← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း ၉၅

"ကျားမိသားစုက ချွေးမလေး အလုပ်ဆင်းလာပြီပဲ"

အိမ်နီးချင်းတစ်ဦးက ချင်ဟွိုင်ယွီကို သတိပြုမိသွားပြီး နှုတ်ဆက်စကား ဆိုလိုက်သည်။

"ဟုတ်တယ် အလုပ်ဆင်းပြီ"

ချင်ဟွိုင်ယွီက မရယ်ချင်ဘဲ ရယ်ပြလိုက်သည်။

အိမ်နီးချင်းက သူမ၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ စောစောက ပြောဆိုခဲ့သည့် စကားများကို ချင်ဟွိုင်ယွီ ကြားသွားခဲ့ပြီဖြစ်ကြောင်း သိရှိသွားသဖြင့် အနည်းငယ် အားနာသွားသည်။ ထို့ကြောင့် သူမ၏ လက်ထဲမှ ထမင်းချိုင့်ကို သတိပြုမိသွားပြီး စကားတစ်ခွန်း ထပ်မံဖြည့်စွက်၍ ပြောလိုက်သည်။

"ဟွိုင်ယွီ၊နင်ကတော့ တကယ်ကို ဉာဏ်ကောင်းပြီး အရည်အချင်းရှိတာပဲ၊ တစ်အိမ်လုံးကို ရှာဖွေကျွေးမွေးနိုင်တယ်"

ထိုစကားကို ကြားလိုက်ရသောအခါ ချင်ဟွိုင်ယွီမှာ ပို၍ပင် ခါးသီးစွာ ရယ်မောလိုက်မိသည်။

ဉာဏ်ကောင်းတယ် ဟုတ်လား…

အရည်အချင်းရှိတယ် ဟုတ်လား…

အကယ်၍ အမှန်တကယ်သာ ဉာဏ်ကောင်းပြီး အရည်အချင်းရှိခဲ့မည်ဆိုပါက အဘယ်ကြောင့် ချန်ကောဟွားကို အကဲခတ် မှားယွင်းခဲ့ရသနည်း။ အဘယ်ကြောင့် ကျားတုန်းရွှီ၏ လှည့်စားမှုများကို လိုက်နာယုံကြည်ခဲ့ရသနည်း။

ယခု အခြေအနေအရ ကြည့်မည်ဆိုပါက ချန်ကောဟွားနှင့် လက်ထပ်ခြင်းကို မဆိုထားနှင့် ဟယ်ယွီကျူးဖြင့် လက်ထပ်ခဲ့မည်ဆိုလျှင်တောင်မှ ကျားတုန်းရွှီထက်တော့ ပို၍ ကောင်းမွန်နေမည် ဖြစ်သည်။

သို့သော် ယခုအခါ ကလေးများပင် ဤမျှ ကြီးပြင်းနေပြီဖြစ်ပြီး ချန်ကောဟွားသည်လည်း သူမအပေါ် မည်သည့်စိတ်ကူးမျှ မရှိတော့ရာ လက်ရှိ နေထိုင်မှုဘဝအတွက် မည်သည့်နည်းလမ်းများ ရှိနိုင်တော့မည်နည်း။ ဖြစ်သလိုသာ ဆက်လက်ဖြတ်သန်းသွားရန်သာ တတ်နိုင်တော့သည်။

အဘယ်ကြောင့်ဆိုသော် အကယ်၍ ကွာရှင်းပြတ်စဲပြီး နောက်အိမ်ထောင်ပြုမည်ဆိုပါက ကျားကျန်းရှီတို့ သားအမိနှစ်ယောက်မှာ သေချာပေါက် ပြဿနာရှာကာ သူမ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်ကြမည် ဖြစ်သည်။ ထိုအချိန်တွင် ရှားကျူးအား လာရောက်ရှာဖွေသော ဟယ်ယွီရွှိန်က ချင်ဟွိုင်ယွီအား မြင်တွေ့သွားသည်။

ရှားကျူးတစ်ယောက် သူမအတွက်ကြောင့် ရဲစခန်းသို့ ရောက်ရှိသွားခဲ့ရသဖြင့် ဟယ်ယွီရွှိန်သည် ချင်ဟွိုင်ယွီအပေါ် အလွန်တရာ မကျေမနပ် ဖြစ်နေသည်။ ယခုအခါတွင် သူမအား ဖိနှိပ်ရန် ဤမျှကောင်းမွန်သော အခွင့်အရေးမျိုးကို မည်သို့လျှင် လက်လွတ်ခံနိုင်မည်နည်း။

အထူးသဖြင့် ချန်ကောဟွားမှာ ထိုမျှလောက် အရည်အချင်းရှိနေပြီဖြစ်ရာ သူမသည်လည်း ချန်ကောဟွားနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် တည်ဆောက်လိုသည်က သဘာဝပင် ဖြစ်သည်။

"ချင်ကျင်းယွီက အရောင်းဆိုင်မှာ အရောင်းစာရေး လုပ်နေတာ၊ တစ်လကို လစာ နှစ်ဆယ့်ကိုးကျပ်ခွဲ ရတယ်၊ အလုပ်ကြိုးစားရင် လစာတွေလည်း အများကြီး ထပ်တိုးလာနိုင်သေးတယ်"

"ချင်ဟွိုင်ယွီ နင် သံမဏိစက်ရုံမှာ အလုပ်လုပ်နေတာ ဒီလောက် ကြာနေပြီဆိုတော့ နင့်ရဲ့ လစာက နင့်ရဲ့ ညီမဝမ်းကွဲထက် ပိုများရမှာပေါ့"

ချင်ဟွိုင်ယွီတစ်ယောက် စက်ရုံတွင် ဤမျှ နှစ်ပေါင်းများစွာ အလုပ်လုပ်နေခဲ့သော်လည်း အလုပ်သင်လုပ်သားသာ ဖြစ်နေဆဲဖြစ်ကြောင်းကို ခြံဝင်းကြီးတစ်ခုလုံးရှိ မည်သူက မသိဘဲ နေမည်နည်း။ သူမက တစ်လလျှင် လစာငွေ နှစ်ဆယ်ကျော်မျှသာ ရရှိသည်။

သို့သော် ချင်ကျင်းယွီမှာမူ အလုပ်စတင် ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် သူမ၏ လက်ရှိလစာထက်ပင် ပို၍ များပြားနေသည်။ ဤသည်က သူမ၏ အားနည်းချက်ကို တိုက်ရိုက် ထိုးနှက်လိုက်သည်ဟု ဆိုလျှင်ပင် အလွန်အကျွံ ဖြစ်မည်မဟုတ်ပေ။

ဟယ်ယွီရွှိန်၏ထိုစကားမှာ အနာပေါ် တုတ်ကျသည်ဟု ဆိုရမည်ပင် ဖြစ်သည်။ ချင်ဟွိုင်ယွီ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့တော့သည်။ သူမ၏ မျက်ဝန်းများထဲတွင်လည်း မသိမသာ နာကျည်းမှုများ ဖြတ်ပြေးသွားခဲ့ပြီး ဟယ်ယွီရွှိန်၏ ပါးစပ်ကို ထိုနေရာ၌ပင် ဆွဲဖြဲပစ်လိုက်ချင်စိတ်များ ပေါက်သွားသည်။

သို့သော် လက်ရှိအချိန်တွင် အားကိုးရာ မရှိသဖြင့် စိတ်ထဲမှ ဒေါသများကို မျိုသိပ်ထားလိုက်ရပြီးနောက် ကိုယ်ကိုလှည့်ကာ ထွက်ခွာသွားသည်။

"ယွီရွှိန်၊နင်လည်း ချင်ဟွိုင်ယွီနဲ့ ချန်ကောဟွားတို့ ဇနီးမောင်နှံကြားက ဆက်ဆံရေးကို မသိတာမှ မဟုတ်တာ၊ နင် အဲဒီလိုမျိုး သွားဆွလိုက်တာ တကယ်ပဲ ကောင်းလို့လား"

စိတ်သဘောထားကောင်းမွန်သော အိမ်နီးချင်းတစ်ဦးက ပြောလိုက်၏။ ဟယ်ယွီရွှိန်က မျက်ခုံးပင့်လိုက်ကာ ပြောလိုက်သည်။

"ဟွန့်…အရင်တုန်းက ချင်ဟွိုင်ယွီက ချန်ကောဟွားတို့ ဇနီးမောင်နှံရဲ့ အတင်းအဖျင်းတွေကို အများကြီး ပြောခဲ့တာပဲလေ၊ အဲဒီတုန်းက ငါ့အစ်ကိုသာ သူ့စကားကို နားမယောင်ခဲ့ဘူးဆိုရင် ချန်ကောဟွားလို လူကောင်းတစ်ယောက်နဲ့ ဘယ်လိုလုပ် ရန်သူဖြစ်သွားပါ့မလဲ၊ အခုကျတော့ ချင်ဟွိုင်ယွီကြောင့် ရဲစခန်းထဲတောင် ရောက်သွားရသေးတယ်၊ ငါ သူ့ကို စကားနှစ်ခွန်းလောက် ပြောလိုက်တာ ဘာဖြစ်လို့လဲ"

ဟယ်ယွီရွှိန်က ထိုသို့ ပြောဆိုလေလေ စိတ်ထဲတွင် ပို၍ ဒေါသထွက်လေလေပင် ဖြစ်သည်။

အကယ်၍ ဟယ်ယွီကျူးသာ ထိုစဉ်က ချင်ဟွိုင်ယွီ၏ သွေးထိုးလှုံ့ဆော်မှုများကို နားမယောင်ခဲ့ဘဲ ချန်ကောဟွားအား ဖယ်ကြဉ်ရာတွင် မပါဝင်ခဲ့ပါက ယခုအချိန်တွင် ဟယ်ယွီကျူးသည်လည်း သေချာပေါက် အကျိုးခံစားခွင့် ရရှိနေမည်ဖြစ်သည်။ ချင်ဟွိုင်ယွီကြောင့် ရဲစခန်းသို့ ရောက်ရှိသွားစရာ အကြောင်း ရှိမည် မဟုတ်ချေ။

"ဟုတ်တာပေါ့၊အခု ချန်ကောဟွားက ဝယ်ယူရေးဌာနမှူး ဖြစ်နေပြီ၊ ရှားကျူးကလည်း နောက်ဖေးစားဖိုချောင်ကို တာဝန်ယူထားရတာဆိုတော့ သူ့အတွက်လည်း အကျိုးအမြတ်တွေ သေချာပေါက် ရနိုင်မှာပဲ၊နင်လည်း သူ့နောက်ကနေ အကျိုးခံစားခွင့် ရနိုင်တယ်"

တတိယအဒေါ်ကြီးက ခေါင်းညိတ် ထောက်ခံလိုက်သည်။

ထိုအချိန်တွင် စိတ်သဘောထားကောင်းမွန်သော ပထမအဒေါ်ကြီးက ဝင်ရောက် ဖျောင်းဖျလိုက်သည်။

"ဒါပေမဲ့ ယွီရွှိန် နင်လည်း သိပ်ပြီး ဒေါသထွက်မနေနဲ့၊ နင့်အစ်ကို ရှားကျူးနဲ့ ယှဉ်လိုက်ရင် ချင်ဟွိုင်ယွီက ဒီလောက်ကောင်းတဲ့ ယောကျာ်းတစ်ယောက်ကို လက်လွတ်ခဲ့ရတာဆိုတော့ အခုအချိန်မှာ သူ့စိတ်ထဲ ပိုပြီးတောင် ခံစားရခက်နေဦးမှာ"

ဟယ်ယွီရွှိန်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ဘာကို ခံစားရခက်နေရမှာလဲ၊ သူ ကိုယ်တိုင် ပြဿနာရှာခဲ့တာ မဟုတ်ဘူးလား၊ အဲဒီတုန်းက ချန်ကောဟွားက သူ့ကို လက်ထပ်မယ်လို့ ပြောတာကို သူက ခေါင်းလေး တစ်ချက်ညိတ်လိုက်ရုံနဲ့ ဒီလောက်ကောင်းတဲ့ ယောကျာ်းကို ရနိုင်နေတာကို သူက အဲဒီလို မလုပ်တဲ့အပြင် အိမ်နာမည်မှာ သူ့နာမည် ထည့်ရမယ်တို့ ဘာတို့နဲ့ အမျိုးမျိုး တောင်းဆိုခဲ့သေးတယ်၊ပြီးတော့ ယောကျာ်းက အရည်အချင်းမရှိလို့ သူလိုချင်တာကို မပေးနိုင်ဘူးလို့လည်း ခဏခဏ ပြောခဲ့သေးတယ်၊ ဒီစကားတွေက တခြားလူကို ရွံစရာကောင်းအောင် လုပ်နေတာ မဟုတ်ဘူးလား"

"ပြီးတော့ ကျားတုန်းရွှီနဲ့ လက်ထပ်ပြီးတော့ ဘယ်လောက်တောင် ကြာသေးလို့လဲ၊ ဘာအကြောင်းမှ မရှိဘဲနဲ့ လေဖြတ်သွားတယ်လေ၊ အခု ငါ့အစ်ကိုကလည်း ရဲစခန်းထဲ ရောက်သွားရပြန်ပြီ၊ အလုပ်အပေါ်မှာ ဘယ်လောက်တောင် ဆိုးကျိုးတွေ သက်ရောက်သွားမလဲဆိုတာ မသိနိုင်သေးဘူး"

"ဒါတွေကို ကြည့်လိုက်ရင် ချင်ဟွိုင်ယွီနဲ့ ရင်းနှီးတဲ့ လူတွေထဲမှာ ဘယ်သူကများ ကောင်းတဲ့ အဆုံးသတ် ရခဲ့လို့လဲ၊ ဆန့်ကျင်ဘက်အနေနဲ့ အစကတည်းက ချင်ဟွိုင်ယွီနဲ့ ဆက်ဆံရေးမကောင်းတဲ့ ချင်ကျင်းယွီကကျတော့ အခု ဘဝကို သက်တောင့်သက်သာနဲ့ ဖြတ်သန်းနေရတယ်"

ပထမအဒေါ်ကြီးသည် အစပိုင်းက ဟယ်ယွီရွှိန်အား အိမ်နီးချင်းတွေပဲမို့ စိတ်လျှော့ထားရန် ဖျောင်းဖျလိုခဲ့သော်လည်း ဟယ်ယွီရွှိန်၏ ထိုစကားများ ဆုံးသွားသောအခါ သူမကိုယ်တိုင်လည်း ဆွံ့အသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် အဖြစ်မှန်မှာ ဟယ်ယွီရွှိန် ပြောဆိုခဲ့သည့်အတိုင်း အမှန်တကယ် ဖြစ်နေသောကြောင့် ဖြစ်သည်။

ချင်ဟွိုင်ယွီနှင့် ဆက်ဆံရေးကောင်းမွန်သူတိုင်းမှာ တစ်ယောက်ပြီးတစ်ယောက် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသည်။ ဆန့်ကျင်ဘက်အနေဖြင့် ချင်ဟွိုင်ယွီနှင့် ဆက်ဆံရေး ဆိုးရွားသူများမှာမူ အလွန်တရာ သက်တောင့်သက်သာ ရှိနေကြသည်။ ဤသို့ ကြည့်မည်ဆိုပါက ချင်ဟွိုင်ယွီသည် တကယ့်ကို လူကောင်းတစ်ယောက် မဟုတ်ချေ။

ချင်ဟွိုင်ယွီ၏ ဘက်သို့ ပြန်ကြည့်မည်ဆိုလျှင် ထိုအချိန်တွင် သူမသည် ဟယ်ယွီရွှိန်၏ အပြင်းအထန် လှောင်ပြောင်သရော်မှုများကို ခံလိုက်ရပြီးနောက် သဘာဝကျကျပင် ထိုနေရာ၌ ဆက်လက် ရပ်မနေချင်တော့သဖြင့် ကျားမိသားစုအိမ်ဘက်ဆီသို့ ထွက်ခွာသွားသည်။

အိမ်သို့ ပြန်ရောက်သောအခါ ကျားကျန်းရှီနှင့် စကားတစ်ခွန်းမျှပင် မပြောရသေးမီ ပန့်ကန့်၊ ရှောင်တန်းနှင့် ဟွိုင်ဟွား သုံးယောက်မှာ စားစရာ တောင်းဆိုကာ ဆူညံနေကြပြီ ဖြစ်သည်။ သို့သော် ထမင်းချိုင့်ကို ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် မည်သည့်အရာမျှ မရှိသည်ကို တွေ့လိုက်ရသဖြင့် သူတို့သုံးယောက်၏ မျက်နှာများမှာ ချက်ချင်းဆိုသလို မွဲခြောက်သွားသည်။

ချင်ဟွိုင်ယွီမှာ မည်သို့မျှ မတတ်နိုင်သဖြင့် အိမ်ထဲမှ ပြောင်းဖူးမုန့်ကြမ်း အချို့ကို ရှာဖွေကာ ပေါင်းအိုးထဲ ထည့်ပေါင်း၍ စားရန် ပြင်ဆင်လိုက်ရသည်။

"သား ပြောင်းဖူးမုန့်ကြမ်း မစားချင်ဘူး"

ပန့်ကန့်က ခေါင်းကို လှည့်ပစ်လိုက်ပြီး ပြောင်းဖူးမုန့်ကြမ်းကိုပင် မကြည့်ချင်တော့ချေ။

"သမီးလည်း ပြောင်းဖူးမုန့်ကြမ်း မစားချင်ဘူး" ရှောင်တန်းနှင့် ဟွိုင်ဟွားတို့ကလည်း လိုက်လံ ပြောဆိုကြသည်။

"လိမ္မာပါတယ် ကလေးတို့ရယ်…ဒီနေ့တော့ ပြောင်းဖူးမုန့်ကြမ်းပဲ စားလိုက်ကြနော်၊ မနက်ဖြန်ကျရင် အမေ သားတို့သမီးတို့အတွက် စားကောင်းတာတွေ ယူလာခဲ့ပါ့မယ်"

ချင်ဟွိုင်ယွီက ကလေးများ၏ ခေါင်းကို ပွတ်သပ်လျက် ပြောလိုက်သည်။

"ဒါပေမဲ့ အဲဒီစကားကို အမေ မနေ့ကလည်း ပြောခဲ့တာပဲလေ"

ရှောင်တန်းက စကားဖြတ်ပြောလိုက်သည်။

ထိုအချိန်တွင် ကျားတုန်းရွှီသည် ကလေးများ၏ ငိုယိုဆူညံသံများကို ကြားလိုက်ရသဖြင့် အကြည့်များက သူမဆီရောက်ရှိလာသည်။

"ပေါင်မုန့်လေး နည်းနည်းတောင် ရှာမလာနိုင်တာ၊ မင်း အိမ်ကို ဘာပြန်လာလုပ်တာလဲ"

ကျားတုန်းရွှီက အေးစက်စက် အသံဖြင့် ပြောလိုက်သည်။

ချင်ဟွိုင်ယွီက ခေါင်းမော့ကာ ကျားတုန်းရွှီအား စိုက်ကြည့်လိုက်ပြီး မျက်ဝန်းများထဲတွင် စိတ်ပျက်မှုများနှင့် နာကျည်းမှုများဖြင့် ပြည့်နှက်နေ၏။

အကယ်၍ ကျားတုန်းရွှီတွင်သာ အိမ်ကို ထောက်ပံ့နိုင်စွမ်း အနည်းငယ်မျှ ရှိနေမည်ဆိုပါက သူမတစ်ယောက် ဤမျှလောက်အထိ ခက်ခဲပင်ပန်းစွာ ဖြတ်သန်းနေရမည် မဟုတ်ပေ။

နေ့စဉ်နှင့်အမျှ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်နေရပြီး မိမိကိုယ်တိုင် ပြောင်းဖူးမုန့်ကြမ်းကိုပင် မစားရက်ဘဲ သူတို့လိုလူကြီးများအတွက်ပါ အစားအသောက်ကောင်းများကို ရှာဖွေပေးနေရသည်။

အထူးသဖြင့် ခက်ခဲပင်ပန်းစွာ ဖြတ်သန်းနေရသည်ကို ထားလိုက်လျှင်ပင် နားလည်ပေးမှု အနည်းငယ်မျှပင် မရှိသည့်အပြင် သူမကို အသုံးမကျသူဟုပင် ထင်မှတ်နေသေးသည်။

ချင်ဟွိုင်ယွီ၏ စိတ်ထဲတွင် မည်မျှလောက်အထိ ခံစားရခက်နေမည်ကို တွေးကြည့်နိုင်သည်။ ခံစားရခက်သည်မှာ မှန်သော်ငြား သူမသည် ကျားတုန်းရွှီနှင့် စကားတစ်ခွန်းမျှပင် ထပ်မံ မပြောဆိုချင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် မည်သို့ပင် ပြောဆိုနေပါစေ အသုံးဝင်မည်မဟုတ်သောကြောင့်ပင် ဖြစ်သည်။ထို့ကြောင့် သူမက တိတ်ဆိတ်စွာ ကိုယ်ကိုလှည့်လိုက်ပြီး ပြောင်းဖူးမုန့်ကြမ်းကို ပြန်နွှေးလိုက်သည်။

ကလေးများမှာလည်း မည်သို့မျှ မတတ်နိုင်ကြတော့ပေ။ အကယ်၍ ထမင်းမစားပါက အိမ်တွင် ထပ်မံ၍ ရန်ဖြစ်ကြတော့မည်ကို သိရှိထားကြသဖြင့် ပြောင်းဖူးမုန့်ကြမ်းကို မည်မျှပင် မစားချင်ပါစေ အတင်းအကျပ် လက်ခံလိုက်ရတော့သည်။

……

ထိုအချိန်၌ ရီကျုံးဟိုင်သည်လည်း ခြံဝင်းကြီးထဲသို့ ပြန်ရောက်လာသည်။ သူသည် ရှားကျူး၏ အိမ်တွင် မီးလင်းနေသည်ကို မြင်တွေ့လိုက်ရသဖြင့် အခြေအနေကို သွားရောက်မေးမြန်းရန် အမြန်လျှောက်သွားလိုက်သည်။

သို့သော် အနားသို့ ရောက်သွားသောအခါ ဟယ်ယွီရွှိန်တစ်ယောက် ရှားကျူးနှင့် ချင်ဟွိုင်ယွီတို့ ရင်းနှီးစွာ နေထိုင်ခဲ့မှုအပေါ် အဆက်မပြတ် အပြစ်တင်နေသည်ကို မြင်တွေ့လိုက်ရသည်။

ရှားကျူးမှာမူ ကုတင်ပေါ်တွင် စိတ်ပျက်လက်ပျက်ဖြင့် လှဲနေပြီး မျက်ဝန်းများထဲတွင် မည်သည့် တောက်ပမှုမျှ မရှိတော့ဘဲ ဘဝအပေါ် လက်မြှောက်အရှုံးပေးထားသည့် အရိပ်အယောင်များသာ ရှိနေသည်။ထို့ကြောင့် ရီကျုံးဟိုင်သည် အိမ်သို့ ပြန်သွားကာ ပထမအဒေါ်ကြီးအား ပြောလိုက်သည်။

"သွား၊ သွားပြီး အကြောင်းကြားလိုက်၊ဒီည ခြံဝင်းတစ်ခုလုံး အစည်းအဝေး ခေါ်မယ်လို့"

"ဘာလို့ ရုတ်တရက်ကြီး ခြံဝင်းတစ်ခုလုံး အစည်းအဝေး ခေါ်ရတာလဲ"

ပထမအဒေါ်ကြီးက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"ရှားကျူး ရဲစခန်းကနေ ပြန်ရောက်လာပြီ၊ ဒါပေမဲ့ သူ့အလုပ်ကတော့ သေချာပေါက် ထိခိုက်သွားပြီ၊ အခု ချန်ကောဟွားကလည်း အရည်အချင်းတွေ ရှိနေပြီဆိုတော့ ဒီပြဿနာကို ဆွေးနွေးဖို့ အစည်းအဝေးတစ်ခု သေချာပေါက် ခေါ်ရမယ်" ရီကျုံးဟိုင်က ရှင်းပြလိုက်သည်။

ရီကျုံးဟိုင်၏ စကားကို ကြားလိုက်ရသောအခါ ပထမအဒေါ်ကြီးမှာ တိုက်ရိုက်ပင် ကြောင်အမ်းသွားခဲ့ရသည်။

ရှားကျူးနှင့် ချန်ကောဟွားအတွက် အစည်းအဝေး ခေါ်ရမယ် ဟုတ်လား

ချင်ဟွိုင်ယွီကို ခြံဝင်းကြီးထဲကနေ မောင်းထုတ်ပစ်ဖို့ ပြောချင်တာများလား

ပထမအဒေါ်ကြီးသည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။

အခန်း ၉၆

ပထမအဒေါ်ကြီး၏ စိတ်ထဲတွင် အနည်းငယ် မရက်စက်နိုင်သလို ခံစားရသည်။ ချင်ဟွိုင်ယွီက မည်မျှပင် ဆိုးရွားနေပါစေ တစ်ဖက်လူအား အိမ်မှ မောင်းထုတ်ပစ်သည်အထိတော့ မလုပ်သင့်ပေ။

ရီကျုံးဟိုင်သည် မိမိ၏ ဇနီးသည်က မည်သည့်အရာကို တွေးတောနေသည်ကို မသိချေ။ သို့သော် သူမက မူလနေရာတွင် ကြောင်အမ်းအမ်းဖြင့် ရပ်နေသည်ကို မြင်လိုက်ရသဖြင့် ပြောဆိုလိုက်သည်။

"ချင်ကျင်းယွီက အခု ကိုယ်ဝန်ရှိနေတဲ့အပြင် အလုပ်လည်း လုပ်ရဦးမယ်ဆိုတော့ သူတို့ရဲ့ အလယ်ခြံဝင်းထဲက အိမ်က သေချာပေါက် အဆင်မပြေလောက်ဘူး၊ အဲဒါကြောင့် ရှေ့ဘက်ခြံဝင်းမှာ အလွတ်ဖြစ်နေတဲ့ အခန်းတစ်ခန်း ရှိသေးတယ်ဆိုတော့ အဲဒီအခန်းကို ချန်ကောဟွားတို့ ဇနီးမောင်နှံကို ပေးလိုက်ရအောင်လို့ ငါ တွေးမိလို့ပါ"

ရီကျုံးဟိုင်က ရှင်းပြလိုက်သည်။

ခြံဝင်းကြီးထဲတွင် အတော်လေး ကြီးမားသော အခန်းလွတ်တစ်ခန်း ရှိနေသည်မှာ အမှန်ပင်ဖြစ်သော်လည်း ၎င်းကို အားလုံးက ပစ္စည်းသိုလှောင်ခန်းအဖြစ်သာ အမြဲတမ်း အသုံးပြုခဲ့ကြသည်။

ယနေ့ ရီကျုံးဟိုင်က ဤသို့ ထုတ်ဖော်ပြောဆိုလိုက်သောအခါ ပထမအဒေါ်ကြီးသည် မိမိယောကျာ်း၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။

ချန်ကောဟွားသည် ယခုအခါ လုပ်ငန်းခွင်၌ အလွန်တရာ အောင်မြင်နေပြီဖြစ်သည်။ သူ့အတွက် အခန်းကျယ်တစ်ခန်း ဖယ်ရှားပေးမည်ဆိုလျှင် ဤအကြံပြုချက်ကို ရီကျုံးဟိုင်က ကမ်းလှမ်းခဲ့ခြင်းဖြစ်သောကြောင့် သူက ဤကျေးဇူးကို သတိရနေကောင်း ရနေနိုင်သည်မှာ သေချာ‌ပေသည်။

အရှေ့ဘက်ခြံဝင်းသည်လည်း ရီကျုံးဟိုင်၏ အမည်ပေါက် မဟုတ်ဘဲ ခြံဝင်းကြီးတစ်ခုလုံးရှိ အိမ်နီးချင်းများအားလုံး ပူးတွဲပိုင်ဆိုင်ကြခြင်းဖြစ်ရာ အားလုံး၏ သဘောတူညီချက်ကို ရယူရန်အတွက် အစည်းအဝေးခေါ်ယူသည့် ပုံစံဖြင့် ဆောင်ရွက်ရန် လိုအပ်သည်။

ရီကျုံးဟိုင်က ဤသို့ ပြုလုပ်ရခြင်းမှာ သေချာပေါက် သနားကြင်နာစိတ် ပေါ်ပေါက်လာခြင်းကြောင့် မဟုတ်ဘဲ ဤကိစ္စက သူ၏ အကျိုးစီးပွားအတွက် အထောက်အကူ ဖြစ်စေသောကြောင့်ပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိအချိန်တွင် ရှားကျူးကို အားကိုး၍ မရနိုင်တော့ပေ။ အကယ်၍ ချန်ကောဟွားနှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားနိုင်မည်ဆိုပါက နောင်တစ်ချိန် အိုမင်းမစွမ်းဖြစ်လာသည့်အခါ ကျွေးမွေးစောင့်ရှောက်မည့် ပြဿနာအတွက် မျှော်လင့်ချက် ရှိလာနိုင်သည်။

ပထမအဒေါ်ကြီးသည် ဤကိစ္စနှင့် ပတ်သက်၍ သဘာဝကျကျပင် မည်သည့် သဘောထားကွဲလွဲမှုမျှ မရှိချေ။ သို့သော် သူမ မသိရှိခဲ့သည့် အချက်မှာ ရီကျုံးဟိုင်၏ အတွေးအမြင်များက သူမ တွေးတောထားသည့်အတိုင်း အမှန်တကယ်ပင် ဖြစ်နေခြင်း ဖြစ်သည်။

ချန်ကောဟွားအား ဖားယားနိုင်မည်ဆိုပါက ချင်ဟွိုင်ယွီတို့ မိသားစုတစ်စုလုံးကို ခြံဝင်းကြီးထဲမှ မောင်းထုတ်ပစ်လိုက်ခြင်းကလည်း မဖြစ်နိုင်သည့် ကိစ္စတော့ မဟုတ်ချေ။

သိထားရမည်မှာ ချန်ကောဟွားသည် ဤမျှလောက်အထိ အစွမ်းအစရှိနေပြီး မိသားစုဝင်များအတွက် အလုပ်အကိုင်ကောင်းများကိုပင် အလွယ်တကူ စီစဉ်ပေးနိုင်သည်။ နောင်တစ်ချိန်တွင် သူ့အတွက် သက်တောင့်သက်သာရှိသော အိုမင်းမစွမ်းသူများကို စောင့်ရှောက်ရေး ရာထူးတစ်ခုကို စီစဉ်ပေးရန်မှာလည်း အလွန်လွယ်ကူသော ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။

ယခုအချိန်တွင် ခေါင်းငိုက်စိုက်ကျနေသည့် ဟယ်ယွီကျူးနှင့် ပတ်သက်၍မူ ဘေးတွင်သာ ဖယ်ထားလိုက်ပြီး သူနှင့် အများကြီး မဆက်ဆံဘဲ နေလိုက်ရန် စဉ်းစားထားသည်။ အချိန်တန်၍ သူက အဘယ်ကြောင့် သူ့ကို ဂရုမစိုက်ရသနည်းဟု လာရောက်မေးမြန်းပါက ပြီးစလွယ် ပြန်လည်ဖြေကြားလိုက်မည်။ မည်သို့ပင်ဖြစ်စေ ရှားကျူးကလည်း လှည့်စားရန် လွယ်ကူသူပင် ဖြစ်သည်။

ချင်ကျင်းယွီတွင် အလုပ်အကိုင်သစ် ရရှိသွားကြောင်းနှင့် ဟယ်ယွီကျူးမှာလည်း ကံဆိုးမိုးမှောင်ကျကာ ခေါင်းငိုက်စိုက်ကျနေကြောင်းကို သိရှိရုံမျှဖြင့် ရီကျုံးဟိုင်၏ စိတ်ထဲတွင် အရာအားလုံးကို တွက်ချက်စီစဉ်ပြီးသား ဖြစ်နေသည်။

အိုမင်းမစွမ်းဖြစ်လာသည့်အခါ စောင့်ရှောက်ခံရရေးကိစ္စနှင့် ပတ်သက်၍မူ သူသည် အမှန်တကယ့်ကို ပြတ်သားရက်စက်သူ ဖြစ်သည်ဟု ဆိုရပေမည်။ အစပိုင်းက သူ အလွန်တရာ မျှော်လင့်ထားခဲ့သော ရှားကျူးကိုပင် ဤကဲ့သို့ လွယ်လွယ်ကူကူ စွန့်ပစ်လိုက်သည်။

ထိုအရာအားလုံးနှင့် ပတ်သက်၍ ပထမအဒေါ်ကြီးသည်လည်း သူမယောကျာ်း၏ အတွေးအမြင်များကို အနည်းနှင့်အများတော့ သိရှိထားသည်မှာ သေချာသည်။ သို့သော် ရီကျုံးဟိုင်၏ လုပ်ရပ်များတွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု သူမ မထင်မှတ်ချေ။

မည်သို့ပင်ဆိုစေကာမူ သူမသည် ယခင်က ချန်ကောဟွား လမုန့်များ ဝယ်ယူနိုင်ခဲ့စဉ်ကတည်းက ချန်ကောဟွားအပေါ် အလွန်တရာ အကောင်းမြင်ထားခဲ့သည်။ အကယ်၍ ချန်ကောဟွားကသာ သူမတို့အား အမှန်တကယ် ကျွေးမွေးစောင့်ရှောက်ပေးနိုင်မည်ဆိုပါက အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။

ထို့အပြင် ပထမအဒေါ်ကြီးသည် သူမ၏ယောကျာ်းကဲ့သို့ပင် ထိုအခန်းကိစ္စအား ရီကျုံးဟိုင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် တင်ပြမည်ဆိုပါက အားလုံး၏ မနှစ်မြို့မှုကို ခံရနိုင်ပေသည်။

သို့သော် ခြံဝင်းကြီးထဲရှိ အိမ်နီးချင်းများ၏ သဘောတူညီချက်ကို အရင်ရယူပြီးနောက် စုဆောင်းရရှိလာသော ဆန္ဒရှိပါသည်ဆို‌ေသာ စာရွက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တင်ပြမည်ဆိုပါက သူမယောကျာ်းက ဦးဆောင်သူအဖြစ် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ပါက ခြံဝင်းကြီးတစ်ခုလုံးက စံပြအဖွဲ့အစည်းအဖြစ်ပင် သတ်မှတ်ခံရနိုင်သေးသည်။

ဤသို့ ကြည့်မည်ဆိုပါက မည်သို့ပင်ဖြစ်စေကာမူ ရလဒ်အနေဖြင့် မိမိတို့အတွက် အကျိုးရှိပြီး အဆိုးမရှိနိုင်ချေ။ ပထမအဒေါ်ကြီးက ကျေနပ်ပီတိဖြစ်စွာ တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

"အဘိုးကြီးရီ၊ ဒါဆို ငါ အဘွားကြီးလုံဆီကို သွားလိုက်ဦးမယ်"

"ဟုတ်တယ်၊အဘွားကြီးဆီကို မြန်မြန်သွားလိုက်" ရီကျုံးဟိုင်က ရုတ်တရက် သတိရသွားဟန်ဖြင့် ပြောလိုက်သည်။

ခြံဝင်းတစ်ခုလုံး၏ ထောက်ခံမှုကို ရရှိရန်အတွက် အထိရောက်ဆုံးသော နည်းလမ်းမှာ အဘွားကြီးလုံ၏ ထောက်ခံမှုကို ရယူခြင်းပင် ဖြစ်သည်။ သူမ၏ ထောက်ခံမှု ရှိနေပါက ခြံဝင်းကြီးထဲရှိ လူအများစုမှာလည်း လိုက်ပါ သဘောတူကြမည်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူမက ခြံဝင်းကြီးထဲရှိ ဘိုးဘေးကဲ့သို့ပင် ဖြစ်နေသည်။

ချန်ကောဟွားက ချင်ကျင်းယွီအတွက် အလုပ်တစ်ခု ရှာဖွေပေးလိုက်ခြင်းကြောင့် ခြံဝင်းကြီးထဲရှိ တိရစ္ဆာန်တမျှ ဆိုးယုတ်သူများမှာ မိမိတို့၏ အကြံအစည်များကို အသီးသီး စတင် ကြံစည်လာခဲ့ကြသည်။

ထိုအကြံအစည်များနှင့် ပတ်သက်၍ ချန်ကောဟွားသည် မသိရှိခဲ့ပေ။ သေချာသည်မှာ သိရှိခဲ့မည်ဆိုလျှင်တောင်မှ သူက ဂရုစိုက်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဤကဲ့သို့သော နေထိုင်သူများနှင့် အဆက်အသွယ်မလုပ်ဘဲ မိမိ၏ ဘဝလေးကိုသာ ကောင်းမွန်စွာ ဖြတ်သန်းသွားရန် စောစီးစွာကတည်းက ဆုံးဖြတ်ချက်ချထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုနှစ်က ချင်ဟွိုင်ယွီနှင့် လူကြီးချင်း စကားပြောဆိုခဲ့သည့် ကိစ္စကြောင့် ခြံဝင်းကြီးထဲရှိ တိရစ္ဆာန်တမျှ ဆိုးယုတ်သူများ၏ မျက်နှာဖုံးအစစ်အမှန်များကို သူ အလွန် ရှင်းလင်းစွာ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

မိမိ၏ လုပ်ငန်းခွင်က မည်သည့်အခြေအနေသို့ ရောက်ရှိနေသည်ကိုမျှ မသိရှိဘဲ ယခုအခါ ဘဝနေထိုင်မှု ကောင်းမွန်လာသည်ကို မြင်တွေ့ရုံဖြင့် သူတို့က လာရောက်ဖားယားကာ ရင်းနှီးအောင် လုပ်ချင်နေကြသည်။အကယ်၍ ချန်ကောဟွားကသာ သိရှိသွားမည်ဆိုပါက စကားနှစ်ခွန်းတည်းသာ ပြောလိမ့်မည် ဖြစ်သည်။

လုံးဝ မဖြစ်နိုင်ဘူး

ထိုအချိန်တွင် ချန်ကောဟွားသည်လည်း အလုပ်ဆင်းကာ အိမ်သို့ ပြန်ရောက်လာသည်။အိမ်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် အလုပ်ဆင်းလာသော ချင်ကျင်းယွီမှာ မီးဖိုချောင်တွင် ထမင်းဟင်း ချက်ပြုတ်နေသည်ကို မြင်တွေ့လိုက်ရပြီး မျက်နှာလေးမှာလည်း နီရဲနေကာ အလွန်တရာ ချစ်စရာကောင်းနေသည်ကို တွေ့လိုက်ရသည်။

ချန်ကောဟွားမှာ ရုတ်တရက် စိတ်လှုပ်ရှားသွားသဖြင့် အနောက်မှနေ၍ သူမအား သိုင်းဖက်လိုက်ကာ ပြောလိုက်သည်။

"ကျင်းယွီ၊ အလုပ်သွားရတာ ဘယ်လိုနေလဲ"

ချင်ကျင်းယွီမှာ ပထမဦးစွာ လန့်ဖျပ်သွားခဲ့သော်လည်း ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် ပထမဆုံးအကြိမ် အလုပ်သွားခဲ့ရစဉ်က တွေ့ကြုံခဲ့ရမှုများကို စိတ်လှုပ်ရှားစွာဖြင့် ပြောပြတော့သည်။

ချန်ကောဟွားသည်လည်း ချင်ကျင်းယွီ၏ ရင်တွင်းမှ လာသော ပျော်ရွှင်မှုများကို ခံစားမိလိုက်ရာ သူမသည် ဤအလုပ်ကို အမှန်တကယ်ပင် သဘောကျနှစ်သက်နေကြောင်း သိရှိလိုက်သည်။ထို့နောက် သူက လူဆိုးလေးတစ်ယောက်လို ပြုံးယောင်သန်းလျက် ပြောလိုက်သည်။

"ဒါဆို မင်း ငါ့ကို ဘယ်လို ကျေးဇူးဆပ်မလဲ"

ထိုစကားကို ကြားလိုက်ရသောအခါ ချင်ကျင်းယွီ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ရသည်။

ဤမျှ နှစ်ပေါင်းများစွာ အတူနေထိုင်လာခဲ့ရာ မိမိယောကျာ်း ပြောဆိုသည့် စကား၏ အဓိပ္ပာယ်ကို သူမက မည်သို့ မသိဘဲ နေမည်နည်း။ သိသာထင်ရှားစွာပင် သူက ရင်းနှီးပွေ့ဖက်ချင်နေခြင်း ဖြစ်သည်။

သို့သော် မိမိ၏ ဝမ်းဗိုက်ထဲတွင် ကလေးရှိနေသေးသည်ဖြစ်ရာ အိမ်ဦးနတ်၏ ခွန်အားဖြင့်ဆိုလျှင် ကလေးကို ထိခိုက်မိသွားပါက မည်သို့ လုပ်မည်နည်း။

ချင်ကျင်းယွီက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် အောက်သို့ ဆောင့်ကြောင့်ထိုင်ချလိုက်ကာ အခြားနည်းလမ်းတစ်ခုဖြင့် ချန်ကောဟွား၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် ရည်ရွယ်လိုက်သည်။

ခဏအကြာတွင် ယန်မိသားစု၏ ချွေးမဖြစ်သူ ယွီလီတစ်ယောက် အပြေးအလွှား ရောက်ရှိလာသည်။

"အစ်ကိုကောဟွား၊ မရီးကျင်းယွီ ခုနက ပထမအဒေါ်ကြီး လာပြောသွားတယ်၊ ဒီည ခြံဝင်းတစ်ခုလုံး အစည်းအဝေး ခေါ်မယ်တဲ့"

အသံဆုံးသွားသည်နှင့် တစ်ပြိုင်နက် ချင်ကျင်းယွီမှာ ကပျာကယာ ထရပ်လိုက်သည်။

ချန်အိမ်၏ တံခါးဝသို့ ရောက်ရှိခါစဖြစ်သော ယွီလီမှာ ချန်ကောဟွား၏ အရှေ့တွင် မျက်နှာတစ်ခုလုံး နီရဲနေသော ချင်ကျင်းယွီအား ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိသည်။

သူမ ယန်မိသားစုထံသို့ ချွေးမအဖြစ် ဝင်ရောက်လာသည်မှာ အချိန်သိပ်မကြာသေးသဖြင့် ချင်ကျင်းယွီနှင့် ချန်ကောဟွားတို့ အစောပိုင်းက မည်သည့်အရာကို ပြုလုပ်ခဲ့ကြသည်ကို သဘာဝကျကျပင် နားလည်နိုင်စွမ်း မရှိချေ။

သို့သော် ချင်ကျင်းယွီ၏ မျက်နှာတစ်ခုလုံး ရှက်သွေးဖြာနေသည်ကို မြင်တွေ့ရပြီး ချန်ကောဟွားအား ပျော်ရွှင်ကြည်နူးစွာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသောအခါ ချင်ကျင်းယွီ၏ စိတ်ထဲတွင် လျှို့ဝှက်ချက်တစ်ခု သေချာပေါက် ရှိနေမည်ဖြစ်ကြောင်း သူမ သိရှိလိုက်သည်။ ထို့အပြင် ၎င်းမှာ ဇနီးမောင်နှံကြား ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာစေမည့် လျှို့ဝှက်ချက်လေးတစ်ခု ဖြစ်နိုင်ခြေ အလွန်များသည်။

ဤသည်ကပင် ယွီလီအား အလွန်တရာ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာစေခဲ့ပြီး အချိန်တစ်ခု ရှာဖွေကာ ချင်ကျင်းယွီထံမှ မည်သည့် အရည်အချင်းများကို အသုံးပြု၍ မိသားစုဘဝလေးကို ဤမျှလောက်အထိ ပျော်ရွှင်အောင် တည်ဆောက်ထားကြောင်း တောင်းခံလေ့လာရန် စိတ်ကူးမိသွားစေသည်။ အကယ်၍ သိရှိရမည်ဆိုပါက သူမနှင့် ယန်ကျဲ့ချန်တို့ကြား ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာစေရန် ကူညီပေးနိုင်ကောင်း ကူညီပေးနိုင်မည် ဖြစ်သည်။

ယွီလီတွင် ထိုကဲ့သို့သော အတွေးမျိုး ရှိနေခြင်းမှာ အလွန်ပင် သဘာဝကျသည်။ သို့သော် ချန်ကောဟွားက သူမ၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ချင်ကျင်းယွီ၏ ဤကဲ့သို့သော အခြေအနေမျိုးမှာ မိမိကိုယ်တိုင်က တစ်နေ့ပြီးတစ်နေ့ အချိန်ယူကာ သင်ကြားပေးထားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သူသည် အိမ်ထောင်သည် တစ်ဦးဖြစ်ရာ ဤပညာရပ်ကို ယွီလီအား မည်သို့ သင်ကြားပေးနိုင်ပါမည်နည်း။ အကယ်၍ သင်ကြားပေးလိုက်မည်ဆိုပါက ယန်ကျဲ့ချန်တစ်ယောက် ဒေါသထွက်ပြီး ပေါက်ကွဲသွား‌နိုင်လောက်ပေသည်။

သေချာသည်မှာ ယွီလီ၏ တောင်းဆိုလေ့လာမှုများမှာ နောက်မှဖြစ်လာမည့် ကိစ္စရပ်များဖြစ်ရာ ယခု လောလောဆယ်တွင် ထည့်သွင်းပြောဆို၍မရပေ။

ယွီလီ ထွက်ခွာသွားပြီးနောက် ချန်ကောဟွား၏ စိတ်ထဲတွင် ပို၍ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာသည်။

ယခင်က ခြံဝင်းတစ်ခုလုံး၏ အစည်းအဝေးများကို ဒုတိယဦးလေးနှင့် တတိယဦးလေးတို့ကသာ အများဆုံး ခေါ်ယူလေ့ရှိသည်။

ယနေ့တွင် အဘယ်ကြောင့် ရုတ်တရက်ကြီး ရီကျုံးဟိုင်က ခေါ်ယူရသနည်း။ ခြံဝင်းကြီးထဲတွင် ကြီးမားသော ကိစ္စရပ် တစ်ခုခု ဖြစ်ပွားခဲ့ခြင်းများ ရှိနေလောက်သည်။

ချန်ကောဟွားသည် ဟိုတွေးဒီတွေးဖြင့် စဉ်းစားနေသော်လည်း အဖြေတစ်ခုမျှ မရရှိခဲ့ပေ။ မစဉ်းစားနိုင်တော့သည့်အဆုံးတွင် သူသည်လည်း ထားလိုက်ပါတော့လေ ဟုသာ သဘောထားလိုက်ပြီး အစည်းအဝေး စတင်ချိန်တွင် သေချာပေါက် ပြောဆိုလာမည်သာ ဖြစ်သဖြင့် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ချန်ကောဟွားက ချင်ကျင်းယွီ၏ ပါးစပ်ထောင့်မှ အစအနများကို သုတ်ပေးလိုက်ပြီးနောက် သူမ၏ လက်ကိုဆွဲကာ ခြံဝင်းတစ်ခုလုံး၏ အစည်းအဝေးသို့ တက်ရောက်ရန် သွားလိုက်သည်။

အလယ်ခြံဝင်းထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ခြံဝင်း၏ အလယ်ဗဟိုတွင် ရှစ်ယောက်ထိုင် စားပွဲတစ်လုံးကို ခင်းကျင်းထားပြီး ဦးလေးသုံးဦးမှာလည်း အစဉ်လိုက် ထိုင်နေကြသည်ကို မြင်တွေ့လိုက်ရသည်။

ခြံဝင်းကြီးထဲရှိ အခြားသော အိမ်နီးချင်းများမှာလည်း မတ်တပ်ရပ်သူက ရပ်၊ ထိုင်သူက ထိုင်ဖြင့် အားလုံးမှာ တင်းမာသော အမူအရာများဖြင့် အဆင်သင့် ဖြစ်နေကြသည်။

သိသာထင်ရှားစွာပင် ခြံဝင်းကြီးထဲတွင် ကြီးမားသော ကိစ္စရပ်တစ်ခုခု ဖြစ်ပွားတော့မည်ဟု အားလုံးက ထင်မြင်နေကြခြင်း ဖြစ်သည်။

ထိုအချိန်တွင် ရွှီတမောင်းသည် ချန်ကောဟွားတို့ ဇနီးမောင်နှံနှစ်ဦး ထွက်လာသည်ကို မြင်တွေ့လိုက်ရသောအခါ သူ၏ စိတ်ထဲတွင် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီဖြစ်ရာ မကျေမချမ်းဖြင့် ညည်းညူပြောဆိုလိုက်တော့သည်။

"ငါ ပြောမယ် ဦးလေးကြီးရီ၊ ဒီလောက်တောင် ညဉ့်နက်နေပြီကို အိပ်မနေဘဲ ဘာအစည်းအဝေးတွေ လာလုပ်နေရတာလဲ"

All Chapters