← Chapters

အခန်း ၁၄၄၆

Vol. 97 Ch. 1446

အခန်း ၁၄၄၆

Vol. 97 Ch. 1446

အခန်း (၁၄၄၆) အိပ်မနေနဲ့တော့... ထပြီး အလုပ်လုပ်စမ်း

‘အချိန် အဝေးရောက် ပြည်နှင်ဒဏ် မန္တန်…’

ကျောချမ်းဖွယ်ကောင်းပြီး ကြောက်မက်ဖွယ် လျှို့ဝှက်နည်းစနစ် တစ်ခုဖြစ်ကာ တစ်ကြိမ် ထုတ်လွှတ်လိုက်သည်နှင့် လူတစ်ယောက်ကို အချိန်လွင်ပြင်ထဲမှနေ၍ ပြည်နှင်ဒဏ် ပေးနိုင်ပြီး သူတို့၏ မူလ အချိန်မျဉ်းကို ဆုံးရှုံးသွားစေကာ အချိန်မြစ်ထဲသို့ ဘယ်သောအခါမျှ ပြန်မလာနိုင်တော့မည့် လေလွင့်နေသော အထီးကျန် ဝိညာဉ်များအဖြစ် ပြောင်းလဲသွားစေနိုင်သည်။

ထို့အပြင် ဤလျှို့ဝှက်နည်းစနစ်မှာ အချိန်၏ စွမ်းအား ပါဝင်ပတ်သက်နေသောကြောင့် ကာကွယ်မှုများကို လျစ်လျူရှုနိုင်သည့် အလွန်တရာ အစွမ်းထက်သော လက္ခဏာရပ် တစ်ခုကိုလည်း ပိုင်ဆိုင်ထားပြီး တူညီသော အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးပင်လျှင် သတိမထားမိပါက ၎င်း၏ သားကောင်အဖြစ် အလွယ်တကူ ကျရောက်သွားနိုင်သည်။

ဤလက္ခဏာရပ်များ အားလုံးက ဤလျှို့ဝှက်နည်းစနစ်ကို ဧရာမ ဖျက်ဆီးနိုင်စွမ်းရှိသည့် သေစေနိုင်သော လက်နက်တစ်ခု ဖြစ်လာစေခဲ့သည်။

သို့သော် အချိန်နှင့် ပတ်သက်သော လျှို့ဝှက်နည်းစနစ်များမှာ ပင်ကိုယ်အားဖြင့် ထူးဆန်းလွန်းလှပြီး ထိုဗလာနယ် ဂိုဏ်းများကြားတွင်ပင် ဤကဲ့သို့သော အမွေအနှစ်မျိုးမှာ ရှားပါးလှသည်။

ထို့ကြောင့် စကြဝဠာပေါင်းစုံ တစ်ခွင်တွင် ၎င်းမှာ အလွန်အမင်း ရှားပါးလှပေသည်။ သို့သော် အမှောင် ပျောက်ဆုံး နတ်ပြည် တွင်မူ အချိန် လျှို့ဝှက်နည်းစနစ်များ၏ ပြီးပြည့်စုံသော အမွေအနှစ် တစ်ခု ရှိနေခဲ့သည်။

ဤသည်မှာ ဝေ့လီ က ဤလျှို့ဝှက်နည်းစနစ်ကို အသုံးပြုနိုင်ရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်နေစေကာမူ ဤကဲ့သို့ သေစေနိုင်သော လျှို့ဝှက်နည်းစနစ်မျိုးကို သူ ကိုယ်တိုင် ကျင့်ကြံနိုင်ရန်မှာ မဖြစ်နိုင်ချေ။ အမှန်တွင် သူသည် အမှောင် ပျောက်ဆုံး နတ်ပြည် ထံမှ အမွေအနှစ် အချို့ကို ရရှိထားခဲ့သောကြောင့် ဤမျှလောက် မောက်မာနေခြင်း ဖြစ်သည်။ သို့သော် လျှို့ဝှက်နည်းစနစ်က ပိုမို အစွမ်းထက်လေလေ၊ အသုံးပြုသူအပေါ် တောင်းဆိုမှုများက ပိုမို မြင့်မားလေလေ ဖြစ်သည်။

အထူးသဖြင့် ယခု ဝေ့လီမှာ ဤနေရာတွင် ခန္ဓာကိုယ် အစစ်အမှန်ဖြင့် ရှိနေခြင်း မဟုတ်ဘဲ ဤလျှို့ဝှက်နည်းစနစ်ကို အသုံးပြုရန် ကိုယ်ပွားတစ်ခုကိုသာ အသုံးပြုနေခြင်းကြောင့် သူ့အပေါ် သက်ရောက်သည့် ဖိအားမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

သူ၏ တစ်ကိုယ်လုံး တုန်ယင်နေခဲ့ပြီး ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာကာ သူ၏ အရှိန်အဝါများမှာ အောက်ခြေအထိ ထိုးကျသွားခဲ့သည်။

သို့တိုင်အောင် သူ၏ မျက်နှာမှာ ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ရွှယ်အန်း၏ နတ်မီးတောက် ကြောင့် သူက အလွန်အမင်း စိုးရိမ်ထိတ်လန့်နေခဲ့သည်။ ယခုအခါ စွန့်လွှတ်အနစ်နာခံမှု အချို့ဖြင့် ၎င်းကို ဖယ်ရှားပစ်နိုင်ခဲ့သဖြင့် ၎င်းက သူ့ကို သဘာဝကျကျပင် ပြဿနာများစွာမှ ကင်းဝေးသွားစေမည် ဖြစ်သည်။

ကျန်ရစ်ခဲ့သော ကောက်ကြောင်းလေးနှင့် ပတ်သက်၍မူ ဝေ့လီ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး လုံးဝ ဂရုမစိုက်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် အချိန် အဝေးရောက် ပြည်နှင်ဒဏ် မန္တန် ထိမှန်သွားသည်နှင့် အင်မော်တယ် ဘုရင် တစ်ပါးပင်လျှင် ကျဆုံးရမည် ဖြစ်သောကြောင့်ဖြစ်သည်။

အများဆုံး သူတို့ ခဏလောက် ရုန်းကန်နိုင်မည် ဖြစ်သော်လည်း အဆုံးတွင် အချိန်ချောက်ကမ်းပါးထဲသို့ လိမ္မာစွာ နစ်မြုပ်သွားရမည်ဖြစ်ပြီး ဘယ်တော့မှ ပြန်လာနိုင်တော့မည် မဟုတ်ချေ။ ထို့အပြင် ဝေ့လီ၏ အမြင်တွင် ရွှယ်အန်း၏ စွမ်းအားများမှာ ယခုအခါ များစွာ အားနည်းနေပြီဖြစ်သဖြင့် သူက ခြိမ်းခြောက်မှုတစ်ခု လုံးဝ မဟုတ်တော့ချေ။ တစ်ချိန်တည်းမှာပင် နေရာတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။

"သေသွားပြီလား... ဟားဟားဟားဟား၊ နောက်ဆုံးတော့ သေသွားပြီပဲ၊ ငါ့ဝေ့မိသားစုကို ဆန့်ကျင်တာ... အခုတော့ မင်း အကျိုးဆက်ကို ခံစားရပြီပေါ့"

သွေးများ ဖုံးလွှမ်းနေသော မျက်နှာဖြင့် ဝေ့ယွီဟွာက အလွန်အမင်း ကျေနပ်စွာဖြင့် အားရပါးရ ရယ်မောသည်။

ဝမ်မူလင်း နှင့် ဝေ့ချင်းရှောင်း တို့မှာ အသည်းခိုက်မတတ် တုန်လှုပ်သွားကြသည်။

"အရှင်သခင်"

ထို့နောက် သူတို့၏ မျက်လုံးများမှ မျက်ရည်များ ထွက်လာခဲ့သည်။ သို့သော် ထိုအချိန်မှာပင် ကျန်ရစ်နေသော ကောက်ကြောင်းလေးထံမှ တောက်ပသော အလင်းတန်းလေး တစ်ခု ထွက်ပေါ်လာပြီး လေထဲတွင် လျင်မြန်စွာ ကြီးထွားလာကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် သေသပ်လှပသော ပုံစံရှိသည့် စံအိမ်မျှော်စင်လေး တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ဝေ့လီ မှာ အနည်းငယ် မှင်တက်သွားပြီးနောက် သူ၏ နှုတ်ခမ်းများကို လောဘတကြီး သပ်လိုက်သည်။

"အဆောင် ရတနာ တစ်ခုလား"

သူ့လို အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး အတွက်တော့ အဆောင် ရတနာ ဆိုသည်မှာ ရှားပါးသည့် အရာ မဟုတ်ချေ။ သို့သော် ဤစံအိမ်မျှော်စင်လေးမှာ ထူးခြားသော ပုံစံရှိပြီး ၎င်း၏ အရှိန်အဝါများက အလွန် တက်ကြွနေကာ ၎င်းကိုယ်တိုင် အသိစိတ် ရရှိနေပြီဖြစ်ကြောင်း ရှင်းလင်းနေခဲ့သည်။

ဤကဲ့သို့သော ရတနာမျိုးမှာ ရှားပါးလှပြီး ဝေ့လီ မှာ သဘာဝကျကျပင် မြှူဆွယ်ခံလိုက်ရသည်။

သို့သော် သူ မလှုပ်ရှားနိုင်မီမှာပင် မှော်ရတနာ စံအိမ်လေး က ရုတ်တရက် အနည်းငယ် တုန်ခါလာပြီး လွှမ်းမိုးနိုင်သော တောက်ပမှုများကို ရုတ်တရက် ထုတ်လွှတ်လ သည်။ ထို့နောက် ဤမျက်စိကျိန်းမတတ် တောက်ပမှုများကြားတွင် ပုံရိပ်အချို့ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

အလင်းရောင်များ မှေးမှိန်သွားသောအခါ လူတိုင်းမှာ ဆွံ့အ မှင်တက်သွားခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် မြင်ကွင်းထဲတွင် ပေါ်လာသောအရာမှာ သံသယဖြစ်ဖွယ် မရှိဘဲ အသက်ရှူမှားလောက်အောင် လှပသော မြင်ကွင်းတစ်ခု ဖြစ်နေသောကြောင့်ဖြစ်သည်။ အရှေ့ဆုံးတွင် ရပ်နေသူမှာ အလွန်အမင်း လှပသော အမျိုးသမီး တစ်ဦးဖြစ်ပြီး သူမ၏ မြင့်မြတ်သော အရှိန်အဝါက တစ်ချက်ကြည့်ရုံဖြင့် လူအများအပြားကို အောက်ကျို့သွားသလို ခံစားရစေသည်။

သူမ၏ အနောက်တွင် ရုပ်သွင်နှင့် အရပ်အမောင်း တူညီပြီး ကျောက်စိမ်းလေးများအလား ထုဆစ်ထားသော ကောင်မလေး နှစ်ယောက် ရှိနေသည်။

ကောင်မလေးများ၏ ဘေးတွင် အပျိုတော် နှစ်ဦး ရပ်နေခဲ့သည်။

အပျိုတော် တစ်ဦးမှာ ပြည့်ဖြိုးပြီး ချစ်စဖွယ်ကောင်းသော မျက်နှာလေး ရှိကာ အပြစ်ကင်းစင်ပြီး လှပနေခဲ့သည်။

အခြား တစ်ဦးမှာမူ ညို့ယူဖမ်းစားနိုင်သော မြေခွေး မျက်လုံးများ ရှိပြီး တစ်ချက်ကြည့်ရုံဖြင့် မည်သူ့ကိုမဆို ဆွဲဆောင်နိုင်လောက်အောင် အသက်ရှူမှားဖွယ် အသွင်အပြင် ရှိနေခဲ့သည်။ ဤကဲ့သို့ ရုတ်တရက် ပေါ်လာသော မြင်ကွင်းက နေရာတစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။

ဝမ်မူလင်း နှင့် ဝေ့ချင်းရှောင်းတို့မှာ ဆွံ့အ မှင်တက်သွားကြပြီး ခဏအကြာတွင် သူတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြရာ တစ်ယောက်၏ မျက်လုံးများထဲရှိ စိုးရိမ်ပူပန်မှုများကို အခြားတစ်ယောက်က မြင်တွေ့လိုက်ရသည်။

သူတို့ နှစ်ယောက်စလုံးက အန်းယန် ကို မြင်ဖူးထားသဖြင့် ဤသူများမှာ ရွှယ်အန်း၏ ဇနီးနှင့် ကလေးများ ဖြစ်ကြောင်း သဘာဝကျကျပင် သိထားကြသည်။ သို့သော် အန်းယန် နှင့် အခြားသူများ ယခုအချိန်တွင် ပေါ်လာခြင်းက ဝေ့ချင်းရှောင်း နှင့် အခြားသူများ၏ အမြင်တွင် ကျားသိုက်ထဲ ဝင်လာသည့် သိုးများနှင့် တူနေခဲ့သည်။

အမှန်ပင်။ ဝေ့လီလည်း သူ၏ အံ့အားသင့်မှုမှ သတိပြန်ဝင်လာပြီး သူ၏ မျက်လုံးများမှာ လောဘများဖြင့် ပြည့်နှက်နေခဲ့သည်။ သူက နှစ်ပေါင်း နှစ်သောင်းတိုင်တိုင် အသက်ရှင်နေထိုင်လာခဲ့သော်လည်း သူ့ရှေ့ရှိ ဤအမျိုးသမီးများ၏ ထူးကဲသော အလှတရားများက ထိတ်လန့် အံ့သြစရာ ကောင်းနေဆဲဖြစ်သည်။ ထို့ကြောင့် သူက မလှောင်ပြောင်ဘဲ မနေနိုင်ခဲ့ချေ။

"တစ်ချက်တည်းနဲ့ ဒီလောက်အများကြီး ထွက်လာတာပဲ၊ ဒီနေ့ ငါ ကံကောင်းနေပုံရတယ်"

အန်းယန်က စကားမပြောချေ။ သူမက ကောက်ကြောင်းလေးကို ကြက်သေသေဖြင့် ငေးကြည့်နေပြီး သူမ၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးနေခဲ့သည်။ အံ့အားသင့်မှု၊ ဝမ်းနည်းမှုများ ရှိနေသော်လည်း အများစုမှာ ဒေါသများပင် ဖြစ်သည်။

‘ဟုတ်တယ် အရာအားလုံးကို ပြာကျသွားစေနိုင်လောက်တဲ့ ဒေါသမျိုးပဲ’

ထို့ကြောင့် ဝေ့လီ၏ လှောင်ပြောင်သော စကားများကို ကြားသောအခါ အန်းယန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လက်ကို မြှောက်ကာ ဒေါသထွက်နေသော ဟွီယင်းကို တားပြီးနောက် ရေခဲတမျှ အေးစက်သော မျက်လုံးများဖြင့် ဝေ့လီကို ကြည့်လိုက်သည်။

"ရှင် ငါ့ယောကျ်ားကို ထိခိုက်အောင် လုပ်လိုက်တာလား"

အန်းယန်၏ အသံမှာ တည်ငြိမ်နေပြီး တုန်လှုပ်မှု အရိပ်အယောင်လေး တစ်ခုမျှပင် မရှိခဲ့ချေ။ သို့သော် ဤတည်ငြိမ်မှုအောက်တွင် တက်ကြွနေသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ခိုအောင်းနေခဲ့သည်။ ဝေ့လီက ရယ်မောလာသည်။

"ယောကျ်ား ဟုတ်လား၊ နတ်မီးတောက် တစ္ဆေ ဧကရာဇ်က မင်းယောကျ်ားလား၊ နှမြောစရာပဲ... ဘာလို့လဲဆိုတော့ ဒီနေ့ကစပြီး မင်းက မုဆိုးမ ဖြစ်သွားပြီလေ၊မင်း ယောကျ်ား သေသွားပြီ ဟားဟားဟားဟား"

"ရှင် လိမ်နေတာ၊ သမီး ဖေဖေ မသေသေးဘူး"

ရှန်းရှန်း က ရုတ်တရက် အန်းယန် ၏ အနောက်မှ ခေါင်းပြူထွက်လာပြီး အော်ဟစ်လာသည်။

"ဟုတ်တယ်၊ သမီး ဖေဖေ က သေမှာ မဟုတ်ဘူး... ဖေဖေက လောကကြီးမှာ အစွမ်းအထက်ဆုံး လူပဲ၊ ရှင်ကသာ သေရမယ့် လူယုတ်မာကြီး... ပြီးတော့ အရမ်း ကြောက်စရာကောင်းအောင် သေရမှာ အလောင်းတောင် ကျန်မှာ မဟုတ်ဘူး"

နျန်နျန်က သူမ၏ လက်သီးသေးသေးလေးများကို ဝှေ့ယမ်းကာ ဒေါသများ ပြည့်နှက်နေသော မျက်နှာလေးဖြင့် ပြောသည်။

"ဟားဟား... ပါးစပ်သရမ်းတဲ့ ကောင်မလေး နှစ်ယောက်ပဲ"

ဝေ့လီက လှောင်ပြုံးပြုံးလိုက်သည်။ သို့သော် သူ ကိုယ်တိုင်ပင်လျှင် သတိမထားမိလိုက်ဘဲ နျန်နျန် စကားပြောနေစဉ် ကောင်းကင်နှင့် မြေကြီးတွင် တစ်ခုခုက သိမ်မွေ့စွာ ပြောင်းလဲသွားပုံရသည်။ ဤအခိုက်အတန့်တွင် အန်းယန် က ခေါင်းညိတ်လိုက်သည်။

"အရမ်း ကောင်းတယ်၊ ငါ့ယောကျ်ားကို ရှင်က ဒီလောက်အထိ ဖြစ်အောင် ရိုက်နှက်ခဲ့မှတော့... ဒီနေ့ သူ့အတွက် ငါ လက်စားချေရမှာပေါ့"

"လက်စားချေမယ် ဟုတ်လား၊ မင်း တစ်ယောက်တည်းကများ..."

ဝေ့လီက ပို၍ပင် အားရပါးရ ရယ်မောလိုက်သည်။ ဤအခိုက်အတန့်ကို သူက လုံးလုံးလျားလျား ခံစားနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အန်းယန် သည် အင်မော်တယ် အစစ်အမှန် အဆင့်တစ်ဝက်သာ ရှိသေးကြောင်းကို သူက ရှင်းလင်းစွာ ခံစားနေရသောကြောင့်ဖြစ်သည်။

ဤကဲ့သို့သော ကျင့်ကြံခြင်း အဆင့်မျိုးမှာ သူ့အတွက် ပုရွက်ဆိတ် တစ်ကောင်ထက် မပိုချေ။ သူ၏ မှုတ်ထုတ်လိုက်သော လေတစ်ချက်တည်းဖြင့်ပင် သေဆုံးသွားနိုင်ပေသည်။ သို့သော် ဝေ့လီ၏ လှောင်ပြောင်မှုများရှေ့တွင် အန်းယန် က မည်သည့် ဒေါသကိုမျှ မပြသဘဲ ပို၍ပင် တည်ငြိမ်လာခဲ့သည်။

သူမက လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ရာ ထူးဆန်းသော အနက်ရောင် လက်နက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းမှာ ပြားချပ်ချပ် ဒယ်အိုးပြား တစ်ခုနှင့် လုံးဝ တူညီနေခဲ့သည်။ ဝေ့လီ အေးခဲသွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလာသည်။

"ဘာ... အဲဒီ ဒယ်အိုးနဲ့ နင့်ယောကျ်ားအတွက် လက်စားချေမလို့လား၊ ဟာသပဲ"

သို့သော် အန်းယန် က မကြားသည့်အလား အောက်သို့ ငုံ့ကြည့်ကာ ဒယ်အိုးပြား ကို တိုးညင်းစွာ ပြောသည်။

"လွေ့ဇင်း... အိပ်မနေနဲ့တော့၊ အလုပ်လုပ်ရမယ့် အချိန်ရောက်ပြီ”

--

All Chapters