← Chapters

အခန်း ၈၉၆

Vol. 60 Ch. 896

အခန်း ၈၉၆

Vol. 60 Ch. 896

အခန်း (၈၉၆) - ထျန်းကု အား ရိုက်နှက်ခြင်း

လက်သီးချက်တစ်ချက်တည်းဖြင့်ပင် ထျန်းကု အား သွေးအန်သွားစေတော့သည်။

“ကြောက်စရာကောင်းလိုက်တာ . . . တကယ့်ကို အသက်ရှူရပ်မတတ် ပြင်းထန်တဲ့ စွမ်းအားပဲ”

“ကျုပ်ဖြင့် မျက်စိပင် မယုံနိုင်တော့ဘူးဗျာ၊ ဒါ ဘယ်လောက်တောင် ထိတ်လန့်ဖို့ ကောင်းလိုက်သလဲ၊ လက်သီးချက် တစ်ချက်တည်းနဲ့ ထျန်းကု ရဲ့ ခုခံမှုအားလုံးကို ဖျက်ဆီးပစ်လိုက်တာ၊ ကျုပ်များ မျက်စိမှားနေတာလား”

ထိုကဲ့သို့ တစ်ချက်တည်းဖြင့် ထျန်းကု သွေးအန်သွားရခြင်းမှာ ကြီးစိုးသော စွမ်းအားတစ်ခုဖြစ်၍ ပွဲကြည့်စင်တစ်ခုလုံးကို ဒုတိယအကြိမ် တုန်လှုပ်ခြောက်ချားသွားစေပြန်၏။

သန့်ရှင်းသောဝိညာဉ်ကျောင်းတော်ကြီးတစ်ခုလုံး ဆူညံသွားပြီးနောက် လူတိုင်း၏ မျက်နှာတွင် အံ့ဩခြင်းနှင့် မယုံကြည်နိုင်ခြင်းများ ပြည့်နှက်လျက်ရှိရာ ကျောက်ရုပ်များကဲ့သို့ ငြိမ်သက်သွားကြ၏။

‘ဖုန်းဝူချန်ရဲ့ ဖျက်ဆီးခြင်းစွမ်းအားက တကယ့်ကို အဆမတန် ရက်စက်လွန်းတယ်၊ ပြီးတော့ သူက အခြားသော ရှေးဦး ကမ္ဘာဦးခေတ် စွမ်းအားတွေနဲ့ပါ ပေါင်းစပ်ထားသေးတာကိုး’

မိစ္ဆာလေရူးက မျက်မှောင် ပြင်းထန်စွာ ကုပ်လျက် စဉ်းစားမိ၏။

ထို့နောက် သူသည် မျက်နှာတစ်ခုလုံး မည်းခနဲ ဖြစ်သွားကာ တည်ငြိမ်သောအသံဖြင့် အလိုမကျစွာ တီးတိုးပြောဆိုလိုက်သည်။

“ဖုန်းဝူချန်ဟာ ပိုင်လီယွင်ဖုန်းကိုတောင် အနိုင်ယူခဲ့တာပဲ၊ အခု သူ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားက နတ်ဘုရားအသွင်ပြောင်းဘုံ ဒုတိယအလွှာကို ရောက်နေပြီ၊ မိစ္ဆာထျန်းကု ကတော့ သူ့ကို ဘယ်နည်းနဲ့မျှ ယှဉ်နိုင်မှာ မဟုတ်ဘူး”

“ဒီကောင်ကို အမြန်ဆုံး ဖယ်ရှားပစ်မှ ဖြစ်မယ်၊ သူ ရှိနေတာက တို့မိစ္ဆာမျိုးနွယ်စုအတွက် အကြီးအကျယ် ဘေးအန္တရာယ်တစ်ခုပဲ”

မိုချန်ဟွာကလည်း အိုမင်း၍ စူးရှသော မျက်လုံးများမှ လူသတ် အငွေ့အသက်များကို ထုတ်ဖော်လျက် ခပ်အေးအေးပင် ဝင်ရောက်ပြောဆိုလိုက်၏။

ဖုန်းဝူချန်၏ ကျင့်ကြံခြင်း တိုးတက်မှုနှုန်းမှာ အလွန်တရာ မြန်ဆန်လှသဖြင့် လူတိုင်း၏ ထင်မြင်ယူဆချက်ကို ကျော်လွန်နေ၏။

သူ၏ စွမ်းအားမှာလည်း ဆေးဧကရာဇ်အဆင့်တွင် ရှိနေသေးသဖြင့် အကယ်၍ ယခုအချိန်၌ အမြစ်ပြတ် မချေမှုန်းနိုင်ပါက နောင်အခါတွင် မိစ္ဆာမျိုးနွယ်စုအတွက် ကြီးစွာသော ကပ်ဘေး တစ်ခု ဖြစ်လာပေလိမ့်မည်။

“မဟာမိတ်ခေါင်းဆောင်ရဲ့ ကျင့်ကြံခြင်းနှုန်းကတော့ တကယ့်ကို ကြောက်စရာကောင်းလှပါတယ်” ကျန်းဝူဖုန်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောဆိုလိုက်၏။ သူသည် ဖုန်းဝူချန်၏ ကောင်းကင်အလိုတော်ကို ဆန့်ကျင်သော စွမ်းအားကို စကားလုံးဖြင့်ပင် ဖော်ပြရန် ခဲယဉ်းလျက် ရှိတော့၏။

“ဒီလောက် ပါရမီထူးတဲ့လူမျိုးကတော့ သန့်ရှင်းသောဝိညာဉ်ကျောင်းတော်တစ်ခုလုံးမှာ ဘယ်သူနဲ့မျှ ယှဉ်လို့မရပါဘူး”

ဝမ်ကျိုကျုံးကလည်း ခေါင်းကို ဖြည်းညင်းစွာ ညိတ်လျက် စိတ်လှုပ်ရှားစွာဖြင့် ချီးကျူးလိုက်သည်။

ထိုအခါ ထျန်းရှန်းဇီ က ခပ်ပြုံးပြုံး မျက်နှာပေးဖြင့် ရှင်းပြလိုက်သည်။

“နန်းတော်သခင်က အခုထိ စွမ်းအားအပြည့် မထုတ်ရသေးပါဘူး”

အဘယ်ကြောင့်ဆိုသော် အစွမ်းထက်လှသော ပိုင်လီယွင်ဖုန်းပင်လျှင် ဖုန်းဝူချန်၏ ဓားအောက်၌ ကျဆုံးခဲ့ရသည်ဖြစ်ရာ ပိုင်လီယွင်ဖုန်းကိုပင် မမီသော ထျန်းကု မှာမူ ပြောနေရန်ပင် မလိုတော့သောကြောင့်ပင်။

“ဘာပြောတယ် . . . အခုထိ စွမ်းအားအပြည့် မထုတ်ရသေးဘူး ဟုတ်စ”

ကြားလိုက်ရသည်နှင့် ဝမ်ကျိုကျုံးနှင့် ရှင်းထျန်းတို့သည် ချက်ချင်းပင် မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြလျက် စိုးရိမ်ကြောင့်ကြသော မျက်လုံးများဖြင့် ထျန်းရှန်းဇီ အား စိုက်ကြည့်မိကြတော့၏။

ဤမျှလောက် ကြီးစိုးသော စွမ်းအားသည်ပင် ဖုန်းဝူချန်၏ စွမ်းအားအပြည့် မဟုတ်သေးဘူးဆိုပါက . . .။

“ဒီလောက် စွမ်းအားလေးနဲ့ပဲ ကျုပ်ကို လာပြီး စိန်ခေါ်ချင်တာလား”

ဖုန်းဝူချန်၏ ပြောင်လှောင်သော ရယ်မောသံ ပေါ်ထွက်လာ၏။

“တောက် . . . မောက်မာလှချေလား”

ထျန်းကု က ဒေါသတကြီး ဟစ်အော်လိုက်ရာ သူ၏ မျက်လုံးများမှာ သွေးကဲ့သို့ နီမြန်းလာပြီး တစ်ကိုယ်လုံးရှိ မိစ္ဆာစွမ်းအားများကို အပြင်းအထန် လှုံ့ဆော်လိုက်၏။

“မိစ္ဆာ တံဆိပ်တော်”

ထျန်းကု သည် လက်နှစ်ဖက်ဖြင့် ဆန်းကြယ်သော မန္တန်များ ရွတ်ဆိုကာ လက်ဝါးချင်း ပူးလိုက်ပြီး အော်ဟစ်လိုက်သည်။

ဝင်းလက် တောက်ပသော အနက်ရောင် အလင်းတန်းသည် သူ့ရှေ့မှောက်၌ တဖြည်းဖြည်းနှင့် ကြီးမားကျယ်ပြန့်သော မိစ္ဆာ တံဆိပ်တော်အဖြစ်သို့ ပြောင်းလဲသွားပြီးလျှင် အနီးပတ်ဝန်းကျင် တစ်ဝိုက်ကို ကြီးစိုးသော မိစ္ဆာအရှိန်အဝါများဖြင့် လွှမ်းခြုံသွားသည်။

“ရှေးဦးကမ္ဘာဦး နဂါးနတ်ဘုရား လက်သီး”

ဖုန်းဝူချန်သည် လေဟာနယ်အထက်တွင် ဘွားခနဲ ပေါ်လာပြီးနောက် ဟိန်းဟောက်လိုက်ရာ သူ၏လက်သီးပေါ်၌ သွေးရောင်အလင်းတန်းများ ရစ်သိုင်းလာ၏။ သွေးလက်သီးက ထျန်းကု ၏ မိစ္ဆာ တံဆိပ်တော်အား တည့်မတ်စွာ ထိုးနှက်လိုက်

တော့သည်။

“ဖုန်းဝူချန် . . . မင်း သေချင်နေတာပဲ”

ထျန်းကု အံကို တင်းတင်းကြိတ်လိုက်၏။ သူ၏မျက်နှာမှာ ကြောက်စရာ ကောင်းအောင်‌ သွေးကြောများ ထောင်ထလာတော့၏။

ဖုန်းဝူချန်ကမူ ခပ်အေးအေးပင် ပြုံးလိုက်ပြီး ထျန်းကု အား ဘယ်နည်းနှင့်မျှ ဂရုစိုက်မည့် လက္ခဏာမရှိချေ။

“ဘုန်း”

“ဇွတ်”

ရဲရင့်လှသော လက်သီးချက်သည် မိစ္ဆာ တံဆိပ်တော်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားရာ၊ ပေါက်ကွဲသံက ကျောင်းတော်ကြီး တစ်ခုလုံးကို ပဲ့တင်ထပ်သွား၏။ ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများသည်လည်း လှိုင်းအိများပမာ ပတ်ဝန်းကျင်သို့ ပြန့်ကားသွားပြီးနောက် ချက်ချင်းပင် မိစ္ဆာ တံဆိပ်တော်ပေါ်၌ အက်ကြောင်းများ ထင်လာတော့၏။

“မိစ္ဆာမျိုးနွယ်စုရဲ့ အမြင့်ဆုံးသော မိစ္ဆာ တံဆိပ်တော်ကိုတောင် သူက တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်တယ် ဟုတ်စ”

ထျန်းကု ကြောက်နေ၏။

“ချေမှုန်းစမ်း”

ဖုန်းဝူချန်၏ ရက်စက်လှသော အော်ဟစ်သံနှင့်အတူ ကြီးစိုးသော လက်သီးစွမ်းအားသည် မိစ္ဆာ တံဆိပ်တော်ကို အစအနမကျန်အောင် ဖျက်ဆီးပစ်လိုက်ပြီးနောက် လက်သီးချက်သည် ထျန်းကု ၏ ရင်ဝသို့ တည့်တည့်ကြီး ကျရောက်သွား၏။ ထျန်းကု သည် သွေးတစ်လုပ် ထပ်မံအန်ထုတ်ကာ နောက်သို့ လေးလံစွာ လဲကျသွားရတော့၏။

“ဘုရားရေ . . .”

ပွဲကြည့်စင် တစ်ခုလုံးမှာ တစ်ခါတည်း ငြိမ်သက်သွားကြပြန်လျက် လူတိုင်း ကြက်သီးထသွားကြ၏။

သွေးရောင်လျှပ်စီးကြောင်းတစ်ခု လေဟာနယ်ကို ဖြတ်သန်းသွားပြီးနောက် ဖုန်းဝူချန်သည် ထျန်းကု ရှိရာသို့ ဒုတိယအကြိမ် ရောက်ရှိသွားပြန်၏။

“ဝှစ် . . . ဝှစ် . . . ဝှစ်”

“ဘုန်း . . . ဘုန်း . . . ဘုန်း”

သွေးရောင်အရိပ်တစ်ခုသည် ထျန်းကု အား လှည့်ပတ်ကာ ခြေလှမ်း လက်လှမ်း မှန်သမျှဖြင့် အဆက်မပြတ် တိုက်ခိုက်လျက် ရှိရာ တိုက်ကွက်တိုင်း ပြင်းထန်လှသဖြင့် ထျန်းကု မှာ တရစပ် သွေးအန်ထုတ်နေရရုံမျှမက ဒဏ်ရာများလည်း ပိုမို၍ ကြီးမားလာတော့၏။

ဖုန်းဝူချန်၏ ပြင်းထန်လှသော သိုင်းပညာ ရှေ့မှောက်တွင် ထျန်းကု မှာ ပြန်လည်ခုခံရန် လုံးဝ လမ်း မရှိချေ။

အစောပိုင်းက ကြွားဝါနေသော ထျန်းကု သည် ဖုန်းဝူချန်၏ ရှေ့မှောက်တွင် ဘာမဟုတ်သည့် သတ္တဝါငယ်ကလေး တစ်ကောင်ပမာ ဖြစ်နေသဖြင့် လူအုပ်ကြီးမှာ အံ့ဩခြင်းမက အံ့ဩနေကြရတော့၏။

‘သူ့မှာ ဘာဖြစ်လို့ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ရှိနေရတာလဲ’

ထျန်းကုသည် ဒဏ်ရာများကြောင့် ကိုယ်ကိုပင် မလှုပ်ရှားနိုင်တော့ဘဲ ဖုန်းဝူချန်၏ တိုက်ကွက်များကို ရင်ထဲက ကြောက်လန့်စွာ ခံစားနေရရှာ၏။

“မင်းမှာ နတ်ဘုရားအသွင်ပြောင်းဘုံ ပထမအဆင့် စွမ်းအားရှိတယ် ဆိုပေမဲ့ အဆင့်နဲ့လျော်ညီတဲ့ နှလုံးရည်မရှိဘူး၊ လောဘဇောတိုက်ပြီး ကျင့်ကြံခဲ့တာမို့ အခြေခံမခိုင်ဘူး၊ အရမ်း ညံ့ဖျင်းလှပါတယ်၊ ဟားဟား”

ဖုန်းဝူချန်က ထီမထင် ရယ်မောလျက် ပြောဆိုလိုက်ပြီးနောက် နောက်ဆုံး လက်သီးချက်အား ထိုးနှက်လိုက်တော့၏။

“ဘုန်း”

“ဝုန်း”

လက်သီးချက်သည် မိုးကြိုးပစ်လိုက်သကဲ့သို့ ပြင်းထန်လှရကား၊ ထျန်းကု သည် လေထဲမှ အရှိန်ဖြင့် မြေပေါ်သို့ ကျသွားပြီးနောက် ပေါက်ကွဲသံနှင့်အတူ မြေပြင်ပေါ်၌ ကြီးမားသော ကျင်းကြီးတစ်ခု ဖြစ်သွားကာ ဖုန်မှုန့်များလည်း တစ်ခါတည်း အုပ်သွားလေ၏။

တိုက်ပွဲကား ပြီးဆုံးခဲ့၏၊ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည်။

သန့်ရှင်းသောဝိညာဉ် ကျောင်းတော်မှ ကျောင်းသားများမှာ ဖုန်းဝူချန်၏ အစွမ်းကို ကြည့်ကာ လိပ်ပြာလွင့်မတတ် မှင်သက်နေကြရ၏။

ယခင်က ဖုန်းဝူချန်အား စိန်ခေါ်လိုကြသော ပါရမီရှင်ကျောင်းသားအချို့မှာမူ မိမိတို့ ဝင်ရောက်မပြိုင်မိသည်ကိုပင် ကံကောင်းသည်ဟု အောက်မေ့ကာ ရင်တမမ ရှိနေကြ၏။

“ဒီလောက်နဲ့ပဲ ပြီးသွားတာလား” ဟု ဖုန်းဝူချန်က ကျေနပ်ဟန်ဖြင့် ပြုံးရယ်လျက် ရေရွတ်လိုက်၏။ သူသည် အခုမှပင် စိတ်ပါလာသော်လည်း ရန်သူမှာ လဲကျသွားပြီလော။

“ဖုန်းဝူချန် . . .”

ကျင်းကြီးအတွင်း၌ ထျန်းကု သည် ဒဏ်ရာပြင်းထန်လှသဖြင့် ကိုယ်ကိုပင် မလှုပ်ရှားနိုင်တော့သော်လည်း သူ၏မျက်လုံးများကမူ ဖုန်းဝူချန်အား ရက်စက်စွာ စိုက်ကြည့်နေမိဆဲ ဖြစ်၏။

“မင်းရဲ့ သိုင်းပညာကဖြင့် လုံးဝ အသုံးမကျပါဘူးဗျာ”

ဖုန်းဝူချန်က အထင်တသေး မျက်နှာဖြင့် ထျန်းကု အား ကြည့်လိုက်ပြီးနောက် လက်ဝှေ့ယမ်းလိုက်ရာ သွေးရောင်အလင်းတန်း တစ်ခု လေဟာနယ်မှ ဆင်းသက်လာပြီးလျှင် သွေးရောင်ဓားကြီး တစ်ခုအသွင်ဖြင့် ပြုတ်ကျသွားတော့သည်။

“ချွတ်”

ထိုခဏ၌ မိစ္ဆာလေရူးသည် ဓား ဆွဲထုတ်ကာ ဝင်တားဆီးလိုက်သဖြင့် ချွတ်ခနဲ မြည်သံနှင့်အတူ သွေးရောင်ဓားကြီးမှာ ထက်ပိုင်းပြတ်၍ သွားတော့၏။

ထျန်းကု သည် မိစ္ဆာမျိုးနွယ်စု၏ အထူးချီးမြှောက်ခြင်းခံရသော ပါရမီရှင်တစ်ဦးဖြစ်သည့်အတိုင်း မိစ္ဆာလေရူးသည် သူ့အား ဘယ်နည်းနှင့်မျှ အသေမခံနိုင်ပေ။

သူသည် ဖုန်းဝူချန်အား စူးစူးရဲရဲ ကြည့်နေ၏။ သူ၏ကိုယ်ပေါ်မှ ကြီးစိုးသော လူသတ် အငွေ့အသက်များသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

အတန်ကြာ ငြိမ်သက်နေပြီးမှ မိစ္ဆာလေရူးက ခပ်အေးအေးပင် . . .

ကြွေးကြော်လိုက်သည်။

“ငါတို့နောက်ကို လိုက်တဲ့လူဟာ ကြီးပွားချမ်းသာရမယ်၊ ငါတို့ကို ဆန့်ကျင်တဲ့လူကတော့ သေရမယ်”

“အကြီးအကဲ မိစ္ဆာလေရူး . . . မင်း ဒဏ်ရာတွေ ကောင်းကောင်း မသက်သာသေးတာကို မမေ့ပါနဲ့ဦး”

ယွင်ယိုဇီ၏ အသံသည် ကျောင်းတော်ကြီးအတွင်းမှ ထွက်ပေါ်လာခဲ့၏။

“မင်းတို့လောက်ကိုတော့ ငါက အလွယ်တကူ ရှင်းနိုင်ပါတယ်”

မိစ္ဆာလေရူးက အေးစက်စွာ ပြောဆိုလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ သန့်ရှင်းသောဝိညာဉ်ကျောင်းတော်၏ အရပ်မျက်နှာ အသီးသီးမှ မိစ္ဆာမျိုးနွယ်စုဝင် စွမ်းအားရှင်ပေါင်း သောင်းချီ၍ ထွက်ပေါ်လာကြ၏။

“ဒီလောက် လူသောင်းဂဏန်းလောက်နဲ့တော့ ငါ့ရဲ့ အင်းကွက် သုံးသောင်းကို ဘယ်နည်းနဲ့မျှ မယှဉ်နိုင်ပါဘူး” ယွင်ယိုဇီက နှာခေါင်းရှုံ့လျက် ပြောဆိုလိုက်သည်။

“သတ္တိရှိရင် စမ်းကြည့်လိုက်လေ” ဟု မိစ္ဆာလေရူးက ပြန်လည် တုံ့ပြန်လိုက်၏။

“ခင်ဗျား ဒဏ်ရာတွေ ရထားပါရက် ဒီလောက် ရဲတင်းနေတာ ထူးဆန်းတယ်၊ ကျုပ်တို့ကတော့ အူကြောင်ကြောင်လူတွေ မဟုတ်ဘူး၊ နောက်ကွယ်မှာ ပုန်းနေတဲ့လူတွေ ရှိရင်လည်း အပြင်ကို ထွက်ခဲ့ကြစမ်းပါ” ဖုန်းဝူချန်က ခပ်ပြုံးပြုံး မျက်နှာပေးဖြင့် ပြောလိုက်သည်။

“မိစ္ဆာမျိုးနွယ်စုက အစွမ်းထက် ပညာရှင်တွေ ထပ်ရှိနေသေးတာလား”

လူအုပ်ကြီးမှာ တုန်လှုပ်ချောက်ချားသွားကြ၏။

နတ်ဘုရားအသွင်ပြောင်းဘုံ ကျင့်ကြံသူ ဆယ်ဂဏန်းခန့် ရှိနေခြင်းကပင် ကြောက်စရာကောင်းလှပြီဖြစ်ရာ၊ ယခုထက် ပိုမိုအစွမ်းထက်သော ပညာရှင်ကြီးများ ရှိနေသေးသည်ဆိုပါက . . .။

‘သခင် . . . အဲဒါ မိစ္ဆာမျိုးနွယ်စုရဲ့ ဝိညာဉ်သုံးပါးပဲ၊ သူတို့ရဲ့ စွမ်းအားက နတ်ဘုရားအသွင်ပြောင်းဘုံ ပထမအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတယ်’

မီးတောက်နဂါး၏ အသံသည် ဖုန်းဝူချန်၏ အသ်ိစိတ်မှတစ်ဆင့် ပေါ်ထွက်လာ၏။

‘မိစ္ဆာမျိုးနွယ်စုရဲ့ ဝိညာဉ်သုံးပါးလား’

ဖုန်းဝူချန်ကား ဘာကိုမျှ ကြောက်ရွံ့ခြင်း မရှိဘဲ တည်ငြိမ်လျက်သာ ရှိနေသည်။

ဖုန်းဝူချန် တွေးလိုက်သည့်အတိုင်းပင် လေဟာနယ်အထက်တွင် လူရိပ်သုံးရိပ် ဟင်းလင်းပြင်မှ ဘွားခနဲ ပေါ်ထွက်လာတော့သည်။

ထိုသူသုံးဦးကား မိစ္ဆာမျိုးနွယ်စုတွင် အကြီးအကဲ သုံးယောက်ထက် ဝါစဉ်မြင့်မားကာ မိစ္ဆာလေရူးထက်ပင် စွမ်းအားသာလွန်သော ဝိညာဉ်သုံးပါး ဖြစ်၏။

ကမ္ဘာကြီးကို ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအင်လှိုင်းများသည် ထိုသူသုံးဦး၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသည်။ ၎င်းက နတ်ဘုရားအသွင်ပြောင်းဘုံ ပထမအဆင့် အထွတ်အထိပ်စွမ်းအားပင်။

ကြီးစိုးသော စွမ်းအားလှိုင်း သုံးခုသည် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ဖိနှိပ်သွားသဖြင့် သန့်ရှင်းသောဝိညာဉ်ကျောင်းတော်မှ စွမ်းအားရှင်အားလုံးတို့သည် လိပ်ပြာလွင့်မတတ် ထိတ်လန့်တုန်လှုပ်ကုန်ကြရလျက် အချို့မှာ မြေပေါ်သို့ပင် လဲကျကုန်ကြ၏။

“မိစ္ဆာမျိုးနွယ်စုရဲ့ ဝိညာဉ်သုံးပါးပါလား”

ယွင်ယိုဇီ၏ ဇရာ အရေးအကြောင်းများ ထင်ဟပ်နေသည့် မျက်နှာမှာလည်း နောက်ဆုံးတွင် အကြောက်တရား အရောင်များ သန်းလာသည်။

All Chapters