← Chapters

အခန်း ၈၉၉

Vol. 60 Ch. 899

အခန်း ၈၉၉

Vol. 60 Ch. 899

အခန်း (၈၉၉) - အမှောင်မိစ္ဆာ ကျားသစ်နှင့် ဝိညာဉ်သုံးပါးတို့၏ တိုက်ပွဲ

မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)တို့ နှစ်ဦးမှာ ဖုန်းဝူချန်၏ ဝူမီးတောက်အတွင်း၌ ပိတ်လှောင်ခံလိုက်ရတော့၏။

မိစ္ဆာ မျိုးနွယ်စုမှ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်များက ကူညီရန် အလျင်အမြန် နေရာရွှေ့ပြောင်း ရောက်ရှိလာကြသည်။

အရေအတွက်အရ ကြည့်မည်ဆိုလျှင် မိစ္ဆာ မျိုးနွယ်စု၏ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်များက နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ထက် နှစ်ဆခန့် ပိုများနေသည့်အတွက် မည်သို့မျှ တားဆီးနိုင်စွမ်း မရှိကြပေ။

“ငါတို့ သူတို့ကို မတားနိုင်တော့ဘူး.. သူတို့ဆီမှာ နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်တွေ အရမ်းများလွန်းတယ်”

အကြီးအကဲ တစ်ဦးက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

“နန်းတော်သခင်.. သတိထားပါ”

နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်များ တစ်ယောက်ပြီး တစ်ယောက် နေရာရွှေ့ပြောင်း သွားကြသည်ကို ကြည့်ရင်း ဟန်ခွန်းက ကျယ်လောင်စွာ သတိပေးလိုက်သည်။ သို့သော် ဝူမီးတောက်ကို မြင်လိုက်ရချိန်တွင်တော့ သူတို့၏ စိတ်များ ချက်ချင်းပင် အေးချမ်းသွားကြတော့၏။

သို့တိုင်အောင် ဝူမီးတောက်၏ ကြောက်မက်ဖွယ်ကောင်းမှုက သူတို့ကို အနားမကပ်ရဲအောင် တားဆီးထားဆဲ ဖြစ်၏။ သူတို့၏ မျက်နှာများထက်တွင် ကြောက်ရွံ့ထိတ်လန့်မှုများ အပြည့် လွှမ်းမိုးနေပြီး သူတို့၏ စွမ်းအားများ ဝါးမျိုခံရမည်ကို စိုးရိမ်နေကြသလို ဝူမီးတောက်၏ လောင်ကျွမ်းခြင်း ခံရမည်ကို ပို၍ပင် ထိတ်လန့်နေကြတော့သည်။

“ဒုတိယ အကြီးအကဲ”

သူတို့မှာ အဝေးမှသာ စိုးရိမ်တကြီး အော်ဟစ်နိုင်ကြတော့၏။

မီတာ ရာနှင့်ချီ ကြီးမားလှသော အနက်ရောင် မီးလုံးကြီး အတွင်း၌ မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)တို့ နှစ်ဦး၏ ကံကြမ္မာက မည်သို့ ဖြစ်နေမည်ကို မည်သူကမျှ မသိနိုင်ကြချေ။

“နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်တွေ ဆိုတာလည်း ဒီလောက်ပါပဲလား”

ဖုန်းဝူချန်က မီးလုံးကြီး အတွင်းမှနေ၍ အေးစက်စွာ ရယ်မောလိုက်ပြီး မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)တို့ နှစ်ဦးကို အေးစက်စူးရှသော အကြည့်များဖြင့် စိုက်ကြည့်ကာ ရှုတ်ချလိုက်သည်။

ဖုန်းဝူချန်၏ လက်ချက်ကြောင့် ဝိညာဉ်စွမ်းအား ပြင်းထန်စွာ ဒဏ်ရာရရှိထားသော မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)တို့ နှစ်ဦးမှာ အလွန်အမင်း အထိနာနေကြခဲ့ပြီ ဖြစ်၏။ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်များ ဖြစ်ကြသည့်တိုင် ဝူမီးတောက်၏ ပိတ်လှောင်မှုမှ ချိုးဖြတ်နိုင်ရန် လုံးဝ လွယ်ကူမည် မဟုတ်ပေ။

ထို့အပြင် ဝူမီးတောက်က နဂိုကတည်းက ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီး ဖုန်းဝူချန်၏ ကျင့်ကြံမှု အဆင့် မြင့်တက်လာသည်နှင့် အမျှ ဝူမီးတောက်၏ စွမ်းအားကလည်း သူတို့ထက် လျော့နည်းနေမည် မဟုတ်ဘဲ ပို၍ပင် အစွမ်းထက်လာခဲ့ပြီပင်။

မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)တို့ နှစ်ဦး၏ မျက်နှာများမှာ အလွန်အမင်း ရက်စက် ကြမ်းကြုတ်နေပြီး ဖုန်းဝူချန်အား အရှင်လတ်လတ် ဝါးမျိုပစ်ချင်နေတော့သည်။

“ခွေးကောင်လေး.. မင်း ဘာလိုချင်နေတာလဲ”

မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)က အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။

“ကျုပ် ဘာမှ သိပ်လိုချင်တာ မရှိပါဘူး.. အဲ့ဒီ နေရာမှာပဲ ငြိမ်ငြိမ်လေးနေပြီး ဝူမီးတောက်ရဲ့ အရသာကို ခံစားလိုက်ပါဦး”

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က လက်နှစ်ဖက်ကို ဖြန့်ကာ အေးစက်စွာ ရယ်မောရင်း တုံ့ပြန်လိုက်၏။

မိစ္ဆာ မျိုးနွယ်စု၏ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်များ အမြောက်အမြား ရှိနေသည့်အတွက် ဖုန်းဝူချန် အနေဖြင့် ပြင်းထန်စွာ ဒဏ်ရာရနေသော လူနှစ်ယောက် အပေါ်တွင် အချိန်ဖြုန်းနေရန် မဖြစ်နိုင်တော့ချေ။

အချိန် အနည်းငယ် ကြာပြီးနောက် ဖုန်းဝူချန်က အနက်ရောင် မီးလုံးကြီးကို ချိုးဖြတ်လာပြီး ဟင်းလင်းပြင်ထဲမှ တစ်လှမ်းချင်း လျှောက်လှမ်း ထွက်ပေါ်လာတော့သည်။

“ဖုန်းဝူချန်.. ဒုတိယ အကြီးအကဲနဲ့ အခြားသူတွေရော ဘယ်မှာလဲ.. မင်း သူတို့ကို ဘာလုပ်လိုက်တာလဲ”

တစ်စုံတစ်ယောက်က ဖုန်းဝူချန်ကို ဒေါသတကြီးဖြင့် လှမ်း၍ အော်မေးလိုက်၏။

“သိချင်ရင်.. ခင်ဗျားတို့ ကိုယ်တိုင် ဝင်ကြည့်လိုက်ပါလား”

ဖုန်းဝူချန်က လှောင်ရယ်လိုက်သည်။

“ဖုန်းဝူချန်”

မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)တို့ ထွက်မလာဘဲ ဖုန်းဝူချန် တစ်ယောက်တည်းသာ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ မိစ္ဆာ ကျင့်ကြံသူတို့၏ ရင်ထဲတွင် ဒေါသမီးတို့ တဟုန်းဟုန်း တောက်လောင်လာကြတော့၏။

'သူတို့ မရောက်ကြသေးဘူးလား.. ငါ နည်းနည်းလောက် ထပ်တောင့်ခံထားဖို့ လိုဦးမယ် ထင်တယ်'

ဖုန်းဝူချန်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်၏။ ထို့နောက် သူက ထိုသူတို့၏ ဒေါသများကို လုံးဝ ဂရုမစိုက်ဘဲ နဂါးနတ်ဘုရား ဓားကို ဆုပ်ကိုင်ကာ ဒုတိယအလွှာ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် တစ်ဦးဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။

“ဝုန်း.. ဝုန်း.. ဝုန်း”

“ဝီ.. ဝီ”

တိုက်ပွဲကြီးက ပိုမို ပြင်းထန်လာပြီး နားကွဲမတတ် ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်လာကာ ဟင်းလင်းပြင်ကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေတော့သည်။

ကြမ်းကြုတ်လှသော တိုက်ပွဲကြီး အတွင်း နှစ်ဖက်စလုံး ပြင်းထန်စွာ အထိနာနေကြ၏။ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ အခြားသော အင်အားစုများ၏ တပ်ဖွဲ့များကလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆက်တိုက် ဝင်ရောက် ပူးပေါင်းလာကြရာ စုစုပေါင်း လူဦးရေ သောင်းနှင့်ချီ ရှိလာပြီ ဖြစ်ပြီး ရက်ရက်စက်စက် တန်ပြန် တိုက်ခိုက်မှုများကို စတင်နေကြပြီ ဖြစ်သည်။

သို့သော်လည်း တပ်များကို ဦးဆောင်နေသော မိစ္ဆာ မျိုးနွယ်စု၏ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် အရေအတွက်က အလွန်အမင်း များပြားလွန်းနေသည့်အတွက် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့၏ စစ်ကူများ အဆက်မပြတ် ဝင်ရောက်လာသည့်တိုင် မိစ္ဆာ မျိုးနွယ်စု၏ အင်အားကို မနှိမ်နှင်းနိုင်ကြသေးချေ။

အထက် ကောင်းကင်ယံတွင်တော့ အမှောင်မိစ္ဆာ ကျားသစ်နှင့် မိစ္ဆာ မျိုးနွယ်စု၏ ဝိညာဉ်သုံးပါးတို့ မျက်နှာချင်းဆိုင် ရင်ဆိုင်နေကြပြီး နောက်ဆုံးတွင်တော့ တိုက်ပွဲကြီး စတင် ပေါက်ကွဲလာသည်။

“ရွှစ်.. ရွှစ်.. ရွှစ်”

အမှောင်မိစ္ဆာ ကျားသစ်က ရုတ်တရက် တဟုန်ထိုး ပစ်ထွက်သွားပြီး မိစ္ဆာ မျိုးနွယ်စု၏ ဝိညာဉ်သုံးပါးကလည်း တစ်ချိန်တည်းမှာပင် စတင် လှုပ်ရှားလိုက်ကြသည်။ အမှောင်မိစ္ဆာ ကျားသစ်၏ ပုံရိပ်က လျှပ်တစ်ပြက် ပြေးလွှားသွားပြီး ဟင်းလင်းပြင် အတွင်း၌ သွေးဆာနေသော အမှောင်မိစ္ဆာကျားသစ်၏ လက်သည်း အလင်းတန်းများ တဖျပ်ဖျပ် လက်လာတော့သည်။

အမှောင်မိစ္ဆာ ကျားသစ်က မျက်စိတစ်မှိတ်အတွင်း ဖြတ်ပြေးသွားလျက် မိစ္ဆာ မျိုးနွယ်စု၏ ဝိညာဉ်သုံးပါး အနီးမှ ပွတ်တိုက် ဖြတ်သန်းသွားကာ သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် လက်သည်းရာများကို ချန်ရစ်ခဲ့၏။

အမြန်နှုန်းက မျက်စိဖြင့်ပင် မလိုက်နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။

အမှောင်မိစ္ဆာ ကျားသစ်သည် သူ၏ အမြန်နှုန်းကြောင့် နာမည်ကြီးပြီး ထိုအမြန်နှုန်းကပင် မိစ္ဆာ မျိုးနွယ်စု၏ ဝိညာဉ်သုံးပါးကို အပြည့်အဝ ဖိနှိပ်ထားနိုင်သည်။

သို့သော် ဝိညာဉ်သုံးပါး၏ စွမ်းအားကလည်း ရှင်းလင်းစွာပင် မသေးနုပ်လှပေ။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ့ပါးသော ဒဏ်ရာများကိုသာ ရရှိခဲ့ပြီး ပြင်းထန်သော အထိနာမှုမျိုး မရှိခဲ့ကြချေ။

“အမှောင်မိစ္ဆာ ကျားသစ်.. မင်းရဲ့ စွမ်းအားတွေ အများကြီး ချိတ်ပိတ်ခံထားရတာတောင် တစ်ယောက်တည်းနဲ့ ငါတို့ သုံးယောက်ကို ယှဉ်တိုက်ချင်နေတယ်ပေါ့.. ဒါက ငါတို့ ဝိညာဉ်သုံးပါးရဲ့ စွမ်းအားကို အရမ်း အထင်သေးလွန်းရာ ကျမနေဘူးလား”

ခေါင်းဆောင်ဖြစ်သူ မိုထျန်းလျန်က မည်သည့် အမူအရာမျှ မပြဘဲ အေးစက်စွာ ပြောလိုက်သည်။

“အမြန်နှုန်း အသာစီးရမှုနဲ့အတူ အမှောင်မိစ္ဆာ ကျားသစ်ရဲ့ စွမ်းအားက ဒုတိယအလွှာ နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်ကိုတောင် ချဉ်းကပ်နေပြီပဲ.. သူ့ရဲ့ တကယ့် စွမ်းအားက ဒုတိယအလွှာရဲ့ အထွတ်အထိပ်ကိုတောင် ရောက်သင့်နေပြီ”

တိုက်ပွဲကို စောင့်ကြည့်နေသော မီးတောက်နဂါးက မျက်မှောင် အနည်းငယ် ကုတ်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။

အမှောင်မိစ္ဆာ ကျားသစ်၏ ကြောက်မက်ဖွယ် စွမ်းအားကို မီးတောက်နဂါး ကိုယ်တိုင်လည်း အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့မိ၏။

အတိတ်ကာလက အထွတ်အထိပ် အခြေအနေတွင် ရှိနေသော အမှောင်မိစ္ဆာ ကျားသစ်ကို ဖိနှိပ်နိုင်စွမ်း ရှိသူများမှာ လင်းရွှီဇီ၊ မိစ္ဆာ ဧကရာဇ်နှင့် နဂါးနတ်ဆိုး တို့သာ ရှိခဲ့ခြင်းက အမှောင်မိစ္ဆာ ကျားသစ်၏ တကယ့် စွမ်းအား မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို ဖော်ပြနေခြင်း ပင်။

'သွေးမိစ္ဆာရဲ့ တကယ့် ရည်ရွယ်ချက်က ဘာများလဲ.. ဆေးပညာရှင်ပြိုင်ပွဲ ကျင်းပနေတဲ့ အချိန်မှ ရွေးပြီး လှုပ်ရှားရတာက အမှောင်မိစ္ဆာ ကျားသစ်ကို ဖမ်းဖို့ သက်သက်ပဲလား'

မိစ္ဆာ မျိုးနွယ်စု၏ ဝိညာဉ်သုံးပါးကို စိုက်ကြည့်ရင်း မီးတောက်နဂါးက အတွေးနယ်ချဲ့နေမိသည်။

အမှောင်မိစ္ဆာ ကျားသစ်က မည်သည့်စကားမျှ မဆိုဘဲ မိစ္ဆာ မျိုးနွယ်စုမှ သုံးယောက်ကိုသာ ခံစားချက်မဲ့စွာဖြင့် စိုက်ကြည့်နေလိုက်၏။

“မိစ္ဆာ ဧကရာဇ် လက်အောက်က ကြီးမြတ်တဲ့ စစ်သူကြီး သုံးယောက် ပီသပါပေတယ်.. တကယ်ကို စွမ်းအားကြီးတာပဲ”

အမှောင်မိစ္ဆာ ကျားသစ်၏ နှုတ်ခမ်းထောင့်များက အေးစက်သော အပြုံးတစ်ခု အဖြစ် ကွေးတက်သွားသည်။ သူ၏ အသံက အလွန်အမင်း ခပ်ပြတ်ပြတ် နိုင်လှပြီး မွေးရာပါ ကြီးစိုးလွှမ်းမိုးလိုသော မာနများ ပြည့်နှက်နေ၏။

အမှောင်မိစ္ဆာ ကျားသစ်ထံမှ ရှားရှားပါးပါး ထွက်ပေါ်လာသော စကားသံက လူတိုင်း၏ အာရုံစိုက်မှုကို ရှောင်လွှဲ၍မရစွာ ဆွဲဆောင်သွားတော့သည်။

“ငါတို့ သုံးယောက် ပူးပေါင်းလိုက်ရင် မင်းကို ရှင်းဖို့ လုံလောက်တာထက်ကို ပိုတယ်ကွ”

ဝိညာဉ်သုံးပါးထဲမှ တစ်ဦးဖြစ်သော မိုထျန်းယွင်က အေးစက်စွာ ဟိန်းဟောက်လိုက်၏။

“ဟုတ်လို့လား”

အမှောင်မိစ္ဆာ ကျားသစ်က အထင်သေး ဟားတိုက်စွာဖြင့် လှောင်ပြောင်လိုက်သည်။

ထက်မြက်လှသော ကျားသစ် လက်သည်းများကို အနည်းငယ် မြှောက်တင်လိုက်ပြီး မိစ္ဆာ မျိုးနွယ်စု၏ ဝိညာဉ်သုံးပါးဆီသို့ ချိန်ရွယ်လိုက်တော့၏။

“ဝီ.. ဝီ”

လွှမ်းမိုးနိုင်စွမ်းရှိသော ကြောက်မက်ဖွယ် စွမ်းအင်ကြီးက စတင် စုစည်းလာပြီး အလင်းစက်လေးက သေးငယ်ဟန် ပေါက်နေသော်လည်း အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအင်များ ပါဝင်နေကာ ကုန်းတွင်းပိုင်း တစ်ခုလုံးကိုပင် ပြင်းထန်စွာ တုန်လှုပ်သွားစေတော့သည်။

“သတိထားကြနော်”

မိုထျန်းလျန် မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကုတ်လိုက်ပြီး သတိပေးလိုက်သည်။ အမှောင်မိစ္ဆာ ကျားသစ် စုစည်းနေသော စွမ်းအားက သူတို့ကိုပင် ထိတ်လန့် ချောက်ချားသွားစေ၏။

အကြိတ်အနယ် တိုက်ပွဲဝင်နေကြသော လူတိုင်းကလည်း ထိုဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအားကြီးကြောင့် တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြပြီး စိုးရိမ်စွာ ကြည့်လိုက်ကြ၏။

“ရှေးဦးကမ္ဘာဦး စွမ်းအား.. မဟာမိတ် ခေါင်းဆောင်ရဲ့ ရှေးဦးကမ္ဘာဦး စွမ်းအားထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းနေပါလား”

ယွင်ယိုဇီ၏ နှလုံးသားထဲတွင် ထိတ်လန့်မှုများက ရိုက်ခတ်သွားပြီး သူ၏ အိုမင်းသော မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားမှုများ ပြည့်နှက်သွားတော့သည်။

“ဂလု..”

ကြောက်ရွံ့မှုများက လူတိုင်း၏ မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေပြီး ဖြူရော်လာကာ ထိန်းချုပ်မရအောင် တုန်ယင်လာကြတော့သည်။

“ရွှစ်..”

“ဝီ.. ဝီ”

နောက်တစ်စက္ကန့်တွင်တော့ လက်မောင်းတစ်လုံးစာ အထူရှိသော အနက်ရောင် စွမ်းအင်တန်းကြီး ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကိုပင် ထိုးဖောက် ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအားများဖြင့် မိစ္ဆာ မျိုးနွယ်စု၏ ဝိညာဉ်သုံးပါးဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။

ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသော အနက်ရောင် အလင်းတန်းကြီးသည် ပထမအလွှာ နတ်ဘုရားအသွင်ပြောင်းဘုံ အောက်ရှိ မည်သူ့ကိုမဆို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ပစ်နိုင်လောက်အောင်ပင် လုံလောက်လှ၏။

“ဝီ.. ဝီ”

မိစ္ဆာ မျိုးနွယ်စု၏ ဝိညာဉ်သုံးပါးက သူတို့၏ အစစ်အမှန် ချီစွမ်းအင်များကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ကြရာ ဟင်းလင်းပြင်ကြီး ပြင်းထန်စွာ တုန်ခါသွားပြီး မီတာ ဒါဇင်နှင့်ချီ ကြီးမားသော အနက်ရောင် စွမ်းအင် အကာအကွယ် အလွှာကြီး တစ်ခုကို ဖန်တီးကာ သူတို့ သုံးဦးစလုံးကို ဖုံးအုပ် ကာကွယ်လိုက်ကြ၏။

“ဝုန်း..”

“ဝီ.. ဝီ”

ကြောက်မက်ဖွယ် အနက်ရောင် အလင်းတန်းကြီးက စွမ်းအင် အကာအကွယ် အလွှာကြီးကို ရက်ရက်စက်စက် ဝင်တိုက်လိုက်ရာ ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်သွားစေလောက်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအင်များက ဟင်းလင်းပြင်ကြီး တစ်ခုလုံးကို အစအနမကျန် ဖျက်ဆီးပစ်တော့မည့် အလား ထိန်းချုပ်မရအောင် လိပ်တက် ထွက်ပေါ်လာတော့၏။

ရူးသွပ်စွာ တိုက်ခတ်လာသော ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းကြီးကြောင့် လူတိုင်း ထိတ်လန့်တကြား နောက်ဆုတ်သွားကြရပြီး အင်အားစု နှစ်ခုစလုံးမှ တိုက်ခိုက်ရေးသမားများကို နောက်သို့ ပစ်လွင့်သွားစေတော့သည်။

မိစ္ဆာ မျိုးနွယ်စု၏ ဝိညာဉ်သုံးပါး ဖန်တီးထားသော စွမ်းအင် အကာအကွယ် အလွှာကြီးက အလွန် ခိုင်မာသော ကာကွယ်မှု ရှိနေပြီး အမှောင်မိစ္ဆာ ကျားသစ်၏ တိုက်ခိုက်မှုက ထိုစွမ်းအင် အကာအကွယ် အလွှာကို လုံးဝ မဖောက်ထွင်းနိုင်ချေ။

“ဒီစွမ်းအားက တကယ်ကို ကြောက်ဖို့ကောင်းတာ မှန်ပေမယ့် ငါတို့ သုံးယောက်ကို ရင်ဆိုင်ဖို့တော့ မလုံလောက်သေးဘူးကွ”

မိုထျန်းယွင်က မောက်မာစွာဖြင့် အေးစက်စက် ရယ်မောရင်း ပြောလိုက်သည်။

“ဟုတ်လို့လား”

အမှောင်မိစ္ဆာ ကျားသစ်၏ ခပ်ပြတ်ပြတ် အသံက သူတို့၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာတော့၏။

ရုတ်တရက် ထွက်ပေါ်လာသော အေးစက်စက် အသံကြောင့် မိစ္ဆာ မျိုးနွယ်စု၏ ဝိညာဉ်သုံးပါးစလုံး၏ မျက်နှာများ ဆိုးရွားစွာ ပြောင်းလဲသွားကြသည်။ အမှောင်မိစ္ဆာ ကျားသစ် မည်သည့်အချိန်က သူတို့ အနီးသို့ ချဉ်းကပ်လာခဲ့သည်ကိုပင် သူတို့ သတိမထားမိခဲ့ကြချေ။

'အရမ်းကို မယုံနိုင်စရာ ကောင်းတဲ့ အမြန်နှုန်းပဲ'

မီးတောက်နဂါး၏ နှလုံးသားမှာ ပြင်းထန်စွာ လှုပ်ခါသွားခဲ့ပြီ။ သူ ကိုယ်တိုင်လည်း လုံးဝ သတိမထားမိခဲ့ခြင်း ပင်။

အမှောင်မိစ္ဆာ ကျားသစ်၏ အေးစက်စူးရှသော မျက်လုံးများက ရက်စက် ကြမ်းကြုတ်မှုများ ပြည့်နှက်နေပြီး မိုထျန်းယွင်ကို စိုက်ကြည့်လိုက်စဉ် သူ၏ ကျားသစ် လက်သည်းများတွင် ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအားများကို စုစည်းထားပြီး ဖြစ်နေတော့သည်။

“သွေးဆာနေတဲ့ အမှောင်မိစ္ဆာကျားသစ် လက်သည်း”

အမှောင်မိစ္ဆာ ကျားသစ်က အေးစက်စွာ ဟိန်းဟောက်လိုက်၏။ သူ၏ လက်သည်းများတွင် စုစည်းထားသော စွမ်းအားကြီးက ပြင်းထန်စွာ ပေါက်ကွဲ ထွက်ပေါ်လာပြီး အမှောင်မိစ္ဆာ ကျားသစ် အနေဖြင့် ဝိညာဉ်သုံးပါး၏ စွမ်းအင် အကာအကွယ် အလွှာကြီးကို အတင်းအကြပ် ဖျက်ဆီးပစ်ရန် ရည်ရွယ်ထား၏။

All Chapters