အခန်း (၄၂၉-၄၃၀)
Vol. 43 Ch. 429-430
အခန်း ၄၂၉။ သစ်ကုလားအုတ်တွေက ဒီလောက်တောင် ကြမ်းတမ်းလိမ့်မယ်လို့ တွေးမထားခဲ့မိဘူး
အာဖရိက မြက်ခင်းပြင်သို့ ရောက်ခါစမှာပင် ချီတာကျားသစ် တစ်ကောင်၏ အတင်းကပ်ချွဲခြင်းကို ခံလိုက်ရလေသည်။
ဤချီတာကျားသစ်က ဤမျှလောက် လူကို ကပ်ချွဲတတ်လိမ့်မည်ဟု ရွှီယန် တွေးမထားခဲ့မိချေ။
အကြိမ်အနည်းငယ်မျှ ပွတ်သပ်ပေးလိုက်ရုံဖြင့် အတင်းကပ်တွယ်ကာ မထွက်သွားတော့ချေ။
ရွှီယန်၏ ဘေးနားတွင် တိုးဝှေ့နေပြီး သက်သောင့်သက်သာဖြင့် ဘေးစောင်း လှဲလျောင်းနေလေသည်။
"ဒီလို မလုပ်ပါနဲ့... ငါ့မှာ ကျားသစ် ရှိပြီးသားပါ..."
ရွှီယန်က ချီတာကျားသစ်၏ ပုံစံကို ကြည့်ကာ မနေနိုင်ဘဲ ပြောလိုက်လေသည်။
ချီတာကျားသစ်က အူကြောင်ကြောင်နိုင်ပြီး ချစ်စရာကောင်းသော ပုံစံဖြင့်သာ ဆက်ရှိနေလေသည်။
"ထားလိုက်ပါတော့... ဘယ်လိုပဲဖြစ်ဖြစ် အဝေးကြီးမှာ ဆိုတော့ ရှောင်ဟွာ လည်း သိမှာ မဟုတ်ပါဘူး..."
ချီတာကျားသစ်၏ ချစ်စရာကောင်းပြီး သေးသွယ်သော ခန္ဓာကိုယ်ကို မြင်သောအခါ ရွှီယန်က မနေနိုင်ဘဲ လက်ဖြင့် ထပ်မံ ပွတ်သပ်ပေးလိုက်ပြန်သည်။
သူက ကျားသစ်များကို ပွတ်သပ်ပေးရာတွင် အထူး ကျွမ်းကျင်လှပေသည်။ မေးစေ့ကို ပွတ်ပေးလိုက် ခေါင်းကို ပွတ်ပေးလိုက် အမွေးများကို သပ်ချပေးလိုက်ဖြင့် အလွန် ကျွမ်းကျင်သော လက်ဟန်များ ဖြစ်လေသည်။
ချီတာကျားသစ်က လည်ပင်းကို ဆန့်ထုတ်ကာ သာယာနေသော မျက်နှာပေးကို ပြသနေလေသည်။
'ဒီအင်အားက... အရမ်း ကောင်းတာပဲ...'
ချီတာကျားသစ်များက ပုံမှန်အားဖြင့် အသားစိမ်းကိုသာ စားသုံးလေ့ရှိရာ ရွှီယန်တွင်လည်း ကျွေးစရာ ဘာမှမရှိသဖြင့် အချိန်အတန်ကြာ ရှာဖွေပြီးနောက် ငါးခြောက် အနည်းငယ်ကိုသာ ထုတ်ယူလိုက်နိုင်လေသည်။
ဘယ်လိုပဲဖြစ်ဖြစ် ကြောင်မျိုးနွယ်များသာ ဖြစ်ရာ အနည်းငယ် ကျွေးလိုက်လျှင်လည်း ပြဿနာ မရှိနိုင်ချေ။
ရွှီယန်က ချီတာကျားသစ်ကို အနည်းငယ် ကျွေးလိုက်ရာ ချီတာကျားသစ်ကလည်း အထူး ပျော်ရွှင်စွာ စားသောက်လေသည်။
အင်တာနက်သုံးစွဲသူများက ကြည့်လေလေ ပို၍ စိတ်လှုပ်ရှား လာလေလေ ပင်ဖြစ်သည်။
'ဒါက တကယ်ကြီး ချီတာကျားသစ် ကို ပွတ်သပ်နေတာလား...'
အားလုံး အံ့ဩသွားကြလေသည်။
သိထားရမည်မှာ မြက်ခင်းပြင်တွင် အနူးညံ့ အသိမ်မွေ့ဆုံး တိရစ္ဆာန်မှာ ချီတာကျားသစ် ဖြစ်ပြီး လူအတော်များများက နှစ်သက်ကြလေသည်။
ဤအကောင်လေးက ခြင်္သေ့ထက်ပင် လူများ၏ အချစ်ကို ပိုမို ရရှိလေသည်။
ထို့အပြင် အခြားတိရစ္ဆာန်များ၏ အစာလုယူခြင်းကို အမြဲတမ်း ခံရသဖြင့် အလုပ်သမား ကျားသစ် ဟုလည်း ခေါ်ဆိုကြလေသည်။
ပင်ပန်းကြီးစွာ အမဲလိုက်ထားသော အစာကို နှစ်လုတ်ခန့်သာ စားရသေးချိန်တွင် လုယူခံလိုက်ရတတ်သဖြင့် အလွန် သနားစရာ ကောင်းလှပေသည်။
သို့သော် ၎င်းတို့က အတော်လေး အကောင်းမြင်တတ်ကြလေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဆက်လက်၍ အမဲလိုက်ရုံ သက်သက်သာ ဖြစ်လေသည်။
ရွှီယန်က ဤချီတာကျားသစ်ကို အတော်လေး သဘောကျနေပြီး သေချာစွာ ကြည့်ရှုလိုက်သောအခါ မျက်နှာသွယ်သွယ်လေးနှင့် အတော်လေး ကြည့်ကောင်းလှပေသည်။
ရွှီယန်က ကျားသစ်လေးနှင့် အတူတကွ ဆော့ကစားနေသည်ကို အဝေး တရုတ်ပြည်မှ ကြည့်ရှုသူများက မြင်သောအခါ ကြည့်လေလေ ပို၍ အားကျလာလေလေ ပင်ဖြစ်သည်။
[လောင်ရွှီ ရဲ့ နေ့ရက်တိုင်းကို အားကျမိတယ်]
[သူ တစ်ယောက်တည်းပဲ ဒီလို အခွင့်အရေးမျိုး ရနိုင်တာပါ]
[တိုက်ရိုက်ပဲ ချီတာကျားသစ်ကို ပွတ်သပ်နေရတယ်... ငါကတော့ ကိုယ့်အိမ်က ကြောင်လေးကို ပွတ်သပ်ရင်း အားကျတဲ့ မျက်နှာနဲ့ ကြည့်နေရတာပဲ]
[ထပ်စပြန်ပြီ... လောင်ရွှီ... ရိုးရိုးသားသား ဝန်ခံစမ်း... မင်း အာဖရိက မှာ ချီတာကျားသစ် မွေးထားတာ မဟုတ်လား]
ထို့နောက် ကွန်မန့်စာသား အများအပြားက ဤမေးခွန်းကိုသာ ထပ်ခါတလဲလဲ မေးမြန်းနေကြပြီး ရွှီယန် အာဖရိကတွင် ချီတာကျားသစ် မွေးထားခြင်း ဟုတ်မဟုတ် ကို မေးမြန်းနေကြလေသည်။
ရွှီယန် တစ်ယောက် ဘာပြောရမှန်းပင် မသိတော့ချေ။
သူက ယခင်က အာဖရိကသို့ တစ်ခါမှ မရောက်ဖူးခဲ့ဘဲ ဤသည်မှာ ပထမဆုံးအကြိမ် လာရောက်ခြင်း ပင်ဖြစ်သည်။
ထို့အပြင် ဤတစ်ကြိမ် ချီတာကျားသစ် နှင့် ပတ်သက်၍လည်း မည်သည့် စနစ်၏ ကျွမ်းကျင်မှုကိုမျှ အသုံးမပြုထားဘဲ ချီတာကျားသစ် ကိုယ်တိုင်က အရင်စတင်၍ ခင်မင်ရင်းနှီးလာခြင်း သက်သက်သာ ဖြစ်လေသည်။
"ငါ ဒီဘက်ကို ပထမဆုံးအကြိမ် လာတာပါ... ဘယ်ကနေ ချီတာကျားသစ် မွေးဖို့ အခွင့်အရေး ရမှာလဲ... အဓိက ကတော့ ချီတာကျားသစ် တွေက သဘာဝအရကို လူတွေကို ခင်မင်တတ်လို့ပါ..."
"ပြီးတော့ ငါက တိရစ္ဆာန်တွေရဲ့ အချစ်ကို ပိုရတတ်လို့ ဖြစ်မှာပါ..."
ရွှီယန်က ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။
သူ၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများက အားကျစွာဖြင့် နှုတ်ခမ်းကိုသာ တွန့်လိုက်နိုင်ကြတော့သည်။
ဤစကားက တကယ်ကို ချေပ၍ မရနိုင်ချေ။
သူက တကယ်ပင် တိရစ္ဆာန်များ၏ အချစ်ကို ရရှိလေသည်။
'လခွမ်း... သူ့ကို ဟန်ရေးပြခွင့် ပေးလိုက်ရပြန်ပြီ...'
အားလုံးက တွေးလိုက်ကြလေသည်။
ချီတာကျားသစ်နှင့် အချိန်အတန်ကြာ ဆော့ကစားပြီးနောက် ချီတာကျားသစ်က တကယ်ပင် ပို၍ပို၍ ရင်းနှီးလာပုံ ရလေသည်။
ရွှီယန် ထွက်ခွာမည် ပြုသောအခါ ချီတာကျားသစ်က အနောက်မှ လိုက်လာခဲ့လေသည်။
ရွှီယန်က နောက်လှည့်ကြည့်လိုက်ပြီး မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။
"ငါ ဒီဘက်မှာ လမ်းလျှောက် ထွက်တာကို... မင်းက လိုက်လာချင်လို့လား..."
ရွှီယန်က ပြုံးကာ မေးလိုက်လေသည်။
ချီတာကျားသစ်က ခေါင်းကြီးကို ခါရမ်းလိုက်ပြီးနောက် ဆက်လက်၍ လိုက်ပါလာခဲ့လေသည်။
အာဖရိက တောနက်ထဲသို့ စွန့်စားခရီး ထွက်ရာတွင် ဘေးနား၌ ချီတာကျားသစ် တစ်ကောင် ထပ်တိုးလာခဲ့လေသည်။
ဤရာသီတွင် မြက်ခင်းပြင်ရှိ တိရစ္ဆာန်များက အတည်တကျ နေထိုင်ရာ နေရာမရှိဘဲ အတူတကွ ရွှေ့ပြောင်းသွားလာ တတ်ကြကြောင်း ရွှီယန် သိရှိထားလေသည်။
ထို့ကြောင့် ချီတာကျားသစ် အနောက်မှ လိုက်ပါလာခြင်းကလည်း မဖြစ်နိုင်စရာ မရှိချေ။
သို့သော် ခေါင်းဆောင်များ၏ နှစ်သက်မှုကို ရယူရမည့် တာဝန်ကို လုပ်ဆောင်ရဦးမည် ဖြစ်ရာ ဤကောင်လေးက ရှုပ်ထွေးအောင် လုပ်နိုင်ကြောင်းကိုတော့ တွေးမိလေသည်။
'လိုက်ချင်လည်း လိုက်လာပါစေတော့... ဘယ်လိုပဲဖြစ်ဖြစ် တာဝန် ကလည်း ဘာအရိပ်အယောင်မှ မရှိသေးဘူး ဆိုတော့... သူ့ကို ခေါ်ပြီး တစ်ပတ်လောက် လျှောက်လည်တာလည်း ကောင်းတာပါပဲ...'
ရွှီယန်က စိတ်ထဲမှ တွေးတောလိုက်လေသည်။
ထို့ကြောင့် သူက ချီတာကျားသစ်ကို ခေါ်ဆောင်ကာ ပတ်ဝန်းကျင် တစ်ဝိုက်တွင် ဆက်လက် လမ်းလျှောက် ထွက်ခဲ့လေသည်။
ရိုင်းစိုင်းကြမ်းတမ်းသော အာဖရိက မြက်ခင်းပြင်ကြီးထဲတွင် လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်တို့ အေးအေးလူလူ လမ်းလျှောက်နေကြရာ ၎င်းတို့ နှစ်ဦးက အစကတည်းက ဤနေရာနှင့် သက်ဆိုင်နေသည့်အလား ပင်ဖြစ်သည်။
ထိုစဉ်မှာပင် ဘေးနားမှ ဟိုင်အီနာ နှစ်ကောင် ထွက်ပေါ်လာခဲ့လေသည်။
ဤဟိုင်အီနာများက ကင်းထောက်များ ဖြစ်ကြပြီး ချီတာကျားသစ် သို့မဟုတ် ခြင်္သေ့မများ၏ အစာကို လုယူနိုင်ခြင်း ရှိမရှိ အကဲခတ်ရန်နှင့် အခွင့်အရေးရပါက ချီတာကျားသစ်ကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ရောက်လာကြခြင်း ပင်ဖြစ်သည်။
သားကောင်ကို ဖမ်းဆီးမိသည်နှင့် တစ်ပြိုင်နက် ဟိုင်အီနာ အမြောက်အမြားကို သေချာပေါက် ဆွဲဆောင်နိုင်မည် ဖြစ်လေသည်။
ဤအကောင်များက အလွန် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပေသည်။
သေချာသည်ကတော့ အရာရာတိုင်းတွင် အားနည်းချက် ကိုယ်စီ ရှိကြစမြဲ ဖြစ်ရာ ဟိုင်အီနာများ ကြောက်ရွံ့သည်မှာ အာဖရိက တောခွေးများ ပင်ဖြစ်သည်။ ဟိုင်အီနာများထက် အရွယ်အစား တစ်ဆိုဒ်ခန့် သေးငယ်သော တောခွေးများ ဖြစ်ကြပြီး ဟိုင်အီနာများ၏ အနောက်ပိုင်းကို အထူးပြု တိုက်ခိုက်တတ်ကြလေသည်။
ဟိုင်အီနာများက တောခွေးများကို မြင်သည်နှင့် တင်ပါးကို ညှပ်ကာ အမြန်ပြေးကြရလေသည်။
ဤအခိုက်အတန့်တွင် ဟိုင်အီနာများက ရွှီယန်နှင့် ချီတာကျားသစ် တို့၏ ပေါင်းစပ်မှုကို ကြည့်ရင်း တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားကြရလေသည်။
ချီတာကျားသစ်က အနည်းငယ် ကြောက်ရွံ့နေပြီး ထွက်ပြေးရန် ဟန်ပြင်လိုက်လေသည်။
မည်သို့ပင်ဖြစ်စေ တစ်ဖက်ရန်သူက အကောင်ရေ များပြားပြီး တစ်ခါလာလျှင် အကောင်ရေ အတော်များများ လာတတ်ကြရာ ရင်ဆိုင်ရန် မလွယ်ကူလှချေ။
သို့သော် ရွှီယန်က အလွန် တည်ငြိမ်နေသဖြင့် ၎င်းက ယာယီ ထွက်မပြေးသေးဘဲ နေလိုက်လေသည်။
"မင်းတို့ နှစ်ကောင် ဘာကို ကြည့်နေတာလဲ..."
ရွှီယန်က ဟိုင်အီနာများကို မျက်နှာချင်းဆိုင်ကာ တိုက်ရိုက်ပင် မေးမြန်းလိုက်လေသည်။
ရွှီယန်၏ စကားကို ကြားသောအခါ ဟိုင်အီနာ နှစ်ကောင်က ခေါင်းကို ခါရမ်းလိုက်ပြီး လေထုထဲရှိ အနံ့ကို ရှူရှိုက် အကဲခတ် လိုက်ကြလေသည်။
အစားအစာ၏ အရိပ်အယောင်ကို မတွေ့ရသဖြင့် ၎င်းတို့ နှစ်ကောင်က နောက်လှည့်ကာ ပေါ့ပါးစွာပင် ပြေးထွက် သွားကြတော့သည်။
အင်တာနက်သုံးစွဲသူများက ပျော်ရွှင်စွာဖြင့် ကြည့်ရှုနေကြလေသည်။
[လောင်ရွှီ... မင်းက တကယ်ကို နည်းနည်းလေးမှ မကြောက်ဘူးပဲ]
[ဟားဟားဟား... အရမ်း ရယ်ရတာပဲ... ဟိုင်အီနာ တွေကိုတောင် လန့်ပြေးသွားအောင် လုပ်နိုင်တယ်]
[အရင်ကလိုပဲ အမြဲတမ်း သတ္တိကောင်း နေတုန်းပဲ]
ချီတာကျားသစ်က ဟိုင်အီနာများကို ရွှီယန် မောင်းထုတ်လိုက်သည်ကို မြင်သောအခါ ချက်ချင်းပင် လေးစားအားကျသော မျက်နှာထားဖြင့် ရွှီယန်ကို ကြည့်လာပြီး ပို၍ပင် မှီခို အားထားချင်လာပုံ ရလေသည်။
မြက်ခင်းပြင်တွင် တိရစ္ဆာန်များ တကယ်ပင် များပြားလှပြီး တိရစ္ဆာန် တိုင်းပြည် တစ်ခုနှင့် အလားသဏ္ဌာန် တူကာ မြက်ခင်းပြင်ပေါ်တွင် လွတ်လပ်စွာ ပြေးလွှား လှုပ်ရှားနေကြလေသည်။
ဤအချိန်တွင် မလှမ်းမကမ်းမှ သစ်ကုလားအုတ် အချို့ လျှောက်လာကြလေသည်။
အနားရောက်လာမှသာ သစ်ကုလားအုတ်များက တကယ်ကို မြင့်မားကြောင်း သတိထားမိလိုက်လေသည်။
ခန္ဓာကိုယ် အရွယ်အစားက အလွန် ကြီးမားလှပြီး လူသားများ၏ အရပ်က ၎င်းတို့၏ ခြေထောက် အရှည်ကိုပင် မမီနိုင်ချေ။
[လခွမ်း... အရမ်း ကြီးမားတဲ့ သစ်ကုလားအုတ် ကြီးတွေပဲ]
သစ်ကုလားအုတ်များ၏ အရပ်အမြင့်ကို မသိရှိသူ အချို့က မနေနိုင်ဘဲ အံ့ဩတကြီး ရေရွတ်လိုက်ကြလေသည်။
ရွှီယန် ကတော့ သစ်ကုလားအုတ်များ၏ အရပ်အမြင့်ကို သိရှိထားသော်လည်း တောရိုင်း သစ်ကုလားအုတ် အချို့ အတူတကွ ရှိနေသည်ကို မြင်ရသောအခါ အတော်လေး တုန်လှုပ် အံ့ဩမိဆဲ ပင်ဖြစ်သည်။
သစ်ကုလားအုတ် အကောင်ရေ အနည်းငယ် ရှိနေခြင်းကလည်း မျိုးနွယ်စု တစ်ခု အဖြစ် သတ်မှတ်၍ ရနိုင်လေသည်။
ထို့အပြင် အရှေ့ဆုံးမှ အရွယ်အစား အကြီးမားဆုံး အကောင်က သစ်ကုလားအုတ် မျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်ကြောင်း သိသာ ထင်ရှားလှပေသည်။
မျိုးနွယ်စု တစ်ခု အဖြစ် သတ်မှတ်နိုင်မှတော့ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပြီ ဖြစ်လေသည်။
သို့သော် သစ်ကုလားအုတ်၏ နှစ်သက်မှုကို မည်သို့ ရယူရမည် ဆိုသည်ကလည်း အလွန် ခေါင်းခဲစရာ ကောင်းသော ကိစ္စ တစ်ခု ပင်ဖြစ်သည်။
ရွှီယန်က ကျောပိုးအိတ်ထဲမှ ပန်းသီး တစ်လုံးကို ထုတ်ယူလိုက်ပြီး သစ်ကုလားအုတ် အစ်ကိုကြီးထံသို့ သွားရောက် နှုတ်ဆက်ရန် ပြင်ဆင်လိုက်လေသည်။
ထိုစဉ်မှာပင် ဟိုင်အီနာ တစ်ကောင်က သစ်ကုလားအုတ်၏ အရှေ့ဘက်တွင် တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာခဲ့ပြီး ချောင်းမြောင်း တိုက်ခိုက်ရန် ရည်ရွယ်ထားပုံ ရလေသည်။
သစ်ကုလားအုတ် ခေါင်းဆောင်က ထိုဟိုင်အီနာကို သတိထားမိသွားပြီး ချက်ချင်း ပြေးသွားကာ ရှေ့ခြေထောက်များကို မြှောက်၍ ဆက်တိုက် ကန်ကျောက် လိုက်တော့သည်။
၎င်း၏ ရှေ့ခြေထောက်များက အလွန် မြင့်မားစွာ မြှောက်တက်သွားပြီး ရိုက်ချလိုက်သော အကြိမ်အရေအတွက် ကလည်း အလွန် မြန်ဆန်လှပေသည်။
ဆက်တိုက် တိုက်ခိုက်မှုများက မိုးပေါက်များ ကျဆင်းလာသည့် အလား ပင်ဖြစ်သည်။
ဟိုင်အီနာမှာ တစ်ချက် အကန်ခံလိုက်ရသည်နှင့် အနည်းငယ် မူးဝေသွားပြီး နောက်ထပ် အချက်ပေါင်းများစွာ အကန်ခံလိုက်ရသောအခါ ချက်ချင်းပင် တုံ့ပြန်မှု ကင်းမဲ့သွားကာ သစ်ကုလားအုတ်၏ အားပါးတရ ကန်ကျောက်မှုကိုသာ အလူးအလဲ ခံယူနေရတော့သည်။
အကန်ခံရသည်မှာ လုံလောက်ပြီဟု ထင်ရသောအခါမှသာ သစ်ကုလားအုတ် ခေါင်းဆောင်က အခြား သစ်ကုလားအုတ်များကို ခေါ်ဆောင်ကာ အေးချမ်းစွာ ထွက်ခွာ သွားတော့သည်။
"လခွမ်း... ဒီလောက်တောင် ကြမ်းတမ်းတာလား..."
ရွှီယန်က လက်ထဲရှိ ပန်းသီးကို ကြည့်လိုက် ဝေးကွာသွားသော သစ်ကုလားအုတ်များကို ကြည့်လိုက် လုပ်နေပြီးနောက် ပန်းသီးကို သုတ်ကာ သူကိုယ်တိုင်ပင် ခွပ် ခနဲ မြည်အောင် ကိုက်စား လိုက်တော့သည်။
ကြည့်ရသည်မှာ ပန်းသီးက အသုံးဝင်မည် မဟုတ်ချေ။
သူကိုယ်တိုင် သွားရောက်ပြီး ဆယ်ချက် ဆယ့်ငါးချက်လောက် အကန်ခံရမည်ကို စိုးရိမ်မိလေသည်။
အကန်ခံရပါက ဆေးရုံသို့ တိုက်ရိုက် ပို့ဆောင်ခံရမည်သာ ဖြစ်လေသည်။
အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသောအခါ ပို၍ပင် အံ့ဩမှင်တက် သွားကြရလေသည်။
'သစ်ကုလားအုတ် က ဒီလောက်တောင် ကြမ်းတမ်းတာလား...'
'နောက်နေတာတော့ မဟုတ်ပါဘူးနော်...'
'ဟိုင်အီနာ က တိုက်ရိုက်ပဲ အကန်ခံရပြီး သေသွားတာလား...'
အားလုံးက တွေးလိုက်ကြလေသည်။
စစ်မှန်သော သဘာဝတရား ကြီးမှာ ဤသို့ပင် ဖြစ်လေသည်။ အသက်အန္တရာယ် ဆိုသည်မှာ ထိုမျှလောက် တန်ဖိုးမကြီးမားဘဲ သေချင်လျှင် ချက်ချင်းပင် သေဆုံးသွားနိုင်လေသည်။
အပြစ်တင်စရာ ရှိလျှင် သစ်ကုလားအုတ်ကို သွားရောက် ပြဿနာရှာသော ဟိုင်အီနာကိုသာ အပြစ်တင်ရမည် ဖြစ်လေသည်။
"အစက သူ့ကို ပန်းသီး တစ်လုံး ကျွေးမလို့ စဉ်းစားထားတာ... မသွားလိုက်တာ တော်သေးတယ်..."
ရွှီယန်က ပန်းသီးကို စားရင်း ကျားသစ်ကို ပွတ်သပ် နေလေသည်။
မလှုပ်မယှက် ဖြစ်နေသော ဟိုင်အီနာ၏ ခန္ဓာကိုယ်ကို ကြည့်ရင်း သူက ခေါင်းယမ်းလိုက်ကာ နောက်လှည့်၍ ပြန်လာခဲ့တော့သည်။
နောက်ဆက်တွဲ လမ်းခရီးကို ကားမောင်း၍ အရှေ့သို့ ဆက်သွား၍ ရနိုင်လေသည်။
ခြင်္သေ့များနှင့် အတူတကွ လိုက်ပါသွား၍လည်း ရနိုင်လေသည်။
ခြင်္သေ့ အတော်များများက ယခုအခါ လူကို မြင်လျှင်ပင် အဖက်လုပ်ရန် ပျင်းရိ နေကြလေပြီ။
မြေပြင်ပေါ်တွင် ဝပ်လျက် လူသားများ၏ ဓာတ်ပုံရိုက်ကူးမှုကို ဖြစ်သလို ခွင့်ပြုထားကြလေသည်။
အာဖရိက မြက်ခင်းပြင်ကြီးက ယခုအခါ အခြားသော အသွင်အပြင် တစ်မျိုးကို ပိုင်ဆိုင်နေပြီ ဖြစ်လေသည်။
ခြင်္သေ့များသာ ဤသို့ ပြုမူနိုင်ခြင်း ဖြစ်ပြီး အကယ်၍ တောရိုင်း ကျားများသာ ဆိုပါက မည်သို့ပင်ဖြစ်စေ ကားပေါ်မှ ဆင်းကာ အနားသို့ ကပ်ရန် မည်သူမျှ ရဲမည် မဟုတ်ချေ။
ရွှီယန်က ကားပေါ်တက်ကာ ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် ချီတာကျားသစ် ကလည်း အနောက်မှ လိုက်ပါလာဆဲ ဖြစ်လေသည်။
သူ မောင်းနှင်သော ကားက အမိုးပွင့် လမ်းကြမ်းမောင်းယာဉ် ဖြစ်ပြီး ကားခေါင်မိုးတွင် အမိုးစ တစ်ခုသာ ပါရှိကာ ပတ်ပတ်လည်တွင် မည်သည့် အကာအကွယ်မျှ မရှိချေ။
အကြောင်းမှာ ဤဘက်ရှိ အပူချိန်က အလွန် ပူပြင်းလွန်းသဖြင့် ကားအတွင်း အပူချိန်ကလည်း မြင့်မားနေကာ အဲယားကွန်း ဖွင့်ပါက ဆီစား အလွန် သက်သာမှု မရှိသောကြောင့် အမိုးဖွင့်ထားခြင်းက အကောင်းဆုံး ပင်ဖြစ်သည်။
ရွှီယန်က ကားပေါ်တွင် ထိုင်နေပြီး ချီတာကျားသစ် က အောက်မှနေ၍ မော့ကြည့် နေလေသည်။
"ဘာဖြစ်လို့လဲ... မီမီ... မင်းက ငါနဲ့ လိုက်ခဲ့ချင်လို့လား..."
ရွှီယန်က ပြုံးကာ စကားတစ်ခွန်း ဆိုလိုက်သည်။ အစက ရည်ရွယ်ချက်က ချီတာကျားသစ်ကို နှုတ်ဆက်ရန် ပင်ဖြစ်သည်။
သို့သော် ဤချီတာကျားသစ်က အနည်းငယ်မျှပင် အားနာခြင်း မရှိဘဲ ညင်သာစွာ တစ်ချက် ခုန်လိုက်ပြီး ကား၏ နောက်ခန်း ထိုင်ခုံပေါ်သို့ တိုက်ရိုက်ပင် ခုန်တက် သွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
"လခွမ်း..."
ကားမောင်းရန် တာဝန်ယူထားသော ယာဉ်မောင်း ဝူဖုန် မှာ လန့်ဖြတ် သွားရလေသည်။
ချီတာကျားသစ်က လူကို ခင်မင်ရင်းနှီးသည် ဆိုစေကာမူ ကားနောက်ခန်းပေါ်သို့ ခုန်တက်လာခြင်းက အနည်းငယ် ကြောက်စရာ ကောင်းနေဆဲ ပင်ဖြစ်သည်။
'အကယ်၍ သူ၏ လည်ကုပ်ကို ကိုက်လိုက်လျှင် ဘယ်လို လုပ်မည်နည်း...'
"ကိစ္စမရှိပါဘူး... ငါ မင်းရဲ့ အနောက်မှာ ထိုင်ပြီး သူ့ကို စောင့်ကြည့် ပေးထားပါ့မယ်..."
"ချီတာကျားသစ် က လူကို မကိုက်ပါဘူး..."
ရွှီယန်က ယာဉ်မောင်း ဘေးခုံမှ ဆင်းလာပြီး ကားနောက်ခန်းတွင် သွားထိုင်လိုက်လေသည်။
ချီတာကျားသစ်က အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ တိုက်ရိုက်ပင် မှောက်လျက် နေကာ အလွန် သက်သောင့်သက်သာ ရှိနေလေသည်။
"မင်းက တကယ်ကြီး လိုက်လာဖို့ စဉ်းစားထားတာလား..."
"ဒါက သိပ်တော့ မသင့်တော်ဘူးနော်..."
ရွှီယန်က ပြုံးလျက် စကားဆိုလိုက်လေသည်။
ဤနေရာရှိ စည်းမျဉ်းများမှာ တောရိုင်း တိရစ္ဆာန်များကို မထိခိုက်စေရန်နှင့် တောရိုင်း တိရစ္ဆာန်များ၏ ဘဝကို အများကြီး ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် သက်သက်သာ ဖြစ်လေသည်။
ချီတာကျားသစ်က ၎င်းဘာသာ ခုန်တက်လာခြင်း ဖြစ်ရာ တကယ်ပင် ဘာမှ ပြော၍ မရနိုင်ချေ။
ဝူဖုန် က အနောက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး အနည်းငယ် စိုးရိမ် ထိတ်လန့် နေလေသည်။
သူက ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ဖူးသဖြင့် ရွှီယန်၏ အကြောင်းအရာ အတော်များများကို သိရှိထားလေသည်။
ရွှီယန် အတော်လေး အစွမ်းထက်ကြောင်း သူ သိရှိထားသော်လည်း ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု တွေးမထားခဲ့မိချေ။
'တကယ်ကြီး ကျားသစ်ကို ဆွဲဆောင်ခေါ်ယူ လာနိုင်လိမ့်မည်ဟု ထင်မထားခဲ့ချေ...'
'ဤသည်က အလွန် အဓိပ္ပာယ်မဲ့ လွန်းလှပေသည်...'
ဝူဖုန် ကတော့ ထိုမျှလောက် စိုးရိမ်ပူပန် မနေတော့ချေ။ ချီတာကျားသစ်၏ အကြောင်းကို သူလည်း နားလည်ထားလေသည်။
လူများကို နှိုင်းယှဉ်ချက် အရ ခင်မင်ရင်းနှီးတတ်ပြီး တစ်ခါတစ်ရံ ဓာတ်ပုံဆရာများနှင့်ပင် ရင်းနှီးစွာ အပြန်အလှန် တုံ့ပြန်တတ်ကြလေသည်။
ဤမျိုးနွယ်စုက လူသားများကို နှိုင်းယှဉ်ချက် အရ သဘောကောင်းသည်ဟု တွေ့ရှိထား၍လည်း ဖြစ်နိုင်လေသည်။ အန္တရာယ်များ ပြည့်နှက်နေသော အာဖရိက မြက်ခင်းပြင်ကြီးပေါ်တွင် လူသားများကသာ ၎င်းတို့နှင့် သူငယ်ချင်း အဖြစ် ပေါင်းသင်းနိုင်သော တစ်ခုတည်းသော မျိုးစိတ် ဖြစ်သောကြောင့် ပင်ဖြစ်သည်။
ထို့ကြောင့် ချီတာကျားသစ်များက လူသားများနှင့် အတူတကွ နေထိုင်ရသည်ကို နှစ်သက်ကြခြင်း ပင်ဖြစ်သည်။
"သွားမယ်... အဲဒါဆိုလည်း ခရီးဆက်ကြတာပေါ့..."
ရွှီယန်၏ အမိန့်ပေးသံနှင့်အတူ လမ်းကြမ်းမောင်းယာဉ်က ဖြည်းညင်းစွာ အရှေ့သို့ ထွက်ခွာသွားလေသည်။
ကား၏ အမြန်နှုန်းက မမြန်ဆန်လှချေ။ ဤနေရာတွင် ကားကို အမြန်မောင်းနှင်ခွင့် မပြုထားပေ။
အာဖရိက မြက်ခင်းပြင်ရှိ တိရစ္ဆာန် မျိုးနွယ်စုများ၏ အရှေ့ဘက်သို့ တည်ငြိမ်စွာ ရွေ့လျား သွားခြင်း ပင်ဖြစ်သည်။
အရှေ့ဘက်သို့ ဆက်သွားလေ တိရစ္ဆာန်များ ပိုမို များပြားလာလေ ဖြစ်ပြီး လမ်းဘေးရှိ မြက်ခင်းပြင်ပေါ်တွင် ဝပ်လျက် အနားယူနေသော ခြင်္သေ့မများကိုပင် မြင်တွေ့နိုင်လေသည်။
ခြင်္သေ့များက လူသားများကို တစ်ချက် ကြည့်လိုက်သော်လည်း အဖက်လုပ်လိုသော စိတ်ကူး အနည်းငယ်မျှပင် မရှိကြချေ။
ချီတာကျားသစ်က ကားပေါ်တွင် ဤသို့ပင် ထိုင်နေပြီး ဖြစ်သလို လျှောက်မလှုပ်ရှားချေ။
ကိုယ့်ဘာသာကိုယ် ပြေးလွှား ရွှေ့ပြောင်းရသည်မှာ အလွန် ပင်ပန်းလှပေသည်။ ထို့အပြင် အခြား တိရစ္ဆာန်များ၏ တိုက်ခိုက်မှုကိုလည်း သတိထား နေရသေးလေသည်။
မည်သို့ပင်ဖြစ်စေ ခြင်္သေ့များက ချီတာကျားသစ်များကို စားသောက်ကြလေသည်။
လူသားများနှင့် လိုက်ပါသွားခြင်းကသာ ပို၍ ကောင်းမွန်လှပေသည်။
အခမဲ့ ကားကြုံ စီးလိုက်ရုံဖြင့် အရှေ့သို့ ခရီးအတန်ငယ် ရောက်ရှိ သွားနိုင်လေသည်။
'အရမ်း သက်သောင့်သက်သာ ရှိတာပဲ...' ဟု တွေးနေပုံ ရလေသည်။
အခန်း ၄၃၀။ သူ့အတွက် အထူးအစီအစဉ် ရိုက်ကူးပေးလို့ ရမလား သူ့ကို ကြည့်ရတာ ခြင်္သေ့ထက်တောင် ပိုကြမ်းတမ်းနေသလိုပဲ
လမ်းကြမ်းမောင်းယာဉ် ရပ်တန့်သွားပြီး ရွှီယန်က ကားပေါ်မှဆင်းကာ လမ်းလျှောက်ထွက်ရန် ပြင်ဆင်လိုက်သည်။
ချီတာကျားသစ်က ကားပေါ်တွင် မှောက်လျက် နေကာ ပတ်ဝန်းကျင်ကို သတိဝီရိယဖြင့် ကြည့်ရှုနေလေသည်။
၎င်းက ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်နေခြင်း ပင်ဖြစ်သည်။
အန္တရာယ်ကြုံလာပါက ပုန်းအောင်း ရှောင်တိမ်းနိုင်မည့် နေရာများကိုပါ တစ်ပါတည်း ရှာဖွေနေလေသည်။
၎င်းတို့က အခြားတိရစ္ဆာန်များ၏ စားသောက်ခြင်းကို ခံရမည်ကို အလွန် ကြောက်ရွံ့သဖြင့် အလွန် သတိထား၍ ရှင်သန်နေထိုင်ကြရလေသည်။
အမှန်တကယ်ပင် သေချာပေါက် အန္တရာယ်များ ရှိနေလေသည်။
ရွှီယန်က ၎င်း၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
"စိတ်ချပါ... ဒီနေရာက အတော်လေး ဘေးကင်းပါတယ်..."
"ဟိုဘက်မှာ သစ်ပင် အနည်းငယ် ရှိတယ်... အပေါ်ကို တက်သွားလို့ ရတယ်..."
ရွှီယန်၏ စကားကို ကြားသောအခါမှသာ ကျားသစ်က အနည်းငယ် တည်ငြိမ်သွားတော့သည်။
မျက်စိရှေ့တွင် တိရစ္ဆာန် အများအပြား ရွှေ့ပြောင်းသွားလာနေကြပြီး အနောက်မှ လိုက်လံ မှတ်တမ်းတင် ရိုက်ကူးနေသူ များလည်း အများအပြား ရှိလေသည်။
လူအချို့က မြက်ခင်းပြင်ပေါ်တွင် ဝပ်နေသော ခြင်္သေ့များနှင့်ပင် အတူတကွ ဓာတ်ပုံ တွဲရိုက်နေကြသည်ကို ရွှီယန် အဝေးမှနေ၍ သတိထားမိလိုက်သည်။
သေချာသည်ကတော့ သူတို့နှင့် ခြင်္သေ့များ ကြားတွင် ခပ်လှမ်းလှမ်း အကွာအဝေး တစ်ခုတော့ ရှိနေလေသည်။
"ဒီလူတွေက သတ္တိ တကယ် ကောင်းကြတာပဲ..."
ရွှီယန်က သက်ပြင်းချကာ စကားဆိုလိုက်သည်။
ယာဉ်မောင်း ဝူဖုန် က ရှင်းပြလာလေသည်။
"ခြင်္သေ့တွေ နောက်ကို လိုက်ရဲတဲ့ သူတွေတိုင်းမှာ ကျွမ်းကျင် သက်တော်စောင့်တွေ ပါကြတယ်... သာမန်လူတွေက အနားကို မကပ်ရဲကြဘူး... သေချာပေါက် အန္တရာယ် တော့ ရှိတာပဲ..."
ရွှီယန်၏ စကားကို ကြားသောအခါ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ အင်တာနက်သုံးစွဲသူများကတော့ နှာခေါင်းရှုံ့ လိုက်ကြလေသည်။
[မသိရင် သူပဲ အရှေ့မြောက် ကျား ကို နို့သွားတိုက်ရဲတာ မဟုတ်တဲ့ အတိုင်းပဲ]
[အစ်ကိုယန်... သူတို့က မင်းနဲ့ ယှဉ်ရင် အများကြီး ကွာဝေးသေးတယ်]
[မင်းက သူတို့ကို သတ္တိကောင်းတယ် လို့ ပြောနေသေးတာလား]
[မင်းရဲ့ အရှေ့မှာတော့ ဆရာ့ဆရာကြီး ရှေ့ လာလုပ်ပြနေသလို ဖြစ်နေတာပေါ့]
အင်တာနက်သုံးစွဲသူများ၏ ပြောဆိုနေမှုများကို မြင်သောအခါ ရွှီယန် ကလည်း ဘာမှ ပြန်မပြောတော့ချေ။
လောလောဆယ်တွင် မျိုးနွယ်စု ခေါင်းဆောင်၏ နှစ်သက်မှုကို ရယူရန် လိုအပ်နေသေးရာ ရွှီယန်က ပတ်ပတ်လည်သို့ တစ်ပတ်ခန့် လိုက်လံ ကြည့်ရှုလိုက်သော်လည်း လွယ်လွယ်နှင့် ပြဿနာရှာ၍ ရနိုင်မည့် တိရစ္ဆာန် တစ်ကောင်မျှ မရှိချေ။
သစ်ကုလားအုတ်၏ ခွာများက အလွန် ကြမ်းတမ်းလွန်းသလို ဆင်များတွင်လည်း အစွယ်များ ပါရှိနေကာ ကြံ့များ၏ ဂျိုများ ကလည်း သက်သက်ညှာညှာ ရှိမနေချေ။
ကံတရား အတိုင်းသာ သဘောထားလိုက်တော့သည်။
မည်သို့ပင်ဖြစ်စေ ဤဘက်ရှိ ရှုခင်းများက အလွန် ကြီးကျယ်ခမ်းနားလှရာ တစ်ပတ်ခန့် လျှောက်လည်ရသည် ကလည်း အတော်လေး ကောင်းမွန်လှပေသည်။
ချီတာကျားသစ်လေး မီမီ က မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက် သတိဝီရိယဖြင့် လိုက်လံ စစ်ဆေးနေပြီး ပတ်ဝန်းကျင် အခြေအနေကို ရင်းနှီးကျွမ်းဝင် နေသည့်အလား ပင်ဖြစ်သည်။
ထို့နောက် ရွှီယန် ဘယ်သွားသွား ၎င်းက အနောက်မှ လိုက်ပါသွားလေသည်။
အရှေ့ဘက်တွင် လမ်းကြမ်းမောင်းယာဉ် နှစ်စီး ရှိနေပြီး ဓာတ်ပုံဆရာ အချို့က တစ်ခုခုကို မှတ်တမ်းတင် ရိုက်ကူးနေကြကာ ကြည့်ရသည်မှာ အလွန် ကျွမ်းကျင် ပရော်ဖက်ရှင်နယ် ဆန်လှကြောင်း ရွှီယန် သတိထားမိလိုက်သည်။
ထို့ကြောင့် ရွှီယန်က လျှောက်သွားကာ သူတို့ကို နှုတ်ဆက်လိုက်ပြီး စကား အနည်းငယ် ပြောဆိုလိုက်လေသည်။
ထိုဓာတ်ပုံဆရာများက ရွှီယန်ကို မှတ်မိသွားကြပြီး အတော်လေး အံ့အားသင့် သွားကြကာ ရွှီယန်၏ ဘေးနားတွင် ချီတာကျားသစ် တစ်ကောင် ပါလာသည်ကို မြင်သောအခါ ပို၍ပင် တုန်လှုပ် အံ့ဩသွားကြရလေသည်။
အင်တာနက်ပေါ်မှ ဗီဒီယိုများ အားလုံးက တကယ်ကို အစစ်အမှန်များ ပင်ဖြစ်သည်။
သူတို့က စတင် စကားပြောဆို ကြပြီး အလွန် ပျော်ရွှင်စွာ ပြောဆိုနေကြလေသည်။
ရွှီယန်က နိုင်ငံခြားသားများနှင့် အင်္ဂလိပ်လို စကားပြောဆို နေသည်ကို မြင်သောအခါ အင်တာနက်သုံးစွဲသူများ ကလည်း အနည်းငယ် အံ့အားသင့် သွားကြရလေသည်။
[အစ်ကိုယန် က နိုင်ငံခြားဘာသာစကား ဒီလောက် ကျွမ်းကျင်တာလား... အရင်က သူ ပြောတာ မတွေ့ဖူးပါဘူး]
[လခွမ်း... နည်းနည်း ဆွဲဆောင်မှု ရှိနေတယ်... နည်းနည်းတော့ ထူးခြားနေတယ် လို့ ခံစားရတယ်]
[အစ်ကိုယန် ရဲ့ ဆွဲဆောင်မှုက အမြဲတမ်း ကြီးမားနေတာ မဟုတ်ဘူးလား]
[သူတို့ ဘာတွေ ပြောနေကြတာလဲ]
အင်တာနက်သုံးစွဲသူများ က ရွှီယန်၏ စကားပြောဆိုမှုများကို သေချာစွာ မကြားလိုက်ကြချေ။
အချိန်သိပ်မကြာခင်မှာပင် ရွှီယန်က စိတ်ဝင်တစားဖြင့် လျှောက်လာပြီး မိုက်ခရိုဖုန်းကို ဖွင့်ကာ ရှင်းပြလိုက်လေသည်။
"ဒီဘက်က ဓာတ်ပုံဆရာ တွေက ဟိုင်အီနာ မျိုးနွယ်စု တစ်ခုကို မှတ်တမ်းတင် ရိုက်ကူးနေကြတာပါ..."
"ဒီ ဟိုင်အီနာ မျိုးနွယ်စု ရဲ့ ဇာတ်လမ်းက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်... မူလက ဒီပိုင်နက်က ခြင်္သေ့ တွေရဲ့ နေရာပါ... ဒါပေမဲ့ ခြင်္သေ့ဘုရင် က အသက်ကြီးလာပြီး ခွန်အား မရှိတော့လို့ ဟိုင်အီနာ မျိုးနွယ်စု က ခြင်္သေ့ တွေကို မောင်းထုတ်လိုက်တယ်..."
"အဲဒီနောက်မှာ ဟိုင်အီနာ ဘုရင်မ က ရက်စက် ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှု ကို စတင်ခဲ့တယ်..."
"တခြား ဟိုင်အီနာ တွေ အပေါ်ကို အရမ်း ရက်စက်လွန်းတော့ လွန်ခဲ့တဲ့ နှစ်ရက် ကပဲ ဟိုင်အီနာ ဘုရင်မ ကို လက်အောက်ငယ်သား တွေက ပုန်ကန်ပြီး တိုက်ရိုက်ပဲ ခေါင်းဖြတ် သတ်ပစ်လိုက်ကြတယ်..."
"အဲဒီ လက်အောက်ငယ်သား တွေက သူ့ရဲ့ ခေါင်းကို ကိုက်ချီပြီး ဟိုဟိုဒီဒီ ပြေးလွှား နေကြတယ်..."
"အခု ဒီလူတွေက ဟိုင်အီနာ မျိုးနွယ်စု ရဲ့ နောက်ဆက်တွဲ တိုးတက်မှု တွေကို ရိုက်ကူးနေကြတာပါ..."
"တစ်ဖက်မှာက သူပုန်တပ်ဖွဲ့ ရဲ့ ခေါင်းဆောင် ဖြစ်ပြီး အခြား တစ်ဖက်မှာက မူလက ဘုရင်မ အဖြစ် ဆက်ခံဖို့ သတ်မှတ်ထားတဲ့ ဟိုင်အီနာ မင်းသမီးလေး ပါ..."
"အခု လက်ရှိ ဟိုင်အီနာ မျိုးနွယ်စု ရဲ့ အခြေအနေက တော်တော်လေးကို သိမ်မွေ့ ရှုပ်ထွေးနေတယ်..."
ရွှီယန်က အဝေးရှိ ဟိုင်အီနာ အုပ်စုကို လက်ညှိုးထိုးပြကာ ဓာတ်ပုံဆရာများ လပေါင်းများစွာ နောက်ယောင်ခံ လိုက်၍ ရိုက်ကူးထားသော ဇာတ်လမ်းကို ပြန်လည် ဖောက်သည်ချ ပြောပြနေလေသည်။
အင်တာနက်သုံးစွဲသူများ မှာ နားထောင်ရင်းဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားကြရလေသည်။
'ဘာကြီးလဲ' ဟု အတွေးထဲ၌ ရေရွတ်လိုက်ကြလေသည်။
'ဘယ်လို အခြေအနေကြီးလဲ' ဟု တွေးလိုက်ကြလေသည်။
'ဟိုင်အီနာ ဘုရင်မ... ဟိုင်အီနာ မင်းသမီး... သူပုန်တပ်ဖွဲ့ ဟုတ်လား'
'ဒီမှာ ရုပ်ရှင် လာရိုက်နေတာလား'
'ဒါက ခြင်္သေ့ဘုရင် ရုပ်ရှင်ထဲက ဇာတ်လမ်း မဟုတ်ဘူးလား'
ဇာတ်လမ်းက ဤမျှလောက် အဓိပ္ပာယ်မဲ့လွန်း နေလိမ့်မည်ဟု အားလုံး ထင်မှတ် မထားခဲ့ကြချေ။
သို့သော် ဤသည်မှာ တကယ့် အစစ်အမှန် ပင်ဖြစ်သည်။
ထို့အပြင် ဤကဲ့သို့သော ဇာတ်လမ်းမျိုးက မနည်းလှချေ။
ဟိုင်အီနာ မျိုးနွယ်စုများက အတော်လေး ညစ်ပတ် ယုတ်မာတတ်ကြပြီး အထူးသဖြင့် အထီးများ ဖြစ်ကြလေသည်။ ၎င်းတို့၏ အပျော်ရွှင်ဆုံး အချိန်မှာ ငယ်ဘဝ ပင်ဖြစ်ပြီး ကြီးပြင်းလာသည်နှင့် အလွန် သနားစရာကောင်းသော ဘဝကို ဖြတ်သန်း ကြရလေသည်။
အရိုးကို ကိုက်ခဲခွင့် ရသည်ကပင် မဆိုးလှ ဟု ဆိုရမည် ဖြစ်လေသည်။
ထို့ကြောင့် ဖိနှိပ်ခံရသော ဟိုင်အီနာများ က ပြန်လည် ပုန်ကန် တတ်ကြလေသည်။
ဦးနှောက်ရှိသော အမ အချို့က အထီး အချို့နှင့် ပူးပေါင်းကာ ဘုရင်မ၏ အုပ်ချုပ်မှုကို ဖြုတ်ချ တတ်ကြလေသည်။
ဖြုတ်ချခံရသော ဘုရင်မ၏ အဆုံးသတ်က အလွန် သနားစရာ ကောင်းလှပြီး အပိုင်းပိုင်း အတစ်တစ် ကိုက်ဖြတ် ခံရတတ်လေသည်။
[လောင်ရွှီ... မင်း ပုံပြင် ပြောနေတာလား]
[ဟိုင်အီနာ တွေက ဒီလိုမျိုး တောင် လုပ်တတ်တာလား]
အားလုံး အနည်းငယ် တုန်လှုပ် အံ့ဩသွားကြရလေသည်။
"မြက်ခင်းပြင်က မျိုးနွယ်စု တိုင်းမှာ ဇာတ်လမ်း ကိုယ်စီ ရှိကြတယ်... ခြင်္သေ့ မျိုးနွယ်စု... ဟိုင်အီနာ မျိုးနွယ်စု... ဆင် မျိုးနွယ်စု တွေပေါ့..."
"အဲဒါကြောင့်လည်း ဒီဘက်မှာ ဓာတ်ပုံဆရာ တွေ ဒီလောက် အများကြီး ရှိနေတာပါ..."
"ကျွန်တော် က လိုက်ဖ်လွှင့်နေတာ ဆိုတော့ အချိန်တို အတွင်းမှာ မြက်ခင်းပြင် ရဲ့ အသက်ဝင် တက်ကြွမှု တွေကိုပဲ ယာယီ ပြသပေးနိုင်မှာပါ..."
"ဒီလူတွေက တစ်လ နှစ်လလောက် ဆက်တိုက် ရိုက်ကူးပြီးမှ ဒီဇာတ်လမ်း တွေကို တည်းဖြတ်ပြီး ထုတ်လွှင့်ကြမှာပါ..."
"ဗီဒီယို တွေက တိရစ္ဆာန် မျိုးနွယ်စု တွေကြားမှာ ဖြစ်ပျက်နေတဲ့ ဇာတ်လမ်း တွေကို အသေးစိတ် ဖော်ပြပေးနိုင်ပါလိမ့်မယ်..."
ရွှီယန်က အရှေ့သို့ ခြေလှမ်း အနည်းငယ် လျှောက်သွားပြီး အဝေးရှိ ဟိုင်အီနာ အုပ်စုကို ကြည့်လိုက်လေသည်။
အဝေးဆီတွင် ဟိုင်အီနာ အများအပြား ရှိနေလေသည်။
အချို့က နှစ်ကောင်တွဲ မြေပြင်ပေါ်တွင် မှောက်လျက် နေကြပြီး အချို့က မတ်တတ်ရပ်လျက် ဟိုဟိုဒီဒီ ကြည့်ရှု နေကြလေသည်။
ရွှီယန်က အားလုံးကို လက်ညှိုးထိုး ပြလိုက်သည်။ ဟိုဘက်တွင် လေးငါးကောင် စုဝေးနေကြပြီး အလယ်တွင် ရှိနေသော အကောင်က သူပုန် ဘုရင်မ ပင်ဖြစ်သည်။ အခြား တစ်နေရာတွင် ဟိုဟိုဒီဒီ ပြေးလွှားနေကာ မျက်နှာပေါ်တွင် မျက်ရည်စများ ရှိနေပြီး အချိန်အကြာကြီး ငိုကြွေးထားပုံ ပေါ်သော အကောင်ကတော့ ပျိုးထောင်ခံထားရသော ဟိုင်အီနာ မင်းသမီးလေး ပင်ဖြစ်သည်။
ဟိုင်အီနာများကို လူအများက မနှစ်သက်ကြ သော်လည်း ဤကဲ့သို့သော ဇာတ်လမ်းမျိုးကို မြင်တွေ့ရသောအခါ အားလုံးက ဟိုင်အီနာ မင်းသမီးလေး ကိုသာ အနိုင်ရစေချင် ကြလေသည်။
ရုပ်ရှင် ခြင်္သေ့ဘုရင် ထဲမှ ဆင်မ်ဘာ ကဲ့သို့ ပင်ဖြစ်သည်။
သို့သော် တကယ်တမ်းတွင် ဟိုင်အီနာ ဘုရင်မ သေဆုံးပြီးနောက် ဟိုင်အီနာ မင်းသမီးလေး ၏ အဆုံးသတ် ကလည်း အလွန် သနားစရာ ကောင်းတတ်လေသည်။
ဤသည်ကသာ စစ်မှန်သော သဘာဝတရား ကြီး ပင်ဖြစ်သည်။
သို့သော် ဤမျိုးနွယ်စု ၏ သဘာဝက ဤသို့ပင် ဖြစ်လေသည်။ သူပုန် ဘုရင်မက ဘုရင်မသစ် ဖြစ်လာပြီးနောက် လက်အောက်ငယ်သားများ အပေါ် အလွန် ရက်စက်မည် ဆိုပါက နောက်ထပ် ပုန်ကန်မှု အသစ်များကို ထပ်မံ ဖြစ်ပေါ်စေမည် သာ ဖြစ်လေသည်။
ချီတာကျားသစ်က ရွှီယန်၏ ဘေးနားတွင် ထိုင်လျက် အဝေးရှိ ဟိုင်အီနာ များကို လှမ်းကြည့် နေလေသည်။
၎င်းက ဟိုင်အီနာများကို လုံးဝ သဘောမကျချေ။
ဤအကောင်များက အခြားသူများ၏ အစာကိုသာ လုယူတတ်ကြပြီး အခွင့်အရေးသမားများ ပင်ဖြစ်ကြလေသည်။
ချီတာကျားသစ်များ ကတော့ လက်တွေ့ လုပ်ဆောင်သူများ ပင်ဖြစ်ကြလေသည်။
ထို့ကြောင့် မုန်းတီးနေခြင်း က မဆန်းလှချေ။
[လောင်ရွှီ... မင်း ဟိုင်အီနာ မင်းသမီးလေး ကို အာဏာ ပြန်ရအောင် ကူညီပေးလိုက်ပါလား... ဆင်မ်ဘာ ရဲ့ ဘေးနားက တောဝက် လိုမျိုးပေါ့]
အင်တာနက်သုံးစွဲသူ တစ်ဦးက မျှော်လင့်တကြီး ဖြင့် ပြောလိုက်လေသည်။
ဤကွန်မန့်စာသားကို မြင်သောအခါ ရွှီယန် တစ်ယောက် ဘာပြောရမှန်းပင် မသိတော့ချေ။
'မင်းက တကယ်ကို သဘောကောင်းလွန်း နေတာပဲ'
ဟိုင်အီနာတွေ ဤမျှလောက် များပြားနေသည်ကို မည်သူကများ အထဲသို့ ဝင်ရဲမည်နည်း။
ဓာတ်ပုံဆရာများ ရိုက်ကူးရာတွင်ပင် အန္တရာယ် ကို ရင်ဆိုင်နေကြရလေသည်။
တကယ်လို့များ အထဲသို့ ဝင်ရောက် ပါဝင်ပတ်သက်မိပါက ဟိုင်အီနာ အုပ်စု၏ အပိုင်းပိုင်း ကိုက်ဖြတ်ခြင်းကိုပင် ခံလိုက်ရနိုင်ခြေ ရှိလေသည်။
ရွှီယန်က ဘေးနားတွင် ရပ်လျက် ခဏမျှသာ ကြည့်ရှုလိုက်ပြီး အများကြီး အာရုံမစိုက်တော့ချေ။
ဟိုင်အီနာ ခေါင်းဆောင်၏ နှစ်သက်မှုကို ရယူရန် သူ တကယ်ပင် စဉ်းစားခဲ့ဖူး သော်လည်း နောက်တစ်ခေါက် ထပ်တွေးကြည့်လိုက်သောအခါ မဖြစ်နိုင်ကြောင်း သဘောပေါက်သွားသဖြင့် လက်လျှော့လိုက်တော့သည်။
ထို့နောက် သူက ချီတာကျားသစ်ကို ခေါ်ဆောင်ကာ ဆက်လက် လမ်းလျှောက် ထွက်ခဲ့လေသည်။
လမ်းတစ်ဝက်တွင် ချီတာကျားသစ်က ဗိုက်ဆာလာပုံ ရပြီး အုပ်စုကွဲနေသော ဒရယ် အချို့ကို အကဲခတ်ကာ ပြေးဝင်သွားတော့သည်။
ရွှီယန် လည်း အများကြီး ဝင်မပါတော့ချေ။
သူက ရှုခင်းများကို ခံစား ကြည့်ရှုရင်း မျိုးနွယ်စု ခေါင်းဆောင်များနှင့် မည်သို့ ရင်းနှီးအောင် လုပ်ရမည်ကို စဉ်းစား တွက်ချက် နေလေသည်။
မည်သည့် မျိုးနွယ်စု၏ ခေါင်းဆောင် မဆို ပေါင်းသင်း ဆက်ဆံရန် မလွယ်ကူ လှချေ။
ဤတာဝန်က တကယ်ကို အတော်လေး ခက်ခဲ လှပေသည်။
ရွှီယန်က ပတ်ပတ်လည် သို့ တစ်ပတ်ခန့် ကြည့်ရှု လိုက်ရာ အချိန်သိပ်မကြာခင် မှာပင် ပစ်မှတ် ကို တကယ်ကြီး ရှာတွေ့ သွားခဲ့လေသည်။
အဝေးဆီတွင် ရေအိုင် တစ်ခု ရှိနေပြီး ရေတိမ်ပိုင်း တွင် ဝံပိုငှက် ဆယ်ကောင်ကျော် ခန့်က ငါးရှာဖွေ စားသောက် နေကြသည် ကို မြင်တွေ့ လိုက်ရလေသည်။
ရွှီယန် က ချက်ချင်းပင် လမ်းလျှောက် ကာ သွားရောက် လိုက်လေသည်။
ရေကန် ဘေးတွင် ငါးများ ရှိနေပြီး အရေအတွက် ကလည်း မနည်းလှသည် ကို မြင်သောအခါ သူ က ကျောပိုးအိတ် ထဲမှ ပိုက်ကွန် တစ်ခုကို ထုတ်ယူ လိုက်ပြီး အကောင်ကြီး ငါးကောင်ခန့် ကို အလွယ်တကူ ပင် ခပ်ယူ လိုက်လေသည်။
ထို့နောက် ရွှီယန် က ဝံပိုငှက် ခေါင်းဆောင် ကို ငါးလာစားရန် အော်ဟစ် ခေါ်ဆို လိုက်လေသည်။
ဝံပိုငှက် အုပ်ကြီး က ဘေးနားတွင် ရပ်လျက် သူ့ကို ကြည့်နေကြလေသည်။
မူလက အားလုံး က အတော်လေး သတိဝီရိယ ရှိကြ သော်လည်း ရွှီယန် က ပိုက်ကွန် ထဲမှ ငါးများကို အဆက်မပြတ် လှုပ်ခါ ပြနေပြီး ထိုငါးများ ကလည်း အရှင်လတ်လတ် လှုပ်ရှား ခုန်ပေါက် နေကြလေသည်။
ဝံပိုငှက် နှစ်ကောင် က ဆက်လက် သည်းမခံ နိုင်တော့ချေ။
ချက်ချင်းပင် လျှောက်လာ ကာ ငါးများကို စားသောက် ကြလေသည်။
အခြား ဝံပိုငှက်များ ကလည်း အနောက်မှ လိုက်ပါ လာကြလေသည်။
ဝံပိုငှက် ၏ နှုတ်သီး က အထူးပင် ကြီးမားလှပြီး အရာအားလုံး ကို စားသောက် လိုကြလေသည်။ ယခင်က ဝံပိုငှက် တစ်ကောင် က သူ၏ နှုတ်သီးကြီး ဖြင့် ရေဝက် ၏ အရွယ်အစား ကို တိုင်းတာ နေပြီး ရေဝက် ကို စားသောက် လိုသည့် ဟန်ပန် ကို ပြသ နေသော်လည်း ရေဝက် ကတော့ သူ့ကို လုံးဝ အဖက်မလုပ် ခဲ့ချေ။
ရွှီယန် က ဝံပိုငှက် အုပ် ၏ ခေါင်းဆောင် ကို မှတ်မိ နိုင်လေသည်။
ခေါင်းဆောင် လည်း ရောက်လာသည် ကို မြင်သောအခါ ရွှီယန် က သူ့ကို ငါးအကောင်ရေ အတော်များများ ကျွေးမွေး လိုက်လေသည်။
[ဝံပိုငှက် ၏ နှစ်သက်မှုကို ရရှိပါသည်... နှစ်သက်မှု ဆုလာဘ် အဖြစ် မြေတူးစက် တစ်စီး ကို ရရှိပါသည်]
[တာဝန် ပြီးမြောက်မှု အခြေအနေ ၃ ပိုင်း ၁ ပိုင်း]
ငါးအကောင်ရေ အနည်းငယ် ကျွေးမွေး ပြီးနောက် စနစ် ထံမှ သတိပေးသံ က အောင်မြင်စွာ ထွက်ပေါ် လာခဲ့လေသည်။
ဤသတိပေးသံ ကို ကြားသောအခါ ရွှီယန် ၏ ရင်ထဲတွင် ချက်ချင်းပင် အနည်းငယ် ပေါ့ပါး လွတ်လပ် သွားလေသည်။
တစ်ခု တော့ ပြီးမြောက် သွားခဲ့ပြီ ဟု ဆိုရမည် ဖြစ်လေသည်။
တစ်ပါတည်း မြေတူးစက် တစ်စီး ကိုပါ ရရှိခဲ့သဖြင့် လယ်ယာခြံဝင်း တွင် ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ဆောင် ရာ၌ အသုံးပြု နိုင်မည် ဖြစ်လေသည်။
အင်တာနက်သုံးစွဲသူများ က နှုတ်သီးကြီးများ နှင့် ဝံပိုငှက် အုပ်ကြီး က ရွှီယန် ၏ ဘေးနားတွင် ဝိုင်းရံ ကာ ငါးတောင်း နေကြသည့် မြင်ကွင်း ကို ကြည့်ရှု ရင်း အတော်လေး စိတ်ဝင်စားစရာ ကောင်းသည် ဟု ခံစား နေကြရလေသည်။
အားလုံး က မနေနိုင်ဘဲ ရယ်မော လိုက်ကြလေသည်။
ရွှီယန် ၏ တိုက်ရိုက်ထုတ်လွှင့်မှု ကို ကြည့်ရှု ရသည် မှာ ပို၍ပို၍ ပျော်ရွှင်စရာ ကောင်းလာ လေသည်။
"ကုန်ပြီ... ကုန်သွားပြီ..."
ရွှီယန် က ငါးများကို ကျွေးမွေး ပြီးသွား သော်လည်း ဝံပိုငှက်များ က နှုတ်သီးကြီး များကို ဟ ကာ အနားသို့ တိုးကပ် လာကြဆဲ ဖြစ်ရာ ရွှီယန် မှာ အလျင်အမြန် နောက်သို့ ဆုတ်လိုက် ရလေသည်။
ဤအချိန် တွင် ဝံပိုငှက် နှစ်ကောင် က ပါးစပ်ကြီး များကို ဟ ကာ ရွှီယန် ၏ ခြေသလုံး ကို စတင် တိုင်းတာ နေကြပြီး စားသောက် ၍ ရနိုင် မရနိုင် ကို အကဲဖြတ် နေကြသည့် အလား ပင်ဖြစ်သည်။
ဒရုန်း ကင်မရာ က ဤမြင်ကွင်း ကို ဖမ်းယူ ရိုက်ကူး မိသွားပြီး ဝံပိုငှက်များ ၏ ပုံစံ ကို မြင်သောအခါ အားလုံး က ပို၍ပင် ပျော်ရွှင် သွားကြတော့သည်။
[ဟားဟားဟား... ဝံပိုငှက် နှစ်ကောင် က အစ်ကိုယန် ကိုတောင် စားချင်နေကြတာလား]
[ဒီအကောင် တွေက ဘာကိုမဆို တိုင်းတာ ရဲကြတာပဲ]
[တစ်လုတ်တည်း နဲ့ မြိုချလို့ ရမလား ဆိုတာကို ယှဉ်ကြည့် နေကြတာ]
[ဟားဟားဟား... အရမ်း ရယ်ရတာပဲ]
ဤအချိန် တွင် ရွှီယန် လည်း အနောက်သို့ ဆုတ်ခွာ သွားခဲ့ပြီ ဖြစ်လေသည်။
မြက်ခင်းပြင် ၏ ဘဝ က တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပေသည်။
အဝေးဆီ တွင် ချီတာကျားသစ်လေး မီမီ က ဒရယ် တစ်ကောင် ကို အမဲလိုက် ဖမ်းဆီး မိထားပြီ ဖြစ်ကြောင်း ရွှီယန် မြင်တွေ့ လိုက်ရပြီး ကြည့်ရသည် မှာ အမည်းစက်များ ပါသော ဒရယ် တစ်ကောင် ဖြစ်ပုံ ရလေသည်။
မြက်ခင်းပြင် တွင် ဒရယ် မျိုးစိတ်များ အထူးပင် များပြား လှပေသည်။ ဥပမာအားဖြင့် ဂဇယ်ဒရယ်၊ ဒစ်ဒစ်ဒရယ်၊ သစ်ကုလားအုတ်ဒရယ်၊ အော်ရစ်ဒရယ်၊ ရေဒရယ် အစရှိသည်တို့ ပင်ဖြစ်သည်။
၎င်းတို့ က အသားစား သတ္တဝါများ ၏ အဓိက အစားအစာ အရင်းအမြစ် ပင်ဖြစ်ကြလေသည်။
ဤဒရယ် က အတော်လေး ကြီးမား လှပေသည်။
မီမီ က ဒရယ် ကို ဆွဲငင် ကာ သစ်ပင် ပေါ်သို့ တက်ရန် ကြိုးစား နေလေသည်။
ချီတာကျားသစ်များ က အမြန်နှုန်း နှင့် တိုက်ခိုက်ရေး စွမ်းရည် တွင် အတော်လေး ကောင်းမွန် သော်လည်း ခွန်အား အပိုင်း တွင်တော့ အနည်းငယ် အားနည်း ကြလေသည်။
ဒရယ် ကို ဆွဲငင် သွားသော အမြန်နှုန်း က သိသာစွာ နှေးကွေး နေလေသည်။
ထိုစဉ်မှာပင် ဟိုင်အီနာ နှစ်ကောင် က ချီတာကျားသစ်လေး မီမီ ရှိရာ အရပ်သို့ တိုးကပ် လာနေပြီ ဖြစ်ကြောင်း ရွှီယန် သတိထားမိ သွားလေသည်။
၎င်းတို့ က ကင်းထောက်များ ဖြစ်ကြပြီး ချီတာကျားသစ် ကို နှောင့်ယှက် ဟန့်တား ရန် တာဝန်ယူ ထားကြခြင်း ပင်ဖြစ်သည်။
အချိန် တန်၍ ရောက်လာသော ဟိုင်အီနာများ ပိုမို များပြား လာပါက ချီတာကျားသစ် ကို တိုက်ခိုက် ကြမည် ဖြစ်ပြီး အစာ ကို စွန့်လွှတ် ရန် ဖိအားပေး ကြမည် ဖြစ်လေသည်။
ရွှီယန် လည်း မြင်တွေ့ သွားခဲ့ပြီ ဖြစ်ပြီး မည်သို့ပင်ဖြစ်စေ ချီတာကျားသစ် က သူ့ဘေးနား တွင် အချိန် အတော်ကြာအောင် အူကြောင်ကြောင် နိုင်ပြီး ချစ်စရာ ကောင်းသော ပုံစံများ ဖြင့် အဖော်ပြု ပေးခဲ့သည် မဟုတ်ပါလော။
ရွှီယန် က လျှောက်သွား လိုက်ပြီး ဘာမှ အထူးတလည် မလုပ်ဆောင်ဘဲ ဟိုင်အီနာ နှင့် ချီတာကျားသစ် တို့၏ အလယ် တွင် ရပ်လျက် ဟိုင်အီနာ များကိုသာ ကြည့်နေ လိုက်လေသည်။
ရွှီယန် ထွက်ပေါ် လာမှု ကြောင့် ဟိုင်အီနာ နှစ်ကောင် မှာ ချက်ချင်းပင် အနည်းငယ် တွန့်ဆုတ် သွားကြပြီး အရှေ့သို့ ဆက်မတိုး ရဲတော့ချေ။
ဤအချိန် တွင် ချီတာကျားသစ် က အလျင်စလို ဖြင့် ဒရယ် ကို သစ်ပင် တစ်ပင် ၏ အောက်သို့ ဆွဲယူ လာခဲ့ပြီး အပေါ်သို့ အားကုန် သုံးကာ ဆွဲတင် လိုက်ရာ နောက်ဆုံးတွင် ဒရယ် ကို အပေါ်သို့ ဆွဲတင် လိုက်နိုင် ခဲ့လေသည်။
ဤမြင်ကွင်း ကို မြင်သောအခါ ရွှီယန် လည်း သက်ပြင်း တစ်ချက် ချလိုက် နိုင်လေသည်။
သစ်ပင် ပေါ်သို့ ရောက်သွားပြီ ဆိုလျှင် အဆင်ပြေ သွားပြီ ဖြစ်လေသည်။
ထို့နောက် ဟိုင်အီနာများ က သစ်ပင် အောက်သို့ အဆက်မပြတ် ရောက်ရှိ လာကြပြီး အပေါ်ရှိ ဒရယ် ကို စိုက်ကြည့် နေကြလေသည်။
အချို့ က သစ်ပင် အောက်တွင် ပင် မှောက်လျက် နေကြပြီး သိုးသား ပြုတ်ကျ လာမည့် အချိန် ကို စောင့်ဆိုင်း နေကြလေသည်။
၎င်းတို့ က အစားအစာ များကို လုယူ ခြင်းဖြင့် သာ အသက်မွေးဝမ်းကျောင်း ပြုကြခြင်း ပင်ဖြစ်သည်။
ထို့ကြောင့် ပင် လူများ၏ မုန်းတီးမှု ကို ခံရခြင်း ဖြစ်လေသည်။
ချီတာကျားသစ်လေး မီမီ က သစ်ပင် ပေါ်တွင် မှောက်လျက် နေကာ အမောတကော ဖြစ်နေပြီး အောက်ဘက်ရှိ ဟိုင်အီနာ များကို သတိဝီရိယ ဖြင့် ကြည့်ရှု နေလေသည်။
ထို့နောက် ရွှီယန် ကို အလွန် ချစ်စရာ ကောင်းသော အကြည့်များ ဖြင့် ကြည့်ရှု လာပြန်သည်။
ရွှီယန် က မလှမ်းမကမ်း တွင် ရပ်လျက် သူ့ကို လက်ဝှေ့ယမ်း ပြလိုက်လေသည်။
ဤအချိန် တွင် ဟိုင်အီနာ အတော်များများ က ရွှီယန် ကို စတင် စိုက်ကြည့် လာကြပြန်သည်။
အခြေအနေ မဟန်ကြောင်း သတိထားမိ သွားသောအခါ ရွှီယန် က ချက်ချင်းပင် နောက်လှည့် ကာ အမြန် ထွက်ခွာ သွားတော့သည်။
တကယ်တမ်း တွင် သူ၏ ယခု လုပ်ရပ် က အထူးပင် သတ္တိကောင်း နေပြီ ဖြစ်လေသည်။ ဤဘက်ရှိ ခရီးသွားများ အားလုံး က ကျွမ်းကျင်သူများ ၏ အဖော်ပြုမှု ဖြင့်သာ ဝင်ရောက် ခွင့် ရှိကြပြီး ဓာတ်ပုံဆရာများ အားလုံး ကလည်း အုပ်စုလိုက် သာ လှုပ်ရှား ကြလေသည်။
ရွှီယန် တစ်ယောက်တည်း သာ အလွန် လွတ်လပ် ပေါ့ပါးစွာ ဖြင့် လူသူ ကင်းမဲ့ရာ နေရာများ သို့ လျှောက်သွား နေခြင်း ပင်ဖြစ်သည်။
ဘေးနား တွင် ဟိုင်အီနာများ ရှိနေသည် ကိုပင် ကြောက်ရွံ့ခြင်း မရှိချေ။
အဝေးရှိ ဓာတ်ပုံဆရာများ က ဤမြင်ကွင်း ကို မြင်သောအခါ အားလုံး က မနေနိုင်ဘဲ ရေရွတ် လိုက်ကြလေသည်။
"သူ့အတွက် အထူးအစီအစဉ် ရိုက်ကူးပေးလို့ ရမလား... သူ့ကို ကြည့်ရတာ ခြင်္သေ့ မျိုးနွယ်စု တွေထက်တောင် ပိုကြမ်းတမ်း နေသလိုပဲ…”