← Chapters

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇)

ရွှီတမောင်း၏ ညည်းညူမှုက သဘာဝကျကျပင် အားလုံး၏ စိတ်ထဲမှ မကျေနပ်မှုများကို ဆွဲထုတ်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။ တစ်ယောက်ပြီးတစ်ယောက် ညည်းညူလာကြတော့၏။

"ဟုတ်ပါ့၊ဒီအချိန်ကြီး အစည်းအဝေးခေါ်တယ်ဆိုတော့ ဘယ်လောက်တောင် အရေးကြီးတဲ့ ကိစ္စမို့လို့လဲ"

"အားလုံးက မနက်ဖြန် အလုပ်သွားရဦးမှာကို၊အိပ်ခွင့်မပေးတော့ဘူးလား"

ထိုအချိန်တွင် အားလုံးမှာ အိပ်ရာဝင်နေကြပြီဖြစ်ရာ ရုတ်တရက်ကြီး ခြံဝင်းတစ်ခုလုံး အစည်းအဝေးခေါ်လိုက်ခြင်းကြောင့် စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်နေကြသည်။

"အဓိကကတော့ ရှေ့ဘက်ခြံဝင်းက ပစ္စည်းသိုလှောင်ခန်းကို လိုအပ်တဲ့ အိမ်နီးချင်းတစ်ယောက်ကို ပေးသုံးဖို့ ဆုံးဖြတ်ချင်လို့၊ဒီကိစ္စက အားလုံးရဲ့ ညှိနှိုင်းတိုင်ပင်မှုနဲ့မှ ဆုံးဖြတ်လို့ရမှာမို့လို့ အားနာပေမဲ့လည်း အားလုံးကို ခေါ်လိုက်ရတာ"

ရီကျုံးဟိုင်က ဖြည်းညင်းစွာ ပြောလိုက်သည်။

သူ၏ အသံဆုံးသွားသည်နှင့် တစ်ပြိုင်နက် ခုနလေးတင်ကမှ မကျေမနပ်ဖြစ်နေကြသူများ၏ မျက်နှာပေါ်တွင် ရုတ်တရက် ဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာကြသည်။ အထူးသဖြင့် တတိယဦးလေး ယန်ပုကွေ့မှာ သူ၏ စိတ်ထဲတွင် တွက်ချက်မှုများ စတင်လာခဲ့တော့သည်။

"ဟုတ်တယ် ဟုတ်တယ်၊ဒီပစ္စည်းသိုလှောင်ခန်းကို အသုံးချသင့်တယ်၊ငါတို့ ယန်ကျဲ့ချန်က မိန်းမရသွားပြီဆိုတော့ အိမ်မှာက နေစရာ သိပ်မလောက်တော့ဘူး"

လျိုဟိုင်ကျုံးကလည်း အလျှော့မပေးဘဲ ကပျာကယာ ဝင်ပြောလိုက်သည်။

"မင်းတို့ ယန်မိသားစုကတောင် နေလို့ရသေးတယ်၊ငါတို့ လျိုမိသားစုကမှ တကယ်ကို နေစရာမလောက်တာ"

ရီကျုံးဟိုင်၏ အကြံပြုချက် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အခြားသော ဦးလေးနှစ်ဦးက စတင်၍ ငြင်းခုံနေကြပြီ ဖြစ်သည်။ ထိုအရာကပင် အရှေ့ဘက်ခြံဝင်းရှိ အခန်းကို အားလုံးက လိုချင်နေကြကြောင်း သိသာထင်ရှားစေသည်။

အခြားသော အိမ်နီးချင်းများမှာလည်း စိတ်ဝင်စားနေကြသည်။ မည်သို့ပင်ဆိုစေ နေစရာအိမ် မလောက်ငှခြင်းကို အခန်းသစ်ရနိုင်သည့်အခါ မည်သူကများ မလိုချင်ဘဲ နေမည်နည်း။

သို့သော် လူအုပ်ကြီးထဲတွင် ချန်ကောဟွားကမူ လုံးဝ ဂရုမစိုက်သည့် အမူအရာဖြင့် ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ရီကျုံးဟိုင် စကားပြောနေချိန်တွင် သူ၏ အကြည့်များက မိမိဘက်ဆီသို့ အမြဲတမ်း ရောက်ရှိနေခဲ့ပြီး ခုနက အစည်းအဝေး စတင်ချိန်တွင်လည်း မိမိ ရောက်ရှိလာမှသာ စတင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ဤအရိပ်အယောင်များအရ ကြည့်မည်ဆိုလျှင် အရှေ့ဘက်ခြံဝင်းရှိ အခန်းမှာ ရီကျုံးဟိုင်က မိမိအပေါ် ကျေးဇူးတင်စေရန် ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း သိသာထင်ရှားနေသည်။

သို့သော် ဤအခန်းကိစ္စမှာ လူကြီးချင်း စကားပြောဆိုခဲ့သည့် အချိန်ကသာဆိုလျှင် ချန်ကောဟွား အနည်းငယ်တော့ စိတ်ဝင်စားမိကောင်း စိတ်ဝင်စားမိမည် ဖြစ်သည်။ သို့သော် ယခုအခါတွင် မိမိ၏ လုပ်ငန်းခွင်မှာ စတင်၍ ခြေလှမ်းလှမ်းနေပြီဖြစ်ပြီး ကျင်းယွီမှာလည်း သူမ၏ ကိုယ်ပိုင်အလုပ်အကိုင် ရှိနေပြီဖြစ်ရာ နောင်တစ်ချိန် ကလေးရလာပါက ဟောင်ကောင်သို့ သွားရောက် အခြေချနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ရှေ့ဘက်ခြံဝင်းရှိ အခန်းမှာ သိပ်ပြီး အသုံးဝင်လှမည် မဟုတ်တော့ချေ။

ဘေးတွင် ရပ်နေသော ဟယ်ယွီကျူးမှာမူ မျက်လုံးများ တောက်ပလာသည်။

သူ၏ အမြင်တွင် သူသည် ရဲစခန်းမှ ခက်ခက်ခဲခဲ ပြန်လည်ထွက်လာခဲ့ရပြီး ယခုအချိန်သည် အခက်ခဲဆုံးသော အချိန်ကာလပင်ဖြစ်သည်။ ယခုကဲ့သို့ ရီကျုံးဟိုင်က ပစ္စည်းသိုလှောင်ခန်းကို ဖယ်ရှား၍ အိမ်နီးချင်းများအား နေထိုင်ခွင့်ပြုရန် အကြံပြုလာခြင်းမှာ သေချာပေါက် သူ့အတွက်သာ ဖြစ်ရမည်ဟု တွေးတောနေသည်။

ဆက်ဆံရေးအရဖြစ်စေ၊ အချိန်အခါအရဖြစ်စေ ဤသည်က အတော်လေး ယုတ္တိရှိနေသည်။ ထို့ကြောင့် သူက အလျင်စလို ပြောလိုက်သည်။

"ဦးလေးကြီးရီ အရှေ့ဘက်ခြံဝင်းက အခန်းကို ဘယ်သူ့ကို ပေးရင် ကောင်းမယ်လို့ ထင်လဲ"

ရှားကျူးက ပြောပြီးသွားသောအခါ ရီကျုံးဟိုင်က ပြုံးလိုက်ကာ ပြောလိုက်သည်။

"ချန်ကောဟွားတို့ အိမ်က နည်းနည်း ကျဉ်းတယ်၊ပြီးတော့ ချင်ကျင်းယွီကလည်း အခု ကိုယ်ဝန်ရှိနေပြီဆိုတော့ အဲဒီအခန်းကို သူတို့ကို ပေးလိုက်ရင်‌ကောင်းမယ်လို့ ငါ ထင်တယ်"

ထိုစကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် အားလုံး၏ အကြည့်များက ချန်ကောဟွားထံသို့ အလိုအလျောက် ရောက်ရှိသွားကြပြီး မျက်ဝန်းများထဲတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပြည့်နှက်နေကြသည်။ အခြားသူများကို မဆိုထားနှင့် ချင်ကျင်းယွီကိုယ်တိုင်ပင် အလွန်အံ့သြသွားခဲ့ရပြီး ရီကျုံးဟိုင်က ဤသို့ ပြောဆိုလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။

ယန်ပုကွေ့၏ စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်သွားသည်။ သို့သော် ချင်ကျင်းယွီက ကျန်ရစ်သော ဟင်းလျာများကို ယွီလီအား ပေးခဲ့ဖူးသည်ကို ပြန်လည်သတိရသွားသည်။ နောင်တစ်ချိန် အရောင်းဆိုင်သို့ ပစ္စည်းသွားဝယ်ပါက သူမ၏ အကူအညီ လိုအပ်ဦးမည် ဖြစ်သည်။ ထိုသို့ တွေးမိလိုက်သောအခါ ချန်ကောဟွားတို့ ဇနီးမောင်နှံနှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်လိုစိတ် ဖြစ်ပေါ်လာသည်။

"အဘိုးကြီးရီ ပြောတာ မှန်တယ်၊ ပြီးခဲ့တဲ့အကြိမ်တုန်းက ချင်ကျင်းယွီရဲ့ မိဘတွေ လာကြည့်ကြတုန်းက ထမင်းဟင်း ချက်ပြုတ်ပြီးတာနဲ့ ချက်ချင်း ပြန်သွားကြတာ ငါ မြင်လိုက်တယ်၊ သူတို့မှာ တကယ်ကို အခန်းတစ်ခန်း လိုအပ်နေတာ"

ယန်ပုကွေ့၏ သဘောထား ထွက်ပေါ်လာပြီးနောက် ယခုအခါတွင် ဦးလေးနှစ်ဦးက သူတို့၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြသလိုက်ပြီ ဖြစ်သည်။

ခြံဝင်းကြီးထဲရှိ အခြားသော အိမ်နီးချင်းများကလည်း ချန်ကောဟွားမှာ အလွန်တရာ အလားအလာရှိသူဖြစ်ကြောင်း သိရှိထားကြသည်။ နောင်တစ်ချိန်တွင် သူ၏ အကူအညီကို တောင်းခံရမည့် နေရာများ သေချာပေါက် ရှိလာမည်ဖြစ်ရာ ဤကိစ္စရပ်တွင် သူ့အား မစော်ကားလိုကြသည်က သဘာဝပင် ဖြစ်သည်။

"တတိယဦးလေး ပြောတာ မှန်တယ်၊ငါတို့ ခြံဝင်းက လူကြီးတွေကို စိတ်မကောင်းဖြစ်အောင် မလုပ်သင့်ဘူး"

"ချင်ကျင်းယွီက ကိုယ်ဝန်ရှိနေပြီး နောင် ကလေးမွေးလာရင် အခန်းက တကယ်ကို မလောက်တော့ဘူး၊သူတို့က တကယ်ကို လိုအပ်နေတာ"

"ဒီအကြံပြုချက်က ကောင်းတယ်၊ ငါတို့ ခြံဝင်းကြီးအနေနဲ့ အခက်အခဲရှိတဲ့ ဘယ်အိမ်ထောင်စုကိုမှ ချန်ထားခဲ့လို့ မဖြစ်ဘူး"

တစ်ခဏချင်းမှာပင် ခြံဝင်းကြီးထဲရှိ အိမ်နီးချင်း အများစုမှာ သဘောတူညီကြောင်း အသီးသီး ပြောဆိုလာကြသည်။ ယခု မြင်ကွင်းက လျိုဟိုင်ကျုံး၏ မျက်နှာကို ဒယ်အိုးဖင်ကြီးကဲ့သို့ မည်းမှောင်သွားစေသည်။

သူ ပြောဆိုခဲ့သည့်အတိုင်း သူတို့ အိမ်တွင် လူအများအပြား ရှိနေပြီး အခါအားလျော်စွာ ပြဿနာများလည်း ဖြစ်ပွားတတ်သည်။ ယခုအချိန်သည် အခန်းတစ်ခန်း အမှန်တကယ် လိုအပ်နေသည့် အချိန်ပင် ဖြစ်သည်။

သို့သော် အားလုံးက သူ့အိမ်ကို ထောက်ခံပေးခြင်း မရှိသည်ကို ထားလိုက်လျှင်ပင် ချန်ကောဟွားကို ပေးလိုက်ရန်ပင် ပြောဆိုနေကြသေးသည်။

သိထားရမည်မှာ ဌာနမှူးနေရာကို ချန်ကောဟွားက လုယူသွားခဲ့ပြီးနောက် လျိုဟိုင်ကျုံး၏ စိတ်ထဲတွင် ဒေါသများ ဖုံးလွှမ်းနေခဲ့ရာ ယခု အခန်းကိုပါ ထပ်မံလုယူခံလိုက်ရသဖြင့် ပို၍ပင် ဒေါသထွက်သွားခဲ့ရသည်။

ရီကျုံးဟိုင်ကမူ တည်ငြိမ်စွာ ပြုံးလိုက်သည်။ သိသာထင်ရှားစွာပင် လက်ရှိအခြေအနေမှာ သူ မျှော်လင့်ထားခဲ့သည့်အတိုင်းပင် ဖြစ်နေသည်။

ဟယ်ယွီကျူးမှာမူ ရီကျုံးဟိုင်အား မယုံကြည်နိုင်‌ေသာ အမူအယာဖြင့် ကြည့်နေမိသည်။ သူနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်သော ရီကျုံးဟိုင်က ဤမျှလောက် ကြီးမားသော အခန်းကို ချန်ကောဟွားအတွက် ချန်ထားပေးလိမ့်မည်ဟု သူ လုံးဝ မတွေးမိခဲ့ချေ။

ဆန့်ကျင်ဘက်အနေဖြင့် သူ့ကိုမူ မမြင်ချင်ယောင်ပင် ဆောင်နေ‌သေးသည်။ တစ်ခဏချင်းမှာပင် စိတ်ထဲ၌ မကျေနပ်မှုများ ဖြစ်လာခဲ့တော့သည်။

"ငါ ပြောမယ် ဦးလေးကြီးရီ၊ချန်ကောဟွားတို့ အိမ်ကလည်း သိပ်ကျဉ်းတာမှ မဟုတ်တာ၊ ပြီးတော့ လူနှစ်ယောက်တည်း နေရတာလေ၊ ငါ့အိမ်မှာလည်း လူနှစ်ယောက်တည်း နေရတာ မှန်ပေမဲ့ ငါနဲ့ ယွီရွှိန် နှစ်ယောက်က မောင်နှမတွေဆိုတော့ အခုအချိန်မှာ ခွဲနေသင့်ပြီလေ"

ဟယ်ယွီကျူးက ပထမဆုံး ကန့်ကွက်သည့်သူ ဖြစ်သည်။ သို့သော် ရှားကျူး လုံးဝ မထင်မှတ်ထားသည်မှာ သူ့အား ပထမဆုံး ပြန်လည်ချေပသူမှာ သူ၏ ညီမအရင်းဖြစ်သော ဟယ်ယွီရွှိန် ဖြစ်နေခြင်းပင် ဖြစ်သည်။

"ရှားကျူး၊ အစ်ကိုကောဟွားတို့ ဇနီးမောင်နှံက အခန်းတစ်ခန်း ပိုပြီး လိုအပ်နေတာ၊နင် ဒီမှာ ဘာတွေ လာအော်နေတာလဲ"

ထိုစကားဆုံးသွားသည်နှင့် ဟယ်ယွီကျူး၏ စိတ်ထဲတွင် မွန်းကျပ်သွားသည်။ ညီမဖြစ်သူက မည်သည့်အတွက်ကြောင့် အမြဲတမ်းလိုလို အခြားသူများဘက်သို့ ပါသွားရသနည်း။ ထိုအချိန်တွင် အဘွားကြီးလုံကလည်း ရှေ့သို့ ထွက်လာသည်။

"အားလုံး ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့"

အဘွားကြီးလုံသည် ရှားကျူးအပေါ် အလွန် သံယောဇဉ်ရှိသော်လည်း အကယ်၍ ရှားကျူးတွင် အခန်းတစ်ခန်း ပိုရလာပါက ဟယ်ယွီရွှိန်မှာ သီးသန့်ခွဲထွက်သွားမည်ဖြစ်ရာ ချင်ဟွိုင်ယွီတစ်ယောက် ရှားကျူး၏ အိမ်သို့ အလည်အပတ် လာရောက်ရန် ပို၍ပင် လွယ်ကူသွားမည် ဖြစ်သည်။

ထို့ကြောင့် ချင်ဟွိုင်ယွီအား အမြဲတမ်း မနှစ်မြို့သော အဘွားကြီးလုံသည် ဤတစ်ကြိမ်တွင် ဟယ်ယွီကျူး၏ ဆန္ဒအတိုင်း လိုက်လျောပေးမည် မဟုတ်ချေ။ ယခုအခါတွင် အဘွားကြီးလုံကပင် ဤသို့ ပြောဆိုနေပြီ ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စအတွက် ဆုံးဖြတ်ချက် ရရှိသွားပြီ ဖြစ်သည်။

ရီကျုံးဟိုင်သည်လည်း များများစားစား မပြောဆိုတော့ဘဲ မနက်ဖြန်တွင် လူအချို့ကို ခေါ်ဆောင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ ဤကိစ္စကို ဆောင်ရွက်ရန် ရည်ရွယ်လိုက်သည်။ အစည်းအဝေး ပြီးဆုံးကြောင်း ကြေညာပြီးနောက် အားလုံးသည် အိမ်ပြန်၍ အိပ်ရာဝင်ခဲ့ကြသည်။

ရှားကျူးမှာ အလွန်တရာ မတတ်နိုင်သလို ဖြစ်သွားခဲ့သော်လည်း သူက အရူးတစ်ယောက် မဟုတ်ပေ။ သူ ဝင်ရောက်သွားခဲ့သည့် အချိန်ကာလအတွင်း အိမ်နီးချင်းများမှာ ချန်ကောဟွားအပေါ် အလွန်တရာ ဖားယားနေကြကြောင်းကို သူ မြင်တွေ့နိုင်စွမ်း ရှိသည်။ ထို့အပြင် ယခုအခါတွင် ချန်ကောဟွား၏ မိသားစုမှာ အင်အားကြီးမားနေပြီဖြစ်ရာ ချန်ကောဟွားအား သွားရောက် မစော်ကားရန်သာ တတ်နိုင်တော့သည်။

ကာယကံရှင်ဖြစ်သော ချန်ကောဟွား၏ စိတ်ထဲတွင်မူ အလွန် ရှုပ်ထွေးနေသည်။

အကယ်၍ ဤတိရစ္ဆာန်တမျှ ဆိုးယုတ်သူများ၏ ဖယ်ကြဉ်ခြင်းများကို မကြုံတွေ့ခဲ့ရဘူးဆိုပါက ဤအိမ်နီးချင်းများမှာ ရိုးသားဖြောင့်မတ်ပြီး သဘောကောင်းသည်ဟု သူ အမှန်တကယ်ပင် ထင်မှတ်မိပေလိမ့်မည်။

သို့သော် ချန်ကောဟွား သိရှိထားသည်မှာ အကယ်၍ သူသာ အရည်အချင်းမရှိခဲ့ပါက ထိုလူများက သေချာပေါက် နည်းလမ်းမျိုးစုံဖြင့် သူ့အား ဖယ်ကြဉ်ကြမည်ဖြစ်ကြောင်းပင် ဖြစ်သည်။ ထို့ကြောင့် ချန်ကောဟွား၏ စိတ်ထဲတွင် သူတို့နှင့် မိတ်ဆွေဖွဲ့လိုစိတ် အနည်းငယ်မျှပင် မရှိရာ ကျေးဇူးတင်စိတ်များလည်း သဘာဝကျကျပင် ရှိလာမည် မဟုတ်ချေ။

အရှေ့ဘက်ခြံဝင်းရှိ ထိုအခန်းနှင့် ပတ်သက်၍ ချန်ကောဟွားသည် သဘာဝကျကျပင် ငြင်းပယ်မည် မဟုတ်ပေ။

ဒါကလည်း ရယ်စရာကောင်းလှသည်၊အကျိုးရှိမည့် ကိစ္စကို အဘယ်ကြောင့် မယူဘဲ နေမည်နည်း။

ထို့အပြင် ယခုအချိန်တွင် ပေကျင်းမြို့၏ အိမ်များမှာ တန်ဖိုးမရှိ‌ေသးသော်လည်း နောင်တစ်ချိန်တွင် တန်ဖိုးမရှိနိုင်ဘူးဟု မဆိုလိုပေ။ သိထားရမည်မှာ နောင်လာမည့် ခေတ်ကာလတွင် ခြံဝင်းကြီးတစ်ခုရှိ အခန်းတစ်ခန်းမှာ ကောင်းကင်ဘုံထက်မြင့်သော ဈေးနှုန်းပင် ဖြစ်နေပေလိမ့်မည်။

ယခုအချိန်တွင် မည်သည့်အရာမျှ ပေးဆပ်စရာမလိုဘဲ အခန်းတစ်ခန်းကို အလကားရရှိမည်ဖြစ်ရာ ချန်ကောဟွား၏ စိတ်ထဲတွင် အတော်လေး ကျေနပ်နေသည်။

ဝမ်းမြောက်ဝမ်းသာဖြစ်နေသော စိတ်အခြေအနေဖြင့် ချန်ကောဟွားသည် ချင်ကျင်းယွီအား ခေါ်ဆောင်ကာ အိမ်သို့ ပြန်လာခဲ့ပြီး သူတို့နှစ်ဦး၏ ပျော်ရွှင်သော နေထိုင်မှုဘဝလေးကို ဆက်လက် ဖြတ်သန်းရန် ပြင်ဆင်လိုက်သည်။

အခြားတစ်ဖက်တွင်မူ ချင်ဟွိုင်ယွီသည် အိမ်သို့ ပြန်ရောက်လာပြီးနောက် ဤကိစ္စကို ကျားကျန်းရှီအား ပြောပြလိုက်သည်။

"ဘာ၊ ခြံဝင်းတစ်ခုလုံးရဲ့ အခန်းကို ချန်ကောဟွားကို ပေးလိုက်တယ် ဟုတ်လား"

ကျားကျန်းရှီမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် မျက်နှာပျက်သွားသည်။ ကျားတုန်းရွှီက ပို၍ပင် ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"ငါတို့ အိမ်မှာ လူဒီလောက်များတာကို ဘာလို့ ချန်မိသားစုကို သွားပေးရတာလဲ၊ နင် သွားမတောင်းဆိုခဲ့လို့ မဟုတ်လား"

"ခြံဝင်းထဲက အိမ်နီးချင်းတွေ အားလုံးက ချန်ကောဟွားကို ဖားယားနေကြတာ၊ ငါ၊ငါက သွားတောင်းဆိုရင်တောင်မှ ဘာထူးမှာမို့လို့လဲ"

ချင်ဟွိုင်ယွီက မတတ်နိုင်စွာဖြင့် ပြောလိုက်သည်။

"ဘာမှမထူးဘူး ဟုတ်လား၊ နင်က တောင်းဆိုဖို့တောင် မကြိုးစားခဲ့ဘဲနဲ့၊နင်လည်း ချန်မိသားစုထဲကို အတင်းဝင်ချင်နေတာပဲ မဟုတ်လား"

ကျားကျန်းရှီက သွယ်ဝိုက်သောနည်းဖြင့် ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ချင်ဟွိုင်ယွီမှာ စိတ်ပင်ပန်းသွားသလို ခံစားလိုက်ရသည်။

ကျားကျန်းရှီတို့ သားအမိနှစ်ယောက်မှာ သူမ မည်သည့်အရာကို လုပ်နေပါ‌စေ သူတို့၏ စိတ်ထဲ၌ စိတ်တိုင်းမကျပါက သူမ၏ အမှားများသာ ဖြစ်နေတော့သည်။ သို့သော် ကျားကျန်းရှီ၏ စကားမှာ မမှားယွင်းခဲ့ပေ။ ချင်ဟွိုင်ယွီမှာ အမှန်တကယ်ပင် ချန်မိသားစုထံသို့ သွားရောက်လိုနေသည်။

သူမသည် မိမိကိုယ်တိုင် ချန်မိသားစုမှ လူတစ်ယောက် ဖြစ်နေသည်ဟု အကြိမ်ကြိမ် အိပ်မက်မက်ခဲ့ဖူးကြောင်းပင် ဆိုနိုင်သည်။ ထို့အပြင် အဘယ်ကြောင့် အိပ်မက်က လက်တွေ့မဖြစ်လာရသနည်းဟုလည်း အခါအားလျော်စွာ မိမိကိုယ်ကိုယ် ပြန်လည်မေးခွန်းထုတ်နေမိသည်။

ချင်ဟွိုင်ယွီတစ်ယောက် စကားမပြောတော့သည်ကို မြင်လိုက်ရသောအခါ ကျားကျန်းရှီတို့ သားအမိနှစ်ယောက်၏ စိတ်ထဲတွင်လည်း အနည်းငယ် သက်သာရာရသွားသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့မှာ စကားအပြောအဆိုအားဖြင့် ချင်ဟွိုင်ယွီအား ရွံရှာမုန်းတီးဟန် ပြသနေသော်လည်း လက်တွေ့တွင်မူ ဤမိသားစုတစ်စုလုံးမှာ ချင်ဟွိုင်ယွီ၏ ရှာဖွေကျွေးမွေးမှုအပေါ် မှီခိုနေရခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့လည်း အလွန်အကျွံတော့ မလုပ်ရဲကြချေ။

အခြားတစ်ဖက်တွင်မူ ချန်ကောဟွား၏ မျက်ဝန်းများထဲတွင် ပျော်ရွှင်မှုများ အပြည့်အဝ နေရာယူနေသည်။ အခြားအကြောင်းကြောင့်မဟုတ်ဘဲ ယနေ့တွင် စိတ်ဝင်စားစရာကောင်းသော အရာအသစ်တစ်ခုကို ထပ်မံရရှိခဲ့သောကြောင့်ပင် ဖြစ်သည်။

အခန်း ၉၈

"တင်းတောင်၊ အကောင့်ဝင်ရောက်ခြင်း အောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ်"

"တင်းတောင် ငါးပေါက်လေး အကောင်တစ်ရာ၊ တောကြက်ဥ အလုံးတစ်ရာ၊ ဝက်ပေါက်လေး ဆယ်ကောင်၊ ရွှေတုံးအစစ်အယောင် တစ်တုံးတို့ကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်"

နောက်ထပ် နေ့သစ်တစ်နေ့၏ အကောင့်ဝင်ရောက်ခြင်းပင် ဖြစ်သည်။

ငါးပေါက်လေးများနှင့် ဝက်ပေါက်လေးများကဲ့သို့သော အရာများကို ရရှိခြင်းအပေါ် ချန်ကောဟွား၏ စိတ်ထဲတွင် အလွန်တရာ ကျေနပ်နေသည်။ အဘယ်ကြောင့်ဆိုသော် စနစ်နယ်မြေထဲတွင် ပျိုးထောင်မွေးမြူရန် သားပေါက်လေးများ အမှန်တကယ်ပင် လိုအပ်နေသောကြောင့် ဖြစ်သည်။ သို့သော် နောက်ဆုံး ရရှိလိုက်သည့် အရာက သူ့အား အနည်းငယ် ကြောင်အမ်းသွားစေသည်။

ရွှေတုံးအစစ်အယောင်ဆိုသည်မှာ မည်သည့်အရာနည်း

ဆုချီးမြှင့်မှုအပေါ်သို့ အာရုံစိုက်လိုက်သောအခါ မကြာမီမှာပင် ရှင်းလင်းချက်များ ပေါ်ထွက်လာသည်။

ရွှေတုံးအစစ်အယောင်- အဆင့်မြင့်နည်းပညာဖြင့် ဖန်တီးထားသော သတ္တုတုံးဖြစ်ပြီး လက်ခံရရှိသူအနေဖြင့် စိတ်အာရုံကို အသုံးပြု၍ သတ္တုတုံး၏ အခြေအနေကို ရွှေအစစ်နှင့် ရွှေအတုဟူ၍ အခြေအနေ နှစ်မျိုး ပြောင်းလဲနိုင်သည်။

ရှင်းလင်းချက်ကို ကြားလိုက်ရသောအခါ ချန်ကောဟွားသည် သဘောပေါက်သွားသည်။ ဆိုလိုရင်းမှာ ဤအရာက ရွှေမဟုတ်ဘဲ မျက်လှည့်ပစ္စည်းကဲ့သို့သော အရာတစ်ခု ဖြစ်နေခြင်းပင် ဖြစ်သည်။

သို့သော် ဤသတ္တုတုံးက မည်သည့်‌ေနရာအတွက် အသုံးဝင်မည်နည်း။ သူ့အနေဖြင့် ငွေကြေးချမ်းသာကြွယ်ဝနေပြီဖြစ်ရာ လူများကို လှည့်စားရန် လုံးဝ မလိုအပ်ချေ။ ထို့အပြင် ဤခေတ်ကာလတွင် ပစ္စည်းအတုများမှာ မည်သည့်နည်းနှင့်မျှ ကောင်းသောအရာ မဟုတ်ပေ။

အထူးသဖြင့် ရွှေကဲ့သို့သော ထိခိုက်လွယ်သည့် အရာမျိုးတွင် ဖြစ်သည်။ အကယ်၍ အခြားသူများက သူ့ကို ရွှေအတု အသုံးပြုနေသည်ဟု ထင်မြင်သွားပါက သေချာပေါက် ဖမ်းဆီးခံရပြီး ထောင်ထဲတွင် ဆယ်နှစ်ခန့် နေရမည် ဖြစ်သည်။

"ဒါဆိုရင်"

"ဒါကို ပန့်ကန့်ကို သုံးခိုင်းလိုက်ရင် ကောင်းမလား"

ဤသတ္တုတုံးကို မည်သို့ အသုံးပြုရမည်ကို ချန်ကောဟွားက စဉ်းစားနေသည်။ အကယ်၍ ပန့်ကန့်ကသာ ဤအရာကို ရရှိသွားပါက သေချာပေါက် ငွေသွားလဲပြီး ပစ္စည်းများ ဝယ်ယူမည် ဖြစ်သည်။

ထိုအချိန်ကျမှ မိမိက ရွှေကို အတုအယောင်အဖြစ် ပြောင်းလဲလိုက်မည်ဆိုပါက အခြားလူတစ်ယောက်ယောက်၏ တိုင်ကြားမှုဖြင့် များများစားစား တွေးတောနေစရာ မလိုဘဲ ပန့်ကန့်တစ်ယောက် ဘဝတစ်သက်တာ ထောင်ထမင်းစားရမည့် အခြေအနေမှာ သေချာသွားပြီ ဖြစ်သည်။

သို့သော် ချန်ကောဟွားက ပန့်ကန့်ကို တမင်သက်သက် ဒုက္ခပေးနေခြင်း မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ဤသည်မှာ ပန့်ကန့်အတွက် ကောင်းကျိုးကို ရည်ရွယ်ခြင်းပင် ဖြစ်သည်။

မိမိအနေဖြင့် ဝယ်ယူရေးဌာနမှူး ဖြစ်လာပြီးနောက် ထိုရက်ပိုင်းများအတွင်း အိမ်သို့ ပစ္စည်းများ အခါအားလျော်စွာ ယူဆောင်လာမည်မှာ သေချာ‌သည်။

ထိုအချိန်သို့ ရောက်လာပါက ပန့်ကန့်တစ်ယောက် သွေးဆောင်ဖြားယောင်းမှုကို မခံနိုင်ဘဲ ခေါင်မိုးပေါ်တက်၍ သူခိုးဘုရင် လုပ်ရပ်များကို ထပ်မံလုပ်ဆောင်လာပါက ခြံဝင်းကြီးတစ်ခုလုံးအတွက် မကောင်းနိုင်ချေ။ အကယ်၍ ရွှေအတုအယောင်ကို အသုံးပြု၍ သူ့အား ထောင်ထဲသို့ ရောက်ရှိသွားစေပြီး ရဲများ၏ ပညာပေးမှုကို စောစီးစွာ ခံယူစေမည်ဆိုပါက သူလည်း လမ်းမှန်ပေါ်သို့ စောစီးစွာ ရောက်ရှိလာနိုင်မည် ဖြစ်သည်။

ချန်ကောဟွား၏ အမြင်တွင် မိဘများက သွန်သင်ဆုံးမ၍ မရနိုင်ပါက ရဲဦးလေးများအား သွန်သင်ဆုံးမခိုင်းရန်သာ တတ်နိုင်တော့သည်။

ဥပမာအားဖြင့် ရှားကျူးကို ကြည့်ရ‌ပေမည်။ သူသည် ယခင်က မည်သူ့ကိုမျှ ဂရုမစိုက်သော စက်ရုံ၏ စစ်နတ်ဘုရားတစ်ပါး ဖြစ်ခဲ့သော်လည်း ယခုအခါ ရဲစခန်းသို့ ဝင်ရောက်ကာ ပညာပေးခံရပြီးနောက်တွင် စကားပြောဆိုရသည်မှာ အလွန်တရာ အဆင်ပြေလာသည်။ ထို့ကြောင့် ထောင်ထဲသို့ စောစီးစွာ ဝင်ရောက်၍ ပညာပေးခံရခြင်းမှာ ကောင်းသောအရာပင် ဖြစ်သည်။

သေချာသည်မှာ ရဲစခန်းသို့ ရောက်ရှိသွားသူတိုင်း ရဲများ၏ ပညာပေးစကားများကို နားထောင်နိုင်ပြီး တဖြည်းဖြည်းနှင့် ကောင်းမွန်လာမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သို့သော် ဝင်ရောက်သွားသူ အများစုမှာ ကောင်းမွန်သည့်ဘက်သို့ ပြောင်းလဲသွားတတ်ကြသည်ဟုသာ ဆိုနိုင်သည်။

ထိုအကြောင်းကို တွေးမိလိုက်ပြီးနောက် ချန်ကောဟွားသည်လည်း အလျင်အမြန် အိပ်ရာမှ ထလိုက်သည်။

ချင်ကျင်းယွီမှာမူ ယခုအချိန်အထိ အိပ်ရာမနိုးသေးချေ။ ချန်ကောဟွားသည် မျက်နှာသစ် သွားတိုက်ပြီးနောက် မနက်စာ သွားရောက်ပြင်ဆင်လိုက်သည်။

ကြက်ရိုးများဖြင့် ဆန်ပြုတ် တစ်အိုးကို ရိုးရှင်းစွာ ပြုတ်ပြီးနောက်တွင် ချင်ကျင်းယွီအား နှိုးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ယခုအခါ အလုပ်လုပ်နေသူတစ်ဦး ဖြစ်လာပြီဖြစ်ရာ အလကားနေရင်း အိပ်ရာထနောက်ကျ၍ မရတော့ပေ။

ချင်ကျင်းယွီ နိုးလာသောအခါ ချန်ကောဟွား၏ ဆိုလိုရင်းကို သိရှိသွားသဖြင့် အလျင်အမြန် ထလိုက်ပြီး မနက်စာ စားသောက်ပြီးနောက် အလုပ်သို့ သွားသည်။

ချန်ကောဟွားသည် ခေါင်းဆောင်တစ်ဦးဖြစ်ရာ ဝန်ထမ်းများကဲ့သို့ နေ့စဉ် အချိန်မှန် အလုပ်ဆင်း အလုပ်တက် လုပ်ရန် မလိုအပ်သဖြင့် အိမ်တွင် ထပ်မံအနားယူနေသည်။

ခြံဝင်းကြီးဘက်သို့ ပြန်ကြည့်မည်ဆိုလျှင် ချင်ကျင်းယွီက စက်ဘီးကို နင်းကာ ခြံဝင်းထဲမှ ထွက်ခွာသွားပြီးနောက် ရီကျုံးဟိုင်သည်လည်း ယမန်နေ့ညက သူ၏ အကြံပြုချက်ကို ထောက်ခံခဲ့ကြသူများအား ခေါ်ဆောင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားသည်။

ဟယ်ယွီရွှိန်၊ ယွီလီ၊ အဘွားကြီးလုံ အစရှိသူများကလည်း နောက်မှ လိုက်ပါသွားခဲ့ကြသည်။ အဘွားကြီးလုံမှာ ခြေထောက် မသန်စွမ်းသဖြင့် ရီကျုံးဟိုင်က ကျောပိုး၍ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ သူမက မျက်နှာပြပေးမည်ဆိုပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကလည်း အခက်တွေ့အောင် လုပ်မည်မဟုတ်ချေ။

သေချာသည်မှာ ခြံဝင်းထဲရှိ အိမ်နီးချင်းများနှင့် မတိုင်ပင်ဘဲ ရီကျုံးဟိုင် တစ်ယောက်တည်း သွားရောက် လျှောက်ထားမည်ဆိုလျှင်တောင်မှ ဤကိစ္စကို ကောင်းမွန်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်စွမ်း ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ဆက်ဆံရေး ကောင်းမွန်သောကြောင့်ပင် ဖြစ်သည်။

ရီကျုံးဟိုင် အစရှိသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် အရှေ့ဘက်ခြံဝင်းရှိ ပစ္စည်းသိုလှောင်ရန် အသုံးပြုသော အခန်းကျယ်ကြီးမှာ ချန်ကောဟွား၏ အမည်ပေါက်အဖြစ်သို့ ရောက်ရှိသွားသည်။

ဤသို့ဖြင့် အရှေ့ဘက်ခြံဝင်းတွင် အခန်းတစ်ခန်း၊ အလယ်ခြံဝင်းတွင် အခန်းတစ်ခန်း ရှိလာပြီဖြစ်ရာ နောင်တစ်ချိန် ချင်ကျင်းယွီ ကလေးမွေးလာမည်ဆိုလျှင်တောင်မှ သူတို့ ဇနီးမောင်နှံနှစ်ဦး၏ ပျော်ရွှင်သော နေထိုင်မှုဘဝကို ထိခိုက်စေမည် မဟုတ်တော့ချေ။

ချန်ကောဟွား၏ စိတ်ထဲတွင် ဤအချက်အပေါ် အလွန်တရာ ကျေနပ်နေသည်။ သူ အလုပ်သွားရန် ပြင်ဆင်နေသည့် အချိန်တွင်ပင် ရုတ်တရက်ဆိုသလို ပန့်ကန့်တစ်ယောက် ရှောင်တန်းအား ခေါ်ဆောင်၍ ကျောင်းသွားနေသည်ကို မြင်တွေ့လိုက်ရသည်။

ချင်ဟွိုင်ယွီမှာ အလုပ်သွားရမည်ဖြစ်ရာ ကလေးများကို ကျောင်းသွားပို့ရန် အချိန်မရှိသည်က သဘာဝပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ မြို့ပေါ်တွင်ဖြစ်ရာ ကလေးများ လမ်းပျောက်သွားမည် မဟုတ်သလို မည်သည့် အန္တရာယ်မျှလည်း ဖြစ်ပွားမည် မဟုတ်ချေ။

သို့သော် ချန်ကောဟွားက ပန့်ကန့်အား သတိပြုမိသွားမည်ကို တားဆီး၍ မရနိုင်ခဲ့ပေ။ သူက ပန့်ကန့်အား ကြည့်ကာ လူဆိုးတစ်ယောက်လို ပြုံးလိုက်ပြီးနောက် စနစ်ထဲမှ ထိုရွှေတုံးအတုအယောင်ကို ထုတ်ယူလိုက်သည်။

ထို့နောက် ပန့်ကန့်မှာ ရှောင်တန်း၏ လက်ကိုဆွဲကာ ခြံဝင်းကြီးထဲမှ ထွက်ခွာသွားခဲ့သော်လည်း သိပ်မဝေးမီမှာပင် သူ၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။ အဘယ်ကြောင့်ဆိုသော် မြေပြင်ပေါ်တွင် ရွှေတုံးတစ်တုံး ကျနေသည်ကို သူ တွေ့ရှိသွားသောကြောင့် ဖြစ်သည်။

တစ်ခဏချင်းမှာပင် ပန့်ကန့်၏ နှလုံးခုန်သံများ မြန်ဆန်လာခဲ့ပြီး ဘေးပတ်ဝန်းကျင်ကို သတိထား၍ ကြည့်ရှုလိုက်ရာ လမ်းသွားလမ်းလာ မရှိသည်ကို တွေ့လိုက်ရသဖြင့် ရွှေတုံးရှိရာသို့ အလျင်အမြန် လျှောက်သွားကာ မသိမသာဖြင့် ရွှေတုံးအား နင်းထားလိုက်သည်။ ထိုသို့ ပြုလုပ်ပြီးနောက် ပန့်ကန့်က ရှောင်တန်းအား ကျောင်းသို့ အရင်သွားနှင့်ရန် လက်ဟန်ပြလိုက်သည်။

ရှောင်တန်းသည်လည်း အများကြီး မတွေးတောတော့ဘဲ သူမဘာသာ ကျောင်းသို့ ထွက်သွားသည်။ မည်သူမျှ မမြင်တွေ့ကြောင်း သေချာသွားပြီးမှသာ ပန့်ကန့်သည် စိတ်ချလက်ချဖြင့် ရွှေတုံးကို ကောက်ယူလိုက်သည်။

လူများ ပို၍ကင်းရှင်းသော လမ်းသွယ်တစ်ခုသို့ ရောက်ရှိသွားသောအခါ ရွှေတုံးပေါ်တွင် ဖုန်များ ပေကျံနေသည်ကိုပင် မရွံရှာတော့ဘဲ ပါးစပ်ကိုဟကာ အားကုန်ကိုက်ကြည့်လိုက်သည်။ သွားများဖြင့် ကိုက်၍မရကြောင်း တွေ့ရှိရပြီးနောက် မီးခတ်ကျောက် အနည်းငယ်ရှာကာ မီးရှို့ကြည့်လိုက်ရာ မည်သည့် အပြောင်းအလဲမျှ မရှိသည်ကို တွေ့ရှိလိုက်ရသည်။

ရွှေအစစ်မှာ မီးအပူဒဏ်ကို ခံနိုင်ရည်ရှိသည်ဖြစ်ရာ ပန့်ကန့်သည် လက်ထဲရှိ ဤအရာမှာ သေချာပေါက် ရွှေဖြစ်ကြောင်း သိရှိသွားသည်။ ဤတစ်ကြိမ်တွင်မူ သူ အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့ရသည်။ သိထားရမည်မှာ သူ ပြီးခဲ့သည့်အကြိမ်က ခိုးယူခဲ့သော ကြက်တစ်ကောင်မှာ နှစ်ကျပ်ပင် မပြည့်သလို ကျောင်းလခ တစ်နှစ်စာမှာလည်း ငါးကျပ်သာ ရှိသည်။

ဤရွှေတုံးကိုသာ ငွေအဖြစ် ပြောင်းလဲလိုက်မည်ဆိုပါက ပစ္စည်းများစွာ သေချာပေါက် ဝယ်ယူနိုင်မည် ဖြစ်သည်။ ပြောင်းဖူးမုန့်၊ ဂျုံမုန့်ဖြူနှင့် ပေယန်အအေး အစရှိသည့် အရာများကဲ့သို့ပင် ဖြစ်သည်။ ထိုအရာများကို မည်မျှလောက်အထိ ရောင်းချနိုင်မည်နည်း။

"ဒါကို ငွေအဖြစ် ပြောင်းလိုက်ရင် သေချာပေါက် သူဌေးဖြစ်တော့မှာ၊ ပြီးတော့ ဒီငွေတွေကို သေချာ ဝှက်ထားရမယ်"

"အဲဒီအချိန်ကျရင် ကျောင်းလည်း ဆက်တက်စရာ မလိုတော့ဘူး၊ နေ့တိုင်း ကြက်ကင်တွေ စားမယ်၊ အအေးတွေ သောက်မယ်၊ ပြီးတော့ ပူပူနွေးနွေး အသားပေါင်းမုန့်ကြီးတွေလည်း စားမယ်၊"

ပန့်ကန့်က ကျေနပ်ပီတိဖြစ်စွာဖြင့် တွေးတောနေသည်။

ရွှေတုံးကို ကောက်ရခဲ့ခြင်းကြောင့် ပန့်ကန့်သည် ကျောင်းသို့ အရင်မသွားတော့ဘဲ ငွေစက္ကူကြီးများအဖြစ် ပြောင်းလဲရန်အတွက် ဘဏ်သို့ သွားသည်။

ပန့်ကန့်အနေဖြင့် ကောက်ရလာသော ရွှေကို အဘယ်ကြောင့် မိသားစုဝင်များထံသို့ မအပ်နှံရသနည်း ဆိုသည်နှင့် ပတ်သက်၍မူ ပထမအချက်မှာ သူကိုယ်တိုင် ဆန္ဒမရှိခြင်းကြောင့် ဖြစ်သည်၊ မည်သို့ပင်ဆိုစေကာမူ မိမိ၏ အရည်အချင်းဖြင့် ကောက်ရလာသော အရာကောင်းကို အဘယ်ကြောင့် မိသားစုဝင်များထံသို့ အပ်နှံရမည်နည်း။

ဒုတိယအချက်မှာ အကယ်၍ ငွေများကို အပ်နှံလိုက်ပါက ရှောင်တန်းတို့မှာလည်း တစ်စိတ်တစ်ပိုင်းကို သေချာပေါက် ခွဲဝေရရှိသွားမည် ဖြစ်သည်။ ဤငွေများကို မိမိကိုယ်တိုင် သုံးစွဲရန်အတွက် သိမ်းဆည်းထားခြင်းက ပို၍ ကောင်းပေသည်။

အထူးသဖြင့် သူ ဘဏ်သို့ ရောက်ရှိသွားပြီးနောက် ဤ "ရွှေတုံး" မှာ ငွေစက္ကူကြီး အရွက်ငါးဆယ်အဖြစ် လဲလှယ်နိုင်ကြောင်း သိရှိသွားသောအခါ ပန့်ကန့်၏ စိတ်ထဲတွင် အပ်နှံလိုသည့် အရိပ်အယောင် မရှိတော့ချေ။

နောက်နေတာလား၊ ငွေစက္ကူကြီး အရွက်ငါးဆယ်ဆိုတာ ငွေကျပ်ငါးရာလေ

ပြီးခဲ့သည့်အကြိမ်က သူ ဤမျှများပြားသော ငွေကြေးများကို မြင်တွေ့ခဲ့ရခြင်းမှာ မစင်စားမိပြီး ခြေထောက်ညှပ်ခံရသဖြင့် ကျားကျန်းရှီက ဟယ်ယွီကျူးထံမှ ငွေကျပ်ငါးရာ တောင်းခံနိုင်ခဲ့ချိန်က ဖြစ်သည်။ နောက်ဆုံးတွင်မူ ရှားကျူးထံသို့ တစ်စိတ်တစ်ပိုင်း ပြန်ပေးခဲ့ရသေးသည်။

ဤမျှလောက် ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ရသည်တောင်မှ ငွေကျပ်ငါးရာကို မရရှိခဲ့ဘဲ မိသားစုတစ်စုလုံး၏ စားသောက်သုံးစွဲမှုများနှင့်ဆိုပါက ဤငွေများမှာ အတော်လေး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ သူ တစ်ယောက်တည်းအပိုင် ငွေကျပ်ငါးရာ ရှိနေပြီဖြစ်ရာ သူ့ဘာသာ သုံးစွဲရန်အတွက် သေချာပေါက် သိမ်းဆည်းထားရမည် ဖြစ်သည်။

"ဟက်ဟက်၊ဘယ်လို အရူးမျိုးက ဒီလောက် တန်ဖိုးရှိတဲ့ ရွှေကို ကျခဲ့တာလဲ မသိဘူး၊ တကယ်လို့ ငါ ငွေသွားလဲလိုက်တာကိုသာ သူ သိသွားမယ်ဆိုရင် ငိုယိုပြီး သေလုမတတ် ဖြစ်သွားမှာပဲ"

ပန့်ကန့်က မျက်နှာပေါ်တွင် လူဆိုးတစ်ယောက်လို ပြုံးလျက် ပြောလိုက်သည်။

All Chapters