← Chapters

အခန်း ၁၄၄၉

Vol. 97 Ch. 1449

အခန်း ၁၄၄၉

Vol. 97 Ch. 1449

အခန်း (၁၄၄၉) အတူတကွ ထွက်ခွာခြင်း

အဆုံးမဲ့ သဲကန္တာရ…

ယခင်ကဲ့သို့ပင် တံတားငယ်လေးနှင့် စီးဆင်းနေသောရေနှင့် ယခင်ကဲ့သို့ပင် ဆည်းဆာနေဝင်ချိန်၏ ရောင်ခြည်များဖြင့် ဤခြံဝင်းငယ်လေး အတွင်း၌ အချိန်များ ရပ်တန့်နေသည့်အလား ထင်မှတ်ရသည်။ မုန့်ယောင်က ပန်းခန်းမဆောင်တွင် ထိုင်ကာ ပုံမှန်အတိုင်းပင် ကြက်သေသေဖြင့် ငေးမောနေခဲ့သည်။ သို့သော် မကြာမီမှာပင် ထိတ်လန့်တကြား ပြေးလာသော ခြေသံများကြောင့် ထိုငြိမ်းချမ်းမှုက ပျက်စီးသွားခဲ့သည်။

မုန့်ယောင် က အတွေးထဲမှ နိုးထလာပြီး မျက်မှောင်အနည်းငယ် ကြုတ်မိသည်။ သူမက အတွေးလွန်နေချိန်တွင် အနှောင့်အယှက် ပေးခံရခြင်းကို မုန်းတီးသည်။ ထိုအခိုက်အတန့်တွင် သူမ၏ ကိုယ်ပိုင် သက်တော်စောင့် တုန်းဟန် က ခြံဝင်းထဲသို့ အမောတကော ပြေးဝင်လာခဲ့သည်။ မုန့်ယောင်က ခပ်ဖွဖွ သက်ပြင်းချမိသည်။

"ဘာတွေ ဖြစ်နေတာလဲ၊ ဘာလို့ ဒီလောက်တောင် ကမောက်ကမ ဖြစ်နေရတာလဲ၊ ဘာတွေပဲဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ်နေဖို့ နင့်ကို ငါ ပြောထားတယ် မဟုတ်လား"

တုန်းဟန်က အဆုံးတွင် အသက်ရှူမှန်သွားပြီး မုန့်ယောင်၏ စကားကို ကြားသောအခါ ခါးသီးစွာ မပြုံးဘဲ မနေနိုင်ခဲ့ချေ။

"ဟုတ်ကဲ့ပါ ခန်းမဆောင်သခင်"

"အခု ငါ့ကို ပြော... ဘာဖြစ်လာတာလဲ"

မုန့်ယောင်က လက်ရန်းကို အေးအေးလူလူ မှီကာ ဖြည်းညင်းစွာ မေးသည်။

"ခန်းမဆောင်သခင်... ကျွန်မတို့ အခုလေးတင် သတင်းရလိုက်တယ်၊ မရဏအရှင်သခင်ရဲ့ လျှို့ဝှက် ရတနာ ပေါ်လာပြီတဲ့"

"အိုး... ဒါက ပုံမှန်ပဲလေ၊ အက်ကွဲနေတဲ့ မြေပြင်က အန္တရာယ် များပေမယ့် ဒီတစ်ခါ အလယ်ပိုင်း တစ္ဆေလောကနယ်ပယ် တစ်ခုလုံးက အထက်တန်းလွှာတွေကို စုဆောင်းထားတာဆိုတော့ ဖြေရှင်းဖို့ နည်းလမ်း ရှိရမှာပေါ့"

မုန့်ယောင် က ဂရုမစိုက်သကဲ့သို့ ပြောသည်။

"ပြီးတော့လေ..."

"ပြီးတော့ ဘာဖြစ်လဲ"

တုန်းဟန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။

"ပြီးတော့ ဝေ့မိသားစုရဲ့ ဘိုးဘေး ရုတ်တရက် ပေါ်လာတယ်၊ အဲဒီ... ပျောက်ကွယ်သွားတာ ကြာပြီဖြစ်တဲ့ နတ်မီးတောက် တစ္ဆေ ဧကရာဇ်လည်း အတူတူပဲတဲ့"

ဝေ့မိသားစု ဘိုးဘေး ပေါ်လာကြောင်း ကြားသောအခါ မုန့်ယောင်က အရေးမစိုက်ခဲ့သော်လည်း နောက်ထပ် စကားတစ်ခွန်းကို ကြားလိုက်ရချိန်တွင် အမြီး အနင်းခံလိုက်ရသော ကြောင်တစ်ကောင်အလား တုံ့ပြန်လာသည်။

"ဘာ... ထပ်ပြောစမ်း"

မုန့်ယောင်က ရုတ်တရက် မတ်တတ်ထရပ်ပြီး ပြင်းထန်သော စိတ်လှုပ်ရှားမှုဖြင့် အော်ဟစ်လာသည်။ တုန်းဟန်က စိတ်ထဲမှနေ၍ တိတ်တဆိတ် တွေးသည်။ ‘သခင်မပဲ ဘာအခြေအနေပဲဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ်နေဖို့ ခုနကလေးတင် ပြောနေတာ မဟုတ်ဘူးလား၊ ဘာလို့ ဒီသတင်းကို ကြားတော့မှ ကျွန်မထက် ပိုပြီး စိတ်လှုပ်ရှားနေရတာလဲ…’

သို့သော် ဤစကားများကို တုန်းဟန်က ထုတ်မပြောရဲဘဲ ခေါင်းငုံ့ကာ ပြောသည်။

"ခန်းမဆောင်သခင်... ကျွန်မ အတည်ပြုပြီးပါပြီ၊ နတ်မီးတောက် တစ္ဆေ ဧကရာဇ် တကယ် ပြန်ရောက်လာတာပါ၊ ဒါပေမယ့်..."

သူမ စကားမဆုံးခင်မှာပင် ခန်းမဆောင်သခင် မုန့်ယောင်မှာ စိတ်လှုပ်ရှားလွန်း၍ ဝမ်းသာမျက်ရည်များပင် ကျဆင်းနေပြီး ကောင်းကင်ယံသို့ ပျံတက်ရန် ဟန်ပြင်နေခဲ့ရာ ထို ဒါပေမယ့်ကို ကြားလိုက်ရသဖြင့် ရပ်တန့်သွားခဲ့သည်။

"ဒါပေမယ့် ဘာဖြစ်လဲ"

တုန်းဟန်က ခဏတာ တွန့်ဆုတ်သွားပြီးနောက် တိုးညင်းစွာ ပြောသည်။

"ဒါပေမယ့် နတ်မီးတောက် တစ္ဆေ ဧကရာဇ်က ပြဿနာ တစ်ချို့နဲ့ ကြုံတွေ့နေရပုံပဲ... သူ့ရဲ့ စွမ်းအားတွေက အကြီးအကျယ် ကျဆင်းနေတယ်၊ ပြီးတော့ အခု အင်မော်တယ်ဘုရင်အဆင့်ကို ရောက်နေပြီဖြစ်တဲ့ ဝေ့မိသားစု ဘိုးဘေး နဲ့ တိုက်ခိုက်တဲ့အချိန်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုနဲ့ အတိုက်ခံလိုက်ရလို့ အခု သူ အသက်ရှင်လား၊ သေဆုံးသွားပြီလားဆိုတာ မသိရတော့ဘူး"

ထိုစကားကို ကြားသောအခါ မုန့်ယောင်၏ မျက်နှာမှာ ပြာနှမ်းသွားပြီး သူမ ခန္ဓာကိုယ်မှာ ယိမ်းယိုင်ကာ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ တုန်းဟန် က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ရှေ့သို့ အလျင်အမြန် တိုးကာ မုန့်ယောင် ကို တွဲပေးသည်။

"ခန်းမဆောင်သခင်"

"ငါ အဆင်ပြေပါတယ်"

မုန့်ယောင်က လက်ကို ဝှေ့ယမ်းကာ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းပြီး အသက်ပြင်းပြင်း တစ်ချက်ရှူမိရာ သူမ လှပသော မျက်နှာပေါ်တွင် သတ်ဖြတ်လိုသည့် အငွေ့အသက် အလွှာများ ထွက်ပေါ်လာခဲ့သည်။

"တုန်းဟန်"

"ရှိပါတယ်"

"အခုကစပြီး သဲကန္တာရ မြို့တော်ကို နင် အုပ်ချုပ်ရမယ်"

တုန်းဟန်မှာ ဆွံ့အ မှင်တက်သွားပြီးနောက် ရုတ်တရက် နားလည်သွားကာ အံ့အားသင့်စွာ အော်ဟစ်လာသည်။

"ခန်းမဆောင်သခင်"

မုန့်ယောင်က လက်ကို ဝှေ့ယမ်းလိုက်သည်။

"ထပ်ပြောနေစရာ မလိုတော့ဘူး... ငါ ဆုံးဖြတ်ပြီးပြီ"

ထိုသို့ပြောပြီးနောက် မုန့်ယောင် က ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာအမှတ်အသား တိုကင်ပြား တစ်ခုက တုန်းဟန် လက်ထဲသို့ လွင့်ပျံသွားခဲ့သည်။ မုန့်ယောင် ခြေဆောင့်လိုက်ရာ တံလျှပ်တစ်ခုနှင့် တူသော ခြံဝင်းငယ်လေးမှာ စိတ်ကူးယဉ် အာရုံတစ်ခုအလား ကြေမွ ပျက်စီးသွားတော့သည်။

ထို့နောက် မုန့်ယောင်လည်း ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဗလာနယ်ထဲတွင် ခဏတာ ရပ်ကာ တုန်းဟန်ကို ပြောသည်။

"တကယ်လို့ ဒီခရီးကနေ ငါ ပြန်မလာခဲ့ရင်... ငါ့အတွက် အတိတ်ကို မူးယစ်ခြင်းအရက်တစ်ခွက် ပူဇော်ပေးဖို့ မှတ်ထားပါ"

ထိုသို့ပြောပြီးနောက် မုန့်ယောင် က အနက်ရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးရှိ မိုးကုတ်စက်ဝိုင်းဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။ တုန်းဟန် မှာ ထိုနေရာတွင် ကြက်သေသေဖြင့် ရပ်နေခဲ့ပြီး မျက်ရည်များ ရုတ်တရက် ကျဆင်းလာခဲ့သည်။

"ခန်းမဆောင်သခင်... ကျွန်မ... သခင်မ ပြန်အလာကို ဒီမှာ စောင့်နေပါ့မယ်"

ထိုအခိုက်အတန့်တွင် မုန့်ယောင် က မိုင်တစ်ထောင်ခန့် အဝေးသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဤအဆုံးမဲ့ သဲကန္တာရမှာ အလွန် ကျယ်ပြောလှသဖြင့် သူမ၏ လက်ရှိ အမြန်နှုန်းဖြင့် ပျံသန်းမည်ဆိုလျှင်ပင် အပြင်သို့ရောက်ရန် အနည်းဆုံး နေ့ဝက်ခန့် အချိန်ယူရမည် ဖြစ်သည်။ မုန့်ယောင် မှာ အလွန်အမင်း စိုးရိမ်ပူပန်ပြီး အလျင်လိုနေခဲ့သည်။ ရုတ်တရက် သူမက လက်မောင်းများကို ဝှေ့ယမ်းလိုက်ရာ သူမ၏ မျက်လုံးများမှာ တောက်ပစွာ လင်းလက်သွားပြီး သူမ၏ အနောက်တွင် ရှည်လျားသော အလင်းတန်း လမ်းကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

ဤသည်မှာ သူမ၏ ကျင့်ကြံခြင်း စွမ်းအားများကို ရူးသွပ်စွာ လောင်ကျွမ်းစေခြင်း၏ လက္ခဏာရပ်ပင် ဖြစ်သည်။ အလင်းတန်း လမ်းကြောင်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် သဲကန္တာရကို ဖြတ်၍ ထူးဆန်းသော ပန်းများနှင့် ဆေးဖက်ဝင် အပင်များ ရုတ်တရက် ပေါက်ရောက်လာခဲ့သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ခြောက်ကပ်ပြီး အသီးအပွင့် ကင်းမဲ့သော မြေနေရာမှာ စိမ်းလန်းသော ပင်လယ်ပြင် တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုရူးသွပ်လုနီးပါး အခြေအနေအောက်တွင် မုန့်ယောင်၏ အမြန်နှုန်းမှာ ဆယ်ဆမက မြင့်တက်သွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် မိုင်ထောင်ချီ ခရီးကို ဖြတ်ကျော်သွားခဲ့သည်။ ထို့ကြောင့် အံ့သြဖွယ်ကောင်းသော မြင်ကွင်းတစ်ခုက လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

အလင်းတန်း လမ်းကြောင်းတစ်ခုက ကောင်းကင်ယံ တစ်ခုလုံးတွင် ပြန့်ကျဲသွားသည်နှင့်အမျှ ၎င်း၏ အနောက်တွင် အဆုံးအစမရှိသော စိမ်းလန်းသည့် ပင်လယ်ပြင်ကြီးက ရူးသွပ်စွာ ပေါက်ရောက်လာခဲ့သည်။ အပြေးအလွှား သွားနေသော ခရီးစဉ်အတွင်း မုန့်ယောင် ၏ မျက်နှာပေါ်တွင် မျက်ရည်များ ဘယ်အချိန်ကတည်းက စီးကျနေသနည်း ဆိုတာကို သူမ မသိခဲ့ချေ။ သူမ၏ နှလုံးသားမှာ အဆုံးအစမရှိသော နာကျင်မှုများဖြင့် နှိပ်စက်ခံနေရသည်။

‘အရှင်သခင်... ရှင် သေချာ... သေချာပေါက် ဘေးကင်းရမယ်နော်’

အလယ်ပိုင်း တစ္ဆေလောကနယ်ပယ် နှင့် ထိစပ်နေသော နယ်မြေတစ်ခုတွင် ကျင်းကျွယ် က သူ၏ အသစ် လက်ခံထားသော တပည့်များကို ဦးဆောင်ကာ မြေပြင်ကို ဖြတ်သန်းသွားလာနေခဲ့သည်။ ဤမျှ ကြာရှည်သော အချိန်ကြာအောင် လေ့ကျင့်ပြီးနောက် ကျင်းကျွယ် ၏ အရှိန်အဝါက ပိုမို ချုပ်တည်းလာပြီး သူ၏ မျက်လုံးများမှာ မွေးကင်းစ ကလေးငယ် တစ်ဦးအလား သန့်စင်ပြီး အပြစ်အနာအဆာ ကင်းမဲ့ကာ သလင်းကျောက် စိန်များအလား ဖြစ်နေခဲ့သည်။

သူ ရှေ့သို့ အပြေးအလွှား သွားသောအခါ သူက မြေကြီးအထက် သုံးလက်မခန့်မှ လမ်းလျှောက်နေပြီး မည်သည့် လှိုင်းဂယက်ကိုမျှ မဖြစ်ပေါ်စေဘဲ သူ့ပတ်ဝန်းကျင်ရှိ လောကကြီးနှင့် လုံးလုံးလျားလျား ပေါင်းစပ်သွားသည့်အလား ဖြစ်နေခဲ့သည်။ သို့သော် ထိုအချိန်မှာပင် ကျင်းကျွယ် က ရုတ်တရက် တစ်ခုခုကို ခံစားမိရ

ပြီး ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

အနောက်မှ လိုက်ပါလာပြီး လေကို စီးနင်းကာ ခရီးသွားနေသော တပည့်များမှာ အချိန်မီ မရပ်တန့်နိုင်ဘဲ ဝင်တိုက်လုနီးပါး ဖြစ်သွားကြကာ မမေးဘဲ မနေနိုင်ခဲ့ကြချေ။

"ဆရာ... ဘာဖြစ်လို့လဲ"

ကျင်းကျွယ်က ဗလာနယ် အတွင်းရှိ နေရာတစ်ခုဆီသို့ မျက်လုံးများကို ပင့်ကြည့်ရာ သူ၏ မျက်လုံးများက အလင်းရောင်များဖြင့် လင်းလက်သွားပြီး အဆုံးတွင် လက်နှစ်ဖက်ကို ယှက်လိုက်သည်။

"အော်မီတော်ဖော်... ကျေးဇူးရှင် တစ်ယောက် ဒုက္ခရောက်နေချိန်မှာ ကျင်းကျွယ်က ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ"

ထိုသို့ပြောပြီးနောက် သူက တပည့်များဘက်သို့ လှည့်ကာ ပြောသည်။

"မင်းတို့ အားလုံး ဒီမှာ စောင့်နေကြ၊ ငါ့သူငယ်ချင်း တစ်ယောက်ကို သွားကယ်ဖို့ လိုနေပြီ"

တပည့်များ အားလုံးက ခေါင်းညိတ်ကြသော်လည်း ကျင်းကျွယ်နှင့် အကြာဆုံး အတူရှိခဲ့သော တပည့်ဖြစ်သူကသာ စကားပြောလာသည်။

"ဆရာ... အရင်တုန်းက ကျေးဇူးရှင်ကို သွားကယ်မလို့လား"

ကျင်းကျွယ် က ခေါင်းညိတ်ရာ သူ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။

"တပည့်... တကယ်လို့ ဆရာ ပြန်မလာခဲ့ရင် မင်းရဲ့ ဂျူနီယာညီလေးတွေကို မင်းပဲ စောင့်ရှောက်ပေးလိုက်ပါ"

ဤစကားကြောင့် တပည့်များ အားလုံး၏ မျက်နှာများ ပြောင်းလဲသွားပြီး ဝမ်းနည်းကြေကွဲသော အမူအရာများကို ပြသကာ ဒူးထောက်၍ အော်ဟစ်ကြသည်။

"ဆရာ"

ကျင်းကျွယ်က ခေါင်းခါရမ်းသည်။

"မိုက်မဲတဲ့ တပည့်တွေ... သေခြင်းရှင်ခြင်း ဆိုတာ သဘာဝတရားပဲ၊ ဘာလို့ ဒီလောက်တောင် စိတ်ဆင်းရဲနေရတာလဲ၊ ငါ သွားပြီ"

ထိုသို့ပြောပြီးနောက် ကျင်းကျွယ် က အောက်သို့ ငုံ့ကြည့်ကာ ကျမ်းစာများကို တိုးညင်းစွာ စတင် ရွတ်ဆိုသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် မြေကြီးမှနေ၍ ရွှေရောင် ကြာပန်းများ ထွက်ပေါ်လာပြီး သူ၏ အောက်မှနေ၍ ထောက်ပံ့ပေးထားခဲ့သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ၎င်းတို့ လွင့်စင်သွားသောအခါ ထိုနေရာတွင် ဘာမှ မရှိတော့ချေ။

ကျန်ရစ်ခဲ့သော တပည့်များ အားလုံးက ဇဝေဇဝါ ဖြစ်နေကြသော်လည်း ကျင်းကျွယ် ၏ နောက်သို့ အကြာဆုံး လိုက်ပါခဲ့သော အကြီးဆုံး တပည့်ဖြစ်သူကသာ တိတ်ဆိတ်စွာ ခဏတာ ထိုင်နေပြီးနောက် တင်ပျဉ်ခွေထိုင်ကာ တိုးညင်းစွာ ပြောသည်။

"ဆရာ ပြန်အလာကို ငါတို့ ဒီမှာပဲ စောင့်နေကြမယ်"

"ဟုတ်ကဲ့"

တစ္ဆေလောကနယ်ပယ် အနက်ရှိုင်းဆုံးရှိ လော့မိသားစုတွင် တစ္ဆေလောကနယ်ပယ် အနက်ရှိုင်းဆုံးရှိ မျိုးနွယ်စုကြီးများ ရှင်းလင်းခံရပြီးကတည်းက လော့ကျန့် နှင့် ရန်ထျန်းချီ တို့မှာ ဤလောကကြီးကို ပြန်လည် ဖွဲ့စည်းရန်နှင့် သူတို့၏ ထိန်းချုပ်မှုအောက်သို့ ယူဆောင်လာရန် အလုပ်များနေခဲ့ကြသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် လော့ကျင်းထင်မှာ အများကြီး ပိုပြီး အေးအေးဆေးဆေး ဖြစ်နေပုံရသည်။

--

All Chapters