← Chapters

အခန်း ၈၈၆

Vol. 60 Ch. 886

အခန်း ၈၈၆

Vol. 60 Ch. 886

အခန်း (၈၈၆) - ဆေးပညာရှင် ပြိုင်ပွဲကြီး

ပိတ်လှောင်ရေး အခင်းအကျင်း သုံးခု တစ်ပြိုင်နက်တည်း ပျက်စီးသွားချိန်တွင် အလွန်တရာ အားနည်းလှသော အရှိန်အဝါ နှစ်ခု လေဟာနယ်ထဲသို့ ဖြည်းညင်းစွာ ပျံ့လွင့်လာတော့၏။ ၎င်းတို့မှာ မီးလျှံဝိညာဉ်နှင့် မီးလျှံမီးတောက်တို့၏ ဝိညာဉ် အစအနလေးများပင်။

ဤမျှ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရသည့်တိုင်အောင် အသက်ရှင်ကျန်ရစ်နေခြင်းက အံ့မခန်း စွမ်းအားကြီးပင်။ ယဲ့ထျန်းဝေနှင့် အခြားသူများမှာ ပိတ်လှောင်ခံထားရစဉ် ခံစားခဲ့ရမည့် နာကျင်မှုနှင့် အထီးကျန်မှုများကို တွေးတောမိရင်း ရင်တွင်း၌ ပြင်းထန်စွာ တုန်လှုပ်နေကြတော့၏။ သာမန် လူသားများသာ ဆိုလျှင် ဤမျှ ကြာရှည်လှသော အချိန်ကာလကို မည်သို့လုပ် တောင့်ခံနိုင်ပါမည်နည်း။ အစောကတည်းက လက်မှိုင်ချ အရှုံးပေးသွားကြမည်မှာ အသေအချာပင်။

မီးလျှံနဂါးက ချောက်နက်ကြီး အောက်ခြေမှနေ၍ အလွန်တရာ ဝမ်းသာရွှင်မြူးနေသော မျက်နှာထားဖြင့် လျင်မြန်စွာ ပြန်လည် ထွက်ပေါ်လာခဲ့၏။

ဖုန်းဝူချန်က ဒဏ်ရာရထားသော မီးလျှံနဂါး၏ လက်ဖဝါးပေါ်ရှိ အားနည်းနေသော ဝိညာဉ် အစအနလေး နှစ်ခုကို ကြည့်ရင်း သူ၏ ဝိညာဉ် စွမ်းအားများကို ချက်ချင်း အသက်သွင်းလိုက်၏။ အလွန်တရာ ထက်မြက် စူးရှသော ဝိညာဉ် စွမ်းအားများက ထိုအားနည်းနေသော ဝိညာဉ်လေးများကို ကာကွယ်ပေးကာ အာဟာရ ဖြည့်တင်းပေးနေတော့သည်။

“အဋ္ဌမအဆင့် ဆေးပညာရှင်ပါလား...”

အကြီးအကဲ လုံကွေ့၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ ကျန်ရှိနေသော အကြီးအကဲ ငါးဦး၏ မျက်နှာများပေါ်တွင်လည်း အလွန်အမင်း အံ့အားသင့် ထိတ်လန့်မှုများ ပြည့်နှက်နေတော့သည်။

“အဋ္ဌမအဆင့်... နန်းတော်သခင်က တကယ်ပဲ အဋ္ဌမအဆင့် ဆေးပညာရှင် နယ်ပယ်ကို ချိုးဖြတ်သွားခဲ့တာလား...”

ယဲ့ထျန်းဝေက မျက်လုံးများ ပြူးကျယ်လျက် အံ့ဩတကြီး အော်ဟစ်လိုက်၏။ ကျန်းကျွင့်လန်လည်း ထိုနည်းတူပင် အလွန်အမင်း တုန်လှုပ်သွားရသည်။

ဖုန်းဝူချန်၏ ကျင့်ကြံခြင်း အဆင့် တဟုန်ထိုး မြင့်တက်လာမှုနှင့်အတူ သူ၏ ဆေးပညာ၊ လက်နက် သွန်းလုပ်ခြင်းနှင့် အင်းကွက် ပညာရပ် နယ်ပယ် အသီးသီးမှာလည်း ရေစီးကြောင်းအတိုင်း အဋ္ဌမအဆင့်သို့ သဘာဝအလျောက် တက်လှမ်းသွားခဲ့လေ၏။ နဂါး နတ်ဆိုးနတ်ဘုရား၏ အမွေအနှစ်ကို ရရှိထားသူ ဖြစ်ရာ သူ၏ ကျင့်ကြံခြင်း အဆင့်က လိုအပ်ချက်နှင့် ကိုက်ညီသွားသည်နှင့် တစ်ပြိုင်နက် ဤနယ်ပယ်များမှာလည်း အလိုလို မြင့်တက်လာခဲ့၏။

“သူတို့ရဲ့ ဝိညာဉ်တွေက အရမ်း အားနည်းနေတယ်... သူတို့ရဲ့ ဝိညာဉ် ခန္ဓာကိုယ်တွေ ပြန်ရဖို့က အချိန် အတော်အတန် လိုဦးမှာပဲ...”

ဖုန်းဝူချန်က တိုးညင်းစွာ မှတ်ချက်ချလိုက်၏။

ထို့နောက် အကြီးအကဲ ခြောက်ဦးကို ကြည့်ရင်း သူက ထပ်မံ ကျေးဇူးတင်စကား ဆိုလိုက်သည်။

“အကြီးအကဲတို့... ကျေးဇူး အများကြီး တင်ပါတယ်...”

“ညီလေး ဖုန်းဝူချန်... မင်းက အရမ်း ယဉ်ကျေးနေတာပဲ... အချိန်ရရင် နဂါး မျိုးနွယ်စုဆီကို အလည်လာပါဦး... ငါတို့က မင်းကိုအမြဲတမ်း ကြိုဆိုနေမှာပါ...”

အကြီးအကဲ လုံကွေ့က ခပ်ရေးရေး ပြုံးရင်း ဖုန်းဝူချန်ကို အဓိပ္ပာယ်ပါပါ စူးစိုက်ကြည့်ကာ ဖိတ်ခေါ်လိုက်၏။

ဖုန်းဝူချန်မှာ ရင်ထဲတွင် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။ အစောင့်အရှောက် လုံကျန့်ကလည်း ဤစကားမျိုးကို ပြောခဲ့ဖူးသလို ယခု အကြီးအကဲ လုံကွေ့ကလည်း ထပ်မံ ဖိတ်ခေါ်ပြန်၏။ သူတို့က သူ့ကို နဂါး မျိုးနွယ်စုဆီတွင် ဘာတွေ လုပ်စေချင်နေကြသနည်း။

ဖုန်းဝူချန်က များများစားစား စဉ်းစားမနေတော့ဘဲ ပြုံးလျက် ပြန်လည် ဖြေကြားလိုက်၏။

“ကျွန်တော် သေချာပေါက် အချိန်ပေးပြီး လာခဲ့ပါ့မယ်...”

“ကောင်းပြီလေ... ငါတို့ နဂါး မျိုးနွယ်စုမှာ မင်း ရောက်လာမယ့် အချိန်ကို စောင့်မျှော်နေပါ့မယ်...”

အကြီးအကဲ လုံကွေ့က ဝမ်းသာအားရ ပြုံးလိုက်ပြီးနောက် အဘိုးအို ခြောက်ဦးလုံး တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားကြတော့သည်။

“သတိထားမိကြလား... နဂါး မျိုးနွယ်စုရဲ့ ထိုက်ကျိ အကြီးအကဲ ခြောက်ယောက်က နန်းတော်သခင် အပေါ်မှာ အရမ်းကို ယဉ်ကျေးနေကြတာပဲနော်...”

ပေတိုယန်က အကြီးအကဲများ ထွက်သွားသည်နှင့် တစ်ပြိုင်နက် တီးတိုး ပြောဆိုလာတော့၏။

“ဟုတ်တယ်... ငါလည်း အဲဒီလို ခံစားရတယ်... နန်းတော်သခင် စကား အနည်းငယ် ပြောလိုက်ရုံနဲ့ သူတို့က အကျဉ်းသားတွေကို လွှတ်ပေးလိုက်ကြတာပဲ... သူတို့က နန်းတော်သခင်ကို ကြောက်နေကြတဲ့ အတိုင်းပဲ...”

ဟု ယီထျန်းချင်းကလည်း ဝင်ရောက် ထောက်ခံလိုက်သည်။

ချီဟွမ်ကမူ ဒါက ဖုန်းဝူချန်၏ ရှေးဦး ကမ္ဘာဦး စွမ်းအားကြောင့် သော်လည်းကောင်း၊ အမှောင်မိစ္ဆာကျားသစ်ကြီးကြောင့် သော်လည်းကောင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းနေတော့၏။

သူတို့ အားလုံး ခန့်မှန်း ပြောဆိုနေကြသည်ကို ဖုန်းဝူချန်က နားထောင်နေသော်လည်း ဘာမှ ပြန်မပြောခဲ့ချေ။

ယခုအကြိမ် မီးလျှံဝိညာဉ်နှင့် မီးလျှံမီးတောက်တို့ကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ခြင်းမှာ သူတို့၏ မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့၏။

“ပြန်ကြစို့... သူတို့ကို ကိုးထပ် ချန်ခွင်း မျှော်စင်ရဲ့ သတ္တမအလွှာထဲမှာ ထားလိုက်မယ်... အဲဒီမှာ သူတို့ရဲ့ ဝိညာဉ် ခန္ဓာကိုယ်တွေ အမြန်ဆုံး ပြန်ရနိုင်မယ်လို့ မျှော်လင့်ရတာပဲ...”

ဖုန်းဝူချန်က အေးဆေးတည်ငြိမ်စွာပင် မှာကြားလိုက်၏။

သူ့မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း ရင်ထဲတွင်မူ လေးလံနေတော့သည်။ အကြီးအကဲ ခြောက်ဦးနှင့် တွေ့ဆုံခဲ့ရစဉ်က ကြားသိခဲ့ရသော အံ့မခန်း ထူးဆန်းသည့် ဖြစ်စဉ်ကြီးမှာ မည်သို့မျှ တိုက်ဆိုင်မှု သက်သက် မဖြစ်နိုင်ကြောင်း သူ ပို၍ပို၍ ယုံကြည်လာမိတော့၏။

အပြန်လမ်း တစ်လျှောက်တွင် ဖုန်းဝူချန်က စကားတစ်ခွန်းမျှ မဟဘဲ ဤကိစ္စများကိုသာ အစဉ်တစိုက် တွေးတောနေခဲ့သည်။

“အစ်ကိုကြီးဖုန်း... နဂါး မျိုးနွယ်စုဆီကို အလည်သွားလိုက်ရင် အစ်ကိုကြီးဖုန်း သိချင်နေတဲ့ အဖြေတွေကို ရနိုင်ကောင်းပါတယ်...”

လင်ရှောင်ရှောင်က ဖုန်းဝူချန်၏ ရင်တွင်းမှ စိုးရိမ်ပူပန်မှုများကို ရိပ်မိသွားသဖြင့် ဝင်ရောက် အားပေးလိုက်၏။

ဖုန်းဝူချန်က ခေါင်းညိတ်ပြရင်း ပြန်ပြောလိုက်သည်။

“ဆေးပညာရှင် ပြိုင်ပွဲကြီး ပြီးသွားရင်တော့... ငါ နဂါး မျိုးနွယ်စုဆီကို တစ်ခေါက်လောက် သွားရမယ်...”

...

အချိန်များက မြားတစ်စင်းပမာ ကုန်ဆုံးသွားခဲ့ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ဆေးပညာရှင် ပြိုင်ပွဲကြီး ကျင်းပမည့် နေ့ရက်သို့ ရောက်ရှိလာခဲ့၏။

ဤအတောအတွင်း နဂါးနတ်ဘုရား နန်းတော်ကို လျှို့ဝှက် စောင့်ကြည့်နေကြသော မိစ္ဆာ အင်အားစုများမှာ တိတ်ဆိတ် ငြိမ်သက်နေကြပြီး အကောင်းဆုံး အခွင့်အရေးကိုသာ စောင့်မျှော်နေပုံရသည်။ ယင်ယန် မိသားစုနှင့် ဘီလူး မျိုးနွယ်စု တို့ကလည်း သူတို့၏ လူများ အသတ်ခံလိုက်ရသော်ငြား နဂါးနတ်ဘုရား နန်းတော်သို့ ကလဲ့စားချေရန် ရောက်ရှိမလာခဲ့ကြချေ။

၎င်းမှာ နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်းအတွက် ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်ရန် အံ့မခန်း အခွင့်အရေးကြီးပင်။

ဆေးပညာရှင် ပြိုင်ပွဲကြီးက နီးကပ်လာပြီ ဖြစ်ရာ တိုက်ကြီး တစ်ခုလုံးရှိ ပါရမီရှင် ဆေးပညာရှင်များ အားလုံး မြောက်ဘက် ဆန်းကြယ် နယ်မြေရှိ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သို့ အပြေးအလွှား ရောက်ရှိလာကြတော့သည်။

ယခုအကြိမ် ဆေးပညာရှင် ပြိုင်ပွဲက ယခင်နှစ်များနှင့် လုံးဝ မတူညီချေ။ အသက် သုံးဆယ်အထက် မည်သည့် ဆေးပညာရှင်မျှ ပါဝင် ယှဉ်ပြိုင်ခွင့် မရှိပါ။

ဒါက တိုက်ကြီး တစ်ခုလုံးရှိ လူငယ်မျိုးဆက် ဆေးပညာရှင်များအတွက်သာ ရည်ရွယ်ထားသော စင်မြင့်ကြီး တစ်ခု ဖြစ်သည်။

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ ကျယ်ဝန်းလှသော ရင်ပြင်ကြီးပေါ်တွင် ဆေးပေါင်းဖို ထောင်နှင့်ချီ၍ ခင်းကျင်းထားရာ မြင်ကွင်း တစ်ခုလုံးမှာ အလွန်တရာ ခမ်းနား ကြီးကျယ်လှ၏။ ဆေးပညာရှင် ပြိုင်ပွဲအတွက် လိုအပ်သော ဆေးဖက်ဝင် အပင်များ အားလုံးကို ကျောင်းတော်မှပင် တာဝန်ယူ ထောက်ပံ့ပေးထားခြင်း ဖြစ်၏။

ယခုအကြိမ် ပြိုင်ပွဲ၏ ဒိုင်လူကြီးများမှာ အဋ္ဌမအဆင့် ဆေးပညာရှင်ကြီးများ ဖြစ်ကြသော ဝမ်ကျိုကျုံးနှင့် ထျန်းရှန်းဇီတို့ပင် ဖြစ်ကြသည်။

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် အတွင်းသို့ တိုက်ကြီး တစ်ခုလုံးရှိ အင်အားကြီး အဖွဲ့အစည်း အသီးသီးမှ အထွတ်အထိပ် ပညာရှင်များ ရောက်ရှိလာကြပြီ ဖြစ်၏။ အင်မော်တယ် လက်နက် စံအိမ်၊ ကျန်း မိသားစု၊ နဂါးနတ်ဘုရား နန်းတော်၊ ထျန်းတောက် ဂိုဏ်း၊ ပေရွှမ် ဂိုဏ်းနှင့် အခြားသော အဖွဲ့အစည်း အများအပြားလည်း စုရုံးရောက်ရှိနေကြတော့သည်။

ဖုန်းဝူချန် ကိုယ်တိုင် ဤဆေးပညာရှင် ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည် ဆိုသော သတင်းကြောင့် မီးလျှံနဂါး အင်ပါယာ၊ ဟဲထျန်း နယ်မြေ၊ ကျူးကျိုး နယ်မြေနှင့် အခြားသော နေရာများမှ အစွမ်းထက် ပညာရှင်များ အားလုံး အလောတကြီး ရောက်ရှိလာကြပြီး သူ့ကို ထောက်ခံ အားပေးရန် အသင့် ဖြစ်နေကြတော့၏။

ကောင်းကင်ယံ တစ်ခုလုံးတွင် အစွမ်းထက် ပညာရှင်များဖြင့် ပြည့်နှက်နေပြီး သာယာဝပြောသော ခေတ်ကြီး တစ်ခု ဆိုက်ရောက်လာသည့်အလား ပင် ဖြစ်တော့သည်။

“ဒီတစ်ခေါက် ပြိုင်ပွဲမှာ အသက် သုံးဆယ် အထက်တွေကို ကန့်သတ်ထားတော့... တိုက်ပွဲက တကယ်ကို ပြင်းထန်မှာပဲ...”

“ဟုတ်တယ်... ဟုတ်တယ်... တိုက်ကြီး တစ်ခုလုံးက ပါရမီရှင်တွေ အများကြီး ရောက်လာကြတာလေ... ကျွမ်းကျင်တဲ့ အဘိုးကြီးတွေ မပါတော့ သူတို့ အနိုင်ရဖို့ အခွင့်အရေး ပိုများသွားတာပေါ့...”

“ဒီပြိုင်ပွဲကို တကယ် စိတ်လှုပ်ရှားနေပြီ... မြန်မြန် စတင်လိုက်ပါတော့...”

လူအုပ်ကြီးက စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေး ငြင်းခုံနေကြတော့၏။

“ဒီကျွမ်းကျင်တဲ့ ဆေးဆရာကြီးတွေ မပါတော့... ငါ သေချာပေါက် အနိုင်ရသူ ဖြစ်ရမယ်...”

“အနိုင်ရသူ နေရာက ငါ့အတွက်ပဲ... ငါ မင်းကို အရှုံးပေးမှာ မဟုတ်ဘူး...”

“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေစမ်းပါနဲ့... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေက ငါတို့ထက် အဆင့် အများကြီး ပိုမြင့်တယ်ကွ...”

ပါရမီရှင် ဆေးပညာရှင်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိနေကြပြီး သူတို့၏ မျက်နှာများပေါ်တွင် မာနထောင်လွှားသော အရိပ်အယောင်များ ထင်ဟပ်နေတော့၏။

“နဂါးနတ်ဘုရား နန်းတော်ရဲ့ နန်းတော်သခင် ရောက်ရှိလာပါပြီ...”

လူအုပ်ထဲမှ တစ်စုံတစ်ယောက်၏ ကျယ်လောင်သော အော်ဟစ်သံက ပတ်ဝန်းကျင် တစ်ခုလုံးကို ချက်ချင်း ဆူညံသွားစေပြီး အားလုံး၏ အကြည့်များမှာ ကျောင်းတော် ဂိတ်တံခါးဝဆီသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြတော့သည်။

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့အဖွဲ့ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် အတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာကြ၏။

“မဟာမိတ် ခေါင်းဆောင်ကြီးကို ဂါရဝပြုပါတယ်...”

အင်အားကြီး အဖွဲ့အစည်း အသီးသီးမှ အစွမ်းထက် ပညာရှင်များမှာ ရိုသေလေးစားစွာဖြင့် ဂါရဝပြုလိုက်ကြရာ သူတို့၏ အသံများက ကောင်းကင်ယံ တစ်ခုလုံးကို ဟိန်းထွက်သွားသည်။

“ဖုန်းဝူချန်က တကယ်ပဲ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ကြီး ဖြစ်နေတာလား...”

“ပထမ အကြီးအကဲ ပြောတုန်းက ငါ မယုံခဲ့ဘူး... ဒါက တကယ်ကို အံ့မခန်းပဲ...”

“ဝူကျိ နယ်မြေနဲ့ မြောက်ဘက် ဆန်းကြယ် နယ်မြေက အင်အားစုတွေ အားလုံးက သူ့လက်အောက်မှာပဲပေါ့...”

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသားများ အားလုံး နောက်တစ်ကြိမ် မှင်သက်သွားကြပြန်၏။ သူတို့ အားလုံးက မနာလိုမှုများ၊ အံ့အားသင့်မှုများ ပြည့်နှက်နေသော အကြည့်များဖြင့် ဖုန်းဝူချန်ကိုသာ စူးစိုက်ကြည့်နေကြတော့သည်။

All Chapters