← Chapters

အခန်း ၁၄၅၁

Vol. 97 Ch. 1451

အခန်း ၁၄၅၁

Vol. 97 Ch. 1451

အခန်း (၁၄၅၁) အဖွဲ့အစည်း အားလုံး စုဝေးရောက်ရှိလာခြင်း

ထိုသည်မှာအလွန်ကို ပုံမှန်ဖြစ်သော ကိစ္စတစ်ခုဖြစ်သည်။ မည်သို့ပင်ဆိုစေ အန်းယန်က ယခုမှ အစစ်အမှန်အင်မော်တယ်အဆင့် တစ်ဝက် ကျင့်ကြံခြင်းအဆင့်မှာသာ ရှိနေသေးသည်။ သူမ ယခုအချိန်ထိ တောင့်ခံထားနိုင်သည်ကကို အံ့ဖွယ်တစ်ခု ဖြစ်သည်။

သို့သော် အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ သူမ၏ ဝိညာဉ် စွမ်းအားများက ရှောင်လွှဲလို့မရနိုင်ဘဲ ကုန်ခမ်းလာမည့် လက္ခဏာကို ပြသလာခဲ့သည်။ သူမ စွမ်းအားများ ကုန်ခမ်းသွားသည့် အချိန်က လှုပ်ရှားဖို့ အကောင်းဆုံး အချိန်ဖြစ်လိမ့်မည်။ ထိုအချိန်ကျရင် ဤကောင်မလေး နှစ်ယောက်က သူ၏ အကောင်းဆုံး အောင်ပွဲရ တံဆိပ်တွေ ဖြစ်လာလိမ့်မည်။

ထိုအရာကို တွေးမိသောအခါ ဝေ့လီ ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပို၍ ပို၍ ကျယ်ပြန့်လာပြီး လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းသည်။

"သူမက အကန့်အသတ်ကို ရောက်နေပြီ၊ အပြစ်ဒဏ်ပေး လောကနယ်ပယ် က ခန်းမဆောင်သခင် တစ်ယောက်ကို လွှတ်လိုက်"

သူ အမိန့်ပေးလိုက်သည်နှင့် အပြစ်ဒဏ်ပေး လောကနယ်ပယ် မှ ခန်းမဆောင်သခင် ရှစ်ဦးမှာ အချင်းချင်း အကြည့်ချင်း မဖလှယ်ဘဲ မနေနိုင်ခဲ့ကြချေ။ သူတို့က တစ္ဆေ မျိုးနွယ်စုဝင်များ ဖြစ်ကြသော်လည်း အစွမ်းထက် ပုဂ္ဂိုလ်များ၏ ဂုဏ်သိက္ခာတော့ ရှိနေကြသေးသည်။ ယခင်က ရွှယ်အန်းကို ရင်ဆိုင်ခဲ့တာက ကိစ္စမရှိပေ။ သို့သော် အမျိုးသမီး တစ်ယောက်အပေါ် သူတို့၏ စွမ်းအားများကို အသုံးပြုရမည်ဆိုလျှင်တော့ သူတို့ အနည်းငယ် တွန့်ဆုတ်နေမိကြသည်။

သို့တိုင်အောင် ဝေ့လီ ၏ စကားများကို သူတို့ မဖီဆန်ရဲကြချေ။

အဘယ်ကြောင့်ဆိုသော် ယခုအခါ ရှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ရသည့် အကြောင်းရင်းမှာ ဒေါသကြီးသော ဝင်ရိုးစွန်း ဧကရာဇ်က ဝေ့လီကို နှုတ်ဖြင့် စော်ကားမိသောကြောင့် ဝေ့လီ ၏ တိုက်ရိုက် ချိတ်ပိတ်ခြင်းကို ခံလိုက်ရသောကြောင့်ဖြစ်သည်။ သူတို့ကို ချေမှုန်းနိုင်လောက်အောင် အစွမ်းထက်သော စွမ်းအားကို ရင်ဆိုင်ရချိန်တွင် ဤခန်းမဆောင်သခင် များက အချင်းချင်း ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် ရုံယန်က မလိုလားစွာဖြင့် ထွက်လာခဲ့ရသည်။

သူက ယခုတော့ အလွန် နောင်တရနေခဲ့သည်။ အစကတည်းက မရဏအရှင်သခင်၏ လျှို့ဝှက်ချက်ဆိုတာကို သူ လောဘမကြီးခဲ့သင့်ချေ။ ၎င်းက သူ့ကို ယခု လက်ရှိ အကျပ်ရိုက်နေသည့် အခြေအနေသို့ ရောက်ရှိသွားစေခဲ့သည်။ သို့သော် အခြေအနေများက သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့သဖြင့် လူအုပ်ကြီးကို ဖြတ်ကျော်ကာ အန်းယန် ထံသို့ တိုက်ရိုက် ဦးတည်သွားရုံသာ တတ်နိုင်တော့သည်။

လွန်ခဲ့သော တစ်ရက်တာ ကာလအတွင်း တိုက်ပွဲများကို ကြည့်ပြီးနောက် ရုံယန် က အန်းယန်၏ အကန့်အသတ်များကို သဘာဝကျကျပင် ထိုးဖောက်မြင်သိထားခဲ့သည်။ သူမ၏ စွမ်းအားများမှာ အကန့်အသတ်ရှိပြီး တစ္ဆေ မျိုးနွယ်စု ၏ လျှို့ဝှက်နည်းစနစ် အမျိုးမျိုးကို ရှင်းပြ၍မရနိုင်အောင် ကိုယ်ခံအားကောင်းနေခြင်းနှင့် အန္တရာယ်ကြုံလာချိန်တွင် ထွက်ပေါ်လာသော သူမ၏ အစောင့်အရှောက် စွမ်းအားအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေရကြောင်းကို သူ သိထားခဲ့သည်။

ထို့ကြောင့် ဤတစ်ကြိမ်တွင် ရုံယန် က တစ္ဆေလောကနယ်ပယ်၏ မည်သည့် လျှို့ဝှက်နည်းစနစ်ကိုမျှ လုံးဝ အသုံးမပြုတော့ဘဲ သူ၏ ကြောက်မက်ဖွယ် စွမ်းအားများကိုသာ သီးသန့် အသုံးပြုကာ အန်းယန် ကို ကိုင်တွယ်ရန် ဆုံးဖြတ်ထားသည်။ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဤနည်းဗျူဟာအောက်တွင် အန်းယန်မှာ ချက်ချင်းပင် အန္တရာယ်ရှိသော အခြေအနေသို့ ကျရောက်သွားခဲ့ပြီး သူမ၏ လက်ထဲရှိ ဒယ်အိုးပြား ဖြင့် မနည်း ကာကွယ်နေရကာ တန်ပြန် တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိတော့ချေ။

သို့သော် ရုံယန်မှာ မည်သည့် ဂုဏ်ယူမှုကိုမျှ မခံစားရဘဲ စိတ်ထဲမှ သက်ပြင်းသာချလိုက်ပြီး အန်းယန် ကို ဖမ်းဆီးရန် လက်လှမ်းလေသည်။ သို့သော် ထိုအခိုက်အတန့်မှာပင် ဟွီယင်း က သူ၏ အနောက်ရှိ ဗလာနယ်မှ ရုတ်တရက် ပေါ်လာပြီး လက်ဝါးဖြင့် ရိုက်ချလသည်။ ရှောင်ယွီကလည်း ရုံယန်ကို အာရုံလွှဲရန် ကြိုးစားရင်း သူမ၏ လက်တံများကို ရူးသွပ်စွာ ဝှေ့ယမ်းနေခဲ့သည်။

၎င်းမှာ လွန်ခဲ့သော တစ်ရက်တာ ကာလအတွင်း သူတို့ ရှာဖွေတွေ့ရှိခဲ့သော အထိရောက်ဆုံး နည်းလမ်းပင် ဖြစ်သည်။ သို့သော် ဤအရာ အားလုံးက ပကတိ စွမ်းအား အစစ်အမှန်၏ အရှေ့တွင် အလွန်တရာ အားနည်းလွန်းလှသည်။ ရုံယန်က ခေါင်းပင် လှည့်မကြည့်ဘဲ သူ၏ ကိုယ်ခန္ဓာကို အနည်းငယ် လှုပ်ယမ်းလိုက်ရုံဖြင့် ဟူယင်း မှာ ချက်ချင်း လွင့်စင်သွားတော့သည်။

ရှောင်ယွီ၏ လက်တံများနှင့် ပတ်သက်၍မူ ရုံယန်က တစ်ချက်ပင် လှမ်းမကြည့်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ အနီးသို့ပင် မရောက်မီ ကြေမွသွားသောကြောင့်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရုံယန်က အန်းယန် ကို ဖမ်းဆီးရန် ထပ်လက်လှမ်းသည်။ သို့သော် ထိုအချိန်မှာပင် အဝေးရှိ ကောင်းကင်ယံ တစ်ခုလုံးကို ဖြတ်သန်းကာ အလင်းရောင် တစ်ခု ရုတ်တရက် ပေါ်လာပြီး သူတို့ထံသို့ လျင်မြန်စွာ ဦးတည်လာခဲ့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ရှည်လျားသော အလင်းတန်း လမ်းကြောင်းတစ်ခုနှင့်အတူ ပုံရိပ်တစ်ခုက လူတိုင်း၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာခဲ့သည်။ ထိုမြင်ကွင်းကို မြင်သောအခါ လူအုပ်ကြီး တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး ဝေ့လီ ပင်လျှင် မျက်မှောင်အနည်းငယ် မကြုတ်ဘဲ မနေနိုင်ခဲ့ချေ။ ရုံယန်မှာမူ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ထိုနေရာတွင်ပင် ကြက်သေသေဖြင့် ရပ်နေခဲ့သည်။

ဤအချိန်တွင် ထိုပုံရိပ်က မြင်ကွင်းထဲသို့ အပြေးအလွှား ရောက်ရှိလာပြီဖြစ်ပြီး ဆင်းသက်လာသောအခါ မုန့်ယောင် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူမ ဖြစ်နေသည်ကို မြင်သောအခါ အပြစ်ဒဏ်ပေးရာ လောကနယ်ပယ် မှ ခန်းမဆောင်သခင် အချို့မှာ ဆွံ့အ မှင်တက်သွားကြသည်။

"ခန်းမဆောင်သခင် မုန့်လား"

မုန့်ယောင်က အခြားအရာ အားလုံးကို လျစ်လျူရှုထားပြီး သူမ၏ အာရုံအားလုံးကို ထိုမှိန်ပျပျ ကောက်ကြောင်းလေးဆီသို့သာ စူးစိုက်ထားခဲ့သည်။

ကောက်ကြောင်းလေးမှာ အရိပ်အယောင်လေး အဖြစ်သို့ မှေးမှိန်သွားခဲ့ပြီ ဖြစ်သော်လည်း မုန့်ယောင် က တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားခဲ့သည်။ ထိုသည်မှာ သူမ နှလုံးသားထဲမှာ အမြတ်တနိုးထားပြီး ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်သော သူတစ်ယောက်ဖြစ်သည်။ သို့သော် သူမ ထိုမျှလောက် အကြာကြီး စောင့်ဆိုင်းပြီးတာတောင် ဤသို့ပုံစံမျိုးကို မြင်တွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။

ဤအရာက မုန့်ယောင် မျက်လုံးများကို တောက်ပသော မျက်ရည်များဖြင့် တဖြည်းဖြည်း ပြည့်နှက်သွားစေခဲ့သည်။ အန်းယန်က ထိုမြင်ကွင်းကို သတိပြုမိသွားပြီး သူမ၏ နှလုံးသားထဲတွင် တုန်လှုပ်မှု တစ်ခုကို ခံစားလိုက်ရသည်။

‘ဒီအမျိုးသမီးက ဘယ်သူလဲ၊ ဘာလို့ သူမက ငါ့ယောကျ်ား ချန်ရစ်ခဲ့တဲ့ ကောက်ကြောင်းလေးကို ဒီလို အမူအရာမျိုးနဲ့ ကြည့်နေရတာလဲ…’’

ရှန်းရှန်း နှင့် နျန်နျန်တို့ကလည်း ဤမြင်ကွင်းကို သတိပြုမိကြသည်။

အမှန်တွင် ဤကောင်မလေး နှစ်ယောက်စလုံးက လွန်ခဲ့သော တစ်ရက်တာ ကာလအတွင်း အားလပ်မနေခဲ့ကြချေ။ သူတို့၏ ဖခင်ဖြစ်သူ အမြန်ဆုံး နိုးထလာမည်ဟု မျှော်လင့်ကာ အရိပ်လေး၏ ဘေးတွင် အမြဲ ရှိနေခဲ့ကြသည်။ ထို့ကြောင့် မုန့်ယောင်ကို မြင်သောအခါ ရှန်းရှန်း က မဝံ့မရဲဖြင့် မမေးဘဲ မနေနိုင်ခဲ့ပေ။

"အန်တီ... ဘာလို့ ငိုနေတာလဲဟင်"

ဤမေးခွန်းက မုန့်ယောင်ကို သူမ၏ ဝမ်းနည်းမှုထဲမှ လန့်နိုးသွားစေခဲ့သည်။ ပန်းချီကားထဲကအလား လှပသော ရှန်းရှန်း နှင့် နျန်နျန်တို့ကို မြင်သောအခါ သူမက ခဏတာ ဇဝေဇဝါ ဖြစ်သွားပြီးနောက် ဒဏ္ဍာရီများထဲတွင် ပြောစမှတ်ပြုကြသော ထိုသူ၏ ကလေးများ ဖြစ်ရမည်ဟု သဘောပေါက်သွားတော့သည်။

‘တကယ်ပါပဲ... သူတို့ရဲ့ မျက်နှာအသွင်အပြင်တွေကတောင် အဲဒီ အရှင်သခင်ရဲ့ အရိပ်အယောင်နဲ့ နည်းနည်း တူနေသေးတယ်…’

မုန့်ယောင်က ဤအတွေးကို တိတ်တဆိတ် သိမ်းဆည်းထားပြီးနောက် ရှန်းရှန်း နှင့် နျန်နျန် တို့ကို ပြုံးပြသည်။

"အန်တီ မငိုပါဘူးကွယ်"

ထိုအခါ နျန်နျန်ကလည်း ခေါင်းပြူထွက်လာပြီး မေးသည်။

"ဒါဆို အန်တီက သမီးတို့ကို ကူညီပြီး လူဆိုးတွေကို လာချပေးတာလား"

"ဟုတ်တယ်၊ လူဆိုးတွေကို တိုက်ခိုက်ဖို့ အန်တီ လာကူညီတာပါ"

မုန့်ယောင်က ပြုံးလျက် ပြန်ဖြေလိုက်ပြီးနောက် အန်းယန် ထံသို့ သူမ၏ အကြည့်များကို လှည့်လိုက်သည်။

အန်းယန်၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသော်လည်း မုန့်ယောင်၏ အကြည့်များနှင့် ဆုံတွေ့သောအခါ သူမက ဆံပင်တစ်စကို နားနောက်သို့ သပ်တင်လိုက်ပြီး အပြုံးသဲ့သဲ့လေး တစ်ခု ပြုံးပြလာသည်။ မုန့်ယောင်၏ နှလုံးသားမှာ နွေးထွေးသွားပြီး ခပ်ဖွဖွ ခေါင်းညိတ်ကာ တိုးညင်းစွာ ပြောသည်။

"တွေ့ရတာ ဝမ်းသာပါတယ်... ညီမလေး"

ထိုသို့ပြောပြီးနောက် သူမက ပြန်လှည့်ကာ မှင်တက်နေသော ရုံယန် ကို အေးစက်စွာ ကြည့်ပြီး အေးစက်စွာ ပြောသည်။

"သခင်ကြီးရုံ... ရှင်လို အဆင့်အတန်းနဲ့ စရိုက်လက္ခဏာ ရှိတဲ့သူ တစ်ယောက်က တခြားလူတွေအတွက် အစေခံ ခွေးတစ်ကောင် အဖြစ် လိုလိုလားလား လုပ်ပေးလိမ့်မယ်လို့ ကျွန်မ တကယ်ပဲ မမျှော်လင့်ထားခဲ့ဘူး"

ရုံယန်မှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူ၏ ဇဝေဇဝါ ဖြစ်မှုများထဲမှ သတိပြန်ဝင်လာခဲ့သည်။ ‘မုန့်ယောင် ဒီကို ဘာအတွက် လာသလဲ ဆိုတာကို သူ သေချာပေါက် သိထားတာပေါ့၊ မုန့်ယောင် အမြဲတမ်း ဘယ်သူ့ကို စောင့်နေသလဲ ဆိုတာကို သူ သိထားသလိုမျိုးပဲ…’

ထို့ကြောင့် နတ်မီးတောက် တစ္ဆေ ဧကရာဇ် ပြန်ရောက်လာပြီ ဆိုတာကို မုန့်ယောင်သာ သိသွားခဲ့လျှင် သူမ သေချာပေါက် အပြေးအလွှား လာလိမ့်မည် ဆိုတာကို သူ ကောင်းကောင်း သိထားခဲ့သည်။ သို့သောိ သူမ ထိုမျှလောက် မြန်မြန် ရောက်လာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

ထို့ကြောင့် သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခါးသီးသော အပြုံးတစ်ခုကို ပြုံးကာ ပြောလသည်။

"ခန်းမဆောင်သခင် မုန့်... ကျွန်တော်..."

မုန့်ယောင်က လက်ကို ဝှေ့ယမ်းလိုက်ပြီး သူမ၏ အသံမှာ အေးစက်နေခဲ့သည်။

"ကောင်းပြီ၊ ဆက်မပြောနဲ့တော့ တကယ်လို့ သူတို့ကို ရှင် ကိုင်တွယ်ချင်တယ် ဆိုရင်... ကျွန်မကို အရင် အနိုင်ယူလိုက်စမ်းပါ"

ထိုစကားများနှင့်အတူ မုန့်ယောင်က ရှေ့သို့ တိုးကာ အန်းယန်နှင့် အခြားသူများကို ကာကွယ်ပေးပြီး သူမ၏ အရှိန်အဝါများက တည်ငြိမ်စွာ မြင့်တက်လာခဲ့သည်။

"မင်းက တကယ်ပဲ ဒီလို ဖြစ်စေချင်နေတာလား"

ရုံယန်၏ မျက်နှာအမူအရာက ပို၍ ပို၍ မှုန်ကုပ်လာပြီး သူ့ မျက်လုံးများထဲတွင် နာကျင်မှု အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။

"ခန်းမဆောင်သခင်မုန့်... နတ်မီးတောက် တစ္ဆေ ဧကရာဇ်က ကျဆုံးသွားပြီ ဆိုတာကို မင်း မမြင်ဘူးလား၊ မင်း..."

"ပါးစပ်ပိတ်ထားစမ်း"

မုန့်ယောင် မှာ ဒေါသထွက်လွန်းသဖြင့် ပြာနှမ်းသွားခဲ့သည်။

"ငါ့ရဲ့ အရှင်သခင်ကို အဲဒီလို ပြောတာ ငါ ခွင့်မပြုဘူး၊ ပြီးတော့ ငါ့ရဲ့ အရှင်သခင်က အဆင်ပြေမှာပါလို့ ငါ ယုံကြည်တယ်၊ စကားပြောနေတာ တော်တော့... ငါ့ကို တိုက်စမ်း"

ဤအခိုက်အတန့်တွင် မုန့်ယောင် ၏ သတ်ဖြတ်လိုသည့် အငွေ့အသက်များက အစစ်အမှန် အရာဝတ္ထု တစ်ခုအလား ဖမ်းဆုပ်ကိုင်တွယ်၍ ရနိုင်လောက်အောင် ဖြစ်လာခဲ့သည်။

သို့သော် ရုံယန်၏ မျက်နှာပေါ်တွင်မူ မှိုင်းညို့သော အမူအရာတစ်ခု ရှိနေပြီး ဖော်ပြ၍ မရနိုင်လောက်အောင် စိတ်ပျက်အားငယ်မှု တစ်ခုက အလိုအလျောက် မြင့်တက်လာခဲ့သည်။

မုန့်ယောင်၏ ခံစားချက်များကို သူ နားလည်ထားသော်လည်း သူမ၏ ဆုံးဖြတ်ချက်က ဤမျှလောက် ခိုင်မာပြတ်သားလိမ့်မည်ဟု သူ မမျှော်လင့ထားခဲ့ချေ။ သို့သော် ထိုအချိန်မှာပင် တစ္ဆေ ရထားလုံးပေါ်တွင် ထိုင်နေသော ဝေ့လီက ရုတ်တရက် အေးစက်စွာ ရယ်မောလာသည်။

"သေချင်နေတာပဲ"

ထိုသို့ပြောပြီးနောက် သူက လက်ချောင်းကို တစ်ချက် ခေါက်လိုက်ရာ အလင်းတန်း တစ်ခုက မုန့်ယောင် ထံသို့ လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်းဖြင့် အပြေးအလွှား ဦးတည်သွားတော့သည်။ ၎င်း ဖြတ်သန်းသွားသော နေရာများရှိ အာကာသမှာ နက်ရှိုင်းသော ချောက်ကမ်းပါးကြီး တစ်ခုအဖြစ် ထွန်ယက်ခံလိုက်ရသည့်အလား ဖြစ်သွားခဲ့သည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ကို ရင်ဆိုင်ရချိန်တွင် မုန့်ယောင် ၏ မျက်နှာအမူအရာမှာ တင်းမာသွားပြီး တိုက်ခိုက်မှုကို ခုခံရန် သူမ၏ စွမ်းအားများ အားလုံးကို စုစည်းလိုက်သည်။

သို့သော် ဤအခိုက်အတန့်တွင် ရုံယန် က ရုတ်တရက် လက်ကို မြှောက်လိုက်ပြီး ဖြတ်သန်းသွားသော အလင်းတန်းကို လက်ဝါးရိုက်ချက် တစ်ချက်ဖြင့် ချေမှုန်းပစ်လိုက်တော့သည်။

--

All Chapters