← Chapters

အခန်း ၁၄၄၇

Vol. 97 Ch. 1447

အခန်း ၁၄၄၇

Vol. 97 Ch. 1447

အခန်း (၁၄၄၇) အန်းယန် စွမ်းအားကြီးမားမှုကို ပြသခြင်း

အချိန်အတော်ကြာ ငြိမ်းချမ်းတိတ်ဆိတ်မှုကို ခံစားနေရသောကြောင့် မှော်ရတနာ ဝိညာဉ် လွေ့ဇင်း သည် ဒယ်အိုးပြားထဲတွင် အိပ်မောကျနေခဲ့သည်။ အန်းယန်၏ ခေါ်သံကို ကြားလိုက်ရသောအခါ လွေ့ဇင်း က တဖြည်းဖြည်း နိုးလာပြီး သမ်းဝေကာ ပြောသည်။

"သခင်မ... အခု ငါတို့ ဘယ်သူနဲ့ တိုက်ခိုက်ရမှာလဲ... ဟစ် အင်မော်တယ် ဘုရင်ကြီးပါလား"

အင်မော်တယ်ဘုရင် ဆိုသည့် စကားလုံးများကို ပြောလိုက်ချိန်တွင် လွေ့ဇွင်း၏ အသံမှာ အက်ကွဲလုမတတ် တုန်ယင်နေခဲ့သည်။ အန်းယန်က လက်ကိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောသည်။

"အင်မော်တယ်ဘုရင် ဖြစ်တော့ရော ဘာဖြစ်လဲ၊ နင် ယုံကြည်မှု ရှိလား"

လွေ့ဇင်း မှာ အကြောက်လွန်ပြီး သတိလစ်လုနီးပါး ဖြစ်နေခဲ့သည်။

"သခင်မ... ဒီလို ကစားလို့ မရဘူးလေ၊ ကျွန်တော်က လွေ့ဇင်း သေးသေးလေးပဲ ရှိသေးတာ၊ သူက အင်မော်တယ် ဘုရင် အဆင့်ရှိတဲ့ အစွမ်းထက် ပုဂ္ဂိုလ်ကြီး... ကျွန်တော်က..."

သူ့ စကားမဆုံးမီမှာပင် အန်းယန်က ဒယ်အိုးပြားကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး ခပ်ဖွဖွ ပြောသည်။

"နားလည်ပြီ၊ ဒါဆို နင်က ယုံကြည်မှု မရှိဘူးပေါ့"

"သေချာတာပေါ့ မရှိဘူး..."

"ဒါပေမယ့် ငါ ရှိတယ်၊ ဘာလို့လဲဆိုတော့..."

အန်းယန်က လွေ့ဇွင်း၏ စကားကို တုံ့ဆိုင်းမှု မရှိဘဲ ဖြတ်ပြောလိုက်ပြီးနောက် တိုးညင်းစွာ အော်ဟစ်လိုက်ကာ သူမ၏ ပုံရိပ်က ပြတ်သားစွာ လျှပ်တစ်ပြက် ပြေးထွက်သွားပြီး လှောင်ပြုံးပြုံးနေသော ဝေ့လီဆီသို့ အပြေးအလွှား တိုးဝင်သွားတော့သည်။

"ငါ့ယောကျ်ားအတွက် ငါ လက်စားချေရမယ်"

ထိုသို့ပြောပြီးနောက် အန်းယန်က ဝေ့လီ၏ အနီးသို့ ရောက်ရှိသွားပြီး ဒယ်အိုးပြားဖြင့် ရိုက်ချတော့သည်။

"အာားးးးး"

လွေ့ဇင်းမှာ အသိလွတ်လုမတတ် လန့်သွားခဲ့သည်။ ၎င်းက မသေမျိုး ဘုရင် အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးနှင့် တစ်နေ့တွင် တိုက်ခိုက်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးချေ။

အလွန်အမင်း စိတ်ပျက်အားငယ်မှုထဲတွင် ၎င်းကလည်း အားကုန်ထုတ်ကာ ၎င်း၏ မိုးကြိုး စွမ်းအားများ အားလုံးကို ရူးသွပ်စွာ ထုတ်လွှတ်တော့သည်။

မိုးခြိမ်းသံများကြားတွင် ဒယ်အိုးပြားပေါ်၌ မိုးကြိုး အလင်းတန်းများက ရူးသွပ်စွာ တောက်ပနေခဲ့ပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကိုပင် ဆင့်ခေါ်လိုက်ကာ မိုင်တစ်ထောင် အတွင်းရှိ ကောင်းကင်ယံကို ထူထပ်သော မိုးကြိုးတိမ်တိုက်များဖြင့် ပြည့်နှက်သွားစေသည်။ ထို့နောက် ကျယ်လောင်သော အက်ကွဲသံကြီး တစ်ခုနှင့်အတူ တစ်မိုင်ခန့် ကျယ်ဝန်းသော ဧရာမ မိုးကြိုးသွားကြီး တစ်ခုက ဝေ့လီ ဆီသို့ တိုက်ရိုက် ကျဆင်းလာခဲ့သည်။

ဤကဲ့သို့သော စွမ်းအားကို အစွမ်းထက်တယ် ဆိုသော စကားလုံးကလွဲရင် တခြား ဘယ်လိုမှ ဖော်ပြလို့ မရနိုင်လောက်အောင်ပင်။ အထူးသဖြင့် မိုးကြိုး စွမ်းအားကို မွေးရာပါ မုန်းတီးကြသော တစ္ဆေ မျိုးနွယ်စုဝင်များ အတွက် ဤပေါင်းစပ် အကျိုးသက်ရောက်မှုများက တစ္ဆေ အများအပြားကို သဘာဝကျကျပင် နောက်ဆုတ်သွားစေခဲ့သည်။

သို့သော် ဝေ့လီက မည်သည့် အမူအရာမျှ မပြဘဲ အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ရုံသာ ပြုလုပ်သည်။

"ဒီလောက် စွမ်းအားလေးနဲ့ ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့"

ထိုသို့ပြောရင်း သူက ကျဆင်းလာသော မိုးကြိုး အလင်းတန်းကို ဖမ်းဆုပ်ရန် လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး ရုတ်တရက် ဆုပ်ကိုင် ညှစ်ချသည်။

ဘုန်း

မိုးကြိုး အလင်းတန်းမှာ တိုက်ရိုက် အမှုန့်ကြိတ်ခံလိုက်ရသည်။ ထိုမျှမက ဒယ်အိုးပြား ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော မိုးကြိုး အလင်းတန်းများပင်လျှင် လွင့်စင်သွားခဲ့သည်။ တိုက်ခိုက်မှု တစ်ချက်တည်းနှင့်ပင် သနားစရာကောင်းသော လွေ့ဇင်း မှာ အလွန်အမင်း နာကျင်ကြေကွဲဖွယ်ကောင်းသော အူသံကြီး တစ်ခု ထုတ်လွှတ်လိုက်ပြီး အစိတ်စိတ်အမွှာမွှာ ကွဲအက်လုနီးပါး ဖြစ်သွားခဲ့သည်။

ရူးသွပ်စွာ ရှေ့သို့ ပြေးဝင်လာခဲ့သော အန်းယန် မှာလည်း ဤစွမ်းအားကြောင့် ခြေလှမ်း ဒါဇင်ချီ၍ နောက်သို့ လွင့်စင်သွားခဲ့ရသည်။ သို့သော် ထိုအချိန်မှာပင် မျက်မြင်မရသော စွမ်းအားတစ်ခုက နေရာမရွေးမှ ရုတ်တရက် ပေါ်လာပြီး ဝေ့လီ ၏ လက်များနှင့် ခြေထောက်များကို ချည်နှောင်လိုက်သည်။

"ဟင်"

ဝေ့လီမှာ အံ့အားသင့်သွားပြီး ခေါင်းမော့ကြည့်မိသည်။ ဟွီယင်းက အကြောင်းရင်း တစ်ခုခုကြောင့် သူမ၏ မြေခွေး မိစ္ဆာပုံစံကို ထုတ်ဖော်ပြသလိုက်ပြီး သူမ၏ ကြီးမားသော အမြီးငါးချောင်းက ဗလာနယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားကာ ဝေ့လီ ၏ ဘေးတွင် တိုက်ရိုက် ပေါ်လာပြီး သူ့ကို တင်းကျပ်စွာ ချည်နှောင်ထားသည်ကို သူ မြင်တွေ့လိုက်ရသည်။

"ကောင်းကင် မြေခွေး မျိုးနွယ်စုလား၊ မင်းက ချင်းချိုး မြေခွေး တိုင်းပြည် ကလား"

ဝေ့လီက အေးစက်စွာ မေးသည်။

ဟွီယင်း ၏ မျက်နှာမှာ ဖြူဖျော့နေပြီး သွားများကို ကြိတ်ကာ မနည်း တောင့်ခံထားရသည်။ ဝေ့လီ၏ လွှမ်းမိုးနိုင်သော အရှိန်အဝါကြောင့် သူမ၏ ကိုယ်ပိုင် မြေခွေးအမြီးများကို ကြိုးများအဖြစ် အသုံးပြုထားသော်ငြား သူ့ကို ချည်နှောင်ထားနိုင်ရန် သူမ မနည်း ကြိုးစားနေရသည်။

ထိုသို့ပင် ဖြစ်လင့်ကစား သူ၏ စကားများကို ကြားသောအခါ ဟွီယင်း က အေးစက်စွာ ရယ်မောလိုက်ပြီး ခေါင်းကို မော့ကာ မာနတခွဲသားဖြင့် ပြောသည်။

"မှန်တယ်၊ ငါက ချင်းချိုး မြေခွေး တိုင်းပြည်ကပဲ... အဲဒီတော့ ဘာဖြစ်လဲ၊ အခု ကြောက်သွားပြီလား"

"ကြောက်တယ် ဟုတ်လား"

ဝေ့လီ က အေးစက်စွာ လှောင်ပြုံးပြုံးသည်။

"ကောင်မလေး... တကယ်လို့ မင်းမှာ အမြီးခုနစ်ချောင်းသာ ရှိနေမယ် ဆိုရင် မင်းကို နည်းနည်းလေး ကြောက်ဖို့ ငါ စဉ်းစားကောင်း စဉ်းစားမိလိမ့်မယ်၊ ဒါပေမယ့် အခုက မင်းက အမြီးငါးချောင်းပဲ ရှိသေးတဲ့ အကောင်ပေါက်လေး တစ်ကောင်ပဲ၊ ဒီလောက် အကန့်အသတ်ရှိတဲ့ စွမ်းအားလေးနဲ့ စကြဝဠာပေါင်းစုံမှာ လျှောက်သွားရဲတာ... မင်းက သေလမ်းရှာနေတာပဲ ဆိုတာကို ဘယ်သူကမှ မသင်ပေးလိုက်ဘူးလား"

ထိုသို့ပြောရင်း ဝေ့လီက ရုတ်တရက် လက်ကို မြှောက်လိုက်ပြီး ယှဉ်ပြိုင်၍ မရနိုင်လောက်အောင် အစွမ်းထက်သော စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်ရာ ဟွီယင်း မှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူမ၏ မျက်နှာမှာ ချက်ချင်း ပိုမို ဖြူဖျော့သွားတော့သည်။

ဝေ့လီ က နောက်တစ်ကြိမ် လှောင်ပြုံးပြုံးလိုက်ပြီး ဟွီယင်း ၏ အမြီးများကို လုံးလုံးလျားလျား ကြေမွသွားစေရန် ရည်ရွယ်ကာ သူ၏ ဆုပ်ကိုင်မှုကို ပိုမို တင်းကျပ်လိုက်သည်။ ထိုအချိန်မှာပင် ရေဘဝဲ လက်တံ ဒါဇင်ချီ၍ ကောင်းကင်ယံကို ဖြတ်ပျံလာပြီး ဝေ့လီကို အလွှာလိုက် ရစ်ပတ်ချည်နှောင်လိုက်သည်။

"ရှောင်ယွီ"

ဟွီယင်း က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ ပုံစံပြောင်းသွားသော ကျန်းရှောင်ယွီကလည်း ပြန်

အော်ဟစ်သည်။

"အစ်မ မြေခွေး... မြန်မြန် အစ်မရဲ့ အမြီးတွေကို ပြန်ရုပ်သိမ်းလိုက်တော့"

ဟွီယင်း၏ မျက်နှာပေါ်တွင် တွန့်ဆုတ်မှုများ လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့သည်။ အကယ်၍ သူမက ယခု သူမ၏ အမြီးများကို ပြန်ရုပ်သိမ်းလိုက်မည်ဆိုလျှင် ကျန်းရှောင်ယွီ ၏ လက်တံများမှာ ချက်ချင်း ကြေမွသွားလိမ့်မည် ဖြစ်သည်။ ကျန်းရှောင်ယွီ က ဂရုမစိုက်သကဲ့သို့ အော်ဟစ်သည်။

"အစ်မ မြေခွေး... ကျွန်မအတွက် စိတ်မပူနဲ့၊ ကျွန်မရဲ့ လက်တံတွေက ပြန်ပေါက်လာနိုင်တယ်၊ ဒါပေမယ့် အစ်မရဲ့ အမြီးတွေက ပြန်မပေါက်နိုင်ဘူးလေ"

ဝေ့လီ က ရက်စက်သော အပြုံးတစ်ခုကို ပြသလာသည်။

"ထွက်ပြေးဖို့ ကြိုးစားနေတာလား၊ ဟားဟား... မင်းတို့ထဲက တစ်ယောက်မှ... တစ်ယောက်မှ ထွက်မသွားရဘူး"

သူက ဟွီယင်းနှင့် ကျန်းရှောင်ယွီ တို့ကို လုံ ကြေမွသွားစေရန် ရည်ရွယ်ကာ သူ၏ အပြည့်အဝ စွမ်းအားများကို ထုတ်သုံးရန် ပြင်ဆင်လိုက်ချိန်မှာပင် သတ္တုသံ တဒေါင်ဒေါင် ထွက်ပေါ်လာပြီး ဝေ့လီက အထက်မှနေ၍ ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။

သူက အပေါ်သို့ မော့ကြည့်လိုက်သောအခါ အန်းယန် က အကြောင်းရင်း တစ်ခုခုကြောင့် သူ၏ အထက်တွင် ပေါ်လာပြီး ဒယ်အိုးပြား ဖြင့် အားကုန် ရိုက်ချနေသည်ကို မြင်တွေ့လိုက်ရသည်။

ဒေါင် ဒေါင် ဒေါင်

ကျယ်လောင်သော သံခမောက်သံ တစ်ချက်စီနှင့်အတူ ဝေ့လီ၏ ခေါင်းမှာ အဖုအပိမ့်များ ထွက်လာသည်အထိ ထုရိုက်ခံနေရသည်။ အန်းယန် မှာ သိသာထင်ရှားစွာပင် ဒေါသထွက်နေပြီး သနားညှာတာမှု ကင်းမဲ့စွာဖြင့် လွှဲရိုက်နေခဲ့သည်။ ဤမြင်ကွင်းက ထိုနေရာတွင် ရှိနေသူ အားလုံးကို ဆွံ့အ မှင်တက်သွားစေသည်။

အဘယ်ကြောင့်ဆိုသော် ရူးသွပ်နေသော ဘီလူးမကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသော အန်းယန်က ဒယ်အိုးပြားကို လျင်မြန်စွာ ဝှေ့ယမ်းနေသဖြင့် ၎င်းမှာ ဝေဝါးနေပြီး ပဲ့တင်ထပ်နေသော ဒေါင်ဒေါင် သံများက မပြတ်မလပ် ထွက်ပေါ်နေသောကြောင့်ဖြစ်သည်။ ဝေ့လီမှာ သတိလစ်လုမတတ် အရိုက်ခံနေရပြီး ဤအမျိုးသမီးက သူ၏ အထက်တွင် ရုတ်တရက် ဘယ်လို ပေါ်လာသနည်း ဆိုသည်ကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

သို့သော် သူ၏ အရှက်ရမှုနှင့် ဒေါသများကြားတွင် သူ၏ မျက်လုံးများထဲ၌ ရူးသွပ်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ လင်းလက်သွားပြီး ဤစက်ဆုပ်ရွံရှာဖွယ် အမျိုးသမီးကို အပိုင်းပိုင်း ဆွဲဖြဲပစ်ရန် လွှမ်းမိုးနိုင်သော အရှိန်အဝါကို ထုတ်လွှတ်ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုအချိန်မှာပင် ကံကြမ္မာအပေါ်တွင်သာ မူတည်နေပုံရသော ဝေဝါးလှသည့် အခွင့်အရေး တစ်ခုက ရုတ်တရက် ပေါ်လာပြီး သူ့ကို လုံးလုံးလျားလျား လမ်းလွဲသွားစေခဲ့သည်။

ဘုန်း

သူ အာရုံလွဲသွားသည့် အခိုက်အတန့်လေးတွင် အန်းယန် က ဒယ်အိုးပြားဖြင့် ပြင်းထန်စွာ ရိုက်ချလာသည်။

ဤမျှ ပြင်းထန်သော အင်အားကြောင့် သူ၏ ခေါင်းမှာ ကွဲအက်ကာ သွေးများ ထွက်လာပြီး ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။

"မေမေ အရမ်း တော်တာပဲ"

ရှန်းရှန်းနှင့် နျန်နျန် တို့က အော်ဟစ်လိုက်ကြသည်။ သို့သော် ရူးသွပ်လုမတတ် ဒေါသထွက်နေသော ဝေ့လီ က ဟိန်းဟောက်လိုက်ပြီး ဟွီယင်း နှင့် ကျန်းရှောင်ယွီ တို့၏ ချည်နှောင်မှုများမှ ရုန်းထွက်ကာ အဆိပ်ပြင်းစွာဖြင့် အော်ဟစ်လိုက်သည်။

"မိန်းမယုတ်... ငါ့လို မြင့်မြတ်တဲ့ သူတစ်ယောက်ကို မင်းက အနာတရ ဖြစ်အောင် လုပ်ရဲတယ်ပေါ့၊ မငိးကို ငါ အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်"

ထိုသို့ပြောပြီးနောက် သောင်းကျန်းနေသော မသေမျိုး ဘုရင် ၏ စွမ်းအားများက တက်ကြွလာပြီး အန်းယန် ဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

"အစ်မယန်"

သူတို့ ကိုယ်တိုင် ပြင်းထန်စွာ ဒဏ်ရာရနေသော်လည်း ဟွီယင်း နှင့် ကျန်းရှောင်ယွီ တို့က မအော်ဟစ်ဘဲ မနေနိုင်ခဲ့ကြချေ။ သို့တိုင်အောင် အန်းယန်က ကြောက်ရွံ့မှု ကင်းမဲ့နေပြီး ဒယ်အိုးပြားကို ကိုင်ထားဆဲဖြင့် ပြေးဝင်လာသော ဝေ့လီ ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။

"မေမေ"

ကောင်မလေး နှစ်ယောက်က စူးရှစွာ မအော်ဟစ်ဘဲ မနေနိုင်ခဲ့ကြချေ။ ဝေ့လီက အန်းယန် အနီးသို့ ရောက်ရှိလာပြီး ကြမ်းတမ်းသော အင်မော်တယ် ဘုရင် ၏ စွမ်းအားများက လွှမ်းခြုံလာချိန်တွင် အန်းယန် ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော တောက်ပမှု တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထက်မြက်သော ဓားဆန္ဒတစ်ခု ချက်ချင်း ဖွဲ့စည်းသွားပြီး အန်းယန် ထံသို့ ရည်ရွယ်ထားသော စွမ်းအားများ အားလုံးကို ဖြတ်တောက်သွားတော့သည်။

ဝေ့လီ၏ သူငယ်အိမ်များ ချက်ချင်း ကျုံ့သွားပြီး ဤဓားဆန္ဒတွင် တွယ်ကပ်နေသော အရှိန်အဝါကို သူ အာရုံခံမိသွားသည်။ ‘ဒါက အစောင့်အရှောက်ပဲ၊ နတ်မီးတောက် တစ္ဆေ ဧကရာဇ်က ဒီအမျိုးသမီးကို ပေးသနားထားခဲ့တဲ့ အစောင့်အရှောက် စွမ်းအားပဲ…’

ဤအတွေးများက သူ၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့သည်။

ထို့နောက် ဒယ်အိုးပြား က သူ၏ အမြင်အာရုံထဲတွင် တဖြည်းဖြည်း ကြီးမားလာပြီး နောက်ဆုံးတွင် သူ၏ နဖူးပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်ကို သူ မြင်တွေ့ရသည်။

ဘန်း

ဝေ့လီ မှာ လွင့်စင်သွားစဉ် အော်ဟစ်လိုက်ပြီး လေထဲတွင် အော်ပြောလိုက်သည်။

"အဲဒီနေရာက အရင်နေရာပဲလေ... တခြားနေရာကို ရိုက်လို့ မရဘူးလား"

အန်းယန်က ဖြည်းညင်းစွာ အသက်ရှူထုတ်ပြီး အေးစက်စွာ ပြန်ဖြေသည်။

"မရဘူး"

တစ်ချိန်တည်းမှာပင် ထိုနေရာတွင် ရှိနေသူ အားလုံးမှာ ဆွံ့အ မှင်တက်သွားကြသည်။ ‘ဒီအမျိုးသမီးက... အင်မော်တယ် ဘုရင် အဆင့်ရှိတဲ့ အစွမ်းထက် ပုဂ္ဂိုလ်ကြီးကို တကယ်ကြီး ရိုက်ထုတ်လိုက်တာလား’

ထိုအချိန်တွင် ဝေ့လီက သူ၏ ခြေထောက်ပေါ်တွင် ပြန်လည် ရပ်တည်နိုင်သွားပြီး ပြင်းထန်သော ဒေါသနှင့် အမုန်းတရားများဖြင့် အန်းယန် ကို စူးရဲစွာ စိုက်ကြည့်သည်။ သူ၏ စည်းချက်ကို နှောင့်ယှက်လိုက်သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားမှာ ဘာလဲဆိုတာကို သူ အခုထိ နားမလည်နိုင်သေးချေ။

သို့သော် ၎င်းမှာ ဤအမျိုးသမီးနှင့် သေချာပေါက် သက်ဆိုင်နေရမည်!

တစ်ချိန်တည်းမှာပင် အန်းယန် က ဒယ်အိုးပြား ကို အလျားလိုက် ကိုင်ထားကာ လူတိုင်းကို ညွှန်ပြပြီး အေးစက်စွာ ကြေညာသည်။

"ဒီနေ့ ဒီနေရာကို ငါ စောင့်ကြပ်မယ်... ရှေ့ကို တိုးရဲတဲ့ ဘယ်သူ့ကိုမဆို ငါ စိန်ခေါ်တယ်”

--

All Chapters