← Chapters

အခန်း (၄၁၅-၄၁၆)

Vol. 42 Ch. 415-416

အခန်း (၄၁၅-၄၁၆)

Vol. 42 Ch. 415-416

အခန်း ၄၁၅။ အံ့မခန်းတွေ့ရှိမှုနှင့် နိုင်ငံတော်အဆင့် သတင်းကြီး

ရွှီယန်က ငါးမျှားရသည်ကို အထူးပျော်ရွှင်နေလေသည်။

ယခုအခါ မြစ်ကမ်းဘေးတွင် ငါးမျှားခြင်းကို တားမြစ်ထားခြင်း မရှိတော့သလို ဤသည်ကသာ ငါးမျှားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်လေသည်။

မျှော်လင့်ချက်များ ရှိနေကြသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် လူအရေအတွက်လည်း များပြားနေလေသည်။ အားလုံးက ရွှီယန် တစ်ကောင်မှ မရဘဲ လက်ဗလာဖြင့် ပြန်ရမည်ကို ကြည့်ချင်နေကြပြီး ငါးတစ်ကောင်မှ မမိဘဲ စိတ်ပျက်သွားမည့် အခြေအနေကို မျှော်လင့်နေကြခြင်း ဖြစ်လေသည်။

သို့သော် ထင်မှတ်မထားစွာပင် ငါးများက တစ်ကောင်ပြီးတစ်ကောင် တက်လာခဲ့လေသည်။ ရွှီယန်က ငါးအကောင်ရေ အတန်ငယ်ကို မျှားပြီးနောက် ပျင်းရိပျင်းတွဲဖြင့် စကားဆိုလိုက်သည်။

"ငါးတွေ အရမ်းများလွန်းတယ်... ပျင်းစရာကြီး..."

သူ ဤသို့ ပြောသည်ကို ကြားသောအခါ ချန်ကျန်းမြစ်ကမ်းဘေးတွင် အမြဲလိုလို ငါးလာမျှားလေ့ရှိသော ငါးမျှားသမားများ အားလုံး စိတ်တိုသွားကြရလေသည်။ သူတို့ကိုယ်တိုင် သွားမျှားဖူးသော်လည်း ဤမျှလောက် ငါးမိရန် မလွယ်ကူလှချေ။ မြစ်ကြီးက အလွန်ကျယ်ဝန်းသလို အစာရေစာလည်း မရှားပါးသဖြင့် ငါးများက အလွယ်တကူ ငါးမျှားချိတ်ကို ဟပ်လေ့ မရှိကြချေ။

ထိုစဉ်မှာပင် ဘေးနားရှိ မြစ်ပြင်ပေါ်တွင် ရုတ်တရက် လှိုင်းဂယက်များ ထကြွလာခဲ့လေသည်။ ရွှီယန်၏ အာရုံစိုက်မှုက ချက်ချင်းပင် ထိုဘက်သို့ ရောက်ရှိသွားလေသည်။

"တစ်ခုခု ရှိနေတယ်..."

ဘာများလဲဟု သူ စူးစမ်းချင်စိတ် ဖြစ်ပေါ်နေစဉ်မှာပင် လင်းပိုင် နှင့် ဆင်တူသော ခေါင်းတစ်လုံးက ရေပြင်ပေါ်သို့ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ၎င်းက ရေပြင်ပေါ်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် ရွှီယန် ရှိရာဘက်သို့ ရေများ မှုတ်ထုတ်လိုက်လေသည်။

ဤအကောင်လေးကို မြင်သောအခါ ရွှီယန်က ပထမဆုံး အနေဖြင့် ငါးမျှားတံကို အမြန် ရုပ်သိမ်းလိုက်လေသည်။ အင်တာနက်သုံးစွဲသူများ ကတော့ ပျော်ရွှင်သွားကြလေသည်။

[ဘာကောင်ကြီး ထွက်လာတာလဲ]

[ဟားဟားဟား ဒါက ဘာတိရစ္ဆာန်လဲ ဘယ်လိုလုပ်ပြီး ရေတွေ မှုတ်ထုတ်နေရတာလဲ]

[ချစ်စရာကောင်းတဲ့ ငါးလေးပဲ ဘာလို့ ဒီလောက် ရယ်ရတာလဲ]

[ဒါက ဘာကြီးလဲ]

ကွန်မန့်စာသားများက ချက်ချင်းပင် စည်ကားသိုက်မြိုက် လာတော့သည်။

ကျန်းထွန်း လင်းပိုင်ကို ပထမဆုံး မြင်လိုက်ရချိန်တွင် ရွှီယန်က ၎င်းကို သူ၏ တာဝန် ပစ်မှတ်ဟု ထင်မှတ်လိုက်မိလေသည်။ မည်သို့ပင်ဖြစ်စေ ရှားပါးအဆင့် ရေချိုသတ္တဝါ ဆိုသည့် သတ်မှတ်ချက်နှင့် ကျန်းထွန်း လင်းပိုင် က လုံးဝ ကိုက်ညီနေလေသည်။

သို့သော် မျှော်လင့်မထားစွာပင် တာဝန်၏ ဆုလာဘ်က ထွက်ပေါ်မလာခဲ့ချေ။ ရွှီယန်က ချက်ချင်းပင် စကားဆိုလိုက်သည်။

"ဒါက ကျန်းထွန်း လင်းပိုင် ပဲ... ဒီအကောင်က တကယ်ကို ရှားပါးပြီး စစ်မှန်တဲ့ နိုင်ငံတော်အဆင့် တစ် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်ပဲ..."

"ဒီလိုပြောရမယ်... ဘယ်ငါးမျှားသမား မဆို ကျန်းထွန်း လင်းပိုင် ကို မြင်တာနဲ့ သူ့ကို ထိခိုက်မိမှာ စိုးလို့ ငါးမျှားတံကို ချက်ချင်း ပြန်ရုပ်သိမ်းကြရတယ်..."

"သူ့ရဲ့ ကာကွယ်စောင့်ရှောက်မှု အဆင့်က အရမ်းကို မြင့်မားတယ်... တစ်ကောင်ချင်းစီတိုင်းမှာ နံပါတ်စဉ် တွေ ပါတယ်လို့တောင် ကောလာဟလ တွေ ရှိတယ်..."

"ဘယ်သူကများ သူ့ကို ထိခိုက်အောင် လုပ်ရဲရင် အဲဒီလူလည်း ထောင်ဝတ်စုံ နံပါတ်စဉ် တပ်ရလောက်တယ်..."

"ချန်ကျန်းမြစ် မှာ ဆယ်နှစ်ကြာ ငါးဖမ်းခွင့် ပိတ်ပင်ထားတာက ဒီအကောင်တွေ အသက်ရှင်နေသေးတာကို တွေ့ရှိခဲ့လို့ပဲ... ပြီးတော့ အကောင်ရေ အနည်းငယ်ပဲ ရှိတော့လို့ ချက်ချင်း ငါးဖမ်းခွင့် ပိတ်ပင်လိုက်တာ..."

"ပန်ဒါဝက်ဝံ တွေတောင် အခုချိန်ထိ အကောင်ရေ ထောင်ချီ ကျန်နေသေးတယ်... ဒီအကောင်တွေကတော့ တကယ်ပဲ အကောင်ရေ ဆယ်ဂဏန်းလောက်ပဲ ကျန်တော့တာ..."

ရွှီယန်က ကျန်းထွန်း လင်းပိုင်ကို လုံးဝ ပြဿနာ မရှာချင်ချေ။ ဤအကောင်လေးများက ချန်ကျန်းမြစ်ထဲတွင် အဖိုးတန် ရတနာများ ဖြစ်ကြရာ ပြဿနာ သွားရှာ၍ မရနိုင်ပေ။

အင်တာနက်သုံးစွဲသူများက ရွှီယန်၏ စကားကို ကြားသောအခါ မှသာ နားလည်သဘောပေါက် သွားကြတော့သည်။ လင်းပိုင် နှင့် ဆင်တူသော ဤအကောင်ငယ်လေး၏ နောက်ခံက ဤမျှလောက် ကြီးမားနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။ နံပါတ်စဉ်များပင် တပ်ထားသေးသည်ကို သိလိုက်ရလေသည်။

[ကာကွယ်စောင့်ရှောက်မှု အဆင့်က ဒီလောက်တောင် မြင့်မားနေတာလား]

[ငါးဖမ်းခွင့် ပိတ်ပင်ထားတာက ဒီအကောင်လေး အတွက်ကိုး... သူ့ကို နည်းနည်းလေးများ ထိခိုက်မိရင် ဝန်ခံကတိ ရေးခိုင်းတာနဲ့ ဒဏ်ငွေရိုက်တာ က အပေါ့ပါးဆုံး ပြစ်ဒဏ်တွေ ဖြစ်သွားလိမ့်မယ်]

[ကျန်းထွန်း လင်းပိုင် တဲ့လား... ချန်ကျန်းမြစ် ထဲမှာ ဒီအကောင်ရဲ့ အဆင့်အတန်းက ပန်ဒါဝက်ဝံ တွေထက်တောင် မနိမ့်ကျဘူးပဲ]

[ဟားဟားဟား လောင်ရွှီ က ဘာလို့ ငါးမျှားတံကို မြန်မြန် သိမ်းလိုက်တာလဲလို့ တွေးနေတာ]

အားလုံးက ပျော်ရွှင်စွာဖြင့် ကြည့်ရှုနေကြလေသည်။

ကျန်းထွန်း လင်းပိုင် က တံငါလှေနှင့် မလှမ်းမကမ်းတွင် ရေတစ်ငုံ သောက်လိုက် ပြန်မှုတ်ထုတ်လိုက်ဖြင့် အဆက်မပြတ် လုပ်ဆောင်နေလေသည်။ ရေမှုတ်ထုတ်သည်က အဝေးကြီးသို့ မရောက်သော်လည်း စော်ကားလိုသည့် သဘောကတော့ အလွန် ပြင်းထန်လှပေသည်။

ရွှီယန်က ၎င်းကို ကြည့်ရင်း ထပ်မံ၍ စကားဆိုလိုက်သည်။

"ကျန်းထွန်း လင်းပိုင် တွေက အရမ်း ဉာဏ်ကောင်းတယ်... ဒါပေမဲ့ လင်းပိုင်တွေလိုပဲ နည်းနည်းလေး စနောက် ကဲဆန်တတ်တဲ့ စရိုက်မျိုး ရှိတယ်..."

"လူတွေက သူတို့ကို ပြဿနာ မရှာရဲဘူး ဆိုတာကို ကျန်းထွန်း လင်းပိုင် တွေက တဖြည်းဖြည်းနဲ့ သဘောပေါက်လာကြတယ်... အဲဒါကြောင့် တချို့လူတွေ ငါးမျှားနေတဲ့ အချိန်မျိုးမှာ သူတို့က ကမ်းစပ်ကို တမင်တကာ ရေကူးသွားပြီး ကမ်းပေါ်က လူတွေကို ရေတွေ မှုတ်ထုတ်တတ်ကြတယ်..."

"လူတွေကလည်း သူတို့ကို ဘာမှ လုပ်လို့ မရဘူးလေ..."

"ကိုယ့်မှာ နံပါတ်စဉ် ရှိတာကို အားကိုးပြီး လုပ်ချင်တိုင်း လုပ်နေကြတာ..."

ရွှီယန်က မြစ်ပြင်တွင် ဟိုဟိုဒီဒီ ကူးခတ်နေသော ကျန်းထွန်း လင်းပိုင် ကို ကြည့်ရှုနေလိုက်သည်။ ဤအကောင်လေးက ကြည့်ရသည်မှာ အလွန် ပျော်ရွှင်နေပုံ ရလေသည်။

ဤသည်ကလည်း ကောင်းသော ကိစ္စ တစ်ခု ပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့က ရှားပါးသတ္တဝါများ ဖြစ်ကြရာ သေချာပေါက် ကာကွယ်စောင့်ရှောက် ထားရမည်သာ ဖြစ်လေသည်။ အထူးသဖြင့် ဖိုယန် ရေကန် ဘက်တွင် ဆိုပါက ကျန်းထွန်း လင်းပိုင် များ၏ ကျက်စားရာ နေရာဖြစ်သဖြင့် ပို၍ပင် ကောင်းမွန်စွာ ကာကွယ် စောင့်ရှောက်ထားလေသည်။

အင်တာနက်သုံးစွဲသူများက အလွန် ထူးဆန်းသည်ဟု ခံစားရလေသည်။ ကျန်းထွန်း လင်းပိုင် များတွင် ဤမျှလောက် စိတ်ဝင်စားစရာ ကောင်းသော စရိုက်လက္ခဏာမျိုး ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။

ဤအချိန်တွင် ရွှီယန်က ခဏမျှ စဉ်းစားလိုက်ပြီး ထပ်မံ၍ စကားဆိုလိုက်သည်။

"တကယ်တမ်းတော့ ချန်ကျန်း မြစ်ဝှမ်း ဒေသမှာ ကျန်းထွန်း လင်းပိုင် က အရှားပါးဆုံး လို့ မဆိုနိုင်ပါဘူး..."

"အရှားပါးဆုံး ကတော့ ပိုင်ချီ လင်းပိုင် ပါပဲ... ကျန်းထွန်း လင်းပိုင် တွေရဲ့ အစ်ကိုကြီး လို့တောင် ဆိုနိုင်ပါတယ်..."

"ပိုင်ချီ လင်းပိုင် က တစ်ကိုယ်လုံး အဖြူရောင် ရှိပြီး အရွယ်အစားကလည်း အရမ်း ကြီးမားတယ်..."

"ဒါပေမဲ့ ပိုင်ချီ လင်းပိုင် ကို မမြင်တွေ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ... ချန်ကျန်းမြစ်ကို ဆယ်နှစ်ကြာ ငါးဖမ်းခွင့် ပိတ်ပင်ထားတာတောင် သူတို့ ထွက်ပေါ်လာတာကို မမြင်တွေ့ရသေးပါဘူး..."

"တရားဝင် အဖွဲ့အစည်း အချို့ကတောင် ပိုင်ချီ လင်းပိုင် တွေ မျိုးတုံး ပျောက်ကွယ်သွားပြီ ဆိုတဲ့ ကိစ္စကို ကြေညာခဲ့ကြပါသေးတယ်..."

"တကယ်ကို နှမြောစရာ ကောင်းလှပါတယ်..."

မျက်စိရှေ့ရှိ ကျန်းထွန်း လင်းပိုင် က ရေကူးလိုက် ရေမှုတ်ထုတ်လိုက် လုပ်နေဆဲပင် ဖြစ်လေသည်။ ကျန်းထွန်း လင်းပိုင် ၏ အရွယ်အစားက ပုံမှန် လင်းပိုင်များထက် တစ်ဆိုဒ်ခန့် သေးငယ်ပြီး ကြည့်ရသည်မှာ လင်းပိုင်များလောက် မကြီးမားချေ။

ထိုစဉ်မှာပင်။

ရုတ်တရက် ခန္ဓာကိုယ် အရွယ်အစား ပို၍ ကြီးမားကာ တစ်ကိုယ်လုံး အဖြူရောင် ရှိပြီး ဖြူစင်သော ကျောက်စိမ်းဖြူ တစ်တုံးနှင့် အလားသဏ္ဌာန် တူသော လင်းပိုင်ကြီး တစ်ကောင်က ရေပြင်ပေါ်သို့ ထွက်ပေါ်လာပြီး ၎င်း၏ ခေါင်းဖြင့် ကျန်းထွန်း လင်းပိုင် ကို တစ်ချက် ဝင်တိုက်လိုက်လေသည်။

ကျန်းထွန်း လင်းပိုင် ၏ လုပ်ရပ်က ယဉ်ကျေးမှု မရှိဟု ယူဆနေသည့် အလားပင် ဖြစ်လေသည်။

ရွှီယန်က ဤအကောင်ကြီးကို မြင်သောအခါ ချက်ချင်းပင် မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွားပြီး အဖြူရောင် လင်းပိုင်ကြီးကို လက်ညှိုးထိုးကာ လက်များ တုန်ယင်လျက် စကားဆိုလိုက်သည်။

"လခွမ်း..."

"ပိုင်ချီ လင်းပိုင်..."

"ပိုင်ချီ လင်းပိုင် ကြီးပဲ..."

"ကျွန်တော် မြင်လိုက်ရပြီ..."

ရွှီယန် အမှန်တကယ်ပင် အံ့အားသင့် သွားခဲ့ရလေသည်။ ချန်ကျန်းမြစ်ကို ဆယ်နှစ်ကြာ ငါးဖမ်းခွင့် ပိတ်ပင်ထားစဉ် အတွင်း လူများစွာက ပိုင်ချီ လင်းပိုင် ၏ အရိပ်အယောင်ကို မြင်တွေ့ရရန် မျှော်လင့်ခဲ့ကြသော်လည်း မည်သည့်အခါကမျှ မမြင်တွေ့ခဲ့ရချေ။

ကျန်းထွန်း လင်းပိုင် များ၏ အရေအတွက်က တိုးတက်လာခဲ့သော်လည်း ပိုင်ချီ လင်းပိုင် ကိုတော့ မည်သူကမျှ မမြင်တွေ့ခဲ့ကြပေ။ နိုင်ငံခြားမှ သြဇာတိက္ကမ ရှိသော တိရစ္ဆာန်ရေးရာ အဖွဲ့အစည်း တစ်ခုက ပိုင်ချီ လင်းပိုင် ကို မျိုးတုံး ပျောက်ကွယ်သွားပြီ ဟုပင် သတ်မှတ်ခဲ့ကြလေသည်။

တကယ်တမ်းတွင် ပြည်တွင်းရှိ လူအတော်များများ ကလည်း ပိုင်ချီ လင်းပိုင်များ မျိုးတုံး ပျောက်ကွယ်သွားပြီ ဟု ထင်မှတ်ထားကြသော်လည်း ထိုသို့ အတိအကျ သတ်မှတ်လိုက်ရန် ရက်စက်လွန်းလှသဖြင့် မသတ်မှတ်ရက်ကြခြင်း ပင်ဖြစ်သည်။ အကယ်၍များ ပိုင်ချီ လင်းပိုင်များ အသက်ရှင် နေသေးလျှင် ဆိုသည့် မျှော်လင့်ချက်လေး ရှိနေကြသောကြောင့် ပင်ဖြစ်သည်။ အကယ်၍များ အံ့ဖွယ်ကိစ္စ တစ်ခုခု ဖြစ်ပေါ်လာခဲ့လျှင် ဆိုပြီး တွေးတောနေကြလေသည်။

သို့သော် ယနေ့တွင်တော့ ပိုင်ချီ လင်းပိုင်က ဤသို့ပင် ရုတ်တရက်ကြီး ထွက်ပေါ်လာခဲ့လေပြီ။

[ရတနာရှာဖွေရေး တာဝန် ပြီးမြောက်ပါပြီ]

[ဆုလာဘ်အဖြစ် ပိုင်ချီ လင်းပိုင် ၏ နှစ်သက်မှု ကို ရရှိပါသည်]

[ကျေးဇူးပြု၍ ပိုင်ချီ လင်းပိုင် ကို အစာကျွေးကာ ဆုလာဘ်ကို ထုတ်ယူပါ]

ဤအချိန်တွင် စနစ်၏ အသိပေးသံ ကလည်း ထွက်ပေါ်လာခဲ့လေသည်။ ဤအချိန် ဤအခိုက်အတန့်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းလေးမှာ လုံးဝကို ဆူညံပွက်လောရိုက် သွားတော့သည်။

[ဟင် အဲဒါ ပိုင်ချီ လင်းပိုင် လား]

[လခွမ်း ဒါက ချန်ကျန်းမြစ် ဟုတ်သေးရဲ့လား... ငါက ဘယ်လိုလုပ်ပြီး လင်းပိုင်ကြီး ကို မြင်လိုက်ရတာလဲ]

[ဘုရားရေ သတင်းကြီးပဲ... ငါတို့ သမိုင်းဝင် အခိုက်အတန့်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပြီ]

[နေပါဦး အဲဒါက တကယ်ကြီး ပိုင်ချီ လင်းပိုင် လား... မျိုးတုံးသွားပြီ ဆိုတဲ့ အကောင်လေ]

[လောင်ရွှီ မင်း တလွဲတွေ မလုပ်နဲ့နော်... ဒီလို နောက်ပြောင်မှုမျိုး လုပ်လို့မရဘူး... မဟုတ်ရင် နာမည်ပျက်စာရင်း သွင်းခံရလိမ့်မယ်]

ကွန်မန့်စာသားများက တစ်ခုပြီးတစ်ခု ဆက်တိုက် ကျလာတော့သည်။

ပိုင်ချီ လင်းပိုင် သာ တကယ် ထွက်ပေါ်လာမည် ဆိုပါက ဖြစ်ပေါ်လာမည့် ဂယက်ရိုက်ခတ်မှုက လုံးဝ သေးငယ်မည် မဟုတ်ချေ။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သတင်းကြီး တစ်ပုဒ် ပင်ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော ကိစ္စမျိုးက တကယ် ဖြစ်မှသာ တစ်ကမ္ဘာလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမည် ဖြစ်ပြီး မဟုတ်ပါက ဖြစ်သလို လျှောက်ပြော၍ မရနိုင်ချေ။

ပိုင်ချီ လင်းပိုင် က တစ်ခဏမျှသာ ထွက်ပေါ်လာပြီးနောက် ပြန်လည် ငုပ်လျှိုးသွားခဲ့လေသည်။ ခုနက ဆော့သန်နေသော ကျန်းထွန်း လင်းပိုင် ကလည်း အစအန ပျောက်ကွယ်သွားခဲ့လေသည်။

အားလုံးက အံ့အားသင့်မှုများထဲတွင် နစ်မြောနေကြဆဲ အချိန်လေးမှာပင် ဤပိုင်ချီ လင်းပိုင် က ရုတ်တရက် နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။ ၎င်းက မြစ်ပြင်ပေါ်သို့ ခေါင်းကြီးကို ပြူထွက်လာပြီး ရွှီယန် ရှိရာဘက်သို့ လှမ်းကြည့် နေလေသည်။

ရွှီယန်၏ တုံ့ပြန်မှုက အလွန် မြန်ဆန်လှပြီး ရေပုံးထဲမှ မျှားထားသော ငါးတစ်ကောင်ကို ချက်ချင်း ယူကာ ပိုင်ချီ လင်းပိုင် ထံသို့ ပစ်ပေးလိုက်လေသည်။ ပိုင်ချီ လင်းပိုင် က တစ်ကိုက်တည်းဖြင့် ဖမ်းယူလိုက်ပြီး ပျော်ရွှင်စွာ စားသောက်လိုက်ကာ သာယာသော အသံစူးစူးလေးကိုပါ ထုတ်လွှင့် လိုက်သေးလေသည်။ ကြည့်ရသည်မှာ ၎င်းကလည်း အသံစူးစူးလေးဖြင့် ချစ်စရာကောင်းအောင် ဟန်ဆောင်တတ်သည့် အကောင်လေး ပင်ဖြစ်သည်။

ရွှီယန် အတွက် လှေလှော်ပေးနေသော လှေသမားမှာ အလွန် အံ့အားသင့်သွားသဖြင့် အနည်းငယ်မျှပင် မလှုပ်ရှားရဲတော့ချေ။

'ဘာကြီးလဲ...'

'ပိုင်ချီ လင်းပိုင် ကြီး ထွက်လာတာလား...'

'သူက အစာတောင် ကျွေးနေသေးတယ်...'

'ဒါက တကယ်ကြီးလား...'

ဗီဒီယို အတိုအထွာများ က အလျင်အမြန်ပင် ရူးသွပ်စွာ ပျံ့နှံ့ သွားတော့သည်။

အချိန်သိပ်မကြာခင်မှာပင် ချန်ကျန်းမြစ် ဈေးကွက် ကြီးကြပ်ရေးဌာန နှင့် ရဲတပ်ဖွဲ့ ဌာနများ အားလုံးက ဤဗီဒီယိုကို သတိပြုမိ သွားကြတော့သည်။ ဤဌာနများက ချန်ကျန်း မြစ်ဝှမ်း တစ်လျှောက်ရှိ ငါးဖမ်းဆီးမှု လုပ်ငန်းများကို အသိပညာပေးခြင်း နှင့် အရေးယူ အပြစ်ပေးခြင်း များကို အဓိက တာဝန်ယူ ဆောင်ရွက်ရခြင်း ပင်ဖြစ်သည်။

ပိုင်ချီ လင်းပိုင် ထွက်ပေါ်လာသည်ကို မြင်သောအခါ သူတို့က အလျင်စလိုပင် ရွှီယန်ကို စတင် ဆက်သွယ်ကြပြီး တစ်ချိန်တည်းမှာပင် ရွှီယန် ဘယ်နေရာတွင် ရှိနေသနည်း ဟု နည်းလမ်းပေါင်းစုံဖြင့် စုံစမ်း မေးမြန်းကြတော့သည်။

ထိုမျှသာမက ချန်ကျန်းမြစ် တိရစ္ဆာန် သိပ္ပံ အကယ်ဒမီ ဘက်မှ တိရစ္ဆာန် သုတေသီ အဖွဲ့ကြီး မှာလည်း အထူးပင် စိတ်လှုပ်ရှား နေကြတော့သည်။ သူတို့က ဗီဒီယိုကို မြင်ပြီးနောက် ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ ချက်ချင်း ဝင်ရောက်လာကြပြီး ပိုင်ချီ လင်းပိုင် ၏ အစစ်အမှန် ဖြစ်တည်မှုကို အတည်ပြု ကြလေသည်။

ဤသည်က ဂုဏ်ပြု ဆင်နွှဲသင့်သော သတင်းကြီး တစ်ပုဒ် ပင်ဖြစ်သည်။

ဤအချိန် ဤအခိုက်အတန့်တွင် ရွှီယန် ကတော့ ပိုင်ချီ လင်းပိုင် နှင့် အထူး ပျော်ရွှင်စွာ ဆော့ကစား နေလေသည်။ ဤအကောင်က မျိုးတုံးသွားပြီဟု သတ်မှတ်ခံထားရသော လင်းပိုင် ဖြစ်ပြီး ရေထဲမှ ပန်ဒါဝက်ဝံ ပင်ဖြစ်သည်။ ၎င်းကို မြင်တွေ့ဖူးသူပင် လက်ချိုးရေ၍ ရနိုင်ပြီး အစာကျွေးဖူးသူ ဆိုပါက ပို၍ပင် နည်းပါးလှပေသည်။

ဤမြင်ကွင်းက အမြဲတမ်း လူများကို ရင်ထဲ၌ ထိရှ သွားစေလေသည်။ အင်တာနက်သုံးစွဲသူများ မှာလည်း ပို၍ပင် ဆူညံပွက်လောရိုက် သွားကြတော့သည်။

ယခုအခါ ပိုင်ချီ လင်းပိုင် က မျက်စိရှေ့တွင် ရှိနေပြီး ၎င်း၏ ကိုယ်ဟန် အသွင်သဏ္ဌာန်ကို ရှင်းလင်းစွာ ပြသနေပြီ ဖြစ်ရာ မည်သည့် သံသယများ မဆို လေထဲတွင် လွင့်စင် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။

[ဘုရားရေ... တကယ်ကြီး ပိုင်ချီ လင်းပိုင် ပဲ]

[တကယ်ကြီး အစစ်ပဲ... လောင်ရွှီ ရဲ့ ခန္ဓာကိုယ် သဘာဝက ဘာကြီးလဲ... ဒီလောက်တောင် ဆွဲဆောင်နိုင်တာလား]

[အိပ်ရာထ စောသွားလို့များလား... ရေချို ထဲမှာ လင်းပိုင် ရှိနေတာကို မြင်လိုက်ရတယ်]

[ဟယ်... လောင်ရွှီ တော့ နာမည်ကြီးတော့မယ်... သူက သေချာပေါက် တစ်ခုခုတော့ တစ်ခုခုပဲ... နှစ်ပေါင်းများစွာ ထွက်မလာခဲ့တဲ့ ပိုင်ချီ လင်းပိုင် က သူ့ကြောင့် ထွက်လာခဲ့ပြီလေ]

ဤအချိန် ဤအခိုက်အတန့်တွင် ရွှီယန် က အထူးပင် ပျော်ရွှင် နေလေသည်။

ပိုင်ချီ လင်းပိုင် ၏ ပုံစံက အလွန် ချစ်စရာ ကောင်းလှပြီး တစ်ကိုယ်လုံး အဖြူရောင် ရှိနေသဖြင့် ပို၍ပင် ဖြူစင် သန့်ရှင်းသော အသွင်ကို ဆောင်နေလေသည်။ ငါးအကောင်ရေ အနည်းငယ် ကျွေးမွေးပြီးနောက် ပိုင်ချီ လင်းပိုင် က ရွှီယန် အပေါ် သိသိသာသာ ရင်းနှီးသော ခံစားချက်မျိုး ရှိလာခဲ့လေသည်။ ၎င်းက ရေပြင်ပေါ်သို့ ထွက်လာပြီး ရွှီယန် နှင့် အဆက်မပြတ် အပြန်အလှန် တုံ့ပြန် နေလေသည်။

ထိုစဉ်မှာပင် ပိုင်ချီ လင်းပိုင် က ရုတ်တရက် မြစ်ရေထဲသို့ လျင်မြန်စွာ ငုပ်လျှိုးသွားပြီး အစအန ပျောက်ကွယ်သွားကာ ရေလှိုင်းဂယက်လေးများ သာ ချန်ထားရစ် ခဲ့လေသည်။

အင်တာနက်သုံးစွဲသူများ က ချက်ချင်းပင် စိတ်လော သွားကြတော့သည်။

[ပိုင်ချီ လင်းပိုင် ရော... ဘယ်လိုလုပ် ထွက်ပြေးသွားတာလဲ]

[လင်းပိုင်လေးရေ... မြန်မြန် ပြန်လာခဲ့ပါဦး]

[ဟယ်... တကယ်ကြီး ထွက်သွားတာပဲ]

ရွှီယန် လည်း အနည်းငယ် စိတ်ပျက် သွားရလေသည်။

'ဒီလိုနဲ့ပဲ ထွက်သွားပြီလား...'

သို့သော် အချိန်သိပ်မကြာခင်မှာပင် ပိုင်ချီ လင်းပိုင် က ရေပြင်ပေါ်သို့ ပြန်လည် ရောက်ရှိ လာခဲ့လေသည်။ ထို့အပြင် ၎င်း ထွက်လာချိန်တွင် ပါးစပ်ထဲ၌ လုံးဝန်းသော အရာတစ်ခုကိုပါ ကိုက်ချီ လာခဲ့သေးလေသည်။ သေချာစွာ ကြည့်ရှု လိုက်သောအခါ ထိုအရာက ပုလဲ တစ်လုံး ဖြစ်နေသည်ကို မထင်မှတ်ဘဲ တွေ့ရှိလိုက်ရလေသည်။

'ပုလဲ...'

ရွှီယန် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။

'ဒါက စနစ်က ပြောခဲ့တဲ့ ဆုလာဘ်လား...'

သူက ပိုင်ချီ လင်းပိုင် က သူရှိရာဘက်သို့ အတင်း ကူးခတ် လာပြီး အသံစူးစူးလေးများ ထုတ်လွှင့်နေသည်ကို မြင်သောအခါ ချက်ချင်းပင် နားလည် သဘောပေါက် သွားတော့သည်။

"ကျွန်တော့်ကို ပေးတာလား..."

ရွှီယန် က ပိုင်ချီ လင်းပိုင် ရှိရာသို့ လက်ဆန့်ထုတ် လိုက်လေသည်။ ပိုင်ချီ လင်းပိုင် က ပုလဲကို ပါးစပ်ဖြင့် ကိုက်ချီကာ ရွှီယန်၏ လက်ဖဝါးထဲသို့ ညင်သာစွာ ထည့်ပေးလိုက်လေသည်။

အင်တာနက်သုံးစွဲသူများ က ပိုင်ချီ လင်းပိုင် ထွက်ပေါ်လာမှု အတွက် ဝမ်းသာအားရ အော်ဟစ် နေကြဆဲ ဖြစ်ပြီး ဤမြင်ကွင်းကို မြင်သောအခါ ထပ်မံ၍ မှင်တက် သွားကြရပြန်သည်။

'လခွမ်း...'

'ဘာအခြေအနေကြီးလဲ...'

'အဲဒါ ဘာကြီးလဲ...'

'ပိုင်ချီ လင်းပိုင် က လောင်ရွှီ ကို ပုလဲ လက်ဆောင်ပေးတာလား...'

'ဒီလောက်တောင် အဓိပ္ပာယ်မဲ့လွန်း နေတာလား...'

ဤအချိန် ဤအခိုက်အတန့်တွင် မြစ်ကမ်းဘေးရှိ လူအတော်များများ ကလည်း ဖုန်းများကို ကိုင်ကာ ဓာတ်ပုံရိုက် နေကြလေသည်။ မြစ်ကမ်းဘေးတွင် မူလကတည်းက ငါးမျှားနေသူများ ရှိသလို ဤနေရာသို့ လမ်းလျှောက် ထွက်ကာ သဘာဝ အလှကို ခံစားနေသူများ လည်း ရှိကြလေသည်။ အားလုံးက သဘာဝကျကျပင် အာရုံစိုက်ခြင်း ခံလိုက်ရလေသည်။

ကင်မရာ မှန်ဘီလူး ပေါင်း မည်မျှက ဤမြင်ကွင်းကို ဖမ်းယူ မိသွားကြမှန်း ပင် မသိနိုင်တော့ချေ။ လူများစွာက ပိုင်ချီ လင်းပိုင် ပြန်လည် ထွက်ပေါ်လာခြင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ ခဲ့ကြရလေသည်။ လူတိုင်းက ပြုံးရွှင် နေကြလေသည်။ ဇီဝမျိုးစုံ မျိုးကွဲများ၏ လှပမှုက ဤအခိုက်အတန့်တွင် ပီပြင်စွာ ပုံဖော် ခံလိုက်ရလေသည်။

ရွှီယန် က လက်ထဲတွင် ပုလဲကို ကိုင်ထားရင်း ပုလဲက အနည်းငယ် လေးလံနေသည် ဟု ခံစားလိုက်ရလေသည်။ ရေချို ပုလဲ က ပင်လယ် ပုလဲ လောက် တန်ဖိုး မကြီးမား သော်လည်း ဤမျှ ကြီးမားသော အရွယ်အစား ဖြစ်ရာ တန်ဖိုးက လုံးဝ မသေးငယ်နိုင်ချေ။

စနစ်၏ တာဝန် တစ်ခုစီတိုင်း က အသစ်အဆန်း ဖြစ်သော အတွေ့အကြုံ တစ်ခု ပင်ဖြစ်သည်။ ဤတစ်ကြိမ် တွင်တော့ ရွှီယန် အတွက် ယခင်က တစ်ခါမှ မကြုံဖူးသော စိတ်လှုပ်ရှားမှုကို ယူဆောင် လာပေးခဲ့လေသည်။ ချန်ကျန်း မြစ်ဝှမ်း တွင် ပျောက်ကွယ် နေခဲ့သည်မှာ အနှစ်နှစ်ဆယ် ကျော်ကြာပြီ ဖြစ်သော ပိုင်ချီ လင်းပိုင် ပြန်လည် ထွက်ပေါ် လာခဲ့လေပြီ။

ချန်ကျန်းမြစ် ကို ထိန်းသိမ်း စောင့်ရှောက်မှု ၏ ရလဒ်များ က အလွန် ကောင်းမွန်စွာ ပြသ နိုင်ခဲ့လေပြီ။

ဤအချိန် ဤအခိုက်အတန့်တွင် ချန်ကျန်းမြစ် ထိန်းသိမ်း စောင့်ရှောက်ရေးကို တာဝန်ယူ ရသော မြို့နယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာန၏ ခေါင်းဆောင် မှာ အလွန် စိတ်လှုပ်ရှားစွာဖြင့် ထိုင်ခုံပေါ်မှ တိုက်ရိုက်ပင် မတ်တတ် ရပ်လိုက်မိလေသည်။

"မြန်မြန် သတင်းအဖွဲ့ ရော... သတင်း ထုတ်ပြန်လိုက်... မြန်မြန် သတင်း ထုတ်ပြန်လိုက်..."

"ဒီလိုရေးလိုက်... နိုင်ငံတော်ရဲ့ အဖိုးတန် ရတနာ ပိုင်ချီ လင်းပိုင် ပြန်လည် ထွက်ပေါ်လာပြီ... အဓိပ္ပာယ် အလွန် ကြီးမားပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှု မှာ ကြီးမားတဲ့ အောင်မြင်မှု ကြီးကို ရရှိခဲ့ပြီ လို့..."

"မြန်မြန်ရေးလိုက်... ငါ အခုချက်ချင်း လိုချင်တယ်…”

အခန်း ၄၁၆။ မျိုးတုံးသွားပြီဖြစ်သော နိုင်ငံတော်အဆင့် ရတနာကို ရှာဖွေတွေ့ရှိခြင်း သူက နေ့တိုင်း ဘာတွေ လုပ်နေတာလဲ

"နိုင်ငံတော်ရဲ့ အဖိုးတန်ရတနာ ပိုင်ချီ လင်းပိုင် ပြန်လည်ထွက်ပေါ်လာပြီ... အဓိပ္ပာယ် အလွန်ကြီးမားပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုမှာ ကြီးမားတဲ့ အောင်မြင်မှုကြီးကို ရရှိခဲ့ပြီ..."

ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု မပြီးဆုံးသေးခင်မှာပင် ဤကိစ္စက သတင်းများထဲသို့ အလျင်အမြန် ရောက်ရှိသွားခဲ့လေသည်။

ပလက်ဖောင်းကြီးများနှင့် မီဒီယာအကောင့်များ အားလုံးက ထပ်ဆင့် ဖြန့်ဝေနေကြလေသည်။

ဤကိစ္စ၏ ရေပန်းစားမှုက အလွန် ကြီးမားလွန်းလှပေသည်။

လူအတော်များများက ဖုန်းများဖြင့် ရှုထောင့်အမျိုးမျိုးမှနေ၍ ပိုင်ချီ လင်းပိုင်ကို ဓာတ်ပုံရိုက်ကူး မိခဲ့ကြလေသည်။

ထိုပိုင်ချီ လင်းပိုင်က ဗီဒီယိုထဲတွင် ရှင်းလင်းစွာ ထွက်ပေါ်နေလေသည်။

ဤအကောင်လေးက လူသားများ၏ အသိုင်းအဝိုင်းတွင် မည်မျှလောက် ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း ၎င်းကိုယ်တိုင် သိရှိမည် မဟုတ်ချေ။

ပိုင်ချီ လင်းပိုင်က ပုလဲကို ရွှီယန်၏ လက်ထဲသို့ ထည့်ပေးပြီးနောက် မြစ်ရေထဲသို့ ခေါင်းစိုက် ငုပ်လျှိုးသွားခဲ့ပြီး ဤတစ်ကြိမ်တွင်တော့ ပြန်လည် ထွက်ပေါ်မလာတော့ချေ။

ရွှီယန်က တည်ငြိမ်နေသော မြစ်ပြင်ကို ကြည့်ရင်း ရင်ထဲတွင် အထူးပင် စိတ်လှုပ်ရှား နေဆဲ ဖြစ်လေသည်။

ဤသည်မှာ ပျောက်ကွယ်နေခဲ့သော နိုင်ငံတော်အဆင့် ရတနာ ပင်ဖြစ်သည်။

ဤတစ်ကြိမ်တွင် မထင်မှတ်ဘဲ ပြန်လည် ထွက်ပေါ်လာခဲ့လေပြီ။

ဆယ်မိနစ်ပင် မပြည့်သော အချိန်လေးသာ ထွက်ပေါ်လာခဲ့သော်လည်း လူများကို စိတ်လှုပ်ရှားသွားစေရန် လုံလောက်လှပေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ကွန်မန့်စာသားများ အဆက်မပြတ် လိမ့်တက်နေလေသည်။

[လောင်ရွှီ သတင်းတွေတောင် ထွက်လာပြီ အလုပ်လုပ်တာ အရမ်း မြန်လွန်းတယ်]

[မင်းကိုယ်မင်း ဘယ်လို ခန္ဓာကိုယ် သဘာဝမျိုး လို့ ထင်နေတာလဲ ဘယ်လိုလုပ်ပြီး ဆွဲဆောင်လိုက်တာလဲ]

[ပိုင်ချီ လင်းပိုင် က မင်းကို ပုလဲတောင် လက်ဆောင်ပေးသေးတယ် ဟုတ်လား ပြောစမ်း နိုင်ငံတော်အဆင့် ရတနာ က မင်းကို ဘာလို့ ပုလဲ လက်ဆောင်ပေးတာလဲ]

[လောင်ရွှီ ရိုးရိုးသားသား ဝန်ခံစမ်း ဒီပိုင်ချီ လင်းပိုင် ကို မင်း မွေးထားတာ မဟုတ်လား]

ပိုင်ချီ လင်းပိုင် ထွက်ခွာသွားပြီးနောက် ရွှီယန်က အချိန်လု၍ ဖုန်းကို ထုတ်ယူကာ ကွန်မန့်များကို ကြည့်ရှုလိုက်လေသည်။

အားလုံး၏ မှတ်ချက်များကို မြင်သောအခါ သူ တစ်ယောက် ရယ်ရခက် ငိုရခက် ဖြစ်သွားရလေသည်။

"ကျွန်တော် ကြိုပြီး ရှင်းပြထားပါရစေ ကျွန်တော်နဲ့ ဒီပိုင်ချီ လင်းပိုင် နဲ့က မရင်းနှီးပါဘူး..."

"ကျွန်တော်လည်း အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာပါ..."

"ကျွန်တော်က သူ့ကို အရင်ဆုံး ငါးအကောင်ရေ အနည်းငယ် ကျွေးလိုက်လို့ သူက ကျွန်တော့်ကို ပုလဲ လက်ဆောင်ပေးတာ ဖြစ်လောက်ပါတယ်..."

"ပိုင်ချီ လင်းပိုင် နဲ့ တကယ်ကြီး ဆုံတွေ့ရလိမ့်မယ်လို့ တွေးတောင် မတွေးထားခဲ့မိပါဘူး..."

"ဒီကိစ္စက တကယ်ကို အဓိပ္ပာယ်မဲ့လွန်း နေပါတယ်..."

ရွှီယန်က အားလုံးကို ရှင်းပြလိုက်လေသည်။

ဤနေရာတွင် ကျန်းထွန်း လင်းပိုင် ရှိသလို ပိုင်ချီ လင်းပိုင် လည်း ရှိနေသဖြင့် ရွှီယန်တွင် ငါးဆက်မျှားလိုစိတ် မရှိတော့ချေ။

သူက လှေသမားကို တံငါလှေ လှော်ခတ်၍ ပြန်လှည့်ရန် ပြောလိုက်ပြီး ငါးဖမ်းဆိပ်ကမ်းမှ တစ်ဆင့် ကမ်းပေါ်တက်ရန် ပြင်ဆင်လိုက်လေသည်။

မြစ်ကမ်းဘေးတွင် စောင့်ကြည့်နေသော ပရိသတ် အများအပြားက ဖုန်းများကို ကိုင်ကာ ဓာတ်ပုံရိုက် နေကြလေသည်။

ထို့အပြင် လူအရေအတွက် ကလည်း ပို၍ပို၍ များပြားလာခဲ့လေသည်။

ဒေသခံ အတော်များများက ဤသတင်းကို ကြားသိပြီးနောက် သတင်းအတိုင်း လိုက်လာကြကာ ပိုင်ချီ လင်းပိုင်၏ ပုံစံကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုကြခြင်း ပင်ဖြစ်သည်။

ယခုခေတ်တွင် လူတိုင်းက ပွဲကြည့်ရသည်ကို နှစ်သက်ကြလေသည်။

အထူးသဖြင့် အင်တာနက်ပေါ်တွင် အလွန် ရေပန်းစားနေသော ဤကဲ့သို့သော ကိစ္စမျိုး ပင်ဖြစ်သည်။

ဒေသခံများ သာမက သတင်းထောက်များ၏ ကား အများအပြား ကလည်း အချိန်မီ ရောက်ရှိလာကြလေသည်။

ကားတံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် သတင်းထောက်များနှင့် ကင်မရာမန်းများက မိုက်ခရိုဖုန်းများနှင့် ကင်မရာများကို ကိုင်ဆောင်ကာ မြစ်ကမ်းဘေးသို့ ပြေးဆင်းလာကြတော့သည်။

မည်သို့ပင် ဆိုစေကာမူ ဤသတင်းက အလွန် ကြီးမားလှပြီး လူမှုအသိုင်းအဝိုင်း၏ အဓိက အာရုံစိုက်ရာ ကိစ္စရပ် တစ်ခု ပင်ဖြစ်သည်။

အထက်မှ အောက်အထိ သတင်းဌာန အားလုံးက ဤသတင်းကို ထုတ်လွှင့်ရန် အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ချေ။

ထို့အပြင် သတင်း ဆိုသည်မှာ အချိန်မီ ထုတ်လွှင့်နိုင်မှုကို အလေးထားရာ စောစော ထုတ်လွှင့်နိုင်လေ အကျိုးအမြတ် ပိုမို ရရှိလေ ပင်ဖြစ်သည်။

မြစ်ကမ်းဘေး၏ မြင်ကွင်းက မျက်စိတစ်မှိတ် အတွင်း အထူးပင် စည်ကားသိုက်မြိုက် လာတော့သည်။

လူများက ဖုန်းများကို ကိုင်ဆောင်ကာ မြစ်ပြင်ကို ဓာတ်ပုံရိုက် နေကြလေသည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ ပိုင်ချီ လင်းပိုင် ရေပြင်ပေါ်သို့ ထွက်ပေါ်လာသည်ကို ထပ်မံ မမြင်တွေ့ရတော့ချေ။

၎င်းက ဤသို့ ရိုးရှင်းစွာ တစ်ခဏမျှ ထွက်ပေါ်လာပြီးနောက် အစအန ပျောက်ကွယ်သွားခဲ့လေသည်။

အကယ်၍ ကင်မရာ မှန်ဘီလူး အများအပြား ဖြင့် မှတ်တမ်းတင် ထားခြင်း မရှိပါက လူအတော်များများ က ဤကိစ္စကို အစစ်အမှန် ဟု ယုံကြည်ရဲမည် မဟုတ်ချေ။

ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု ရေပန်းစားမှုက အလွန် မြင့်မားလှပေသည်။

အားလုံးက သတင်းကြားသည်နှင့် အပြေးအလွှား ရောက်လာကြလေသည်။

ပရိသတ်ဟောင်း အတော်များများက ယနေ့ သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်ဖြစ်ကြသော်လည်း ဗီဒီယိုတိုများကို ပွတ်ဆွဲကြည့်ရှုရင်းနှင့်ပင် မထင်မှတ်ဘဲ တွေ့ရှိသွားကြလေသည်။

ဗီဒီယိုတို ၏ အကြောင်းအရာမှာ နာမည်ကြီး အပြင်ဘက် စွန့်စားမှု တိုက်ရိုက်ထုတ်လွှင့်သူ ရွှီယန် က ချန်ကျန်း မြစ်ဝှမ်း တွင် ငါးမျှားနေစဉ် မျိုးတုံးသွားပြီ ဖြစ်သော နိုင်ငံတော်အဆင့် ရတနာ ပိုင်ချီ လင်းပိုင် ကို မထင်မှတ်ဘဲ ရှာဖွေ တွေ့ရှိခြင်း ဟူ၍ ဖြစ်လေသည်။

ဤခေါင်းစဉ်ကို မြင်သောအခါ ပရိသတ်ဟောင်းများ အားလုံး အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြရလေသည်။

'ဘယ်သူ'

'လောင်ရွှီ'

'မျိုးတုံးသွားပြီ ဖြစ်တဲ့ နိုင်ငံတော်အဆင့် ရတနာကို ရှာတွေ့တာ'

'သူက နေ့တိုင်း နေ့တိုင်း ဘာတွေ လျှောက်လုပ် နေတာလဲ'

'ဘယ်လိုလုပ်ပြီး နေရာတိုင်းမှာ သူပဲ ဖြစ်နေရတာလဲ'

ပရိသတ်ဟောင်းများ က ဤကဲ့သို့သော သတင်းမျိုးကို မြင်တွေ့ရသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ သေချာပေါက် လာရောက် လည်ပတ် ကြရမည် သာ ဖြစ်လေသည်။

[လောင်ရွှီ မင်းက ဘာတွေ လျှောက်လုပ် နေပြန်ပြီလဲ]

[ဒါက တောရိုင်း ပိုင်ချီ လင်းပိုင် ကို ရှာတွေ့သွားတာ လား ဘယ်လို ပုံစံမျိုးလဲ]

[လောင်ရွှီ မင်း သတင်းထဲ ပါသွားပြီ]

[လခွမ်း အရေးကြီးတဲ့ ကိစ္စကြီးကို လက်လွတ်ခံ လိုက်ရပြီ]

အားလုံးက အထူး တက်ကြွစွာ စကားပြောဆို နေကြလေသည်။

ရွှီယန် လည်း အားလုံးနှင့် စကားစမြည် ပြောဆို နေလိုက်သည်။

"မူလက ငါးမျှားချင်ရုံ သက်သက်ပါ မထင်မှတ်ဘဲ ကျန်းထွန်း လင်းပိုင် နဲ့ ဆုံတွေ့ခဲ့ရတယ် ပြီးတော့ မထင်မှတ်ဘဲ ပိုင်ချီ လင်းပိုင် နဲ့ပါ ထပ်ဆုံခဲ့ရတာပါ..."

"ဒီလို ကိစ္စမျိုး က ပြောပြဖို့ ခက်ပါတယ် ဒါပေမဲ့ ကျွန်တော်နဲ့ တကယ်ပဲ ဆုံတွေ့ခဲ့ရတာပါ..."

"ကံကောင်းလို့လည်း ဖြစ်လောက်ပါတယ်..."

ရွှီယန် က ယခင်အတိုင်း တက်ကြွ လန်းဆန်းပြီး အားအင်များ ပြည့်ဝ နေဆဲ ပင်ဖြစ်သည်။

သူက လူများကို အလွန် သက်သောင့်သက်သာ ရှိသော ခံစားချက် မျိုးကို ပေးစွမ်းနိုင်ပြီး သူ့ကို ကြည့်နေရုံဖြင့်ပင် စိတ်အပန်းပြေ စေသည်ဟု ခံစားရလေသည်။

ထို့အပြင် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု က မည်သည့် ဖစ်တာ မှ မသုံးထားဘဲ အင်တာနက် အပေါ်ယံ အလှဆင်မှု များကို အသုံးမပြုထားသဖြင့် ကြည့်ရသည်မှာ ပို၍ အစစ်အမှန် ဆန်နေလေသည်။

ဤကဲ့သို့သော တိုက်ရိုက်ထုတ်လွှင့်မှု မျိုးက အားလုံး အနှစ်သက်ဆုံး ပင်ဖြစ်သည်။

[သူ့ရဲ့ ခန္ဓာကိုယ် သဘာဝ က တကယ်ကို သာမန် မဟုတ်ဘူး]

[မျိုးတုံးသွားပြီ ဖြစ်တဲ့ တိရစ္ဆာန် တွေ ဘာကျန်သေးလဲ သူ့ကို သွားရှာခိုင်း ကြရအောင်]

[တောရိုင်း တောင်ပိုင်းကျား တွေ မျိုးတုံးသွားပြီ မဟုတ်လား ချင်လင် တောင်တန်း ကို သွားပြီး နှစ်ကောင်လောက် သွားခေါ်ပေးလို့ ရမလား]

[လောင်ရွှီ ပိုင်ချီ လင်းပိုင် ကို နောက်တစ်ခေါက် ထပ်ခေါ်ပေးပါဦး ငါ တစ်ချက်လောက် ကြည့်ချင်လို့]

မြစ်ကမ်းဘေး။

ရဲများနှင့် အစိုးရ အဖွဲ့အစည်း မှ လူများ ရောက်ရှိ လာကြပြီ ဖြစ်လေသည်။

ဤနေရာ တစ်ဝိုက်ကို နောင်တွင် ကာကွယ် စောင့်ရှောက် ထားတော့မည် ဖြစ်လေသည်။

ငါးမျှားသမားများ အနေဖြင့် ဤနေရာတွင် ငါးဆက်မျှားခွင့် ရတော့မည် မဟုတ်ကြောင်း ခန့်မှန်းရလေသည်။

ဤသို့ ဆိုလျှင်လည်း ကောင်းမွန် လှပေသည်။

ငါးမျှားသမား အတော်များများ က အမှိုက်များကို ဖြစ်သလို ပစ်ချတတ်ကြရာ မြစ်ကြောင်း၏ ပတ်ဝန်းကျင် အတွက် မကောင်းနိုင်ချေ။

သတင်းထောက် အများအပြား လည်း ရှိနေပြီး ကင်မရာများကို မြစ်ကမ်းဘေး သို့ ချိန်ရွယ် ထားကာ မိုက်ခရိုဖုန်း များကို ကိုင်ဆောင်လျက် သတင်း ဗီဒီယိုများ ရိုက်ကူး နေကြလေသည်။

"ကျွန်တော့် ရဲ့ အနောက်ဘက် ကတော့ ပိုင်ချီ လင်းပိုင် ကို ရှာဖွေ တွေ့ရှိခဲ့တဲ့ နေရာ ပင်ဖြစ်ပါတယ် ယနေ့ ဒီနေရာလေး မှာ မျိုးတုံးသွားပြီ ဖြစ်တဲ့ ရေချို နယ်မြေ ရဲ့ နိုင်ငံတော်အဆင့် ကာကွယ် စောင့်ရှောက်ရမယ့် တိရစ္ဆာန် ပိုင်ချီ လင်းပိုင် ပြန်လည် ထွက်ပေါ် လာခဲ့ပါတယ်..."

"ယခု ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စိတ်အားထက်သန်တဲ့ ပြည်သူလူထု အများအပြား ရှိနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် အားလုံးက အရမ်းကို စိတ်လှုပ်ရှား နေကြပါတယ်..."

"ပိုင်ချီ လင်းပိုင် ပြန်လည် ထွက်ပေါ်လာခြင်း က ကျွန်တော်တို့ နိုင်ငံ အတွက် အလွန် အဓိပ္ပာယ် ကြီးမားလှပါတယ်..."

"ချန်ကျန်း မြစ်ဝှမ်း ရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှု က ကြီးမားတဲ့ အောင်မြင်မှု ကြီးကို ရရှိခဲ့ပြီ ဆိုတာကိုလည်း ကိုယ်စားပြု နေပါတယ်..."

ဘေးနားရှိ ပြည်သူလူထု အချို့က ဤသတင်းထောက် များကို ကြည့်ရှု နေကြပြီး လူတစ်ယောက် က စကားပြောနေသော သတင်းထောက် ၏ မိုက်ခရိုဖုန်း ပေါ်တွင် CCTV ဆိုသော ဆိုင်းဘုတ် ချိတ်ဆွဲ ထားသည်ကို သတိထားမိ သွားကာ ချက်ချင်းပင် စိတ်လှုပ်ရှား သွားတော့သည်။

"ဗဟို ရုပ်မြင်သံကြား ဌာန ကပဲ ဘုရားရေ ငါ တီဗီပေါ် ပါသွားပြီ..."

သေချာသည် ကတော့ သူကိုယ်တိုင် တီဗီပေါ် ပါသွားပြီဟု ထင်မှတ် နေခြင်း သက်သက်သာ ဖြစ်ပြီး ဤကဲ့သို့သော မြင်ကွင်းမျိုး က ဖြတ်တောက် ခံရမည် သာ ဖြစ်လေသည်။

အမှန်တကယ် တွင် ဤကိစ္စ က သတင်း အစီအစဉ် တွင် ပါဝင်နိုင်လောက်အောင် ကြီးမား နေပြီ ဖြစ်လေသည်။

ဤသူများ က တကယ်ကို သတင်း အစီအစဉ် မှ သတင်းထောက်များ ပင်ဖြစ်သည်။

ထို့အပြင် ယနေ့ ညနေ သတင်း တွင်ပင် ပါဝင် လာနိုင်လေသည်။

သတင်း အချက်အလက် များကြောင့် သူတို့ အနေဖြင့် ရွှီယန်ကို ဆက်သွယ်ရန် လိုအပ် နေသေးပြီး ရွှီယန်၏ သဘောတူညီချက် ကို တောင်းခံကာ တိုက်ရိုက်ထုတ်လွှင့်မှု အပိုင်းအစ များကို ထုတ်လွှင့်ခွင့် ရယူရန် လိုအပ် လေသည်။

သတင်း အချက်အလက် များကို အသုံးပြုခ အဖြစ် ဉာဏ်ပူဇော်ခ ငွေကြေး တစ်ရပ် လည်း ရရှိမည် ဖြစ်လေသည်။

ဉာဏ်ပူဇော်ခ က လည်း မနည်းလှချေ။

ရွှီယန် ကမ်းပေါ် တက်လာသည် နှင့် တစ်ပြိုင်နက် သတင်းထောက် အများအပြား က ဝိုင်းရံ လာကြလေသည်။

"ခြံရှင်ရွှီ ပိုင်ချီ လင်းပိုင် ကို ရှာတွေ့ခဲ့ရတဲ့ ခံစားချက် လေးကို ဝေမျှ ပေးပါဦး..."

"ပိုင်ချီ လင်းပိုင် ကို ဘယ်လို လုပ်ပြီး ရှာတွေ့ခဲ့တာလဲ အထူး ပြင်ဆင်ထားတဲ့ ငါးစာ ကိုများ အသုံးပြု ခဲ့တာလား..."

"ပိုင်ချီ လင်းပိုင် က ခင်ဗျား ကို ပုလဲ တစ်လုံး လက်ဆောင် ပေးခဲ့တယ် ဆိုတာ တကယ်ပဲလား အားလုံး ကြည့်ရှု လေ့လာ နိုင်အောင် ပုလဲ ကို လှူဒါန်းဖို့ စဉ်းစား ထားပါသလား..."

"အရင်က ပိုင်ချီ လင်းပိုင် နဲ့ အတူတူ နေခဲ့ဖူး ပါသလား..."

ရောက်လာသည် နှင့် တစ်ပြိုင်နက် သတင်းထောက် အများအပြား က တစ်ယောက်တစ်ပေါက် မေးခွန်းများ မေးမြန်း လာကြလေသည်။

ရွှီယန် က ယခင်က ဤကဲ့သို့သော ကိစ္စမျိုး ကို တစ်ခါမှ မကြုံဖူး ခဲ့ချေ။

ယခင်ကလည်း ရေပန်းစား သတင်းများ ထဲတွင် ပါဝင်ခဲ့ဖူး သော်လည်း လူမှုအသိုင်းအဝိုင်း ၏ အဓိက အာရုံစိုက်ရာ သတင်း မဟုတ်ခဲ့ဘဲ အလွန်ဆုံး ရှိလှ လမ်းသွားလမ်းလာ များက အနားသို့ လာရောက်ကာ အတူတကွ ဓာတ်ပုံ တွဲရိုက် လိုခြင်း မျိုး သာ ရှိခဲ့လေသည်။

ဤတစ်ကြိမ် တွင်တော့ မတူညီချေ။

တကယ့် အစစ်အမှန် ကိစ္စကြီး တစ်ခု ဖြစ်ရာ အားလုံးက သူ၏ အင်တာဗျူး ဗီဒီယို ကို သတင်း ဗီဒီယို အဖြစ် အသုံးပြု လိုကြခြင်း ပင်ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများ က ဤမြင်ကွင်းကို မြင်သောအခါ အဆက်မပြတ် ရယ်မော နေကြတော့သည်။

[ဟားဟားဟား လောင်ရွှီ လည်း နာမည်ကြီး သွားပြီပဲ အပြင်ထွက်တာတောင် အင်တာဗျူး တဲ့ သတင်းထောက် တွေ ဒီလောက် အများကြီး ရှိနေတာ]

[ငါ့ရဲ့ အစ်ကိုယန် က တကယ်ကို အထာကျတာပဲ]

[နာမည်ကြီး သရုပ်ဆောင် ကြီး ဖြစ်သွားပြီပဲ]

ရွှီယန် ကတော့ တည်ငြိမ် နေလေသည်။

သူက ပြုံးရွှင်စွာ ဖြင့် အားလုံးကို လက်ဝှေ့ယမ်း ပြလိုက်ပြီးနောက် လမ်းဖယ်ပေးပါ လမ်းဖယ်ပေးပါ ဟု စကား အနည်းငယ် ဆိုကာ တောက်လျှောက် ထွက်ခွာ သွားလေသည်။

သူက ဤအင်တာဗျူး များကို လက်ခံ ဖြေကြားရန် ထိုမျှလောက် ဆန္ဒမရှိသလို လိုအပ်ချက် လည်း မရှိချေ။

သေချာသည် ကတော့ အချိန် သိပ်မကြာခင် မှာပင် ဗဟို ရုပ်မြင်သံကြား ဌာန က သူ့ကို လာရောက် ရှာဖွေ ခဲ့လေသည်။

မူလက ဗဟို ရုပ်မြင်သံကြား ဌာန ကလည်း သူ့ကို အင်တာဗျူး လုပ်ကာ ယနေ့ ညနေ သတင်း အစီအစဉ် အတွက် အချက်အလက် အဖြစ် အသုံးပြု လိုခြင်း ပင်ဖြစ်သည်။

သတင်း အစီအစဉ် တွင် ပါဝင်နိုင်မည် ဖြစ်ပြီး အပြုသဘောဆောင်သော သတင်း ဖြစ်ကြောင်း ကြားလိုက်ရလေသည်။

ထိုသို့ ဆိုလျှင်တော့ သေချာပေါက် လက်ခံ ရမည် သာ ဖြစ်လေသည်။

အင်တာဗျူး တစ်ခု နှင့် တစ်ခု က မတူညီချေ။

ဤအင်တာဗျူး က မျက်နှာပန်း အတော်လေး လှစေလေသည်။

ရွှီယန် က မိမိ၏ အတွေ့အကြုံ များကို ဝေမျှ ပြောပြ လိုက်သည်။

"ကျွန်တော် အဲဒီအချိန်တုန်းက ကျန်းထွန်း လင်းပိုင် တစ်ကောင် ရေမှုတ်ထုတ် နေတာကို မြင်လိုက်ရပြီး တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ် လို့ ခံစားလိုက်ရတယ်..."

"အဲဒီအချိန်လေး မှာပဲ ရုတ်တရက် ပိုင်ချီ လင်းပိုင် က ထွက်ပေါ်လာတယ် သူက ကျန်းထွန်း လင်းပိုင် ထက် အရွယ်အစား ပိုကြီးပြီး အရေပြား ကလည်း ပိုဖြူတယ်..."

"သူက ကျန်းထွန်း လင်းပိုင် ရဲ့ အစ်ကိုကြီး တစ်ယောက် လိုပဲ ကျန်းထွန်း လင်းပိုင် ကို တစ်ချက် ဝင်တိုက်ပြီး တွန်းထုတ် ပစ်လိုက်တယ်..."

"ပြီးတော့ ရေပြင်ပေါ်ကို ထွက်လာပြီး အသံစူးစူးလေး တွေနဲ့ အော်မြည် နေခဲ့တယ်..."

"ကျွန်တော် က သူ့ကို အရမ်း ချစ်စရာ ကောင်းတယ် လို့ ခံစားရလို့ ငါးအကောင်ရေ အနည်းငယ် ကျွေးလိုက်တယ်..."

"အဲဒီနောက်မှာ သူက ကျွန်တော့်ကို ရေထဲက ပုလဲ တစ်လုံး လက်ဆောင် ပေးပြီး ထွက်သွား ခဲ့တာပါ..."

"ကျွန်တော် မွေးထားတဲ့ တိရစ္ဆာန် တွေ အများကြီး ရှိတော့ သူက အရမ်းကို ဉာဏ်ရည် မြင့်မားတယ် ဆိုတာကို ကျွန်တော် ခံစား သိရှိ နိုင်ပါတယ်..."

ရွှီယန် မျှော်လင့် မထားခဲ့သည် မှာ ထိုနေ့ ညနေ သတင်း တွင် သူ၏ အင်တာဗျူး အားလုံးကို အပြည့်အဝ ထုတ်လွှင့် သွားခြင်း ပင်ဖြစ်သည်။

မြင်ကွင်း အတော်များများ ကလည်း သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်း များကိုသာ အသုံးပြု ထားခြင်း ပင်ဖြစ်သည်။

အထူး အခွင့်အရေး များကို အပြည့်အဝ ပေးအပ် ထားခြင်း ပင်ဖြစ်သည်။

ချက်ချင်း ဆိုသလို သတင်း အစီအစဉ် တွင် ပါဝင် သွားခဲ့လေသည်။

ဤတစ်ကြိမ် တွင်တော့ တကယ်ကို အိမ်တိုင်းစေ့ သိရှိလောက်အောင် နာမည်ကြီး သွားခဲ့ပြီ ဖြစ်လေသည်။

ယခင်က တောဝက်ကို ရိုက်နှက်ခြင်း ကဲ့သို့သော ကိစ္စများ ကျားသစ်ကို ပွတ်သပ်ခြင်း နှင့် ကျားကို နို့တိုက်ခြင်း တို့က သတင်းငယ်လေးများ အဖြစ်သာ သတ်မှတ်၍ ရနိုင်လေသည်။

မျိုးတုံးသွားပြီ ဖြစ်သော တောရိုင်း တိရစ္ဆာန်ကို ရှာဖွေ တွေ့ရှိခြင်း ကဲ့သို့သော ကိစ္စမျိုး ကတော့ သေချာပေါက် နိုင်ငံတော် အဆင့် သတင်းကြီး တစ်ပုဒ် ပင်ဖြစ်သည်။

နာမည် မကြီးချင်လျှင်ပင် ခက်ခဲ လှပေသည်။

သတင်းများ က နေရာအနှံ့ ပြန့်နှံ့ နေသော်လည်း ရွှီယန် ကတော့ တည်တည်ငြိမ်ငြိမ် ပင် ရှိနေလေသည်။

ဤကိစ္စ က တကယ်ကို အဓိပ္ပာယ် ပြည့်ဝသည် ဟု သူ ခံစားရသဖြင့် ဤကိစ္စ အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်ရလေသည်။

ပိုင်ချီ လင်းပိုင် အသက်ရှင် နေသေးသည် ဆိုလျှင်ပင် ကောင်းမွန် လှပေပြီ။

ထို့နောက် ချန်ကျန်း မြစ်ဝှမ်း ၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှု က လူအများအပြား ၏ အာရုံစိုက်မှုကို ပိုမို ရရှိ လာခဲ့လေသည်။

နေထိုင်သူ အတော်များများ က နေ့စဉ် ချန်ကျန်းမြစ် ကို ဖြတ်သန်း သွားလာတိုင်း ဆင်းလာကာ မြစ်ပြင်ကို အဝေးမှနေ၍ တစ်ချက် လှမ်းကြည့် တတ်ကြလေသည်။

သို့သော် အားလုံး က ပိုင်ချီ လင်းပိုင် ကို ထပ်မံ မမြင်တွေ့ရ တော့ချေ။

တစ်ခါတစ်ရံ တွင် ကျန်းထွန်း လင်းပိုင် နှစ်ကောင် ထွက်လာကာ ဆော့ကစား နေသည်ကို မြင်တွေ့ရခြင်း ကပင် လူများကို စိတ်လှုပ်ရှား စေရန် လုံလောက် လှပေသည်။

"ဘာလို့ ပိုင်ချီ လင်းပိုင် ကို မမြင်ရတော့တာလဲ တကယ်ပဲ အဲဒီ လိုက်ဖ်လွှင့်တဲ့ သူ ဒီကို လာမှ ရမှာလား..."

"သူက တကယ်ကို ထူးဆန်း အံ့ဩစရာ ကောင်းတာပဲ..."

"အဲဒါ အတုအယောင် ပိုင်ချီ လင်းပိုင် များ ဖြစ်နေမလား ဘယ်လို နည်းပညာ တွေ သုံးပြီး ဟန်ဆောင် ထားတာလဲ မသိဘူး..."

"သေချာပေါက် မဖြစ်နိုင်ပါဘူး ဒီလောက် ကြီးမားတဲ့ သတင်းကြီးကို နောက်ပြီး ပိုင်ချီ လင်းပိုင် ရဲ့ အနီးကပ် မြင်ကွင်း ကို မင်း မမြင်လိုက်ဘူးလား ပါးစပ် ထဲမှာ ပုလဲ တောင် ကိုက်ချီ ထားသေးတာ..."

"အဓိက အချက်က ငါတို့ မမြင်ရတာပဲ အရမ်း နှမြောစရာ ကောင်းတာပဲ..."

လူများ က မြစ်ပြင်ကို စိုက်ကြည့်ရင်း တစ်ယောက်တစ်ပေါက် ဆွေးနွေး ပြောဆို နေကြလေသည်။

ရွှီယန် က မြစ်ပြင်တွင် ပိုင်ချီ လင်းပိုင် ကို ရှာဖွေ တွေ့ရှိ ခဲ့ပြီးနောက်ပိုင်း အခြား မည်သူ ကမျှ ထပ်မံ မတွေ့ရှိခဲ့ရ တော့ချေ။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာန နှင့် ချန်ကျန်း မြစ်ဝှမ်း ဂေဟစနစ် စစ်ဆေးရေး စင်တာ မှ လူများ မှာလည်း မနေနိုင်ဘဲ အနည်းငယ် တီးတိုး ပြောဆို နေကြလေသည်။

ပိုင်ချီ လင်းပိုင် က အစအန ပျောက်ကွယ် သွားသည့် အလား ပင်ဖြစ်သည်။

လူများ က ၎င်းတို့ကို ရှာဖွေ လိုကြပြီး သေချာစွာ ကာကွယ် စောင့်ရှောက် ထားလိုကြလေသည်။

ကျန်းထွန်း လင်းပိုင် ကို ကာကွယ် စောင့်ရှောက် ထားသကဲ့သို့ ပင်ဖြစ်သည်။

သို့သော် ယခုအခါ ရှာဖွေ၍ လုံးဝ မရနိုင်သဖြင့် ဘယ်က စတင် ရမည်မှန်း မသိသော ခံစားချက်မျိုး ဖြစ်ပေါ် နေကြရလေသည်။

ဤရက်ပိုင်း အတွင်း ရွှီယန် က ဤဧရိယာ တွင် ရိုးရှင်းသော တာဝန် နှစ်ခုကို ထပ်မံ လုပ်ဆောင် ခဲ့လေသည်။

ရှားပါး အဆင့်များ မပါဝင်ဘဲ အားလုံး က သာမန် တာဝန်များ သာ ဖြစ်လေသည်။

သူ က ထွက်ခွာရန် ပြင်ဆင် နေစဉ် မှာပင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာန မှ လူများ က ရုတ်တရက် သူ့ထံသို့ လာရောက် ရှာဖွေ ကြလေသည်။

အကြောင်းရင်း ကလည်း အဓိပ္ပာယ်မဲ့ လွန်းလှပေသည်။

တစ်ဖက်လူ က ရွှီယန် အနေဖြင့် ပိုင်ချီ လင်းပိုင် ကို ထပ်မံ ရှာဖွေ ပေးရန် ကူညီနိုင်မလား ဆိုသည်ကို မေးမြန်း လိုခြင်း ပင်ဖြစ်သည်။

ယခုအခါ ရေပန်းစားမှု က အလွန် ကြီးမား လွန်းလှပြီး နေ့စဉ်နေ့တိုင်း မြစ်ကမ်းဘေး တွင် လာရောက် စောင့်ဆိုင်း နေသူများ ရှိသော်လည်း မည်သူ ကမျှ မမြင်တွေ့ခဲ့ရချေ။

တရားဝင် အဖွဲ့အစည်း က ရေအောက် စူးစမ်း လေ့လာရေး စက်များကို စေလွှတ် ခဲ့သော်လည်း လုံးဝ မတွေ့ရှိခဲ့ရချေ။

ရွှီယန်၏ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် တွင် တိရစ္ဆာန် များကို နေရာ သတ်မှတ်ပေးနိုင်သော လုပ်ဆောင်ချက် ပါဝင် လေသည်။

သူ က အလွန် လေးနက်စွာ စဉ်းစား တွက်ချက် နေလိုက်သည်။

ဤနှစ်များ အတွင်း ကျန်းထွန်း လင်းပိုင်များ အလွန် ကောင်းမွန်စွာ ကာကွယ် စောင့်ရှောက် ခံထားရသည်ကို တွေးတော မိသောအခါ ချန်ကျန်း မြစ်ဝှမ်း ကို ထိန်းသိမ်း စောင့်ရှောက်မှု က ယုံကြည် စိတ်ချ ရကြောင်း သဘောပေါက် လိုက်လေသည်။

ရွှီယန် လည်း စမ်းသပ် ကြည့်မည် ဟု ပြောလိုက်လေသည်။

သေချာပေါက် ရှာတွေ့မည် ဟုလည်း သူ အာမခံချက် မပေးရဲချေ။

All Chapters