← Chapters

အခန်း (၄၂၃-၄၂၄)

Vol. 43 Ch. 423-424

အခန်း (၄၂၃-၄၂၄)

Vol. 43 Ch. 423-424

အခန်း ၄၂၃။ မင်းက ဒါကို တိုက်ဆိုင်မှု လို့ ခေါ်တာလား

ရုပ်ဆိုးဆိုး တိဗက်မြေခွေး သုံးကောင်က ရွှီယန်၏ ခြေရင်းတွင် ဆော့ကစား နေကြသည်။

ရွှီယန်က စပျစ်သီးခြောက် အိတ်တစ်အိတ်ကို ထုတ်ယူကာ ၎င်းတို့ကို အနည်းငယ် ကျွေးမွေးလိုက်သည်။

တိဗက်မြေခွေးများ၏ ရုပ်ရည်က တကယ်ကို ထူးဆန်းလှပေသည်။ ခန္ဓာကိုယ် အချိုးအစားက လုံးဝ မညီညာဘဲ ခေါင်းကလည်း ကြီးမားနေလေသည်။

သို့သော် အချိန်အကြာကြီး ကြည့်နေမိပါက အနည်းငယ် ကြည့်ကောင်းလာသလို ခံစားရလေသည်။

အင်တာနက်သုံးစွဲသူများက ပျော်ရွှင်စရာ ကောင်းသည်ဟု ခံစားရကာ အားလုံးက ရယ်မော နေကြလေသည်။

ကင်းလှည့်သူ နှစ်ယောက်က ဘေးနားတွင် ဆောင့်ကြောင့်ထိုင်လျက် ညှိုးနွမ်းနေသော မြက်ပင် အချို့ကို ပျင်းရိစွာ ဆော့ကစား နေကြလေသည်။

သူတို့၏ ရင်ထဲတွင် ဝမ်းနည်း နေကြလေသည်။

ဤတိဗက်မြေခွေးများက ရွှီယန် တစ်ယောက်တည်းကိုသာ ခင်မင် ရင်းနှီးကြခြင်း ပင်ဖြစ်သည်။ ထိုသို့ဆိုလျှင် ကင်းလှည့်သူများ ဖြစ်သော သူတို့က ဘာများလဲ ဟု တွေးတော နေမိကြသည်။

ရွှီယန်က တိဗက်မြေခွေးများကို အစာကျွေး ပြီးနောက် လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်လေသည်။

တိဗက်မြေခွေးများကလည်း ပျော်ရွှင်စွာဖြင့် ပြေးထွက် သွားကြတော့သည်။

ကုန်းပြင်မြင့်တွင် တိဗက်မြေခွေး များပြားသော်လည်း ၎င်းတို့က သတိထား၍ ရှင်သန် နေထိုင်ကြရလေသည်။ မည်သို့ပင်ဖြစ်စေ သားရဲများနှင့် သားရဲငှက်များ လည်း မနည်းလှချေ။

"အစ်ကိုယန်... အစ်ကို ဘယ်လို လုပ်လိုက်တာလဲ... ကျွန်တော့်ကိုလည်း သင်ပေးပါဦး"

လူငယ် ကင်းလှည့်သူ တစ်ယောက်က မျက်နှာပေါ်တွင် အားကျ လေးစားမှုများ ပြည့်နှက်လျက် မေးမြန်း လိုက်လေသည်။

ဤဒေသတွင် ယုံကြည်ကိုးကွယ်မှု ယဉ်ကျေးမှုများ အတော်လေး ထွန်းကားသဖြင့် ဤကင်းလှည့်သူ လူငယ်လေးက ရွှီယန်ကို ကံကောင်းခြင်းများ ဆောင်ကြဉ်းလာမည့် နတ်ဘုရား တစ်ပါး အဖြစ်ပင် သတ်မှတ်လုမတတ် ဖြစ်နေလေသည်။

"ကျွန်တော်လည်း သေချာ မသိပါဘူး... သူတို့ဘာသာ သူတို့ ကျွန်တော့် ဆီကို ရောက်လာကြတာပါ"

ရွှီယန်က ပြုံးကာ ပြန်လည် ဖြေကြား လိုက်လေသည်။

ထိုစကားကို ကြားသောအခါ ကင်းလှည့်သူ နှစ်ယောက်မှာ သက်ပြင်းချရုံ သာ တတ်နိုင်တော့သည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ အင်တာနက်သုံးစွဲသူများက သူတို့၏ စကားပြောသံများကို ကြားသောအခါ မနေနိုင်ဘဲ ရယ်မော လိုက်ကြလေသည်။

[အစ်ကိုယန် ရဲ့ ခန္ဓာကိုယ် သဘာဝက အမြဲတမ်း ဒီလိုပဲ မဟုတ်ဘူးလား]

[ပိုင်ချီ လင်းပိုင် တောင် ထွက်လာသေးတာပဲ... သူ မဆွဲဆောင်နိုင်တဲ့ အကောင် ဆိုတာ မရှိတော့ပါဘူး]

[အဲဒီတုန်းက ပန်ဒါဝက်ဝံ တွေလည်း အစ်ကိုယန် အနားကို ကပ်လာကြတာ ငါ မှတ်မိသေးတယ်... သတင်းကြီး တောင် ဖြစ်သွားသေးတာပဲ]

[ကျား တောင်မှ ဘာမှ မလုပ်ဘူး... ဒီခန္ဓာကိုယ်ကြီးက ဒရူးအစ် တွေနဲ့ တစ်ပုံစံတည်းပဲ]

[အရင်က သူ့ကို ချန်ပိုင်တောင်တန်း ရဲ့ လမ်းသရဲ လို့ ထင်ထားခဲ့တာ... တစ်နိုင်ငံလုံး ရဲ့ လမ်းသရဲ ဖြစ်နေလိမ့်မယ်လို့ တွေးတောင် မတွေးထားခဲ့ဘူး]

[တကယ်ပဲ... ဩစတြေးလျ ကို သွားတုန်းကတော့ အဆင်မပြေဘူး... သားပိုက်ကောင် တွေနဲ့ ရန်ဖြစ်ခဲ့ရတာကို ငါ မှတ်မိသေးတယ်]

ကွန်မန့်စာသားများက အဆက်မပြတ် လိမ့်တက် နေလေသည်။ ရွှီယန် ကတော့ အားလုံး၏ ကွန်မန့်များကို အထူးအဆန်း မဖြစ်တော့ချေ။

မည်သို့ပင်ဖြစ်စေ အခြေအနေက ဤသို့ ဖြစ်နေပြီ ဖြစ်ရာ အားလုံး ပြောသည့်အတိုင်းသာ သဘောထား လိုက်တော့သည်။

တိဗက်မြေခွေးများကို အစာကျွေး ပြီးနောက် လင်းမြီးကြောင် ကိုလည်း အစာ သွားကျွေးရဦးမည် ဖြစ်လေသည်။

ရွှီယန် ထံတွင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ၏ လမ်းညွှန်မှု ရှိနေသဖြင့် အချိန်သိပ်မကြာခင်မှာပင် မြေပြင်ပေါ်တွင် ထိုင်နေသော လင်းမြီးကြောင် တစ်ကောင်ကို အဝေးမှနေ၍ လှမ်းမြင်လိုက်ရလေသည်။

ချန်ပိုင်တောင်တန်း ၏ သစ်တောထဲတွင်လည်း ဤကောင်လေးများ ရှိလေသည်။ ထို့ကြောင့် မြင်တွေ့လိုက်ရသည်နှင့် ရင်းနှီးကျွမ်းဝင် နေသကဲ့သို့ ခံစားလိုက်ရလေသည်။

လင်းမြီးကြောင်က မြေပြင်ပေါ်တွင် ထိုင်နေစဉ် ၎င်း၏ အမြီးကို ကန့်လန့်ဖြတ်ကာ အသားပြည့်နေသော ရှေ့လက်ဖဝါးလေး များကို အမြီးပေါ်သို့ တင်ထားလေသည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် ရှေ့လက်ဖဝါးလေးများက အလွန် နွေးထွေး နေမည် ဖြစ်လေသည်။

ကားက ထပ်မံ ရပ်တန့် သွားပြန်သည်။

"ဟိုဘက်မှာ လင်းမြီးကြောင် တစ်ကောင် ရှိတယ်"

ရွှီယန်က ကားပေါ်မှ ဆင်းကာ လင်းမြီးကြောင် ရှိရာဘက်သို့ ကြည့်ရင်း စကားဆိုလိုက်သည်။ ကင်းလှည့်သူများ လည်း ကားပေါ်မှ ဆင်းလာကြလေသည်။

ပုံမှန် အခြေအနေမျိုးတွင် လူသားများက တောရိုင်း တိရစ္ဆာန်များ၏ နေထိုင်မှု ဘဝကို ဖြစ်သလို ဝင်ရောက် စွက်ဖက်ခွင့် မရှိချေ။ သို့သော် တောရိုင်း တိရစ္ဆာန်များ ကိုယ်တိုင်က ဝင်ရောက် စွက်ဖက်မှုကို တက်ကြွစွာ လက်ခံ နေမည် ဆိုပါကလည်း မတတ်နိုင်ချေ။

ဥပမာအားဖြင့် ယခု လက်ရှိ အခြေအနေမျိုး ပင်ဖြစ်သည်။ ရွှီယန်က အရှေ့သို့ ခြေလှမ်း အနည်းငယ် လျှောက်သွားပြီး ကွက်လပ်ပေါ်သို့ ရောက်ရှိ သွားလေသည်။ လင်းမြီးကြောင် က ရွှီယန်ကို စူးစိုက် ကြည့်နေပြီးနောက် သူ့ရှိရာဆီသို့ တောက်လျှောက် ပြေးလာခဲ့လေသည်။

ကင်းလှည့်သူများ၏ ရင်ထဲတွင် အံ့ဩ မှင်တက် သွားကြရလေသည်။

'လခွမ်း... ဘာအခြေအနေကြီးလဲ... ထပ်လာပြန်ပြီလား'

အင်တာနက်သုံးစွဲသူများ မှာလည်း မှင်တက် သွားကြရလေသည်။ တကယ်ကြီး တိရစ္ဆာန်များ၏ အချစ်တော် ဖြစ်နေသည်လား ဟု တွေးတော နေကြလေသည်။

[လောင်ရွှီ... ဒီလင်းမြီးကြောင် ကို မင်း မွေးထားတာ မဟုတ်ဘူးလို့ ပြောရဲသေးလား]

ရွှီယန်က အမဲသားခြောက် ထုပ်ကို ထုတ်ယူကာ ပြုံးလျက် စကားဆိုလိုက်သည်။

"ကျွန်တော်နဲ့ သူနဲ့က မရင်းနှီးပါဘူး... ဘယ်လိုဖြစ်ပြီး ရောက်လာမှန်းတောင် မသိပါဘူး"

ထိုအချိန်တွင် စနစ်ထံမှ အသိပေးသံ ထွက်ပေါ်လာခဲ့ပြီး ရတနာရှာဖွေရေး တာဝန် အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်လေသည်။

[ရတနာရှာဖွေရေး တာဝန် အောင်မြင်စွာ ပြီးမြောက်ပါပြီ]

သူက သုံးမီတာ အရွယ်အစားရှိသော အရုပ် နှစ်ရုပ်ကို ဆုလာဘ်အဖြစ် ရရှိခဲ့လေသည်။

အရုပ်များက အလွန် ကြီးမားလှပြီး တစ်ရုပ်က တိဗက်မြေခွေး အရုပ် ဖြစ်ကာ အခြားတစ်ရုပ်က လင်းမြီးကြောင် အရုပ် ဖြစ်လေသည်။ ကုတင် အဖြစ်ပင် အသုံးပြု၍ ရနိုင်လောက်အောင် ကြီးမားလှပေသည်။

ရွှီယန်က ဆုလာဘ်များကို သိပ်ပြီး ဂရုမစိုက်သော်လည်း ယခုအခါ လင်းမြီးကြောင်ကို အနီးကပ် ပွတ်သပ်ခွင့် ရနေသဖြင့် ခံစားချက်က အတော်လေး ကောင်းမွန် နေလေသည်။

ရွှီယန်က လင်းမြီးကြောင် ၏ ခန္ဓာကိုယ်ကို ပွတ်သပ် ကြည့်လိုက်သည်။ အမွေးအမျှင်များက အလွန် ထူထဲပြီး ခန္ဓာကိုယ်ကလည်း အသားပြည့် နေလေသည်။

"တကယ် ဝနေတာပဲ... ငါက အမွေးတွေပွပြီး ဝနေတယ်လို့ ထင်နေခဲ့တာ"

"ဒီခန္ဓာကိုယ်က တော်တော်လေး လုံးဝန်းတာပဲ"

ရွှီယန်က အံ့အားသင့်စွာဖြင့် စကားဆိုလိုက်သည်။

ရွှီယန်၏ စကားကို ကြားသောအခါ လင်းမြီးကြောင် က ရွှီယန်ကို အံ့အားသင့်သော မျက်နှာပေးဖြင့် စိုက်ကြည့် နေလေသည်။

'မင်းမှာ ယဉ်ကျေးမှု ဆိုတာ မရှိဘူးလား'

တာဝန် အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေပြီ။ လင်းမြီးကြောင် လည်း အစားအစာ အချို့ကို စားသောက် ပြီးနောက် ပျော်ရွှင်စွာဖြင့် ထွက်ပြေး သွားတော့သည်။

ရွှီယန် နောက်လှည့် ကြည့်လိုက်သောအခါ ကင်းလှည့်သူ တစ်ယောက်က ဒူးထောက်လုမတတ် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

"အစ်ကိုယန်... အစ်ကို့မှာ တကယ်ပဲ ဖွင့်ပြောပြလို့ မရတဲ့ လျှို့ဝှက်ချက် တွေ ရှိနေတာလား"

ဤအခြေအနေကို မြင်သောအခါ ရွှီယန်က အကူအညီမဲ့စွာဖြင့် ပြန်လည် ဖြေကြား လိုက်လေသည်။

"အဲဒီလောက် ထူးဆန်းတဲ့ ကိစ္စမျိုး မရှိပါဘူး... တောင်ထဲမှာ အချိန်အကြာကြီး နေထိုင်ပြီး တိရစ္ဆာန် တွေနဲ့ အချိန်အကြာကြီး ပေါင်းသင်းလာရတော့ တဖြည်းဖြည်းနဲ့ တိရစ္ဆာန်လေးတွေကို ဆွဲဆောင်ဖို့ လွယ်ကူလာတာ ဖြစ်မှာပါ"

"အကောင် အနည်းငယ်လောက် ပါပဲ... တိုက်ဆိုင်မှု သက်သက်ပါ"

သူ၏ စကားကို ကြားသောအခါ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ အင်တာနက်သုံးစွဲသူများ က တကျွတ်ကျွတ် စုပ်သပ် လိုက်ကြလေသည်။

[မင်းက ဒါကို တိုက်ဆိုင်မှု လို့ ခေါ်တာလား]

[တိုက်ဆိုင်မှု တွေက အရမ်း များလွန်း နေပြီလေ]

[ငါကျတော့ ဘာလို့ ဒီလို အတွေ့အကြုံမျိုး မရတာလဲ]

တိုက်ရိုက်ထုတ်လွှင့်မှု ၏ လေထုက အလွန် စည်ကား သိုက်မြိုက် နေလေသည်။ လမ်းကြမ်းမောင်းယာဉ် က ကျယ်ပြော ဟင်းလင်းသော တောရိုင်းမြေပြင် ထဲတွင် အရှေ့သို့ ဆက်လက် မောင်းနှင် နေလေသည်။

ကင်းလှည့်သူများ က ရွှီယန်ကို ကင်းလှည့် လမ်းကြောင်း တစ်လျှောက်ရှိ ရှုခင်းများကို မိတ်ဆက် ရှင်းပြ ပေးနေလေသည်။ တစ်ခါတစ်ရံ တွင် တိရစ္ဆာန် ငယ်လေးများ က အလျင်အမြန် ပြေးလွှား ဖြတ်သန်း သွားတတ်လေသည်။

အဝေးဆီမှနေ၍ ကုလားအုတ် အများအပြား ပြေးလွှား ထွက်ခွာ သွားသည်ကိုလည်း ရွှီယန် မြင်တွေ့ လိုက်ရလေသည်။

ထိုအကောင်များ က တောရိုင်း ကုလားအုတ်များ ဖြစ်ကြပြီး မည်သည့် လှုပ်ရှားမှု ကိုမဆို မြင်တွေ့သည်နှင့် ထွက်ပြေးတတ်ကာ အနားသို့ ကပ်၍ လုံးဝ မရနိုင်ကြောင်း ကင်းလှည့်သူများ က ပြောပြကြလေသည်။ အိမ်မွေး ကုလားအုတ်များ ကတော့ လူကို မကြောက်ရွံ့ကြဘဲ လူများ အနားသို့ ကပ်သွားလျှင်လည်း ပြဿနာ မရှိကာ အပြင်ထွက်၍ မြက်စား ပြီးပါက အိမ်သို့ ပြန်လာတတ်ကြလေသည်။

တောရိုင်း ကုလားအုတ်များ ၏ ထိုကဲ့သို့သော ဓလေ့စရိုက်များ ကြောင့် သာလျှင် ဤနေရာတွင် အမြဲတမ်း ရှင်သန် နေထိုင်နိုင်ခြင်း ပင်ဖြစ်သည်။

"အစ်ကိုယန်... တကယ်လို့ အစ်ကိုသာ အနားသွားမယ် ဆိုရင် တောရိုင်း ကုလားအုတ် တွေက ထွက်ပြေးမှာ မဟုတ်ဘူး ထင်တယ်"

ကင်းလှည့်သူ က ထပ်မံ၍ စကားဆိုလိုက်သည်။

"မဖြစ်နိုင်ပါဘူး... အရင်က ကိစ္စတွေ အကုန်လုံး က တိုက်ဆိုင်မှု သက်သက်ပါ"

ရွှီယန်က ပြုံးကာ ပြန်လည် ဖြေကြား လိုက်လေသည်။

တောရိုင်းမြေပြင် ၏ ရှုခင်းများ က အလွန် လှပလှပေသည်။ လူသုံးယောက် က တောင်တစ်လုံး ၏ တောင်ခြေ သို့ ရောက်ရှိ သွားကြပြီး ရှောင်ဟေး ကို ခေါ်ဆောင်ကာ တောင်ပေါ်သို့ ခြေလျင် စတင် တက်ရောက် ကြလေသည်။

သတ်မှတ်ထားသော လမ်းကြောင်း အတိုင်း ပုံမှန် ကင်းလှည့် ကြခြင်း ပင်ဖြစ်သည်။ တစ်ဖက်တွင် လုံခြုံရေး အရ အန္တရာယ် ရှိမရှိ ကို စစ်ဆေးရန် ဖြစ်ပြီး အခြား တစ်ဖက်တွင် လည်း အကူအညီ လိုအပ်နေသော တိရစ္ဆာန်များ ရှိမရှိ ကို ကြည့်ရှုရန် ဖြစ်လေသည်။

တောင်ပေါ်တွင် ရွှီယန် က အလွန် ချစ်စရာ ကောင်းသော တိရစ္ဆာန် ငယ်လေး နှစ်ကောင် ကို ထပ်မံ တွေ့ရှိ လိုက်ရလေသည်။ အီလီ ရှူးယုန်လေးများ ပင်ဖြစ်သည်။

ဤကောင်လေးများ က အထူးပင် ချစ်စရာ ကောင်းလှပေသည်။ ကြီးမားသော နားရွက်ကြီး နှစ်ဖက် ရှိပြီး ရုပ်ဆင်းသွင်ပြင် က ကြွက်များနှင့် အနည်းငယ် တူသော်လည်း ကြွက်များ မဟုတ်ဘဲ ရှူးယုန် မျိုးရင်းဝင် တိရစ္ဆာန်များ ပင်ဖြစ်သည်။

ရွှီယန် က ရှူးယုန်လေး များကို မြင်တွေ့ရသောအခါ အချိန် အတန်ကြာအောင် ငေးကြည့် နေမိလေသည်။ ဤကောင်လေးများ ကို မြင်တွေ့ရန် က အလွန် ခက်ခဲလှပေသည်။ အလွန်လည်း ချစ်စရာ ကောင်းလှပေသည်။

ရှူးယုန်လေးများ က ထျန်းဆန်း တောင်ခြေ တွင် နေထိုင်ကြပြီး ရွှေကြာပန်း၊ ဆီးနှင်းကြာပန်း၊ အက်ဒယ်ဝိုက်စ် ပန်း နှင့် ကျောက်ကပ် ပန်း အစရှိသော တောင်မြင့် အပင်များကို စားသုံးရသည်ကို နှစ်သက်ကြလေသည်။ ၎င်းတို့ စားသောက်သော အပင်များ အားလုံးက ရှားပါး အပင်များချည်းသာ ဖြစ်လေသည်။

မတတ်နိုင်ချေ။ ဤနေရာတွင် အပင်များ ထိုမျှလောက် မများပြားဘဲ စား၍ ရနိုင်သမျှ အရာအားလုံး က ရှားပါး အပင်များ ဖြစ်နေသောကြောင့် ပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့က ဥပဒေကို ချိုးဖောက်ခြင်း မရှိရာ ဖြစ်သလို စားသောက်ခွင့် ရှိလေသည်။

အင်တာနက်သုံးစွဲသူများ ကလည်း ဤကဲ့သို့သော တိရစ္ဆာန်လေးများကို မြင်တွေ့ရသောအခါ အားလုံး၏ အာရုံစိုက်မှု က ဖမ်းစား ခံလိုက်ရလေသည်။ အားလုံးက ထပ်မံ၍ စိတ်လှုပ်ရှား လာကြပြန်သည်။ တကယ်ကို အပြင်လောကရှိ တိရစ္ဆာန်များ က ပို၍ ကြည့်ကောင်းပြီး ထူးဆန်း အံ့ဩဖွယ် ကောင်းလှပေသည်။

ရှူးယုန်လေး က ဆီးနှင်းကြာပန်း နှစ်ပင် ကို ကိုက်ချီ ကာ အလျင်စလို ပြေးထွက် သွားလေသည်။

၎င်းတို့က ပစ္စည်းများ စုဆောင်း သိမ်းဆည်းရသည်ကို နှစ်သက်ကြပြီး အပင်များကို အသိုက်ထဲတွင် ဖွက်ထားတတ်ကြောင်း ရွှီယန် သိရှိထားလေသည်။ ဤအပင်များကို သွားရောက် ဖွက်ထားခြင်း ဖြစ်လောက်သည် ဟု ခန့်မှန်းမိလေသည်။

ရွှီယန် က ဘေးနားတွင် ရပ်နေစဉ် ကင်းလှည့်သူ နှစ်ယောက် က သတိထားမိစွာ ဖြင့် ခြေလှမ်း အနည်းငယ် နောက်ဆုတ် သွားကြပြီးနောက် ရပ်တန့်ကာ အကဲခတ် နေကြလေသည်။

သူတို့နှစ်ယောက်၏ လှုပ်ရှားမှုကို မြင်သောအခါ ရွှီယန် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။

"မင်းတို့ နှစ်ယောက် ဘာကို ကြည့်နေကြတာလဲ"

ဤစကားကို ကြားသောအခါ လူငယ် ကင်းလှည့်သူ က ပြန်လည် ဖြေကြား လိုက်လေသည်။

"အစ်ကိုယန်... ရှူးယုန်လေး တွေက အစ်ကို့ဆီ လာမလာ ဆိုတာကို ကျွန်တော်တို့ ကြည့်နေတာပါ"

"ရှူးယုန် တွေကလည်း လူကို မြင်တာနဲ့ ထွက်ပြေးတတ်တဲ့ အမျိုးအစား တွေပါ... ဒါပေမဲ့ အစ်ကို့ကိုတော့ ခင်မင်လောက်တယ် လို့ တွေးနေတာ"

ဤစကားကို ကြားသောအခါ ရွှီယန် တစ်ယောက် ဘာပြောရမှန်းပင် မသိတော့ချေ။ ဤမျှလောက် တိုက်ဆိုင်မှု မျိုး ဘယ်မှာ ရှိနိုင်မည်နည်း။

စောစောက ကိစ္စများ က သူ့ထံတွင် တာဝန် ရှိနေပြီး တိဗက်မြေခွေး နှင့် လင်းမြီးကြောင် ၏ နှစ်သက်မှုကို ရရှိထားသောကြောင့် သာ ဖြစ်လေသည်။ ယခုအခါတွင်တော့ ထိုစွမ်းရည်များ မရှိတော့ချေ။

ရွှီယန် လည်း ဤသို့သာ ရှင်းပြနိုင်တော့သည်။

"စောစောက ဟာတွေက တိုက်ဆိုင်မှု သက်သက်ပါ လို့ ပြောထားတယ်လေ... ကျွန်တော့် ကိုယ်ပေါ်ကနေ စားစရာ အနံ့ ရသွားလို့များ ဖြစ်မလား မသိဘူး"

ရှူးယုန်လေး နှစ်ကောင် က ရွှီယန်ကို အဖက်မလုပ်ဘဲ ခုန်ဆွခုန်ဆွ ဖြင့် အဝေးသို့ ထွက်ပြေး သွားသည်ကို မြင်သောအခါ မှသာ ကင်းလှည့်သူများ က သူ၏ စကားကို ယုံကြည် သွားကြတော့သည်။

ဤလမ်းတစ်လျှောက် ကင်းလှည့် ရာတွင် မြင်တွေ့ရသော ရှုခင်းများ က အလွန် ကျယ်ပြော လှပေသည်။ ကင်းလှည့်သူများ အဖြစ် လုပ်ကိုင်နိုင်သူများ က ဤကဲ့သို့သော ဘဝနေထိုင်မှု မျိုးကို နှစ်သက်သူများ ချည်းသာ ဖြစ်ကြလေသည်။

သူတို့နှစ်ယောက် က စကားပြော သိပ်မကျွမ်းကျင်ကြဘဲ လမ်းလျှောက်ရင်း ရှုခင်းများကို ခံစား ကြည့်ရှု နေကြလေသည်။ မြို့ပြ ၏ ဖိအားများမှ ကင်းဝေးပြီး ရှုပ်ထွေးသော လူမှု ဆက်ဆံရေး များမှလည်း ကင်းဝေး လေသည်။ ဤသို့ အသက်ရှင် နေထိုင်ရသည်မှာ လည်း အတော်လေး ကောင်းမွန် လှပေသည်။

ယခုအခါ ကင်းလှည့်သူ အရေအတွက် က နည်းပါး လာခဲ့လေပြီ။ နေရာ အတော်များများ တွင် ကင်းလှည့်သူများ အငြိမ်းစား ယူသွားသော်လည်း အခြားသူများ မလာလိုကြသဖြင့် ပြန်လည် ခန့်အပ် ရသည် ဟု ကြားသိရလေသည်။

ဤသို့ ဆိုလျှင်လည်း မဆိုးလှချေ။ ကင်းလှည့်သူများ အတွက် အငြိမ်းစား ယူပါက ပင်စင်လစာ ရရှိမည် ဖြစ်ပြီး ပြန်လည် ခန့်အပ် ခံရပါက လည်း လစာ ထပ်မံ ရရှိမည် ဖြစ်ရာ ဝင်ငွေ နှစ်ခု ရရှိသဖြင့် ဘဝ နေထိုင်မှု က အနည်းငယ် ပို၍ ကောင်းမွန် လာမည် ဖြစ်လေသည်။

ရွှီယန် လည်း ဤကဲ့သို့သော ရှုခင်းမျိုး ကို နှစ်သက် လေသည်။ သေချာသည်ကတော့ သူ၏ လက်ရှိ အနေအထား တွင် ပို၍ ကောင်းမွန်သော ရွေးချယ်မှု ရှိနေပြီ ဖြစ်လေသည်။

ကင်းလှည့် လည်ပတ်ပြီးနောက် ရွှီယန်က အင်တာနက်သုံးစွဲသူများ ကို စကားဆိုလိုက်သည်။

"ဒီနေရာမှာ အားလုံးကို ပြောပြချင်တာက ဘေးမဲ့တော အတော်များများ ကို ကိုယ့်သဘောနဲ့ကိုယ် ဝင်ရောက်ခွင့် မပြုထားပါဘူး... ကျွန်တော် သွားတဲ့ နေရာတွေက ကန့်သတ်ချက် မရှိတဲ့ နေရာတွေ ဖြစ်ရင်ဖြစ် မဖြစ်ရင်လည်း တရားဝင် အဖွဲ့အစည်း တွေနဲ့ ကြိုတင် ချိတ်ဆက် ထားတာပါ"

ရွှီယန် က အားလုံးကို အပြုသဘောဆောင်သော အသိပညာများ ဖြန့်ဝေ ပေးရန် မမေ့လျော့ချေ။

"ကာကွယ် စောင့်ရှောက်ရေး အစီအမံ တွေကို လေးစား လိုက်နာ ရပါမယ်... ကိုယ့်သဘောနဲ့ကိုယ် ဝင်သွားမယ် ဆိုရင် ဒဏ်ရိုက် ခံရနိုင်တဲ့ အပြင် ထောင်ဒဏ် ပါ ကျခံ ရနိုင်ပါတယ်"

လူအများစု က ဖြစ်သလို လျှောက်သွား ကြမည် မဟုတ်သော်လည်း အချို့သော သူများ က လိုက်တု တတ်ကြလေသည်။ မည်သို့ပင်ဖြစ်စေ ရွှီယန်၏ လူကြိုက်များမှု ကြောင့် ဤသို့ လိုက်တုကာ အဖမ်းခံရသူ အရေအတွက် လည်း မနည်းလှချေ။

နောက်ဆက်တွဲ ကုန်းပြင်မြင့် ခရီးစဉ် တွင်လည်း ကြီးမားသော အန္တရာယ်များ မရှိတော့ချေ။ တောရိုင်းမြေပြင် ထဲတွင် ခြေလျင် ခရီးထွက်ရုံ သက်သက်သာ ဖြစ်ပြီး လူသုံးယောက် နှင့် ခွေးတစ်ကောင် တို့၏ မြင်ကွင်း က ကြည့်ရသည်မှာ အလွန် လှပလွန်း လှပေသည်။

ဤနေရာ က ထာလီမု ဘေးမဲ့တော ၏ အတွင်းပိုင်း ဖြစ်ပြီး လူသူ အရောက်အပေါက် နည်းပါးကာ ကုန်းပြင်မြင့် တောင်တန်းဒေသ ၏ တောရိုင်း တိရစ္ဆာန် အများအပြား ရှင်သန် နေထိုင် ကြလေသည်။ တောရိုင်း တိရစ္ဆာန်များ ပိုင်ဆိုင်သော သီးသန့် ကမ္ဘာလေး တစ်ခု ပင်ဖြစ်သည်။

ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ မြင်တွေ့ရခြင်း ကိုပင် အားလုံး က အလွန် ထူးဆန်း အံ့ဩဖွယ် ကောင်းသည်ဟု ခံစား နေကြရလေသည်။

ရွှီယန် က အခွင့်အရေး ယူကာ ရတနာရှာဖွေရေး တာဝန် တစ်ခုကို ထပ်မံ လုပ်ဆောင် လိုက်ပြန်သည်။

တာဝန် က သာမန် တာဝန် သာ ဖြစ်ပြီး ဒဏ်ရာရ နေသော ငှက်ငယ်လေး တစ်ကောင်ကို ကူညီရန် ပင်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ပင် ဘေးနားတွင် ကင်းလှည့်သူများ ရှိနေသဖြင့် ပတ်တီး စည်းပေး ပြီးနောက် ငှက်ငယ်လေး ကို သူတို့ထံသို့ အပ်နှံကာ ကယ်ဆယ် စောင့်ရှောက် စေလိုက်သည်။

ဤနေရာ ၏ ရှုခင်းများ က အလွန် ကောင်းမွန်ပြီး အမှတ်တရ အဖြစ် သိမ်းဆည်းထားရန် တန်ဖိုး ရှိလေသည်။ ဝေးလံ ခေါင်ဖျားသော တောင်မြင့် တောရိုင်းမြေပြင် ဒေသ က ရွှီယန်ကို မတူညီသော အတွေ့အကြုံ များကို ပေးစွမ်း နိုင်လေသည်။

ကင်းလှည့် လည်ပတ် ပြီးဆုံးသွားသော အခါ နေမင်း ကလည်း ဝင်ရောက် လုနီးပါး ဖြစ်နေလေပြီ။ ယနေ့ လူသုံးယောက် အတူတကွ တောင်တက် ကြပြီး အတူတကွ ထမင်းစား ကာ ငှက်ငယ်လေး ကို အတူတကွ ကယ်ဆယ် ခဲ့ကြလေသည်။ အတော်လေး အဓိပ္ပာယ် ပြည့်ဝ လှပေသည်။

တစ်ခါတစ်ရံ အပြင်ထွက်ကာ လှုပ်ရှား သွားလာ ရသဖြင့် ရွှီယန်၏ စိတ်ခံစားချက် က အလွန် ကောင်းမွန် နေလေသည်။ တကယ်ကို အပြင်လောက က အလွန် စိတ်ဝင်စားစရာ ကောင်းလှပေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် လူအရေအတွက် က အမြဲတမ်း များပြား နေလေသည်။ သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု က ထိပ်ဆုံး နေရာတွင် အခိုင်အမာ နေရာယူ ထားနိုင်ပြီ ဖြစ်လေသည်။ တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည် နှင့် သေချာပေါက် ရေပန်းစား သွားမည် သာ ဖြစ်လေသည်။

ဤအကြောင်းရင်း ကြောင့်ပင် ယခုအခါ ရွှီယန် က အပြင်ဘက်တွင် တိုက်ရိုက်ထုတ်လွှင့် ရာ၌ စကားပြော ဆိုခြင်း နှင့် ပြုမူ လုပ်ဆောင်မှု များကို အလွန် ဆင်ခြင် သတိထား လာခဲ့လေသည်။ စံပြ လူသား တစ်ယောက် အနေဖြင့် ကောင်းမွန်စွာ နေထိုင် ရဦးမည် ဖြစ်လေသည်။

အခန်း ၄၂၄။ ကြောင်စင်းကျားလေး ဆန်းပြောင် ရေချိုးသည့် ကိစ္စနှင့် မင်းကိုယ်က ဘာလို့ မွှေးနေတာလဲ ဟု မေးလာသော ကြောင်တပည့်များ

ထာလီမု ဘက်မှ ပြန်ရောက်လာပြီးနောက် ရွှီယန်က လယ်ယာခြံဝင်းတွင် ထပ်မံ အနားယူနေလေသည်။

နှစ်ရက်ခန့် အနားယူရဦးမည် ဖြစ်သည်။

ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် မုန်ညင်းဖြူများ အညှောက်ပေါက်နေပြီ ဖြစ်ကြောင်း ရွှီယန် သတိထားမိလိုက်သည်။

ဤအမြန်နှုန်းက အတော်လေး မြန်ဆန်လှပေသည်။

သူ စိုက်ပျိုးထားသော မုန်ညင်းဖြူများက ဧရာမ မုန်ညင်းဖြူများ ဖြစ်ကြပြီး နောင်တစ်ချိန်တွင် အလွန် ကြီးမားလာမည် ဖြစ်သည်၊ အခြားသူများ မရိပ်မိသေးသော်လည်း ရွှီယန် ကတော့ အရိပ်အယောင် အချို့ကို ရိပ်မိနေပြီ ဖြစ်လေသည်။

အချိန်ကျလာပါက သေချာပေါက် ကြီးကျယ် ခမ်းနားနေမည် ဖြစ်လေသည်။

ရှောင်ဟေး က ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် စိုက်ခင်းများဘက်ရှိ မြေခွေးပေါက်လေးများ ထံသို့ ပြေးသွားတော့သည်။

မြေခွေးပေါက်လေးများကို မြင်သောအခါ ရှောင်ဟေးက ကုန်းပြင်မြင့်တွင် ၎င်း ကြုံတွေ့ခဲ့ရသည်များကို ပြောပြချင်နေပြီး ကုန်းပြင်မြင့်တွင် ရုပ်ဆိုးဆိုးနှင့် ချစ်စရာကောင်းသော တိဗက်မြေခွေးများ ရှိကြောင်းနှင့် ၎င်းတို့၏ အတန်းပိုင် ဆရာမပင် လုပ်ပေးနိုင်ကြောင်း ပြောပြချင်နေလေသည်။

နှမြောစရာ ကောင်းသည်မှာ တိရစ္ဆာန်များက စကားမပြောတတ်သလို မြေခွေးပေါက်လေးများ ကလည်း ရှောင်ဟေး ဘာပြောချင်နေသည်ကို နားမလည်နိုင်ကြချေ။

မြေခွေးပေါက်လေးများက အသံစူးစူးလေးများဖြင့် အော်မြည်နေပြီး နားလည်သွားသည့် အလား ဟန်ဆောင် နေကြလေသည်။

အခြား ခွေးများ အားလုံးက ရွှီယန်၏ ဘေးနားတွင် လိုက်ပါနေကြလေသည်။

ရွှီယန် ပြန်ရောက်လာသည်နှင့် ခွေးများက သူ့ကို ဝိုင်းရံ နေကြလေသည်။

ဤရက်ပိုင်းအတွင်း ထပ်မံ၍ အနားယူနိုင်ပြန်ပြီ ဖြစ်လေသည်။

လယ်ယာခြံဝင်းထဲတွင် လမ်းလျှောက် ထွက်ပြီးနောက် မြို့ထဲသို့ ပြန်ကာ ကလေးကို သွားရောက် ကြည့်ရှုမည် ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ ဇနီးသည်က ကိုယ်ဝန် ဆောင်ထားရသဖြင့် သေချာစွာ အဖော်ပြုပေးရမည် ဖြစ်လေသည်။

လုပ်ဆောင်သင့်သော တာဝန်များကို ထမ်းဆောင်ရမည် ဖြစ်လေသည်။

အင်တာနက်ပေါ်တွင် သူ့အကြောင်းများနှင့် ပတ်သက်၍ ဆူညံပွက်လောရိုက်မှုများ မနည်းလှသော်လည်း ရွှီယန်က ယခင် ပုံစံအတိုင်းပင် ဖြစ်ကာ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားသည်နှင့် အစအန ပျောက်ကွယ်သွားသည့် အလား ပင်ဖြစ်သည်။

တစ်ခါတစ်ရံ လယ်ယာခြံဝင်း၏ ဗီဒီယို အချို့ကို တင်ပေးသည်မှလွဲ၍ မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ချေ။

အားလုံးက အလွန် ထူးဆန်း အံ့ဩဖွယ် ကောင်းသည်ဟု ခံစားကြရလေသည်။

အင်တာနက်သုံးစွဲသူများ သာမက အင်တာနက်ပေါ်ရှိ ဘလော့ဂါများနှင့် တိုက်ရိုက်ထုတ်လွှင့်သူ အမျိုးမျိုး ကလည်း ထူးဆန်းသည်ဟု ခံစားကြရလေသည်။

တိုက်ရိုက်ထုတ်လွှင့်သူ အမျိုးမျိုးက အစီအစဉ်များ ကောင်းမွန်စေရန် အသက်လုကာ ကြိုးစားနေကြပြီး နေ့စဉ်နေ့တိုင်း မိမိကိုယ်ကို အတတ်နိုင်ဆုံး ပြသနေကြသည်မှာ လူကြည့်များလာစေရန် အတွက် သက်သက်သာ ဖြစ်လေသည်။

သို့မဟုတ်ပါကလည်း အဖွဲ့တစ်ဖွဲ့ကို ခေါ်ဆောင်ကာ လူအများအပြားနှင့် အတူတကွ လုပ်ဆောင်တတ်ကြလေသည်။

ရွှီယန် တစ်ယောက်တည်းသာ မတူညီချေ။

သူ တိုက်ရိုက်ထုတ်လွှင့်သည်မှာ တိုက်ရိုက်ထုတ်လွှင့်ရသည်ကို သန့်စင်စွာ နှစ်သက်သောကြောင့် ဖြစ်ပုံရလေသည်။

တကယ်တမ်းတွင်လည်း ဟုတ်မှန်နေလေသည်၊ ယခုအခါ မိမိ၏ လူကြိုက်များမှုက အနည်းငယ် လွန်ကဲနေပြီဟု ရွှီယန် ခံစားနေရလေသည်။

လက်တွေ့ဘဝကိုပင် ထိခိုက်လာခဲ့လေပြီ။

လယ်ယာခြံဝင်း ပတ်ဝန်းကျင်တွင် တစ်ခါတစ်ရံ ကိုယ်ပိုင် မီဒီယာ လုပ်ကိုင်သူ အချို့ ရှိနေတတ်လေသည်။

သူက လယ်ယာခြံဝင်းထဲမှ ခြေလျင် ထွက်၍ လမ်းလျှောက်လေ့ သိပ်မရှိတော့ဘဲ ကားဖြင့်သာ အသွားအပြန် လုပ်တော့သည်။

လှုပ်ရှားမှု အမျိုးမျိုးမှ ဖိတ်ကြားမှုများက မပြတ်တောက်ခဲ့သလို စူးစမ်းလေ့လာရေး ဖျော်ဖြေရေး အစီအစဉ်များ လည်း အများအပြား ရှိလေသည်။

ရွှီယန်က အားလုံးကို ငြင်းပယ်ခဲ့လေသည်။

သူက မိမိ နှစ်သက်သော ဘဝနေထိုင်မှုနှင့် ပတ်သက်၍ ရှင်းလင်းသော အသိအမြင် ရှိလေသည်။

ထိုနေ့ မွန်းလွဲပိုင်းတွင် ရွှီယန်က ဇနီးသည်ကို ခေါ်ဆောင်ကာ လယ်ယာခြံဝင်းသို့ ပြန်လာခဲ့လေသည်။

ဤဘက်တွင် မနေထိုင်သော်လည်း နေ့ခင်းဘက်တွင် ရွှီယန်နှင့်အတူ လယ်ယာခြံဝင်းသို့ လာရောက်ခြင်းက ပြဿနာ မရှိချေ။

မည်သို့ပင်ဖြစ်စေ ကိုယ်ဝန်ရှိသည်မှာ သိပ်မကြာသေးသဖြင့် ခန္ဓာကိုယ်က ကျန်းမာ နေသေးလေသည်။

ရာသီဥတု အထူးကောင်းမွန်နေသည်ကို မြင်သောအခါ ရွှီယန်က ရေချိုးဇလုံကြီးကို ထုတ်ယူလိုက်ပြီး ခွေးများကို ရေချိုးပေးရန် စဉ်းစားလိုက်လေသည်။

ရေချိုးပေးခြင်းက မလုပ်မဖြစ် လုပ်ရမည့် ကိစ္စ ပင်ဖြစ်သည်။

ဤခွေးများက နေ့စဉ်နေ့တိုင်း ဟိုဟိုဒီဒီ ပြေးလွှားနေကြသဖြင့် အချိန်အတန်ကြာတိုင်း တစ်ခါ ရေချိုးပေးရမည် ဖြစ်လေသည်။

ရေချိုးတိုင်း ဟက်စကီ က စကားအနားမထောင်ဆုံး ပင်ဖြစ်သည်။

၎င်းက ရေချိုးဇလုံကို မြင်သည်နှင့် ထွက်ပြေးတတ်ပြီး ရွှီယန်က ဝံပုလွေပေါက်လေးနှင့် ရှောင်ဟေးတို့ကို လွှတ်၍ ပြန်ဖမ်းခိုင်းရလေသည်။

ခွေးများကို ရေချိုးပေးရသည့် မြင်ကွင်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။

ဇလုံထဲတွင် အိမ်မွေးတိရစ္ဆာန် သီးသန့် ရေချိုးဆပ်ပြာရည် ထည့်ထားပြီး ခွေးကို အထဲသို့ ထည့်ကာ အနည်းငယ် ပွတ်သပ် ပေးလိုက်ရုံဖြင့် အမြှုပ်များ အများအပြား ထွက်ပေါ်လာလေသည်။

အချိန် အများစုတွင် အလုပ်သမားများက ၎င်းတို့ကို ရေချိုးပေးကြလေသည်။

ယနေ့ ရွှီယန်က အလုပ်အားနေသဖြင့် ကိုယ်တိုင် ကိုယ်ကျ ရေချိုးပေးလိုက်လေသည်။

သူက ဘရပ်ရှ် တစ်ချောင်းကို ကိုင်ကာ ခွေးများကို တစ်ကောင်ပြီး တစ်ကောင် ပွတ်တိုက် ပေးနေလေသည်။

တကယ်ကို ဤခွေးများကို ရေချိုးပေးရသည်မှာ အနည်းငယ် ခက်ခဲလှပေသည်။

မည်သို့ပင်ဖြစ်စေ ဝံပုလွေပေါက်လေး၊ ကျည်ဆန်နှင့် ဟက်စကီ တို့က မျိုးရိုးကြီး ခွေးများ ဖြစ်ကြလေသည်။

"ရှောင်ဟေး... ယွမ်ပေါင်... မင်းတို့နှစ်ကောင် ထပ်မကြီးကြနဲ့တော့... တကယ်တော့ အရွယ်အစား သေးတာက တော်တော်လေး ကောင်းတယ်..."

ရွှီယန်က ရေချိုးပေးရင်းနှင့်ပင် ရှောင်ဟေးနှင့် ယွမ်ပေါင် တို့ကို စကားပြောရန် မမေ့လျော့ချေ။

ခြံဝင်းထဲတွင် ရေချိုးပေးနေခြင်း ဖြစ်ရာ အလုပ်သမား အချို့က ရွှီယန် အလုပ်များနေသည်ကို မြင်သောအခါ ချက်ချင်းပင် လျှောက်လာကြလေသည်။

ဝမ်ဝူက ပြုံးရွှင်စွာဖြင့် မေးမြန်းလိုက်သည်။

"ခြံရှင်... ကူညီပေးရမလား... ခွေးငါးကောင်လုံး တစ်ပြိုင်တည်း ချိုးပေးရတာ နည်းနည်း ပင်ပန်းမှာပဲ..."

ဝမ်ဝူ၏ စကားကို ကြားသောအခါ ရွှီယန်က ခွေးများကို အမွေးပွတ်တိုက် ပေးရင်းနှင့်ပင် ပြန်လည် ဖြေကြားလိုက်သည်။

"ရေချိုးပေးဖို့တော့ မလိုပါဘူး... မင်း ရေပိုက်ကို ကိုင်ပြီး ဒီဇလုံထဲကို ရေနည်းနည်းလောက် ဖွင့်ထည့်ပေး..."

"ခဏနေ ငါ သူတို့ကို ချိုးပေးပြီးသွားရင် မင်း ရေဆေးချပေးလိုက်..."

"ရေအပူချိန်ကို သေချာ ချိန်ထားနော်... အရမ်း မအေးစေနဲ့..."

ဝမ်ဝူက ချက်ချင်းပင် ပြန်လည် ဖြေကြားလိုက်သည်။

"ဟုတ်ကဲ့ပါ..."

ရွှီယန်က ခွေးများကို ရေချိုးပေးပြီးနောက် ဝမ်ဝူက ဘေးနားမှနေ၍ အမြှုပ်များကို ရေဆေးချ ပေးလေသည်။

တစ်ကောင် ချိုးပြီးတိုင်း တစ်ကောင် ရေဆေးချ ပေးလေသည်။

မည်သို့ပင်ဖြစ်စေ ယနေ့က ရေချိုးရမည့်နေ့ ဖြစ်ရာ ရွှီယန်က မိန်းကွန်းကြောင်နှင့် ရက်ကွန်းလေးကိုပါ တစ်ပါတည်း ရေချိုးပေးလိုက်လေသည်။

ဤရက်ကွန်းလေးက သန့်ရှင်းမှုကို အလွန် ကြိုက်နှစ်သက်ပြီး ရေချိုးရသည်ကို အလွန် သဘောကျလေသည်၊ ဤသည်မှာ ရွှီယန်အတွက် အကျေနပ်ဆုံး ကိစ္စ ပင်ဖြစ်လောက်သည်။

အကြောင်းမှာ နိုင်ငံခြားမှ ရက်ကွန်းများက အမှိုက်ပုံးများ ထဲသို့သာ တိုးဝင်တတ်ကြပြီး အစားအစာများကိုလည်း အမြဲတမ်း ခိုးယူတတ်ကြရာ ကြည့်ရသည်မှာ အနည်းငယ် စက်ဆုပ်ဖွယ် ကောင်းသောကြောင့် ပင်ဖြစ်သည်။

ကံကောင်းစွာဖြင့် ဤတစ်ကောင်ကတော့ အတော်လေး သန့်ရှင်းမှုကို နှစ်သက်လေသည်။

ရေချိုးပြီးသွားသောအခါ ဝမ်ဝူက ရေဆေးချပေးရန် တာဝန်ယူပြီး မာဝန်နှင့် လီဆန်းတို့က လေမှုတ်စက်ကိုင်ကာ အမွေးများကို ခြောက်သွေ့အောင် မှုတ်ပေးရန် တာဝန်ယူကြလေသည်။

အစအဆုံး ဝန်ဆောင်မှု အပြည့်အစုံ ပင်ဖြစ်သည်။

ယခုအခါ အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်များတွင် ခွေးတစ်ကောင်ကို ရေချိုးပေးပါက ယွမ်တစ်ရာ နှစ်ရာခန့် ကျသင့်လေသည်၊ အထူးသဖြင့် ခွေးကြီးများ ဆိုပါက ဈေးနှုန်းက ပို၍ ကြီးမားလေသည်။

ဤသို့ တစ်ခါ ရေချိုးပေးခြင်းဖြင့် ငွေအတော်များများ သက်သာသွားစေလေသည်။

ရွှီယန်က မိန်းကွန်းကြောင်ကို ရေချိုးပေးပြီးနောက် လက်ဆေးရန် ပြင်လိုက်သည်။

အဝေးဆီမှနေ၍ ကြောင်စင်းကျားလေး ဆန်းပြောင် က မလှမ်းမကမ်းတွင် ထွက်ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရလေသည်။

"ဆန်းပြောင်..."

ရွှီယန်က အော်ဟစ် ခေါ်ဆိုလိုက်သည်။

"ဒီကိုလာ... ရေချိုးရအောင်..."

ရွှီယန်၏ စကားကို ကြားသောအခါ ဆန်းပြောင်က ခေါင်းလှည့် ကြည့်လိုက်သည်။

၎င်းက ရေချိုးဇလုံကို ကြည့်ရင်း သိသိသာသာ တွန့်ဆုတ် နေလေသည်။

အေးစက် ရက်စက်သော လူသတ်သမား တစ်ဦး အနေဖြင့်၊ ကျေးရွာ၏ ကြောင်ဂိုဏ်း ခေါင်းဆောင် တစ်ဦး အနေဖြင့် ၎င်း၏ ကိုယ်ပေါ်မှ အနံ့က ၎င်း၏ စွမ်းရည် သင်္ကေတ ပင်ဖြစ်ပြီး ကြောင်မလေးများကို သိမ်းပိုက်နိုင်သော လက်နက်ကောင်း တစ်ခု ပင်ဖြစ်သည်။

၎င်းက မိမိကိုယ်ပေါ်ရှိ အနံ့များကို ဘယ်လိုလုပ်ပြီး ရေဆေးချ ပစ်နိုင်မည်နည်း။

"လာ... လာချိုး... ရေက နွေးနွေးလေး... အရမ်း သက်သောင့်သက်သာ ရှိတာ..."

ရွှီယန်က ထပ်မံ၍ ခေါ်ဆိုလိုက်သည်။

စုယွီထုံက ဘေးနားမှ ကြည့်နေပြီး ဤမြင်ကွင်းကို မြင်သောအခါ မနေနိုင်ဘဲ ပျော်ရွှင်စွာ ရယ်မော လိုက်မိလေသည်။

"ဆန်းပြောင် က လာပါ့မလား... သူက ချိုးချင်တဲ့ ပုံ မပေါ်ဘူး..."

ထိုစကားကို ကြားသောအခါ ရွှီယန်က ပြန်လည် ဖြေကြားလိုက်သည်။

"သူ့ကို တစ်ခါမှ ရေမချိုးပေးဖူးဘူး... စမ်းကြည့်ချင်လို့..."

ဆန်းပြောင်က အချိန်အတန်ကြာအောင် သိသိသာသာ တွန့်ဆုတ် နေလေသည်။

နောက်ဆုံးတွင် ၎င်းက ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်သည့် အလား ရွှီယန် ရှိရာဘက်သို့ တစ်လှမ်းချင်းစီ လျှောက်လာတော့သည်။

"လာပြီဟေ့..."

ဆန်းပြောင် အနားသို့ ရောက်လာသည်ကို မြင်သောအခါ ရွှီယန်က အလျင်စလို ရေဖွင့် လိုက်လေသည်။

မကြာခင်မှာပင် ဇလုံထဲတွင် ရေနွေးနွေး တစ်ဇလုံ ထပ်မံ ပြည့်သွားခဲ့လေသည်။

ရေအပူချိန်က အနေတော် ပင်ဖြစ်သည်။

ရွှီယန်က ဆန်းပြောင်ကို ချီကာ အထဲသို့ ထည့်လိုက်ပြီး ခန္ဓာကိုယ်ကို ရေဆွတ်ပေးကာ ရေထဲတွင် စိမ်ထားလိုက်ပြီးနောက် ရေချိုးဆပ်ပြာရည်ကို တိုက်ပေးလိုက်လေသည်။

ထို့နောက် အမြှုပ်များ ထွက်လာအောင် ပွတ်တိုက် ပေးတော့သည်။

ခန့်ညားသော ကြောင်စင်းကျားလေး၏ တစ်ကိုယ်လုံးတွင် ချက်ချင်းပင် အဖြူရောင် အမြှုပ်များဖြင့် ပြည့်နှက် သွားတော့သည်။

စုယွီထုံက ဘေးနားမှ ကြည့်ရင်း ပျော်ရွှင်စွာ ရယ်မောနေလေသည်။

"သူက အရမ်း ချစ်စရာ ကောင်းတာပဲ..."

စကားပြောနေရင်းနှင့်ပင် ဖုန်းကို ထုတ်ယူကာ ကြောင်စင်းကျားလေးကို အနီးကပ် ဓာတ်ပုံရိုက် နေလေသည်။

ဆန်းပြောင်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ရွံရှာနေသည့် အလား ပင့်တက်နေပြီး မျက်လုံးတစ်ဖက်ကို မှိတ်ကာ အပေါ်စွယ် တစ်ချောင်းကို ဖြဲပြထားရာ ကြည့်ရသည်မှာ အနည်းငယ် မပျော်မရွှင် ဖြစ်နေပုံ ရလေသည်။

ရွှီယန်က အများကြီး ဂရုမစိုက်တော့ဘဲ ၎င်း၏ တစ်ကိုယ်လုံးကို နေရာအနှံ့ ရေချိုး ပေးလိုက်တော့သည်။

မည်သို့ပင်ဖြစ်စေ တောကြောင် ဖြစ်ရာ အတော်လေး ညစ်ပတ်နေပြီး ချိုးချလိုက်သော ရေများ အားလုံးက မီးခိုးရောင် ဖြစ်နေလေသည်။

နှစ်ခေါက်ခန့် ချိုးပေးလိုက်မှသာ သန့်ရှင်း သွားတော့သည်။

ရေချိုးပြီးသွားသောအခါ ရေသန့်ဖြင့် ဆေးချလိုက်ပြီး လေမှုတ်စက်ဖြင့် ခြောက်သွေ့အောင် မှုတ်ပေးလိုက်လေသည်။

ဤသို့ဖြင့် သန့်ရှင်း သပ်ရပ်ပြီး အမွေးများ ဖောင်းကြွနေသော ခန့်ညားလှသည့် ကြောင်စင်းကျားလေး တစ်ကောင်ကို ရရှိသွားခဲ့ပြီ ဖြစ်လေသည်။

ဆန်းပြောင်က ခန္ဓာကိုယ် ပို၍ ပေါ့ပါးသွားကြောင်း တကယ်ပင် ခံစားလိုက်ရပြီး မျက်နှာတွင်လည်း အလင်းရောင်များ တောက်ပ နေသကဲ့သို့ ခံစားလိုက်ရလေသည်။

သို့သော် ဤထူးဆန်းသော ရနံ့က ၎င်းကို အနည်းငယ် မကျေမနပ် ဖြစ်စေလေသည်။

ရွှီယန် အသုံးပြုထားသော ရေချိုးဆပ်ပြာရည်က အနံ့သင်းသင်းလေး ဖြစ်ပြီး ရှူရှိုက်ရသည်မှာ အလွန် သက်သောင့်သက်သာ ရှိလှပေသည်။

ကြောင်ကို ရေချိုးပေးပြီးနောက် ကြောင်ကို ဖက်နမ်းရန် သင့်တော်လှပေသည်။

သို့သော် ကြောင်လေးကတော့ ထိုသို့ မတွေးထားချေ။

ဆန်းပြောင်က ဖြည်းညင်းစွာ ပြေးထွက်သွားပြီး ရွာထဲသို့ သွားရောက် ဆော့ကစား လေတော့သည်။

ရွာကော်မတီရုံး ဘက်သို့ ရောက်သောအခါ ကြောင်တပည့် နှစ်ကောင်က ၎င်း လာသည်ကို မြင်သည်နှင့် ချက်ချင်းပင် လာရောက် နှုတ်ဆက် ကြလေသည်။

သို့သော် အနားသို့ ရောက်သည်နှင့် ကြောင်တပည့်လေးများမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြရလေသည်။

'ဒီအနံ့က... တစ်ခုခု မှားနေသလားလို့...'

'ဒါက ဟိုရက်စက် ကြမ်းကြုတ်တဲ့ အစ်ကိုကြီး ဟုတ်သေးရဲ့လား...'

'ဘယ်လိုလုပ်ပြီး အမွှေးနံ့ တွေ ထွက်နေရတာလဲ...'

ကြောင်တပည့်လေးက ခေါင်းကို တိုးကပ်လာပြီး စူးစမ်းချင်စိတ်ဖြင့် အနံ့ခံ ကြည့်လိုက်သေးသည်။

ဤအနံ့က ဆန်းပြောင်၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာခြင်း ဟုတ်မဟုတ် ဆိုတာကို အတည်ပြု နေသည့် အလား ပင်ဖြစ်သည်။

ဆန်းပြောင်က ၎င်းကို အေးစက်စွာဖြင့် တစ်ချက် ကြည့်လိုက်လေသည်။

ကြောင်သုံးကောင် က စကားပြော နေကြသည့် အလား ပင်ဖြစ်သည်။

ကြောင်တပည့်လေး...

"အစ်ကိုကြီး... ခင်ဗျား ကိုယ်ပေါ်က အနံ့က မှားနေသလားလို့... ခင်ဗျားရဲ့ ဟိုဩဇာတိက္ကမ ရှိတဲ့ အနံ့ကြီးက ဘယ်ရောက်သွားတာလဲ..."

ဆန်းပြောင်...

"နောက်တစ်ခွန်း ထပ်ပြောကြည့်... ငါ ထိုးတာ မခံချင်ရင် ပါးစပ်ပိတ်ထား..."

ဆန်းပြောင်၏ ကြမ်းကြုတ်မှုကို ခံစားလိုက်ရသဖြင့် ကြောင်တပည့်လေးက လုံးဝ ပါးစပ်ပိတ် သွားတော့ပြီး ထပ်မံ စူးစမ်းချင်စိတ် မရှိရဲတော့ချေ။

လယ်ယာခြံဝင်းရှိ တိရစ္ဆာန်များ အားလုံး ရေချိုးပြီးသွားသဖြင့် သန့်ရှင်း သပ်ရပ် နေကြလေပြီ။

ခြံဝင်းထဲတွင် စုယွီထုံက ထိုင်ခုံပေါ်တွင် ထိုင်လျက် အနားယူ နေပြီး ရှောင်ဟေးက အရှေ့တွင် ထိုင်လျက် စုယွီထုံကို တိတ်ဆိတ်စွာ စိုက်ကြည့် နေလေသည်။

၎င်းက စုယွီထုံ၏ ဗိုက်ထဲရှိ အသက်ကို ခံစားသိရှိ နေနိုင်သည့် အလား ပင်ဖြစ်သည်။

စုယွီထုံက ၎င်းကို အနားသို့ ခေါ်လိုက်ရာ ရှောင်ဟေး လျှောက်သွားပြီး စုယွီထုံ၏ ဝမ်းဗိုက်ကို သတိထား၍ ကြည့်ရှု နေလေသည်။

"သူက ငါ့ဗိုက်ကို ကြည့်နေတယ်... ငါ ကိုယ်ဝန်ရှိနေတာကို တကယ်ပဲ သိနေနိုင်တာလား..."

စုယွီထုံက အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။

"ဒါကတော့ ပြောရခက်တယ်... အရင်ကလည်း ဒီလို အဖြစ်အပျက် မျိုးတွေ ရှိခဲ့ဖူးတယ်... ဒါပေမဲ့ အဲဒါတွေက ကိုယ်ဝန် လအတော်ကြာ နေတဲ့ အချိန်တွေမှာပါ..."

"မင်းက တစ်လကျော်ပဲ ရှိသေးတာလေ..."

ရွှီယန် လည်း စူးစမ်းချင်စိတ်ဖြင့် အနားသို့ တိုးကပ်လာခဲ့သည်။

ရှောင်ဟေးက အထူးပင် တိတ်ဆိတ် ငြိမ်သက်နေပြီး ၎င်းက စုယွီထုံ၏ ဘေးနားတွင် အလွန် သိမ်မွေ့ နူးညံ့နေကာ လှုပ်ရှားမှုများ ကလည်း အတော်လေး ညင်သာ နေကြောင်း ခံစား သိရှိနိုင်လေသည်။

ထိုနည်းတူပင် အခြားသော ခွေးများ ကလည်း အလွန် တည်ငြိမ်နေကြပြီး ထိုမျှလောက် ဆူညံ သောင်းကျန်း နေခြင်း မရှိကြချေ။

၎င်းတို့က တကယ်ပဲ သိနေကြသည့် အလား ပင်ဖြစ်သည်။

ရွှီယန်က အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားလိုက်ရလေသည်။

ဤကောင်လေးများက သခင်လေးကို ကာကွယ်ရန် ပြင်ဆင်နေကြပြီ ဖြစ်လေသည်၊ နောင်တစ်ချိန် ကလေး ကျောင်းသွား ကျောင်းပြန် အချိန်များတွင်လည်း သေချာပေါက် စည်ကား သိုက်မြိုက် နေမည် ဖြစ်လေသည်။

ရွှီယန်က ရှောင်ဟေးကို ပွတ်သပ် ပေးလိုက်သည်။

ရှောင်ဟေးက ပျော်ရွှင်စွာဖြင့် အမြီးကို လှုပ်ခါ ပြလေသည်။

ထို့နောက် ရွှီယန်က စုယွီထုံ၏ လက်ကို ဆွဲကာ လယ်ယာခြံဝင်း ထဲသို့ လမ်းလျှောက် ထွက်သွားတော့သည်။

ကိုယ်ဝန် ရပြီးနောက်ပိုင်း စုယွီထုံ က အတော်လေး တက်ကြွ လန်းဆန်း နေဆဲ ပင်ဖြစ်သည်။

နေ့စဉ်နေ့တိုင်း တီဗီကို ကြည့်ကာ ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်းများ လိုက်လုပ်ပြီး ကလေး ပြုစုပျိုးထောင်ရေး ဗဟုသုတ မျိုးစုံကို သင်ယူ လေ့လာ နေလေသည်။

အလုံးစုံ အခြေအနေ က အထူး ကောင်းမွန် လှပေသည်။

ရွှီယန်က အမြဲတမ်း သူမကို အဖော်ပြု ပေးနေလေသည်။

ယခုအချိန် တွင်ပင် အနည်းငယ် ခွာ၍ မရတော့ဘဲ နောင်တစ်ချိန် ကလေး မွေးလာပါက ပို၍ပင် ခွာ၍ ရမည် မဟုတ်တော့ချေ။

သို့သော် တစ်ကဏ္ဍက တစ်ကဏ္ဍ ဖြစ်ရာ ရွှီယန်က အချိန်လု၍ အပြင်ထွက် လည်ပတ်ရန် လည်း အချိန် ရရှိနိုင်သေးလေသည်။

ဇနီးသည် နှင့်အတူ တစ်ပတ်ခန့် လမ်းလျှောက်ပြီးနောက် စိုက်ပျိုးရေး တက္ကသိုလ် မှ ပါမောက္ခ လျိုပေါ်လျန် က စားကျက်မြက်များကို လာရောက် ကြည့်ရှုရာ ရွှီယန် က သူနှင့် စကားစမြည် ပြောဆို နေလေသည်။

လျိုပေါ်လျန် က သူ့ကို တက္ကသိုလ် သို့ လာရောက်၍ စာသင်ကြား ပေးရန် ဖိတ်ခေါ် လိုက်သေးသည်။

ရွှီယန်က စားကျက်မြက်များကို နှစ်ကြိမ်ခန့် ပွတ်သပ် ကြည့်ရင်း ပြုံးလျက် ငြင်းပယ် လိုက်လေသည်။

ရွှီယန် စိုက်ပျိုးထားသော အရာများ အားလုံး ကြီးထွားမှု ကောင်းမွန် နေသည်ကို လျိုပေါ်လျန် တွေ့ရှိသွားပြီး ဤလယ်ယာခြံဝင်း က လုံးဝကို စိုက်ပျိုးရေး သီးနှံ ရတနာသိုက်ကြီး တစ်ခု နှင့်ပင် တူနေလေသည်။

"ခြံရှင်ရွှီ... ခင်ဗျားရဲ့ ဒီလယ်ယာခြံဝင်းကြီး က အရမ်းကို အဖိုးတန်လွန်းတယ်..."

"စံပြ ခေတ်မီ လယ်ယာခြံဝင်း အောင်မြင်မှု သာဓက တစ်ခုပဲ..."

"ဒီလောက် အတိုင်းအတာ အထိ တိုးတက်လာနိုင်တာ တကယ် အစွမ်းထက်တာပဲ..."

"ကျောင်းဖွင့်ပြီး တခြားသူတွေကို အတွေ့အကြုံတွေ ဝေမျှပေးလို့တောင် ရနေပြီ..."

လျိုပေါ်လျန် က ထပ်မံ၍ စကားဆိုလိုက်သည်။

လုပ်ငန်းနယ်ပယ် အများအပြား မှ အောင်မြင်သူများ က အမြဲတမ်း စာသင်ကြား ပေးတတ်ကြပြီး အတွေ့အကြုံ များကို ဝေမျှ ပေးတတ်ကြကာ အင်တာနက် လောကမှ ခေါင်းဆောင်ကြီးများ အားလုံး ကလည်း ဤသို့ပင် ဖြစ်ကြလေသည်။

ရွှီယန်က ဆရာလုပ်ရသည်ကို ထိုမျှလောက် မနှစ်သက်သဖြင့် ပြုံးလျက် ထပ်မံ ငြင်းပယ် လိုက်ပြန်သည်။

"တချို့ အတွေ့အကြုံ တွေကို ကျွန်တော် ကိုယ်တိုင်တောင် ဘယ်လို ဝေမျှရမှန်း မသိပါဘူး... ကံကောင်းမှုက အချိုးအစား ကြီးကြီးမားမား ယူထားတာပါ..."

"အဆင့်တိုင်း က အတော်လေး အဆင်ပြေ ချောမွေ့ခဲ့ပါတယ်... ဥပမာ အစပိုင်း က ဈေးကွက် ရှာဖွေတာတို့... အစပိုင်း က တိုက်ရိုက်ထုတ်လွှင့်တာတို့ ပေါ့..."

ရွှီယန် ဤသို့ ပြောသည်ကို ကြားသောအခါ လျိုပေါ်လျန် လည်း တိတ်တဆိတ် လေးစား အားကျ သွားမိလေသည်။

သူတို့နှစ်ယောက် က ခရမ်းချဉ်သီး ၏ အခြေအနေကို ထပ်မံ သွားရောက် လေ့လာ ကြပြန်သည်။

ဤခရမ်းချဉ်သီးများ က အတော်လေး ကောင်းမွန်ပြီး စားရသည်မှာ အလွန် ကောင်းမွန်လှပေသည်။

စိုက်ပျိုးရေး တက္ကသိုလ် နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းက လယ်ယာခြံဝင်း အတွက်တော့ ကောင်းကျိုး ကြီးမားသော ကိစ္စ ပင်ဖြစ်သည်။

ကျွမ်းကျင် ပညာရှင် အများအပြား ရှိနေသဖြင့် မည်သည့် အရာကို စိုက်ပျိုးသည် ဖြစ်စေ ပူပန်စရာ မလိုတော့ချေ။

တစ်ခါတစ်ရံ ဤပါမောက္ခများ လာရောက်ပါက ရွှီယန် က သူတို့ကို ဆွဲခေါ်ကာ လမ်းညွှန်ချက် အချို့ ပေးရန် တောင်းဆိုတတ်လေသည်။

မည်သို့ပင်ဖြစ်စေ လာမှတော့ လာပြီးပြီ မဟုတ်ပါလော။

All Chapters