← Chapters

အခန်း ၃၄၆

Vol. 24 Ch. 346

အခန်း ၃၄၆

Vol. 24 Ch. 346

အပိုင်း ( 346 )

မင်းတစ်ယောက်တည်း စားမှာမို့လို့လား

လူအုပ်အတွင်းရှိ လုချန်ရှန်းက မော့ကြည့်နေခဲ့သည်။

လူတိုင်း၏ အကြည့်များက လုချန်ရှန်းအပေါ်သို့ ကျဆင်းလာခဲ့သည်။

ရှောင်ဟေးပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

လုချန်ရှန်းသည် သက်ပြင်းတချချဖြင့် လက်လျှော့လိုက်ကာ ထိုလူများ၏အနောက်သို့ နာနာခံခံဖြင့် လိုက်ပါသွားခဲ့သည်။

“ ဟက် “

တစ်နေရာရာမှ အေးစက်စက် ရယ်မောသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး လူအုပ်တစ်အုပ်က လုချန်ရှန်းကို ခေါ်ဆောင်ကာ အဝေးသို့ ထွက်ခွာသွားသည်။

မကြာခင် အချိန်မှာပင် သူတို့က ရေကန်တစ်ခု၏ အရှေ့သို့ ရောက်ရှိသွားခဲ့သည်။ ရေကန်က သလင်းကျောက်ပမာ ကြည်လင်နေခဲ့ပြီး တောအုပ်က လှပနေသော်လည်း မည်သည့်အေးချမ်းတည်ငြိမ်မှုမှ ရှိမနေဘဲ သတ်ဖြတ်လိုစိတ် အရိပ်အငွေ့များသာ ရှိနေခဲ့သည်။

ထိုအခိုက်အတန့်တွင် လူတိုင်းရပ်တန့်သွားပြီး လုချန်ရှန်းကပါ ရပ်တန့်သွားခဲ့သည်။

ဟွမ်ကျင်းမျိုးနွယ်စုဝင်များက စိတ်ခံစားချက်ကင်းမဲ့နေသော အမူအရာများဖြင့် မတ်တပ်ရပ်နေခဲ့ကြသည်။

လျှပ်စီးကျီက အပြုံးဖြင့် စကားစပြောလာခဲ့၏ “ လုချန်ရှန်းက ဒီတစ်ခါတော့ ငါမင်းကို ကျေးဇူးတင်မှဖြစ်မယ် “

ဟမ်

လုချန်ရှန်း၏ မျက်ခုံးတစ်ဖက် ပင့်တက်သွားခဲ့သည်။ သူသည် ထိုလူများက သူ့အကြောင်းကို တိုက်ရိုက်ထုတ်ဖော်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် ထိုလူများက အနည်းငယ်မျှ ဟန်ဆောင်နေဦးမည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့က ထိုကဲ့သို့ ပြုလုပ်ရန် အလွန်တရာ ပျင်းရိနေပုံရ၏။

လျှပ်စီးကျီက စကားထပ်ပြောလာခဲ့၏ “ ထပ်ပြီးတော့ ဟန်ဆောင်နေစရာ မလိုပါဘူး “

“ မင်းက အဲ့အင်းစက်အုပ်ဆီကနေ လွတ်သွားလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “

ချီယန်ကပါ စကားဝင်ပြောလာခဲ့သည်။

သူတို့၏ အကြည့်များအောက်မှာပင် လုချန်ရှန်းက မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည် “ ငါလည်း မထင်ထားခဲ့မိဘူး “

“ ဟက် “

အေးစက်စက် ရယ်သံတစ်သံ ပေါ်ထွက်လာခဲ့ပြီး လျှပ်စီးကျီက စကားထပ်ပြောနေခဲ့၏ “ ဒီလိုဖြစ်လာတာကိုတောင် မင်းက မောက်မာနေတုန်းပဲ။ ကူချန်ကျွင်းရဲ့ စွမ်းအားက မင်းကို ကာကွယ်ပေးနိုင်တယ်လို့ ထင်နေသေးတာလား “

“ ဟူးးး “

လုချန်ရှန်းက အသာအယာ သက်ပြင်းချ၍ ပြန်ပြောလိုက်သည် “ ငါ့ကို သတ်ဖို့အတွက် ဒီနေရာကို ခေါ်လာခဲ့တာ မဟုတ်ဘူးလား “

“ မင်းက ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သားပဲ။ အဲ့လိုဆိုမှတော့ ……… “

သူ့စကားမဆုံးခင် အချိန်မှာပင် လုချန်ရှန်းက ကြားဖြတ်ပြောလိုက်သည် “ ငါလည်း အဲ့လိုပဲ ထင်တယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် မင်းတို့က ဒီလိုအခွင့်အလမ်းကြီးတစ်ခုကို ဘယ်လိုလုပ် တွေ့နိုင်မှာလဲ “

“ ဘာဖြစ်တယ် “

သူ၏ စကားလုံးများက လူတိုင်းကို အံ့ဩမှင်သက်သွားစေခဲ့၏။

ချီယန်က အေးစက်စွာ ပြန်ပြောလိုက်သည် “ သေတော့မှာကိုတောင် မောက်မာနေသေးတာပဲ။ အခုငါမင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ အစ်ကိုကျင်းကျန့်ကို လိမ်လိမ်မာမာနဲ့ အရှုံးပေးလိုက်။ မင်းအသက်ရှင်လိမ့်မယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ………. “

“ မင်းက ကျွန်တောင် မဖြစ်သေးဘူးကို သခင်အတွက် တက်တက်ကြွကြွ ဟောင်ပေးနေပြီပေါ့ “

“ မင်းက ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ “ ချီယန်က ဒေါသတကြီး အော်ငေါက်လာခဲ့သည်။

ဟွမ်ကျင်းမျိုးနွယ်စုဝင်များ၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။

လုချန်ရှန်းက စကားထပ်ပြောနေတာ့၏ “ အထက်နယ်မြေက မင်းအတွက် ကောင်းချီတွေ ယူလာပေးလိမ့်မယ်လို့ တကယ်ကြီးထင်နေတာလား။ မင်းတို့နှစ်ယောက်အတွက် အဲ့ငှက်ကောင်က စီးတော်ယာဥ်ဖြစ်လာလိမ့်မယ်။ မင်းက အမြင့်ဆုံးအနေနဲ့ ကျွန်ပဲဖြစ်နိုင်တယ်။ မင်းက အဲ့တာကို အတော်လေး ဂုဏ်ယူနေတဲ့ပုံပဲ “

“ ခွေးသူတောင်းစား “

ဟွမ်ကျင်းမျိုးနွယ်စု၏ လူများက အရင်ဦးဆုံး ဒေါသထွက်သွားကာ ရက်စက်ကြမ်းကြုတ်တော့မည့် သူတို့၏ အမူအရာများကို ချပြလာခဲ့ကြသည်။

လုချန်ရှန်းက မျက်မှောင်ကြုတ်သွားကာ တုံ့ပြန်လိုက်သည် “ ဘာကိစ္စ လာအော်နေတာလဲ။ ခြေလေးချောင်းနဲ့ မြွေတွေကများ “

လျှပ်စီးကျီကပါ ဒေါသတကြီး ဝင်ပြောလာခဲ့သည် “ လုချန်ရှန်း မင်းးးးး ………. “

“မင်းတွေ ငါတွေ လုပ်မနေနဲ့။ အတည်ပြောရမယ်ဆိုရင် အဲ့ဒီခြေလေးချောင်း မြွေတွေရဲ့ စီးတော်ယာဥ်လုပ်မဲ့အစား ငါ့ရဲ့ စီးတော်ယာဥ်လုပ်သင့်တယ်။ အဲ့တာဆိုရင် ငါက မင်းတို့ကို မျက်စိဆံပင်မွှေးစူးနေတော့မှာ မဟုတ်ဘူး “

“ မင်းက သေချင်နေတာပဲ “

ဟွမ်ကျင်းမျိုးနွယ်စုဝင် တစ်ဦး၏ အမူအရာ အေးစက်သွားခဲ့သည်။ သူသည် လေကုန်ခံမနေတော့ဘဲ ထိုလူ့ကို တိုက်ရိုက်ဖိနှိပ်ကာ နောက်ပိုင်းမှ ဖြည်းဖြည်းချင်း အမှည့်ချွေရန် စီစဥ်နေတော့သည်။

ချက်ချင်းဆိုသလိုပင် အဆိုပါ ဟွမ်ကျင်းမျိုးနွယ်စုဝင်က သူ၏လက်ကိုမြှောက်လိုက်ရာ ထူထဲသိပ်သည်းသော မှော်စွမ်းအားများ ဖြစ်တည်လာခဲ့ပြီး ဧရာမလက်တစ်ဖက်အဖြစ် အသွင်ပြောင်းသွားကာ အောက်သို့ ဆင်းသက်လာခဲ့၏။

ဘမ်းးးး

လုချန်ရှန်းက ခြေတစ်လှမ်းလှမ်းလိုက်ရာ အဆိုပါ ဧရာမလက် ချက်ချင်းပြိုကွဲသွားခဲ့သည်။ လုချန်ရှန်းက လက်တစ်ဖက်နောက်ပစ်ထားကာ ရိုက်ချလိုက်ခြင်း ဖြစ်သည်။ ထိုလူမှာ ကြောက်လန့်တကြား ဖြစ်သွားကာ တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးရန်အတွက် မှော်စွမ်းအားများကို နှိုးဆွလိုက်သည်။

သို့ရာ၌ စွမ်းအားနှစ်ခု ထိတွေ့သွားသည့် အခိုက်အတန့်တွင် ခံစစ်အားလုံး ကျိုးပျက်သွားပြီး အဆိုပါ ရိုက်ချက်က အလွန်တရာ မြန်ဆန်လွန်းနေသဖြင့် အော်ချိန်ပင် မရလိုက်ပေ။ သူ၏ ဦးခေါင်းတစ်ခုလုံး တိုက်ရိုက်ပြုတ်ထွက်သွားခဲ့သည်။

သွေးများ ဖြာထွက်သွားကာ လူတိုင်း၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်ဖြစ်နေမှုတို့ ပေါ်ထွက်လာခဲ့သည်။

ထိုလူက ထူးထူးခြားခြား မသန်မာလှသော်လည်း မွေးရာပါ ဝိညာဥ်ကျင့်ကြံရေးကို ပိုင်ဆိုင်ထားပြီး သူ၏ ရုပ်ခန္ဓာမှာလည်း အတော်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ သို့တိုင်အောင် ရိုက်ချက်တစ်ချက်တည်းဖြင့် ခေါင်းပြုတ်သွားခဲ့သည်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “

“ မင်းက မွေးရာပါ ဝိညာဥ်အဆင့်၁မှာပဲ ရှိနေသေးတာမဟုတ်ဘူးလား “ ချီယန်မှာ မျက်လုံးအပြူးသား ဖြစ်သွားခဲ့သည်။

သူတို့က လုချန်ရှန်းကို နောက်ဆုံးအကြိမ်အဖြစ် မြင်တွေ့ခဲ့ရစဥ် အချိန်က သူက အူတိုင်ဖွဲ့စည်းခြင်းအဆင့်တွင်သာ ရှိနေခဲ့သည်။ ယခုတွင်မူ မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်နေခြင်းကပင် အတော်ပင် အံ့ဖွယ်ကောင်းနေခဲ့ပြီဖြစ်ပြီး သူက ထိုမျှလောက်အထိ သန်မာနေလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ငါက မွေးရာပါ ဝိညာဥ်နယ်ပယ် အဆင့်၁မှာပဲ ရှိတယ်လို့ မင်းကို ဘယ်သူက ပြောလို့လဲ “

“ အဲ့တာက …… “

လူတစ်အုပ်မှာ အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။ လျှပ်စီးကျီနှင့် ချီယန်တို့သည် သူတို့၏ ဦးနှောက်များက ကောင်းမွန်စွာ အလုပ်မလုပ်တော့ဘူးဟု ခံစားသွားခဲ့ရသည်။ မည်သူကမှ ထိုကဲ့သို့ မပြောခဲ့သော်လည်း သူတို့မြင်တွေ့ခဲ့ရသည့် အရာမှာ ထိုအတိုင်းသာ ဖြစ်နေခဲ့သည်။

ရက်စက်ကြမ်းကြုတ်သော အသွင်ဟန်ပိုင်ရှင် ဟွမ်ကျင်းမျိုးနွယ်စု၏ အဖွဲ့ဝင်၏ မျက်ဝန်းများအတွင်းတွင် သတ်ဖြတ်လိုစိတ်များ ဖွဲ့တည်လာခဲ့သည်။ သူ၏ပုံရိပ် ရွေ့လျားသွားကာ မီတာ သုံးဆယ်ကျော်ရှည်လျားသည့် ကျောက်နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားပြီး လုချန်ရှန်းဆီသို့ ရုတ်တရက် ပြေးဝင်သွားခဲ့သည်။

လုချန်ရှန်းက ၎င်းကို အာရုံခံမိသွားပြီး သူ၏ ပုံရိပ် လှုပ်ရှားသွားခဲ့သည်။ ထို့နောက်တွင် သူက ကျောက်နဂါး၏ နောက်ကျောဘက်တွင် ပြန်ပေါ်လာခဲ့ပြီး ခြေဆောင့်ချလိုက်ရာ နားကွဲသွားစေလောက်သည့် အော်သံတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့ကာ သွေးများ ဖြာထွက်သွားပြီး ကောင်းကင်ယံတွင် သွေးမိုးများ ရွာသွန်းလာခဲ့၏။

လူတိုင်း၏ မျက်ဝန်းများအတွင်းတွင် အကြောက်တရားတို့ဖြင့် ပြည့်နှက်သွားပြီး သူတို့အားလုံး အံ့ဩတုန်လှုပ်သွားကြသည်။

မွေးရာပါ ဝိညာဥ်အဆင့်၇ ကျောက်နဂါးတစ်ကောင်က သူ၏ ခြေဆောင့်ချက်ဖြင့် ချေမွခံလိုက်ရကာ နှစ်ပိုင်းပြတ်သွားခဲ့သည်။

မြေပြင်တွင် သွေးတို့ဖြင့် ရဲပတောင်းခတ်သွားကာ ထိုမြင်ကွင်းက လျှပ်စီးကျီနှင့် ချီယန်တို့၏ အတွေးများကို ပြောင်းပြန်လှန်သွားစေခဲ့၏။ သူတို့၏ ဦးနှောက်များ အချိန်မှီ အလုပ်ပြန်လုပ်လာခဲ့လေသည်။ ထိုလူက ယခုမှသာ သန်မာအားကောင်းလာခဲ့ခြင်း မဟုတ်ဘဲ အမြဲလိုလို သန်မာအားကောင်းနေခဲ့ခြင်းသာ ဖြစ်သည်။

“ ပြေး “

ဟွမ်ကျင်းမျိုးနွယ်စုဝင်တစ်ဦး၏ အသံ ပဲ့တင်ထပ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ် လိမ်ကျုံ့သွားကာ ကျောက်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ ပြေးထွက်သွားတော့သည်။

တစ်ခြားလူများမှာလည်း အသည်းအသန်ပြေးလွှားနေကြတော့သည်။ သူတို့သည် သူတို့အရှေ့တွင် ရှိနေသည့် လူက သူတို့ယှဥ်နိုင်မည့် လူမျိုးမဟုတ်ဘူးဆိုသည်ကို သိရှိသွားခဲ့ပြီ ဖြစ်သည်။

သို့ရာတွင် သူတို့သည် ပြေးရင်းလွှားရင်းဖြင့် စွမ်းအင်လှိုင်းတစ်ခုကို ဝင်ဆောင့်မိသွားခဲ့သည်။ အဆုံးမဲ့ မှော်စွမ်းအားများ လိမ်ယှက်ကာ ထိုဧရိယာတစ်ဝိုက်ကို ဖုံးလွှမ်းသွားခဲ့သည်။ အမြန်ဆုံးတစ်ဦးကသာလျှင် လွတ်မြောက်သွားခဲ့သည်။

ရှောင်ဟေးက ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် စုတ်တသပ်သပ် ဖြစ်သွားခဲ့သည်။

“ ဘယ်လောက်တောင် ဉာဏ်ပြေးလိုက်လဲ “

သူသည် လုချန်ရှန်းက ကန်းယွင်ကားချပ်အား ထုတ်ယူလိုက်သည်ကို စောင့်ကြည့်နေခဲ့သည်။ ဒီကောင်က လူဘယ်နှယောက်လောက်ကို လှည့်စားနေခဲ့တာလဲ။

ယခုလက်ရှိအချိန်တွင် လုချန်ရှန်းမှာ ဟန်ဆောင်ပန်ဆောင်လုပ်ရန်အတွက် အလွန်တရာ ပျင်းရိနေခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဓားချီအမြောက်အများ မြင့်တက်လာခဲ့သည်။

ကန်ရေများ လွင့်စင်သွားကာ တောင်တန်းများ တပြေးညီဖြစ်သွားပြီး တောအုပ်၏ ကြီးမားသော ဧရိယာတစ်ခုလုံး ဖုန်မှုန့်ဖြစ်သွားခဲ့သည်။ ဓားချီများက လူတိုင်းကို တိုက်ခိုက်နေခဲ့ကာ သွေးစီးကြောင်းများ စီးဆင်းလာခဲ့ပြီး ရေကန်တစ်ခုလုံး နီရဲသွားခဲ့သည်။

“ သူတို့ကို သက်သက်သာသာ လုပ်ပေးလိုက် “

ရှောင်ဟေးက သတိဝင်ပေးလာခဲ့သည်။

လုချန်ရှန်းက မည်သို့မျှ မတုံ့ပြန်လိုက်ပေ။ သို့ရာတွင် ကျောက်နဂါးများကို တစ်ကောင်ပြီးတစ်ကောင် ခုတ်ပိုင်းနေခဲ့ပြီး ချီယန်၏ ခန္ဓာကိုယ် ထိုးဖောက်ခံလိုက်ရသည်။ သို့သော် သူသည် မှော်စွမ်းအားများကို နှိုးဆွကာ တိုက်ခိုက်မှုကို ပိတ်ဆို့ရန် ကြိုးပမ်းနေသေးသည်။

လျှပ်စီးကျီကမူ သူ့ကိုယ်သူ မိုးကြိုးလျှပ်စီးတို့ဖြင့် ဝိုင်းရံထားကာ ကိုယ့်ကိုကိုယ် ကာကွယ်နေခဲ့သည်။

သို့သော် လုချန်ရှန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလှမ်းလိုက်ရာ သူ၏ မှော်စွမ်းအားများ ပြိုကွဲသွားကာ ချီယန်က အပိုင်းပိုင်း အစစဖြစ်သည်အထိ ခုတ်ပိုင်းခံလိုက်ရလေသည်။

လျှပ်စီးကျီ၏ မျက်ဝန်းများအတွင်းတွင် အကြောက်တရားများ ဖြစ်တည်လာခဲ့သည်။ သူသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် မိုးကြိုးလျှပ်စီးများက တဖြည်းဖြည်း ပျောက်ကွယ်သွားကာ လုချန်ရှန်း၏ အရှိန်အဝါကို ခံစားမိသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်တုန်ရင်ရင် ဖြစ်သွားခဲ့သည်။

“ မွေးရာပါ ဝိညာဥ်အဆင့်၉ …… “

သူသည် မျက်လုံးပြူးအသားဖြင့် မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။

လုချန်ရှန်းက အသာအယာ သက်ပြင်းချနေတော့၏ “ ငါမင်းတို့ကို မလိမ်ခဲ့ဘူး။ တကယ်လို့ မင်းတို့က အထက်နယ်မြေကို ရောက်သွားမယ်ဆိုရင် တကယ်ကြီးကို စီးတော်ယာဥ်ဖြစ်လာမှာ။ ငါက ကြင်နာတတ်တယ်။ ငါတို့က အသိအကျွမ်းဟောင်းတွေလို့ ပြောလို့ရတယ်လေ။ အရှက်ခွဲခံခိုင်းမဲ့အစား မင်းတို့ကို နိဗ္ဗာန်ပဲ ပို့ပေးလိုက်မှာပေါ့။ ကောင်းကောင်းသွား မင်းရဲ့ မျိုးနွယ်စုကို ငါဂရုစိုက်ပေးမယ် “

လျှပ်စီးကျီ၏ အမူအရာ ဖြူဖျော့သွားခဲ့သည်။ သူသည် ၎င်းက မည်သည့်အရာကို ဆိုလိုလဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။

သူမမေးမြန်းရသေးခင် အချိန်မှာပင် သူသည် ပိုမိုကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလျှပ်စီးများက တိုက်ခိုက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းက သူ၏နှလုံးသားကို ပြိုကွဲသွားစေပြီး သူ၏ အစစ်အမှန် ပုံစံကို ပုံပေါ်လာစေခဲ့ကာ သူ၏ ငွေရောင်အမွှေးအတောင်များကို ကျွတ်ကျသွားစေခဲ့၏။

သူ၏ အရှိန်အဝါ ပျောက်ကွယ်သွားကာ ဤနေရာတစ်ခုလုံး ကြောက်ခမမ်းလိလိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

လုချန်ရှန်းက ထပ်မံ၍ သက်ပြင်းချနေတော့ပြန်သည်။ သူနောက်ပြောင်နေခဲ့ခြင်း မဟုတ်ပေ။ သူက မိုးကြိုးငှက် မျိုးနွယ်စုကို သေချာပေါက် ဂရုစိုက်ပေးမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အဆိုပါ မျိုးနွယ်စုက မဟာတောရိုင်း နန်းတော်ကို အညံ့ခံခဲ့ပြီးပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် လေပြင်းများ ရပ်တန့်သွားပြီး ပတ်ဝန်းကျင်ရှိ မှော်စွမ်းအားများ ပျောက်ကွယ်သွားခဲ့သည်။ လုချန်ရှန်းကမူ အဝေးသို့ ငေးကြည့်နေခဲ့သည်။

“ တစ်ယောက်ကျန်သေးတယ် “

ထို့နောက်တွင် သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရာ တောင်တန်းများနှင့် ကမ္ဘာမြေတစ်ခုလုံး နောက်ပြန်လှည့်နေသကဲ့သို့ အဆက်မပြတ် လွင့်ထွက်သွားသည့်အလား ဖြစ်နေခဲ့သည်။ ရှောင်ဟေးကပင် တအံ့တဩဖြစ်သွားခဲ့သည်။ ထိုကဲ့သို့သော အမြန်နှုန်းက အလွန်တရာ မြန်ဆန်လှပြီး ဟွာရှုနယ်ပယ် အဆင့်၉ ပညာရှင်ကပင် ၎င်းကို အမှီလိုက်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့နောက်တွင် အမြင်အာရုံအတွင်းသို့ ကျောက်နဂါးတစ်ကောင် ဝင်ရောက်လာခဲ့သည်။ ၎င်းက အစောပိုင်း အချိန်များအတွင်းက ထွက်ပြေးလွတ်မြောက်သွားခဲ့သည့် လူပင် ဖြစ်သည်။

လုချန်ရှန်းက ၎င်း၏ အနောက်သို့ ရောက်ရှိသွားခဲ့သည်။ ၎င်း၏ ပုံရိပ် ရုတ်တရက် ရပ်တန့်သွားပြီး နောက်လှည့်ကြည့်လာခဲ့ရာ ပုံရိပ်တစ်ခုက ၎င်း၏ အမြှီးအား ကိုင်ဆောင်ထားသည်ကို မြင်တွေ့သွားခဲ့သည်။

ကောင်းကင်ပြင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ ကျယ်လောင်သော အော်သံတစ်သံသာလျှင် ကျန်ရှိနေခဲ့သည်။

လုချန်ရှန်းက ၎င်းကို ယခင်ကရေကန်ဆီသို့ ပြန်လည်ဆွဲခေါ်သွားခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ် ကျဆင်းသွားသည့် အချိန်တွင် တောင်တန်းတစ်ခုလုံး ပြိုကွဲသွားပြီး ၎င်း၏ အသက်စွမ်းအား ချုပ်ငြိမ်းသွားကာ ၎င်း၏ ခန္ဓာကိုယ်က အစိတ်အပိုင်း သုံးလေးခုအဖြစ် ကွဲထွက်သွားခဲ့သည်။

လုချန်ရှန်းသည် အနီးအနားတွင် ရှိနေသည့် အလောင်းများကို ကြည့်ကာ ပြုံးပျော်ရွှင်သွားခဲ့သည်။

သို့ရာတွင် ရှောင်ဟေးမှာ မကျေမနပ်ဖြစ်သွားခဲ့သည်။

“ သူတို့ကို သက်သက်သာသာ လုပ်ပေးလို့ ငါပြောခဲ့တယ်လေ။ အပိုင်းပိုင်းအစစ လုပ်လိုက်တာက အရသာကို ထိခိုက်သွားစေတယ်ဟ။ မင်းတစ်ယောက်တည်း စားမှာမို့လို့လား “

--

……………………………………………………………………………………………………………………………………

All Chapters