← Chapters

အခန်း ၃၅၂

Vol. 24 Ch. 352

အခန်း ၃၅၂

Vol. 24 Ch. 352

အပိုင်း ( 352 )

ပျက်စီးသွားခဲ့သော ဂိုဏ်းတစ်ခု

စမ်းရေများ စီးဆင်းနေမှုနှင့်အတူ လုချန်ရှန်း၏ မျက်ဝန်းများအတွင်းတွင် အထီးကျန်ဆန်နေသည့် အရိပ်အငွေ့များ စွန်းထင်းနေလျက်ရှိ၏။

မင်ချန်ယုသည် သူမက နားလည်မှုလွဲနေသည်(သို့) သူမ၏ နည်းလမ်းက မှားယွင်းနေသည်ဟုသာ ထင်သွားခဲ့သည်။

သို့သော် လောင်လျူနှင့် ရှောင်ဟေးတို့ကမူ လုံးဝကြောင်တောင်တောင် ဖြစ်သွားခဲ့ကြသည်။

အထူးသဖြင့် ရှောင်ဟေးဖြစ်ပြီး သူ၏ စိတ်နှလုံးသားအတွင်းတွင် ကြီးမားသော အံ့အားသင့်ခြင်းတို့ဖြင့် ပြည့်နှက်နေလျက်ရှိကာ မယုံကြည်နိုင်ဖြစ်နေသော အမူအရာဖြင့် ထိုလူငယ်၏ နောက်ကျောကို ငေးကြည့်နေမိခဲ့သည်။

သူသည် ထိုစကားလုံးများက လုချန်ရှန်း၏ ပါးစပ်အတွင်းမှ ထွက်လာသည်ဆိုသည်ကို မယုံကြည်နိုင်ဖြစ်နေသေး၏။ အဲ့ကောင်က ဘာဖြစ်သွားတာလဲ။ ဖျားနေတာလား။ ဒါမှမဟုတ် ဂေါက်သွားတာလား။ ဒါမှမဟုတ် သရဲပူးနေတာလား။

တစ်ခြားလူများက မသိလောက်သော်လည်း လုချန်ရှန်းအနောက်သို့ တစ်ချိန်လုံး လိုက်နေခဲ့ကာ ကိစ္စပေါင်းမြောက်များစွာကို ကြုံတွေ့ထားခဲ့ဖူးသည့် လူတစ်ဦးဖြစ်သည့်အလျောက် ထိုအကောင် လုပ်ခဲ့သည့် ကိစ္စတိုင်းက ဝိညာဥ်ကျောက်တုံးများအတွက်ဆိုသည်ကို သူကောင်းစွာသိရှိနေခဲ့သည်။ အခု သူက ဘာစကားတွေပြောနေတာလဲဟ။

“ ငါဖျားနေတာပဲ ဖြစ်ရမယ် “

ရှောင်ဟေးသည် ခေါင်းတခါခါ ဖြစ်သွားခဲ့ပြီး သူကြားလိုက်ရသည့် စကားကို ယုံကြည်မည့်အစား သူဖျားနေသည်ဆိုသည့် အရာကို ယုံကြည်လက်ခံရန်သာ ရွေးချယ်လိုက်သည်။

“ ဟူးးးး “

လုချန်ရှန်းက အသာအယာ သက်ပြင်းချနေတော့၏။

သူက ဟွာရှုနယ်ပယ်နှင့် သိပ်မဝေးလှတော့သော်လည်း ၎င်းကို လက်လှမ်းမမှီသေးချေ။ ဝိညာဥ်ကျောက်တုံး သန်းရာဂဏန်းနှင့် သူ၏ တာအိုကားချပ် ပြီးပြည့်သွားပါက သူသည် အဆင့်ထိုးဖောက်ရန် ပြင်ဆင်နိုင်တော့မည် ဖြစ်သည်။

သို့သော် ယခုလက်ရှိ အချိန်တွင် ဝိညာဥ်ကျောက်တုံးများအကြောင်း ပြောဆိုနေခြင်းက ဟာသတစ်ပုဒ်ပင် မဟုတ်လော။

အကယ်၍ မင်ချန်ယုကသာ လွန်ခဲ့သော လအနည်းငယ်ခန့် သူ မဟာတောရိုင်း နန်းတော်သို့ မရောက်ရှိသွားခင် အချိန်တွင် ပေါ်ထွက်လာကာ ထိုစကားကို ပြောခဲ့မည်ဆိုပါက သူက တရန် အင်မော်တယ်တောင်နှင့် ပူးပေါင်းနေပြီးလောက်ပြီဖြစ်ကာ မိန်းမရ အခြေကျရင် သူ့ကလေးကပင် လမ်းလျှောက်တတ်နေလောက်ပြီဖြစ်သည်။

ယခုလက်ရှိအချိန်အတွက်မူ ဈေးနှုန်းများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ယနေ့က အတိတ်မဟုတ်တော့ပေ။ လုချန်ရှန်းမှာလည်း ပြောင်းလဲသွားခဲ့လေပြီ။ သူက သူ၏ဝိညာဥကို ဝိညာဥ်ကျောက်တုံးများအတွက် ရောင်းချမည် မဟုတ်ပေ။ အကယ်၍ ထိုလူများက သူ၏ ဝိညာဥ်ကို အမှန်တကယ် လိုချင်ကြသည်ဆိုပါက သူတို့က ဈေးပိုပေးရပေလိမ့်မည်။

“ ချင်းကြီး မင်းအဆင်ပြေရဲ့လား “ ဟု လောင်လျူက မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့၏။

လုချန်ရှန်းက ခေါင်းခါရမ်းပြလိုက်ပြီး ဖြည်းဖြည်းချင်း နောက်လှည့်ကြည့်ကာ ပြန်ပြောလိုက်သည် “ မင်းတို့က ငါ့ကို လုံလုံလောက်လောက် နားမလည်ကြသေးပါဘူးကွာ “

အမ်

သူ၏ စကားက လူတိုင်းကို မည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားစေခဲ့သည်။

အဆုံးတွင် သူသည် ဖြောင့်မတ်တည်ကြည်စွာ ပြောဆိုလိုက်သည် “ ကြည့်ရတာတော့ ငါ့ကို သိလာအောင် မင်းတို့ကို ထပ်လုပ်ပေးရတော့မဲ့ပုံပဲ “

“ ဘယ်လိုလုပ်ပေးမှာလဲ “

“ နောက်ကျရင် မင်းတို့အားလုံး တွေ့ရပါလိမ့်မယ် “

လုချန်ရှန်းက သူ၏လက်ကို ဝေ့ရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်မပြောချင်တော့ကြောင်း လက်ဟန်ပြလိုက်သည်။ အပြောင်းအလဲဆိုသည်မှာ အလောတကြီး လုပ်၍ မရဘဲ အချိန်ယူရလေ့ရှိ‌သော အရာတစ်ခုဖြစ်သည်။

ထို့နောက်တွင် သူတို့က တစ်ခြားသော အကြောင်းအရာများကို ဆက်လက်၍ ဆွေးနွေးနေကြတော့သည်။

လုချန်ရှန်းမှာလည်း အထက်နယ်မြေ၏ ကိစ္စတော်တော်များများကို မင်ချန်ယုထံမှ သိရှိခဲ့ရလေသည်။ ၎င်းက မြောက်ပိုင်းကုန်းမြေနှင့် လုံးဝကွဲပြားနေခဲ့ပြီး ဤနေရာတွင် မြင်ရခဲ့သည့် နတ်ဘုရားနယ်ပယ် ပညာရှင်တို့မှာ ထျန်းယွင်ဒေသတွင် ခွေးလေ‌ခွေးလွင့်များလောက် မများပြား‌သော်လည်း အတော်တော်များများ ရှိနေသေး၏။

ထို့အပြင် တစ်ချို့သော အကြောင်းအရင်းများကြောင့် ကမ္ဘာတစ်ခုလုံး ပြန်လည်သက်သာကောင်းမွန်လာပြီဆိုသည်ကိုပါ သိရှိခဲ့ရ၏။ ထျန်းယွင်ဒေသတွင် သိသာထင်ရှားသော လက္ခဏာရပ်များကို မြင်တွေ့နေရပြီဖြစ်ပြီး မြောက်ပိုင်းကုန်းမြေအတွက်ကမူ သိသာထင်ရှားသော အပြောင်းအလဲများကို မြင်တွေ့ရရန်အတွက် အချိန်ယူရဦးမည် ဖြစ်သည်။

ထို့ကြောင့်ပင် ထိုလူများက တပည့်များ ခေါ်ယူစုဆောင်းရန်အတွက် အောက်လောကသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

သူတို့၏ တွက်ချက်မှုများအရ တစ်ဆင့်နိမ့် လောကတွင် ပေါ်ထွက်လာခဲ့သည့် ပါရမီရှင်တို့မှာ ပိုမိုအဆင့်မြင့်သည့် လောကသို့ ရောက်ရှိသွားသည့်နောက်တွင် အပြောင်းအလဲများကို မလွဲမသွေ ခံယူရပြီး ကမ္ဘာလောက ပြန်လည်ကောင်းမွန်လာမှုနှင့်အတူ ကြီးမားသော တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။

၎င်းက ထူးခြားသော ပါရမီရှင်တစ်ဦးကို မွေးထုတ်ပေးနိုင်ပေသည်။

၎င်းမှာ အကြောင်းအရင်းများအနက်မှ တစ်ခုဖြစ်ပြီး ၎င်းအပြင် တစ်ခြားသော အကြောင်းပြချက်တစ်ခုပါ ရှိနေခဲ့လေသည်။ ထိုလူများက တစ်စုံတစ်ခုကို ရယူရန်အတွက် မြောက်ပိုင်းကုန်းမြေဆီသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အဆိုပါ အင်အားစုများက ငွေကြေးအကုန်အကျခံခဲ့ခြင်း ဖြစ်သည်။ အစတွင် သူတို့က ပိုမိုများပြားသော ပါရမီရှင်များကို စေလွှတ်ရန် စေလွှတ်ရန် စီစဥ်ထားခဲ့သည်။ သို့သော် လူတိုင်း မဆင်းသက်လာနိုင်ခဲ့ပေ။

စည်းမျဥ်းနှင့် အကြောင်းအရင်းများစွာ ရှိနေခဲ့သည်။

သူတို့က မည်သည့်အရာအတွက် ရောက်ရှိလဲဆိုသည်ကို မင်ချန်ယုက ရှင်းရှင်းလင်းလင်း မသိထားခဲ့ပေ။ သို့သော် လုချန်ရှန်း၏ သိလိုစိတ်များ စတင်၍ လောင်ကျွမ်းလာခဲ့သည်။ ၎င်းက ထူးခြားသော အရာတစ်ခု ဖြစ်နေနိုင်ပေသည်။

အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက မတ်ထပ်ထရပ်လိုက်သည်။ ရှောင်ဟေးမှာလည်း အိုးဆေးပြီးသွားကာ ၎င်းကို သိမ်းဆည်းလိုက်၏။

“ သွားကြစို့။ ငါတို့က အခွင့်အလမ်းတွေ ရှာရဦးမယ်။ အခါအခွင့်သင့်ရင် စကားထပ်ပြောလို့ရတယ် “

လုချန်ရှန်းက ထိုကဲ့သို့ ပြောလိုက်ကာ လှည့်ထွက်သွားတော့သည်။ ရှောင်ဟေးက သူ့အနောက်သို့ လိုက်လာခဲ့၏။

သို့ရာတွင် မင်ချန်ယုကမူ တစ်ခဏခန့် အတွေးနက်သွားကာ မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ လောင်လျူ လုချန်ရှန်းက ဘယ်လိုလူမျိုးလဲ “

လောင်လျူက တစ်ခဏခန့် လေးလေးနက်နက် တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်ပြောလိုက်သည် “ ကွေ့ဝူချန်ကို သိတယ်မလား “

“ အင်း “

ထိုလူ့အမည်ကို ကြားလိုက်ရသောအခါတွင် မင်ချန်ယုက လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်သည်။ ထိုလူက မြောက်ပိုင်းကုန်းမြေမှ အထက်နယ်မြေသို့ ရောက်လာခဲ့သည့် လူဖြစ်ပြီး လွန်ခဲ့သော နှစ်ငါးရာခန့်က ထျန်းယွင်ဒေသတွင် ကြီးမားသော ဂုဏ်သတင်းကို တည်ဆောက်နိုင်ခဲ့ပြီး သက်ရှိသတ္တဝါအပေါင်းကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။

လောင်လျူက စကားထပ်ပြောလာခဲ့၏ “ သူက ကွေ့ဝူချန်လိုပဲ “

“ အဲ့လောက်တောင်ပဲလား “

ရိုးရှင်းသော ထိုစကားတစ်ခွန်းက မည်သည့်အရာကို ကိုယ်စားပြုနေလဲဆိုသည်ကို တစ်ခြားလူများက နားမလည်နိုင်သော်လည်း မင်ချန်ယုက ၎င်းကို ရှင်းရှင်းလင်းလင်း နားလည်နေခဲ့သည်။

မကြာခင် အချိန်မှာပင် သူမတို့ကပါ လှုပ်ရှားနေကြတော့သည်။ လုချန်ရှန်းပြောထားခဲ့သည့်အတိုင်းပင် ဤနေရာတွင် အခွင့်အလမ်းများစွာ ရှိနေခဲ့ပြီး ဤနယ်မြေက ကြီးမားကျယ်ဝန်းနေခဲ့လေသည်။ အချိန်က မည်သူ့ကိုမှ မစောင့်သည့်အတွက် လူတစ်ချို့က ထူးခြားသော အခွင့်အလမ်းများကို သိမ်းပိုက်ထားခဲ့ပြီးလောက်ပြီဖြစ်သည်။

လမ်းတွင် လုချန်ရှန်း၏ စိတ်စွမ်းအားက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ သူသည် ထူးခြားသော နေရာများကို အဆက်မပြတ် ရှာဖွေနေခဲ့သည်။

သို့ရာတွင် ဤနယ်မြေတစ်ခုလုံးကို လူတိုင်းက ရှာဖွေခဲ့ပြီးသည့်အလား ဖြစ်နေခဲ့ပြီး အနည်းငယ်မျှသော ရှာဖွေတွေ့ရှိမှုများမှအပ မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ ရုတ်တရက်ဆိုသလိုပင် သူသည် တစ်စုံတစ်ခုကို စဥ်းစားမိသွားခဲ့သည်။

“ ရှောင်ဟေး မင်ချန်ယုကို ဘယ်လိုထင်လဲ “

“ တော်တော်လေးကို ကွဲပြားတယ်။ ထူးခြားတယ် “

“ အဲ့လိုလား “ လုချန်ရှန်းမှာ စိတ်ဝင်တစားဖြစ်သွားခဲ့သည်။

ရှောင်ဟေးက စကားထပ်ပြောလာခဲ့၏ “ တကယ်လို့ ငါ့ရဲ့ ခံစားချက်ကသာ မှန်နေမယ်ဆိုရင် သူမက ဟွာရှုနယ်ပယ်ကို ရောက်နေသင့်တယ်။ ကျင်းကျန့်ထပ် အားမနည်းလောက်ဘူး “

“ အင်း ငါလည်း အဲ့လိုပဲ ခံစားရတယ် “ လုချန်ရှန်းက ခေါင်းငြိမ့်ပြလိုက်ကာ စကားထပ်ပြောနေတော့သည် “ အထက်နယ်မြေမှာ ကျင့်ကြံရတာက ပိုလွယ်တယ်လို့ထင်လား။ လူတိုင်းက ဟွာရှုနယ်ပယ်ကို ဘယ်လိုလုပ် ရောက်နေနိုင်ရတာလဲ။ ငါကြားထားသလောက်အရဆိုရင် အဲ့မှာ ပိုစွမ်းတဲ့ တည်ရှိမှုတွေလည်း ရှိနေသေးတယ်တဲ့ “

ရှောင်ဟေးက တွေးတွေးဆဆဖြင့် ပြန်ပြောလိုက်သည် “ သူမက ပြောတာကတော့ အထက်နယ်မြေမှာ နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတွေ မရှားဘူးတဲ့။ အဲ့တာကြောင့် အဲ့မှာ ကျင့်ကြံရတာက ဒီမှာ ကျင့်ကြံရထပ် ပိုလွယ်မဲ့ပုံပဲ။ ဒါပင်မဲ့ တစ်ချို့လူတွေကတော့ ဘဘ်နေရာမှာပဲ ရှိရှိ ပြောင်းလဲသွားမှာ မဟုတ်ဘူး “

ထိုစကားကို ပြောနေသည့် အချိန်တွင် သူသည် လုချန်ရှန်းကို ငေးကြည့်မိသွားခဲ့သည်။

လုချန်ရှန်းသည် သူက အထက်နယ်မြေသို့ တက်သွားကာ နှစ်နှစ်သုံးနှစ်မျှ နေ၍ နတ်ဘုရားနယ်ပယ်သို့ အဆင့်တက်ခဲ့ပြီးသည့်နောက်တွင် အဆိုပါ မြင့်မြတ်နယ်မြေတို့ကို အနိုင်ကျင့်ကာ အကြောက်တရားကို ခံစားသွားရစေရန် လုပ်သင့်မလုပ်သင့်ဆိုသည်ကို တွေးတောစဥ်းစားနေခဲ့သည်။

ဂရုတစိုက် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် သူသည် ၎င်းက အဓိပ္ပါယ်ရှိသည်ဟု ခံစားသွားခဲ့ရသည်။

သူ၏ အတွေးများက ထိုအတိုင်းအတာအထိ ရောက်ရှိသွားပြီဖြစ်သောကြောင့် သူသည် စတင်၍ အစီအစဥ်ဆွဲနေတော့သည်။ သို့သော် ထို့နောက်စက္ကန့်ပိုင်းမျှ အကြာ၌ သူ၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု လှိုက်တက်လာခဲ့သည်။

၎င်းမှာ မည်သူမှ မရောက်ဖူးသေးသည့် လူမသိသူမသိ နေရာတစ်ခုသို့ ရောက်ရှိသွားသည့်အလား ဖြစ်နေခဲ့သည်။

သူ၏ ပတ်ပတ်လည်တွင် အရောင်မျိုးစုံ လိမ်ယှက်နေလျက်ရှိပြီး လေထုအတွင်းတွင် မြူခိုးများ အုံ့ဆိုင်းနေခဲ့၏။ ထူးခြားသော အရှိန်အဝါတစ်ခု ဖြစ်တည်လာကာ ကြွယ်ဝသော နတ်စွမ်းအားများ နေရာအနှံ့ ပျံ့လွင့်နေခဲ့သည်။ သူသည် ရှားပါးသော ဝိညာဥ်ကျောက်တုံးများကို ဆက်တိုက်မြင်တွေ့နေခဲ့ရသည်။

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် သူသည် တောင်ရိုးပေါ်တွင် သက်ရှိသတ္တဝါတို့၏ ခြေရာလက်ရာများ ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။

သူ၏မျက်ဝန်းများ အရှေ့တွင် ရေညှိများ ဖုံးလွှမ်းနေသည့် ပြိုကျပျက်စီးနေသော နံရံများစွာ ရှိနေခဲ့ပြီး ကျောက်လှေကားမှာလည်း အချိန်ကာလ၏ တိုက်စားမှုကို အလူးအလဲ ခံစားနေခဲ့ရသည်မှာ အတော်ပင်ကြာနေခဲ့ပြီဖြစ်သည်။

အနောက်သို့ ဆက်သွားကြည့်လိုက်ရာ ယိုယွင်းပျက်စီးနေသည့် အဆောက်အဦးများ ပေါ်ထွက်လာခဲ့သည်။ စံအိမ်များ လသာဆောင်များ မျှော်စင်များနှင့် စင်္ကြံရှည်ကြီးများက ယခုလက်ရှိအချိန်အထိ အတိုင်းအတာတစ်ခုအထိ အကောင်းအတိုင်း ကျန်ရှိနေစဲဖြစ်သော်လည်း ၎င်းတို့မှာ ဟောင်းနွမ်းဆွေးမြေ့ကာ ပြိုကျပျက်စီးလုမတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ၎င်းတို့က အစွမ်းထက် ပညာရှင်တို့၏ တိုက်ခိုက်မှုမှ ဖြာထွက်လာသည့် စွမ်းအင်လှိုင်းတို့ကိုပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

“ အဲ့တာက ဘာကြီးလဲ။ ပျက်စီးသွားတဲ့ ဂိုဏ်းတစ်ခုလား “ ဟု လုချန်ရှန်းက မေးမြန်းလိုက်သည်။

ရှောင်ဟေးသည် ရှေ့တက်သွားကာ ၎င်းတို့၏ အရှိန်အဝါကို အာရုံခံနေခဲ့ပြီး ကျောက်စာတိုင်ပေါ်တွင် ရှိနေသည့် ကမ္ပည်းများကို ဂရုတစိုက် အဓိပ္ပါယ်ဖော်နေတော့လေသည်။ သူသည် ထိုနေရာတွင် စာအုပ်တစ်ချို့နှင့် စာလိပ်များကို ရှာတွေ့ခဲ့ပြီး ၎င်းတို့အားလုံးက အပိုင်းပိုင်း အစစဖြစ်နေခဲ့သော်လည်း သူသည် တစ်ချို့သော အရာများကို ဝေဝေဝါးဝါး သိရှိသွားခဲ့သည်။

လုချန်ရှန်းက စူးစမ်းလေ့လာနေခဲ့ကာ မှန်းဆချက်တစ်ခုကို ရရှိသွားခဲ့သည်။

ဤနေရာမှာ အင်အားစုတစ်ခု၏ တည်နေရာဖြစ်ခဲ့ဖူးပုံရကာ ၎င်း၏ အကျယ်အဝန်းကို အကဲခတ်ကြည့်ရခြင်းအားဖြင့် ၎င်းက အားနည်းပုံမရချေ။ တစ်ချို့သော် ကျောက်တိုင်များနှင့် ထုတ်တန်းတို့မှာ တစ်ချိန်က ထိပ်တန်းအဆင့် နတ်သစ်သားများ ဖြစ်ခဲ့ဖူးသော်လည်း ၎င်းတို့၏ စွမ်းအင်များမှာ အချိန်ကာလ၏ တိုက်စားမှုကြောင့် ပျောက်ကွယ်သွားခဲပြီဖြစ်သည်။

အချိန်ကာလ၏ တိုက်စားမှုကြောင့် ဟောင်းနွမ်းဆွေးမြေ့နေသည့် အရိပ်အငွေ့များမှာ သူ့မျက်ဝန်းများအရှေ့တွင် အထင်အရှားရှိနေခဲ့ပြီး ၎င်းတို့က သမိုင်းကြောင်း၏ အနိမ့်အမြင့် အတက်များကို သယ်ဆောင်ထားကာ လူတစ်ဦး၏ စိတ်နှလုံးသားကို လှုပ်ခါသွားစေနိုင်၏။

ပြိုကျပျက်စီးနေသည့် အဆောက်အဦးများစွာပါ ရှိနေခဲ့သည်။

လုချန်ရှန်းက လက်နှစ်ဖက်နောက်ပစ်ထားကာ ၎င်းတို့အားလုံးကို တိတ်တဆိတ် စူးစမ်းလေ့လာနေခဲ့သည်။ သူကဗျာရေးစပ်ရန် ကြံရွယ်နေစဥ် အချိန်မှာပင် သူသည် ရှောင်ဟေးက စာလိပ်တစ်စုကို ကိုင်ဆောင်၍ ပြေးထွက်လာသည်ကို မြင်တွေ့သွားခဲ့သည်။

“ လုချန်ရှန်းက ငါမှတ်တမ်းတစ်ချို့ ရှာတွေ့ခဲ့တယ်။ ဒီဂိုဏ်းက အရင်ခေတ်ကတည်းက ရှိနေခဲ့တဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်မဲ့ပုံပဲ “

ရှောင်ဟေးက လေးလေးနက်နက်ဖြစ်နေသော အမူအရာမျိုးဖြင့် ပြောဆိုလာခဲ့သည်။

လုချန်ရှန်းသည် မျက်မှောင်ကြုတ်၍ သူ့ကို ငေးကြည့်နေခဲ့ပြီး ပတ်ဝန်းကျင်ရှိ ပစ္စည်းများကို လက်ညှိုးထိုးပြကာ ပြန်ပြောလိုက်သည် “ အဲ့တာကို မင်းပြောပြဖို့ လိုနေသေးလို့လား။ အဲ့ဟာတွေနဲ့တင် သိသာနေတာပဲကို “

ရှောင်ဟေးမှာ တစ်ခဏခန့် ငြိမ်ကျသွားခဲ့သည်။ ထိုစကားကို ပြောဆိုရန် မလိုအပ်သော်လည်း သူသည် လုချန်ရှန်း၏ လေသံကို သဘောမကျဖြစ်နေသေး၏။

ထို့နောက်တွင် သူသည် အေးစက်စွာ နှာခေါင်းရှုံ့၍ ပြန်ပြောလိုက်သည် “ အို့ မင်းက အဲ့လောက်တောင် တော်ပြီးတော့ တစ်ချက်လောက် ကြည့်လိုက်တာနဲ့ တန်းသိသွားတယ်ပေါ့။ အဲ့တာဆိုရင် ဒီဟာက ဘယ်အင်အားစုလဲဆိုတာကို သိလား “

“ ဘယ်ဟာလဲ “

“ ငါမင်းကို ပြောပြဖို့ လိုအပ်လို့လား “

လုချန်ရှန်းသည် မျက်မှောင်တကြုတ်ကြုတ်ဖြစ်သွားပြီး ရှောင်ဟေးက ထိုကဲ့သို့ စိတ်သဘောထား သေးသိမ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် သက်ပြင်းတချချဖြင့် ပြန်ပြောလိုက်သည် “ ကောင်းပြီလေ။ ငါ့ကိုပြောပြ ဒီနေရာက ဘယ်အင်အားစုရဲ့ ပိုင်နက်လဲ “

“ မဟာတောရိုင်း နန်းတော် “

--

……………………………………………………………………………………………………………………………………….

All Chapters