အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အခန်း ၈၇ - မေတ္တာရေးကံပွင့် အဆောင်တော်။
ယဲ့ချန်သည် လင်းယွီရှီးအိမ်မှ ပျက်စီးစုတ်ပြတ်နေသော ပရိဘောဂများနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းဟောင်းများအားလုံးကို ဝရံတာဘက်သို့ ရွှေ့ပစ်လိုက်သည်။
ထို့နောက် သိုလှောင်ခန်းထဲမှ ဆုလာဘ်ပစ္စည်းအမြောက်အမြားကို ထုတ်ယူကာ အမျိုးအစားအလိုက်သပ်သပ်ရပ်ရပ် စနစ်တကျ ခွဲခြားနေရာချလိုက်တော့သည်။
Xiaomi ၆၅ လက်မ Ultra HD AI LCD တီဗီ။
Haier ဖုန်စုပ်စက်များ။
SUPOR ထမင်းပေါင်းအိုးများ။
Little Swan အဝတ်လျှော်စက်များ။
Siemens တံခါးနှစ်ဖက်ဖွင့် ရေခဲသေတ္တာကြီး။
Ailesen ဆိုဖာအိအိကြီး။
ဒါတွေအားလုံးက အဆင့်မြင့် ပစ္စည်းကောင်းတွေချည်းပဲ။
ကုန်တိုက်ကြီးတွေမှာ သွားဝယ်မယ်ဆိုရင် တော်တော်လေးငွေကုန်ကြေးကျများမယ့် အရာတွေ ဖြစ်သည်။
အထူးသဖြင့် ယွီရှီးတို့မိသားစုအတွက် အကြွေး ယွမ် ၂ သန်းကို အောင်မြင်စွာ ပြန်ဆပ်ပေးနိုင်ခဲ့သည့်အပြင် တန်ဖိုးကြီးလှသော Huanghuali ပရိဘောဂတစ်စုံလုံး ထွက်ပေါ်လာခြင်းက အလွန်ပင် တန်ဖိုးရှိလှသည်။ ဟွမ်ဟွာလီသစ်သားသည်စျေးကွက်ထဲတွင် တန်ဖိုးကြီးလွန်းသဖြင့် ရူးသွပ်ဖွယ်သစ်သားဟုပင် တင်စားခေါ်ဝေါ်ကြသည်မဟုတ်ပါလား။
မကြာမီအချိန်အတွင်းမှာပင် ဗလာကျင်းနေသော အိမ်လေးထဲ၌ အဆင့်မြင့် ပရိဘောဂများနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းမျိုးစုံပြည့်နှက်သွားတော့သည်။ အိမ်ကို အကြီးစား ပြန်လည်မပြင်ဆင်ရသေးသော်လည်း လင်းယွီရှီး၏ အိမ်လေးမှာ လုံးဝကိုသစ်လွင်ဆန်းသစ်ပြီး ပြောင်းလဲသွားခဲ့လေပြီ။
ထို့ပြင် ယဲ့ချန်သည် ယခုအခါတွင် ဖုန်းရွှေဆရာတစ်ဦး ဖြစ်နေပြီဖြစ်ရာ ဤပရိဘောဂများနှင့် အိမ်သုံးပစ္စည်းများကို နေရာချထားရာတွင် အလွန်ပင် စနစ်တကျ ဂရုတစိုက် ရှိလှသည်။ ထို့ကြောင့်ပင် လင်းယွီရှီး၏ အိမ်လေးသည် ဆန်းပြားလှပကာ ဟန်မပျက်ဘဲ ဆွဲဆောင်မှုရှိသော ခေတ်မီပြီး ဂန္ထဝင်ဆန်သော ကျော့ရှင်းပြီး မြင့်မြတ်ကာ ဖော်ပြရန်ပင် ခက်ခဲလောက်အောင်ခန့်ညားထည်ဝါသော ထူးခြားသည့် အပြင်အဆင်စတိုင်လ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပြီးပြည့်စုံသွားပြီ။
“ဟီးဟီး... ယွီရှီးနဲ့ အန်တီတို့ ဦးလေးတို့ အိမ်ပြန်ရောက်လာရင် တကယ်ကို အံ့ဩဝမ်းသာသွားကြမှာပဲ ဟားဟားဟား...”
ယဲ့ချန်သည် လင်းယွီရှီး၏ အိပ်ခန်းလေးထဲသို့ ထပ်မံဝင်ရောက်သွားခဲ့သည်။
ပြီးနောက် Steinway အနက်ရောင် စန္ဒရားကြီးကို ပြတင်းပေါက်အနီးတွင် နေရာချလိုက်သည်။
ဤစန္ဒရားကို အထင်မသေးနှင့်ဦး။ Steinway စန္ဒရားများသည် စန္ဒရားလောကတွင် အထက်တန်းအကျဆုံးနှင့် ထိပ်တန်းအဆင့်အတန်း၏ ပြယုဂ်တစ်ခု ဖြစ်သည်။ ၎င်းတို့သည် ပြည်ဆိုင်ရာ စန္ဒရားပြိုင်ပွဲတို့၏ တရားဝင်အသုံးပြုသော စန္ဒရားများ ဖြစ်ကြသည်။ ယဲ့ချန်က လင်းယွီရှီးကို ပေးလိုက်သည့် စန္ဒရားမှာတရုတ်ငွေ ယွမ်သိန်းဂဏန်းအထိ တန်ဖိုးရှိသည်။
ဒါပေမဲ့ ယဲ့ချန်ကတော့ ဤတန်ဖိုးတွေကို ဂရုမစိုက်ပါ။လင်းယွီရှီး ပျော်ရွှင်နေဖို့သာ အဓိက ဖြစ်သည်။
ယဲ့ချန်သည် စိတ်ကူးတစ်ခုဖြင့် Seven Degrees Space အမျိုးအစား အလွန်ပါးလွှာသော ဂွမ်းသား သန့်ရှင်းရေးသုံးပစ္စည်း (လစဉ်သုံးဂွမ်းပြား) အခုရေ ၁,၀၀၀ ကို သိုလှောင်ခန်းထဲမှ ထုတ်ယူပြီး မှန်တင်ခုံပေါ်တွင် သပ်သပ်ရပ်ရပ် စီစီရီရီ တင်ထားလိုက်သည်။
အရွယ်ရောက်ပြီးသူ အမျိုးသမီးတိုင်းအတွက် လစဉ်သုံးဂွမ်းပြားများသည် မရှိမဖြစ် လိုအပ်သော နေ့စဉ်သုံးပစ္စည်းတစ်ခုဖြစ်သည်။ ဆိုင်တွေမှာ အထူးလျှော့စျေး ပရိုမိုးရှင်းပေးသည့်အခါမျိုးတွင် အမျိုးသမီးများသည် အများအပြား ဝယ်ယူပြီး အိမ်တွင် ကြိုတင်စုဆောင်းထားလေ့ ရှိကြသည်။
“အားလုံး အဆင်ပြေသွားပြီ။”
ယဲ့ချန်သည် တစ်ကိုယ်လုံး ချွေးတရွှဲရွှဲဖြင့် အကြောဆန့်ကာ သမ်းဝေလိုက်သည်။ထိုစဉ်မှာပင် အပြင်ဘက်မှ သော့ဖွင့်သံ ထွက်ပေါ်လာခဲ့သည်။ ယဲ့ချန်သည် အပြင်ဘက်သို့ အမြန် ပြေးထွက်သွားခဲ့သည်။ အပြင်ဘက်တွင် အိမ်တံခါးမကြီး ပွင့်သွားခဲ့ပြီ ဖြစ်သည်။
လင်းယွီရှီးနှင့် သူမ၏ မိသားစုသုံးယောက်လုံးမှာ တံခါးဝတွင် ရပ်လျက် အိမ်ထဲသို့ ငေးကြည့်ကာ အံ့အားသင့်အကြောင်သားဖြစ်နေကြတော့သည်။
လုံးဝကို မှင်သက်သွားကြခြင်း ဖြစ်သည်။
“အဖေ... အမေ... ဒါ သမီးတို့အိမ် ဟုတ်ရဲ့လား သမီးတို့ အိမ်မှားဝင်မိတာများလား...”
လင်းယွီရှီးက ကြောင်အမ်းအမ်းဖြင့်တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ဒါက သူမတို့၏ ကိုယ်ပိုင်အိမ်လေးဆိုတာကို သူမ လုံးဝ မယုံကြည်နိုင် ဖြစ်နေရသည်။
ငါ အိပ်မက်မက်နေတာလား။
ယဲ့ချန်သည် လင်းယွီရှီး၏ အိပ်ခန်းထဲမှ ပြုံးစပ်စပ်ဖြင့် ပြေးထွက်လာသည်။
“ဦးလေးနဲ့ အဒေါ်... မြန်မြန် အိမ်ထဲဝင်ကြလေ အမ်... ယွီရှီး အံ့ဩသွားလား။”
ဝုန်းးး
ထိုအခိုက်အတန့်တွင် လင်းယွီရှီးတစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ဖတ်
သူမ ကိုင်ထားသော ဟင်းသီးဟင်းရွက်တောင်းမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
အတိုင်းအဆမရှိ ကြီးမားလှသော စိတ်လှုပ်ရှားမှုလှိုင်းလုံးကြီးများက တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ လင်းယွီရှီး၏ ရင်ထဲသို့ ရိုက်ခတ်သွားခဲ့သည်။ သူမ၏ လက်ဖျားခြေဖျားများ ထုံကျင်သွားပြီး သွေးများပင် ခဲမတတ် နှလုံးသားတစ်ခုလုံးအသက်ရှူကျပ်မတတ် ခံစားလိုက်ရသည်။
သူမ၏ လှပသော မျက်ဝန်းအစုံမှ ပူနွေးသော မျက်ရည်ပူများ ချက်ချင်း စီးကျလာခဲ့သည်။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ တင်းခံထားမိသည်။ အကယ်၍ ပါးစပ်ဟလိုက်ပါက ရှိုက်ကြီးတငင် ငိုကြွေးမိတော့မည်ကို သိသောကြောင့် ဖြစ်သည်။သူမ အလွန်အမင်း တင်းခံထားသဖြင့် နှုတ်ခမ်းလွှာလေးများပင် ဖြူလျော်လာခဲ့ရသည်။
လွန်ခဲ့သော နှစ်များစွာအတွင်း ဖခင်ဖြစ်သူ၏ ဆေးကုသစရိတ်အတွက် အိမ်ရှိ တန်ဖိုးရှိသောပစ္စည်းများ တန်ဖိုးမရှိသောပစ္စည်းများ အားလုံးကို ရောင်းချခဲ့ရသဖြင့် အိမ်လေးမှာ အိမ်နှင့်ပင်မတူတော့ဘဲ ဗလာကျင်းနေခဲ့ရသည်။
လင်းယွီရှီးသည် နွေးထွေးပြီး သပ်ရပ်လှပသော အိမ်လေးတစ်လုံးကို အမြဲတစေ အိပ်မက်မက်ခဲ့ရသည်။
ယနေ့တွင်မူ။
သူမ၏ ဖခင်သည် ရောဂါမှ ပြန်လည်သက်သာလာခဲ့ပြီး သူမတို့၏ အိမ်လေးမှာလည်း တကယ့် အိမ်စစ်စစ်တစ်လုံးအဖြစ်ပြန်လည်အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။ ယဲ့ချန် သူမအား ပေးခဲ့သည့် ဤအံ့ဩစရာလက်ဆောင်ကြီးမှာ အလွန်ပင် ကြီးမားလွန်းလှသည်။ ကမ္ဘာကြီးတစ်ခုလုံးထက်ပင်ပိုမို ကြီးမားနေသကဲ့သို့ပင်။
“အီးးးဟီးးးး”
နောက်ဆုံးတွင် လင်းယွီရှီးသည် သူမ၏ စိတ်လှုပ်ရှားမှုများကို ထိန်းမရတော့ဘဲ ငိုချလိုက်တော့သည်။ သူမ၏ ကမ္ဘာထဲတွင် ယဲ့ချန်တစ်ဦးတည်းသာ ကျန်ရှိတော့သကဲ့သို့ပင် သူမသည် ယဲ့ချန်၏ထံသို့ အားကုန်ပြေးဝင်သွားခဲ့သည်။
ထို့နောက် ဘာကိုမျှ ဂရုမစိုက်တော့ဘဲ ယဲ့ချန်၏ ခါးကို တင်းတင်းကြပ်ကြပ် ဖက်တွယ်လိုက်ကာ ဦးခေါင်းကို ယဲ့ချန်၏ ရင်ခွင်ထဲသို့ အပ်နှင်းလျက် ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
ဤအခိုက်အတန့်တွင် လင်းယွီရှီး၏ နှလုံးသားတစ်ခုလုံးမှာ ယဲ့ချန်၏ သိမ်းပိုက်ခြင်းကို လုံးဝ ခံလိုက်ရပြီဖြစ်ကာ သူမသည် သူ့အတွက် ဘာမဆို လုပ်ပေးရန် အဆင်သင့် ဖြစ်နေခဲ့ပြီ အိမ်မြှောင်ကောင်လေးတွေ သိမ်းဆည်းထားတတ်တဲ့ ဗီဒီယိုတွေထဲကမိန်းကလေးတွေ လုပ်လေ့ရှိတဲ့ အရာမျိုးတွေအထိပါ လုပ်ပေးရဲလောက်အောင် သူမ စိတ်ဆုံးဖြတ်ထားပြီး ဖြစ်သည်။
တံခါးအပြင်ဘက်တွင် ရပ်နေသော ဦးလေးလင်းနှင့် လီဟွီတို့လည်း မျက်ရည်ကျနေကြသည်။
“ယွီရှီးအဖေရေ... ဒါက ဘေးဆိုးကနေ ကံကောင်းခြင်းတွေ ဖြစ်လာတာပဲ ရှင် ဖျားနာခဲ့တာက တကယ့် ကံကောင်းခြင်းတစ်ခုပဲ ဒီလောက်ကောင်းတဲ့ သမက်မျိုးကို ဘယ်မှာ သွားရှာလို့ ရနိုင်ပါဦးမလဲ မီးအိမ်ထွန်းရှာရင်တောင် တွေ့မှာ မဟုတ်ဘူး။”
လီဟွီကရှိုက်ငိုရင်း ပြောလိုက်သည်။
ဦးလေးလင်းက မျက်ရည်များကို သုတ်လိုက်သည်။
“တန်ပါတယ် တကယ် တန်ပါတယ်။”
“ဟေး... ယွီရှီးမငိုနဲ့တော့လေ။ ပြီးတော့ ငါ့ကို လာမပွတ်သပ်နဲ့ဦး ကိုယ်ပေါ်မှာ ချွေးတွေရွှဲနေတာ အဒေါ်နဲ့ ဦးလေးလည်း ဒီမှာရှိနေသေးတယ်လေ။”
ယဲ့ချန်က ပြုံးလျက် လင်းယွီရှီး၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
“ယွီရှီး... မင်းအတိတ်မှာ တော်တော်လေး ဒုက္ခရောက်ခဲ့ရတယ် ဒါပေမဲ့ နောက်ဆိုရင်တော့ ဘာဒုက္ခမှ မခံစားရတော့စေရဘူး။”
တီ...ဂုဏ်ယူပါသည်။အိမ်ရှင်သည် တာဝန်ကို ပြီးမြောက်အောင်မြင်သွားပါပြီ:【 လင်းယွီရှီးအတွက် အံ့ဩဝမ်းသာစရာတစ်ခုကို ဖန်တီးပေးရန် 】
မေတ္တာရေးကံပွင့် အဆောင်တစ်ခုကို ရရှိပြီးဖြစ်ကာ ၎င်းကို သိုလှောင်ခန်း ထဲတွင် အလိုအလျောက် သိမ်းဆည်းပေးထားပါသည်။
စနစ်ပြုပြင်ရေးစွမ်းအင် ၀% ရရှိသည်။
စနစ်၏ ပြုပြင်မွမ်းမံမှု ၂.၁% ပြီးမြောက်သွားပြီ ဖြစ်သည်။
‘ဟင် မေတ္တာရေးကံပွင့် အဆောင်ဆိုတာ ဘာကြီးလဲ။’
ယဲ့ချန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ယဲ့ချန်၏ နှစ်သိမ့်ပေးမှုကြောင့် လင်းယွီရှီးသည် နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားခဲ့သည်။
“ယွီရှီး... နောက်ထပ် အံ့ဩစရာတစ်ခု ကျန်သေးတယ် ငါ့နောက်ကို လိုက်ခဲ့ဦး။”
ယဲ့ချန်က လင်းယွီရှီး၏ လက်ကိုဆွဲကာ သူမ၏အိပ်ခန်းလေးထဲသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
“စန္ဒရားကြီးးးး”
လင်းယွီရှီး၏ မျက်လုံးများ တောက်ပသွားသည်။
သူမ အလွန် ပျော်ရွှင်သွားသဖြင့် မူးလဲမတတ်ပင် ဖြစ်သွားခဲ့ရသည်။ သူမသည် ကလေးဘဝကတည်းက ဂီတနှင့် စန္ဒရားကို အလွန် မြတ်နိုးခဲ့သူ ဖြစ်သည်။ နှစ်စဉ်မွေးနေ့တိုင်းတွင် သူမသည် အချိုသာဆုံးနှင့် အသက်သာဆုံး စန္ဒရားလေးတစ်လုံး ရရှိရန် အမြဲ ဆုတောင်းခဲ့ရသည်။
သို့သော်လည်း သာမန်လူများအတွက် လွယ်ကူလှသော ဤအိပ်မက်မှာ လင်းယွီရှီးအတွက်မူ ဘယ်သောအခါမျှ မရရှိနိုင်ခဲ့သောအရာတစ်ခု ဖြစ်ခဲ့သည်။ ယနေ့တွင်မူ သူမ၏ ဘဝသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဟု သူမ ခံစားလိုက်ရသည်။
“ယွီရှီး... စန္ဒရားအပြင် ဒါလည်း ရှိသေးတယ်...”
ယဲ့ချန်က လင်းယွီရှီးကို မှန်တင်ခုံဆီသို့ ခေါ်သွားခဲ့သည်။
“ဟင် ယဲ့ချန်... နင်ဘာဖြစ်လို့ ဒီလောက်အထိ များပြားတဲ့... လစဉ်သုံးတွေကို... ဘယ်ကနေ ဝယ်လာတာလဲ...”
လင်းယွီရှီးက ရှက်ကိုးရှက်ကန်းဖြင့် မေးလိုက်သည်။
“ဪ... ငါ သွားဝယ်တာလေ။ ဆိုင်မှာ ပရိုမိုးရှင်းပေးနေတာနဲ့ အများကြီး ဝယ်လာမိတာ။”
ယဲ့ချန်က ပြုံးလျက် ပြောလိုက်သည်။
“ယွီရှီး နောက်ဆိုရင် နင့်ရဲ့ လစဉ်သုံးအားလုံးကို ငါပဲ တာဝန်ယူပေးမယ်နော်။”
“ခစ်ခစ်”
လင်းယွီရှီးက ချိုသာစွာ ရယ်မောလိုက်ပြီး ယဲ့ချန်ကို မော့ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းအစုံမှာ ကြည်လင်အေးမြသော ရေကန်တစ်ခုကဲ့သို့ လှပဆန်းပြားလှပြီး တကယ့်ကို စွဲမက်ဖွယ် ကောင်းလှပေသည်။
သူမသည် ယဲ့ချန်ကို ကျေးဇူးတင်စကား မပြောခဲ့ပေ။ သို့သော်လည်း သူမ၏ နှလုံးသားထဲတွင် ဘဝတစ်သက်တာလုံး ဘယ်တော့မှ မပြောင်းလဲမည့် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချမှတ်လိုက်ပြီ ဖြစ်သည်။ ယင်းမှာ ယဲ့ချန်ကို လက်ထပ်ရန် ပင် ဖြစ်သည်။
ယဲ့ချန်သည်လည်း လင်းယွီရှီးကို ငေးကြည့်လိုက်မိသည်။ သူတို့နှစ်ဦး၏ မျက်ဝန်းအစုံမှာ တစ်ဦးကိုတစ်ဦး ဆုံစည်းသွားခဲ့ကြသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အလွန်နီးကပ်သော အကွာအဝေးတွင် အကြည့်ချင်းဆုံမိခြင်းမှာ အလွန်ပင်အန္တရာယ်များလှသည်။
သဘာဝအတိုင်းပင် လင်းယွီရှီးသည် သူမ၏ မျက်လုံးများကို တဖြည်းဖြည်း ပိတ်လိုက်မိပြီး ရှည်လျားသော မျက်တောင်လေးများမှာ အနည်းငယ် တုန်ရီနေကာ နီမြန်းနေသော နှုတ်ခမ်းလွှာလေးများက အနည်းငယ် ပွင့်ဟလာခဲ့သည်။
ဤအခြေအနေတွင် ယဲ့ချန်သည် ဘာလုပ်ရမည်ကို သဘာဝအတိုင်း သိရှိပြီးသား ဖြစ်သည်။ မကြာမီမှာပင် သူ၏ နှုတ်ခမ်းများမှာ သူမ၏ နှုတ်ခမ်းများနှင့် ဆုံတွေ့သွားခဲ့ပြီး ရှက်ကိုးရှက်ကန်းနိုင်သော်လည်း ပြင်းပြလှသော အနမ်းတစ်ခုကို အတူတကွမျှဝေလိုက်ကြတော့သည်။
သို့သော်လည်း အိပ်ခန်းတံခါးမှာ ပိတ်မထားခဲ့ပေ။ အပြင်ဘက်တွင် ရပ်နေသော လီဟွီက စိတ်သက်သာရာရစွာ ပြုံးလိုက်ပြီး ခပ်ဖွဖွလေး ချောင်းဆိုးလိုက်သည်။
“ယွီရှီးရေ... ငါတို့ အရင်ဆုံး ဟင်းချက်လိုက်ကြရင် မကောင်းဘူးလား။”
“ဟုတ်... ဟုတ်ကဲ့။”
လင်းယွီရှီးသည် ယဲ့ချန်၏ ရင်ခွင်ထဲမှ အမြန် ရုန်းထွက်ကာ မျက်နှာနီမြန်းလျက် ပြေးထွက်သွားတော့သည်။ မိသားစုသုံးယောက်လုံးသည် မီးဖိုချောင်ထဲတွင် ညစာပြင်ဆင်ရန် အလုပ်ရှုပ်နေကြပြီး မကြာမီမှာပင် မီးဖိုချောင်ထဲမှ မွှေးကြိုင်လှသော ဟင်းနံ့များ ထွက်ပေါ်လာခဲ့သည်။
ယဲ့ချန်မှာမူ ဘာမှ ကူညီပေး၍ မရသဖြင့် လင်းယွီရှီး၏ အိပ်ယာပေါ်တွင် ထိုင်ကာ စနစ်မှ စောစောက ပေးအပ်ထားသော【မေတ္တာရေးကံပွင့် အဆောင်】 ကို ထုတ်ယူကြည့်ရှုလိုက်သည်။
ထိုစဉ်မှာပင် အချက်အလက်အချို့မှာ ယဲ့ချန်၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာခဲ့သည်။
【မေတ္တာရေးကံပွင့် အဆောင်: အသုံးပြုပြီးနောက် တစ်ကြိမ်တည်းဖြင့် အချစ်ရေးကံကို ဆွဲဆောင်နိုင်စေမည့်အခွင့်အရေးကို ပေးအပ်သည်။ တစ်ကြိမ်တည်းသာ သုံးစွဲနိုင်သော အရာဖြစ်သည်။】
“အချစ်ရေးကံ အဲဒါက တကယ် အစွမ်းထက်လို့လား တကယ် အစွမ်းရှိမရှိ ငါ စမ်းသပ်ကြည့်ရမယ်။”
ယဲ့ချန်သည် စမ်းသပ်လိုသော စိတ်ဖြင့် စဉ်းစားလိုက်ရာ သူ၏ လက်ချောင်းထိပ်ဖျားမှ ဝိညာဉ်စွမ်းအင်အချို့ ထွက်ပေါ်လာပြီးအဆောင်ကို ချက်ချင်းပင် ပြာအဖြစ်သို့ လောင်ကျွမ်းစေခဲ့သည်။
အခန်း ၈၈ - ယာဉ်တိုက်မှု။
ထမင်းစားပွဲပေါ်တွင် အရောင်အဆင်းရော အနံ့ပါ မွှေးကြိုင်လှပပြီး သွားရည်ကျစရာကောင်းလှသော ဟင်းလျာများ ပြည့်နှက်နေသည်။ လူလေးယောက်သည် ထမင်းစားပွဲတွင် ဝိုင်းဖွဲ့ထိုင်လိုက်ကြသည်။ ထိုမြင်ကွင်းမှာ နှစ်သစ်ကူးအကြိုညစာ စားသောက်နေရသကဲ့သို့ ပျော်ရွှင်စရာ ကောင်းလှပေသည်။
“ရှောင်ချန် မြည်းကြည့်ပါဦး။ ဒါတွေအားလုံးက ယွီရှီး ကိုယ်တိုင် ချက်ထားတာနော်။”
လီဟွီက ပြုံးလျက် ပြောလိုက်သည်။
“ယဲ့ချန် ဒီချိုချဉ်ဝက်နံရိုးချိုချဉ်လေး စားကြည့်ပါဦး ဒါ ငါ့ရဲ့ အကောင်းဆုံး ဟင်းပဲ။”
လင်းယွီရှီးက ချစ်စနိုးဖြင့် ဝက်နံရိုးတစ်တုံးကို ညှပ်ကာ ယဲ့ချန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ ယဲ့ချန်သည် ဝက်နံရိုးကို ပါးစပ်ထဲထည့်ကာ ညင်သာစွာ ဝါးစားလိုက်သည်။ ကြွပ်ရွပြီး အရသာရှိလှသော ခံစားချက်တစ်ခုကပါးစပ်ထဲတွင် ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
အရသာရှိလိုက်တာတကယ့်ကို ထူးထူးခြားခြား ကောင်းမွန်လှသည်။
လင်းယွီရှီး၏ ဟင်းချက်ကျွမ်းကျင်မှုမှာ တော်တော်လေး ကောင်းမွန်သည်ဟု ပြောရမည် ဖြစ်သည်။ သူမသည် နောင်တစ်ချိန်တွင် အိမ်တွင်းအိမ်ပြင် ကိစ္စအားလုံးကို အဆင်ပြေအောင် စီမံနိုင်မည့် ဇနီးကောင်း မိခင်ကောင်းတစ်ဦး ဖြစ်လာမှာ သေချာပေသည်။
ထမင်းစားနေစဉ်အတွင်း ယဲ့ချန်က ရုတ်တရက် မေးလိုက်သည်။
“ဒါနဲ့ ဦးလေး ဒီရပ်ကွက်က ဘယ်တော့လောက် ဖျက်သိမ်းခံရမလဲ။”
“မကြာခင် ဖြစ်လိမ့်မယ်လို့ ငါ ကြားထားတယ်။”
ဦးလေးလင်းက ပြောလိုက်သည်။
“ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖျက်သိမ်းလိမ့်မယ်လို့ ကောလာဟလတွေ ထွက်နေတာပဲ။”
လီဟွီကလည်းပြန်ဖြေသည်။
“ဟုတ်ပါတယ် တတ်နိုင်သမျှ မြန်မြန် ဖျက်သိမ်းလိုက်တာ အကောင်းဆုံးပါပဲ။”
ယဲ့ချန်က ခေါင်းငြိမ့်လိုက်သည်။
“ကျွန်တော် အခုလေးတင် ကြည့်လိုက်တာ၊ ဒီရပ်ကွက်ရဲ့မြေကံက ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ။ သူ့ရဲ့ ကံတရားက အလွန် အန္တရာယ်များတဲ့ အခြေအနေကို ရောက်နေတယ်။”
???
လင်းယွီရှီးနှင့် မိသားစုသုံးယောက်လုံးမှာ ဇဝေဇဝါမျက်နှာထားဖြင့် ယဲ့ချန်ကို ငေးကြည့်လိုက်ကြသည်။
“ယဲ့ချန် ငါတို့ ရပ်ကွက်က အိုဟောင်းပြီး ပျက်စီးနေပေမဲ့ နေလို့တော့ အရမ်းကောင်းတယ်လေ အိမ်နီးနားချင်းတွေကလည်းတစ်ယောက်နဲ့တစ်ယောက် အရမ်း အဆင်ပြေကြတယ်။ အမှန်အတိုင်းပြောရရင် ငါတော့ တခြားမပြောင်းချင်ဘူး။”
လင်းယွီရှီးကပြောလိုက်သည်။
“ငါ ဒီမှာပဲ နေသားကျနေပြီ။”
ယဲ့ချန်က ခေါင်းခါပြပြီး ရှင်းပြလိုက်သည်။
“တစ်နှစ်အတွင်း၊ အများဆုံး တစ်နှစ်ပေါ့ ဒီရပ်ကွက်ရဲ့ ကံကြမ္မာက အဆုံးသတ်သွားပြီး သူ့ရဲ့ ကောင်းချီးတွေ ကုန်ဆုံးသွားလိမ့်မယ်။ ဒါက အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့တဲ့ ရောဂါသည်တစ်ယောက်နဲ့တူတယ်။ အဲဒီအချိန်ကျရင် ဘေးအန္တရာယ်တွေ ကျရောက်လာပြီး ဒီမှာ နေထိုင်တဲ့သူတွေ စိတ်မအေးရဘဲ အဆက်မပြတ်ရုန်းကန်ရလိမ့်မယ်သွေးထွက်သံယို ဖြစ်ရပ်တွေတောင် ရှိလာနိုင်တယ်။”
ယဲ့ချန်၏ စကားများကြောင့် လင်းယွီရှီးတို့ မိသားစုသုံးယောက်လုံး ထိတ်လန့်သွားကြသည်။
“ရပါတယ် တစ်နှစ်လောက်တော့ ကျန်သေးတာပဲ။ ဖျက်သိမ်းမှုက အောင်အောင်မြင်မြင် ဆက်သွားနိုင်ရင် အဆင်ပြေသွားမှာပါ။”
ယဲ့ချန်က လျင်မြန်စွာ နှစ်သိမ့်ပေးလိုက်သည်။
ခဏမျှ ရပ်တန့်ပြီးနောက် ယဲ့ချန်သည် ထမင်းစားပွဲအောက်သို့ လက်ကို အသာသွင်းလိုက်ပြီး စိတ်ကူးတစ်ခုဖြင့် သိုလှောင်ခန်းထဲမှ 【နုပျိုခြင်းဆေးလုံး】တစ်လုံးကို ထုတ်ယူလိုက်သည်။
၎င်းတို့မှာ ပြီးခဲ့သည့်အကြိမ်က ထန်မော့ရွှေတစ်ယောက် ယဲ့ချန်ကို လူသိရှင်ကြား ဖွင့်ပြောခဲ့ပြီးနောက် ရရှိခဲ့သော ဆုလာဘ်များဖြစ်ပြီး စုစုပေါင်း ငါးလုံး ရှိသည်။
ဤနုပျိုခြင်းဆေးလုံးသည် ဝိညာဉ်ရေးရာ ဆေးဖက်ဝင်အပင်များနှင့် တန်ဖိုးကြီး ကျောက်စိမ်း ရာပေါင်းများစွာကို အတူတကွပေါင်းစပ်ကျိုချက်ထားခြင်း ဖြစ်သည်။ ၎င်း၏ အာနိသင်မှာ အံ့ဩစရာ ကောင်းလှသည်။ ဆေးကို သုံးစွဲပြီးနောက်အသားအရေကို စိုပြေစေကာ နုပျိုမှုကို ထိန်းသိမ်းပေးပြီး ငယ်ရွယ်နုပျိုမှုကို ပြန်လည်ရရှိစေနိုင်သည်။ သို့သော်လည်း ၎င်းသည် အမျိုးသမီးများအတွက်သာ သီးသန့်ဖြစ်ပြီး ဘဝသက်တမ်းတစ်လျှောက်တွင် တစ်လုံးသာ သုံးစွဲနိုင်သည်။ ဒုတိယတစ်လုံးကို ထပ်မံသောက်သုံးပါက အာနိသင် ရှိတော့မည် မဟုတ်ပေ။
လီဟွီ၏ အသက်အစစ်အမှန်မှာ အသက် ၄၀ ကျော်မျှသာ ရှိသေးသော်လည်းသူမ၏ မျက်နှာပေါ်တွင် အရေးအကြောင်းများပြည့်နှက်နေသဖြင့် အသက် ၅၀ သို့မဟုတ် ၆၀ ခန့်အထိ ထင်ရစေသည်။ ထို့ကြောင့် သူမအတွက် ဤဆေးလုံးမှာ အသင့်တော်ဆုံး ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူမသည် သူ၏ အနာဂတ်ယောက္ခမ ဖြစ်လာမည့်သူမို့ ယဲ့ချန်သည် နှမြောတွန့်တိုမနေခဲ့ပေ။
“အဒေါ်...”
ယဲ့ချန်က ပြုံးလျက် ခေါ်လိုက်သည်။
“ရှင်”
လီဟွီက ချစ်စနိုးဖြင့် ပြန်ထူးလိုက်သည်။
“အဒေါ် ဒါက အသားအရေလှပစေပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဆေးလုံးလေးပါ။ ဓာတုပစ္စည်းတွေ လုံးဝ မပါဝင်သလို ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။”
ယဲ့ချန်သည် သစ်တော်သီးစေ့ ခန့်ရှိသော ဖျော့တော့တော့ အဝါရောင် နုပျိုခြင်းဆေးလုံးကို လီဟွီထံသို့ ကမ်းပေးလိုက်သည်။
“ဒါလေးကအဒေါ့်ကို လက်ဆောင်ပေးတာပါ။”
“ရှောင်ချန်ရယ်... မင်းက တကယ့်ကို စိတ်ကောင်းရှိလွန်းပါတယ်။”
လီဟွီက ကျေးဇူးအထူးတင်စွာဖြင့် ဆေးလုံးကို လက်ခံလိုက်သည်။
“ဒီဆေးကို ဘယ်လို သောက်ရမလဲ။”
“ရေနဲ့ပဲ တိုက်ရိုက်မျိုချလိုက်ရုံပါပဲ။ အဒေါ်... အခုပဲ စမ်းပြီး သောက်ကြည့်လိုက်ပါလား။”
ယဲ့ချန်က တိုက်တွန်းလိုက်သည်။
လီဟွီသည် ယဲ့ချန်ကို ရာနှုန်းပြည့် ယုံကြည်ထားသူ ဖြစ်သည်။ သူမသည် ဘာမှပင် ထပ်မမေးတော့ဘဲ မတ်တတ်ရပ်ကာ ရေတစ်ခွက် ငှားယူလျက် နုပျိုစိုပြေဆေးလုံးကို ချက်ချင်း မျိုချလိုက်တော့သည်။
‘ဒီဆေးရဲ့ အာနိသင်က ဘယ်လောက်အထိ ကောင်းမလဲဆိုတာ တကယ် သိချင်မိတယ်။ အကယ်၍ တကယ် ကောင်းတယ်ဆိုရင်ငါ့အမေကိုလည်း တစ်လုံး ပေးရမယ်။’
ယဲ့ချန် စိတ်ထဲမှ တွေးလိုက်မိသည်။
ထိုစဉ်မှာပင်။
ဒေါက် ဒေါက် ဒေါက်... ဒေါက် ဒေါက် ဒေါက်
တံခါးကို အလွန် အလျင်စလို ခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လီဟွီသည် တံခါးကို အမြန် ပြေးဖွင့်လိုက်သည်။ တံခါးကို ဖွင့်ဖွင့်ချင်းမှာပင် အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
“အန်တီလီ... အန်တီ့ရဲ့ သမက်လေး အိမ်မှာ ရှိသေးလားဟင်။”
“ကျွန်တော့်ကို ရှာတာလား။”
ယဲ့ချန်သည် သူ၏ ထမင်းစားတူကို ချလိုက်မိသည်။ သို့သော်လည်း သူသည် ဤအမျိုးသမီး၏အသံကို တစ်ခါမျှ မကြားဖူးခဲ့ပေ။
မမျှော်လင့်ဘဲ။
‘မဟုတ်မှလွဲရော ငါ အချစ်ရေးကံပွင့်အဆောင်ကို အခုတင်ပဲ လောင်ကျွမ်းလိုက်တာ အခု ချက်ချင်းကြီး ရောက်လာတာလား ဒါက မြန်လွန်းလှချည်လား ပြီးတော့ ယွီရှီးရဲ့ အိမ်အထိ လိုက်လာတယ်ပေါ့ ဒါကတော့ တကယ်ကို ဆိုးဝါးတဲ့ အချစ်ဇာတ်လမ်းပဲ။’
ယဲ့ချန်သည် တံခါးဝဆီသို့ မော့ကြည့်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ယဲ့ချန်တစ်ယောက် အော်ရယ်မိတော့မတတ် ဖြစ်သွားခဲ့ရသည်။ တံခါးအပြင်ဘက်တွင် ရပ်နေသူမှာ အသက် ၂၀ ကျော်ခန့်ရှိပြီး ပုံမှန်ခန္ဓာကိုယ်အချိုးအစားနှင့် မျက်နှာသွင်ပြင်မှာလည်းအထူးတလည် ပြောစရာမရှိလှသော မိန်းကလေးတစ်ဦး ဖြစ်သည်။
အလွယ်ဆုံးပြောရလျှင် သူမ၏ မျက်နှာပေါ်တွင် ဝက်ခြံများ ပြည့်နှက်နေသဖြင့် လိမ္မော်ခွံကြီးကဲ့သို့ ဖြစ်နေသည်။
အချစ်ရေးကံပွင့်ခြင်းဆိုတာကတော့ သူမကို ရည်ညွှန်းတာ မဟုတ်မှာ သေချာပါသည်။ သို့မဟုတ်ပါက ဤအဆောင်မှာအတုအယောင် ဖြစ်ပေလိမ့်မည်။
“ရှောင်လန်ပါလား။”
လီဟွီက ထိုမိန်းကလေးကို အိမ်ထဲသို့ အမြန် ဖိတ်ခေါ်လိုက်သည်။
“ရှောင်ချန် ထမင်းစားနေတာလေ။ သမီးသူ့ကို တွေ့စရာ ကိစ္စရှိလို့လား။”
“ဟုတ်ကဲ့ အန်တီ အရေးကြီးကိစ္စ ရှိလို့ပါ။”
ရှောင်လန်၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပြီး၊ သူမ ငိုထားသည်မှာ သိသာလှကာ မျက်ဝန်းအစုံမှာလည်း နီရဲဖောင်းကြွနေသည်။
“ကောင်းပါပြီ ရှောင်လန်၊ ရှောင်ချန်ဆီ သွားပြီး ပြောလိုက်နော်။”
လီဟွီက ရှောင်လန်ကို ထမင်းစားပွဲဆီသို့ စိတ်အားထက်သန်စွာ ခေါ်ဆောင်သွားပြီး ယဲ့ချန်နှင့် မိတ်ဆက်ပေးလိုက်သည်။
“ရှောင်ချန်... ဒါက ရှောင်လန်တဲ့။ ငါတို့နဲ့ တစ်ရပ်ကွက်တည်းမှာ နေလာတာ ဆယ်နှစ်ကျော်ပြီ။ သူမနဲ့ ယွီရှီးက မူလတန်းတုန်းက အတန်းဖော်တွေလေ။”
“မင်္ဂလာပါ။”
ယဲ့ချန်က ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်လိုက်သည်။
“ဟု... ဟုတ်ကဲ့ မင်္ဂလာပါ...”
ရှောင်လန်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“ဒီနေ့... ဒီနေ့ ဦးလေးလင်းကို နင်ကုသပေးလိုက်တာကို ငါ ကိုယ်တိုင် မြင်လိုက်ရတယ်။ ဦးလေးလင်းက လေဖြတ်ပြီး လမ်းမလျှောက်နိုင်တာ နှစ်အတော်ကြာနေပြီလေ အဲဒါကို နင်က ကုသပေးနိုင်ခဲ့တာ... နင့်ရဲ့ ဆေးပညာက တကယ့်ကို အံ့ဩစရာပဲ ဆေးရုံကြီးတွေက ပါရဂူကြီးတွေထက်တောင် ပိုပြီး ယုံကြည်အားကိုးဖို့ ကောင်းတယ်။”
“ရှောင်လန်... ဘာဖြစ်လို့လဲ ထိုင်ဦး ပြီးမှ အေးအေးဆေးဆေး ပြောပြပေါ့။ နင် ထမင်းစားပြီးပြီလား။”
လင်းယွီရှီးက ထရပ်လိုက်သည်။
“ယွီရှီး... ကျေးဇူးပဲနော်၊ ငါ စားပြီးပြီ။ ငါ အခု တကယ်ကို စိတ်ညစ်နေလို့ပါ။”
ရှောင်လန်သည် ယဲ့ချန်ကို မျှော်လင့်ချက်အပြည့်ဖြင့်ကြည့်လိုက်သည်။
“ငါ့ရဲ့ ချစ်သူက ဖျားနေလို့လေ နင်... နင်... ကျေးဇူးပြုပြီး သူ့ကို တစ်ချက်လောက် သွားကြည့်ပေးလို့ ရမလားဟင်။”
ထိုသို့ပြောရင်း ရှောင်လန်သည် လင်းယွီရှီး၏ လက်မောင်းကို ဆွဲကိုင်ကာ နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
“ယွီရှီး... ကျေးဇူးပြုပြီး ငါ့ကို ကူညီပါဦး နင့်ရဲ့ ချစ်သူကို ပြောပေးပါဦးနော် အကူအညီတောင်းပါတယ်။”
“ယဲ့ချန်...”
လင်းယွီရှီးသည် ယဲ့ချန်ကို လှမ်းကြည့်လိုက်သည်။ မူလကတည်းက စိတ်နှလုံး နူးညံ့သိမ်မွေ့သူ ဖြစ်သဖြင့် သူမသည်လည်း ရှောင်လန်အတွက် စိုးရိမ်ပူပန်နေမိသည်။
“နင်ကူညီပေးလို့ ရမလားဟင် ရှောင်လန်နဲ့ သူမရဲ့ ချစ်သူက တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာ... လာမယ့်နှစ်ကျရင် မင်္ဂလာဆောင်ဖို့ပါ စီစဉ်ထားကြတာ... ဟူး...”
“ဒါကတော့...”
ယဲ့ချန် အနည်းငယ် အခက်တွေ့သွားသည်။
သူသည် သာမန်ရောဂါများကိုပင် ကုသရန် နည်းလမ်း မရှိပေ။ အမှန်အတိုင်းပြောရလျှင် ဦးလေးလင်းကို ယခုတစ်ကြိမ် ကုသပေးနိုင်ခဲ့ခြင်းမှာ ကံကောင်းခြင်း သက်သက်သာ ဖြစ်သည်။ သို့သော်လည်း ဤကမ္ဘာပေါ်တွင် ကုသရခက်ခဲသော ရောဂါဆန်းများမှာ တကယ်တမ်း၌ အလွန်ပင် ရှားပါးလှပေသည်။
“ကျွန်တော် မကူညီချင်လို့ မဟုတ်ပါဘူး မမရှောင်လန်က ယွီရှီးရဲ့ အိမ်နီးနားချင်းဟောင်းပဲဥစ္စာ။ ကျွန်တော် ကူညီနိုင်တဲ့အရာဆိုရင် တွန့်ဆုတ်မနေဘဲ သေချာပေါက် ကူညီပေးမှာပါ။”
ယဲ့ချန်က တည်ကြည်စွာ ပြောလိုက်သည်။
“ဒါဆို အစ်မရဲ့ ချစ်သူက ဘာရောဂါ ခံစားနေရတာလဲဆိုတာ အရင်ဆုံး ပြောပြပါဦး။”
ရှောင်လန်သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး စိတ်ကိုစုစည်းကာ ဖြစ်ကြောင်းကုန်စင်ကို စတင်ရှင်းပြတော့သည်။
“အကြောင်းရင်းက ဒီလိုပါ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ့ချစ်သူက မနက်ခင်းမှာ အလုပ်သွားဖို့ ပြင်ဆင်နေတာ။ အဲဒီနေ့ကသူ အိပ်ရာထနောက်ကျသွားလို့ အလုပ်နောက်ကျတော့မယ့်အခြေအနေမို့ ရပ်ကွက်အပြင်ဘက်ကနေ လိုင်စင်မဲ့ တက္ကစီ တစ်စီးကို ငှားစီးလိုက်တယ်။”
“အဲဒီနောက်... လမ်းမှာ ယာဉ်တိုက်မှု ဖြစ်ခဲ့တယ်။ အဲဒီတက္ကစီက တစ်နာရီ ကီလိုမီတာ ၁၀၀ အရှိန်နဲ့ မောင်းနှင်နေတာမို့ တကယ့်ကို အရှိန်လွန်နေတာပေါ့။ လမ်းဘေးကနေ အတင်းကျော်တက်ဖို့ ကြိုးစားတဲ့အချိန်မှာ မျက်နှာချင်းဆိုင်ကနေ ကုန်တင်ကားအကြီးစားတစ်စီး လာပြီး တည့်တည့် တိုက်မိသွားခဲ့တယ်။ အဲဒီတက္ကစီက BYD F3 အမျိုးအစားဖြစ်ပြီး ကုန်တင်ကားနဲ့ တိုက်မိတဲ့အချိန်မှာတော့... ပျက်စီးသွားခဲ့ရတယ်။”
“အစ်မရဲ့ ချစ်သူက ယာဉ်တိုက်မှုဖြစ်ခဲ့တာလား။”
ယဲ့ချန် စဉ်းစားလိုက်မိသည်။ အကယ်၍ ယာဉ်တိုက်မှုကြောင့် ဖြစ်ပွားသောဒဏ်ရာများဖြစ်ပါက သူ၏ 【ကုသရေးအဆောင်】ကို အသုံးပြုရုံဖြင့် ကုသနိုင်ပေလိမ့်မည်။
“မဟုတ်ဘူး ငါ အရင်ပြောပြပါရစေဦး။ အဲဒီလိုင်စင်မဲ့ တက္ကစီဒရိုင်ဘာကတော့ အခင်းဖြစ်ပွားတဲ့နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်။ ဒါပေမဲ့ ငါ့ချစ်သူကတော့ တကယ့်ကို ကံကောင်းလွန်းလို့ ထိတ်လန့်ပြီး သတိလစ်သွားရုံတင်ပဲ။ ဆေးရုံကိုပို့ဆောင်ပြီးနောက် ဆရာဝန်က စစ်ဆေးမှုအားလုံး ပြုလုပ်ပေးခဲ့ပြီး ဒီလိုယာဉ်တိုက်မှုမျိုးကနေ အသက်ရှင်ကျန်ရစ်တာဟာ တကယ့်ကို အံ့ဩစရာကောင်းတဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုပဲလို့ ပြောခဲ့တယ် သူ့ခန္ဓာကိုယ်မှာ ဘာဒဏ်ရာမှမရှိဘဲ လုံးဝ ကောင်းမွန်နေခဲ့တာ။”
“ဒါပေမဲ့... ဒါပေမဲ့...”
ဤအခိုက်အတန့်တွင် ရှောင်လန်၏ မျက်နှာအမူအရာမှာ မယုံနိုင်စရာကောင်းသော အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်စရာကောင်းသော ပုံစံသို့ ပြောင်းလဲသွားခဲ့သည်။
“ဒါပေမဲ့ ငါ့ချစ်သူ သတိရလာပြီးတဲ့နောက်မှာတော့သူက... သူက... သူကိုယ်တိုင် သေဆုံးသွားခဲ့တဲ့ လိုင်စင်မဲ့ တက္ကစီဒရိုင်ဘာ ဖြစ်တယ်လို့ပဲ အတင်းအကျပ် ပြောနေတော့တယ်။”