← Chapters

အခန်း ၁၄၅၂

Vol. 97 Ch. 1452

အခန်း ၁၄၅၂

Vol. 97 Ch. 1452

အခန်း (၁၄၅၂) ကမ္ဘာမြေကို တုန်လှုပ်စေမည့် တိုက်ပွဲကြီး

ဘုန်း

ဝေ့လီမှာ လက်ချောင်း တစ်ချက် ခေါက်လိုက်ခြင်းသာ ဖြစ်သော်လည်း ဧရာမ စွမ်းအား ကွာဟချက်ကြောင့် ရုံယန်၏ လက်မောင်းမှာ ချက်ချင်း ကြေမွသွားခဲ့သည်။ မြင်ကွင်း တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ မုန့်ယောင် ပင်လျှင် အံ့အားသင့်စွာ မျက်လုံးများ ပြူးကျယ်သွားရသည်။

"ရှင်..."

ရုံယန်၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားသော်လည်း သူက လွတ်လပ်ပေါ့ပါးစွာ ရယ်မောသည်။

"မင်းပြောတာ မှန်တယ်... ငါ့ရဲ့ အဆင့်အတန်းနဲ့ စွမ်းအားတွေအရ ဘယ်လိုလုပ် သူများအတွက် ခွေးတစ်ကောင် အဖြစ် လိုလိုလားလား လုပ်ပေးနိုင်မှာလဲ၊ ဒါကြောင့် ငါ ဆုံးဖြတ်လိုက်ပြီ၊ ငါ သေရမယ်ဆိုရင်တောင် မတ်တတ်ရပ်ပြီး သေမယ်"

ဤစကားများက မုန့်ယောင်ကို ဆွံ့အ မှင်တက်သွားစေပြီးနောက် သူမ၏ အကြည့်များ နူးညံ့သွားကာ ခေါင်းညိတ်လာသည်။

"ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်စရာ မလိုပါဘူး"

ရုံယန် က အဝေးရှိ ဝေ့လီ ထံသို့ လှည့်ကာ လှောင်ပြုံးပြုံးသည်။

"ဝေ့လီ... ငါကတော့ ဆက်မလုပ်နိုင်တော့ဘူး၊ ငါ့ကို သတ်လိုက်စမ်း"

ဝေ့လီ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း မည်းမှောင်လာခဲ့သည်။

သူ၏ စွမ်းအားများ အပြည့်အဝ ပြန်လည် မပြည့်ဝသေးသော်လည်း ထိုနေရာတွင်ရှိနေသူ အားလုံးကို အလွယ်တကူ အနိုင်ယူနိုင်သေးသည်။ သို့သော် အလျင်စလို လှုပ်ရှားလိုက်ခြင်းက ဤကိုယ်ပွားကို ဆုံးရှုံးသွားစေနိုင်သည်။

ဤသည်မှာ ဝေ့လီက နှစ်ထောင်ပေါင်းများစွာ အချိန်ယူကာ ဖန်တီးထားသော ဤကိုယ်ပွားကို မဆုံးရှုံးချင်သည့် အကြောင်းရင်းပင် ဖြစ်သည်။ သို့သော် ရုံယန်၏ သစ္စာဖောက်မှုနှင့် ဖီဆန်မှုကို ရင်ဆိုင်ရချိန်တွင် သူက လျစ်လျူရှုမထားနိုင်ချေ။ သို့မဟုတ်ပါက ၎င်းက အပြစ်ဒဏ်ပေး လောကနယ်ပယ် မှ ခန်းမဆောင်သခင် များကို တွေဝေသွားစေနိုင်သည်။ ထို့ကြောင့် သူက အေးစက်စွာ ရယ်မောသည်။

"ကောင်းပြီလေ သခင်ကြီး ရုံ... မင်းက ခံစားချက်လွယ်တဲ့ ငတံားတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ နှမြောစရာပဲ... မင်း သဘောကျတဲ့သူက မင်းအပေါ် ဘာခံစားချက်မှ မရှိတဲ့ပုံပဲ"

"အဲဒီတော့ ဘာဖြစ်လဲ၊ ငါက သူမကို သဘောကျတယ်၊ သူမက ငါ့ကို ပြန်သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ အရေးမကြီးဘူး"

ရုံယန်က တည်ငြိမ်သော အမူအရာဖြင့် ပြောသည်။

"ဟက်... ပြောတာကတော့ လွယ်တာပေါ့၊ ဒါပေမယ့် မင်းတို့တွေ အသက်ရှင်နိုင်မယ်လို့ ထင်နေတာလား"

ဤစကားများနှင့်အတူ ဝေ့လီ က လက်ကို မြှောက်ကာ လေထဲတွင် ထူးဆန်းသော တစ္ဆေ သင်္ကေတတစ်ခုကို ရေးဆွဲလေသည်။

"ပဉ္စမ ငရဲ... တစ္ဆေ ဝိညာဉ်"

ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သင်္ကေတမှ အလွန်အမင်း ဆိုးရွားသော အလင်းရောင်တစ်ခု ထုတ်လွှတ်လိုက်ပြီး ဗလာနယ်တွင် ဧရာမလေဝဲကတော့ တစ်ခု ပေါ်လာခဲ့သည်။ လေဝဲကတော့ထဲမှ အနက်ရောင် တောက်ပြောင်နေပြီး ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေ ဝိညာဉ် တစ်ကောင် ထွက်ပေါ်လာကာ ဝေ့လီ ၏ အရှေ့တွင် ရိုသေစွာ ရပ်နေခဲ့သည်။

"သူနဲ့ ဟိုအမျိုးသမီးကို သတ်လိုက်စမ်း"

ဝေ့လီက ရုံယန် နှင့် မုန့်ယောင် တို့ကို လက်ညိုးထိုးပြသည်။ တစ္ဆေ ဝိညာဉ်က ခေါင်းညိတ်ပြီးနောက် ပျောက်ကွယ်သွားကာ ရုံယန်၏ အရှေ့တွင် ချက်ချင်း ပြန်ပေါ်လာခဲ့သည်။ အမြန်နှုန်းမှာ အလွန် မြန်ဆန်လွန်းသဖြင့် ရုံယန် ကို လန့်သွားစေခဲ့သည်။ သို့တိုင်အောင် နန်းတော် သခင် အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး အနေဖြင့် သူက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကျန်ရှိနေသော သူ၏ လက်တစ်ဖက်ကို မြှောက်ကာ လက်သီးဖြင့် ထိုးချသည်။

လက်သီးချက်မှာ ဧရာမ စွမ်းအားများ ပါဝင်နေသော်လည်း တစ္ဆေ ဝိညာဉ် က အနည်းငယ်မျှ မတုန်လှုပ်ဘဲ လက်သီးချက်ကို အထိခံလိုက်သည်။ သို့သော် ရုံယန်၏ မျက်နှာ ပြောင်းလဲသွားပြီး သူ့လက်မှာ တွယ်ကပ်နေကြောင်း တွေ့ရှိလိုက်ရသည်။

တစ်ချိန်တည်းမှာပင် တစ္ဆေ ဝိညာဉ်က စူးရှပြီး နားကလော်စရာကောင်းသော ရယ်မောသံကို ထုတ်လွှတ်လိုက်ပြီး တိုက်ခိုက်မှု ထိမှန်သွားသော နေရာမှ နာကြည်းမှုများဖြင့် ဖွဲ့စည်းထားသော မရေမတွက်နိုင်သည့် လက်တံများ ထွက်ပေါ်လာကာ ရုံယန်၏ လက်မောင်းကို ဆုပ်ကိုင်ပြီး အောက်သို့ ပြင်းထန်စွာ ဆွဲချသည်။

ဂျွတ်

ရုံယန် ၏ လက်မောင်းမှာ ပြတ်ထွက်သွားပြီး တစ္ဆေ ဝိညာဉ် က ၎င်းကို ကောက်ယူကာ စတင် စားသောက်တော့သည်။ ခဏအကြာမှာပင် လက်မောင်းမှာ တစ္ဆေ ဝိညာဉ် ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ ရုံယန်မှာ ထိတ်လန့်တကြား နောက်ဆုတ်သွားခဲ့သည်။ ဤကဲ့သို့ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါမျိုးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

သို့သော် တစ္ဆေ ဝိညာဉ်က လက်မောင်း တစ်ဖက်တည်းနှင့် ကျေနပ်မနေဘဲ ပါးစပ်ကို ဟကာ မရေမတွက်နိုင်သော လက်တံများကို ရုံယန် ဆီသို့ တိုက်ရိုက် ပစ်လွှတ်လာသည်။ ရုံယန်က အော်ဟစ်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် မုန့်ယောင်က ရုတ်တရက် ရှေ့သို့ ပြေးထွက်လာပြီး ရုံယန်ကို ရစ်ပတ်ထားသော လက်တံတစ်ခုကို လက်ဝါးစောင်းဖြင့် ခုတ်ချလေသည်။

သူတို့ သက်သာရာရသွားသည်ဟု မခံစားရမီမှာပင် မုန့်ယောင် မှာ လက်တံ အများအပြား၏ ရစ်ပတ်ခြင်းကို ခံလိုက်ရသည်။ စေးကပ်နေသော အရည်များက သူမ၏ ခန္ဓာကိုယ်ကို အလျင်အမြန် စတင် စားသုံးလာခဲ့သည်။ ရုံယန်က ဒေါသတကြီး ဟိန်းဟောက်သည်။

"ချော်ရည် ငရဲ"

သူ၏ အရှေ့တွင် တောက်လောင်နေသော မီးတောက်များ ပေါ်လာသော်လည်း ချော်ရည်များ အပြည့်အဝ ပေါ်မလာမီမှာပင် လက်တံတစ်ခုက ၎င်းကို ရိုက်ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် အန်းယန်က ဒယ်အိုးပြား ဖြင့် လက်တံကို ရိုက်ချလိုက်ရာ မိုးကြိုး တစ်ချက် လင်းလက်သွားပြီး တစ္ဆေ ဝိညာဉ် ကို အော်ဟစ်သွားစေကာ သူ့

ခေါင်းမှ မီးခိုးများ ထွက်လာသော်လည်း အများအားဖြင့် အနာတရ မဖြစ်ခဲ့ချေ။

၎င်းနှင့် ဆန့်ကျင်ဘက်အားဖြင့် အန်းယန်မှာ ခြေလှမ်းအနည်းငယ် နောက်သို့ လွင့်စင်သွားပြီး အံ့အားသင့်စွာ အော်ဟစ်မိသည်။

"ဒါက ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ"

ဝေ့လီ က အားရပါးရ ရယ်မောချသည်။

"ကောင်းဆိုးဝါး ဟုတ်လား၊ မဟုတ်ဘူး... ဒါက ငါ အကြိုက်ဆုံး အိမ်မွေးတိရစ္ဆာန်လေးပဲ၊ သူတို့ အားလုံးကို သတ်လိုက်စမ်း"

တစ္ဆေ ဝိညာဉ်က အကြိမ်အနည်းငယ် ဟိန်းဟောက်ပြီး ၎င်း၏လက်တံများက လျင်မြန်စွာ တင်းကျပ်လာကာ မုန့်ယောင်ကို ကြိတ်ချေတော့မည့်အလား ဖြစ်နေခဲ့သည်။ သို့သော် ထိုအချိန်မှာပင် နူးညံ့သော သက်ပြင်းချသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။

"အော်မီတော်ဖော်... ဒီလောက် ကြီးမားတဲ့ နာကြည်းချက်တွေနဲ့ ဒကာကြီး က ဘယ်လောက်တောင် အကုသိုလ်တွေ စုဆောင်းထားတာလဲ"

ထိုစကားများနှင့်အတူ ဘုန်းတော်ကြီး တစ်ပါး ဦးဆောင်သော တောက်ပသည့် အလင်းတန်း ဒါဇင်ချီ၍ ဆင်းသက်လာခဲ့သည်။ သူကတော့ ကျင်းကျွယ် ဖြစ်သည်။ သူ၏ အနောက်တွင် တစ္ဆေလောကနယ်ပယ် အနက်ရှိုင်းဆုံးမှ လော့ကျန့် နှင့် ရန်ထျန်းချီတို့ ပါဝင်ပြီး သူတို့၏ အနောက်တွင် ဇန်ရွှယ်လင်၊ ချွဲဝမ်ယွမ် နှင့် အခြားသူများလည်း ပါဝင်နေခဲ့သည်။

သူတို့က မတူညီသော အချိန်များတွင် ထွက်ခွာလာခဲ့ကြသော်လည်း ဤနေရာသို့ လာရာလမ်းတွင် တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ကြပြီး ဘုံရည်မှန်းချက် တစ်ခုတည်း ရှိနေသဖြင့် ချက်ချင်းပင် အတူတကွ ခရီးဆက်လာခဲ့ကြခြင်း ဖြစ်သည်။ ထိုအသံ ထွက်ပေါ်လာသည်နှင့် ကျင်းကျွယ်က တစ္ဆေ ဝိညာဉ် ၏ အရှေ့တွင် တိုက်ရိုက် ပေါ်လာပြီး လက်အုပ်ချီကာ ကြာပန်းတစ်ခုကို ဖန်တီးပြီး တိုးညင်းစွာ ရွတ်ဆိုလသည်။

"အော်မီတော်ဖော်... မိစ္ဆာ အားလုံးကို ဖယ်ရှားတော်မူပါ"

ဘုန်း

သူ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ကျင်းကျွယ်၏ ခေါင်းအနောက်တွင် တောက်ပသော အလင်းရောင်ဝန်း တစ်ခု ပေါ်လာပြီး ဘုရားလောင်းတစ်ပါး ဆင်းသက်လာသည့်အလား ထင်ရသည်။ အဆုံးအစမရှိသော ရွှေရောင် အလင်းတန်းများက ဗုဒ္ဓ သင်္ကေတ တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တစ္ဆေ ဝိညာဉ်၏ ခေါင်းကို တိုက်ရိုက် ရိုက်ချလေတော့သည်။

ဘန်း

မိုးခြိမ်းသံအလား ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ တစ္ဆေ ဝိညာဉ်က ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသော အော်ဟစ်သံကြီး တစ်ခု ထုတ်လွှတ်လိုက်ပြီးနောက် အရိပ်အယောင်မျှ မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။ တိုက်ခိုက်မှု တစ်ချက်တည်းနှင့် တစ္ဆေ ဝိညာဉ် ကျဆုံးသွားခဲ့သည်။

ဝေ့လီ၏ မျက်နှာမှာ မည်းမှောင်သွားပြီး ချက်ချင်းပင် အေးစက်စွာ ပြောသည်။

"ဗုဒ္ဓ ကျင့်ကြံသူလား၊ မင်းတို့ကလည်း ဒီရှုပ်ထွေးနေတဲ့ ရေနောက်ထဲကို ဝင်ပါချင်တာလား"

ကျင်းကျွယ်၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသော်လည်း သူက လက်အုပ်ချီထားဆဲဖြစ်ပြီး ညင်သာစွာ ပြောသည်။

"ကျွန်တော်က ဒကာကြီးရွှယ်နဲ့ သူငယ်ချင်းတွေပါ၊ ဒါကြောင့်..."

ကျင်းကျွယ်က သူ၏ သွားများကိုပေါ်သည်အထိ ပြုံးလာသည်။

"ဒီရှုပ်ထွေးနေတဲ့ ရေနောက်ထဲကို ကျွန်တော် ဝင်ဖြတ်ရမှာပဲ"

တစ်ချိန်တည်းမှာပင် လော့ကျန့်၊ ရန်ထျန်းချီ နှင့် ဇန်ရွှယ်လင် အပါအဝင် အခြားသူများ အားလုံးက ကျင်းကျွယ် ၏ အနောက်တွင် ရပ်ကြသည်။

"မှန်တယ်၊ ငါတို့ အားလုံး ဒီတစ်ကြိမ်မှာ ဒီရေနောက်ကို ဖြတ်ကျော်ရမှာပဲ"

ဖုန်တလိမ်းလိမ်းဖြင့် အပြေးအလွှား ရောက်လာကြသော ဤလူများကို ကြည့်ရင်း အန်းယန်မှာ မျက်ရည်များပင် ကျဆင်းလုနီးပါး ဖြစ်သွားခဲ့သည်။

ထို့နောက် ဇန်ရွှယ်လင်က ခေါင်းလှည့်ကာ အန်းယန်ကို မျက်စိတစ်ဖက် မှိတ်ပြပြီး တိုးညင်းစွာ ပြောသည်။

"ညီမယန်... စိတ်မပူပါနဲ့၊ အရှင်သခင် ရွှယ်က အဆင်ပြေမှာပါ၊ ဘာပဲဖြစ်ဖြစ် သူက ကြာပန်းနီ အင်မော်တယ် အရှင်သခင်လေ"

အန်းယန် က အသက်ပြင်းပြင်း တစ်ချက်ရှူပြီး ဖြည်းညင်းစွာ ခေါင်းညိတ်သည်။

"ငါ နားလည်ပါတယ်"

တစ်ချိန်တည်းမှာပင် လူအများအပြား ရောက်လာပြီး ဗုဒ္ဓ ကျင့်ကြံသူများပင် ဝင်ပါလာသည်ကို မြင်သောအခါ ဝေ့လီက မလှောင်ပြောင်ဘဲ မနေနိုင်ခဲ့ချေ။

"အရမ်း ကောင်းတယ်၊ ဒီနတ်မီးတောက် တစ္ဆေ ဧကရာဇ်က လူကြိုက်များပုံရတယ်၊ မင်းတို့က သူနဲ့အတူ သေချင်နေမှတော့ မင်းတို့ရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးရမှာပေါ့"

ထိုသို့ပြောပြီးနောက် ဝေ့လီက ရုတ်တရက် မျက်ခုံးပင့်ပြီး စူးရှစွာ အော်ဟစ်သည်။

"ပဉ္စမ ငရဲ... ပေါ်ထွက်လာစမ်း"

ဘုန်း

ဤတစ်ကြိမ်တွင် ဗလာနယ်တွင် ပေါ်လာသော လေဝဲကတော့ကြီးမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမို ကြီးမားနေပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် တစ္ဆေ ဝိညာဉ် ရာပေါင်းများစွာ တွားသွား ထွက်လာခဲ့ကြသည်။

ဤဧရာမ တစ္ဆေ သတ္တဝါကြီးများက ကောင်းကင်ယံကို ထူထပ်စွာ ဖုံးလွှမ်းသွားပြီး ဝေ့လီ က အရှေ့ဆုံးတွင် ရဲရင့်စွာ မတ်တတ်ရပ်ကာ လက်ကို မြှောက်ပြီး လက်ညိုးထိုးသည်။

"ဟိုအမျိုးသမီးနဲ့ ကောင်မလေး နှစ်ယောက်ကလွဲရင်... ကျန်တဲ့သူတွေ အားလုံးကို... သနားညှာတာမှု ကင်းမဲ့စွာ သတ်ပစ်လိုက်"

ဘုန်း

တစ္ဆေ ဝိညာဉ်များက တက်ကြွနေသော ရေစီးကြောင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လူတိုင်းဆီသို့ တိုက်ရိုက် အပြေးအလွှား ဝင်ရောက်လာတော့သည်။ ကျင်းကျွယ်က လက်အုပ်ချီလိုက်ပြီး တစ်ခုခု ပြောရန် ပြင်သော်လည်း ဇန်ရွှယ်လင်က မနေနိုင်ဘဲ သူ့ကို ရိုက်ပြီး အော်ဟစ်လာသည်။

"ဘုန်းကြီး... ဘုရားစာ ရွတ်နေတာ တော်ပြီး တိုက်ပွဲ စတော့လေ"

ထိုသို့ပြောရင်း ဇန်ရွှယ်လင် က သူမ၏ ကျင့်ကြံခြင်း စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး တစ္ဆေ ဝိညာဉ် တစ်ကောင်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။ ကျင်းကျွယ်မှာ အနည်းငယ် လန့်သွားပြီးနောက် တစ်ကိုယ်တည်းပြုံးမိကာ ချက်ချင်းပင် လက်ဖြင့် ခြင်္သေ့ကြာပန်းအား ဖန်တီးပြီး တိုက်ပွဲထဲသို့ ဝင်ရောက်သွားတော့သည်။

လူတိုင်း အပြင်းအထန် ကြိုးစားနေကြသော်ငြား ဤတစ်ကြိမ်တွင် ပေါ်လာသော တစ္ဆေ ဝိညာဉ် အရေအတွက်မှာ လွှမ်းမိုးနိုင်လွန်းလှပြီး တစ်ကောင်စီတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဧရာမ စွမ်းအားများ ရှိနေကြသည်။ ထို့ကြောင့် အသက်ရှူအကြိမ် အနည်းငယ် အတွင်းမှာပင် ရန်ထျန်းချီ နှင့် လော့ကျန့်တို့ ခေါ်ဆောင်လာသူ အများစုမှာ ကျဆုံးသွားခဲ့ရသည်။ ကျန်ရှိနေသူများမှာလည်း အဆက်မပြတ် နောက်ဆုတ်နေရသည်။

အဆုံးတွင် သူတို့က ရွှယ်အန်း၏ အရိပ် ကောက်ကြောင်းလေးဆီသို့ နောက်ဆုတ်သွားကြပြီး အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကာ တစ်ယောက်၏ မျက်လုံးများထဲရှိ ဆုံးဖြတ်ချက်ကို အခြားတစ်ယောက်က မြင်တွေ့ရသည်။

"ငါတို့ နောက်ထပ် ဆုတ်လို့ မရတော့ဘူး၊ တကယ်လို့ ဆုတ်ရင်... အရှင်သခင်က ဒီတစ္ဆေ သတ္တဝါတွေရဲ့ အန္တရာယ်နဲ့ ကြုံတွေ့ရလိမ့်မယ်"

မုန့်ယောင်က တည်ငြိမ်စွာ ပြောသည်။ ရုံယန်က သွေးတစ်လုတ်ကို ထွေးထုတ်ပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။ အန်းယန်၏ လက်ထဲရှိ ဒယ်အိုးပြား မှာ ဇကာပေါက် တစ်ခုအလား အက်ကွဲနေပြီဖြစ်ပြီး ကံဆိုးသော လွေ့ဇင်း မှာမူ နတ်ဘုရား အာရုံခံစားမှု အနည်းငယ်သာ ကျန်ရစ်တော့သည်။

ရွှေရောင် ခန္ဓာကိုယ်နှင့် ဘုရားလောင်း တစ်ပါးအလား ရွှေရောင် အလင်းတန်းများ ဝန်းရံခံထားရသော ကျင်းကျွယ် ပင်လျှင် ယခုအခိုက်အတန့်တွင် သူ၏ ရွှေရောင် ခန္ဓာကိုယ် ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်းများ ပေါ်လာပြီး သူ့ ခေါင်းအနောက်ရှိ အလင်းရောင်ဝန်း မှာလည်း သိသိသာသာ မှေးမှိန်နေပြီ ဖြစ်သည်။ ဇန်ရွှယ်လင်က အသက်ပြင်ပြင်းရှူရှိုက်ရင်း ပြောသည်။

"ဘုန်းကြီး... မင်း တိုက်နိုင်သေးလား"

ကျင်းကျွယ် က ခေါင်းညိတ်လိုက်ပြီး လက်ချောင်း သုံးချောင်းကို ဆန့်ထုတ်သည်။

"ငါ သုံးကောင်ကို ထပ်ဖျက်ဆီးနိုင်သေးတယ်"

ဇန်ရွှယ်လင် က ကျယ်လောင်စွာ ရယ်မောသည်။

"ကောင်းတယ်! ငါက နောက်ထပ် တစ်ကောင်ကို ဖျက်ဆီးနိုင်တယ်... အတူတူ လှုပ်ရှားကြစို့"

ထိုစကားလုံးများ ကျဆင်းသွားသည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော တစ္ဆေ ဝိညာဉ် များက လူတိုင်းဆီသို့ နောက်တစ်ကြိမ် အပြေးအလွှား ဝင်ရောက်လာကြသည်။ အားလုံးက လေးနက်သော မျက်နှာများဖြင့် နောက်ဆုံး တိုက်ပွဲအတွက် ပြင်လိုက်ကြသည်။

သို့သော် ထိုအချိန်မှာပင် သူတို့၏ အနောက်မှ တဒိတ်ဒိတ် မြည်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အသံမှာ တိုးညင်းသော်လည်း ၎င်းတွင် အဆုံးအစမရှိသော မှော်စွမ်းအား ပါဝင်နေသည့်အလား ပြေးဝင်လာသော တစ္ဆေ ဝိညာဉ်များ အားလုံးကို ခဏတာ ရပ်တန့်သွားစေပြီးနောက် လေတိုက်ခတ်မှုကြောင့် အပိုင်းပိုင်း ကြေမွကာ လွင့်စင်သွားတော့သည်။

ဤမြင်ကွင်းက ထိုနေရာတွင် ရှိနေသူ အားလုံးကို ဆွံ့အ မှင်တက်သွားစေခဲ့သည်။ ထို့နောက် အန်းယန်က တစ်ခုခုကို ခံစားလိုက်ရသည့်အလား ရုတ်တရက် ခေါင်းလှည့်ကြည့်သည်။အရိပ်ကောက်ကြောင်းလေး အတွင်းတွင် တောက်ပသည့် အလင်းတန်း အမှတ်အသားများ တဖြည်းဖြည်း ပေါ်လာပြီးနောက် အတွင်းမှနေ၍ နောက်ထပ် တဒိတ်ဒိတ် မြည်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဒါက နှလုံးခုန်သံပဲ"

ဟွီယင်းက ရုတ်တရက် ပြောလိုက်ရာ သူမ၏ လေသံတွင် စိတ်သက်သာရာရမှုများ ပြည့်နှက်နေခဲ့သည်။ အမှန်ပင် သွေးခုန်နှုန်း အမှတ်အသားများက နှလုံးခုန်နေသည့် နေရာမှ စတင် ပြန့်နှံ့လာပြီး ၎င်း ဖြတ်သန်းသွားသည်နှင့်အမျှ အရိပ်မှာ စတင် ပုံပေါ်လာကာ ကောက်ကြောင်းများ ထွက်ပေါ်လာတော့သည်။

--

All Chapters