်ရဲကြဘဲ သူ့ဘေးတွင်သာ အဖော်ပြုပြီး စောင့်ဆိုင်းနေကြရသည်။
“ကျန်းသခင်လေး ကျွန်တော်တို့လည်း စောင့်ရမှာလား။”
လင်းယွီရှီး၏ အကြီးဆုံးဦးလေးက ဖားလိုသောမျက်နှာထားဖြင့် မေးလိုက်သည်။
“ဟက်... စောင့်ရမှာလား ဘာလို့မစောင့်ရမှာလဲ အမှန်အတိုင်းပြောရရင် ငါ ဒီလို သောက်ရူး သောက်ပေါအမျိုးအစားကို တစ်ခါမှ မမြင်ဖူးဘူး ဟာသကားတွေကြည့်တာတောင် ဒီသောက်ပေါကို ကြည့်ရသလောက် မရီရဘူး။ တကယ်ပဲ နေ့တိုင်း ရယ်စရာတစ်ခုခုရှိနေတာ ကောင်းတာပေါ့။”
ကျန်းသခင်လေး၏ မျက်နှာပေါ်ရှိ လှောင်ပြောင်သရော်မှုများက ပိုမိုပြင်းထန်လာခဲ့သည်။
ခဏအကြာတွင် ကျန်းသခင်လေး၏ မျက်နှာထားက ရုတ်တရက် အေးစက်သွားသည်။
“မင်းတို့ကတော့ ငါ့ကို စေ့စပ်ပွဲ စီစဉ်ပေးမယ်လို့ သဘောတူထားပြီးမှ ငါ့စိတ်ကို လာဖျက်ဆီးဖို့ ဒီလိုသောက်ပေါတစ်ယောက်ကို ခေါ်လာတယ်... တောက် ဒီနေ့ ငါ လင်းယွီရှီးကို မရရင် မင်းတို့ထဲက တစ်ယောက်မှ သက်သာရာရမှာမဟုတ်ဘူး ငါ့မိဘတွေကို ပြောပြီး မင်းတို့ကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို ရပ်ဆိုင်းခိုင်းပြီး စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ပစ်မယ်။ ဒေဝါလီခံရဖို့သာ ပြင်ထားကြတော့ တောက်... ငါ့ကို ဒီလိုလာကစားရဲအောင် မင်းတို့က တကယ် သတ္တိရှိတာပဲ။”
“ဟင် မလုပ်ပါနဲ့ ကျေးဇူးပြုပြီး အဲလိုမလုပ်ပါနဲ့။”
အကြီးဆုံးဦးလေးနှင့် ဒုတိယဦးလေး မိသားစုမှ လူများမှာ ကြောက်ရွံ့လွန်းသဖြင့် တုန်ရင်နေကြသည်။
“ကျန်းသခင်လေးကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ဦး။ အဲဒီကောင်စုတ်က မီးနဲ့ကစားနေတာပါ။ နောက်တစ်နာရီကြာရင် ယွီရှီးလည်း သေချာပေါက် သတိဝင်လာပြီး သူ့လှည့်ကွက်ထဲ ဆက်ကပါမှာ မဟုတ်တော့ပါဘူး အကောင်းဆုံးကတော့... အကောင်းဆုံးကတော့ အဲဒီကောင်က ငါ့ရဲ့ တတိယညီကို ကုရင်းနဲ့ သတ်ပစ်လိုက်တာပဲ တစ်ခါတည်း အပြတ်ရှင်းသွားတာပေါ့။”
အကြီးဆုံးဦးလေးက ဝမ်းနည်းပူဆွေးသော မျက်နှာဖြင့် ပြောလိုက်သည်။
ယခုအချိန်တွင် အကြီးဆုံးနှင့် ဒုတိယဦးလေး မိသားစုမှ လူများသည် ယဲ့ချန်တစ်ယောက် ဦးလေးလင်းကို သတ်ပစ်လိုက်ရန်သာ ဆုတောင်းနေကြတော့သည်။ သူတို့သည် ယဲ့ချန်ကို အရိုးထဲကပါ အောက်မေ့ပြီး နာကျည်းနေကြကာ စိတ်ထဲရှိ မုန်းတီးမှုများကို ဖော်ပြရန်ပင် ခက်ခဲလှသည်။
“နင်... ဒီကိုလာခဲ့။”
ဒုတိယအဒေါ်၏ မျက်လုံးများထဲတွင် အေးစက်လှသော အမုန်းတရားများ ပြည့်နှက်နေပြီး ယဲ့ချန်ကို အော်ဟစ်လိုက်သည်။
“အခုချက်ချင်း ဒီကိုလာခဲ့စမ်းး။”
“ဟင်”
ယဲ့ချန်သည် လင်းယွီရှီးလီဟွီတို့နှင့် စကားပြောနေခြင်း ဖြစ်သည်။ သူက ထိုအသံလာရာဘက်သို့ ကြည့်လိုက်သည်။
“အဒေါ် ယွီရှီး... မင်းတို့နှစ်ယောက် ဒီမှာ ခဏစောင့်နေဦး။ ငါ သွားကြည့်လိုက်ဦးမယ်။ ကြည့်ရတာ ယွမ် ၂ သန်း က သူတို့အကောင့်ထဲ ရောက်သွားပြီထင်တယ်။ ဒီနေ့ကစပြီး သူတို့နဲ့ ဆက်ဆံရေးအားလုံးကို တစ်ခါတည်း အပြတ်ဖြတ်လို့ရပြီ။”
“နင် ဒီကောင်စုတ်။”
ဒုတိယအဒေါ်က လေထဲကို လက်သည်းဖြင့် ကုတ်ခြစ်မတတ် ခြိမ်းခြောက်ရင်း အော်ဟစ်တော့သည်။
“လူလိမ်ကောင် မင်းက လူလိမ်ပဲအခုထိ ငါ့ဖုန်းထဲကို စာတိုဘာတစ်ခုမှ ဝင်မလာသေးဘူး ယွမ် ၂ သန်းက ဘယ်မှာလဲ?မင်း ပြန်ဆပ်မယ်လို့ ကတိပေးထားတဲ့ ယွမ် ၂ သန်းက ဘယ်မှာလဲ ပိုက်ဆံ ဘယ်မှာလဲ။”
“တိရစ္ဆာန်ကောင်။”
အကြီးဆုံးဦးလေး၏ သားကြီးဖြစ်သူ၏ မျက်နှာမှာ ဒေါသကြောင့် ရုပ်ပျက်ဆင်းပျက် တွန့်လိမ်နေသည်။
“မင်း ငါတို့ကို လာကစားရဲတယ်ပေါ့ ငါ အခု တကယ် ဒေါသထွက်နေပြီ နားထောင်စမ်းဒါက မင်းကို ငါပေးတဲ့ နောက်ဆုံးနောက်ဆုံးနောက်ဆုံးအခွင့်အရေးပဲ။ အခုချက်ချင်း ဒူးထောက်ပြီး ကျန်းသခင်လေးကို ကန်တော့တောင်းပန်လိုက် ပြီးတော့ ငါ့ညီမဝမ်းကွဲနားကနေ ထွက်သွား မဟုတ်ရင်အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်။ ဖုန်းတစ်ကောလ်တည်းနဲ့ မိနစ်ပိုင်းအတွင်း မင်းကို အသေသတ်မယ့်လူတွေကို ငါ ခေါ်လိုက်လို့ရတယ်။”
ယဲ့ချန်က ထိုဟောင်နေသော ခွေးအုပ်စုကို လျစ်လျူရှုထားလိုက်သည်။ သူက မျက်မှောင်ကုတ်ပြီး ဖုန်းကိုထုတ်ကာ ထန်ကျိယွမ်ထံသို့ ခေါ်ဆိုလိုက်သည်။
“ယွမ် ၂ သန်းက ငါပေးထားတဲ့ အကောင့်ထဲကို လွှဲပြီးပြီလား။”
“အစ်ကိုလေး ငါကိုယ်တိုင် ပိုက်ဆံလွှဲပေးထားပါတယ်။ မကြာခင် ရောက်သွားလိမ့်
မယ်။ ငါ ခုနက ကိစ္စလေးတွေ ရှိနေလို့ အကြောင်းကြားဖို့ အချိန်မရလိုက်ဘူး။ စိတ်မပူပါနဲ့ငါ ကိစ္စတွေကို သေချာကိုင်တွယ်တတ်ပါတယ်။”
ထန်ကျိယွမ်က ရယ်မောရင်း ပြောသည်။
ယဲ့ချန်က ဖုန်းမချသေးဘဲ ဒေါသထွက်နေသော ဒုတိယအဒေါ်ကို ကြည့်လိုက်သည်။
“ခဏလောက် ထပ်စောင့်လိုက်ပါဦးပိုက်ဆံက မကြာခင် ရောက်တော့မှာပါ။”
“စောင့်ရမှာလား... ဘာကို စောင့်ရမှာလဲ။”
အကြီးဆုံးဦးလေး၏ သားကြီးမှာ ဒေါသထွက်လွန်းသဖြင့် လူတစ်ယောက်ကို သတ်ပစ်ချင်စိတ် ပေါက်နေပြီဖြစ်သည်။
“မင်း ငါတို့ကို လှည့်စားဖို့ အပေါင်းအပါတစ်ယောက် ရှာထားတာပဲ ကောင်စုတ်ဖုန်းပေးစမ်း မင်းဖုန်း ငါ့ကိုပေးစမ်း။”
“အာ...”
ယဲ့ချန် ခဏတာ ဆိုင်းငုံ့သွားပြီးနောက် ပြုံးစိစိဖြင့်မေးလိုက်သည်။
“မင်း သေချာလို့လား။”
“မင်းရဲ့ လူလိမ်ဇာတ်လမ်း ပေါ်သွားမှာ ကြောက်လို့လား။”
အကြီးဆုံးဦးလေး၏ သားကြီးက နှာခေါင်းရှုံ့လိုက်သည်။
“ငါ နောက်ဆုံးအကြိမ် ပြောမယ် ဖုန်းပေးစမ်းးး”
“ရော့... ရတယ်။”
ယဲ့ချန်က သူ့ထံ ဖုန်းကမ်းပေးလိုက်သည်။
အကြီးဆုံးဦးလေး၏ သားကြီးက ဖုန်းကိုဆွဲယူပြီး အဆိုးဝါးဆုံး အောက်တန်းအကျဆုံးနှင့် အာဏာအရှိဆုံး လေသံဖြင့် အော်ဟစ်လေတော့သည်။
“ကောင်စုတ် တိရစ္ဆာန်ကောင် မင်း ဘာလုပ်နေလဲဆိုတာ မင်းသိလား။ မင်းနဲ့ အဲဒီကောင်စုတ်နဲ့ ဇာတ်တူတူခင်းပြီး ငါတို့ကို မျောက်လို လာကစားနေကြတာပေါ့။ မင်းတို့ တကယ် သတ္တိရှိရင်မင်း ဘယ်မှာလဲဆိုတာ ငါ့ကို ပြောရဲလား။ အခုချက်ချင်း လူလွှတ်ပြီး မင်းကို အသေသတ်ခိုင်းလိုက်မယ် ကောင်စုတ်။”
ဖုန်းတစ်ဖက်မှ ထန်ကျိယွမ်တစ်ယောက် ဆဲဆိုခံလိုက်ရသဖြင့် ဆွံ့အသွားခဲ့သည်။
သူက ထန်ကျိယွမ်လ ထန်မိသားစုရဲ့ ဒုတိယသခင်လေး ယန်မြို့တော် ရဲ့ နံပါတ်တစ် လူမိုက်သခင်လေး လူမိုက် လူရမ်းကားကြီး ထန်ကျိယွမ်လေ။
ဒီလှုပ်ရှားမှုကတော့ တကယ်ကို လန်းလွန်းလို့ ကမ္ဘာကျော်တယ်။
“ဟာဗျာ... မင်းကတော့ တကယ် လန်းတယ်တကယ်ကို လန်းလွန်းလို့ ငါ Like တောင် ပေးချင်တယ်။”
ယဲ့ချန်သည် အကြီးဆုံးဦးလေး၏ သားကြီးကို တကယ်ပင် အထင်ကြီးသွားခဲ့သည်။ သူသည် တကယ့်ကို သတ္တိခဲကြီးပင် ဖြစ်သည်။ ယဲ့ချန်က သူ့ကို လက်မထောင်ပြလိုက်ရုံသာ တတ်နိုင်သည်။
တစ်ချိန်တည်းမှာပင် သူက ထိုသူ့အတွက် စိတ်ထဲမှနေ၍ နာရေးသီချင်းတစ်ပုဒ်ကို ဆိုပေးလိုက်သည်။
မူလက ယဲ့ချန်သည် လင်းယွီရှီး၏ အကြီးဆုံးနှင့် ဒုတိယဦးလေး မိသားစုဝင်များကို ကိုယ်တိုင် သင်ခန်းစာပေးရန် ရည်ရွယ်ထားသော်လည်း ယခုကြည့်ရသည်မှာထိုသို့လုပ်ရန် မလိုတော့ပုံရသည်။
ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ရူးသွပ်ခြင်းအပိုင်းတွင် ယဲ့ချန်သည် ထိုထန်ကျိယွမ်ဆိုသည့် ကောင်ကို မယှဉ်နိုင်သေးပေ။
အကြီးဆုံးနှင့် ဒုတိယဦးလေး မိသားစုမှ လူများသည် မီးပုံထဲသို့ တိုးဝင်ကာ ကိုယ့်သေတွင်းကိုယ်တူးနေသည့် ပိုးဖလံကောင်များနှင့် တူလှသည်။
ဒါဟာ ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရပြီး မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမယ်။ ကောင်းကင်ဘုံရဲ့ နိယာမက စက်ဝိုင်းလို လည်ပတ်နေတာပဲ။ မယုံရင် ခေါင်းမော့ကြည့်လိုက်စမ်း— ကောင်းကင်ဘုံက ဘယ်သူ့ကို ချန်လှပ်ထားဖူးလို့လဲဆိုတဲ့ စကားအတိုင်းပင် ဖြစ်ပေလိမ့်မည်။
ထန်ကျိယွမ်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူ၏လေသံမှာ အလွန်အေးဆေးတည်ငြိမ်နေခဲ့သည်။
“မင်း ငါ့ကို ဆဲနေတာလား။ မင်း ငါ့ကို ဆဲလိုက်တာလား။”
“ဆဲတော့ ဘာဖြစ်လဲ။ ကောင်စုတ်။ တိရစ္ဆာန်ကောင် မင်း ဘယ်မှာလဲ။”
အကြီးဆုံးဦးလေး၏ သားကြီးမှာ အလွန်အမင်း ထောင်လွှားနေဆဲ ဖြစ်သည်။
“ကောင်းပြီ အရမ်းကောင်းတယ်။ မင်းနာမည် ဘယ်သူလဲ။ မင်း ဘယ်မှာလဲ။”
ထန်ကျိယွမ်၏ အသံက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေသည်။
“ဒါမှမဟုတ် ငါကိုယ်တိုင် မင်းဆီ လာရှာရမလား။”
“ငါ့နာမည်က ယဲ့ခွေ ကွမ်တာလမ်းက ကျင်ဟိုးဝမ် လူနေအိမ်ရာဝင်း မှာ ရှိတယ် လာခဲ့စမ်း တောက် လာခဲ့စမ်း မင်းလို အနံ့နံတဲ့ ကောင်စုတ် တိရစ္ဆာန်ကောင် တိရစ္ဆာန်ကောင်။”
“ကောင်းပြီ ငါ့ကို စောင့်နေလိုက်။ ငါ အခု လုပ်စရာလေးတွေ ရှိသေးလို့ ဖုန်းချလိုက်ဦးမယ်။ မှတ်ထားပါ မင်း ငါ့ကို သေချာပေါက် စောင့်နေရမယ်။ ငါတို့ ဒီနေ့ ဘယ်လိုပဲဖြစ်ဖြစ် တွေ့ကြတာပေါ့။”
ထန်ကျိယွမ်က ဖုန်းချသွားခဲ့သည်။
“တောက်။”
အကြီးဆုံးဦးလေး၏ သားကြီးက ဖုန်းကို ယဲ့ချန်ထံ ပြန်ပစ်ပေးလိုက်သည်။
“အဲဒီကောင်စုတ် လာရဲမလား ကြည့်ကြသေးတာပေါ့ သူ တကယ်လာရဲရင် ငါ သူ့ကို ကြိုးတုပ်ပြီး ရိုက်ပစ်မယ် ပြီးတော့ မင်းလည်း ခံရမယ် မင်းလည်း ပြေးလို့မလွတ်ဘူး ဒီနေ့ ကျန်းသခင်လေးက မင်းကို လွှတ်ပေးရင်တောင် ငါတို့က မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး သေဖို့သာ ပြင်ထားတော့။”
အခန်း ၈၂ - ကုသခြင်း။
ယဲ့ချန်က ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ရင်း အနည်းငယ် လှောင်ပြောင်သရော်သော လေသံဖြင့်ပြောလိုက်သည်။
“ခဏလောက် စောင့်ဦး ပိုက်ဆံက မကြာခင် ရောက်လာလိမ့်မယ်။”
ထိုသို့ပြောပြီးနောက် သူသည် လင်းယွီရှီး၏ ဘေးနားသို့ ပြန်လျှောက်သွားခဲ့သည်။
တစ်နာရီဆိုသော အချိန်မှာ အလွန်ပင် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ဒီထူးဆန်းသော မြင်ကွင်းကို လာရောက်ကြည့်ရှုကြသည့် လူနေအိမ်ရာဝင်းထဲမှ အိမ်နီးနားချင်းများမှာလည်း တစ်စတစ်စ ပိုမိုများပြားလာခဲ့သည်။
“ကဲ... စကြစို့။”
ယဲ့ချန်က တည်ငြိမ်ပြီး ပြုံးရွှင်သော မျက်နှာထားဖြင့် ဟင်းသီးဟင်းရွက် စိုက်ခင်းထဲသို့ လျှောက်ဝင်သွားကာပေါက်ပြားကို ကောက်ကိုင်ပြီး ဦးလေးလင်းကို ပြန်တူးထုတ်ရန် ပြင်လိုက်သည်။
လင်းယွီရှီးကလည်း မိခင်ဖြစ်သူ လီဟွီကို တွဲလျက် ယဲ့ချန်၏ နောက်မှ လိုက်ပါသွားခဲ့သည်။
“အချိန်ပြည့်ပြီ သွားကြည့်ကြရအောင်။”
ညွှန်ကြားရေးမှုးလော့သည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်ကာဟင်းသီးဟင်းရွက် စိုက်ခင်းဆီသို့ လျှောက်လှမ်းသွားတော့သည်။
ထိုကျွမ်းကျင်ပညာရှင်များကလည်း သံသယစိတ်များ မကင်းကြသေးသော်လည်း သူ့နောက်မှ အပြေးအလွှား လိုက်ပါသွားကြသည်။
ကျန်းသခင်လေးက နှာခေါင်းရှုံ့လှောင်ပြောင်ရင်း အကြီးဆုံးဦးလေးနှင့် ဒုတိယဦးလေး မိသားစုဝင်များကို ခေါ်ကာ ရှေ့သို့စုပြုံတိုးဝှေ့လာကြသည်။
ဟင်းသီးဟင်းရွက် စိုက်ခင်းလေးမှာ လူအုပ်ကြီးဖြင့် သုံးထပ်ခန့် ဝိုင်းရံပိတ်ဆို့သွားခဲ့သည်။
ကြည့်ရှုနေကြသည့် အိမ်နီးနားချင်းတိုင်းသည် ဦးလေးလင်းကို စူးစိုက်ကြည့်နေကြပြီး လူနေအိမ်ရာဝင်းတစ်ခုလုံး၏ လေထုမှာအသက်ရှူရကျပ်မတတ် တင်းမာလျက်ရှိနေသည်။
ယဲ့ချန်က ဤကဲ့သို့ လျှောက်လုပ်ရုံဖြင့် ဦးလေးလင်းကို ကုသနိုင်လိမ့်မည်ဟု မည်သူမျှ မယုံကြည်ကြသော်လည်း စိတ်ထဲတွင်မူမျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြဆဲ ဖြစ်သည်။
“ယွီရှီး အဒေါ်... နိမိတ်ကောင်းကို မျက်မြင်တွေ့ရမယ့် အချိန်ကို ရောက်လာပြီ။”
ယဲ့ချန်က ပြုံးရွှင်စွာ ပြောလိုက်ပြီးနောက်ဦးလေးလင်းကို ကြည့်လိုက်သည်။
“ဦးလေး အဆင်သင့်ပဲလား။”
ဦးလေးလင်းက ခေါင်းငြိမ့်ပြသည်။
ဤအချိန်တွင် လင်းယွီရှီးနှင့် လီဟွီတို့မှာ စိုးရိမ်စိတ်ကြောင့် ရင်တမမဖြစ်နေကြပြီး နှလုံးခုန်သံများမှာလည်း အပြင်သို့ ထွက်မတတ် ကျယ်လောင်နေခဲ့သည်။ သူတို့နှစ်ဦး စိတ်ထဲမှနေ၍ အဆက်မပြတ် ဆုတောင်းနေကြသည်။
“အချိန်ဆွဲမနေနဲ့တော့ အခုပဲ တူးထုတ်လိုက်စမ်းပါ။”
ကျန်းသခင်လေးက ဟန်ဆောင်အပြုံးဖြင့် ပြောလိုက်သည်။
“မင်းရဲ့လှည့်ကွက်တွေ အခုပဲ ပေါ်တော့မှာ ဟက်... မင်း နောက်မှ ဘယ်လိုဆင်ခြေတွေပေးပြီး လိမ်ညာဦးမလဲဆိုတာ ငါ တကယ် စောင့်ကြည့်ချင်ပါသေးတယ်။ မင်းသာ ဦးလေးကို မကုနိုင်ရင် မင်းကို နောင်တရပြီး စိတ်ပျက်အားငယ်သွားအောင် လုပ်ပစ်မယ်လို့ ငါပြောခဲ့တယ်နော်။ ငါ့စကားက ဘယ်တော့မှ မပျက်ဘူး။”
ယဲ့ချန်က ကျန်းသခင်လေးကို တစ်ချက်ပင် လှည့်မကြည့်ဘဲ အင်္ကျီလက်ကို ပင့်တင်ကာ အလုပ်စလုပ်တော့သည်။ သူသည် ဦးလေးလင်းအပေါ် ဖုံးအုပ်ထားသော မြေကြီးများကို ဂရုတစိုက် တူးဆွပေးလိုက်သည်။ မကြာမီအချိန်အတွင်းမှာပင် ဦးလေးလင်းကို မြေကြီးထဲမှ ပြန်လည်တူးထုတ်ပြီးစီးသွားခဲ့သည်။
ယဲ့ချန်က ပေါက်ပြားကို ဘေးသို့ချကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဦးလေးလင်း၏ ကိုယ်ပေါ်မှ ဖုန်မှုန့်များနှင့် ရွှံ့စေးများကိုဖယ်ရှားပေးရင်း အားပေးစကား ဆိုလိုက်သည်။
“ဦးလေး လှုပ်ရှားကြည့်ပါဦး။”
“အင်း...”
ဦးလေးလင်းက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
သူသည် နှစ်ပေါင်းများစွာ မလှုပ်ရှားနိုင်ခဲ့ပေ။ သေဆုံးဖို့အတွက်ပင် စိတ်ပိုင်းဖြတ်ထားခဲ့ပြီး ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ သူ့အတွင်း၌ သေးငယ်သော မျှော်လင့်ချက်မီးတောက်ကလေး တစ်ဖန် ပြန်လည်တောက်လောင်လာခဲ့ပြီ။
ရေတွက်မရသော မျက်လုံးများစွာက ဦးလေးလင်းထံ စူးစိုက်ကြည့်နေကြသည်။
ထိုစဉ် ရုတ်တရက်ပင်။
ဦးလေးလင်း၏ ဘယ်ဘက်လက်က ဖြည်းဖြည်းချင်း... ဖြည်းဖြည်းချင်း... အထက်သို့ မြောက်တက်လာခဲ့သည်။
တကယ်ကြီး မြောက်တက်လာခဲ့တာပဲ။
“အိုး... ဘုရားရေ မယုံနိုင်စရာပဲ လှုပ်သွားပြီ တကယ်ကြီး လှုပ်ရှားသွားပြီ။”
ကျွမ်းကျင်ပညာရှင်တစ်ဦးမှာ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်တော့သည်။
“သူ လှုပ်ရှားနိုင်ပြီ လေဖြတ်နေတဲ့ လူနာက သူ့စိတ်အာရုံနဲ့ သူ့ရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ကိုယ်တိုင် ထိန်းချုပ်နိုင်နေပြီ။”
“ဦးလေး ဆက်လုပ်ပါဦး။”
ယဲ့ချန်က ခေါင်းဆောင်ကောင်းတစ်ဦး၏ အရှိန်အဝါမျိုးဖြင့် ထူးခြားစွာ တည်ငြိမ်ရဲဝံ့နေခဲ့သည်။
အရာအားလုံးမှာ သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ပင်။
ဦးလေးလင်း၏ မျက်နှာတွင် အတိုင်းထက်အလွန် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။ ထို့နောက် ချက်ချင်းပင် သူ၏ ညာဘက်လက်ကိုပါ မြှောက်လိုက်သည်။ ပြီးနောက် လက်နှစ်ဖက်လုံးဖြင့် မြေကြီးကို အားပြုကာ ဖြည်းညင်းစွာဖြင့် မတ်တတ်ရပ်လိုက်သည်။
ဦးလေးလင်း မတ်တတ်ရပ်နိုင်ခဲ့ပြီ။
သူ မတ်တတ်ရပ်နိုင်ခဲ့ပြီ။
တစ်ကိုယ်လုံး လေဖြတ်ပြီး အိပ်ရာထဲလဲနေခဲ့သည်မှာ ငါးနှစ်တိတိ ရှိခဲ့ပြီဖြစ်သော်လည်း ယခုအခိုက်အတန့်တွင် သူသည် တစ်ဖန်ပြန်၍ မတ်တတ်ရပ်နိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှာ အားနည်းနေသေးသဖြင့် မတ်တတ်ရပ်လိုက်သည်နှင့် ယိမ်းယိုင်ကာ လဲကျတော့မည့်အတိုင်းဖြစ်သွားသည်။ ယဲ့ချန်က အပြေးအလွှား ရှေ့သို့တိုးကာ သူ့ကို တွဲကူပေးလိုက်သည်။
“အဖေ...”
လင်းယွီရှီးသည် မျက်ရည်များ ဝိုင်းစက်လျက် ရူးသွပ်သူတစ်ဦးကဲ့သို့ ပြေးဝင်လာခဲ့သည်။
လီဟွီမှာလည်း စိတ်လှုပ်ရှားလွန်းသဖြင့် လည်ချောင်းထဲတွင် တစ်ဆို့ကာ စကားပင် မပြောနိုင်တော့ပေ။ သူမ၏ မျက်လုံးများမှမျက်ရည်များ အဆက်မပြတ် စီးကျနေသော်လည်း နှုတ်ခမ်းများမှာမူ ပွင့်အာလာသော ကြာပန်းတစ်ပွင့်ကဲ့သို့ ပြုံးလျက်ခန္ဓာကိုယ်တစ်ခုလုံး တုန်တုန်ရင်ရင်ဖြင့် ခင်ပွန်းဖြစ်သူထံသို့ လျှောက်လှမ်းသွားခဲ့သည်။
“ဟားဟားဟား ငါ မတ်တတ်ရပ်နိုင်ပြီ။ ငါ မတ်တတ်ရပ်နိုင်ပြီ။”
ဦးလေးလင်း၏ ပါးပြင်ပေါ်တွင် သက်ကြီးရွယ်အိုတစ်ဦး၏ဝမ်းသာမျက်ရည်များ စီးကျလာသည်။ ထို့နောက် သူက ယဲ့ချန်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
“ရှောင်ချန် ငါ... ငါ... မင်းကို ဒူးထောက်ပါရစေ မင်းရဲ့ ကျေးဇူးကို ဆပ်ဖို့ မင်းရဲ့ အစေခံပဲ လုပ်ပါရစေတော့။"
“မလုပ်ပါနဲ့ ဦးလေးရယ် ဒါက အရမ်းလွန်ရာကျလွန်းပါတယ်။ ဦးလေးက ကျွန်တော့်ကို ဒူးထောက်ရင် ဝါစဉ်တွေ ပျက်ကုန်တော့မှာပေါ့။”
ယဲ့ချန်က အမြန်ပင် တားမြစ်လိုက်သည်။
ဤအခိုက်အတန့်တွင် ကျန်းသခင်လေးသည် အေးစက်စိုစွတ်သော မိုးရေထဲတွင် စိမ်ခံထားရသကဲ့သို့ တစ်ကိုယ်လုံး ချမ်းစိမ့်သွားခဲ့သည်။ သူသည် လက်သီးကို တင်းတင်းဆုပ်ထားပြီး သူ၏ မျက်လုံးများထဲတွင် ဖော်မပြနိုင်သော နာကျည်းမှုနှင့် ဒေါသတရားများ ပြည့်နှက်နေသည်။
သူ့ပါးပြင်များမှာလည်း တစ်စုံတစ်ယောက်က ပြင်းထန်စွာ ပါးရိုက်လိုက်သကဲ့သို့ ပူထူသွားခဲ့သည်။
ယဲ့ချန်က ဦးလေးလင်းကို တကယ်ကြီး ကုသပေးနိုင်ခဲ့တာပဲ။
သူ့မျက်လုံးထဲတွင် အသုံးမကျသော အောက်ခြေလူတန်းစားဟု သတ်မှတ်ထားသော ကောင်က ဆေးပညာဘက်တွင်သူ့ထက် သာလွန်သွားရုံသာမက သူ့ကို လုံးဝနှိမ်နင်းသွားခဲ့သည်။
ကျန်းသခင်လေးသည် ဤအချက်ကို ဘယ်သောအခါမှ လက်ခံနိုင်မည်မဟုတ်ပေ။ ထို့ပြင် သူ၏ စိတ်ထဲတွင် အရှက်ရမှု မနာလိုမှု ရူးသွပ်မှု ကြီးမားသော အမုန်းတရားများနှင့် ယဲ့ချန်ကို ထိုနေရာတွင်တင် ဒေါသတကြီး သတ်ပစ်ချင်သည့် စိတ်လိုက်မာန်ပါစိတ်များ ပြည့်နှက်လာခဲ့သည်။
ညွှန်ကြားရေးမှုးလော့နှင့် ထိုကျွမ်းကျင်ပညာရှင်များမှာလည်း စိတ်လှုပ်ရှားမှုနှင့် ရှက်ရွံ့မှုတို့ကြောင့် မျက်နှာများ ရဲတောက်နေခဲ့သည်။
ညွှန်ကြားရေးမှုးလော့ကမူ ယဲ့ချန်က အဘိုးထန်၏ အသက်ကို ဆွဲဆန့်ပေးခဲ့သည့် အံ့ဖွယ်ဆေးပညာကို ကိုယ်တိုင် မြင်တွေ့ဖူးသဖြင့် အထိုက်အလျောက် ခံနိုင်ရည်ရှိသည်။
ကျွမ်းကျင်ပညာရှင်များမှာမူ ဦးနှောက်က ခန္ဓာကိုယ်ကို အမိန့်မပေးနိုင်တော့သည့်အလား ဖြစ်နေကြသည်။ သူတို့သည် သစ်တုံးများကဲ့သို့ မလှုပ်မယှက် ရပ်နေကြပြီး ယဲ့ချန်ကို ကြောင်တောင်တောင် မျက်လုံးများဖြင့် ငေးကြည့်နေကြသည်။ ဒါဟာ သူတို့ဘဝတွင် ဆေးပညာဆိုင်ရာ အံ့ဖွယ်နိမိတ်ကို ပထမဆုံးအကြိမ် မျက်မြင်တွေ့ဖူးခြင်းပင် ဖြစ်သည်။ တကယ်ကို သူတို့တစ်သက်တာလုံးမှာ ပထမဆုံးအကြိမ်ပင်။
“အစ်ကိုလေး မင်း ဆေးပညာဆိုင်ရာ ပဟေဠိတစ်ခုကို ထပ်ပြီး အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပြန်ပြီ... ဒီကုသမှုဟာ ဆေးပညာဆိုင်ရာ အံ့ဖွယ်နိမိတ်လို့ ခေါ်ဆိုဖို့ လုံလောက်ပါတယ် မင်းဟာ တကယ့်ကို အံ့ဖွယ်အရာတွေကို ဖန်တီးသူပဲ။”
ညွှန်ကြားရေးမှုးလော့က ချီးကျူးစကားများ ဆိုရင်း တလေးတစားဖြင့် ရှေ့သို့ တိုးကပ်လာခဲ့သည်။ ဒါဟာ လေးစားအားကျမှုပင် ဖြစ်သည်။
ဆေးရုံရှိ အဆင့်မြင့်ဆုံး စက်ပစ္စည်းကိရိယာမျိုးစုံဖြင့် စစ်ဆေးသော်လည်း ရောဂါရှာမရသည့် ထူးဆန်းသောရောဂါကို ယဲ့ချန်ကအဘယ်ကြောင့် ဤမျှလွယ်ကူစွာ ကုသနိုင်ခဲ့သည်ကို သူ တကယ် နားမလည်နိုင် ဖြစ်နေရသည်။
ကုသမှုလုပ်ငန်းစဉ် တစ်ခုလုံးတွင် ယဲ့ချန်သည် လူနာကို ဆေးဝါးတစ်ပြားမျှ မတိုက်ခဲ့ ဆေးမထိုးခဲ့ ပုလင်းမချိတ်ခဲ့ မည်သည့်စစ်ဆေးမှုမျှ မလုပ်ခဲ့သလို အပ်စိုက်ခြင်း သို့မဟုတ် အကြောပြင်နှိပ်နယ်ခြင်းများကိုပင် မပြုလုပ်ခဲ့ပေ။
ထို့ပြင် ဤကုသမှုသည် ကုန်ကျစရိတ် လုံးဝမရှိသလောက်ပင် ဖြစ်သည်။ ဟင်းသီးဟင်းရွက်စိုက်ခင်းကို ငှားရန် ယွမ်၁,၀၀၀ ကုန်ကျခဲ့သည် ဆိုသော်လည်း ထိုပိုက်ဆံပမာဏသည် ဆေးရုံကြီးတစ်ခု၏ ပြင်ပလူနာပြသခွင့် လက်မှတ်ဖိုးပင် မမီပေ။
သူကိုယ်တိုင် မျက်စိဖြင့် မမြင်ခဲ့ရပါက ဘယ်လိုနည်းနှင့်မျှ ယုံကြည်လိမ့်မည် မဟုတ်ပေ။
“အစ်ကိုလေး ဒါကို ကျွန်တော်တို့ကို ရှင်းပြပေးလို့ ရမလား။”
ညွှန်ကြားရေးမှုးလော့က စိတ်လှုပ်ရှားစွာဖြင့် အရှက်မရှိ လမ်းညွှန်မှု တောင်းခံလိုက်တော့သည်။ ထိုသို့ပြောလိုက်သည်နှင့် ညွှန်ကြားရေးမှုးလော့နှင့် အခြားသော ကျွမ်းကျင်ပညာရှင်များသည် အတန်းထဲတွင် စာကို သေချာနားထောင်ပြီး မှတ်စုလိုက်ရေးနေသော ကျောင်းသားများကဲ့သို့ သူတို့၏အိတ်ထဲမှ ဘောပင်နှင့် မှတ်စုစာအုပ်များကို အသီးသီးထုတ်လိုက်ကြတော့သည်။
“ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး။”
ကျွမ်းကျင်ပညာရှင်များအားလုံးက တောင်းဆိုကြသည်။
“ကျွန်တော်တို့ တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ရှင်းပြပေးပါ။”
“သူ ကံကောင်းလို့ ကြွက်သေကို လမ်းကြုံတိုးသွားတာပါ သူ ဆေးပညာအကြောင်း ဘာသိမှာလဲ ဒါက ကံသက်သက်ပဲ ငါလက်မခံဘူး ငါ လုံးဝလက်မခံဘူး။”
ကျန်းသခင်လေးသည် လူတစ်ယောက်ကို စားမတတ် ဝါးမတတ် ဒေါသမျက်လုံးများဖြင့်ရုတ်တရက် ရူးသွပ်သူတစ်ဦးကဲ့သို့ အော်ဟစ်လိုက်တော့သည်။
“ပါးစပ်ပိတ်ထားစမ်း။”
ညွှန်ကြားရေးမှုးလော့နှင့် အခြားပညာရှင်များက တစ်ပြိုင်နက်တည်း အော်ဟစ်ငေါက်ငမ်းလိုက်ကြသည်။
“မင်း လက်မခံဘူးလား။ ဒါဆိုရင်လည်း အောင့်ထားလိုက်ပေါ့။”
ယဲ့ချန်က ကျန်းသခင်လေးကို လှောင်ပြောင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
မင်းလို လူမျိုးက ငါ့ကို လာပြိုင်ချင်တယ်ပေါ့ ငါ့မှာ ရယ်ချင်လွန်းလို့ ဖင်တုန်နေပြီ။
အခုအချိန်ကတော့ အဆင့်မြင့်နည်းပညာဆိုင်ရာ အယူအဆတွေကို ထုတ်ပြပြီး ကြွားလုံးထုတ်ရမယ့် အချိန်ပဲ ဖြစ်သည်။
ယဲ့ချန်သည် စိတ်ကိုစုစည်းကာ ထင်းရှူးပင်တစ်ပင်ကဲ့သို့ မတ်မတ်ရပ်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
“လမ်းဆုံးတစ်ခုရဲ့အဆုံးသတ်တိုင်းမှာ မင်းကို တခြားရွေးချယ်စရာမရှိတော့တဲ့အချိန် ပျံသန်းဖို့ တွန်းအားပေးမယ့် ကောင်းကင်ယံရဲ့ တခြားသောအတိုင်းအဆတစ်ခု အမြဲရှိနေတတ်ပါတယ်။ ဒါဟာ အံ့ဖွယ်နိမိတ်ပါပဲ။ ကဲ... ကျွန်တော် ဦးလေးရဲ့ ရောဂါအကြောင်းကိုအကျဉ်းချုပ် ရှင်းပြပေးပါမယ်။”