← Chapters

အခန်း ၃၄၇

Vol. 24 Ch. 347

အခန်း ၃၄၇

Vol. 24 Ch. 347

အပိုင်း ( 347 )

အခုမှ ချီးကျူးထားတာလေ။ ထပ်ပြီးတော့ ရှုံးသွားပြန်ပြီလား

ကန်ရေပြင်အထက်တွင် လေပြေလေညင်းတစ်ခု တိုက်ခတ်နေလျက်ရှိပြီး ရေလှိုင်းများထနေကာ သွေးတို့ဖြင့် ချင်းချင်းနီနေခဲ့၏။

လုချန်ရှန်းသည် တိုက်ပွဲနယ်မြေ ရှင်းလင်းခြင်းတွင် သူ့ကိုယ်သူ နှစ်မြှုပ်ထားပြီး ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် တစ်စက္ကန့်မျှပင် လေးဖင့်မနေရဲဘဲ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

သူသည် ကျင်းကျန့်က အံ့ဖွယ်ကောင်းသည့် အခွင့်အလမ်းကြီးတစ်ခု ရှာတွေ့ထားခဲ့သည်ဆိုသည်ကို သိနေခဲ့သည်။

ယခင်က သူ၏ တည်နေရာကို ကျော်ဖြတ်သွားခဲ့ပြီးသည့်နောက်တွင် ထိုလူများ ပျောက်ကွယ်နေကာ ဤလျှို့ဝှက်နယ်မြေတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည့်အလား ဖြစ်နေခဲ့သည်။

ထို့အပြင် ဤနေရာသို့ ရောက်ရှိလာသည့် အချိန်ကတည်းက ကျင်းကျန့်ကို မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ပေ။

ထို့အစား ဤနယ်မြေအတွင်းတွင် သွေးရနံ့များ လှိုင်လှိုင်သင်းနေခဲ့၏။ ၎င်းက သတ္တဝါတစ်ကောင်တည်းထံမှ ရောက်ရှိလာခဲ့ခြင်း မဟုတ်ပေ။

လုချန်ရှန်းက သိလိုသွားခဲ့သည်။ သို့သော် သူသည် ဤနေရာတွင် ကြာကြာဆက်မနေဘဲ အရှေ့သို့သာ တဟုန်ထိုး ပြေးထွက်သွားခဲ့သည်။ သူသည် သူက အလွန်တရာ နောက်ကျသွားကာ မည်သည့်အရာမှ ကျန်ရှိမနေတော့မည်ကို ကြောက်လန့်နေခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူက ထိုနေရာကို ကျော်ဖြတ်သွားခဲ့သည်။ သူ၏ ခြေထောက်များအောက်တွင် တောင်တန်းများ အဆက်မပြတ်ပျောက်ကွယ်နေခဲ့ပြီး သူက သူသွားလိုသည့် နေရာသို့ မရောက်သေးသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်စေနေခဲ့သည့် ရွှေရောင် အလင်းတန်းတစ်ခုကို မြင်တွေ့နေခဲ့ရပြီ ဖြစ်သည်။

“ အဲ့တာက ဘာကြီးလဲဟ “

လုချန်ရှန်းမှာ တအံ့တဩဖြစ်သွားခဲ့သည်။ ဟင်းလင်းပြင်အတွင်းတွင် ကြွယ်ဝသော စွမ်းအင်များ ပြည့်နှက်နေလျက်ရှိပြီး ထူးခြားသော အရာတစ်ခု ဖြစ်တည်လာပုံရ၏။

သူ၏ အကြည့်များ ရွေ့လျားသွားကာ ငါးပေပတ်လည် ရေကန်ငယ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး ၎င်းက ကောင်းကင်ဘုံ၏ ရွှေရောင်အလင်းတန်းကို သယ်ဆောင်ထားပုံရကာ လူတစ်ဦး၏ စိတ်နှလုံးသားကို လှုပ်ခတ်သွားစေခဲ့သည်။

“ အဲ့တာက ဘာကြီးလဲဟ “

လုချန်ရှန်းက မယုံကြည်နိုင် ဖြစ်နေသော အကြည့်များဖြင့် ရေရွတ်ပြောဆိုနေတော့၏။ ၎င်းကို သူမြင်လိုက်ရသည့် အခိုက်အတန့်တွင် သူသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အဆိုပါ ရွှေရောင်အလင်းတန်းကို တပ်မက်နေသည့်အလား လှုပ်ခါသွားခဲ့သည်။

ရှောင်ဟေးမှာလည်း တငေးငေးဖြစ်သွားခဲ့သည်။ သို့သော် သူသည် ၎င်းက မည်သည့်အရာလဲဆိုသည်ကို မသိပေ။ သူက ထိုအရာကို တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သူဖတ်ခဲ့ဖူးသမျှ ရှေးဟောင်းမှတ်တမ်းများတွင် ၎င်းနှင့်သက်ဆိုင်သည့် မည်သည့်အရာမှ ရှိမနေခဲ့ပေ။

ထိုစဥ် သူတို့၏အနောက်မှ အသံတစ်သံ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။

“ အဲ့တာက ရွှေခန္ဓာအရည်လေ။ အဲ့တာက ရုပ်ခန္ဓာကို သန့်စင်ပေးနိုင်ပြီးတော့ အသွင်ပြောင်းလဲမှုကို ရရှိစေတယ်။ တော်တော်လေးကို ရှားတယ်။ ဒီလိုအချိန်အတော်ကြာ ပျောက်ကွယ်နေတဲ့ ကမ္ဘာတစ်ခုကပဲ အဲ့တာကို ထုတ်လုပ်ပေးနိုင်တယ် “

ဟမ်

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ရာ သူ့အနောက်တွင် ရှည်သွယ်သွယ်ကိုယ်ဟန်ဖြင့် ရွှေရောင်ဆံသားပိုင်ရှင် လူငယ်တစ်ဦး မတ်တပ်ရပ်နေသည်ကို မြင်တွေ့သွားခဲ့သည်။ သူက နတ်ဆိုးနတ်ဘုရားတစ်ပါးအလား ဖြစ်နေခဲ့ကာ စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသည့် စွမ်းအားတစ်ခုကို သယ်ဆောင်ထားခဲ့သည်။

“ ကျင်းကျန့် “

လုချန်ရှန်းက တအံ့တဩဖြင့် ပြန်ပြောလိုက်သည်။

ကျင်းကျန့်က သူ့ကို ခေါင်းအစခြေအဆုံး ကြည့်ရှုစစ်ဆေးကာ စကားထပ်ပြောလာခဲ့၏ “ ရောက်လာတဲ့ လူက မင်းဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ မွေးရာပါ ဝိညာဥ်နယ်ပယ် အဆင့်၉ကို ရောက်နေပြီဆိုတော့ မင်းကို ပါရမီရှင်လို့ ခေါ်လို့ရတယ် “

ထိုစကားကို နားထောင်လိုက်ရသောအခါတွင် လုချန်ရှန်း၏ အကြည့်က ပတ်ဝန်းကျင်သို့ ရောက်ရှိသွားခဲ့သည်။ သူသည် လူတစ်စုက ကျင်းကျန့်အနောက်သို့ လိုက်သွားသည်ဆိုသည်ကို သိနေခဲ့သည်။ ယခုတွင်မူ ထိုလူအားလုံး ပျောက်ကွယ်နေခဲ့သည်။

သူကိုယ်တိုင်ကပင် ကျင်းကျန့်က အနီးအနားတွင် ရှိနေသည်ကို သတိမပြုမိခဲ့ပေ။ ၎င်းက အတော်ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။

ကျင်းကျန့်က စကားထပ်ပြောလာခဲ့၏ “ လျှောက်ကြည့်နေဖို့ မလိုပါဘူး။ သူတို့က ငါ့အတွက် အနစ်နာခံပေးသွားကြတယ် “

“ အနစ်နာခံပေးတာလား “

“ အဲ့တာက ရွှေခန္ဓာအရည်ကို ကာကွယ်ပေးနေတဲ့ မူလစွမ်းအားတစ်ခုပဲ။ အဲ့တာက အနားကပ်ရခက်အောင် လုပ်နေတာ။ အဲ့တာကို ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားစေဖို့အတွက် ငါ့မှာ အချိန်အလုံအလောက် မရှိဘူး။ အဲ့တာကြောင့် သူတို့ကို သတ်ပြီးတော့ သူတို့ရဲ့ သွေးတွေနဲ့ အဲ့တာကို ဖျက်စီးနေတာ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။

အကယ်၍ သူ၏မှတ်ဉာဏ်များကသာ သူ့ကို မလိမ်ညာဘူးဆိုပါက ထိုလူများက သူ၏ မျိုးနွယ်စုဝင်များ ဖြစ်နေခဲ့သည့်တိုင်အောင် ဤလူငယ်က ထိုလူများကို ပြတ်ပြတ်သားသား သတ်ဖြတ်ခဲ့လေသည်။

ရှောင်ဟေးမှာလည်း တစ်ချို့သော အရာများအား သွေးနှင့် အထူးနည်းစနစ်များကို အသုံးပြု၍ အမှန်တကယ် ချေဖျက်နိုင်ပြီး ထိုကဲ့သို့ ပြုလုပ်ရန်အတွက် သွေးပမာဏာ အမြောက်အများ လိုအပ်ကာ ချီသွေးက ပိုမိုအားကောင်းလေလေ အကျိုးသက်ရောက်မှု ပိုရှိလေလေဟု ပြောပြထားခဲ့ဖူးသည်။

“ မင်းက ရူးနေတာလား “

လုချန်ရှန်းက မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

ကျင်းကျန့်က ပြန်ပြောလာခဲ့၏ “ အစကတော့ အဲ့လို မလုပ်ချင်ခဲ့ဘူးလေ။ ဒါပင်မဲ့ ငါခေါ်လာတဲ့ လူတွေကို သတ်ခဲ့ပြီးတာတောင် မလုံလောက်သေးဘူး။ အဲ့တာကြောင့် ရွေးချယ်စရာ မရှိတော့ဘဲ သူတို့ကို လုပ်လိုက်ရတာ။ ဒါပင်မဲ့ အခုထိလည်း မလုံလောက်သေးဘူး။ နည်းနည်းလိုနေတယ်။ ဒါပင်မဲ့ မင်းတို့ ရောက်လာပြီဆိုမှတော့ အဲ့တာက လုံလောက်သွားသင့်ပါပြီ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ တစ်ခဏခန့် အတွေးနက်သွားခဲ့သည်။

သူက တစ်ခဏခန့်သာ ပျောက်ကွယ်သွားခြင်းဖြစ်သော်လည်း လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး သူ၏ ကိုယ်ပိုင်မျိုးနွယ်စုဝင်များကို မသက်ညှာခဲ့ပေ။

လုချန်ရှန်း၏ စိတ်ဓာတ်ခိုင်မာမှုဖြင့်ပင် ၎င်းကို အနည်းငယ် လက်ခံရခက်နေခဲ့သည်။

သို့ရာတွင် ကျင်းကျန့်က စကားထပ်ပြောလာခဲ့၏ “ ငါ့ကို အဲ့လိုအကြည့်မျိုးနဲ့ ကြည့်နေဖို့ မလိုပါဘူး။ ငါက အခွင့်အလမ်းတွေ ရှာဖွေပြီးတော့ အသွင်ပြောင်းဖို့နဲ့ ငါ့ရဲ့ ပြိုင်ဘက်တွေကို အနိုင်ယူဖို့အတွက် အောက်လောကကို လာခဲ့တာ။ အောင်မြင်ဖို့အတွက် လူနည်းနည်းလောက်ကို သတ်တာက ဘာမှမဟုတ်ပါဘူး “

ထိုအခိုက်အတန့်တွင် လုချန်ရှန်းမှာ ထိုလူက အရူးတစ်ဦးဖြစ်သည်ဟု ခံစားသွားခဲ့ရသည်။

သို့ရာတွင် သူသည် သံသယတို့ဖြင့် မေးမြန်းလိုက်သေးသည် “ ငါ့ကို ဘာဖြစ်လို့ အများကြီးပြောပြနေရတာလဲ “

“ အစကတော့ မင်းရဲ့ နာမည်ကို ကြားခဲ့ဖူးပြီးတော့ မင်းရဲ့ ပါရမီက တော်တော်လေး ကောင်းတယ်လို့ ထင်နေခဲ့တာ။ အဲ့တာကြောင့် မင်းကို ငါ့ရဲ့ တိုက်ပွဲကျွန်အဖြစ် ခေါ်သွားမလို့ပဲ။ ပြီးတော့ ဒီနေရာက သွေးစတေးတာကို လိုအပ်ပင်မဲ့ မင်းက ငါ့အတွက် အသုံးဝင်တယ်လေ။ ဒါပင်မဲ့ မင်းရဲ့ တကယ့်ကျင့်ကြံရေး နယ်ပယ်ကို မြင်လိုက်ရတဲ့ အချိန်မှာတော့ ငါစိတ်ပြောင်းသွားပြီ “

“ ဘာကြီး “

“ ငါ့ကို အညံ့ခံလိုက်။ ငါမင်းကို အခွင့်အရေး အမျိုးမျိုးပေးမယ်။ မင်းက ငါက ငါ့ရဲ့မျိုးနွယ်စုကို ထိန်းချုပ်နိုင်အောင် ကူညီပေး။ အခုလက်ရှိ အချိန်အတွက်ကတော့ အပြင်ထွက်ပြီး ငါ့အတွက် စတေးဖို့ အကောင်ပလောင်လေး ရှာပေးလိုက်။ နောင်အနာဂတ်မှာ အထွတ်အထိပ် ဂုဏ်ကျက်သရေ ရပြီးတေ့း ဒီရွှေခန္ဓာရည်တစ်ချို့ကို မင်းနဲ့ မျှဝေပေးနိုင်တယ်လို့ ငါအာမခံတယ် “

လုချန်ရှန်းမှာ အပြည့်အဝ နားလည်သွားခဲ့သည်။ ထိုလူက မမျှော်လင့်ထားသော ဖြစ်ရပ်များ ပေါ်ထွက်လာမည်ကို ကြောက်လန့်နေသောကြောင့် ဤနေရာမှ မထွက်သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လုချန်ရှန်းကို သူ့အတွက် တောက်တိုမယ်ရအလုပ်များ လုပ်ပေးစေနေခြင်း ဖြစ်သည်။

လုချန်ရှန်း ပြန်ပြောလိုက်၏ “ဒါပင်မဲ့ ငါက အကုန်လုံးကို လိုချင်တာလေ “

ကျင်းကျန့်မှာ အံ့ဩမှင်သက်သွားကာ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ တကယ်လို့ မင်းက လောဘကြီးလွန်းနေမယ်ဆိုရင် မင်းကို သွေးစတေးဖို့ပဲ သုံးလိုက်ရလိမ့်မယ်။ မင်းရဲ့ ပါရမီတွေ စွမ်းရည်တွေနဲ့ဆိုရင် မင်းရဲ့ ချီသွေးက သေချာပေါက် ထူးခြားနေမှာပဲ။ မင်းတစ်ယောက်တည်းနဲ့တင် လုံလောက်သင့်တယ် “

ဆိုလိုရင်းက အတော်ပင် ရှင်းလင်းနေခဲ့ပြီ ဖြစ်သည်။

“ လာခဲ့လိုက်လေ။ ဘာပဲဖြစ်ဖြစ် ဒီနေ့မှာ ငါမင်းကို အမှောက်သိပ်ပြီးတော့ မင်းရဲ့ အခွင့်အလမ်းကို သိမ်းပေးမယ် “

လုချန်ရှန်းက ဟန်ဆောင်ပန်ဆောင်ပင် လုပ်မနေခဲ့ပေ။ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ မှော်စွမ်းများ မြင့်တက်လာခဲ့ပြီး ထိုလူနှင့် တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

“ လမ်းမှားကို ရွေးချယ်လိုက်တာက အဆုံးမဲ့ နောင်တတွေကို ရစေလိမ့်မယ် “

ကျင်းကျန့်က ခေါင်းတခါခါဖြင့် ထပ်ပြောလာခဲ့၏။ သူသည် လုချန်ရှန်းအတွက် နှမြောတသဖြစ်နေပုံရ၏။ ထို့နောက်၌ သူသည် လက်ဟန်တစ်ခုကို ချက်ချင်းပြုလုပ်သည်။

လုချန်ရှန်း၏ နဖူးပေါ်တွင် ရွှေရောင်ပုံစံကွက်တစ်ခု ပေါ်ထွက်လာခဲ့သည်။ သူက တားမြစ်ချက်ကို အသက်သွင်းလိုက်ခြင်းဖြစ်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

သို့ရာတွင် သူ၏ အပြုံးမှာ ရုတ်တရက် အေးခဲတောင့်တင်းသွားခဲ့ရသည်။ ရွှေရောင်ရုန်းများ ပေါ်လာသည့် အခိုက်အတန့်တွင် ၎င်းတို့က ဘမ်းဟူသော အသံတစ်သံနှင့်အတူ ချက်ချင်းပေါက်ကွဲသွားကာ အလင်းမှုန်လေးများအဖြစ် ပြိုကွဲသွားခဲ့သည်။

သူသည် လုချန်ရှန်းကို ငေးကြည့်ကာ တအံ့တဩ ဖြစ်သွားခဲ့သည်။

“ ငါ့ကို ပျက်စီးနေတဲ့ တားမြစ်ချက်လေးတစ်ခုလောက်နဲ့ ထိန်းချုပ်နိုင်မယ်လို့ ထင်နေတာလား။ ငါက ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်နေမယ်လို့ ထင်နေတာလား “ ဟု လုချန်ရှန်းက ပေါ့ပေါ့ပါးပါး လှောင်ပြောင်နေတော့၏။

သို့ရာတွင် ကျင်းကျန့်က သူ၏ အကြည့်ကို ရုတ်သိမ်းကာ သူ၏လက်ဟန်ကို ဖြည်းဖြည်းချင်း ပယ်ဖျက်လိုက်သည်။

“ ငါမင်းကို အထင်သေးခဲ့မိတာပဲ ”

ထိုစကားလုံးများ ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် မှော်စွမ်းအားများ ရုတ်တရက် ပေါက်ထွက်လာပြီး ရွှေရောင်ကျောက်နဂါး အရိပ်တစ်ခုအဖြစ် အသွင်ပြောင်းသွားကာ အရှေ့သို့ ခုန်အုပ်သွားပြီး ထိုအခိုက်အတန့်တွင် ဟွာရှုနယ်ပယ်၏ အရှိန်အဝါပါ ပေါ်ထွက်လာခဲ့သည်။

ဘုမ်းးး

လုချန်ရှန်း၏ မှော်စွမ်းအားများပါ ပေါက်ထွက်လာခဲ့ပြီး ၎င်းကို ဖမ်းဆုပ်မည့် ဧရာမလက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

စွမ်းအားနှစ်ခု တိုက်မိသွားကာ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုကို ဖြစ်ပေါ်လာစေခဲ့၏။ ဧရာမလက်နှင့် နဂါးအရိပ်တို့ ပြိုကွဲသွားကာ အလင်းမိုး ရွာသွန်းသကဲ့သို့ အလင်းမှုန်လေးများအဖြစ် ပြိုကွဲသွားပြီး ကောင်းကင်အနှံ့ ပြန့်ကျဲသွားခဲ့သည်။

သို့ရာတွင် သူသည် ကျင်းကျန့်၏ ပုံရိပ်ကို မမြင်တွေ့ရတော့ပေ။ သို့သော် ရှောင်ဟေးက အော်ပြောလာခဲ့သည်။

“ သတိထား “

လုချန်ရှန်း၏ နားများအတွင်းတွင် အသံတစ်သံ ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့ပြီး အနောက်ဘက်မှ သတ်ဖြတ်လိုစိတ်တစ်ခု တိုက်ခိုက်လာသည်ဟု ခံစားလိုက်ရ၏။ လုချန်ရှန်းက ချက်ချင်းလက်သီးဆုပ်လိုက်ရာ မိုးကြိုးများ ပေါက်ထွက်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အသံတစ်သံနှင့်အတူ နောက်ပြန်တိုက်ခိုက်လိုက်၏။

ဝှစ်

ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားကာ ကောင်းကင်ပြင်ကို လှုပ်ခါသွားစေခဲ့၏။ လက်သီးနှင့် လက်ဝါးတို့ ဆုံတွေ့သွားကာ ကျင်းကျန့်၏ မျက်ဝန်းများအတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

လုချန်ရှန်းက ခြေထပ်လှမ်းလိုက်ရာ မိုးကြိုးများ အပြင်းအထန် ကခုန်လာခဲ့ပြီး လက်သီးထိုးချက်များ ကြေမွသွားကာ အလင်းတန်းများ ထိတွေ့တိုက်ခိုက်မိသွားခဲ့ပြီး ရွှေရောင်အလင်းတန်းနှင့် တိုက်ခိုက်နေခဲ့သည်။ ကောင်းကင်ယံမှာ မိုးကြိုးလျှပ်စီးတို့နှင့်အတူ တလက်လက်တောက်ပနေခဲ့သည်။

ထိုအခိုက်အတန့်တွင် ကျင်းကျန့်က မိုးကြိုးများ ပြည့်နှက်နေသည့် ကောင်းကင်ပြင်ကို ကြည့်ကာ ရုန်းကြွနေသည့် စွမ်းအားများကို ခံစားမိနေခဲ့၏။ လူငယ်လေးက လှုပ်ရှားနေခဲ့ကာ သူ၏ ကြီးစိုးသော ဟန်အမူအရာက ရှုထောင့်ပေါင်းစုံတွင် ထူးခြားသည်ကို လှစ်ဟပြသနေခဲ့သည်။

သူ၏ခန္ဓာကိုယ်ထံမှ ရွှေရောင်အလင်းတန်းတစ်ခု ပျံ့လွင့်နေကာ သူ၏ အသွင်အပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး မိုးကြိုးတာအိုနှင့် ထိပ်တိုက်ရင်ဆိုင်နေလျက်ရှိသည်။ ၎င်းက ကျောက်နဂါးမျိုးနွယ်စုနှင့် သက်ဆိုင်သည့် မွေးရာပါ နတ်စွမ်းရည်တစ်ခုဖြစ်သော သတ္တုဓာတ်၏ စွမ်းအားပင် ဖြစ်သည်။

ဆက်လက်၍ တိုက်ခိုက်နေသည်နှင့်အမျှ ကျင်းကျန့်မှာ ပိုမိုလေးနက်သွားခဲ့သည်။ သူသည် မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်တစ်ဦးက ချောက်နက်ကို ကျော်ဖြတ်ကာ သူနှင့် အမှန်တကယ် တိုက်ခိုက်နေနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

နယ်ပယ်နှစ်ခုအကြားတွင် မျဥ်းတစ်ကြောင်းမျှသာ ခြားနေပုံရသော်လည်း တကယ်လက်တွေ့ဘဝတွင် ကမ္ဘာတစ်ခုစာမျှ ခြားနေခဲ့လေသည်။

ကျင်းကျန့်မှာ သက်ပြင်းတချချ ဖြစ်သွားကာ စကားလှမ်းပြောနေတော့သည် “ တကယ်လို့ နယ်ပယ်သာ တူနေမယ်ဆိုရင် ငါမင်းကို နိုင်မှာမဟုတ်ဘူး။ မင်းကို မြန်မြန်ဖိနှိပ်ပြီးတော့ သတ်မှဖြစ်မယ် “

“ မင်းဆီမှာ အသိစိတ်တော့ ရှိသေးသားပဲ “ ဟု လုချန်ရှန်းက ပြန်ပြောလိုက်သည်။

ကျင်းကျန့်က စကားထပ်ပြောလာခဲ့၏ “ ဒါပင်မဲ့ အဆုံးမှာတော့ မင်းနဲ့ ငါ့ကြားမှာ နယ်ပယ်ကွာဟမှု ရှိနေတုန်းပဲ။ မင်းအတွက် နှမြောဖို့ကောင်းလွန်းတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်း၏ မျက်ခုံးတစ်ဖက် ပင့်တက်သွားကာ ပြန်ပြောလိုက်သည် “ အဲ့လိုဖြစ်ဖို့က စောလွန်းနေပါသေးတယ် “

--

…………………………………………………………………………………………………………………………………………

All Chapters