← Chapters

အခန်း ၃၄၈

Vol. 24 Ch. 348

အခန်း ၃၄၈

Vol. 24 Ch. 348

အပိုင်း ( 348 )

ဆွံ့အသွားရသော ရှောင်ဟေး

ကျင်းကျန့်၏ အသံက အေးဆေးတည်ငြိမ်နေခဲ့သော်လည်း ကြားရသူတိုင်းကို ကျောချမ်းသွားစေသည့် ခံစားချက်တစ်မျိုးကို ပေးစွမ်းနေခဲ့သည်။

ချက်ချင်းဆိုသလိုပင် တောက်ပ‌သော အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး ဓာတ်ကြီးငါးပါးက စွမ်းအားက မိုးကြိုးတာအိုနှင့် ယှဥ်ပြိုင်နေတော့၏။

သူ၏လက်များဖြင့် လက်ဟန်တစ်ခု ပြုလိုက်ရာ စွမ်းအင်များ ရုတ်တရက် ပေါက်ထွက်လာခဲ့ပြီး ချက်ချင်းရွေ့လျားသွားကာ ဘက်ပေါင်းစုံကို ကသောင်းကနင်း ဖြစ်သွားစေခဲ့၏။

သူ၏ ရွှေရောင်ဆံသားများ ကခုန်နေကာ ရွှေရောင်မျက်ဝန်းများက ပိုမိုကြောက်မက်ဖွယ်ကောင်းလာခဲ့ပြီး ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံနှင့်အတူ သူ၏ ခန္ဓာကိုယ်အတွင်းမှ နဂါးတစ်ကောင် ပျံထွက်လာခဲ့၏။

လုချန်ရှန်းက ၎င်းကို ငေးကြည့်နေရင်းဖြင့် ၎င်းက ထိုလူ၏ ဝိညာဥ်ခန္ဓာဆိုသည်ကို သိရှိနေခဲ့သည်။ ၎င်းမှာ ယခင်က ကျင်းဝူရွှေ့၏ ကိုယ်ပွားများကဲ့သို့ ဓာတ်ကြီးငါးပါး စွမ်းအားဖြင့် သူ၏ ရင်ဘတ်အတွင်းတွင် ဖွဲ့စည်းထားသော အရာများဖြစ်သည်။

သို့ရာတွင် ဟွာရှုနယ်ပယ် ပထမအဆင့်သို့သာ ရောက်ရှိနေသေးသည့် ကျင်းကျန့်၏ ကိုယ်ပွားက ဟွာရှုနယ်ပယ် ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသောကြောင့် သူအံ့ဩတကြီး ဖြစ်သွားခဲ့ရသည်။ ၎င်းက သူ၏ မူလကိုယ်လောက် အစွမ်းမထက်သော်လည်း အတော်ပင် အံ့ဖွယ်ကောင်းနေသေး၏။

“ ဘာတွေ ဖြစ်နေတာလဲဟ “

လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ရှောင်ဟေးမှာလည်း မည်သည့်အရာကိုမှ မသိပေ။ ဟွာရှုနယ်ပယ်၏ သူ၏ နားလည်နိုင်စွမ်းထပ် ကျော်လွန်နေခဲ့သည်။

သို့ရာတွင် အဆိုပါ ဝိညာဥ်ခန္ဓာကိုယ် လှုပ်ရှားလာမှုနှင့်အတူ ၎င်း၏ ကျယ်လောင်သော ဟိန်းဟောက်သံက ကောင်းကင်ဘုံကိုပင် လှုပ်ခါသွားစေခဲ့၏။ ၎င်းက လုချန်ရှန်းဆီသို့ ချက်ချင်းပြေးတက်လာတာ ၎င်း၏ ခန္ဓာကိုယ်ကြီးဖြင့် သူ့ကို ရစ်ခွေချုပ်နှောင်ရန် ကြိုးပမ်းလာခဲ့သည်။

“ ဒီပိုးကောင်က ဘယ်ကနေ ထွက်လာတာလဲ။ လစ်စမ်း “

လုချန်ရှန်းက အော်ငေါက်နေတော့သည်။ သူ၏ ပတ်ပတ်လည်တွင် မိုးကြိုးများ ပေါက်ထွက်လာခဲ့ပြီး အဆက်မပြတ် ရုန်းကြွနေကာ တိုက်ခိုက်လာသည့် နဂါးကို ပြန်လည်တိုက်ခိုက်နေတော့သည်။

ကျင်းကျန့်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။ ယခုတွင် သူက လုချန်ရှန်းကို အလေးအနက်ထားကာ သူ၏ ရန်သူတော်တစ်ဦးအဖြစ် ဆက်ဆံနေခဲ့ပြီ ဖြစ်သည်။

သူ၏ လက်များဖြင့် လက်ဟန်တစ်ခုကို ထပ်မံ၍ ပြုလုပ်လိုက်ရာ မှော်စွမ်းအားများ ထပ်မံ၍ မြင့်တက်လာခဲ့ပြီး ရွှေရောင်အလင်းတန်းက ပိုမိုအားကောင်းလာခဲ့၏။ လုချန်ရှန်းဘေးတစ်ဖက်သို့ ရှောင်တိမ်းလိုက်သော်လည်း ၎င်းက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သူ့အပေါ်သို့ ကျဆင်းသွားခဲ့သည်။

အုမ်းးးး

ချက်ချင်းဆိုသလိုပင် လုချန်ရှန်း၏ လက်သီးထိုးချက် ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြီး နဂါးကို လွင့်ထွက်သွားစေကာ ကျင်းကျန့်ထံသို့ ပြေးတက်သွားတော့သည်။

ရုပ်ခန္ဓာနှစ်ခု တိုက်မိသွားသည့် အချိန်တွင် တောင်တန်းများ တိုက်မိသွားခြင်း(သို့) သတ္ထုချင်းထိခတ်သွားသကဲ့သို့ ဖြစ်နေသည့် အသံတစ်သံ ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့၏။

လုချန်ရှန်းမှာ တအံ့တဩဖြစ်သွားခဲ့သည်။ အဆိုပါ မျိုးနွယ်စု၏ ရုပ်ခန္ဓာက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုကြသော်လည်း ၎င်းက သူ၏မျှော်မှန်းချက်များထပ် ကျော်လွန်နေခဲ့သည်။ ရိုက်ချက်တစ်ချက်ကပင် ၎င်း၏ ထူးခြားသော သဘာဝကို ခံစားသိရှိသွားရန် လုံလောက်နေခဲ့သည်။ ချီသွေးများက တဟုန်ထိုးစီးဆင်းနေသည့် မြစ်တစ်စင်းပမာ ဖြစ်နေခဲ့ပြီး လေနှင့်မိုးကြိုးများကို နှိုးဆွပေးနေသည့်အလား ဖြစ်နေခဲ့သည်။

“ ဒီလောက်တောင် မာနေအောင် မင်းက ဘာတွေစားထားခဲ့တာလဲဟ “

လုချန်ရှန်းက တအံ့တဩဖြင့် လွှတ်ခနဲပြောမိသွားခဲ့သည်။ သူသည် အလွန်တရာ မာကြောသော အဆိုပါ ရုပ်ခန္ဓာကြောင့် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။

ကျင်းကျန့်ကမူ ပြုံးရုံသာ ပြုံးနေခဲ့ပြီး မည်သို့မျှ မတုံ့ပြန်လာခဲ့ပေ။ ကခုန်နေသည့် နဂါးတစ်ကောင်က တိုက်ခိုက်မှုများကို အဆက်မပြတ် ကြားဝင်နှောင့်ယှက်နေခဲ့၏။ သူက အကြိမ်ပေါင်းများစွာ တိုက်ခိုက်ကာ ၎င်းကို ရိုက်ချိုးဖျက်စီးခဲ့သော်လည်း ၎င်းက မည်သို့မျှ မပျက်စီးသွားဘဲ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်သာ ပြုလုပ်နေခဲ့သည်။

“ တော်တော်စိတ်ရှုပ်ဖို့ကောင်းတာပဲ “

လုချန်ရှန်း၏ မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

ကျင်းကျန့်၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ သူ၏ တိုက်စစ်က ပိုမိုပြင်းထန်လာတော့၏။

သို့သော် နဂါးဆင်းသက်သွားသည့် အချိန်တွင် လုချန်ရှန်း၏ အကြည့်များ စူးရှသွားကာ အဆုံးမဲ့ ဓားချီများ ကောင်းကင်ထက်သို့ ထောင်ထက်သွားပြီး လေထုအတွင်းတွင် ရစ်ပတ်လိမ်ယှက်ကာ နဂါးကို တိုက်ခိုက်နေကြတော့သည်။

အံ့ဖွယ်ကောင်းသည့် ဓားဆန္ဒ ပေါ်ထွက်လာမှုနှင့်အတူ ကျင်းကျန့်၏ မျက်ဝန်းများအတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

သူသည် လုချန်ရှန်း၏ ဓားတာအိုက အတော်ပင် ကြောက်မက်ဖွယ်ကောင်းသည်ဟု ကြားသိထားခဲ့ဖူးပြီး အနည်းငယ်မျှ မျှော်လင့်ထားခဲ့သော်လည်း အမှန်တကယ် မြင်တွေ့လိုက်ရသည့် အချိန်တွင် အံ့အားသင့်သွားရသေးသည်။

သို့ရာ၌ သူ၏ အံ့အားသင့်မှုများ မပျောက်ကွယ်ခင်အချိန်မှာပင် လုချန်ရှန်းက ခေါင်းတခါခါဖြင့် စကားထပ်ပြောလာခဲ့၏ “ မေ့လိုက်တော့။ ငါမင်းနဲ့ မကစားတော့ဘူး “

“ ဘာဖြစ်တယ် “

ကျင်းကျန့်မှာ အံ့ဩမှင်သက်ကာ နားမလည်နိုင် ဖြစ်သွားခဲ့သည်။

သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဓားချီ၏ စွမ်းအားများ မြင့်တက်လာသည်ကို ခံစားလိုက်ရပြီး ကြောက်မက်ဖွယ်ရာ ဓားဆန္ဒက သူ့အား လွှမ်းခြုံလုနီးပါး ဖြစ်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။

ထိုအခိုက်အတန့်တွင် လေပြင်းများ တိုက်ခတ်လာပြီး လေထုကို ဆုတ်ဖြဲနေသည့် အသံပလံများ ဆက်တိုက်ပေါ်ထွက်လာခဲ့၏။ ဓားအလင်းတန်းက ရေစီးကြောင်းတစ်ခုကဲ့သို့ ကောင်းကင်ပြင်ကို ကျော်ဖြတ်သွားပြီး နဂါးကြီးက အပိုင်းပိုင်း ခုတ်ထစ်ခံလိုက်ရသည့်အလား အော်ဟစ်ညီးတွားနေကာ ၎င်း၏ ပုံရိပ် ပြိုကွဲသွားပြီး ရွှေရောင်အလင်းတန်းတစ်ခုသာလျှင် ကျန်နေခဲ့ကာ ၎င်းက ကျင်းကျန့်ဆီသို့ ကျဆင်းသွားခဲ့သည်။

၎င်းက ဓာတ်ကြီးငါးပါးချီဖြစ်ပြီး ၎င်း၏ အစိတ်အပိုင်းတစ်ခု ဖြတ်တောက်ခံလိုက်ရသော်လည်း ကျင်းကျန့်က ၎င်းကို ပြန်လည်ရယူနေနိုင်သေး၏။

သို့ရာတွင် သူ၏ အမူအရာ ပြောင်းလဲသွားကာ မယုံကြည်နိုင်ဖြစ်သွားသော မျက်ဝန်းများဖြင့် လုချန်ရှန်းကို ငေးကြည့်လာခဲ့၏။

“ ဓားဆန္ဒဖြစ်တည်ခြင်း ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “

ချက်ချင်းဆိုသလိုပင် ကျင်းကျန့်၏ စိတ်နှလုံးသား တလှပ်လှပ် ဖြစ်သွားခဲ့သည်။ အစတွင် သူသည် အဆိုပါ လူငယ်လေးက မွေးရာပါ ဝိညာဥ်နယ်ပယ် အဆင့်၉ ကျင့်ကြံရေးဖြင့် အဆင့်ကျော်တိုက်နိုင်သည်အထိ မရိုးရှင်းဘူးဟုသာ ထင်နေခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါ ဓားဆန္ဒကို မြင်လိုက်ရပြီးသည့်နောက်တွင်မူ သူမည်သို့မျှ တည်ငြိမ်မနေနိုင်တော့ပေ။

သူက မိုးကြိုးနည်းစနစ်၏ စွမ်းအားကို ခံစားခဲ့ဖူးသော်လည်း သူ၏ နယ်ပယ် အားသာချက်ကို အသုံးပြုကာ ဖိနှိပ်ခဲ့သောကြောင့် မည်သို့မျှ မထိခိုက်သွားခဲ့ပေ။ သို့သော် ဓားဆန္ဒဖြစ်တည်ခြင်းကမူ ကွဲပြားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းတစ်ခုတည်းကပင် ချောက်နက်ဟု ခေါ်ဆိုကြသည့် နယ်ပယ်အတားအဆီးကို ကျော်ဖြတ်နိုင်သည်ထပ် ပိုနေခဲ့သည်။

“ ခုတ် “

လုချန်ရှန်းက အသာအယာ အော်ဟစ်လိုက်ရာ ဓားအရိပ်များ လိမ်ယှက်လာခဲ့ပြီး ပုံရိပ်ယောင်သဖွယ် ရုပ်ပုံများအဖြစ် ကွဲထွက်သွားကာ ကျင်းကျန့်အပေါ်သို့ တိုက်ရိုက်ကျဆင်းသွားခဲ့သည်။

ခွမ်းးးး

ကြောက်မက်ဖွယ်ကောင်းသော အသံတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်နှင့် တွယ်ဆက်နေသည့် ရွှေရောင်အလင်းတန်း ပြိုကွဲသွားခဲ့သည်။ သူ၏အရေခွံများ ပွင့်ထွက်သွားကာ သွေးစီးကြောင်းများ ပေါ်ထွက်လာခဲ့၏။

ကျင်းကျန့်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူဂုဏ်ယူနေရသည့် ရုပ်ခန္ဓာမှာ တစ်ဖက်လူ၏ တိုက်ကွက်တစ်ခုတည်းဖြင့် အမှန်တကယ် ပျက်စီးသွားခဲ့သည်။

သို့ရာတွင် လုချန်ရှန်းက ‌ဝေ့လည်ကြောင်ပတ်လုပ်မနေခဲ့ပေ။ အဆိုပါ တိုက်ကွက်က သူ၏အင်အားအပြည့် တိုက်ကွက်ဖြစ်ပြီး ၎င်းက ရွှေရောင်အလင်းတန်းကို ဖျက်စီးသွားခဲ့သည်။

ဝှစ်

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဓားဆန္ဒ ထပ်မံ၍ မြင့်တက်လာခဲ့ပြီး အေးစက်စက် အလင်းတန်းတစ်ခုက ကောင်းကင်ပြင်ကို လင်းထိန်သွားစေကာ သူက ဤတိုက်ပွဲကို အဆုံးသတ်ချင်နေခဲ့သည်။

ကျင်းကျန့်၏ အကြည့်များ နက်ရှိုင်းသွားကာ မည်သို့မျှ ထိန်ချန်မထားတော့ဘဲ အမျိုးမျိုးသော စည်းတံဆိပ်များကို ထုတ်လွှတ်ကာ မန္တာန်များ ဆက်တိုက်ဖြစ်တည်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများအဖြစ် ပြောင်းလဲသွားကာ အရှေ့သို့ ပိုင်းဖြတ်သွားတော့သည်။

စွမ်းအားနှစ်ခု တိုက်မိသွားပြီး ဤကမ္ဘာငယ်တစ်ခုလုံးအနှံ့ ပျံ့လွင့်သွားခဲ့သည်။ သူသည် တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးရန် ကြိုးပမ်းလိုက်သည်။ သို့သော် ပြိုင်ဘက်၏အရှိန်အဟုန်က ဝါးတစ်ချောင်းအလား ကျိုးပဲ့ပျက်စီးလွယ်နေသည်ကို မြင်တွေ့လိုက်ရသည်။

လုချန်ရှန်းက ချဥ်းကပ်သွားကာ သူ့ကို သတ်ဖြတ်ရန် ကြိုးပမ်းလိုက်သည့် အချိန်၌ ကျင်းကျန့်၏ ဦးခေါင်းပေါ်တွင် ရှေးဟောင်းကြေးမှန်တစ်ချပ် ပေါ်ထွက်လာခဲ့ပြီး ၎င်းထံမှ ကောင်းကင်ဘုံ အလင်းတန်းတစ်ခု ဆင်းသက်လာကာ စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသည့် စွမ်းအားတစ်ခုက နတ်အလင်းတန်းတစ်ခုကို အဖော်ပြု၍ ပျံ့နှံ့လာခဲ့သည်။

၎င်းက မှော်ပစ္စည်းတစ်ခုဖြစ်ပြီး ၎င်းက ထိခိုက်ပျက်စီးကာ ရန်သူများကို မသတ်နိုင်သော်လည်း ပုံရိပ်ယောင်များကို ထွင်းဖောက်မြင်နေနိုင်ခဲ့သည်။ အလင်းတန်းတောက်ပလာသည့် အချိန်တွင် ဝိညာဥ်တိုင်းကို ချုပ်နှောင်နိုင်ပေသည်။

ကြေးမှန်၏ အလင်းတန်းမှာလည်း လုချန်ရှန်းအပေါ်သို့ ကျဆင်းလာခဲ့သည်။

“ ချုပ်နှောင် “

ကျင်းကျန့်က အော်ပြောလိုက်၏။ သူသည် လှုပ်ရှားမှုအားလုံး နှေးကွေးသွားသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေခဲ့ရပြီး သူ၏ ပတ်ပတ်လည်ကို ဝိုင်းရံနေသည့် ဓားဆန္ဒကပင် ချက်ချင်းအေးခဲသွားခဲ့သည်။

လုချန်ရှန်းမှာ တအံ့တဩဖြစ်သွားခဲ့သည်။ သူသည် ကြေးမှန်ဆီမှ ဆင်းသက်လာသည့် စွမ်းအားကို ခံစားနေနိုင်ခဲ့သည်။ ၎င်းက အလွန်တရာ အံ့ဖွယ်ကောင်းနေခဲ့ပြီး ချိန်ကြိုးများက သူ၏ ခန္ဓာကိုယ်နှင့် စွမ်းအားများကို ချုပ်နှောင်ထားသည့်အလား ဖြစ်နေခဲ့သည်။

ကြေးမှန်ချပ်ကို ကြည့်နေရင်းဖြင့် သူ၏မျက်ဝန်းများအတွင်းတွင် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ကျင်းကျန့်က ထပ်မံ၍ လှုပ်ရှားလာခဲ့ကာ ရွှေရောင်လှံတစ်လက် အလျားလိုက် ကခုန်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားများ ပေါက်ထွက်လာခဲ့၏။

“ တကယ်ကြီးကို နတ်လက်နက်ဖြစ်နေတာပဲ “ ရှောင်ဟေးက တအံ့တဩဖြင့် လွှတ်ခနဲပြောမိသွားခဲ့သည်။

“ သတ် “

ကျင်းကျန့်၏ အသံက မိုးခြိမ်းသံအလား ပေါက်ထွက်လာခဲ့ပြီး ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။ လှံတံ၏ စွမ်းအားက ပိုမိုကြောက်မက်ဖွယ်ကောင်းနေခဲ့ကာ လုချန်ရှန်း၏ မျက်ခုံးများအကြားကို ချိန်ရွယ်ထားခဲ့သည်။

အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေသည့်အလား ဖြစ်နေခဲ့သည်။ သူသည် စိတ်ရှည်နေခဲ့ပြီး အရေးအကြီးဆုံး အခိုက်အတန့်တွင် နတ်လက်နက်နှစ်ခုကို တိုက်ရိုက်ထုတ်ပြကာ ပြတ်ပြတ်သားသား တိုက်ခိုက်နေခဲ့သည်။ ပြိုင်ဘက်က မည်မျှပင် အံ့ဖွယ်ကောင်းနေပါစေ သူက တစ်ဖက်လူကို အငိုက်ဖမ်းကာ တိုက်ခိုက်နိုင်ပေသည်။

သို့ရာ၌ ကျင်းကျန့်ချဥ်းကပ်လာသည့် အခိုက်အတန့်တွင် လုချန်ရှန်း၏ မျက်ခုံးများအကြားတွင် ပုံစံကွက်တစ်ခု ဖြစ်တည်လာခဲ့၏။ သူ၏အနောက်ဘက်တွင် စာလိပ်တစ်လိပ် ပေါ်လာခဲ့ပြီး ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုပါ လိုက်ပါလာခဲ့သည်။

ထိုအခိုက်အတန့်တွင် လုချန်ရှန်းက ချုပ်နှောင်ခြင်းကို မခံရတော့ဘဲ ပြန်လည်လှုပ်ရှားသွားနိုင်ခဲ့သည်။ သူ့ပတ်ပတ်လည်ရှိ ဓားဆန္ဒ လှုပ်ခတ်လာခဲ့ကာ သူ့လက်ထဲတွင် ဓားရှည်တစ်လက် ပေါ်ထွက်လာခဲ့၏။

ပုံရိပ်နှစ်ခုက ထပ်မံ၍ ထိပ်တိုက်တွေ့နေကြတော့သည်။ ဓားရှည်နှင့် လှံတံတို့ တိုက်မိသွားကာ ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအားများ ချက်ချင်းပြိုကွဲသွားခဲ့သည်။ မြေပြင်တစ်ခုလုံး တုန်ခါသွားကာ တောင်တန်းများ ကွဲအက်သွားပြီး ဖုန်မှုန့်လှိုင်းများ လှိုက်တက်လာခဲ့၏။

လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ သူ၏ ဓားရှည်က အဆိုပါ စွမ်းအားကို တောင့်မခံနိုင်ခဲ့ပေ။ ၎င်းက ဘမ်းဟူသော အသံနှင့်အတူ ပြိုကွဲသွားကာ ဘက်ပေါင်းစုံသို့ ဆယ်ခုထပ် ပိုသော အပိုင်းအစများအဖြစ် လွင့်စင်သွားခဲ့သည်။

ကျင်းကျန့်၏ အမူအရာပါ ပြောင်းလဲသွားခဲ့သည်။ ဓားရှည်ကျိုးပဲ့ပျက်စီးသွားသော်လည် လှံတံက အကောင်းအတိုင်း ကျန်ရှိနေခဲ့၏။ သို့သော် သူကိုယ်တိုင်ကမူ အဆိုပါ စွမ်းအားကို မတောင့်ခံနိုင်ခဲ့ပေ။ ဖောက်ဟူသော အသံနှင့်အတူ သူ၏လက်မောင်းတစ်ဖက် ပေါက်ကွဲသွားခဲ့သည်။

လေထုအတွင်းတွင် သွေးမြူမှုန်တို့ဖြင့် ပြည့်နှက်သွားပြီး သူ၏နောက်လက်မောင်းတစ်ဖက်ပါ ပြတ်ထွက်သွားခဲ့သည်။ ရွှေရောင်လှံတံက အလျားလိုက် လွင့်ထွက်သွားကာ ကျဆင်းသွားသည့် အချိန်တွင် တောင်တန်းများကို လှုပ်ခါသွားစေခဲ့သည်။

သူက သွေးတို့ဖြင့် ဖုံးလွှမ်းနေပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က နောက်ပြန်လွင့်ထွက်သွားကာ မျက်လုံးအပြူးသားဖြစ်နေခဲ့ပြီး လေထုအတွင်းရှိ လူငယ်လေးကို ကြည့်နေသည့် မယုံကြည်နိုင်ဖြစ်နေသော သူ၏ မျက်ဝန်းများအတွင်းတွင် အကြောက်တရားတို့သာလျှင် ကြီးစိုးနေခဲ့သည်။

လုချန်ရှန်းက မှော်စွမ်းအား ပေါက်ကွဲမှု၏ ဗဟိုချက်တွင် မတ်တပ်ရပ်နေခဲ့သည်။ သူ၏ လက်နက်က ဘုရင်အဆင့် မှော်ပစ္စည်းတစ်ခုဖြစ်သော်လည်း အဆိုပါ တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ပေ။

ထို့နောက်တွင် သူသည် ဓားကိုင်ထားသည့် သူ့လက်ကို ငုံ့ကြည့်နေတော့သည်။ သူ၏လက်ဖျံတွင် ပြတ်ရှရာတစ်ခု ပွင့်ထွက်နေလျက်ရှိပြီး သွေးများက သူ၏ အကျ်ီလက်များကို ရဲရဲနီသွားစေခဲ့၏။

တစ်ခဏကြာသည်အထိ သူ၏ စိတ်နှလုံးသား လှုပ်ရမ်းသွားခဲ့သည်။

ရှောင်ဟေးသည် မလှုပ်မယှက်ဖြစ်နေသည့် လုချန်ရှန်းကို ကြည့်ကာ အလောတကြီး မေးမြန်းလိုက်သည် “ မင်းအဆင်ပြေရဲ့လား “

သူ၏ အသံတွင် စိုးရိမ်ပူပန်နေသည့် အရိပ်အငွေ့များ စွန်းထင်းနေလျက်ရှိ၏။ ယခုလေးတင် ပေါက်ထွက်သွားသည့် စွမ်းအားက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ကာ တစ်ခုခု မှားယွင်းသွားမည်ကို ကြောက်လန့်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် လုချန်ရှန်း၏ အသံ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။ သူ၏ လေသံအတွင်းတွင် လေးလေးနက်နက်ဖြစ်နေသည့် အရိပ်အငွေ့များ စွန်းထင်းနေခဲ့သည်။

“ အထက်နယ်မြေရဲ့ ပါရမီရှင်က ထင်ထားတဲ့အတိုင်းပဲ။ သူက ဒီလောက်အထိ ကြောက်စရာကောင်းနေလိမ့်မယ် ငါမထင်ထားခဲ့မိဘူး “

ရှောင်ဟေးက ပြန်ပြောလိုက်သည် “ ဘာဖြစ်လို့လဲ “

“ သူက ငါ့ကို ဒဏ်ရာရသွားအောင် လုပ်ခဲ့တယ်လေ “

ထို့နောက်တွင် သူသည် သူ့လက်ပေါ်ရှိ ဒဏ်ရာကို ငေးကြည့်နေတော့သည်။ ရှောင်ဟေးမှာလည်း သူ့လက်ဖျံပေါ်တွင် ရှိနေသည့် နှစ်လက်မအရွယ်မျှ ရှည်လျားသော ဒဏ်ရာကို ငေးကြည့်နေခဲ့ပြီး ထို့နောက်၌ တစ်ဖက်တွင် ရှိနေသည့် ကျင်းကျန့်ကို ငေးကြည့်ကာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

--

………………………………………………………………………………………………………………………………….

All Chapters