← Chapters

အခန်း (၄၂၅-၄၂၆)

Vol. 43 Ch. 425-426

အခန်း (၄၂၅-၄၂၆)

Vol. 43 Ch. 425-426

အခန်း ၄၂၅။ ရှောင်ဟေးနှင့် တောယုန်ဘုရင်တို့၏ လိုက်တမ်းပြေးတမ်း စစ်ပွဲ

[ရတနာရှာဖွေရေး တာဝန် ပြီးမြောက်ပါပြီ ဆုလာဘ်အဖြစ် တောယုန်ဘုရင်ကို ရရှိပါသည်]

[တောယုန်ဘုရင် ခန္ဓာကိုယ်ကြံ့ခိုင်မှု အလွန်ကောင်းမွန်သော ယုန်တစ်ကောင် ဖြစ်ပြီး ကိုယ်ဟန်လှုပ်ရှားမှုတွင် ကျွမ်းကျင်ပါသည်]

တောင်နောက်ဘက်တွင် ရွှီယန်က အလုပ်အားနေသဖြင့် ရတနာရှာဖွေရေး တာဝန်တစ်ခုကို လုပ်ဆောင်လိုက်လေသည်။

တာဝန် သတ်မှတ်ချက်က ယုန်တစ်ကောင်နှင့် အတူတကွ ဆဲလ်ဖီ ရိုက်ကူးရန် ဖြစ်ပြီး ဆုလာဘ်က ကျပန်း အထူးဆုလာဘ် ဖြစ်ကြောင်း ဖော်ပြထားသော်လည်း မည်သူကများ တောယုန်ဘုရင် တစ်ကောင်ကို ဆုချလိမ့်မည်ဟု တွေးတော ထင်မှတ်ထားမိမည် မဟုတ်ချေ။

'တောယုန်ဘုရင် ဟုတ်လား' ဟု တွေးကာ ရွှီယန် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။

'ဒီအကောင် ကိုတောင် ဆုလာဘ် အဖြစ် ပေးသေးတာလား'

ရွှီယန်က ဤဆုလာဘ်သည် ဘာဖြစ်ကြောင်းနှင့် ဘယ်က ရောက်လာမှန်း လုံးဝ မသိရှိချေ။ စနစ်ထဲမှနေ၍ ထုတ်ယူ၍လည်း မရနိုင်ပေ။

အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေသော်လည်း ယုန်တစ်ကောင်မျှ ရောက်လာသည်ကို မတွေ့ရသဖြင့် သူက ဤကိစ္စကို ရင်ထဲတွင် ထားမနေတော့ချေ။ 'ကံတရား အတိုင်းပဲ သွားပါစေတော့' ဟုသာ တွေးလိုက်လေသည်။

လယ်ယာခြံဝင်းသို့ ပြန်ရောက်သောအခါ သူက ကားမောင်း၍ မြို့ထဲသို့ ပြန်သွားပြီး ဇနီးဖြစ်သူအား သွားရောက် အဖော်ပြုပေးလေတော့သည်။

ဒုတိယနေ့ နံနက်ခင်းတွင် ရွှီယန်က ဇနီးဖြစ်သူအား ကိုယ်ဝန်စစ်ဆေးရန် အဖော်ပြုပေးနေသဖြင့် လယ်ယာခြံဝင်းသို့ မရောက်လာခဲ့ချေ။

လယ်ယာခြံဝင်းတွင်တော့ အကောင်သစ် တစ်ကောင် ရောက်ရှိလာခဲ့လေသည်။ တစ်ကိုယ်လုံး မီးခိုးရောင် ရှိသော တောယုန်ကြီး တစ်ကောင်က ခြံစည်းရိုးအောက်ရှိ အပေါက်မှတစ်ဆင့် လယ်ယာခြံဝင်း အတွင်းသို့ တိုးဝင်လာခဲ့လေသည်။

၎င်းက လယ်ယာခြံဝင်း၏ ပတ်ဝန်းကျင်ကို စူးစမ်းချင်စိတ်ဖြင့် လိုက်လံ ကြည့်ရှုနေလေသည်။ ဤယုန်မီးခိုးကြီး၏ ခန္ဓာကိုယ်က အလွန် တောင့်တင်း ကျန်းမာပြီး ခြေထောက်ရှိ ကြွက်သားများကလည်း အထူး ဖွံ့ဖြိုးနေလေသည်။

ထို့အပြင် ၎င်းက အလွန် သတိဝီရိယ ကြီးမားပုံရပြီး မွေးမြူရေး ယုန်များ ကဲ့သို့ အူကြောင်ကြောင်နိုင်သည့် အသွင်အပြင်မျိုး လုံးဝ မရှိချေ။

တောယုန်ကြီး မြင်တွေ့လိုက်ရသည်မှာ ကျယ်ပြန့်သော ကွက်လပ်ကြီးများနှင့် စိုက်ခင်းများ ပင်ဖြစ်သည်။ ဤသည်မှာ လယ်ယာခြံဝင်း၏ စိုက်ပျိုးရေး ဧရိယာ ဖြစ်ပြီး ပတ်ဝန်းကျင်က အလွန် ကောင်းမွန်လှပေသည်။ ကျယ်ပြန့်သော စားကျက်မြက်ခင်းများ ရှိပြီး နေကြာပန်းခင်းကြီးများ၊ အာလူးခင်းများနှင့် စပါးခင်းများလည်း ရှိလေသည်။

တောယုန်ကြီးက ဟိုဟိုဒီဒီ ကြည့်ရှုလိုက်ပြီးနောက် စားကျက်မြက်ခင်း ရှိရာဘက်သို့ ခုန်ဆွခုန်ဆွဖြင့် သွားရောက်လေတော့သည်။ ဤစားကျက်မြက်ခင်းက ကြည့်ရသည်မှာ မဆိုးလှချေ။ မြက်နုလေး အချို့ကို စားသောက်ရန် အဆင်ပြေလှပေသည်။

တောယုန်ကြီးက အတွင်းပိုင်းသို့ ပြေးဝင်သွားချိန်တွင် မြေခွေးနီလေး တစ်ကောင်က မြက်တောထဲမှ တိုးထွက်လာပြီး ဤယုန်မီးခိုးကြီးကို တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့သွားခဲ့လေသည်။ ယုန်များမှာ မြေခွေးများ၏ စားသောက်ကုန် စာရင်းတွင် ပါဝင်လေသည်။ ယုန်ကို မြင်သောအခါ မြေခွေးလေးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး ယုန်ရှိရာဆီသို့ တိုက်ရိုက်ပင် ပြေးဝင်သွားတော့သည်။

ယုန်နှင့် မြေခွေးတို့ ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်း ဆက်ဆံခြင်း ဆိုသည်မှာ ဇူးတိုးပီးယား ကဲ့သို့သော ကာတွန်း ကမ္ဘာထဲတွင်သာ ရှိလေသည်။ လက်တွေ့ဘဝတွင် မြေခွေးက ယုန်နှင့် တွေ့ပါက သေချာပေါက် စားသောက်မည်သာ ဖြစ်လေသည်။

ယုန်မီးခိုးကြီးက ၎င်းထံသို့ ပြေးဝင်လာသော မြေခွေးကို မြင်တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် နောက်သို့ ချက်ချင်း လှည့်ပြေးတော့သည်။ မြေခွေး တစ်ကောင်နှင့် ယုန်တစ်ကောင်တို့ လယ်ယာခြံဝင်း အတွင်းတွင် လိုက်တမ်းပြေးတမ်း ပြဇာတ်ကြီး တစ်ပုဒ်ကို ကပြနေကြလေသည်။ သေချာစွာ ကြည့်ရှုလိုက်ပါက ဤယုန်က အရှိန်ကို ထိန်းချုပ်ထားပုံ ရပြီး အစပိုင်းတွင် အလွန် မြန်ဆန်စွာ ပြေးလွှားနေသော်လည်း တဖြည်းဖြည်းနှင့် အရှိန်ကို လျှော့ချလာလေသည်။

မြေခွေးက အမိဖမ်းနိုင်တော့မည့် အနေအထားတွင် ရှိနေလေသည်။ ထိုစဉ်မှာပင် ယုန်မီးခိုးကြီးက လားရာ အရပ်ကို ရုတ်တရက် ပြောင်းလဲပစ်လိုက်သည်။ မြေခွေးကလည်း အနောက်မှ လိုက်၍ လားရာ ပြောင်းလဲရန် ကြိုးစားလိုက်သော်လည်း နောက်ဆက်တွဲ ဖြစ်ပေါ်လာသော မြင်ကွင်းက ၎င်း၏ မျှော်လင့်ချက်များကို လုံးဝ ကျော်လွန်သွားခဲ့လေသည်။

ယုန်မီးခိုးကြီးက ဆက်လက် ထွက်ပြေးခြင်း လုံးဝ မရှိတော့ဘဲ ကိုယ်ကိုလှည့်ကာ မြေခွေးရှိရာဆီသို့ ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထွက်မပြေးသည့်အပြင် အရင်စတင်၍ပင် တိုက်ခိုက်လိုက်သေးသည်။ ယုန်မီးခိုးကြီးက ရုတ်တရက် အပေါ်သို့ ခုန်တက်လိုက်ပြီး လေထဲတွင် ၃၆၀ ဒီဂရီ လှည့်ပတ်ကာ ၎င်း၏ နောက်ခြေထောက် ဖြင့် မြေခွေး၏ ခေါင်းကို အားကုန် ကန်ချလိုက်တော့သည်။ တစ်ချိန်တည်းမှာပင် ကန်လိုက်သော အရှိန်ကို အသုံးချ၍ ဘေးဘက်သို့ ခုန်ထွက်သွားလေသည်။

မြေခွေးလေးမှာ အသေအချာကို အကန်ခံလိုက်ရလေသည်။ ဤအကန်ချက်၏ ခွန်အားက လုံးဝ မပေါ့ပါးချေ။ မြေခွေးလေးပင် ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။

'ငါက အမဲလိုက်တဲ့ကောင် မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ယုန်ရဲ့ အကန်ကို ခံလိုက်ရတာလဲ' ဟု မြေခွေးလေးက တွေးတောနေပုံ ရလေသည်။

ယုန်မီးခိုးကြီးက မြေခွေးကို တစ်ချက် ကန်လိုက်နိုင်ပြီးနောက် အရှေ့သို့ ဆက်လက် ပြေးလွှားသွားကာ အနောက်သို့လည်း လှည့်ကြည့်နေသေးသည်။ မြေခွေးက အနောက်မှ လိုက်မလာကြောင်း သတိထားမိသော အခါမှသာ ၎င်းက အရှိန်ကို လျှော့ချလိုက်တော့သည်။

မြေခွေးလေးမှာ တစ်ချက် အကန်ခံလိုက်ရသဖြင့် ချက်ချင်းပင် အနည်းငယ် ဝမ်းနည်းသွားရလေသည်။ ၎င်းက အောင်အူး အောင်အူး ဟု အသံစူးစူးဖြင့် နှစ်ချက်ခန့် အော်မြည်လိုက်ပြီးနောက် လယ်ယာခြံဝင်း၏ နေထိုင်ရာ ဧရိယာဘက်သို့ ပြေးသွားကာ အကူအညီ သွားခေါ်တော့သည်။

မြေခွေး ဆိုသည်မှာ အချစ်စရာကောင်းအောင် အလုပ်တတ်ဆုံးနှင့် အစ်ကိုကြီးများကို သွားရောက် အပူကပ်ရာတွင် အတော်ဆုံးသော မျိုးစိတ်များ အနက်မှ တစ်ခု ပင်ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင် စွမ်းရည်က မမြင့်မားသော်လည်း အခြေအနေကို အကဲခတ်ရာတွင် အလွန် ကျွမ်းကျင်ကြလေသည်။ ဝမ်းနည်းပက်လက်ဖြင့် အစ်ကိုကြီးများကို သွားရှာမည် သို့မဟုတ် မိမိကိုယ်ကို အစွမ်းထက်လာစေရန် နည်းလမ်း ရှာဖွေမည် ဖြစ်လေသည်။ ဥပမာအားဖြင့် ကျားကျင်ငယ်ရည် ထဲတွင် လူးလှိမ့်ခြင်းမျိုး ပင်ဖြစ်သည်။

ယခင်က ဗီဒီယို ရိုက်ကူးမိခဲ့ဖူးသည်မှာ မြေခွေး တစ်ကောင်က ကျားတစ်ကောင်၏ အနောက်မှ လိုက်ပါသွားပြီး ကျား ကျင်ငယ်စွန့်မည့် အချိန်ကို စောင့်ဆိုင်းကာ ကျားကျင်ငယ်ရည် ထဲသို့ ပြေးဝင်ပြီး လူးလှိမ့်နေခြင်း ပင်ဖြစ်သည်။ ထို့ကြောင့် မြေခွေးက ကျား၏ အရှိန်အဝါကို အသုံးချသည်ဟု ဆိုကြခြင်း ပင်ဖြစ်သည်။ အလွန် လည်ဝယ်လွန်းလှပေသည်။

လယ်ယာခြံဝင်းရှိ မြေခွေးနီလေးများက ချစ်စရာ ကောင်းကြပြီး အပူကပ်ရာတွင် အတော်ဆုံး ပင်ဖြစ်သည်။ ၎င်းက ခြံဝင်းထဲသို့ ချက်ချင်း ပြေးဝင်သွားပြီး ရှောင်ဟေးနှင့် ယွမ်ပေါင် တို့ကို မြင်တွေ့သောအခါ အသံစူးစူးဖြင့် အော်မြည်ပြတော့သည်။ ကြီးမားသော မတရားမှုကြီးကို ခံလိုက်ရသည့် အလားပင် ဖြစ်လေသည်။

မြေခွေးလေး အနိုင်ကျင့် ခံလိုက်ရကြောင်း ရှောင်ဟေး ကြားလိုက်သည်နှင့် တစ်ပြိုင်နက် လယ်ယာခြံဝင်း၏ စိုက်ခင်း ဧရိယာ ဘက်သို့ တိုက်ရိုက်ပင် ပြေးထွက်သွားတော့သည်။ ယွမ်ပေါင် ကလည်း အနောက်မှ ကပ်ပါသွားလေသည်။ ၎င်းတို့ နှစ်ကောင်စလုံးက ရန်သွားဖြစ်မည့် ဟန်ပန် အပြည့် ရှိနေလေသည်။

ဝံပုလွေပေါက်လေး လည်း အနည်းငယ် စိတ်ဝင်စားသွားပြီး အနောက်မှ လိုက်ပါ ပြေးလွှားသွားလေသည်။ သို့သော် တောခွေးကြီး ကတော့ အတော်လေး တည်ငြိမ်နေပုံ ရပြီး ဖြည်းညင်းစွာသာ လိုက်ပါသွားကာ အတူတကွ ဝင်ရောက် တိုက်ခိုက်မည့် အရိပ်အယောင် လုံးဝ မပြချေ။ ကျည်ဆန် က ပို၍ အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်ရာ ချစ်စရာကောင်းသော မြေခွေးလေး၏ လွှမ်းမိုးမှု အောက်တွင် အကဲဖြတ်မှု မှားယွင်းမည် မဟုတ်ချေ။

ရှောင်ဟေးနှင့် ယွမ်ပေါင် တို့က လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်ကို မြင်တွေ့လိုက်ရသည်။ ယုန်ကြီးက စားကျက်မြက်ခင်း ဘက်တွင် ဆော့ကစား နေဆဲပင် ဖြစ်လေသည်။ ဤအချိန်တွင် ယုန်မီးခိုးကြီးက ရှောင်ဟေးနှင့် ယွမ်ပေါင် တို့ကို သတိထားမိသွားလေသည်။ ၎င်းက ခဏမျှ စောင့်ဆိုင်းနေသေးပြီးမှ အရှိန်တင်ကာ အဝေးသို့ ထွက်ပြေးတော့သည်။

စွမ်းဆောင်ရည် မြင့်မားသော တောယုန်များ၏ အမြန်နှုန်းက ခွေးများထက် ပိုမြန်တတ်လေသည်။ ယခင်က တောခွေး တစ်ကောင် တောယုန်ကို လိုက်ဖမ်းရာတွင် တောယုန်က ခပ်ဝေးဝေးသို့ ပြေးသွားပြီး ပုန်းအောင်းနေကာ ခွေးက ၎င်းကို ကျော်လွန် ပြေးသွားသော အခါမှသာ ဆန့်ကျင်ဘက် အရပ်သို့ ပြန်လှည့် ပြေးသွားခဲ့လေသည်။ အမြန်နှုန်း နှင့် ဉာဏ်ရည်ဉာဏ်သွေး နှစ်ခုစလုံးတွင် အပြည့်အဝ အသာစီး ရနေခြင်း ပင်ဖြစ်သည်။ သို့သော် လယ်ယာခြံဝင်း ကတော့ မတူညီချေ။ ရှောင်ဟေးနှင့် ယွမ်ပေါင် တို့၏ အမြန်နှုန်းက အထူးပင် မြန်ဆန်လှပေသည်။ ၎င်းတို့၏ အမြန်နှုန်း မြန်ဆန်သောကြောင့် သာလျှင် ယုန်မီးခိုးကြီး အပေါ် ဖိအား အချို့ကို သက်ရောက် စေနိုင်ခြင်း ပင်ဖြစ်သည်။

မကြာခင်မှာပင် လိုက်တမ်းပြေးတမ်း စစ်ပွဲက ထပ်မံ စတင်သွားခဲ့ပြန်သည်။ ဤကောင်လေး နှစ်ကောင်ကို ရင်ဆိုင်ရန် မလွယ်ကူကြောင်း ယုန်မီးခိုးကြီး သတိထားမိသွားသဖြင့် ဤတစ်ကြိမ် တွင်တော့ ပြန်လည် တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ ထွက်ပြေးရန် ကိုသာ အပြည့်အဝ အာရုံစိုက် လိုက်တော့သည်။ ၎င်း၏ အမြန်နှုန်း ကလည်း အထူးပင် မြန်ဆန်နေဆဲ ဖြစ်လေသည်။ ဤကောင်လေး က တကယ်ကို သာမန် မဟုတ်ချေ။

ရှောင်ဟေးနှင့် ယွမ်ပေါင် တို့မှာ ပို၍ပို၍ စိတ်လှုပ်ရှား လာကြလေသည်။ ကောင်လေး နှစ်ကောင်က ရူးသွပ်နေသည့် အလား ပြေးထွက်သွားကြလေသည်။ ဘယ်တစ်ကောင် ညာတစ်ကောင် ဖြင့် နှစ်ဖက်စလုံး မှနေ၍ ယုန်မီးခိုးကြီး ကို ညှပ်ပိတ် လာကြလေသည်။ ယုန်မီးခိုးကြီး က ဤကောင်လေး နှစ်ကောင်၏ အမြန်နှုန်း ပို၍ မြန်လာသည်ကို မြင်သောအခါ လယ်ယာခြံဝင်း ခြံစည်းရိုး အောက်ရှိ အပေါက်မှနေ၍ တိုက်ရိုက်ပင် အပြင်သို့ တိုးထွက်ရန် ဆုံးဖြတ်လိုက်တော့သည်။ ၎င်း အပြင်သို့ တိုးထွက်သွားပြီးနောက် ရှောင်ဟေးနှင့် ယွမ်ပေါင် တို့လည်း အနောက်မှ လိုက်၍ တိုးထွက် သွားကြလေသည်။

သို့သော် ယုန်က အလွန် ကောက်ကျစ် စဉ်းလဲလှပြီး တောရိုင်းမြေ ဧရိယာ အတွင်းသို့ ဝင်ရောက်သွားသည် နှင့် တစ်ပြိုင်နက် ချက်ချင်းပင် အစအန ပျောက်ကွယ် သွားတော့သည်။ ဤဘက်ရှိ မြေပြင် အနေအထား က အနိမ့်အမြင့် မညီညာဘဲ မြေတွင်း များလည်း အလွန် များပြားလှပေသည်။

ယုန်များ အနေဖြင့် ထိုအထဲတွင် ပုန်းအောင်းရန် အလွန် လွယ်ကူလှပေသည်။ ရှောင်ဟေးနှင့် ယွမ်ပေါင် တို့က နှစ်ပတ်ခန့် လှည့်ပတ် ရှာဖွေ သော်လည်း ပစ်မှတ် ကို မတွေ့ရှိခဲ့ကြချေ။ ၎င်းတို့က ထိုနေရာမှ ထွက်ခွာလာပြီး လယ်ယာခြံဝင်း သို့ ပြန်လာခဲ့ကြတော့သည်။

ကိစ္စက မပြီးဆုံးသေးချေ။ တစ်နာရီခန့် အကြာတွင် မြေခွေးပေါက်လေး က စားကျက်မြက်ခင်း ဘက်တွင် ဆက်လက် ဆော့ကစား နေလေသည်။ အပြင်သို့ ထွက်လာသည် နှင့် တစ်ပြိုင်နက် ယုန်မီးခိုးကြီး က မလှမ်းမကမ်း တွင် မြက်စားကာ လမ်းလျှောက် နေသည်ကို တွေ့ရှိသွားခဲ့လေသည်။

'မင်း ထပ်လာပြန်ပြီလား' ဟု မြေခွေးလေး က တွေးနေပုံ ရလေသည်။

ယုန်မီးခိုးကြီး က မြေခွေး ကို တည်ငြိမ်စွာ ကြည့်နေလေသည်။ ကိုယ်ဟန် လှုပ်ရှားမှု လျင်မြန် သွက်လက်သော ယုန်တစ်ကောင် အနေဖြင့် ၎င်း က မြေခွေး ကို တကယ်ပင် မကြောက်ရွံ့ချေ။

မြေခွေးလေး က အသံစူးစူး ဖြင့် အော်မြည်ကာ ရှောင်ဟေး ကို သွားခေါ်ရန် ချက်ချင်း ပြေးထွက် သွားတော့သည်။ အချိန် သိပ်မကြာခင် မှာပင် ရှောင်ဟေး ထပ်မံ ထွက်ပေါ် လာပြန်သည်။

ဤတစ်ကြိမ် တွင်တော့ ရှောင်ဟေး တစ်ကောင်တည်း သာ ပါလာပြီး ယုန်မီးခိုးကြီး ကလည်း ရှောင်ဟေး နှင့် တစ်ပွဲ တစ်လမ်း ယှဉ်ပြိုင် ကြည့်လိုသော ရည်ရွယ်ချက် ရှိနေပုံ ရလေသည်။

တောယုန်များ က အတော်လေး ဉာဏ်ကောင်း ကြပြီး အထူးသဖြင့် ထွက်ပြေး လွတ်မြောက်ရေး နည်းလမ်း များတွင် ပို၍ ကျွမ်းကျင် ကြလေသည်။ ထို့ကြောင့်ပင် ယုန်များကို တင်စားရာတွင် ကောက်ကျစ် စဉ်းလဲသော ဟူသည့် စကားလုံး ကို အသုံးပြု ကြခြင်း ပင်ဖြစ်သည်။

ခွေးနှင့် ယုန် တို့၏ လိုက်တမ်းပြေးတမ်း စစ်ပွဲ က စတင် သွားခဲ့လေသည်။ မြေခွေး... ကျည်ဆန် နှင့် ဝံပုလွေပေါက်လေး တို့က ပွဲကြည့် နေကြလေသည်။ အမှန်အတိုင်း ပြောရမည် ဆိုလျှင် ဤယုန် က တကယ်ကို အစွမ်းထက် လွန်းလှပေသည်။ အထူးသဖြင့် ကိုယ်ဟန် ပြောင်းလဲမှု အပိုင်း တွင် ဖြစ်လေသည်။ ဘယ်ညာ ယိမ်းနွဲ့ ပြေးလွှားသည့် အမြန်နှုန်း က အလွန် မြန်ဆန် လှပေသည်။ ရှောင်ဟေး ၏ မျဉ်းဖြောင့် အမြန်နှုန်း က ပိုမြန် သော်လည်း တကယ်ကို လိုက်မမီ နိုင်ချေ။

သို့သော် ယုန် က ထွက်ပြေးရုံ သာ ထွက်ပြေး နေပြီး ရှောင်ဟေး ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရန် လည်း မရဲချေ။

ကြည့်ရသည်မှာ ၎င်း က မိမိ၏ စွမ်းရည် ကို ရှင်းလင်းစွာ သိရှိ နားလည်ထားပုံ ရလေသည်။ ဤသို့ဖြင့် တစ်ပတ်ခန့် လိုက်တမ်းပြေးတမ်း ကစားပြီးနောက် ယုန် က ခြံစည်းရိုး အောက်မှနေ၍ ထပ်မံ တိုးထွက် သွားပြန်သည်။

ရှောင်ဟေး လည်း နောက်တစ်ကြိမ် အရှုံး နှင့် ရင်ဆိုင် လိုက်ရပြန်သည်။ သို့သော် ရန်ငြိုး ကတော့ အခိုင်အမာ တည်ဆောက် မိသွားခဲ့ပြီ ဖြစ်လေသည်။

ဒုတိယနေ့ နံနက်ခင်းသို့ ရောက်ရှိလာခဲ့သည်။ ယခင်အတိုင်း တစ်ထပ်တည်း တူညီသော မြင်ကွင်း ပင်ဖြစ်သည်။ ခွေးများ က ယုန် ကို လိုက်ဖမ်း နေကြလေသည်။

ရွှီယန် လယ်ယာခြံဝင်း သို့ ရောက်ရှိ လာသောအခါ ခွေးများ အားလုံး မရှိကြသည်ကို တွေ့ရှိရသဖြင့် အတော်လေး စူးစမ်းချင်စိတ် ဖြစ်ပေါ် နေမိလေသည်။

လယ်ယာခြံဝင်း ၏ ကွက်လပ် သို့ ရောက်ရှိ သွားသောအခါ ဤကောင်လေးများ အားလုံး က အဝေးသို့ လှမ်းကြည့် နေကြပြီး တစ်ခုခု ကို ကြည့်ရှု နေသည့် အလား ပင်ဖြစ်ကြောင်း တွေ့ရှိ လိုက်ရလေသည်။

"မင်းတို့ ဘာလုပ် နေကြတာလဲ..."

ရွှီယန်က အနည်းငယ် စူးစမ်းချင်စိတ် ဖြစ်ပေါ် နေမိသည်။ သူ လျှောက်သွားပြီး ကြည့်ရှု လိုက်သော အခါမှသာ ရှောင်ဟေး က မီးခိုးရောင် တောယုန် တစ်ကောင် ကို အလျင်အမြန် လိုက်လံ ဖမ်းဆီး နေသည်ကို တွေ့ရှိ လိုက်ရလေသည်။

"လခွမ်း... ဒီတောယုန် က ဘယ်က ရောက်လာတာလဲ..."

"ဒီလောက် မြန်တာလား..."

ရွှီယန် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။

ထိုအခါမှသာ မိမိ လုပ်ဆောင်ခဲ့သော တာဝန် ကို သူ ပြန်လည် သတိရ သွားခဲ့ပြီး ဤတောယုန် က တာဝန် မှ ရရှိလာခြင်း ဖြစ်လောက်သည် ဟု ခန့်မှန်း မိလေသည်။ ဤကောင်လေး ၏ အမြန်နှုန်း က တကယ်ကို မြန်ဆန် လွန်းလှပေသည်။ ပြေးလွှား နေသည်မှာ လျှပ်စီး တစ်တန်း နှင့်ပင် အလားသဏ္ဌာန် တူနေလေသည်။ ရှောင်ဟေး ပင်လျှင် လိုက်မမီ နိုင်ချေ။

"တောယုန်ဘုရင် လား..."

"သူကလား..."

ရွှီယန် အတော်လေး အံ့အားသင့် နေမိလေသည်။

ရွှီယန် လျှောက်သွားကာ နှစ်ကြိမ်ခန့် အော်ဟစ် ခေါ်ဆို လိုက်သည်။ တောယုန် က ရွှီယန် ကို မြင်သောအခါ ရွှီယန် ရှိရာဘက်သို့ ချက်ချင်း ပြေးလာခဲ့လေသည်။ ရှောင်ဟေး လည်း အနောက်မှ ကပ်ပါ လာခဲ့လေသည်။

"ရပ်လိုက်..."

"ရှောင်ဟေး... ဆက်မလိုက် နဲ့တော့..."

ရွှီယန်က အလျင်စလို အော်ဟစ် တားဆီး လိုက်သည်။ ရွှီယန်၏ စကား ကို ကြားသော အခါမှသာ ရှောင်ဟေး က ရပ်တန့် သွားလေသည်။ တောယုန် ကတော့ ရွှီယန်၏ ဘေးနား သို့ ရောက်ရှိ သွားခဲ့လေပြီ။

"တကယ်ကို ကျန်းမာ သန်စွမ်းတဲ့ ယုန်ပဲ... တော်တော်လည်း အစွမ်းထက်တာပဲ..."

ရွှီယန် ဆောင့်ကြောင့် ထိုင်ချကာ ဤတောယုန် ကို ပွတ်သပ် ပေးရင်း မနေနိုင်ဘဲ ချီးကျူး စကား ဆိုလိုက်မိသည်။ ကြည့်ရသည်မှာ လယ်ယာခြံဝင်း တွင် မျိုးစိတ်သစ် တစ်မျိုး ထပ်တိုး လာခဲ့ပြီ ဖြစ်လေသည်။

ရှောင်ဟေး က မြေပြင် ပေါ်တွင် ရပ်နေသော်လည်း မကျေမနပ် ဖြစ်နေပုံ ရကာ တောယုန် နှင့် ရန်ငြိုး ဖွဲ့ထားပြီ ဖြစ်ကြောင်း သိသာ လှပေသည်။ ရွှီယန် လည်း အများကြီး ဝင်ရောက် စွက်ဖက်ခြင်း မရှိတော့ချေ။ တောရိုင်း တိရစ္ဆာန်များ နှင့် ပတ်သက်၍ ရွှီယန် က အမြဲတမ်း ၎င်းတို့ဘာသာ လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့် ပြုထားလေသည်။

လယ်ယာခြံဝင်း နယ်မြေ အတွင်း တွင်တော့ အတတ်နိုင်ဆုံး ဘေးကင်း လုံခြုံရေး ကို အာမခံချက် ပေးထားခြင်း ပင်ဖြစ်သည်။ ဤတောယုန် က ကြည့်ရသည်မှာ တကယ်ကို အစွမ်းထက်ပုံ ရပြီး ရှောင်ဟေး ကို လှမ်းကြည့်သော အကြည့်များ တွင်ပင် ရန်စလိုသော အရိပ်အယောင် အချို့ ပါဝင် နေလေသည်။

"ဒီကောင်လေး တွေ တစ်ကောင်မှ စိတ်အေး ရတာ မရှိဘူး..."

"ဆန်းပြောင် က ရွာထဲက ကြောင်တွေ ရဲ့ ခေါင်းဆောင်ကြီး ဖြစ်နေပြီ..."

"ရှောင်ဟေး ကတော့ တောခွေး ဂိုဏ်း ရဲ့ ခေါင်းဆောင် ဖြစ်နေတယ်..."

"အခု တောယုန်ဘုရင် တစ်ကောင် ထပ်ရောက် လာပြန်ပြီ..."

"တစ်ကောင်ချင်းစီ က အစ်ကိုကြီး တွေ ချည်းပဲ..."

"သေချာတာပေါ့... အားလုံး က ငါ့စကား ကိုတော့ နားထောင် ရမှာပဲ..."

ရွှီယန်က လယ်ယာခြံဝင်း ရှိ ဤကောင်လေး များကို ကြည့်ရင်း မနေနိုင်ဘဲ ရယ်မော လိုက်မိသည်။ လယ်ယာခြံဝင်း ၏ တိရစ္ဆာန်များ က အတော်လေး အံ့ဩဖွယ် ကောင်းလှပေသည်။ နေ့စဉ် ၎င်းတို့ကို ကြည့်ရှု နေရသည်မှာလည်း စိတ်ဝင်စားစရာ ကောင်းလှပေသည်။

ရွှီယန်က တောယုန် ကို အနည်းငယ် ပွတ်သပ် ပေးပြီးနောက် လွှတ်ပေး လိုက်လေသည်။ ဤကောင်လေး က လည်း အတော်လေး ဆော့သန် လှပေသည်။

အဝေးသို့ မရောက်ခင် မှာပင် ရှောင်ဟေး ကို လှမ်းကြည့် လိုက်ပြီး ရန်စလိုသော အရိပ်အယောင် အချို့ ကို ပြသ လိုက်ပြန်သည်။ ရှောင်ဟေး လည်း အလိုလိုက် မနေတော့ဘဲ ချက်ချင်းပင် ပြေးထွက် ကာ လိုက်လံ ဖမ်းဆီး တော့သည်။

ရွှီယန်က တစ်ချက် ကြည့်လိုက်ပြီး အကူအညီမဲ့ စွာဖြင့် ရယ်မော လိုက်မိသည်။ ကံတရား အတိုင်း သာ သဘောထား လိုက်တော့သည်။ ဤတောယုန် က ၎င်းဘာသာ သေလမ်း ရှာနေခြင်း ဖြစ်ရာ သူ လည်း တားဆီး၍ မရနိုင်ချေ။

အကယ်၍ တကယ်တမ်း ရှောင်ဟေး ၏ အကိုက်ခံ လိုက်ရပါက လည်း ၎င်း၏ ကိုယ်ပိုင် အကြောင်းရင်း သာ ဖြစ်လေသည်။ သို့သော် ဤကောင်လေး က တကယ်ကို အစွမ်းထက် လွန်းပြီး အမြန်နှုန်း ကလည်း ထူးထူးခြားခြား မြန်ဆန် လွန်းလှပေသည်။ ထို့အပြင် ပုန်းအောင်းရာ တွင်လည်း အထူး ကျွမ်းကျင် လှပေသည်။

၎င်း က စားကျက်မြက်ခင်း ဧရိယာ ထဲသို့ ပြေးဝင် သွားပြီးနောက် မကြာခင် မှာပင် အစအန ပျောက်ကွယ် သွားတော့သည်။ ရှောင်ဟေး မှာ အချိန် အတော်ကြာအောင် ရှာဖွေ သော်လည်း မတွေ့ရှိရ သဖြင့် ဂရုမစိုက် တော့ဘဲ ထားလိုက် တော့သည်။

အခန်း ၄၂၆။ မင်းလည်း ယုန် အကန်ခံလိုက်ရတာလား

မွန်းလွဲပိုင်းတွင် လယ်ယာခြံဝင်းထဲ၌ ရွှီယန်က တောယုန်မီးခိုးကြီးကို လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ကျွေးနေလေသည်။

ဤမျှ သွက်လက်တက်ကြွသော ယုန်တစ်ကောင်ကို မွေးမြူရသည်မှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။

ထိုစဉ် ဝမ်ဝူ လျှောက်လာပြီး အူကြောင်ကြောင်နှင့် ချစ်စရာကောင်းသော ယုန်ကို မြင်သောအခါ ချက်ချင်းပင် စိတ်ဝင်စားသွားလေသည်။

"ခြံရှင်... ဒါက ဘယ်က ယုန်လဲ"

"ကျွန်တော် တစ်ချက်လောက် ချီကြည့်လို့ ရမလား"

စကားပြောနေရင်းနှင့်ပင် သူက ယုန်ကို ကောက်ချီလိုက်လေသည်။

ယုန်မီးခိုးကြီးက မြေပြင်ပေါ်တွင် ဟင်းရွက်များကို စားနေပြီး မည်သည့် ကြိုတင်ကာကွယ်မှုမျှ မလုပ်ထားချေ။

အချီခံလိုက်ရပြီးနောက် ၎င်းက ချက်ချင်းပင် လျင်မြန်စွာ ရုန်းကန်လာပြီး နောက်ခြေထောက်များဖြင့် ဝမ်ဝူ၏ ရင်ဘတ်ဆီသို့ အားကုန် ကန်ချလိုက်တော့သည်။

"ဒုတ်... ဒုတ်... ဒုတ်..." ဟူသော အသံများနှင့်အတူ ခြေအချက်ပေါင်းများစွာ ဆက်တိုက် အကန်ခံလိုက်ရလေသည်။

"လခွမ်း... လခွမ်း"

ဝမ်ဝူမှာ ခြေအချက်ပေါင်းများစွာ အကန်ခံလိုက်ရသဖြင့် အလန့်တကြား အော်ဟစ်လိုက်ပြီး လက်ကို အလျင်စလို လွှတ်ပေးလိုက်လေသည်။

ဤအကန်ချက်များက သူ့ကို အနည်းငယ် နာကျင်သွားစေလေသည်။

ထို့အပြင် ပို၍ အဓိပ္ပာယ်မဲ့လွန်းသည်မှာ ဤယုန်ကို ချီလိုက်ရချိန်တွင် အလွန် ကျစ်လစ်သိပ်သည်းပြီး ကြွက်သားများ အထူး ဖွံ့ဖြိုးနေသည်ဟု ခံစားလိုက်ရခြင်း ပင်ဖြစ်သည်။

ဝမ်ဝူ လက်လွှတ်လိုက်သောအခါ ယုန်က မြေပြင်ပေါ်သို့ ပြန်လည် ရောက်ရှိသွားလေသည်။

"ဒါက ဘာယုန်မို့လို့ ဒီလောက်တောင် ကြမ်းနေရတာလဲ"

ဝမ်ဝူက ရင်ဘတ်ကို ဖိထားရင်း အနည်းငယ် နာကျင်နေသည့် ဟန်ဖြင့် စကားဆိုလိုက်သည်။

ထိုစကားကို ကြားသောအခါ ရွှီယန်က ပြုံးကာ ပြန်လည်ဖြေကြားလိုက်သည်။

"ဒါက တောယုန်ဘုရင် တစ်ကောင်ပဲ... အရမ်း အစွမ်းထက်တာ"

"အကောင်းဆုံးကတော့ သူ့ကို ဖြစ်သလို သွားမစတာ ကောင်းမယ်"

"ပြီးတော့ တောယုန် ဖြစ်နေတော့ သဘောတရားအရ ထိခိုက်အောင် လုပ်လို့လည်း မရဘူး"

ဝမ်ဝူက မူလက ပေါင်းစားပစ်မည်ဟု ပြောချင်နေသော်လည်း တောယုန်ဖြစ်ကြောင်း ကြားလိုက်ရသဖြင့် ဤအတွေးကို စွန့်လွှတ်လိုက်တော့သည်။

"ဒီကောင်လေးရဲ့ ခန္ဓာကိုယ်က တကယ်ကို တောင့်တင်းတာပဲ"

ဝမ်ဝူက ရင်ဘတ်ကို ထပ်မံ ပွတ်သပ်လိုက်လေသည်။

တောယုန်ဘုရင် ကတော့ မည်သို့မျှ မဖြစ်သည့် အလား မြေပြင်ပေါ်တွင် လမ်းလျှောက်နေဆဲပင် ဖြစ်လေသည်။

ရွှီယန်လည်း အများကြီး ဝင်မပါတော့ချေ။

ထို့နောက် ရွှီယန်က လယ်ယာခြံဝင်း အတွင်းသို့ လမ်းလျှောက်သွားကာ ချယ်ရီနှင့် ဘလူးဘယ်ရီ တို့၏ အခြေအနေကို သွားရောက် ကြည့်ရှုလေသည်။

မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် လယ်ယာခြံဝင်း၏ ထမင်းချက် နျိုကျွမ်း လည်း အပြင်သို့ လမ်းလျှောက် ထွက်လာခဲ့လေသည်။

မကြာခင်မှာပင် နျိုကျွမ်းက ကွက်လပ်ပေါ်တွင် မြက်စားနေသော တောယုန်ဘုရင် ကို သတိထားမိသွားလေသည်။

"ဟိုး... အကြီးကြီးပဲ ယုန်က"

"ဒါက စားလို့ အရမ်း ကောင်းမှာပဲ"

နျိုကျွမ်းက ယုန်ကို မြင်သောအခါ ချက်ချင်းပင် မျက်လုံးများ အရောင်လက် သွားတော့သည်။

ဤတောယုန်နှင့် ရွှီယန်တို့၏ ပတ်သက်မှုကို သူ မသိရှိဘဲ အပြင်ဘက်မှ ပြေးဝင်လာသည်ဟုသာ ထင်မှတ်နေလေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ရွှီယန်က ယုန်သား စားရသည်ကို အတော်လေး နှစ်သက်သဖြင့် နျိုကျွမ်းက ခြံပိုင်ရှင်အတွက် ယနေ့ ယုန်ပေါင်းဟင်း တစ်ခွက် ချက်ပြုတ်ပေးရန် တွေးတောလိုက်လေသည်။

တောရိုင်း ဟုတ်မဟုတ် ဆိုသည်မှာ မည်သူမျှ မမြင်ပါက ပြဿနာ မရှိချေ။

မကြာခင်မှာပင် နျိုကျွမ်းက တောယုန်ဘုရင် ရှိရာဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားတော့သည်။

ဤယုန်က သာမန်မဟုတ်ကြောင်း သူ ခံစားမိလေသည်။ ပထမဆုံး အနေဖြင့် အရွယ်အစားမှာပင် သာမန်ယုန်များထက် ပို၍ ကြီးမားနေလေသည်။ ထို့အပြင် ကြည့်လိုက်ရုံဖြင့် အသားပြည့်နေကြောင်း သိသာလေသည်။

တကယ်တမ်းတွင် တောယုန်ဘုရင် က သူ့ကို သတိထားမိနေသော်လည်း အများကြီး ကြိုတင် ကာကွယ်မှု မလုပ်ထားချေ။ မည်သို့ပင်ဖြစ်စေ မိမိကိုယ်ကိုလည်း လယ်ယာခြံဝင်း၏ တရားဝင် အဖွဲ့ဝင် တစ်ဦး အဖြစ် သတ်မှတ်ထားသောကြောင့် ပင်ဖြစ်သည်။

နျိုကျွမ်းက တောယုန်ဘုရင် အနားသို့ ချဉ်းကပ်သွားပြီးနောက် လက်ဆန့်ထုတ်ကာ တောယုန်ဘုရင် ၏ နားရွက်ကို ဆွဲကိုင်၍ ချီမလိုက်လေသည်။

ဤသို့ ချီမလိုက်သောအခါ နျိုကျွမ်း ပင် အံ့အားသင့် သွားရလေသည်။

'ဒီလောက်တောင် လေးနေတာလား'

တောယုန်ဘုရင် က ရုန်းကန်နေသဖြင့် နျိုကျွမ်းက ၎င်းကို ငြိမ်သက်သွားစေရန် ရင်ခွင်ထဲတွင် ဖက်ထားရန် စဉ်းစားလိုက်လေသည်။

သူ အခြေအနေကို သဘောမပေါက်လိုက်ခင်မှာပင် ချက်ချင်းဆိုသလို သူ၏ ရင်ဘတ်မှာလည်း ဝမ်ဝူ ကဲ့သို့ တစ်ထပ်တည်း တူညီသော ဆက်ဆံမှုကို ခံလိုက်ရလေတော့သည်။

ယုန်၏ နောက်ခြေထောက် က "ဒုတ်... ဒုတ်... ဒုတ်..." ဟူသော အသံများနှင့်အတူ အချက်ပေါင်းများစွာ ဆက်တိုက် ကန်ချလိုက်ရာ နျိုကျွမ်းမှာ တုတ်ဖြင့် အကြိမ်အနည်းငယ် အရိုက်ခံလိုက်ရသည့် အလား ခံစားလိုက်ရလေသည်။

လုံးဝ ကိုင်ထား၍ မရနိုင်တော့ဘဲ လက်ကို လွှတ်ပေးလိုက်ရုံသာ ရှိတော့သည်။

လက်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် တောယုန်ဘုရင် က အခြေအနေ မဟန်ကြောင်း သတိထားမိသွားပြီး ခြေကုန်သုတ်၍ ထွက်ပြေးတော့သည်။ 'ရွှီယန် ရဲ့ အနားမှာ ကပ်နေမှ ရတော့မယ်' ဟု တွေးနေပုံ ရလေသည်။

"ဒါက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြမ်းနေရတာလဲ"

ဤတောယုန် က ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု နျိုကျွမ်း မျှော်လင့်မထားခဲ့ချေ။ တောယုန် ထွက်ပြေးသွားသည်ကို မြင်သောအခါ သူ လည်း ညည်းတွားရုံသာ တတ်နိုင်တော့သည်။

"နှမြောစရာပဲ... မာလာ ယုန်သားတုံးလေး ချက်စားမလို့ တွေးထားတာကို"

နျိုကျွမ်းက ရင်ထဲတွင် နှမြောတသ ဖြစ်နေမိလေသည်။

ဤယုန်က ကြီးလည်း ကြီးမားကာ လေးလည်း လေးလံပြီး အသားလည်း အလွန် များပြားလှပေသည်။ ချက်ပြုတ်လိုက်ပါက သေချာပေါက် အရသာရှိမည်သာ ဖြစ်လေသည်။

လယ်ယာခြံဝင်း တွင် တကယ်တမ်း၌ ယုန်အချို့ မွေးမြူထားသော်လည်း ဤအကောင်လောက် အရွယ်အစား မကြီးမားကြချေ။ ထို့အပြင် မွေးမြူရေး ယုန်များက လှုပ်ရှားမှု သိပ်မရှိကြဘဲ ပုံမှန်အားဖြင့် ခြံလှောင် မွေးမြူထားကြရာ မြက်ခင်းပေါ်တွင် ထားပါကလည်း ပြေးလွှားလေ့ မရှိကြချေ။

ဤကဲ့သို့သော ယုန်များတွင် ကြွက်သားများ မများပြားသဖြင့် စားရသည်မှာလည်း ထိုမျှလောက် အရသာ မရှိလှချေ။ ဤကဲ့သို့ အမြဲတမ်း ပြေးလွှားနေသော ယုန်မျိုးမှသာ စားရသည်မှာ အရသာရှိမည် ဖြစ်လေသည်။

နျိုကျွမ်းက ရင်ဘတ်ကို ဖိထားပြီး အနည်းငယ် နာကျင်နေသည်ဟု ခံစားရလေသည်။ ဤအချိန်တွင် ဝမ်ဝူ လျှောက်လာပြီး သူ၏ ပုံစံကို မြင်သောအခါ အကြမ်းဖျင်း ခန့်မှန်းမိသွားလေသည်။

"ဦးလေးနျို... ရင်ဘတ်က ဘာဖြစ်တာလဲ... ယုန်သွားဖမ်းလို့ အကန်ခံရတာ မဟုတ်လား"

ဝမ်ဝူက ချက်ချင်းပင် မေးမြန်းလိုက်သည်။

"မင်း ဘယ်လိုသိတာလဲ... တကယ်ပဲ... ခုနက အဲဒီယုန် က တော်တော် ကြီးတာ... ငါ က မူလက သူ့ကို ဖမ်းမလို့ပဲ... အဲဒါ ငါ့ကို ခြေအချက်ပေါင်းများစွာ ဆက်တိုက် ကန်သွားတာ"

နျိုကျွမ်းမှာ ဝမ်ဝူက ဤကိစ္စကို သိရှိနေသဖြင့် အနည်းငယ် အံ့အားသင့် သွားရလေသည်။

"ကျွန်တော် လည်း ဒီနေ့ သူ့ကို ချီမလို့ လုပ်တာ ကန်ချက်ပေါင်းများစွာ ကန်ခံလိုက်ရတာပဲ... ခြံရှင် မွေးထားတဲ့ တိရစ္ဆာန် တွေက တကယ်ကို မတူညီဘူး"

ဝမ်ဝူက တကျွတ်ကျွတ် စုပ်သပ်လိုက်လေသည်။

"ခြံရှင် မွေးထားတာ ဟုတ်လား"

နျိုကျွမ်း ချက်ချင်းပင် အနည်းငယ် အံ့အားသင့် သွားရလေသည်။ အကယ်၍ ခြံရှင် မွေးထားသည် ဆိုပါက ပုံမှန်ပင် ဖြစ်သွားလေပြီ။ တော်သေးသည်မှာ သူ ဤယုန်ကို မစားလိုက်မိခြင်း ပင်ဖြစ်သည်။ မဟုတ်ပါက ရှင်းပြရန် ခက်ခဲသွားမည် ဖြစ်လေသည်။

"ဟုတ်တယ်... ခုနက ခြံရှင် က သူ့ကို ဟင်းရွက် တွေ ကျွေးနေတာ ကျွန်တော် မြင်လိုက်သေးတယ်"

"ဒီကောင်လေး က တောင်ထဲက တောယုန် ဖြစ်ပုံရတယ်... ခြံရှင် က တောင်ထဲကို အမြဲတမ်း ဝင်ပြီး အစာသွားသွား ကျွေးနေတော့ ဒီယုန် က အနောက်ကနေ လိုက်လာတာ ဖြစ်လောက်တယ်"

သူတို့နှစ်ယောက်က စကားစမြည် ပြောဆိုနေကြလေသည်။ တောယုန်ဘုရင် ကတော့ အဝေးသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

ဤအချိန်တွင် ၎င်းက ရုတ်တရက် သတ်ဖြတ်လိုသော အငွေ့အသက် တစ်ခုကို ခံစားလိုက်ရလေသည်။ တောယုန်ဘုရင် က ရုတ်တရက် နောက်လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် ကြောင်စင်းကျား တစ်ကောင် က ဒေါသတကြီးဖြင့် ၎င်းရှိရာဆီသို့ ပြေးလာနေသည်ကို မြင်တွေ့လိုက်ရသည်။

ဆန်းပြောင် က ၎င်းကို သည်းခံနေရသည်မှာ ကြာပြီဟု ခံစားနေရပုံ ရလေသည်။ တိုက်တိုက်ဆိုင်ဆိုင် ပင် ဤအချိန်တွင် ရွှီယန် က မှန်လုံအိမ် ထဲမှ ထွက်လာခဲ့ပြီး အပြင်ရောက်သည်နှင့် တစ်ပြိုင်နက် မလှမ်းမကမ်းရှိ တောယုန်ဘုရင် နှင့် ဆန်းပြောင် တို့ကို မြင်တွေ့လိုက်ရသည်။

ရွှီယန်၏ ရင်ထဲတွင် ချက်ချင်းပင် တစ်ချက် လှုပ်ရှားသွားလေသည်။ ဤကောင်လေး နှစ်ကောင် စလုံးက အတော်လေး ကြမ်းကြုတ်ကြသော်လည်း တိုက်ခိုက်ရာတွင် အတိုင်းအတာ ကိုတော့ သိရှိကြလေသည်။

'သူတို့နှစ်ကောင် က ဘယ်လိုလုပ်ပြီး လက်ပါ နေကြတာလဲ'

'ယုန် က ရန်ဖြစ်ရင် သေချာပေါက် ဆန်းပြောင် ကို နိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ ပြေးရင်းနဲ့ အခွင့်အရေး ရှာတဲ့ စွမ်းရည် ကတော့ တော်တော်လေး အစွမ်းထက်တယ်'

'ဒီကောင်လေး နှစ်ကောင် ဘယ်သူ နိုင်မလဲ ဆိုတာကို တကယ် ပြောရခက်တယ်'

ရွှီယန်က စိတ်ထဲမှ တွက်ချက် နေလိုက်သည်။

ထိုစဉ်မှာပင် ဆန်းပြောင် က တောယုန် ရှိရာဆီသို့ လိုက်လံ ဖမ်းဆီးသွားပြီး တောယုန် ကလည်း ချက်ချင်းပင် ရူးသွပ်စွာ စတင် ထွက်ပြေး တော့သည်ကို မြင်တွေ့လိုက်ရသည်။ ပြေးလွှားသည့် အပိုင်း တွင်တော့ တောယုန် က ပို၍ မြန်ဆန်လှပေသည်။

ဆန်းပြောင် က လိုက်မမီနိုင်တော့ကြောင်း သိရှိသွားသောအခါ ရပ်တန့်လိုက်ပြီး မျက်လုံးများဖြင့် တောယုန်ဘုရင် ကို စိုက်ကြည့် နေလိုက်သည်။ မထင်မှတ်ထားသည်မှာ တောယုန်ဘုရင် က ခပ်ဝေးဝေးသို့ ပြေးသွားပြီးနောက် အနောက်သို့ ပြန်လည် လှည့်ပတ် လာခဲ့ခြင်း ပင်ဖြစ်သည်။ ၎င်း၏ ပုံစံကို ကြည့်ရသည်မှာ ပြေးလွှား ဝင်တိုက်သည့် အရှိန်ကို အားကိုးကာ ဆန်းပြောင် ကို ပြန်လည် တိုက်ခိုက်ရန် ရည်ရွယ်ထားပုံ ရလေသည်။

ဤယုန် ၏ သတ္တိ က တကယ်ကို ကြီးမားလှပေသည်။ ကြောင်မျိုးနွယ် တိရစ္ဆာန်များ က မွေးရာပါ အမဲလိုက် သမားများ ဖြစ်ကြပြီး အမဲလိုက် စွမ်းရည် အလွန် ပြင်းထန်ကာ ယုန်များကိုပင် အထူး သီးသန့် ဖမ်းဆီး တတ်ကြလေသည်။ သို့သော် တောယုန်ဘုရင် ကတော့ ပုံမှန် လမ်းကြောင်း အတိုင်း လုံးဝ မသွားချေ။

၎င်း က ကြောင်စင်းကျား ရှိရာဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာရာ ကြောင်စင်းကျား လည်း ချက်ချင်းပင် ရင်ဆိုင်ရန် အနေအထား ကို ပြင်ဆင်လိုက်လေသည်။ ဝင်တိုက်မိတော့မည့် အချိန်လေး တွင် တောယုန်ဘုရင် က တိုက်ရိုက်ပင် အပေါ်သို့ ခုန်တက်လိုက်ပြီး တစ်ဖန် ကိုယ်ကိုလှည့်ကာ နောက်ခြေထောက် ကို အားယူလျက် နောက်ခြေထောက် ဖြင့် ကြောင်စင်းကျား ကို အားကုန် ကန်ချရန် ကြိုးစားလိုက်သည်။

ဤတိုက်ခိုက်မှု ၏ ခွန်အား က အလွန် ကြီးမားလှပေသည်။ အကယ်၍ ကြောင်စင်းကျား ၏ ခေါင်းပေါ်သို့ အသေအချာ အကန်ခံလိုက်ရပါက မေ့မြော သွားနိုင်ခြေ ပင် ရှိလေသည်။ သို့သော် ဆန်းပြောင် က မည်သို့ပင်ဖြစ်စေ သိုင်းပညာရှင် တစ်ဦး ဖြစ်ရာ တုံ့ပြန်မှု က အလွန် မြန်ဆန်လှပေသည်။

ပေါ့ပါး သွက်လက်စွာ ရှောင်တိမ်း လိုက်ပြီးနောက် ယုန်ရှိရာဆီသို့ ထပ်မံ ပြေးဝင် သွားပြန်သည်။ နှမြောစရာ ကောင်းသည်မှာ ယုန် က တစ်ချက် တိုက်ခိုက်၍ မအောင်မြင်သောအခါ ခြေကုန်သုတ်၍ ထွက်ပြေး သွားသဖြင့် ဆန်းပြောင် မှာ ၎င်းကို လက်ဖြင့် တစ်ချက် သာ ကုတ်ခြစ် လိုက်နိုင်လေသည်။

"ဟေ့... မင်းတို့ နှစ်ကောင်"

မိမိ ကိုယ်တိုင် ဝင်ပါမှ ရတော့မည်ဟု ရွှီယန် ခံစားလိုက်ရသည်။ သူ က အနားသို့ လျှောက်သွားကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

"မချကြနဲ့တော့"

ရွှီယန်က အော်ဟစ်လိုက်သည်။

သူ ဤသို့ အော်ဟစ်လိုက်သောအခါ ဆန်းပြောင် က နောက်လှည့်ကာ သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် တည်ငြိမ် သွားတော့သည်။ တောယုန် လည်း ခပ်ဝေးဝေးသို့ ပြေးသွားပြီးနောက် မြက်ခင်းပေါ်တွင် ရပ်တန့်လိုက်ကာ ထပ်မံ တိုက်ခိုက်လိုသော စိတ်ကူး မရှိတော့ချေ။

ဤတောယုန် က လယ်ယာခြံဝင်း ကို စည်ကား သိုက်မြိုက်မှု အများအပြား ယူဆောင် လာပေးခဲ့လေသည်။ အသစ် ရောက်လာသော မျိုးစိတ် ဖြစ်ပြီး တိုက်ခိုက်လိုစိတ် လည်း ပြင်းထန်သဖြင့် ပြဿနာ အချို့ ကို ဖန်တီးခဲ့ခြင်း ပင်ဖြစ်သည်။

သို့သော် တဖြည်းဖြည်း နှင့် အားလုံး က အတူတကွ ပေါင်းသင်း နေထိုင်ရသည်ကို အသားကျ သွားမည် ဖြစ်လေသည်။ ထို့အပြင် တောယုန်ဘုရင် က လယ်ယာခြံဝင်း သို့ တစ်ခါတစ်ရံ မှသာ လာရောက်လေ့ ရှိပြီး မြေခွေး ကဲ့သို့ပင် အချိန် အတော်များများ တွင် တောင်ထဲ၌သာ လှုပ်ရှား သွားလာလေ့ ရှိလေသည်။ ရွှီယန် လည်း ဝင်ရောက် စွက်ဖက်ခြင်း မရှိချေ။

တည်ငြိမ် သွားသော ဆန်းပြောင် ကို ကြည့်ရင်း ရွှီယန် လည်း သက်ပြင်း တစ်ချက် ချလိုက်နိုင်သည်။

"မချကြနဲ့တော့... အားလုံးက ကိုယ့်လူတွေ ချည်းပဲ"

သူ က ဆန်းပြောင် ကို စကားဆိုလိုက်သည်။

တောယုန်ဘုရင် လည်း အနည်းငယ် တည်ငြိမ် သွားခဲ့လေပြီ။ ရွှီယန် ရှိနေသဖြင့် ဤကောင်လေးများ အားလုံး က အတော်လေး စကား နားထောင် ကြလေသည်။

ရွှီယန်က တောယုန်ဘုရင် ကို ကြည့်ရှု နေလိုက်သည်။ ဤခန္ဓာကိုယ် အချိုးအစား... ဤကြွက်သားများ က တကယ်ကို အတော်လေး ကောင်းမွန်သော မျိုးယုန် တစ်ကောင် ပင်ဖြစ်သည်။ မျိုးဆက်ပွား ရန် သင့်တော်လှပေသည်။

တိုက်တိုက်ဆိုင်ဆိုင် ပင် လယ်ယာခြံဝင်း တွင်လည်း ယုန်အချို့ မွေးမြူထားပြီး ယုန်များ ကလည်း အလွန် မွေးဖွား နိုင်ကြလေသည်။ အကယ်၍ ခန္ဓာကိုယ် အနည်းငယ် ကြီးမားသော ယုန်မ များကို ရွေးချယ် ပေးလိုက်မည် ဆိုပါက မျိုးစိတ် ကောင်းမွန်သော ယုန် အများအပြား ကို မွေးဖွား လာနိုင်ခြေ ရှိလေသည်။ ထိုသို့ ဆိုလျှင် နောက်ပိုင်းတွင် ယုန် မရှားပါးတော့ချေ။

လယ်ယာခြံဝင်း ဆိုသည်မှာ ဤသို့ပင် ဖြစ်လေသည်။ မတူညီသော တိရစ္ဆာန်များ တွင် မတူညီသော တာဝန်များ အသီးသီး ရှိကြလေသည်။ ယုန် က မူလ ကတည်းက မွေးမြူရေး မျိုးစိတ် တစ်မျိုး ပင်ဖြစ်လေသည်။

ထို့နောက် ရွှီယန်က နျိုကျွမ်း ကို ခေါ်ဆောင် လာခဲ့ပြီး ယုန်များကို မျိုးစပ်ပေးမည့် ကိစ္စ ကို စဉ်းစား တွက်ချက် နေလိုက်သည်။

"ယုန်မ နှစ်ကောင် သုံးကောင်လောက် ရှာရတာ ပြဿနာ မရှိပါဘူး"

"အဓိက အချက်က သူ မျိုးစပ် လို့ ရပါ့မလား"

နျိုကျွမ်းက ချက်ချင်းပင် ပြန်လည် ဖြေကြား လိုက်သည်။

"ယုန်တွေက အမွေးဖွား နိုင်ဆုံးပဲ... ကျွန်တော် သူ့ကို ခေါ်လိုက်မယ်... ပြဿနာ မရှိပါဘူး"

ရွှီယန်ကလည်း စကားဆိုလိုက်သည်။ ထို့နောက် ရွှီယန်က တောယုန်ဘုရင် ၏ မျိုးရိုးဗီဇ ကို ချန်ထားရစ်ရန် စဉ်းစား တွက်ချက် နေလိုက်တော့သည်။ သူ က အချိန် အတန်ကြာအောင် ပင် အကဲခတ် စောင့်ကြည့် နေသေးလေသည်။

ရွှီယန် ကို ရယ်ရခက် ငိုရခက် ဖြစ်သွားစေသည်မှာ တောယုန်ဘုရင် ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု က အလွန် ကောင်းမွန် သော်လည်း ထိုကိစ္စ တွင်တော့ တကယ်ကို အနည်းငယ် မြန်ဆန် လွန်းနေခြင်း ပင်ဖြစ်သည်။ အခြေခံ အားဖြင့် အပေါ်သို့ တက်ခွလိုက်ပြီး လျင်မြန်စွာ စက္ကန့် အနည်းငယ်မျှ လှုပ်ခါ လိုက်ရုံဖြင့် ပြီးဆုံး သွားတော့သည်။

ရွှီယန် ပင် ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။

'ဟင်...'

'ဒီလိုနဲ့ပဲ ပြီးသွားပြီလား'

'ဒီလောက်တောင် မြန်တာလား'

'ဒါက ဘယ်နှစက္ကန့်လေး မှ မရှိသေးဘူးလေ'

'မင်းက တောယုန်ဘုရင် မဟုတ်ဘူးလား'

ယုန်၏ အမြန်နှုန်း ကြောင့် ရွှီယန် အနည်းငယ် အံ့အားသင့် သွားရလေသည်။

အကယ်၍ လူသားများ ၏ ရှုထောင့် မှ ကြည့်မည် ဆိုလျှင် ဤသည်မှာ ရောဂါ တစ်မျိုး ဖြစ်ပြီး ကုသရန် လိုအပ် လေသည်။ ယုန်များ က ဘာကြောင့် ဤမျှ လျင်မြန်စွာ ပေါက်ဖွား နိုင်သနည်း ဆိုသည်မှာ အဆန်း မဟုတ်တော့ချေ။

ထိုစဉ်မှာပင် ရွှီယန် က နောက်လှည့် ကြည့်လိုက်သည်။ ကြောင်စင်းကျားလေး ဆန်းပြောင် က ဘယ်အချိန် ကတည်းက ဘေးနား သို့ ရောက်နေမှန်း မသိဘဲ ဤအချိန် ဤအခိုက်အတန့် တွင် အသေအချာ ကြည့်ရှု နေသည်ကို မြင်တွေ့ လိုက်ရလေသည်။

ဆန်းပြောင် ၏ နှုတ်ခမ်းထောင့် တွင် လှောင်ပြောင် ရယ်မော နေသည့် အရိပ်အယောင် အချို့ ပါဝင် နေပုံ ရလေသည်။ အောင်နိုင်သူ တစ်ဦး ၏ ဟန်ပန် ကိုပါ ပြသ နေသေးပြီး အနည်းငယ် ပလွှား နေလေသည်။ တောယုန်ဘုရင် ကို အထင်သေး နေပုံ ရလေသည်။

ရွှီယန် လည်း မနေနိုင်ဘဲ ရယ်မော လိုက်မိသည်။

"မင်း ဒီကောင်လေး... ဘယ်နေရာ မဆို မင်း ပါနေတာပဲ"

"လုပ်စရာ ရှိတာ သွားလုပ်ချေ"

သူ က စကား တစ်ခွန်း ဆိုလိုက်သည်။

ကြောင်စင်းကျားလေး ဆန်းပြောင် က အမြီး ကို လှုပ်ခါ ပြလိုက်ပြီး ၎င်း၏ အဓိပ္ပာယ် မှာ 'မင်း လည်း ဒီမှာ ကြည့်နေတာပဲ မဟုတ်ဘူးလား... ငါ့ကို လာပြောနေသေးတယ်' ဟု ဆိုလိုပုံ ရလေသည်။ တောယုန်ဘုရင် ၏ တစ်သက်တာ နာမည်ကောင်း မှာ ဤတစ်ကြိမ် တွင်တော့ လုံးဝ ပျက်စီး သွားခဲ့ပြီ ဖြစ်လေသည်။

မတတ်နိုင်ချေ။ ယုန်လေးများ ၏ စွမ်းရည် က ဤမျှသာ ရှိလေသည်။ ယုန်များ အများအပြား မျိုးဆက်ပွား လာစေရန် ရွှီယန် က ရင်ထဲမှ မျှော်လင့် နေမိလေသည်။ ဤသို့ ဆိုလျှင် တစ်ခါတစ်ရံ ယုန်သား ကို မြည်းစမ်း နိုင်မည် ဖြစ်လေသည်။ လယ်ယာခြံဝင်း ၏ ဝက်များ နှင့် ယုန်များ က အများအပြား မျိုးဆက်ပွား လာမှသာ လျှံပယ်နေသော ကုန်ပစ္စည်း များ ရှိသည့် လယ်ယာခြံဝင်းကြီး တစ်ခု ၏ လက္ခဏာ နှင့် ကိုက်ညီမည် ဖြစ်လေသည်။

All Chapters