← Chapters

အခန်း (၄၂၁-၄၂၂)

Vol. 43 Ch. 421-422

အခန်း (၄၂၁-၄၂၂)

Vol. 43 Ch. 421-422

အခန်း ၄၂၁။ ရှောင်ဟေး မင်းက ဒီလောက်တောင် မြန်မြန်ပြေးတာလား ငါ့ကို အနောက်မှာ ထားခဲ့တယ်ပေါ့

ရှောင်ဟေးက ကင်းမြီးကောက်နှင့် ပျော်ရွှင်စွာ ဆော့ကစားနေလေသည်။

ဤကင်းမြီးကောက်၏ သတ္တိက အလွန်ကောင်းလှသည်၊ ရှောင်ဟေးကဲ့သို့ ဧရာမသတ္တဝါကြီးကို ရင်ဆိုင်ရသော်လည်း အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိဘဲ ၎င်း၏လက်မများကို မြှောက်ကာ ရဲရင့်စွာ ရင်ဆိုင်နေလေသည်။

ထို့နောက် ၎င်းကို ရှောင်ဟေးက ပါးစပ်ထဲသို့ တစ်ကိုက်တည်းဖြင့် ကိုက်ယူသွားတော့သည်။

ဤကင်းမြီးကောက်မျိုးက သာမန်ကင်းမြီးကောက်မျိုးသာ ဖြစ်ပြီး အဆိပ်မရှိသဖြင့် ဘေးကင်းလှပေသည်။

ရွှီယန်က စိမ်းလန်းသောမြေအတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားပြီး ဘယ်ညာသို့ လှည့်ပတ်ကြည့်ရှုလိုက်သည်။

ဤနေရာတွင် ရေအရင်းအမြစ် ရှိနေသဖြင့် အခြားတိရစ္ဆာန်များလည်း သေချာပေါက် ရှိနေဦးမည် ဖြစ်သည်။

သို့သော် တစ်ပတ်ခန့် လိုက်လံရှာဖွေပြီးနောက် မည်သည့် အခြားသက်ရှိများ၏ လှုပ်ရှားမှု အရိပ်အယောင်ကိုမျှ ရွှီယန် မတွေ့ရှိရချေ။

"ဟာ... မရှိတော့ဘူးလား..."

ရွှီယန် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။

ဒရုန်းက ဤမြင်ကွင်းကို မှတ်တမ်းတင် ရိုက်ကူးနေလေသည်၊ မြင်ကွင်းက အလွန်လှပပြီး အင်တာနက်သုံးစွဲသူများက ရွှီယန် စူးစမ်းလေ့လာနေသည်ဟုသာ ထင်မှတ်နေကြသည်။

၎င်းတို့ကလည်း အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားနေကြသည်၊ မည်သို့ပင်ဖြစ်စေ ပတ်ပတ်လည်တွင် တောရိုင်းကန္တာရကြီး ဖြစ်နေပြီး အရာအားလုံးက သဲမုန်တိုင်းများထဲတွင် ပျောက်ကွယ်သွားသည့်အလား ကမ္ဘာပျက်မည့်နေ့မှ ခံစားချက်မျိုး ပေးစွမ်းနေလေသည်။

စိမ်းလန်းသောမြေကို ရှာတွေ့ခြင်းက အတော်လေး ထူးဆန်းအံ့ဩဖွယ် ကောင်းလှပေသည်။

နောက်ထပ် ဘာများရှိနေဦးမည်လဲ ဟု ရွှီယန် စဉ်းစားနေစဉ်မှာပင် ရုတ်တရက် ယုန်တစ်ကောင်က ချုံပုတ်အနောက်မှ တိုးထွက်လာပြီး ခေါင်းလှည့်ကာ ပြေးသွားလေသည်။

ယုန်၏အမြန်နှုန်းက အလွန်မြန်ဆန်လှသဖြင့် အင်တာနက်သုံးစွဲသူများပင် လန့်ဖြတ်သွားကြရလေသည်။

[ဘာကောင်ကြီး ပြေးထွက်သွားတာလဲ]

[ယုန်ကြီးပဲ... ဒီနေရာမှာ ယုန်ရှိနေတာလား]

[မြန်မြန်ဖမ်းလိုက်... ယုန်ကင် လုပ်စားလို့ရပြီ]

အားလုံးက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြလေသည်။

ရွှီယန်က ယုန်ကို ချက်ချင်းပင် သတိထားမိလိုက်သည်၊ သူ သေချာစွာ ကြည့်ရှုလိုက်သောအခါ ဤယုန်က သာမန်တောယုန်များနှင့် ထိုမျှလောက် မတူညီကြောင်း တွေ့ရှိလိုက်ရသည်။

"ထာလီမု တောယုန်ပဲ..."

"ဒီအကောင်ကို ဖမ်းလို့မရဘူး... နိုင်ငံတော်အဆင့် နှစ် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်ပဲ..."

"ပုန်းနေတာ တော်တော်လေး နက်ရှိုင်းတာပဲ..."

ထာလီမု တောယုန်ကို မြင်သောအခါ ရွှီယန် ချက်ချင်းပင် ပျော်ရွှင်သွားတော့သည်။

ဒုတိယမြောက် တိရစ္ဆာန်ကို ရှာတွေ့သွားပြီဟု ဆိုနိုင်လေသည်၊ ဤသို့ဆိုလျှင် နောက်ထပ် တိရစ္ဆာန်တစ်မျိုး ရှာတွေ့ရန်သာ လိုအပ်တော့ပြီး တာဝန် ပြီးမြောက်သွားမည် ဖြစ်လေသည်။

ကျွမ်းကျင်မှု ဆုလာဘ်က အသုံးဝင်မှု သိပ်မရှိလှသော်လည်း ဘာမှမရှိခြင်းထက်တော့ အများကြီး ပိုကောင်းလှပေသည်။

တစ်ချိန်တည်းမှာပင် ရှောင်ဟေးက ကင်းမြီးကောက်ငယ်လေး တစ်ကောင်ကို စားသောက်လိုက်သည်၊ ကြက်သားအရသာမျိုးဖြစ်ပြီး ဝါးလိုက်ရာတွင် ကြွပ်ရွနေလေသည်။

ဤအချိန်တွင် ကင်းမြီးကောက် အကောင်ရေ အတော်များများက သဲမြေထဲမှ ထွက်ပေါ်လာပြီး ရှောင်ဟေးရှိရာဘက်သို့ တိုက်ခိုက်ရန် ပြေးဝင်လာကြလေသည်။

ရှောင်ဟေးက ချက်ချင်းပင် ခြေနှစ်လှမ်းခန့် နောက်ဆုတ်လိုက်ပြီး သတိဝီရိယဖြင့် ၎င်းတို့အား သွားဖြဲပြလိုက်သည်။

သို့သော် ဤသည်မှာ အစသာ ရှိသေးသည်၊ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ကင်းမြီးကောက် အရေအတွက်က ပို၍ပို၍ များပြားလာခဲ့လေသည်။

ဤကင်းမြီးကောက်များက မူလက အိပ်မောကျနေခဲ့ကြပြီး တစ်ကောင် နိုးလာသည်နှင့် အခြားအကောင်များ အားလုံးပါ နိုးလာကြခြင်း ပင်ဖြစ်သည်။

ထို့ကြောင့် မြေပြင်ပေါ်တွင် အုပ်စုလိုက် အုံခဲကာ ထွက်ပေါ်လာကြတော့သည်။

ရှောင်ဟေးက ဤအခြေအနေကို မြင်သောအခါ "ဝုတ်... ဝုတ်..." ဟု နှစ်ချက်ခန့် ချက်ချင်း အော်ဟောင်လိုက်လေသည်။

ရှောင်ဟေး၏ အော်ဟောင်သံကို ကြားသောအခါ ရွှီယန် နောက်လှည့်ကြည့်လိုက်သည်။

"ရှောင်ဟေး... ဘာဖြစ်လို့လဲ..."

"လခွမ်း... ကင်းမြီးကောက်တွေ ဒီလောက်တောင် များနေတာလား..."

ရွှီယန်က ကင်းမြီးကောက် အုပ်ကြီးကို မြင်သောအခါ လန့်ဖြတ်သွားရလေသည်။

သူက ခုနက ယုန်ကို ကြည့်နေသဖြင့် ဤဘက်ကို သတိမထားမိလိုက်ချေ၊ ကင်းမြီးကောက်များ ဤမျှလောက် များပြားနေမည်ဟု တွေးတောင် မတွေးထားခဲ့မိပေ။

အင်တာနက်သုံးစွဲသူများလည်း အံ့ဩမှင်တက်သွားကြရလေသည်။

[ဘုရားရေ... မံမီ ရုပ်ရှင်ထဲက ကင်းမြီးကောက် ဧကရာဇ်ကြီးကိုတောင် သတိရသွားစေတယ်]

[ခံစားချက်က တကယ်ကို ဆင်တူနေတာပဲ... အရေအတွက်က နည်းနည်း လွန်ကဲနေတယ်]

[တကယ်ကြီး ထူးဆန်းတာတွေ ရှိမနေနိုင်ဘူးမလား]

[မြေအောက်မှာ ရှေးဟောင်းသင်္ချိုင်း များ ရှိနေမလား... လောင်ရွှီ... ဂေါ်ပြားထုတ်ပြီး စတူးလိုက်တော့လေ]

အင်တာနက်သုံးစွဲသူများက ပွဲကြည့်ရသည်ကို ပြဿနာမကြီးမားဘူးဟု မထင်ကြချေ၊ ပို၍ပင် စည်ကားသိုက်မြိုက်လာစေရန် ဆန္ဒရှိနေကြလေသည်။

ရွှီယန် ကတော့ တစ်ခဏချင်း ကြက်သီးဖြန်းဖြန်း ထသွားရလေသည်။

သူ ကင်းမြီးကောက်များကို မကြောက်ရွံ့သလို ဤကင်းမြီးကောက်များတွင်လည်း အဆိပ်မရှိချေ၊ သို့သော် ဤမျှလောက် များပြားနေသဖြင့် ဖိနပ်ထဲသို့ ပြုတ်ကျသွားပါက သို့မဟုတ် ဘောင်းဘီထဲသို့ တွားသွားဝင်ရောက်လာပါက အလွန် ဒုက္ခရောက်ရမည့် ကိစ္စပင်ဖြစ်သည်။

ရွှီယန် ရှောင်တိမ်းရန် ပြင်လိုက်ချိန်မှသာ အနောက်ဘက်တွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိသော ကင်းမြီးကောက် အုပ်ကြီး ရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။

ဤစိမ်းလန်းသောမြေက ကင်းမြီးကောက်များ နေထိုင်ရန် သင့်တော်သဖြင့် ကောင်ရေ မည်မျှ ပုန်းအောင်းနေမှန်း ပင် မသိနိုင်ချေ။

"လခွမ်း..."

"ဒါက အရမ်းများလွန်းနေပြီ..."

ရွှီယန် မနေနိုင်ဘဲ အံ့ဩတကြီး ရေရွတ်လိုက်မိသည်၊ လောလောဆယ် တာဝန် ပြီးမြောက်ရန် တစ်ခုသာ လိုအပ်တော့လေသည်။

သို့သော် လောလောဆယ်တွင် အခြားသော သက်ရှိများကို လုံးဝ မတွေ့ရချေ။

ရွှီယန်၏ ရင်ထဲတွင် အနည်းငယ် စိတ်လောနေပြီး ထွက်ခွာရန် စဉ်းစားနေသော်လည်း အနည်းငယ် နှမြောတသ ဖြစ်နေမိသည်၊ တစ်ခါတစ်ရံတွင် လက်လွှတ်တတ်ရန် သင်ယူရမည်သာ ဖြစ်လေသည်။

"ရှောင်ဟေး... သွားရအောင်..."

ရွှီယန်က ထွက်ခွာရန် ရည်ရွယ်လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် လင်းတ နှစ်ကောင်က ဘယ်နေရာမှ ပျံသန်းလာမှန်း မသိဘဲ ထူးဆန်းသော အော်မြည်သံများကို ထုတ်လွှင့်ကာ မြစ်ကမ်းဘေးသို့ ဆင်းသက်လာကြလေသည်။

ရွှီယန် လင်းတများကို မြင်သည်နှင့် တစ်ပြိုင်နက် တာဝန်ကို ချက်ချင်း အတည်ပြုလိုက်လေသည်။

[ရတနာရှာဖွေရေး တာဝန် ပြီးမြောက်ပါပြီ]

[ဆုလာဘ်အဖြစ် ဂေါက်သီးရိုက် ကျွမ်းကျင်ခြင်း ကို ရရှိပါသည်]

စနစ်၏ သတိပေးသံ ထွက်ပေါ်လာခဲ့လေသည်။

"မြန်မြန်ပြေး..."

တာဝန် ပြီးမြောက်သွားပြီ ဖြစ်ရာ ရွှီယန် မည်သည့် အချိန်ဆွဲခြင်းမျှ မလုပ်တော့ဘဲ ရှောင်ဟေးကို ခေါ်ဆောင်ကာ အပြင်သို့ ပြေးထွက်တော့သည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ အင်တာနက်သုံးစွဲသူများမှာ ကြည့်လေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ပင်ဖြစ်သည်။

ကင်းမြီးကောက်ကို ကြောက်တတ်သူများမှာ တစ်ကိုယ်လုံးရှိ ခြေလက်များပင် အေးစက်သွားသည် အထိ လန့်ဖြတ်နေကြသည်၊ အစားအသောက်ကို နှစ်သက်သူများ ကတော့ သွားရည်ပင် မထိန်းနိုင်အောင် သရေကျနေကြလေသည်။

[လောင်ရွှီ... ဘာလို့ ပြေးနေတာလဲ... ကင်းမြီးကောက်တွေကို တုတ်ထိုးပြီး ကျော်စားလိုက်ရင် ဘယ်လောက် အရသာရှိမလဲ]

[ကွမ်တုန်းက လူတွေကို လွှတ်လိုက်... အကုန်လုံး စားပစ်လိမ့်မယ်]

[ဒါက အစားအသောက် မှတ်တမ်းရုပ်ရှင် လား]

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ စည်ကားသိုက်မြိုက်သော လေထုနှင့်အတူ ရွှီယန်က ရှောင်ဟေးကို ခေါ်ဆောင်ကာ လျင်မြန်စွာ အဝေးသို့ ပြေးထွက်သွားလေသည်။

ရှောင်ဟေးက အမိန့်ကို ကြားသည်နှင့် တစ်ပြိုင်နက် ခြေကုန်သုတ်၍ ပြေးတော့သည်၊ အမြန်နှုန်းက အလွန်မြန်ဆန်လှသဖြင့် ရွှီယန်ကို တိုက်ရိုက် ကျော်လွန်သွားကာ အရှေ့သို့ အဝေးကြီး ရောက်သွားလေသည်။

မိမိကို ကျော်လွန်သွားသော ရှောင်ဟေးကို မြင်သောအခါ ရွှီယန်၏ မျက်လုံးများပင် ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။

'မဟုတ်ဘူးလေ... မင်းက ဒီလောက်တောင် မြန်မြန်ပြေးတာလား...'

'ငါ့ကို အနောက်မှာ ထားခဲ့တယ်ပေါ့...'

အင်တာနက်သုံးစွဲသူများ လည်း ဤမြင်ကွင်းကို သတိထားမိသွားကြပြီး အားလုံး ချက်ချင်းပင် ရယ်မောလိုက်ကြသည်၊ ဤခွေးက တကယ်ကို စကားနားထောင်လှပေသည်၊ ပြေးသည်က မည်သူ့ထက်မဆို ပိုမြန်နေလေသည်။

လူတစ်ယောက်နှင့် ခွေးတစ်ကောင်တို့ အဝေးကြီး အထိ ပြေးထွက်သွားပြီးမှသာ ရပ်တန့်လိုက်ကြလေသည်။

ရွှီယန်က အမောတကော ဖြစ်နေပြီး ရှောင်ဟေးက ဤအခြေအနေကို မြင်သောအခါ ချက်ချင်း ပြေးလာကာ အမြီးကို လှုပ်ခါပြလေသည်။

"မင်း ပြေးတာ တကယ် မြန်တာပဲ..."

ရွှီယန်က ၎င်းကို ချီးကျူးစကား ဆိုလိုက်သည်။

ရွှီယန် ဤသို့ပြောသည်ကို ကြားသောအခါ ရှောင်ဟေး၏ အမြီးလှုပ်ခါမှုက ပို၍ပင် ပျော်ရွှင်သွက်လက် လာခဲ့လေသည်။

ထို့နောက် လူတစ်ယောက်နှင့် ခွေးတစ်ကောင်တို့က ဖြည်းညင်းစွာ ခရီးဆက်ကြလေသည်၊ အနောက်သို့ ပြန်လှည့်ရမည် ဖြစ်လေသည်။

လော့ပုဖော်၏ စိမ်းလန်းသောမြေက အတော်လေး ထူးဆန်းအံ့ဩဖွယ် ကောင်းလှပေသည်။

ဤဧရာမ သဲကန္တာရကြီးထဲတွင် လျှို့ဝှက်ချက် မည်မျှ ပုန်းကွယ်နေသေးမှန်း ပင် မသိနိုင်ချေ။

ဤသဲကန္တာရထဲတွင် ရှေးဟောင်းအပျက်အစီးများ သို့မဟုတ် ယဉ်ကျေးမှုအမွေအနှစ်များ သေချာပေါက် ရှိနေမည်ဟု ရွှီယန် ခန့်မှန်းမိလေသည်။

သို့သော် သဲမုန်တိုင်းများ အောက်တွင် နှစ်ပေါင်းများစွာ မြှုပ်နှံခံထားရသော အပျက်အစီးများက စူးစမ်းလေ့လာရန် တန်ဖိုး မရှိတော့ဘဲ ပျက်စီးနေသော မြေတောင်ကြီးများနှင့် မည်သို့မျှ မကွာခြားတော့ချေ။

ရွှီယန်တွင်လည်း လော့ပုဖော်၌ အပျက်အစီးများကို ရှာဖွေလိုသော စိတ်ကူး မရှိချေ။

"ပြန်ရတော့မယ်... ဒီနေ့ညတော့ ခရီးမဆက်တော့ဘူး... ခရီးဆုံးနဲ့ အတော်လေး ဝေးနေသေးတယ်..."

"ညဘက်က အတော်လေး အေးတယ်... ပြီးတော့ အမှောင်အတိ ကျနေတာဆိုတော့ အန္တရာယ်ဖြစ်ဖို့ လွယ်ကူတယ်..."

"အဲဒါကြောင့် ကားထဲမှာပဲ တစ်ည အိပ်ရမယ်..."

"မနက်ဖြန် လော့ပုဖော် ကနေ ဖြတ်ထွက်ပြီးရင် အဲဒီအချိန်ကျမှ အားလုံးကို လိုက်ဖ် ပြန်လွှင့်ပေးပါ့မယ်..."

ရွှီယန်က ခရီးဆက်ရင်းနှင့်ပင် ရှင်းပြနေလေသည်။

ညနေစောင်းနေပြီ ဖြစ်သည်၊ နေမင်းက စတင် ဝင်ရောက်လာပြီး အပူချိန်ကလည်း အနည်းငယ် ကျဆင်းလာခဲ့လေသည်။

ပတ်ဝန်းကျင်ရှိ အလင်းရောင်များကလည်း အနည်းငယ် မှေးမှိန်လာခဲ့လေသည်။

လူတစ်ယောက်နှင့် ခွေးတစ်ကောင်တို့ ဤသို့ပင် သဲမြေထဲတွင် လမ်းလျှောက်နေကြပြီး ဖြတ်သန်းသွားသော နေရာများတွင် ခြေရာနှစ်တန်း ချန်ထားရစ်ခဲ့လေသည်။

ပတ်ဝန်းကျင်က အနည်းငယ် တိတ်ဆိတ် ငြိမ်သက်နေပြီး သဲမုန်တိုင်း၏ အသံများကိုသာ ကြားနေရလေသည်။

အားလုံးက ဤမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် လှုပ်ရှားသွားကြရသည်၊ တကယ်ကို တောရိုင်းစွန့်စားမှု တိုက်ရိုက်ထုတ်လွှင့်ခြင်းတွင် နံပါတ်တစ် ပင်ဖြစ်သည်။

အင်တာနက်ပေါ်တွင်လည်း အခြားသူများ တောရိုင်းထဲ၌ ရှင်သန်ရေး လုပ်ဆောင်ကြသော်လည်း အားလုံးက နောက်ပြောင်ဆော့ကစား နေကြခြင်း သက်သက်သာ ဖြစ်လေသည်။

ဥပမာအားဖြင့် တောရိုင်း သောက်ရေသန့်ဘူးကို ရှာတွေ့ခြင်း၊ တောရိုင်း ကြက်ကင်ကို ရှာတွေ့ခြင်း အစရှိသည်တို့ ပင်ဖြစ်သည်။ စားသောက်ရသည်မှာ အိမ်တွင် စားရသည်ထက်ပင် ပို၍ ကောင်းမွန်နေသေးလေသည်။

ရွှီယန် ကတော့ တကယ့် အစစ်အမှန် ပင်ဖြစ်သည်။ အငြင်းပွားဖွယ် မရှိသော အမြင်အာရုံ ပွဲတော်ကြီး ပင်ဖြစ်သည်။

အဝေးသို့ လျှောက်သွားပြီးနောက် သူက အားလုံးကို နှုတ်ဆက်ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်တော့သည်။

ထို့နောက် ရွှီယန်က ရှောင်ဟေးကို ခေါ်ဆောင်ကာ ကားရှိရာနေရာသို့ တောက်လျှောက် လျှောက်လာခဲ့လေသည်။

သူက ခွေးပန်းကန်ကို ထုတ်ယူကာ ရှောင်ဟေးကို စားစရာ အချို့ ကျွေးမွေးလိုက်သည်။

မိမိကိုယ်တိုင် လည်း ကားပေါ်မှ ခေါက်ဆွဲခြောက်ဗူး တစ်ဗူးကို ယူလိုက်ပြီး ရှောင်းမီ ရေနွေးအိုးဖြင့် ရေနွေးတစ်အိုး တည်ကာ ခေါက်ဆွဲခြောက်ထဲသို့ လောင်းထည့်လိုက်ပြီး အပူခံဘူး ထဲသို့လည်း အနည်းငယ် လောင်းထည့်ထားလိုက်သည်။

ထို့နောက် ရွှီယန်က ခေါက်ဆွဲခြောက်ထဲသို့ လှီးဖြတ်ထားသော အမဲသား အချို့နှင့် ဝက်အူချောင်းတို့ကို ထည့်လိုက်သေးသည်။

ကားဘေးတွင် ထိုင်လျက် အရသာရှိသော အစားအစာများကို တိတ်ဆိတ်စွာ ခံစားနေလိုက်သည်။

အမှန်အတိုင်း ပြောရမည်ဆိုလျှင် ပတ်ဝန်းကျင်က အတော်လေး ခြောက်ခြားဖွယ် ကောင်းလှပေသည်။

ဤနေရာက လူသူကင်းမဲ့ရာ ဇုန်၏ အတွင်းပိုင်း ဖြစ်ပြီး မည်သည့်အရာမျှ မရှိဘဲ ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် မြင့်မားသော မြေတောင်ကြီးများသာ ရှိနေလေသည်၊ မလုံခြုံမှုများဖြင့် ပြည့်နှက်နေလေသည်။

သာမန်လူများ အနေဖြင့် ဤကဲ့သို့သော နေရာမျိုးတွင် လုံးဝ နေထိုင်နိုင်မည် မဟုတ်ချေ။

ရွှီယန် ကတော့ မကြောက်ရွံ့သော်လည်း တစ်ခါတစ်ရံတွင် တစ်ယောက်တည်း ဖြစ်နေသဖြင့် အနည်းငယ် အထီးကျန်သည်ဟု ခံစားရလေသည်။

ကံကောင်းစွာဖြင့် ရှောင်ဟေးကို ခေါ်ဆောင်လာခဲ့သဖြင့် ရွှီယန်၏ စိတ်ပိုင်းဆိုင်ရာ အတွက် နှစ်သိမ့်မှု အများအပြားကို ပေးစွမ်းနိုင်ခဲ့လေသည်။

စားသောက်ပြီးသွားသောအခါ ရွှီယန်က ကားထဲတွင် အိပ်ရာကို ပြင်ဆင်လိုက်ပြီးနောက် အိပ်မောကျသွားတော့သည်။

ကားမောင်းပြီး အပြင်ထွက်လာရသည်က ကောင်းမွန်လှပေသည်၊ သယ်ဆောင်လာနိုင်သည့် ပစ္စည်းများ အများအပြား ရှိလေသည်။

ယခင်က ခြေလျင်ဖြင့် တောင်ထဲသို့ ဝင်သွားစဉ်က ကျောပိုးအိတ်ထဲတွင် ပစ္စည်း အများအပြား မထည့်နိုင်ခဲ့သဖြင့် နည်းနည်းတော့ သနားစရာ ကောင်းခဲ့လေသည်။

ရှောင်ဟေးက ယာဉ်မောင်းဘေးခုံ ပေါ်တွင် အိပ်စက်နေပြီး ၎င်းက ခေါင်းမော့ကာ ရွှီယန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ခွေခွေလေး လှဲလျက် မျက်လုံးများကို မှိတ်ကာ အေးချမ်းစွာ အိပ်ပျော်သွားတော့သည်။

၎င်းအတွက်တော့ ရွှီယန်၏ နောက်မှ လိုက်ပါရခြင်းက လုံခြုံမှု ရှိစေလေသည်။

အပြင်ဘက် တောရိုင်းကန္တာရ၏ လေတိုက်နှုန်းက အလွန် ပြင်းထန်သော်လည်း ကံကောင်းစွာဖြင့် ရွှီယန်၏ ကားက မြေတောင်ကြီး၏ ဘေးတွင် ကပ်ရပ်ထားသဖြင့် အတော်လေး တည်ငြိမ်နေလေသည်။

ဤသို့ဖြင့် တစ်ညတာ ကုန်လွန်သွားခဲ့လေသည်။

ဒုတိယနေ့ နေမင်းကြီး ထွက်ပေါ်လာခဲ့လေသည်၊ အသစ်သော နေ့သစ်တစ်နေ့ ပင်ဖြစ်သည်။

ရွှီယန် အနည်းငယ် ပြင်ဆင်လိုက်ပြီးနောက် ခရီးစဉ်သစ်ကို စတင်လိုက်တော့သည်။

သူက လော့ပုဖော် တောရိုင်းကန္တာရကို အလွန် လွယ်ကူစွာ ဖြတ်သန်းသွားနိုင်ခဲ့လေသည်။

ထို အပြင်ဘက် စူးစမ်းလေ့လာရေး ကားတန်းများ အတွက်တော့ ဓာတ်ပုံရိုက်ခြင်း၊ အလံစိုက်ခြင်း နှင့် အောင်ပွဲခံခြင်း အစရှိသည်တို့ကို ပြုလုပ်ကြမည် ဖြစ်လေသည်။

ရွှီယန် ကတော့ အပြင်ဘက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်း ဆိုလိုက်သည်။

"ထွက်လာနိုင်ပြီပဲ..."

သူက အများကြီး ရပ်နားမနေတော့ဘဲ အဝေးဆီသို့ တောက်လျှောက် မောင်းနှင်သွားတော့သည်။

ဤဘက်တွင် ကြည့်စရာ ဘာမှ မရှိချေ၊ ထာလီမု ချိုင့်ဝှမ်း ဘက်သို့ သွားခြင်းကသာ ပို၍ ကြည့်ကောင်းမည် ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ ရှင်းကျန်း ဒေသ၏ တိရစ္ဆာန် မျိုးစိတ် အရေအတွက်က ပြည်တွင်းရှိ ပြည်နယ်များထဲတွင် ထိပ်ဆုံးစာရင်းဝင် ဖြစ်လေသည်၊ ဤဘက်တွင် တိရစ္ဆာန်များ အလွန် များပြားပြီး ထူးဆန်း အံ့ဩဖွယ်ကောင်းသော ချစ်စရာ တိရစ္ဆာန်လေးများ လည်း အများအပြား ရှိလေသည်။

ထို့အပြင် ရွှီယန်တွင် အားလုံး အသိအမှတ် ပြုထားသော တိရစ္ဆာန်များကို ဆွဲဆောင်နိုင်သည့် ခန္ဓာကိုယ်မျိုး ရှိနေလေသည်။

ထိုသို့ဆိုလျှင် ဤချစ်စရာကောင်းသော တိရစ္ဆာန်လေးများကို သွားရောက်ရှာဖွေမည့် ကိစ္စက ပို၍ စိတ်ဝင်စားစရာ ကောင်းလာတော့မည် ဖြစ်လေသည်။

အခန်း ၄၂၂။ ကင်းလှည့်သူများက တိရစ္ဆာန်များက သူတို့ကိုကြောက်ပြီး ရွှီယန်ကို မကြောက်သည်ကို အံ့ဩသွားခြင်း

ထာလီမု ချိုင့်ဝှမ်း။ လမ်းကြမ်းမောင်းယာဉ် နှစ်စီးက အရှိန်အဟုန်ဖြင့် မောင်းနှင်နေလေသည်။ သတ်မှတ်ထားသော နေရာသို့ ရောက်သောအခါ ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်။

ဒုတိယမြောက် ယာဉ်ပေါ်မှ လူငယ်နှစ်ယောက် ထွက်လာခဲ့သည်။ အင်တာနက်သုံးစွဲသူများ စူးစမ်းချင်စိတ် ဖြစ်ပေါ်နေစဉ် ရွှီယန်က အားလုံးကို ရှင်းပြလိုက်သည်။

"ဒါက ထာလီမု ချိုင့်ဝှမ်းက ကင်းလှည့်သူတွေပါ... ဒီဘက်က ဘေးမဲ့တော ဖြစ်လို့ သီးသန့် ဝင်ခွင့်မရှိပါဘူး... အဲဒါကြောင့် သူတို့ကို ဆက်သွယ်ခဲ့တာပါ... အခုက သူတို့နဲ့ အတူတူ ထာလီမု ချိုင့်ဝှမ်းကို တစ်ပတ်လောက် ကင်းလှည့်ဖို့ သွားတာနဲ့ အတူတူပါပဲ... ရှုခင်းတွေလည်း ကြည့်လို့ရတာပေါ့"

ကင်းလှည့်သူ လူငယ်နှစ်ယောက်မှာ အနည်းငယ် ရှက်ရွံ့နေကြပြီး ဒရုန်းကို ကြည့်ကာ လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်ကြသည်။ သာမန်လူများ အနေဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ရင်ဆိုင်ရချိန်တွင် စိုးရိမ်ထိတ်လန့် နေတတ်ကြလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ လေထုက အတော်လေး ကောင်းမွန်နေလေသည်။

[လောင်ရွှီက တကယ်ကို လမ်းကြောင်းပေါင်းစုံမှာ အဆင်ပြေတာပဲ... ဘေးမဲ့တောကို သွားတာတောင် ကင်းလှည့်သူတွေ အဖော်ပါသေးတယ်]

[ဒါက အထာကျလွန်းနေပြီ]

[လောင်ရွှီရဲ့ အဆက်အသွယ်တွေက အလကား မဟုတ်ဘူးပဲ]

ရွှီယန်က အားလုံးကို မိတ်ဆက်ပေးပြီးနောက် ဒရုန်းကို ပြန်သိမ်းလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းကို ဖုန်းထဲသို့ ပြောင်းကာ အဝေးဆီသို့ မောင်းနှင်သွားတော့သည်။

ဤတစ်ကြိမ်တွင် ကားမောင်း၍ ကင်းလှည့်ခြင်း ဖြစ်ပြီး ထာလီမု ချိုင့်ဝှမ်းရှိ ရှားပါး တိရစ္ဆာန်များကို သွားရောက် ကြည့်ရှုမည် ဖြစ်လေသည်။

ယာဉ်က အတွင်းပိုင်းသို့ တောက်လျှောက် ဝင်ရောက်သွားရာ အချိန်သိပ်မကြာခင်မှာပင် အရှေ့ဘက်၌ တောမြင်း ဆယ်ကောင်ကျော် ထွက်ပေါ်လာခဲ့သည်။

ရွှီယန်က ထိုတောမြင်းများကို မြင်သောအခါ ကားကို ချက်ချင်း ရပ်တန့်လိုက်သည်။ လူငယ် ကင်းလှည့်သူ နှစ်ယောက်ကလည်း ကားကို ရပ်တန့်လိုက်ကြပြီး အဝေးတွင် ပြေးလွှားနေသော မြင်းများကို လှမ်းကြည့် နေကြလေသည်။

"ဒါက ဖူကျိ တောမြင်းတွေပါ... ကမ္ဘာပေါ်မှာ လက်ရှိ ကျန်ရစ်နေသေးတဲ့ တစ်မျိုးတည်းသော တောမြင်းတွေပါ... ဒါပေမဲ့ မျိုးတုံးလုနီးပါး ဖြစ်နေပါပြီ... ဒီတောမြင်းတွေကို တွေ့ဖို့ အရမ်းခက်ခဲပါတယ်... တခြားနေရာတွေမှာ ဆိုရင်တော့ တောမြင်းတွေကို မြင်တွေ့ရမှာ မဟုတ်ပါဘူး"

ရွှီယန်က အင်တာနက်သုံးစွဲသူများကို ရှင်းပြလိုက်သည်။

မြင်းများက အဝေးဆီသို့ ပြေးလွှားသွားကြပြီး အမြန်နှုန်းက အလွန် မြန်ဆန်လှပေသည်။ ကုန်းပြင်မြင့် တောရိုင်းကန္တာရထဲရှိ တိရစ္ဆာန်များက အမြဲတမ်း ဤသို့ပင် ထူးဆန်း အံ့ဩဖွယ် ကောင်းနေတတ်လေသည်။

အင်တာနက်သုံးစွဲသူများက အဝေးတွင် ပြေးလွှားနေသော မြင်းများကို ကြည့်ရင်း တစ်ယောက်ချင်းစီတိုင်း အထူးပင် စိတ်လှုပ်ရှား နေကြလေသည်။ လက်ရှိ ကျန်ရစ်နေသေးသည့် တစ်မျိုးတည်းသော တောမြင်းများ ဟူသည့် အချက်ကြောင့် မြင်တွေ့ခွင့်ရရန် လွယ်ကူမည် မဟုတ်ကြောင်း တွေးတောမိကြလေသည်။

ထိုအချိန်တွင် ရွှီယန်က အားလုံးကို ထပ်မံ၍ စကားဆိုလိုက်သည်။

"နောက်ထပ် ဗဟုသုတ အသစ်လေး တစ်ခု ရှိသေးတယ်... ဖူကျိ တောမြင်းတွေရဲ့ အရေအတွက်က ဘာလို့ တဖြည်းဖြည်း နည်းပါးလာတာလဲ ဆိုတာ အားလုံး သိကြရဲ့လား..."

ဤအမေးကို ကြားသောအခါ အင်တာနက်သုံးစွဲသူများ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြရလေသည်။

[အရေအတွက် အဆက်မပြတ် လျော့နည်းလာတာက တရားမဝင် အမဲလိုက်သူတွေ ကြောင့်များ ဖြစ်နေမလား]

[မျိုးဆက်ပွားဖို့ အရမ်း ခက်ခဲလွန်းလို့များ ဖြစ်မလား]

အားလုံးက အဖြေများ ပေးလာကြလေသည်။ ဤအဖြေ နှစ်ခုက အများစုသော မျိုးတုံးလုနီးပါး တိရစ္ဆာန်များ ရင်ဆိုင်နေရသည့် အခက်အခဲများ ပင်ဖြစ်သည်။ ရွှီယန်က ခေါင်းခါယမ်းလိုက်သည်။

"တရားမဝင် အမဲလိုက်သူတွေက တောမြင်းတွေကို အမဲမလိုက်ကြပါဘူး... အခုခေတ် မြင်းခြံတွေမှာ မွေးမြူထားတဲ့ မြင်းတွေက အတော်လေး ကောင်းမွန်နေပါပြီ... ဖူကျိ တောမြင်းတွေဆီမှာ ခိုးယူ အမဲလိုက်ဖို့ တန်ဖိုးရှိတဲ့ အချက် မရှိပါဘူး... မျိုးဆက်ပွားဖို့ ခက်ခဲတယ် ဆိုတာကလည်း လုံးဝ မဖြစ်နိုင်ပါဘူး... မြင်းတွေရဲ့ မျိုးဆက်ပွားနိုင်စွမ်းက အရမ်းကို အစွမ်းထက်တာပါ... ဒါကြောင့်လည်း ဇနီးမယား အများကြီး ပါတဲ့ ဝတ္ထုတွေကို မျိုးမြင်း ဝတ္ထု လို့ ခေါ်ကြတာပေါ့... မြင်းတွေက မျိုးဆက်ပွားဖို့ ဘယ်တုန်းကမှ အခက်အခဲ မရှိခဲ့ပါဘူး"

ရွှီယန် ရှင်းပြသည်မှာ စိတ်ဝင်စားစရာ ကောင်းသဖြင့် အားလုံးလည်း သဘောကျစွာ ရယ်မောလိုက်ကြလေသည်။

သို့သော် အားလုံး၏ ရင်ထဲတွင် စူးစမ်းချင်စိတ်များ ရှိနေဆဲပင် ဖြစ်သည်။ အကြောင်းရင်းကို သိလိုစိတ်များ ပြင်းပြနေကြလေသည်။ ရွှီယန်က အချိန်ဆွဲမနေတော့ဘဲ တိုက်ရိုက်ပင် ရှင်းပြလိုက်သည်။

"အကြောင်းရင်းက အရမ်းကို ရိုးရှင်းပါတယ်... ဖူကျိ တောမြင်းတွေက အတော်လေး ကဲတတ်ကြလို့ပါ... တောမြင်း အတော်များများက တခြားလူတွေ ဆီက မြင်းထီးတွေကို သွားရှာပြီး မျိုးစပ်လေ့ ရှိကြတယ်... အဲဒီကနေ ကပြားလေးတွေ မွေးလာတော့ ဖူကျိ တောမြင်းတွေရဲ့ သွေးသားက တဖြည်းဖြည်းနဲ့ မစစ်မှန်တော့တာပါ... ဒီဘက်က ဘေးမဲ့တောကလည်း ဖူကျိ တောမြင်းတွေ အချင်းချင်းပဲ မျိုးဆက်ပွားဖို့နဲ့ ဖြစ်သလို လျှောက်မသွားကြဖို့ ကာကွယ်ပေးနေတာပါ"

ရွှီယန်၏ စကားကို ကြားသောအခါ အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြရလေသည်။ ဘာကြီးဖြစ်သွားသည်ကို နားမလည်နိုင်အောင် ဖြစ်သွားကြသည်။

ဖူကျိ တောမြင်းများ မျိုးတုံးရခြင်း အကြောင်းရင်းက ကဲလွန်းသောကြောင့် ဆိုသည်ကို ကြားလိုက်ရသဖြင့် အားလုံး အံ့ဩမှင်တက် သွားကြရလေသည်။ အားလုံးက ဤဗဟုသုတကို တစ်ခဏချင်း လက်ခံနိုင်ရန် ခက်ခဲနေကြလေသည်။

ဤသည်က အတော်လေး အံ့ဩစရာ ကောင်းလွန်းလှပေသည်။ ဘေးနားရှိ ကင်းလှည့်သူ နှစ်ယောက်မှာလည်း ရယ်ရခက် ငိုရခက် ဖြစ်နေကြသော်လည်း ဤသည်မှာ အမှန်တရား ဖြစ်ကြောင်း ဝန်ခံရမည်သာ ဖြစ်လေသည်။

အင်တာနက်သုံးစွဲသူများက ဤကဲ့သို့သော ထူးဆန်းသည့် အကြောင်းအရာများကို အမြဲတမ်း နှစ်သက်ကြရာ ကွန်မန့်စာသားများ ချက်ချင်းပင် စည်ကားသိုက်မြိုက် လာတော့သည်။

[ဖူကျိ တောမြင်းတွေ တဖြည်းဖြည်း နည်းလာရတဲ့ အကြောင်းရင်းက ကပြား တွေကြောင့် ဆိုတာ ဟုတ်ရဲ့လား]

[အဲဒီလို ဆိုရင် ရိုးရာတောခွေး တွေလည်း မျိုးတုံးသွားပြီပေါ့... အကုန်လုံးက ကပြား တွေချည်းပဲ ဖြစ်နေလောက်ပြီ]

[ဟားဟားဟား... နိုင်ငံတော်အဆင့် တစ် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်တွေက ဒီလိုကိစ္စမျိုး လုပ်လိမ့်မယ်လို့ တွေးတောင် မတွေးထားခဲ့ဘူး]

[အမှန်အတိုင်း ပြောရရင် အိမ်မွေးမြင်းတွေက ဖူကျိ တောမြင်းတွေထက် အများကြီး ပိုပြီး အရပ်ရှည် တောင့်တင်းတယ်လေ... မြင်းမတွေက ဒီတောမြင်းထီးတွေကို သဘောမကျတာလည်း ပုံမှန်ပါပဲ]

အားလုံးက ကျယ်လောင်စွာ ရယ်မောလိုက်ကြလေသည်။ တိုက်ရိုက်ထုတ်လွှင့်မှု လေထုက အလွန် စည်ကားသိုက်မြိုက် နေလေသည်။

ရွှီယန် ကတော့ အဝေးရှိ တောမြင်းများကို ကြည့်ရင်း ရတနာရှာဖွေရေး တာဝန်ကို စတင်ရန် တိတ်တဆိတ် ရွေးချယ်လိုက်လေသည်။

[ရတနာရှာဖွေရေး တာဝန်ကို စတင်ပါပြီ... အစာကျွေးခြင်း... ကုန်းပြင်မြင့် ပေါ်မှ နဂါးနှင့် ဖီးနစ်ငှက်ငယ်]

[တာဝန် အကြောင်းအရာ... သတ်မှတ်ထားသော တိရစ္ဆာန်များကို အစာကျွေးရန်]

[ရရှိမည့် ကျွမ်းကျင်မှု... တိဗက်မြေခွေး၏ နှစ်သက်မှု... လင်းမြီးကြောင်၏ နှစ်သက်မှု]

[တာဝန် ဆုလာဘ်... သုံးမီတာရှည်သော အရုပ် နှစ်ရုပ် ပါဝင်သည့် တိဗက်မြေခွေး နှင့် လင်းမြီးကြောင်]

တာဝန် အောင်မြင်စွာ စတင်သွားခဲ့ပြီ ဖြစ်လေသည်။

ဤတာဝန်ကို မြင်သောအခါ ရွှီယန်က နှုတ်ခမ်းကို စေ့လိုက်ပြီး အနည်းငယ် စကားဆွံ့အ သွားရလေသည်။ တိဗက်မြေခွေး နှင့် လင်းမြီးကြောင် ပင်ဖြစ်သည်။ ကုန်းပြင်မြင့်၏ နဂါး နှင့် ဖီးနစ်ငှက်ငယ် တို့ ဖြစ်ကြလေသည်။

တိဗက်မြေခွေးက မြေခွေးများထဲတွင် မျက်နှာသွင်ပြင် အထူးခြားဆုံး ဖြစ်ပြီး ဝါရင့် အရာရှိကြီး တစ်ယောက်နှင့် တူကာ မျက်လုံးများထဲတွင် လောကဓံကို အကြိမ်ကြိမ် ဖြတ်သန်းဖူးသည့် အငွေ့အသက်များ ပြည့်နှက်နေလေသည်။

လင်းမြီးကြောင် ကတော့ ကြောင်မျိုးနွယ် တိရစ္ဆာန်များထဲတွင် အထူးဆန်းဆုံး ဖြစ်ပြီး ချင်မင်းဆက်မှ အမတ်ကြီး အောင်ပိုင် ၏ ပုံစံမျိုး ရှိကာ ဆံပင်ပုံစံက ဗုံးခွဲခံထားရသည့် အလား ပင်ဖြစ်သည်။

ဤကောင်လေး နှစ်ကောင်က ကြောင်မျိုးနွယ်နှင့် ခွေးမျိုးနွယ်များထဲတွင် အထူးခြားဆုံး ဖြစ်ကြလေသည်။ ဤတစ်ကြိမ် စတင်လိုက်သော ရတနာရှာဖွေရေး တာဝန်က ၎င်းတို့ နှစ်ကောင်ကို အစာကျွေးရန် ဖြစ်နေလိမ့်မည်ဟု တွေးတောင် မတွေးထားခဲ့မိချေ။

တာဝန်ကတော့ မခက်ခဲသော်လည်း ဤဆုလာဘ်ကတော့ အတော်လေး ပြောရခက်လှပေသည်။

'ဒီလောက် ရုပ်ဆိုးတဲ့ အရုပ်ကြီး နှစ်ရုပ်ကို ငါက ဘာလုပ်ရမှာလဲ... ဒါပေမဲ့ ရပါတယ်လေ... အချိန်ကျရင် ရှောင်ဟေး တို့ကို ဆော့ဖို့ ပေးလိုက်လို့ ရတာပဲ...'

ထိုစဉ်မှာပင် ကားနှင့် မလှမ်းမကမ်းရှိ တောင်စောင်းပေါ်တွင် တိဗက်မြေခွေးများ တကယ် ရှိနေကြောင်း ရွှီယန် သတိထားမိလိုက်သည်။

တိဗက်မြေခွေး စုစုပေါင်း သုံးကောင် ရှိပြီး အကြီးတစ်ကောင်နှင့် အငယ်နှစ်ကောင် ဖြစ်ကြကာ မြေပြင်ပေါ်တွင် ထိုင်လျက် လောကဓံကို အကြိမ်ကြိမ် ဖြတ်သန်းဖူးသည့် မျက်နှာပေးဖြင့် ရွှီယန် ရှိရာဘက်သို့ ကြည့်နေကြလေသည်။

"ဟိုဘက်ကို ကြည့်လိုက်... အဲဒီမှာ တောရိုင်း တိဗက်မြေခွေးတွေ ရှိနေတယ်... ဒီပတ်ဝန်းကျင်က တော်တော်လေး ကောင်းတာပဲ..."

ရွှီယန်က အဝေးသို့ လက်ညှိုးထိုးပြကာ ထပ်မံ၍ စကားဆိုလိုက်သည်။ ဒရုန်းကင်မရာက အဝေးဆီသို့ ရိုက်ကူးလိုက်ရာ အင်တာနက်သုံးစွဲသူများလည်း တိဗက်မြေခွေး၏ ရုပ်ရည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရသည်။

တိဗက်မြေခွေး၏ လောကဓံကို အကြိမ်ကြိမ် ဖြတ်သန်းဖူးသည့် မျက်နှာပေးကို မြင်လိုက်ရသောအခါ အားလုံး အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြရလေသည်။ ဤအကြည့်များက မိမိတို့ ရုံးမှ အငြိမ်းစား ယူတော့မည့် အထက်လူကြီးနှင့် အလွန် တူနေသည်ဟု ခံစားလိုက်ကြရလေသည်။

[ဟားဟားဟား... သူ့ရဲ့ ဒီမျက်နှာကြီးကို မြင်ရတိုင်း အရမ်း ရယ်ရတာပဲ]

[ဒီလောက် ရုပ်ဆိုးတဲ့ မြေခွေးမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ]

[မြေခွေး မျိုးနွယ်စုရဲ့ အရှက်ရစရာ ကောင်ပဲ]

[သူက ချစ်စရာ ကောင်းအောင် အသံစူးစူးလေးနဲ့ အော်တတ်ပါ့မလား]

[ဟားဟား... မြင်ကွင်းက အရမ်း လှပလွန်းတော့ ငါ မကြည့်ရဲတော့ဘူး]

အားလုံးက ချက်ချင်းပင် ပျော်ရွှင်စွာ ရယ်မောလိုက်ကြလေသည်။ ဤအချိန်တွင် တိဗက်မြေခွေး ကလည်း ရွှီယန်ကို သတိထားမိသွားလေသည်။

၎င်းက ရွှီယန် ရှိရာဘက်သို့ ချက်ချင်း ခပ်သုတ်သုတ် ပြေးလာခဲ့လေသည်။ မြေခွေးငယ်လေး နှစ်ကောင် ကလည်း အနောက်မှ လိုက်ပါလာကြသည်။

"သူတို့ လာနေကြပြီ..."

ရွှီယန်က မိမိတွင် တိဗက်မြေခွေး၏ နှစ်သက်မှု စွမ်းရည် ရှိနေကြောင်း သိရှိထားသော်လည်း အံ့အားသင့်သွားသည့် ဟန်ဆောင်လိုက်လေသည်။

ကင်းလှည့်သူ နှစ်ယောက်မှာလည်း အနည်းငယ် မှင်တက်သွားကြရလေသည်။ သူတို့နှစ်ယောက်က တိဗက်မြေခွေးများကို စူးစမ်းချင်စိတ်ဖြင့် ကြည့်နေကြပြီး တိဗက်မြေခွေးများက ဘာကြောင့် ဤဘက်သို့ ပြေးလာကြသနည်းဟု တွေးတော နေကြလေသည်။

တောရိုင်း တိရစ္ဆာန်များက ပုံမှန်အားဖြင့် လူကိုမြင်လျှင် ထွက်ပြေးတတ်ကြသည် မဟုတ်ပါလော။ ရှောင်ဟေး ကတော့ ရွှီယန်၏ ဘေးနားတွင် ရပ်လျက် တိဗက်မြေခွေးများကို အဝေးမှနေ၍ အချိန်အတော်ကြာအောင် ကြည့်ရှု နေလေသည်။

၎င်း၏ မျက်လုံးများထဲတွင် စူးစမ်းချင်စိတ်များ ပြည့်နှက် နေလေသည်။ ဤကောင်လေးများက ကြည့်ရသည်မှာ ရင်းနှီးကျွမ်းဝင်နေသော်လည်း ဘာကြောင့် ဤမျှလောက် ရုပ်ဆိုးနေရသနည်း ဟု တွေးတော နေပုံ ရလေသည်။

သိထားရမည်မှာ ရှောင်ဟေး က လယ်ယာခြံဝင်းထဲတွင် မြေခွေးနီလေးများနှင့် အမြဲတမ်း ဆော့ကစားလေ့ ရှိပြီး မြေခွေးနီလေးများက အထူး ချစ်စရာ ကောင်းကာ ရုပ်ရည် လှပပြီး ချစ်စရာ ကောင်းအောင်လည်း ဟန်ဆောင်တတ်ကြလေသည်။ သို့သော် တိဗက်မြေခွေး ကတော့ လုံးဝ မတူညီချေ။ အဘိုးကြီး တစ်ယောက်နှင့် ချစ်စရာကောင်းသော ကောင်မလေး တစ်ယောက်၏ ကွာခြားချက်မျိုး ပင်ဖြစ်သည်။

"ရှောင်ဟေး... ဟိုဘက်ကို မသွားနဲ့... နောက်ဆုတ်ပြီး ထိုင်နေ..."

ရွှီယန်က ရှောင်ဟေး ကြောင့် တိဗက်မြေခွေးများ လန့်ဖြတ်သွားမည်ကို စိုးရိမ်သလို ရောဂါပိုးမွှားများ ကူးစက်ခံရမည်ကိုလည်း စိုးရိမ်သဖြင့် ရှောင်ဟေးကို ခြေလှမ်းအနည်းငယ် နောက်ဆုတ်ခိုင်းလိုက်သည်။

သူက အရှေ့သို့ လျှောက်သွားပြီး ကွက်လပ်တစ်ခု ပေါ်သို့ ရောက်ရှိသွားလေသည်။ အကြီးတစ်ကောင်နှင့် အငယ်နှစ်ကောင် ပါဝင်သော တိဗက်မြေခွေး သုံးကောင်က သူ့ကို အနည်းငယ်မျှပင် မကြောက်ရွံ့ဘဲ သူ၏ အရှေ့သို့ တိုက်ရိုက် ပြေးလာကြတော့သည်။

ဤမြင်ကွင်းကို မြင်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ အင်တာနက်သုံးစွဲသူများမှာ ချက်ချင်းပင် အံ့အားသင့် သွားကြရလေသည်။

[ဘာအခြေအနေလဲ... ဒီတိဗက်မြေခွေးတွေက ဘယ်လိုလုပ်ပြီး လောင်ရွှီ ရဲ့ ဘေးနားကို ရောက်သွားတာလဲ]

[လခွမ်း... လူကို နည်းနည်းလေးမှ မကြောက်ဘူးလား]

[လောင်ရွှီ... မင်း တိဗက်မြေခွေးတွေကို ခိုးမွေးထားတာ မဟုတ်ဘူးလား]

[ဘေးနားမှာတင် ကင်းလှည့်သူတွေ ရှိတယ်... မြန်မြန် တိုင်တောလိုက်ကြ]

ကွန်မန့်စာသားများက အဆက်မပြတ် လိမ့်တက်နေလေသည်။ အားလုံးက ဤကဲ့သို့သော မြင်ကွင်းမျိုးကို အကြိမ်မည်မျှ မြင်တွေ့ရပါစေ အကြိမ်တိုင်းတွင် အံ့အားသင့် နေကြရဆဲပင် ဖြစ်လေသည်။

ဤသည်မှာ သိပ္ပံနည်းကျ လုံးဝ မကျချေ။ ရွှီယန်လည်း ဘာပြောနိုင်မည်နည်း။ တည်ငြိမ်စွာဖြင့်သာ ရှင်းပြလိုက်ရတော့သည်။

"ကျွန်တော် ကြိုပြီး ရှင်းပြထားပါရစေ... ကျွန်တော်နဲ့ ဒီတိဗက်မြေခွေး သုံးကောင်က လုံးဝကို မသိကျွမ်းပါဘူး... သူတို့ ဘာလို့ ဒီဘက်ကို လာကြတာလဲ ဆိုတာကိုလည်း ကျွန်တော် မသိပါဘူး..."

စကားပြောနေရင်းနှင့်ပင် ရွှီယန်က အိတ်ကပ်ထဲမှ မုန့်ချို အချို့ကို ထုတ်ယူကာ တိဗက်မြေခွေးများကို ကျွေးမွေးလိုက်သည်။ တိဗက်မြေခွေးများက အစုံစား တိရစ္ဆာန်များ ဖြစ်ကြရာ ဤအရာများ အားလုံးကို စားသောက်နိုင်လေသည်။

ရွှီယန်က ၎င်းတို့၏ ဓလေ့စရိုက်များကို အလွန် ကောင်းစွာ သိရှိ နားလည်ထားလေသည်။ ရွှီယန်၏ အစာကျွေးမှုကို တိဗက်မြေခွေးများက ပျော်ရွှင်စွာဖြင့် စားသောက်ကြလေသည်။ ကင်းလှည့်သူ နှစ်ယောက်မှာ အံ့အားသင့် နေကြဆဲပင် ဖြစ်လေသည်။

သူတို့နှစ်ယောက်က ဤတိဗက်မြေခွေး သုံးကောင်က လူများကို ခင်မင်ရင်းနှီးတတ်သည်ဟု ထင်မှတ်ကာ အနားသို့ သွားရောက် ကြည့်ရှုလိုစိတ် ဖြစ်ပေါ်လာကြလေသည်။ ကင်းလှည့်သူများ အနေဖြင့် ချစ်စရာကောင်းပြီး လူကို ခင်မင်တတ်သော တိရစ္ဆာန်များနှင့် တွေ့ဆုံပါက ပွတ်သပ် ကြည့်ရှုတတ်ကြလေသည်။ ဤသည်မှာ မဆန်းလှချေ။

သို့သော် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ထူးဆန်းသည့် ကိစ္စကြောင့် သူတို့နှစ်ယောက် အနားသို့ ချဉ်းကပ်သွားသည်နှင့် တိဗက်မြေခွေး သုံးကောင်က ချက်ချင်းပင် နောက်လှည့်၍ ထွက်ပြေးကြတော့သည်။

"ဟင်..."

ကင်းလှည့်သူများမှာ ချက်ချင်းပင် နေရာတွင် ကြောင်အမ်းအမ်း ဖြစ်သွားကြရလေသည်။ ငါတို့လာတော့ မင်းတို့က ထွက်ပြေးတယ်ပေါ့ ဟု တွေးတောမိကြလေသည်။

ဤအခိုက်အတန့်တွင် ကင်းလှည့်သူများ၏ ခေါင်းထဲ၌ လူကြီးလူကောင်း ဟူသော သီချင်း၏ စာသားများပင် ပဲ့တင်ထပ် လာသကဲ့သို့ ခံစားလိုက်ရလေသည်။ မင်း နောက်ဆုတ်သွားတဲ့ ခြေတစ်ဝက်က တကယ် အတည်ကြီးလား၊ သေးငယ်တဲ့ လုပ်ရပ်လေးက နာကျင်မှုကိုတော့ အများကြီး ဖြစ်စေတယ် ဟူ၍ ဖြစ်လေသည်။

တိဗက်မြေခွေး သုံးကောင်က ခြေလှမ်း အနည်းငယ် ထွက်ပြေးသွားပြီးနောက် ကင်းလှည့်သူ နှစ်ယောက်ကို သတိဝီရိယဖြင့် စိုက်ကြည့် နေကြလေသည်။ သူတို့နှစ်ယောက်လည်း ဆက်မလျှောက်ရဲ တော့ချေ။

"သူတို့က ငါတို့ကို ကြောက်နေတာလား... ငါက ကင်းလှည့်သူလေ... မင်းတို့ကို ကာကွယ်ပေးတဲ့ သူပါကွ... နေပါဦး... ငါတို့က လူဆိုးတွေနဲ့ အရမ်း တူနေလို့လား..."

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများက ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်ကြလေသည်။

[ဟားဟားဟား... ကင်းလှည့်သူတွေက တိဗက်မြေခွေးတွေရဲ့ ရွံရှာတာ ခံလိုက်ရမယ် လို့ တွေးတောင် မတွေးထားခဲ့ဘူး]

[ဒါက ပုံမှန်ပါပဲ... တောရိုင်း တိရစ္ဆာန်တွေက မူလကတည်းက လူတွေကို ကြောက်တတ်ကြတာလေ]

[မင်း ဆိုလိုတာက အစ်ကိုယန် က လူမဟုတ်ဘူးလို့ ပြောချင်တာလား]

[အစ်ကိုယန် ရဲ့ ဒီခန္ဓာကိုယ်က တကယ်ကို သာမန် မဟုတ်ဘူး... အခုတော့ သက်သေ အခိုင်အမာ ပြသွားပြီပဲ]

ဤအချိန် ဤအခိုက်အတန့်တွင် ကင်းလှည့်သူ က အတော်လေး အံ့အားသင့် နေပြီး စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်ကာ စကားဆိုလိုက်သည်။

"အစ်ကိုယန်... ကျွန်တော်တို့ နှစ်ယောက် နောက်ဆုတ်နေခဲ့မယ်... အစ်ကို ရှေ့ကို သွားကြည့်ပါလား... ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပြဿနာ ဟုတ်မဟုတ် ကြည့်ချင်လို့ပါ..."

စကားပြောနေရင်းနှင့်ပင် ကင်းလှည့်သူ နှစ်ယောက်စလုံးက နောက်သို့ ဆုတ်သွားကြလေသည်။ ရွှီယန်က ပြုံးလိုက်ပြီး တိဗက်မြေခွေးများ ရှိရာဘက်သို့ ပေါ့ပေါ့ပါးပါးပင် လျှောက်သွားလိုက်သည်။ ထင်သည့်အတိုင်းပင် တိဗက်မြေခွေး သုံးကောင်က အနည်းငယ်မျှပင် မလှုပ်ရှားကြချေ။

ရွှီယန် ၎င်းတို့၏ ဘေးနားသို့ ရောက်သွားသောအခါတွင်လည်း ထွက်ပြေးခြင်း မရှိသည့်အပြင် မြေပြင်ပေါ်တွင် ထိုင်လျက် အလွန် ပေါ့ပါး လွတ်လပ်ပြီး ပျော်ရွှင်နေသည့် ဟန်ပန်ကို ပြသနေကြလေသည်။

ကင်းလှည့်သူ နှစ်ယောက်မှာ ချက်ချင်းပင် အကူအညီမဲ့ သွားသော မျက်နှာပေးများ ဖြစ်သွားကြရလေသည်။ သွားပြီဟေ့၊ ဆက်မကစားတော့ဘူး ဟု တွေးတောမိကြတော့သည်။

All Chapters