← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း ၈၅ - ငါ မင်းတို့ကံကြမ္မာကို ဟောပေးမယ်။

“မင်းလို တိရစ္ဆာန်ကောင် တောက် မင်း... မင်း ငါ့ကို ဖျက်ဆီးလိုက်ပြီငါ့ဘဝကို မင်း ဖျက်ဆီးလိုက်ပြီ အဲဒီတုန်းက မင်းကို နံရံပေါ် ဘာလို့ သုတ်မပစ်ခဲ့မိပါလိမ့် မင်းကို ငါသတ်မယ်ငါသတ်မယ်... မင်းလိုကောင်စုတ်ကို။”

ဖုန်းထဲမှ ကျန်းသခင်လေး ဖခင်၏ အသံမှာ သတ်ဖြတ်ချင်စိတ်များစိတ်တိုဒေါသထွက်မှုများနှင့် ရူးသွပ်မှုများ ပြည့်နှက်နေသည်။ ထို့ပြင် အလွန်အမင်း စိတ်ပျက်အားလျော့မှုများလည်း အပြည့်အဝ ပါဝင်နေပေသည်!

“အဖေ.ဘာဖြစ်လို့လဲဘာလို့ ကျွန်တော့်ကို အော်ဆဲနေတာလဲ။”

ကျန်းသခင်လေး၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီးခန္ဓာကိုယ်တစ်ခုလုံး ထိန်းမရဘဲ တုန်ရင်လာခဲ့သည်။

“ငါ့ကို ရွှီအုပ်စုကနေ အလုပ်ဖြုတ်ပစ်လိုက်ပြီ ဥက္ကဋ္ဌက ငါ့ရဲ့ ငွေစာရင်းတွေကိုပါ စစ်ဆေးနေပြီကွ မင်းလို ကောင်စုတ်... မင်း ဘယ်သူ့ကို သွားထိပါးမိလဲဆိုတာ သိရဲ့လား။ သိရဲ့လား ငါတော့ သေပြီ... ငါတော့ သေပြီ... ဟားဟားဟား... ငါတော့ သေပြီ တောက်မင်းလို ကောင်စုတ်လည်း လွတ်မယ်မထင်နဲ့... ဟားဟားဟား... ကုန်ပါပြီ အားလုံး ကုန်ဆုံးသွားပြီအရာအားလုံးပျက်စီးသွားပြီ... ဟားဟားဟား... သနားစရာကောင်းလိုက်တာ ငါ ကျန်းတန်ယွမ် တစ်ယောက် ဘာဖြစ်လို့ ဒီလို သားဆိုးသမီးဆိုးမျိုး မွေးခဲ့မိပါလိမ့် ကိုယ်ပြုတဲ့ကံ ကိုယ်ထံပြန်လာတာပဲ... ဟားဟားဟား...”

တူ...တူ... တူ...

“အဖေ အဖေ။”

ဤအခိုက်အတန့်တွင် ကျန်းသခင်လေး၏ မျက်နှာအမူအရာမှာ အဝေးပြေးလမ်းမပေါ်တွင် တစ်နာရီ ကီလိုမီတာ၂၀၀ အရှိန်ဖြင့် မောင်းနှင်နေစဉ် ဆီတင်သင်္ဘောကြီးတစ်စီးနှင့် တိုက်မိသွားသည့်အလား ဖြစ်နေသည်။

တကယ့်ကို ထိတ်လန့်ဖွယ်ရာမျှော်လင့်ချက်ကင်းမဲ့ဖွယ်ရာနှင့် ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ ထိုစဉ်မှာပင် သူ၏ ဖုန်းမှာ ထပ်မံ မြည်လာခဲ့ပြန်သည်။ သူမ၏ မိခင်ဖြစ်သူ ကျိုးချိုင်ယွမ် ဆီမှ ခေါ်ဆိုခြင်း ဖြစ်သည်။ ကျန်းသခင်လေးသည် ကြောင်အမ်းအမ်းဖြင့် ဖုန်းကို ကိုင်လိုက်သည်။

“ မင်း မင်း မင်းလို ကောင်စုတ် မင်းလို တိရစ္ဆာန် အဲဒီတုန်းက မင်းကို ဗိုက်ထဲမှာတင် ဘာလို့ မသတ်ပစ်ခဲ့မိပါလိမ့် ငါ အလုပ်ပြုတ်သွားပြီ ဥက္ကဋ္ဌရှကိုယ်တိုင် အရေးယူလိုက်တာ ငါ အလုပ်ပြုတ်သွားပြီ ဟားဟားဟား... လွန်ခဲ့တဲ့ ၁၅ မိနစ်တုန်းက ဥက္ကဋ္ဌရှာက ငါ့ကို ရုံးခန်းထဲခေါ်ပြီး ရာထူးတိုး လစာတိုးပေးဖို့ ပြောခဲ့သေးတယ်၁၅ မိနစ်အကြာမှာတော့ ငါ့ကို ရှအုပ်စုကနေ အခုချက်ချင်း ထွက်သွားဖို့ ပြောလာတယ်... ဟားဟားဟား... မင်းလို ကောင်စုတ်ကို ငါ ဘယ်တော့မှ ဘယ်သောအခါမှ လုံးဝ ခွင့်မလွှတ်ဘူး။”

တူ...တူ...တူ..

ယခုအခိုက်အတန့်တွင်။

အကြီးဆုံးနှင့် ဒုတိယဦးလေးတို့၏ မိသားစုဝင်များလည်း ဘာဖြစ်သွားသည်ကို အလုံးစုံ နားလည်သွားကြပြီ ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစိမ့်သွားကြသည်။

သန်းခေါင်ယံအချိန်တွင် လူသေသင်္ချိုင်းကုန်းကြီးတစ်ခုကို ဖြတ်သန်းလျှောက်လှမ်းနေရသကဲ့သို့ ခြေလှမ်းတိုင်းတွင် ကြောက်ရွံ့တုန်လှုပ်ခြင်းများ ပြည့်နှက်နေသည်။

သူတို့ဘဝတွင် တစ်ခါမျှ မခံစားဖူးသည့် ခံစားချက်တစ်ခုကိုလည်း ခံစားလိုက်ရသည်။ ယင်းမှာ မျှော်လင့်ချက်မဲ့ခြင်း ပင်ဖြစ်သည်။ ဘာမှပင် အားစိုက်မလုပ်ဘဲ ပေါ့ပေါ့ပါးပါး ဖုန်းနှစ်ကောလ် ခေါ်ဆိုရုံမျှဖြင့် ကျန်းသခင်လေး၏ မိဘနှစ်ပါးလုံးကိုလူ့အဖွဲ့အစည်း၏ အထက်တန်းလွှာမှ ဖယ်ရှားပစ်ကာ ကျန်းမိသားစုကို ပျက်စီးသွားစေခဲ့သည်။ ဤနည်းလမ်းမှာ အံ့ဩတုန်လှုပ်ဖွယ် ကောင်းလှသည်။ ကြောက်မက်ဖွယ် ကောင်းလှသည်။

ဤကမ္ဘာပေါ်တွင် ဤမျှ ကြောက်စရာကောင်းသော လူမျိုး မည်သို့ ရှိနိုင်ပါသနည်း။

လင်းယွီရှီး၏ ဦးလေးများနှင့် ဒေါ်လေးများသည် ယခုမှသာလျှင် သူတို့သည် မိစ္ဆာတစ်ကောင်ကို သွားရောက် ထိပါးမိခဲ့ကြသည်ကို သဘောပေါက်သွားတော့သည်။

“ဘာမှမရှိတော့ဘူး ကျွန်တော် မှားသွားပါတယ်ကျွန်တော် မှားသွားပါတယ်။”

ကျန်းသခင်လေးသည် ယဲ့ချန်၏ ရှေ့တွင် ရုတ်တရက်ဒူးထောက်ကာ အကြိမ်ကြိမ် ကန်တော့တောင်းပန်တော့သည်။

“ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ကျေးဇူးပြုပြီး သနားညှာတာပေးပါဦး ကျွန်တော့်မိဘတွေကို... အလုပ်မထုတ်ပါနဲ့ဦး ကျွန်တော် မှားသွားပါတယ် တကယ်ကြီး မှားသွားတာပါ ကျွန်တော် ကျွန်တစ်ယောက်လို အစေခံပါ့မယ် နောက်ဆို မင်းရဲ့ မိန်းကလေးကို လုံးဝ မပတ်သက်ရဲတော့ပါဘူး ကျွန်တော် မှားသွားပါတယ် မင်းက ဒီလောက်အထိ အာဏာရှိမှန်း ကျွန်တော် မသိခဲ့လို့ပါ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။"

“ဒီလိုဖြစ်မှန်း သိခဲ့ရင် အစကတည်းက မလုပ်ခဲ့သင့်ဘူး။"

ယဲ့ချန်က ပြုံးလိုက်ပြီး မတ်တတ်ရပ်ကာ အပြင်ဘက်သို့ တိုက်ရိုက်လျှောက်သွားခဲ့သည်။

ကျန်းသခင်လေးသည် တုန်ရီစွာဖြင့် ထရပ်ကာ ခါးကိုကိုင်းလျက် ယဲ့ချန်၏ နောက်ကွယ်မှ အသနားခံရင်း လိုက်သွားခဲ့သည်။ အကြီးဆုံးနှင့် ဒုတိယဦးလေးတို့၏ မိသားစုဝင်များသည်လည်း ကြောင်အမ်းအမ်းဖြစ်လျက် သူတို့၏ နောက်ကွယ်မှ လိုက်ပါသွားကြသည်။

အောက်ထပ်။

လင်းယွီရှီးနှင့် မိသားစုသုံးယောက်တို့မှာ ယဲ့ချန် အိမ်နီးနားချင်းများထံမှ ငှားရမ်းခဲ့သည့် သတ္တုပစ္စည်းများကို တစ်အိမ်တက်ဆင်းလိုက်လံ ပြန်ပေးရင်း ပျော်ပျော်ရွှင်ရွှင် စကားပြောရယ်မောနေကြသည်။ ယဲ့ချန်ကို မြင်သောအခါ လင်းယွီရှီးက ပြုံးပြလျက် လက်ပြနှုတ်ဆက်လိုက်သည်။

ဦးလေးလင်းသည် ယခုအခါတွင် မည်သူ့အကူအညီမျှ မပါဘဲ ကိုယ်တိုင် လမ်းလျှောက်နိုင်နေပြီ ဖြစ်သည်။

ထိုစဉ်မှာပင်။

တိုယိုတာ Toyota Land Cruiser ကားအစီးရေ တစ်ဒါဇင်ကျော်ခန့်သည် ရပ်ကွက်လူနေအိမ်ရာဝင်းထဲသို့ အလွန်ကြမ်းတမ်း ဆိုးသွမ်းပြီး အကြမ်းဖက်ဆန်သော ပုံစံဖြင့် မောင်းနှင်ဝင်ရောက်လာခဲ့သည်။

၎င်းက လူနေအိမ်ရာဝင်းအတွင်းရှိ လူအားလုံးကို ထိတ်လန့်တုန်လှုပ်ကာ နောက်သို့ ဆုတ်သွားစေခဲ့သည်။ ဘရိတ်အုပ်သံများမှာ ကွက်တိ တညီတညွတ်တည်း ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ကားတံခါးများ ပွင့်သွားခဲ့ပြီး ကားတစ်စီးစီမှ အနက်ရောင် ကျပ်ပတ်အင်္ကျီများကို ဝတ်ဆင်ထားကာ တစ်ကိုယ်လုံးဆေးမင်ကြောင်များ ပြည့်နှက်နေပြီး လည်ပင်းတွင် ရွှေဆွဲကြိုးအထူကြီးများ ဆွဲထားသည့် သန်မာထွားကြိုင်းသော လူမိုက်သုံးလေးယောက်စီ ထွက်လာကြတော့သည်။

ထိုလူမိုက်များမှာ အားလုံးက အရပ် ၁.၈ မီတာ (၆ ပေခန့်) ကျော် မြင့်ကြပြီး လက်ထဲတွင် သံတုတ်များ ဘေ့စ်ဘောတုတ်များနှင့် ဂလန်နာအကြီးစားများ စသည့် လက်နက်များကို ကိုင်ဆောင်ထားကြသည်။

လူမိုက်ပေါင်း ဆယ်ဂဏန်းမက ရှိနေသည်။ တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်တွင် အမာရွတ်များ ပြည့်နှက်နေပြီး အလွန်ရက်စက်ကြမ်းကြုတ်သော ပုံစံ ရှိကြသည်!

ဤမြင်ကွင်းမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် ရပ်ကွက်နေပြည်သူများမှာ ခြေမခိုင်တော့ဘဲ ဒူးများ တုန်ရင်နေကြရသည်။ လင်းယွီရှီးနှင့် မိခင်ဖြစ်သူ လီဟွီတို့မှာ အလွန် ကြောက်လန့်သွားကြသဖြင့် လှည့်ပြေးချင်နေကြသည်။ ဦးလေးလင်းက သူတို့၏ရှေ့မှ ကာကွယ်ပေးထားပြီး သူတို့သုံးယောက်လုံးက ယဲ့ချန်ကို ဤဘက်သို့ အမြန်လာရန် လက်ဟန်ခြေဟန်ဖြင့် လှမ်းခေါ်နေကြသည်။

ယဲ့ချန်ကမူ ပြုံးလျက် ခေါင်းခါပြကာ ဘာမှမဖြစ်ကြောင်း အမူအရာ ပြလိုက်သည်။

“ဒါ... ဒါတွေက...”

ကျန်းသခင်လေးနှင့် လင်းယွီရှီး၏ အကြီးဆုံးနှင့် ဒုတိယဦးလေး မိသားစုဝင်များမှာ ကြောက်လန့်တုန်ရီနေကြသည်။ သူတို့ဘဝတွင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးကြပေ။ မမျှော်လင့်ဘဲ ထိုလူမိုက်များအားလုံးသည် ယဲ့ချန်ကို မြင်သောအခါ ရိုသေစွာဖြင့် ခေါင်းညွှတ်လျက်။

“အစ်ကို​လေးကို ဂါရဝပြုပါတယ် ခင်ဗျာ။”

ဤအခြေအနေကို မြင်လိုက်ရသောအခါသူတို့ သေးပေါက်ကျကုန်ကြသည်အကြီးဆုံးနှင့် ဒုတိယဦးလေးတို့၏ မိသားစုဝင်များအပြင် ကျန်းသခင်လေး ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ သေးထွက်ကုန်ကြတော့သည်။

ထန်ကျိယွမ်သည် ကားတစ်စီးပေါ်မှ ခုန်ဆင်းလာခဲ့သည်။ သူက အမြန် လျှောက်လာပြီး ယဲ့ချန်ကို နူးညံ့သိမ်မွေ့သော မျက်နှာထားဖြင့် နှုတ်ဆက်လိုက်သည်။

ထို့နောက် သူ၏ မျက်လုံးများက စူးရှသွားပြီး အော်ဟစ်လိုက်သည်။

“အိမ်နီးနားချင်းတို့... မကြောက်ကြပါနဲ့ ကျွန်တော် ဒီနေ့လူအနည်းငယ်ကို လာရှာတာပါ။ ခင်ဗျားတို့နဲ့ ဘာမှမဆိုင်ပါဘူး။ ဒီကိစ္စမှာ အကြောင်းရင်း ရှိပါတယ်နော် ခင်ဗျားတို့ကို စိတ်အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။

”

ခဏမျှ ရပ်တန့်ပြီးနောက် ထန်ကျိယွမ်၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

“ငါ မေးမယ် ယဲ့ခွေကဘယ်​ကောင်လဲ ရှေ့ကို ထွက်ခဲ့စမ်း။ မင်းလို ခွေးမသားက ငါ့ကို အားရပါးရ ဆဲဆိုရုံတင်မကဘူး ငါ့ကို သတ်ချင်နေသေးတယ် ဟုတ်လား ကဲ... ငါရောက်လာပြီ ရှေ့ကို လှမ်းထွက်ခဲ့စမ်း။”

ချက်ချင်းပင် ယဲ့ခွေသည် ထန်ကျိယွမ်၏ အသံကို မှတ်မိသွားခဲ့သည်။သူ့မျက်နှာမှာ လူသေကဲ့သို့ ဖြူလျော်သွားခဲ့ပြီး စက္ကူထက်ပင် ပိုမို ဖြူဖျော့နေတော့သည်။ သူ့ဘောင်းဘီခွကြားမှ သေးနှင့်ချေးများ တရစပ် စီးကျလာခဲ့သည်။

ထိုအခိုက်အတန့်တွင် လင်းယွီရှီး၏ အကြီးဆုံးနှင့် ဒုတိယဦးလေး မိသားစုမှ လူများသည် ရေခဲတိုက်ထဲသို့ ကျဆင်းသွားသကဲ့သို့ခံစားလိုက်ရပြီး နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းနှင့် ခန္ဓာကိုယ်အပူချိန်အားလုံးမှာ အလွန်အမင်း အေးစက်သွားခဲ့ရသည်။

ဦးနှောက်မှာလည်း အလွန်အမင်း ကြောက်ရွံ့မှုများကြောင့် ဗြောင်းဆန်သွားခဲ့သည်။

“ကြည့်ပါဦး အဲဒါ ခင်ဗျားရှာနေတဲ့သူပဲ။ သူ့ကို အမြန် ခေါ်သွားလိုက်ပါ၊ ပြီးတော့ ဒီမှာပြဿနာတွေ လာမရှာစေနဲ့တော့။”

“ရပါတယ် အစ်ကိုလေး ဒီမှာ ကျန်တဲ့ ယွမ် ၁၈ သန်း ရှိသေးတယ်။ မနက်ဖြန် ကျရင် မင်းရဲ့ ဘဏ်အကောင့်နံပါတ် ပေးလိုက်ပါငါ လွှဲပေးလိုက်ပါ့မယ်။ နောက်မှ လက်ဖက်ရည်သောက်ရင်း ကြက်သားဟင်း အတူတူ စားကြတာပေါ့။”

ထန်ကျိယွမ်က လက်ခုပ်တီးလိုက်သည်

“ညီအစ်ကိုတို့ စလုပ်ကြစို့။”

ချက်ချင်းပင် သူသည် သူ၏တပည့် လူမိုက်ဆယ်ဂဏန်းကို ဦးဆောင်ကာ ကျားရဲများ ဝံပုလွေများကဲ့သို့ ပြေးဝင်သွားပြီးအကြီးဆုံးဦးလေးဒုတိယဦးလေး မိသားစုဝင်များနှင့် ကျန်းသခင်လေးတို့ကို အတင်းအကျပ် ဆွဲခေါ်သွားကြတော့သည်။

အစပိုင်းတွင် အကြီးဆုံးနှင့် ဒုတိယဦးလေး မိသားစုဝင်များအပြင် ကျန်းသခင်လေးပါ ရုန်းကန်ရန် ကြိုးစားခဲ့ကြသော်လည်းသူတို့၏ လက်မောင်းများမှာ ထိုလူမိုက်ကြီးများကြောင့် ကျိုးမတတ် အလိမ်ခံလိုက်ရသဖြင့် နာကျင်စွာ အော်ဟစ်ကာ ကားပေါ်သို့ အတင်း ထည့်ခြင်း ခံလိုက်ရတော့သည်။

ယဲ့ချန်က ခေါင်းခါပြလျက် ထန်ကျိယွမ်ထံသို့ လျှောက်သွားကာမေးလိုက်သည်။

“ဒါက လူသေတဲ့အထိ ဖြစ်သွားနိုင်မလား။”

“အစ်ကိုလေး... ငါ ပြောပြီးပြီပဲလေ ငါတို့က လူမိုက်တွေ မဟုတ်ပါဘူး အားလုံးက လူကောင်းတွေပါ။ ရန်ဖြစ်တာတွေ လူသတ်တာတွေက အတိတ်က ကိစ္စတွေပါ။

” ထန်ကျိယွမ်က ဟန်ဆောင်ပြုံးလျက် ပြောလိုက်သည်။

“လူတွေအများကြီး ခေါ်လာတာက သူတို့ကို ခြောက်လှန့်ဖို့ သက်သက်ပါပဲ။ သူတို့ ငါ့ကို ဆဲထားတာဆိုတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လျော်ကြေးတော့ ပေးရမယ် မဟုတ်လား။ အခုက ဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းလေအကြောင်းပြချက်မရှိဘဲ သူတစ်ပါးကို ဘယ်လိုဖြစ်လို့ ဆဲရေးတိုင်းထွာလို့ ရမလဲ။ အဲဒါက တရားမဝင်ဘူးလေ သူတို့ဆီက ရှိသမျှကို ညှစ်ထုတ်ပြီး ဒေဝါလီခံအောင် လုပ်ပြီးရင် ငါ ပြန်လွှတ်ပေးမှာပါ။ ငါတို့က ဒီလိုကိစ္စတွေမှာ အတွေ့အကြုံရှိပြီး ကျွမ်းကျင်ပြီးသားပါ ဟားဟားဟား... ဒါပေမဲ့ ကိုယ်လက်အင်္ဂါ နာကျင်တာတွေ ခြေပျက်လက်ပျက်ဖြစ်တာတွေကတော့ ရှောင်လွှဲလို့မရဘူးပေါ့။ ဟားဟားဟား။"

“အဲဒါ အကြံကောင်းပဲ။

” ယဲ့ချန်က ပြုံးလျက် ခေါင်းငြိမ့်လိုက်သည်။

“မင်းတို့က တကယ့်ကို ရက်စက်တဲ့သတ္တဝါတွေပဲ။”

ထိုအချိန်တွင် တိုယိုတာ လန်းခရူဆာ ကားတစ်ဒါဇင်ကျော်မှာ လူနေအိမ်ရာဝင်းအတွင်းမှ တညီတညွတ်တည်း မောင်းနှင်ထွက်ခွာသွားကြတော့သည်။

“ကဲ... ကိစ္စတွေအားလုံး ကျေနပ်စရာကောင်းအောင် ပြီးဆုံးသွားပြီပေါ့။”

ယဲ့ချန်က စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။

ဤအချိန်တွင် သူသည် စောစောက ရရှိထားသော ကျွမ်းကျင်မှုစာအုပ်နှစ်အုပ်ကို လေ့လာရန် အချိန်အနည်းငယ် ယူလိုက်သည်။

မွေထိုင်းလက်ဝှေ့ (ခရိုင်ချန်ပီယံအဆင့်)

ဖုန်းရွှေနှင့် ရုပ်ရည်လက္ခဏာပညာ (အခြေခံအဆင့်)

မွေထိုင်းလက်ဝှေ့ ကျွမ်းကျင်မှုမှာ ထူးထူးခြားခြား မရှိလှပေ။ ယခုအဆင့်ရှိ ယဲ့ချန်အတွက်မူ ၎င်းက အပိုဆောင်း အရည်အချင်းတစ်ခုမျှသာ ဖြစ်သည်။

သို့သော်လည်း ဖုန်းရွှေနှင့် ရုပ်ရည်လက္ခဏာပညာမှာမူ တကယ့်ကို အဖိုးတန်လှပေသည်။

ရှေးစကားအတိုင်း နဂါးသတ်ပညာကို တတ်မြောက်အောင် သင်ယူပြီး ဧကရာဇ်မင်းထံ ရောင်းချပါဟု ဆိုရိုးရှိသည်။ ရှေးခေတ်ကာလတွင် ဖုန်းရွှေဆရာအများစုမှာ အဆင့်မြင့်အရာရှိကြီးများနှင့် မင်းစိုးရာဇာများအတွက်သာ လုပ်ဆောင်ပေးခဲ့ကြသည်။

တရုတ်ရိုးရာ ဖုန်းရွှေပညာရပ်တွင် စကားတစ်ခွန်း ရှိသည်။

နဂါးသွေးကြောကို ရှာဖွေရန် သုံးနှစ်ကြာပြီးအပ်စိုက်မှတ် ကို တိကျစွာ သတ်မှတ်ရန် ဆယ်နှစ်ကြာသည်ဟုဆိုသည်။

ဖုန်းရွှေဆရာတစ်ဦးက ကောင်းမွန်ပြီး ကံကောင်းစေမည့် နေရာတစ်ခုကို ရှာဖွေပေးသောအခါ သာမန်လူများမှာ ထိုတန်ဖိုးကြီးလှသော စရိတ်ကို မတတ်နိုင်ကြပေ။ ချမ်းသာကြွယ်ဝသော မိသားစုများသာလျှင် ငွေကြေးတတ်နိုင်ကြသည်။

တစ်နည်းအားဖြင့် ပြောရလျှင် ရှေးခေတ် ဖုန်းရွှေဆရာများသည် အလွန်မြင့်မားသော လူမှုရေးအဆင့်အတန်းကို ပိုင်ဆိုင်ထားကြပြီး နန်းတော်အတွင်းသို့ပင် ဝင်ရောက်ကာ ဘွဲ့ထူးဂုဏ်ထူးများနှင့် ရာထူးများကို ချီးမြှင့်ခြင်း ခံခဲ့ကြရသည်။

ထို့ပြင် လူအများကြားတွင် ပြောစကားတစ်ခွန်း ရှိသည်မှာ အာဏာရှိသူများနှင့် သူဌေးများကို စော်ကားမိခြင်းထက် ဖုန်းရွှေဆရာတစ်ဦးကို စော်ကားမိခြင်းက ပိုမို ကြောက်စရာကောင်းသည် ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဖုန်းရွှေဆရာတစ်ဦးသည် လူကို မမြင်နိုင်သော နည်းလမ်းဖြင့် သတ်ပစ်နိုင်ပြီး ရန်သူ၏ မျိုးဆက်များကိုပါ လုံးဝ လမ်းမဆုံးနိုင်သော ချောက်နက်ကြီးထဲသို့ ကျဆင်းသွားအောင် ပြုလုပ်နိုင်သောကြောင့် ဖြစ်သည်။

“ဟား... ငါ့မှာ အခုတော့ အရည်အချင်းတွေ ရှိနေပြီပဲငါ့ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်ရေးရာ စွမ်းအင်တွေ ရှိနေပြီ မျက်နှာကိုကြည့်ပြီး ကံကြမ္မာကို ဟောနိုင်သလို ဖုန်းရွှေပညာကိုလည်း လုပ်နိုင်ပြီ သရဲတစ္ဆေတွေကို ဖမ်းပြီး မိစ္ဆာတွေကိုပါ နှင်ထုတ်နိုင်ပြီ။ ငါက တကယ့်ကို အစွမ်းထက်တဲ့သူ ဖြစ်နေပြီပဲ။”

ယဲ့ချန်တစ်ယောက် အနည်းငယ် ဘဝင်မြင့်လာခဲ့သည်။

သို့သော်လည်း လူငယ်တစ်ယောက်အဖို့ ဤမျှ အောင်မြင်မှုများ ရရှိပြီးနောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေခြင်းမှာ သဘာဝကျလှပေသည်။

ယဲ့ချန်၏ လက်ရှိ ဖုန်းရွှေနှင့် ရုပ်ရည်လက္ခဏာပညာမှာ အခြေခံအဆင့်သာ ရှိသေးသည်။ ဥပမာအားဖြင့် သူသည် အလွန်အမင်း အစွမ်းထက်သော ဖုန်းရွှေတည်ဆောက်ပုံများကို မဖန်တီးနိုင်သေးပေ။

ဤအခိုက်အတန့်တွင် လင်းယွီရှီးနှင့် မိသားစုသုံးယောက်တို့ လျှောက်လာခဲ့ကြသည်။

“ယဲ့ချန်...”

လင်းယွီရှီးက ချိုသာအေးမြသော လေသံဖြင့် လှမ်းခေါ်လိုက်သည်။

“နင်ဘာဖြစ်လို့ ဒီမှာရပ်နေတာလဲ အဖေနဲ့ အမေက ဒီနေ့ည အောင်ပွဲခံရမယ်လို့ ပြောနေကြတယ်။ ဒါကြောင့် ငါတို့ ဈေးကိုသွားပြီး ဟင်းချက်စရာတွေ ဝယ်ပြီး ကောင်းကောင်း ချက်စားကြမလို့လေ။ နင်ငါတို့နဲ့အတူ လိုက်ခဲ့မလား။”

“ရှောင်ချန် ဈေးကို အတူတူ သွားမလား။

” လီဟွီက ပြုံးလျက် မေးလိုက်သည်။

ယခုအခါတွင် သူမနှင့် ဦးလေးလင်းတို့မှာ ယဲ့ချန်ကို သူတို့၏ သမက်အရင်းကဲ့သို့ သဘောထားနေကြပြီ ဖြစ်သည်။

“ခဏလေး စောင့်ပါဦး။”

ယဲ့ချန်သည် သူ၏ စွမ်းရည်အသစ်ကို စမ်းသပ်ရန် စိတ်အားထက်သန်နေသဖြင့် လင်းယွီရှီးနှင့် သူမ၏ မိသားစုသုံးယောက်လုံး၏ မျက်နှာသွင်ပြင်ကို ကြည့်ပြီး ကံကြမ္မာကို ဟောပေးရန် ဆုံးဖြတ်လိုက်သည်။

“ဦးလေး အဒေါ် ယွီရှီး... မလှုပ်ကြနဲ့ဦး ငါ မင်းတို့ရဲ့ မျက်နှာကိုကြည့်ပြီး ကံကြမ္မာ ဟောပေးမလို့။

” ယဲ့ချန်က ပြုံးစပ်စပ်ဖြင့် ပြောလိုက်သည်။

“မျက်နှာကို ကြည့်ပြီး ဟောပေးမလို့ ဟုတ်လား။”

လင်းယွီရှီးနှင့် မိသားစုသုံးယောက်လုံးမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြတော့သည်။

အခန်း ၈၆ - ပျော်ရွှင်သွားစေရမယ်။

“ဟုတ်တယ် လူတစ်ယောက်ရဲ့ မွေးသက္ကရာဇ်နဲ့ မွေးဖွားချိန်ဟာ မွေးကတည်းက သတ်မှတ်ပြီးသားမို့ သူတို့ရဲ့ ကံကြမ္မာဟာလည်းအဆင်သင့် ပြဋ္ဌာန်းပြီးသားပဲ။ ဒီကံကြမ္မာက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သင်္ကေတတွေကုဒ်တွေအနေနဲ့ ထင်ဟပ်နေတတ်တယ်။ ဥပမာ- ရုပ်ရည်လက္ခဏာ လက်ဝါးလက္ခဏာ အရိုးဖွဲ့စည်းပုံ စတာတွေပေါ့။ မျက်နှာအင်္ဂါငါးပါးကအဆင့်အတန်း မြင့်မြတ်မှုနဲ့ နိမ့်ကျမှုကို ခွဲခြားပြီး လက်ဝါးတစ်ပြင်က ကံကြမ္မာကို ဆုံးဖြတ်တယ် ဆိုတဲ့ ရှေးစကားအတိုင်းပေါ့။ ကုဒ်ကို နားလည်ပြီဆိုရင် ကံကြမ္မာကို သိပြီပဲ။”

ယဲ့ချန်သည် ယခုအခါတွင် တကယ့် နတ်ဆရာတစ်ဦးကဲ့သို့ လေသံဖမ်းကာပြောဆိုနေတော့သည်။

“အမ်... ရှောင်ချန် မင်း တက္ကသိုလ်မှာ ဘာမေဂျာနဲ့ ဘွဲ့ရခဲ့တာလဲ။”

ဦးလေးလင်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“ဘာလို့ မေးခွန်းတွေ အများကြီး မေးနေတာလဲ။ ကလေးက ကြည့်ပေးမယ်ဆိုရင်လည်း ပူးပေါင်းလိုက်ပေါ့။”

လီဟွီက ပြုံးလျက် ဝင်ပြောသည်။

“ရှောင်ချန်ရေ... ဒီဘက်ကို လာပါဦး အဒေါ့်ကို အရင်ကြည့်ပေးပါဦး။”

“ဟုတ်ကဲ့...”

ယဲ့ချန်သည် ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်စေပြီး ယင်ယန်မျက်လုံးကို ဖွင့်လိုက်သည်။

အမှန်တကယ်တော့ ယင်ယန်မျက်လုံး ပွင့်ထားသည့် ဖုန်းရွှေဆရာများသာလျှင် တကယ့် အရည်အချင်းရှိသူများ ဖြစ်ကြသည်။သာမန်မျက်စိသက်သက်ဖြင့် ကြည့်ရှုခြင်းမှာ လုံးဝ မတိကျဘဲ ငွေလိမ်ယူနေသည့် လမ်းဘေး နတ်ဆရာများသာ ဖြစ်ကြသည်။

“အဒေါ် အဒေါ့်ရဲ့ နဖူးက တောက်ပပြီး ကျယ်ပြန့်တယ်မျက်ခုံးကလည်း မျက်လုံးအစွန်းတွေအထိ ကျော်ပြီး ရှည်ထွက်နေတယ်နားရွက်တွေကလည်း အသားပြည့်ပြီး တွဲကျနေတယ်။ ဒါတွေက အသက်ရှည်မယ့် လက္ခဏာတွေပဲ။”

ယဲ့ချန်က တည်ကြည်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ အဒေါ့်ရဲ့ မျက်ခုံးထောင့်နားမှာ အမည်းစက်တစ်ခု ရှိနေတယ်ဒါက မကြာသေးခင်က အဒေါ်ကိုယ်လက်မအီမသာ ဖြစ်နေတာကို ပြနေတာ။ ရောဂါအခံတစ်ခုခု ရှိနေပုံရတယ်ဒါပေမဲ့ စိုးရိမ်စရာတော့ မရှိပါဘူး။ အဒေါ်အဆင်ပြေရင် ဆေးရုံမှာ ကျန်းမာရေး သွားစစ်ဆေးလိုက်ပါဦး။”

“ဟယ် ရှောင်ချန်...ပြောတာ တကယ် မှန်တယ်အဒေါ် အခုတလော ဝမ်းအနည်းငယ် ချုပ်နေတာ။”

လီဟွီ၏ မျက်လုံးများ တောက်ပသွားသည်။

“တကယ် တိုက်ဆိုင်တာပဲ ရှောင်ချန်... မင်း ဦးလေးကိုလည်း ကြည့်ပေးပါဦး။”

“ဟုတ်ကဲ့။”

ယဲ့ချန်က ဦးလေးလင်းကို ကြည့်လိုက်သည်။

“ဦးလေးရဲ့ ရောဂါကံကြမ္မာနန်းက တိမ်ညိုတွေ ကင်းစင်ပြီးနေရောင်ခြည်ကို မြင်တွေ့ရတဲ့ လက္ခဏာ ရှိတယ်။ ကြီးစွာသော ဘေးဒုက္ခမှ လွတ်မြောက်လာသူဟာ ဧကန်မုချ ကံကောင်းခြင်းတွေ ကြုံရလိမ့်မယ်ဆိုတဲ့အတိုင်းပဲ။ ဦးလေးရဲ့ စည်းစိမ်နန်းနဲ့ ကံကောင်းခြင်းနန်းတွေကလည်း အလွန် တောက်ပနေတယ်။နောင်တစ်ချိန်မှာ ဦးလေးက ကောင်းချီးငါးပါး ပြည့်စုံပြီး အသက်ရှည်ကျန်းမာကာ စည်းစိမ်ဥစ္စာတွေ ကြွယ်ဝပြီး အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ရလိမ့်မယ်။”

ဤစကားကို ကြားသောအခါ ဦးလေးလင်းမှာ သဘောကျပြီး ပြုံးဖြဲဖြဲ ဖြစ်သွားတော့သည်။

“ယဲ့ချန် ငါ့ကိုလည်း ကြည့်ပေးဦးလေ။”

လင်းယွီရှီးကလည်း စိတ်ဝင်တစားဖြင့် ကြည့်လာသည်။

“ယွီရှီး နင့်ရဲ့ နဖူးက ဝိုင်းဝန်းပြီး ချောမွေ့တယ် နှာတံကလည်း စံပယ်ဖူးလို သွယ်လျတယ် နှာခေါင်းအောက်က အမြှောင်းက ထင်ရှားပြီး နားရွက်နဲ့ ပါးပြင်တွေကလည်း ဒါက ယောက်ျားကို ကံကောင်းစေမယ့် စံပြရုပ်ရည်ပဲ။ ပြီးတော့ မင်းရဲ့ မျက်ရည်အိမ် တွေက မကြာသေးခင်ကမှ ပိုပြီး ဖောင်းကားလာတယ် ဒါကဖူးစာဖက်နဲ့ တွေ့ဆုံရတော့မယ့် လက္ခဏာပဲ။ မင်းမှာ အလွန်ကောင်းတဲ့ခင်ပွန်းတစ်ယောက် ရလိမ့်မယ် မင်းရဲ့ အနာဂတ်ခင်ပွန်းက အာဏာရှိပြီး ချမ်းသာတဲ့အပြင် မင်းကိုလည်း အလွန် အလိုလိုက်အချစ်ပိုလိမ့်မယ်။”

ယဲ့ချန်က အမှန်အတိုင်း ပြောလိုက်သည်။

၎င်းကို ကြားလိုက်ရသောအခါ လင်းယွီရှီး၏ မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့သည်။ သူမသည် ယဲ့ချန်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး ဘာမှမပြောဘဲ ခေါင်းငုံ့ကာ စိတ်ထဲကနေ တိတ်တဆိတ် ဝမ်းသာနေတော့သည်။

“မှန်တယ် ကွက်တိပဲ လုံးဝကို အတိအကျပဲ။”

လီဟွီက အံ့ဩတသစွာ ရေရွတ်လိုက်သည်။

“ဟုတ်ပါပြီ...”

လင်းယွီရှီးက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

“ယဲ့ချန် နင်ငါတို့နဲ့အတူ ဈေးလိုက်ဝယ်မလား မလိုက်ဘူးဆိုရင်လည်း အိမ်ထဲမှာပဲ ပြန်နားနေလိုက်နော်။ နင်ဒီနေ့ တော်တော် ပင်ပန်းနေပြီပဲဥစ္စာ။”

ယဲ့ချန်သည် မူလက လင်းယွီရှီးတို့ မိသားစုသုံးယောက်နှင့်အတူ ဈေးလိုက်ရန် စိတ်ကူးထားသော်လည်း ရုတ်တရက် သူ၏ဦးနှောက်ထဲတွင် အကြံတစ်ခု လျှပ်ခနဲ ပေါ်လာခဲ့သည်။ထိုအကြံမှာ အလွန်တိုတောင်းသော အချိန်အတွင်းမှာပင် အကောင်အထည်ဖော်ရန် အဆင်သင့် ဖြစ်သွားခဲ့သည်။

“ငါ မလိုက်တော့ဘူး။”

ယဲ့ချန်က ခေါင်းခါပြလိုက်သည်။

“ယွီရှီး နင်အဒေါ်တို့ ဦးလေးတို့နဲ့ပဲ သွားလိုက်ပါ။ နောက်ကျလို့ မင်းတို့ အိမ်ပြန်ရောက်တဲ့အခါ ငါ မင်းကို ဝမ်းသာစရာ လက်ဆောင်တစ်ခု ပေးမယ်။”

“ဟင် ဘာလက်ဆောင်လဲ။”

လင်းယွီရှီးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“အခုပြောပြလိုက်ရင် အံ့ဩစရာ မဖြစ်တော့ဘူးပေါ့။ ကဲ... သွားကြတော့နော်။”

ယဲ့ချန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။

ထိုအချိန်မှာပင်။

တီ..တာဝန်အသစ် ထွက်ပေါ်လာခြင်း

တာဝန်ရည်မှန်းချက်:အိမ်ရှင်သည် လင်းယွီရှီးအတွက် အံ့ဩဝမ်းသာစရာတစ်ခုကို ဖန်တီးပေးရမည်။

ဆုလာဘ်:စနစ်က တာဝန်၏ ခက်ခဲမှုကို ခွဲခြမ်းစိတ်ဖြာနေဆဲဖြစ်ပြီးဆုများကို နောက်မှ ချီးမြှင့်မည်ဖြစ်သည်။

“ကောင်းပါပြီ ရှောင်ချန် မင်း အိမ်မှာ အရင်သွားနားနှင့်လိုက်ပါ။ ဒီနေ့ညကျရင် အဒေါ်နဲ့ ယွီရှီးတို့ လက်ရာကို မြည်းစမ်းကြည့်တာပေါ့။”

လီဟွီက ပျော်ရွှင်စွာဖြင့် အိမ်သော့ကို ယဲ့ချန်ထံသို့ ကမ်းပေးလိုက်သည်။ဦးလေးလင်းနှင့် လီဟွီတို့က ရပ်ကွက်ဝင်းထဲမှ အရင်ဆုံး လျှောက်ထွက်သွားကြသည်။

လင်းယွီရှီးသည် ပတ်ဝန်းကျင်တွင် မည်သူမျှ ကြည့်မနေသည်ကို အတည်ပြုပြီးနောက်ယဲ့ချန်၏ အနားသို့ အမြန် လျှောက်လာခဲ့သည်။

“ယဲ့ချန်.ဟိုငွေ ယွမ် ၂ သန်းကို နင်တကယ်ပဲ ဦးလေးတို့ကို ပြန်ပေးလိုက်တာလား။”

“စိတ်မပူပါနဲ့.အဲဒီငွေကို သေချာပေါက် ပြန်ရမှာပါ။”

ယဲ့ချန်က ပြုံးလျက် ပြောလိုက်သည်။

“အကြွေးရှိရင် ဆပ်ရမယ်ဆိုတာကဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပဲလေ ငါ နားလည်ပါတယ်။”

လင်းယွီရှီးသည် ရှက်သွေးဖြန်းကာ ခေါင်းငုံ့လိုက်ပြီး တံတောင်ဆစ်ဖြင့် ယဲ့ချန်ကို ခပ်ဖွဖွလေး တွန်းလိုက်သည်။

“ယဲ့ချန်... ငါအလုပ်လုပ်ရတဲ့အခါ ကျရင် ငါ့ရဲ့ လစာကတ်ကို နင့်ဆီ အပ်မယ်နော် နင်ပဲ ပိုက်ဆံကို စီမံခန့်ခွဲပေးတော့။”

ထိုသို့ပြောပြီးနောက် လင်းယွီရှီးသည် လှည့်ကာ ထွက်ပြေးသွားတော့သည်။

ထွက်ပြေးသွားသော လင်းယွီရှီး၏ နောက်ကျောပြင်ကို ကြည့်ရင်း ယဲ့ချန်၏ စိတ်ထဲတွင် ချိုမြိန်သော နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။

သူသည် လင်းယွီရှီးအတွက် အံ့ဩစရာ လက်ဆောင်ပြင်ဆင်ရန် အိမ်သို့ ပြန်ခါနီးတွင်လူနှစ်ဦးမှာ ယဲ့ချန်၏ ထံသို့ တည့်တည့် လျှောက်လာခဲ့ကြသည်။ တစ်ယောက်မှာ စောစောက ယဲ့ချန် ဟင်းသီးဟင်းရွက် ခြံဝင်းမှ သတ္တုပစ္စည်းများ ငှားရမ်းခဲ့သည့် အဘွားဆန်း၏ သားဖြစ်ပြီးအသက် ၄၀ ကျော်ခန့်ရှိကာ ရိုးသားအေးဆေးသော ပုံစံ ရှိသည်။

အခြားတစ်ယောက်မှာ အသက် ၁၇၊ ၁၈ နှစ်ခန့် ရှိပြီး မျက်နှာတွင် ဝက်ခြံများ ပြည့်နှက်နေသော လူငယ်တစ်ဦး ဖြစ်သည်။

“ဟို... ညီလေး မင်း ငါ့အမေကို ပေးမယ်လို့ ကတိပေးထားတဲ့ ငွေ ၁,၀၀၀ ယွမ်လေ...”

အဘွားဆန်း၏ သားဖြစ်သူကရှက်ကိုးရှက်ကန်းဖြင့် ပြုံးလျက် ပြောလိုက်သည်။

“ဪ... အစ်ကို.အားနာလိုက်တာ၊ ကျွန်တော် မေ့တော့မလို့။ ဟုတ်ကဲ့... အစ်ကို့ရဲ့ Alipayကို စကင်ဖတ်လိုက်ပါကျွန်တော် အခုပဲ လွှဲပေးလိုက်ပါ့မယ်။”

ယဲ့ချန်က ဖုန်းကို ထုတ်လိုက်သည်။

ထိုစဉ်အတွင်း သူ၏ ယင်ယန်မျက်လုံးမှာ ပွင့်နေဆဲ ဖြစ်သဖြင့် အခွင့်ကောင်းယူကာ အဘွားဆန်း သား၏ မျက်နှာလက္ခဏာကိုအကဲခတ်လိုက်သည်။

သူ၏ မျက်ရည်အိမ်မှာ ချိုင့်ဝင်ပြီး ညိုမည်းနေကာ မျိုးပွားအင်္ဂါရပ်ဝန်းကျင်မှာလည်း အဆင်မပြေ ဖရိုဖရဲဖြစ်နေသည်။

မျက်ရည်အိမ်သည် မျက်လုံးအောက်တွင် တည်ရှိပြီး အများအားဖြင့် အချစ်ရေးနှင့် အိမ်ထောင်ရေးကို စောင့်ကြည့်လေ့လာရန်အသုံးပြုသည်။

ဤရုပ်ရည်လက္ခဏာမျိုးမှာ အမျိုးသားများအတွက် ဇနီးသေဆုံးမည့် လက္ခဏာ အမျိုးသမီးများအတွက် ခင်ပွန်းသေဆုံးမည့် လက္ခဏာ ဖြစ်သည်။ သို့မဟုတ်ပါကလည်း မိမိ၏ အဖော်က ဖောက်ပြန်နေခြင်းကို ပြသနေခြင်း ဖြစ်သည်။

“အစ်ကို... ကျွန်တော် မေးပါရစေဦး အစ်ကို အိမ်ထောင်ကျပြီးပြီလား။”

ယဲ့ချန်က ဂရုတစိုက် မေးလိုက်သည်။

“ဪ... မင်္ဂလာဆောင်ပြီးပြီလေ ငါ့ဇနီးက ငါ့ထက် ၁၀ နှစ်တောင် ငယ်တာကွလှလည်း လှတယ်။”

အဘွားဆန်း၏ သားက ဂုဏ်ယူစွာ ပြောလိုက်သည်။

“သူမက အရင်က ပင်လယ်ကမ်းခြေ မြို့တစ်မြို့မှာ အလှကုန်ပစ္စည်းတွေ ရောင်းခဲ့တာ။ ဒီနှစ်အစပိုင်းကမှ ပြန်လာပြီး ငါနဲ့ လူကြီးချင်းပေးစားလို့ တွေ့ကြတာ သူမက ငါ့ကို ပထမဆုံး မြင်မြင်ချင်းပဲ သဘောကျသွားတာလေ။ ညီလေး... ဒါကို ကံကြမ္မာလို့ မထင်ဘူးလား။ အချစ်ဆိုတာ အလင်းတန်းတစ်ခုပဲ။”

“သူမ အခု အိမ်မှာ ရှိလား။”

ယဲ့ချန်က မေးလိုက်သည်။

“မရှိဘူး ဆံပင်သွားလုပ်တယ်လေ။”

ယဲ့ချန် မျက်မှောင်ကြုတ်သွားသည်။

ရှေးလူကြီးများ ပြောသကဲ့သို့ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို တိုက်ရိုက် ထုတ်ဖော်၍မရသဖြင့် ယဲ့ချန်က တိုက်ရိုက်မပြောနိုင်ပေ။ ခဏမျှ စဉ်းစားပြီးနောက် သူက သွယ်ဝိုက်၍ ပြောလိုက်သည်။

“နွေဦးရာသီမှာ လှပတဲ့ ပန်းပွင့်တွေက ပျားတွေနဲ့ လိပ်ပြာတွေကို ဆွဲဆောင်နေကြတယ်။ ပျားငယ်လေးတစ်ကောင်က သစ်ရွက်စိမ်းလေးတစ်ရွက်ကို ဇဝေဇဝါနဲ့ မေးလိုက်တယ်။ သစ်ရွက်... သစ်ရွက် မင်းက အရမ်းရုပ်ဆိုးပြီး ပန်းတွေလိုလည်း မချိုမြိန်ဘူး။ မင်းက ဘာအတွက် အသုံးဝင်လို့လဲတဲ့။ အဲဒီအခါ သစ်ရွက်က ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်တယ်ငါ့ဇနီးကတော့လှပတယ်လေ။ ဒါပေမဲ့ ငါက ချမ်းသာတယ် ပန်းပွင့်တွေ အသက်ရှင်ဖို့ ငါ့ရဲ့ အလင်းစုဖွဲ့ခြင်းကို လိုအပ်တယ် တဲ့။ ပျားလေးက နားလည်သွားသလိုနဲ့ ပန်းပွင့်တွေဆီကိုပဲ ဆက်ပြီး လှမ်းကြည့်နေခဲ့တယ်။ တောက်ပတဲ့ နေရောင်အောက်မှာ အဲဒီသစ်ရွက်က ပိုပြီး စိမ်းစိုလာသလို ခံစားရတယ်။”

“???”

အဘွားဆန်း၏ သားမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားသည်။ ထိုစဉ်မှာပင် ယဲ့ချန်က ငွေ ၁,၀၀၀ ယွမ် လွှဲပေးလိုက်သဖြင့် သူကရယ်မောလိုက်သည်။

“ညီလေး... မင်းက တကယ့်ကို စာရေးကောင်းတာပဲ။”

“ညီလေး... မင်းရဲ့ ဆေးပညာက တကယ် အံ့ဩစရာပဲ။မင်း ယွီရှီးရဲ့ အဖေကိုတောင် ကုသပေးနိုင်ခဲ့တယ်လေ။ ငါတို့ ရပ်ကွက်ထဲက အိမ်နီးနားချင်းတွေ အားလုံးက မင်းကို အထင်ကြီးနေကြတာ ငါ့တူလေးကလည်း ကျန်းမာရေး ပြဿနာအချို့ ရှိနေလို့တဲ့ မင်း သူ့ကို တစ်ချက်လောက် ကြည့်ပေးပါဦးလား။”

“ဟို... ကျွန်တော် တိုက်ရိုက်ပဲ မေးပါရစေ အစ်ကို ကျွန်တော် တစ်ကိုယ်ရေအာသာဖြေပြီးတိုင်း ခန္ဓာကိုယ်က အေးစိမ့်စိမ့် ဖြစ်သွားတတ်လို့ အဲဒါ ဘာဖြစ်တာလဲဟင်။”

ယဲ့ချန်တစ်ယောက် ဘာပြန်ပြောရမှန်းမသိဘဲ ခေါင်းခါလိုက်မိသည်။ တကယ့်ကို ထူးဆန်းတဲ့ လူနှစ်ယောက်ပါပဲ။

“မစိုးရိမ်ပါနဲ့၊ဘာပြဿနာမှ မရှိပါဘူး အဲဒါက စွမ်းရည်ပြန်ပြည့်ဖို့ အချိန်စောင့်ရတာ သက်သက်ပါ၊ ပုံမှန်ပါပဲ။ ကဲ... နှစ်ယောက်လုံး ကျွန်တော် အိမ်ပြန်တော့မယ်နော်။”

ယဲ့ချန်သည် လင်းယွီရှီး၏ အိမ်သို့ ပြန်ရောက်သောအခါ တံခါးကို ပိတ်လိုက်သည်။

အိမ်ထဲကို လှည့်ပတ်ကြည့်ရှုရင်း သူ စိတ်မကောင်း ဖြစ်မိသည်။

ဒီနေရာက... တကယ့် အိမ်တစ်လုံးနဲ့ မတူတော့ဘူး။

အိမ်တွင်းပရိဘောဂတွေ လုံးဝ မရှိတော့ဘဲ ဗလာကျင်းနေသည်သူခိုးဝင်လာရင်တောင် မျက်ရည်ကျပြီး ပြန်ထွက်သွားရမည့်အခြေအနေမျိုး ဖြစ်နေသည်။

ကံကောင်းထောက်မစွာဖြင့် ယဲ့ချန်၏ သိုလှောင်ခန်း ထဲတွင် စနစ်မှ ရရှိထားသော ဆုလာဘ်ပစ္စည်းများ ပြည့်လျှံနေပြီးဆုလာဘ်များ ထပ်မံရရှိပါက နေရာဆံ့တော့မည် မဟုတ်သဖြင့် အခန်းအချို့ ဖယ်ရှားရန် လိုအပ်နေသည်။

“ကောင်းပြီ... ယွီရှီး ဒီတစ်ခါတော့ မင်းကို အကြီးကြီး အံ့ဩသွားစေရမယ်။”

ယဲ့ချန်က ဖုန်းကို ထုတ်ပြီး အချိန်ကို ကြည့်လိုက်ရာညနေ ၅ နာရီနီးပါး ရှိနေပြီ ဖြစ်သည်။

ယွီရှီးတို့ မိသားစု ဈေးဝယ်ပြီး မပြန်လာခင် အိမ်တွင်းကို အမြန်ဆုံး ပြန်လည် ပြင်ဆင်ရန် လိုအပ်သည်။

ကဲ... အလုပ်စကြစို့။

All Chapters