← Chapters

အခန်း ၃၅၅

Vol. 24 Ch. 355

အခန်း ၃၅၅

Vol. 24 Ch. 355

အပိုင်း ( 355 )

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ

အဆုံးတွင် မြေအောက်မှ အသံမှာ စတင်၍ လေသံပြောင်းသွားခဲ့သည်။

လုချန်ရှန်းက ‌အေးစက်စွာ နှာခေါင်းရှုံ့၍ ပြန်ပြောလိုက်သည် “ အခုတော့ ကြောက်သွားပြီလား။ ခုနတုန်းကကျ မင်းဘာလုပ်နေတာလဲ “

ထိုအရာ၏ စိတ်ခံစားချက်များက အလွန်တရာ တည်ငြိမ်နေစဲဖြစ်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်မှ စကားထပ်ပြောလာခဲ့၏ “ ငါတို့က စကားထပ်ပြောကြမလား “

“ ကောင်းပြီလေ မင်းကြည့်ရတာလည်း ခက်ခဲနေတဲ့ပုံပဲ။ ငါက စိတ်သဘောထား ကျဥ်းမြောင်းတဲ့ လူမဟုတ်ဘူး။ မင်းက ပျော့ပျောင်းနေပြီဆိုမှတော့ ငါမင်းကို အခွင့်အရေးတစ်ခု ပေးမယ် “

လုချန်ရှန်းက ချက်ချင်းသဘောတူလက်ခံလိုက်၏။

အဓိကအကြောင်းအရင်းမှာ သူက ထိုအရာကို အမှန်တကယ် အမှောက်သိပ်နိုင်မည်လားဆိုသည်ကို မသေချာသောကြောင့်ပင် ဖြစ်သည်။

ယခုလေးတင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံက အေးဆေးတည်ငြိမ်ပုံရသော်လည်း စိတ်မသက်မသာ ဖြစ်စေခဲ့၏။

ဤနေရာ စွန့်ပစ်ခံထားရသည်မှာ နှစ်သောင်းနှင့်ချီ(သို့) နှစ်သန်းနှင့်ချီ၍ ရှိနေနိုင်ပေသည်။ သို့သော် ထိုအရာက ရှေးဦးဝိညာဥ်၏ အစိတ်အပိုင်းတစ်ခုကို မှီခိုနေခြင်းသာဖြစ်ပြီး ယခုလက်ရှိအချိန်အထိ ရှင်သန်ကျန်ရှိနေခြင်းကပင် ကောင်းကင်ဘုံကို ဆန့်ကျင်နေခဲ့ပြီ ဖြစ်သည်။

“ ပြော ငါတို့ ဘယ်လိုစကားပြောကြမလဲ “ လုချန်ရှန်းက မေးမြန်းလိုက်ကာ သူ၏ အရှိန်အဝါကို အခိုင်အမာ ထိန်းချုပ်ထားခဲ့၏။

ထိုအသံက တုံ့ပြန်လာခဲ့၏ “ မင်းရဲ့ ခန္ဓာကိုယ်ထဲကို ဝင်တာက ပူးကပ်ဖို့အတွက် မဟုတ်ဘူး။ နောက်ကျရင် ငါမင်းဆီကို ပြန်ပေးမှာ “

“ အဲ့တာက ဘာစကားကြီးလဲ။ နောက်ကျရင် ငါ့ဆီကို ပြန်ပေးမယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။ တကယ်လို့ မင်းက ဒီခန္ဓာကိုယ်ကြီး ပျက်စီးသွားပြီးတော့ ချီသွေးတွေ ခမ်းခြောက်တဲ့ အချိန်အထိ စောင့်နေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အဲ့အချိန်ကျမှ ငါ့ဆီပြန်ပေးရင် ငါက ဘာသွားသုံးရတော့မှာလဲ။ ငါ့ရဲ့ ဈာပနကို ငါကိုယ်တိုင်ကျင်းပလိုက်ရမှာလား “

လုချန်ရှန်းသည် တစ်ဖက်လူက ထိုကဲ့သို့သော စကားမျိုးကို ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ငါ့ကို အရူးလို့ထင်နေတာလားဟ။

ပြီးတော့ မင်းရဲ့ စရိုက်က ဘယ်လိုရှိလဲဆိုတာကို ဘယ်သူက သိမှာလဲ။ တကယ်လို့ မင်းက လူလိမ်ကောင်ဖြစ်နေပြီးတော့ လူတိုင်းကို လိုက်လိမ်နေရင် အဲ့တာက ငါ့ရဲ့ ဂုဏ်သိက္ခာတွေကို ပျက်စီးသွားစေမှာ မဟုတ်ဘူးလား။

တကယ်လို့ ခန္ဓာကိုယ်ကို စောစောပြန်ပေးမယ်ဆိုရင်တောင်မှ ငါ့ရဲ့ တစ်သက်တာ နာမည်ကောင်းက ပျောက်သွားမှာပဲ။ ငါက လူတွေကို ဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ။ တစ်ခြားလူတွေက ငါ့ကို ဘယ်လိုမြင်နေကြမလဲ။

ထိုအသံမှာလည်း တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးမှ ပြန်ပြောလာခဲ့သည် “ နောက်ဆုံးတော့ ငါက ဒီနေရာကနေ ထွက်သွားချင်ရုံလေးပါပဲ။ ဒါပင်မဲ့ သူတော်စင်ရဲ့ နည်းလမ်းက ရှိနေတယ်။ ငါက ရှေးဦးဝိညာဥ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲမို့လို့ ခန္ဓာကိုယ်တစ်ခုကို လိုအပ်နေတာ “

ဟမ်

လုချန်ရှန်း၏ အကြည့်များ အနည်းငယ်ပြောင်းလဲသွားပြီး သူသည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးမြန်းလိုက်သည် “ မင်းကိုခေါ်သွားရင် ရပြီမဟုတ်ဘူးလား “

“ ဟုတ်တယ် “

“ အဲ့တာဆိုရင် မင်းက မင်းရဲ့ ရှေးဦးဝိညာဥ်ကို သယ်ဆောင်ပေးမဲ့ ခန္ဓာကိုယ်တစ်ခုကို လိုချင်နေတာပေါ့ “

“ အမှန်ပဲ “

လုချန်ရှန်း၏ မျက်ဝန်းများအတွင်းတွင် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည် “ ငါသာ မင်းကို လွှတ်ပေးလိုက်သရွေ့ ဒီကံကြွေးကို ကြေသွားမှာမလား။ နောက်ကျရင် မင်းက ငါ့ကို မနှောင့်ယှက်တော့ဘူးပေါ့ “

“ အဟုတ်ပဲ “

“ တကယ်လို့ မင်းကသာ စောစောစီးစီးပြောခဲ့မယ်ဆိုရင် အချိန်တွေ ဖြုန်းနေရမှာတောင် မဟုတ်ဘူး “

“ ဘာကိုဆိုလိုတာလဲ “ ဟု မြေအောက်မှ အသံက မေးမြန်းလာခဲ့၏။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ မင်းရဲ့ နတ်ဝိညာဥ်ကို သယ်ဆောင်ဖို့အတွက် ဓားဆန္ဒနဲ့ ခန္ဓာတစ်ခု ဖန်တီးပေးလို့ရတယ်။ အဲ့တာက မသေနိုင်တာမဟုတ်ပင်မဲ့ မင်းကသာ သေသေချာချာ သုံးမယ်ဆိုရင် နှစ်အတော်ကြာ အသုံးခံလောက်တယ် “

အဆိုပါ ရှေးဦးဝိညာဥ်သည် ဆိုလိုရင်းကို နားလည်နေခဲ့ပြီး တအံ့တဩဖြင့် ထပ်မံ၍ မေးမြန်းလာခဲ့၏ “ မင်းက ဓားဆန္ဒဖြစ်တည်ခြင်းနယ်ပယ်အထိ ကျင့်ကြံခဲ့ပြီးပြီပေါ့ “

“ ဟုတ်တယ် “

“ ဒါပင်မဲ့ အဲ့နည်းလမ်းကလည်း တော်တော်ခက်တယ်။ မြန်မြန်ဆန်ဆန် အောင်မြင်နိုင်တဲ့ဟာ မဟုတ်ဘူး “

“ စိတ်မပူပါနဲ့။ ငါက စိတ်ရှည်ပါတယ် “

“ ကောင်းတယ် “

၎င်းက သဘောတူလက်ခံလာခဲ့သည်။

ထို့နောက်၌ လုချန်ရှန်းခုခံနေရသည့် စွမ်းအားမှာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ ရှေးဦးဝိညာဥ်၏ အငွေ့အသက်သာ မပေါ်ထွက်လာသရွေ့ ၎င်းကလည်း ပေါ်ထွက်လာလိမ့်မည် မဟုတ်ပေ။

သို့ရာတွင် လုချန်ရှန်းသည် လှုပ်ရှားရန် ပြင်ဆင်နေခဲ့ပြီး တစ်စုံတစ်ခုကို တွေးမိသွားကာ ထပ်မံ၍ မေးမြန်းနေတော့သည် “ မင်းက ရှေးခေတ် မိစ္ဆာတစ်ကောင်ကောင(ဒါမှမဟုတ်) နတ်ဆိုးခေါင်းဆောင်တစ်ကောင်တော့ မဟုတ်ဘူးမလား။ တကယ်လို့ ငါမင်းကို လွှတ်ပေးလိုက်ပြီးတော့ ကမ္ဘာကြီးကို ပျက်စီးသွားစေခဲ့မယ်ဆိုရင် ငါက အပြစ်သားဖြစ်သွားမှာ မဟုတ်ဘူးလား “

အကယ်၍ ထိုကဲ့သို့ ဖြစ်နေမည်ဆိုပါက သူသည် ၎င်းကို ပေါ်ထွက်လာခွင့်ပြုမည် မဟုတ်ပေ။ သူ့ထံတွင်လည်း သူ၏ ကိုယ်ပိုင် စည်းမျဥ်းစည်းကမ်းများ ရှိနေခဲ့သည်။

မြေအောက်ရှိ ရှေးဦးဝိညာဥ်က စကားထပ်ပြောလာခဲ့၏ “ တကယ်လို့ မင်းစိုးရိမ်နေတယ်ဆိုရင် ငါကျိန်ဆိုပေးနိုင်တယ် “

“ ကောင်းပြီလေ။ အဲ့တာဆိုရင်လည်း တာအိုနဲ့ တိုင်တည်ပြီးတော့ ကျိန်လိုက် “

မြေအောက်မှ ရှေးဦးဝိညာဥ် : “ … “

အဆုံးတွင် ၎င်းသည် လုချန်ရှန်း၏ ခန္ဓာကိုယ်အား သိမ်းယူနိုင်ရန် ယုံကြည်မှု မရှိသောကြောင့် ကျိန်ဆိုမှုကို ပြုလုပ်လိုက်ရသည်။ နှစ်ဖက်စလုံးက တစ်ဦးနှင့်တစ်ဦး သတိထားနေသောကြောင့် ကျိန်ဆိုလိုက်ခြင်းသာလျှင် အကောင်းဆုံး ဖြေရှင်းနည်းဖြစ်နေခဲ့သည်။

လုချန်ရှန်းက ဘာမှထပ်မပြောတော့ဘဲ လက်ဟန်များစွာ ပြုလုပ်လိုက်ရာ သူ၏ မျက်ခုံးများအကြားမှ ဓားဆန္ဒအပိုင်းအစများ ပေါ်ထွက်လာခဲ့ပြီး လိမ်ယှက်ဖြစ်တည်လာကာ အမျိုးမျိုးသော ပြောင်းလဲမှုများကို ဖြစ်ပေါ်သွားစေခဲ့၏။

သူသည် ရှေးဦးဝိညာဥ်အပိုင်းအစကို သယ်ဆောင်မည့် ခန္ဓာတစ်ခုကို ဂရုတစိုက် တည်ဆောက်နေတော့သည်။

မည်သို့ပင်ဆိုစေကာမူ သူက ၎င်းထံမှ အကျိုးအမြတ်ရရှိထားပြီး ကံကြွေးကိုပါ သယ်ဆောင်ထားသောကြောင့် ၎င်းကို ပြန်လည်ပေးချေရမည် ဖြစ်သည်။

ထိုဇာတ်လမ်းတစ်ခုလုံးကို သိနေသည့် ရှောင်ဟေးမှာ စိုးရိမ်ပူပန်မှုတစ်ချို့ဖြင့် တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး သူ့ကို မည်သို့မျှ မနှောင့်ယှက်ခဲ့ပေ။ သို့သော် လုချန်ရှန်း တည်ဆောက်လိုက်သည့် ခန္ဓာကိုယ်မှာ တစ်စုံတစ်ခု ပျောက်ဆုံးနေခဲ့သည်။

အစပိုင်းတွင် လူသားပုံသဏ္ဍာန်ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး ၎င်း၏ ပုံသဏ္ဍာန်ကို မြင်တွေ့နေရသော်လည်း အပြည့်အဝ ပုံပေါ်မလာခင် အချိန်မှာပင် ရုတ်တရက် ပြိုကွဲသွားခဲ့သည်။ ထို့နောက်၌ ချက်ချင်းဆိုသလိုပင် ကောင်းကင်ဝါးမျိုငှက်တစ်ကောင် ပေါ်ထွက်လာခဲ့သည်။

ထို့နောက်တွင် ရွှေကျောက်နဂါး မိုးကြိုးငှက်နှင့် သူမြင်တွေ့ခဲ့ဖူးသည့် တစ်ခြားသော သက်ရှိသတ္တဝါများစွာ ပေါ်ထွက်လာခဲ့၏။

အဆုံး၌ သူ့အရှေ့တွင် ယုန်တစ်ကောင် ပေါ်လာခဲ့ပြီး တစ်ကိုယ်လုံး ဖြူဖွေးနေကာ ပွယောင်းယောင်း နားရွက်ရှည်ကြီးများနှင့် ပတ္တမြားကဲ့သို့သော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားပြီး ဝိညာဥ်စွမ်းအင်များကို ထုတ်လွှတ်နေခဲ့၏။

၎င်း၏ ပုံပန်းသွင်ပြင်က အစစ်အမှန် သက်ရှိတစ်ကောင်ကဲ့သို့ အသက်ဝင်နေခဲ့သည်။

ထိုကဲ့သို့သော နည်းလမ်းမျိုးက အံ့ဖွယ်ကောင်းလွန်းလှသည်။ ရှောင်ဟေးသည် ဓားဆန္ဒကို ထိုကဲ့သို့ အသုံးပြုနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော် အဆိုပါ ယုန်ကို မြင်လိုက်ရသည့် အချိန်တွင် သူဆွံ့အသွားခဲ့သည်။

သူသည် တစ်ခြားသော ကိုယ်ခန္ဓာများကို မရွေးချယ်ဘဲ အဆိုပါယုန်ဖြူကို ရွေးချယ်လိုက်ရသည့် လုချန်ရှန်း၏ ဓားဆန္ဒကို ရှင်းရှင်းလင်းလင်း နားလည်နေခဲ့သည်။

သို့ရာတွင် လုချန်ရှန်းမှာ ၎င်းတို့ကို ဂရုစိုက်မနေခဲ့ပေ။ တည်ဆောက်မှုပြီးစီးသွားကာ ပူးကပ်ခြင်း အောင်မြင်သွားသည်နှင့်တစ်ပြိုင်နက် မည်သည့်အရာများ ဖြစ်ပျက်လာမလဲဆိုသည်ကို မည်သူက သိနိုင်မည်နည်း။ အကယ်၍ သူကသာ အစွမ်းထက် သက်ရှိသတ္တဝါများကို တည်ဆောက်ပေးလိုက်ပြီး အဆိုပါ ရှေးဦးဝိညာဥ်က သူ့ကို ရန်ရှာလာမည်ဆိုပါက သူဘာလုပ်ရမည်နည်း။

လူသားမျိုးနွယ်စုက တာအိုကို သယ်ဆောင်ရန်အသင့်တော်ဆုံးဖြစ်သောကြောင့် ၎င်းကိုလည်း ထည့်တွက်၍ မရပေ။ အကယ်၍ ထိုကဲ့သို့ ပြုလုပ်ပေးလိုက်မည်ဆိုပါက ၎င်းကို သူခိုးဓားရိုးကမ်းခြင်း ဖြစ်သွားလိမ့်မည် မဟုတ်လော။

ကောင်းကင်ဝါးမျိုငှက် ကျောက်နဂါးနှင့် တစ်ခြားသော သက်ရှိသတ္တဝါတို့မှာလည်း သင့်တော်သော ရွေးချယ်မှုများ မဟုတ်ပေ။ ၎င်းတို့က အလွန်တရာ စွမ်းလွန်းလှပြီး အကယ်၍ သူကသာ ၎င်းတို့ကို မထိန်းချုပ်နိုင်ဘူးဆိုပါက မည်ကဲ့သို့ ဖြစ်သွားရမည်နည်း။ ထို့ကြောင့်ပင် သူသည် အဖြူရောင် ယုန်ဖြူလေးကိုသာ ရွေးချယ်လိုက်သည်။

၎င်းကိုပင် အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့လေသည်။ ရှေးဦးဝိညာဥ်ကို သယ်ဆောင်နိုင်သည့် ဓားဆန္ဒရုပ်ခန္ဓာဆိုသည်မှာ လွယ်ကူသော အရာမဟုတ်ပေ။

မြေအောက်မှ ရှေးဦးဝိညာဥ်က မေးခွန်းထုတ်လာသည့် အချိန်တွင် လုချန်ရှန်းက ဖြောင့်မတ်တည်ကြည်စွာ တုံ့ပြန်လိုက်၏ “ အဲ့တာက ငါလုပ်နိုင်တာ အကုန်ပဲလေ။ ဘာပဲဖြစ်ဖြစ် မင်းက ကြာကြာသုံးမှာမှ မဟုတ်တာ။ အဲ့တာကြောင့် အဲ့လိုပဲလုပ်လိုက်ရတာ “

ရှေးဦးဝိညာဥ်သည် ၎င်းကို သဘောတူလက်ခံနေသည့်ပမာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ရုပ်ခန္ဓာတည်ဆောက်ပြီးသွားခဲ့သည့်နောက်တွင် လုချန်ရှန်းက မရီဒန်များ အရိုးများနှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဓားဆန္ဒဖြင့် ဆက်လက်၍ ဖန်တီးတည်ဆောက်နေတော့သည်။ ၎င်းက ယုန်ဖြူငယ်တစ်ကောင်မျှသာ ဖြစ်သော်လည်း ရှေးဦးဝိညာဥ်ကို သယ်ဆောင်ရမည်ဖြစ်သောကြောင့် ဂရုတစိုက် လုပ်ဆောင်ရန် လိုအပ်နေသေးသည်။

သူက ကတိတည်သည့် လူစားမျိုးဖြစ်ပြီး ရှေးဦးဝိညာဥ်က ပူးကပ်ခြင်းကို လုံခြုံဘေးကင်းစွာ ပြုလုပ်နိုင်အောင် စီစဥ်ပေးမည် ဖြစ်သည်။

အကယ်၍ ၎င်းကသာ မထွက်လာနိုင်ဘူးဆိုပါက သူကပါ ဤနေရာတွင် ကျန်ရှိနေရလိမ့်မည်။

တစ်နည်းဆိုရသော် ၎င်းက သူ့အသက်ကို သူကိုယ်တိုင် ပြန်ကယ်နေခြင်းပင် ဖြစ်သည်။

အစတွင် အရာအားလုံးက ချောချောမွေ့မွေ့သာ ဖြစ်နေခဲ့သော်လည်း သူသည် ထိုအချိန်အတွင်းတွင် ထူးဆန်းသော အရှိန်အဝါတစ်ခုကို အာရုံခံမိခဲ့သည်။

အပျက်အစီးနယ်မြေ၏ အပြင်ဘက်သို့ အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့၏။

လုချန်ရှန်း၏ စိတ်စွမ်းအားက သူမကို ဖုံးလွှမ်းသွားခဲ့သည်။ သူမက အပြာရောင်ဆံသားကို ပိုင်ဆိုင်ထားခဲ့ပြီး သူမ၏ ပတ်ပတ်လည်တွင် ထူးခြားသော အရှိန်အဝါတစ်ခု မျောလွင့်နေကာ သူမ၏ ကျင့်ကြံရေးက မွေးရာပါ ဝိညာဥ်အဆင့်၇သို့ ရောက်ရှိနေခဲ့သည်။ သူမက အထက်နယ်မြေမှ အပြာရောင် စိတ်ဝိညာဥ်မျိုးနွယ်စုနှင့် သက်ဆိုင်နေသည့်ပုံပင်။

ထိုအခိုက်အတန့်တွင် သူမက တစ်စုံတစ်ခုကို အာရုံခံမိနေပုံရပြီး ဤနေရာဆီသို့ လျင်မြန်စွာ ချဥ်းကပ်လာခဲ့၏။

ကျောက်တုံးကြီးများ မြင့်တက်လာကာ ကြွယ်ဝသော အသက်စွမ်းအားကို ထုတ်လွှတ်နေသောကြောင့် လူများသတိမပြုမိရန်မှာ အလွန်တရာ ခက်ခဲလွန်းလှသည်။

ရှောင်ဟေးမှာလည်း ၎င်းကို သတိပြုမိနေခဲ့ပြီး လုချန်ရှန်းက သူ့ကို ငေးကြည့်နေတော့သည်။

“ သူမကို မောင်းထုတ် ဒါမှမဟုတ် သတ်လိုက် “

သူသည် ဤမျှအရေးကြီးသော အခိုက်အတန့်တွင် အနှောင့်အယှက်မခံလိုပေ။

ရှောင်ဟေးက ခေါင်းငြိမ့်ပြလိုက်သည်။ ချက်ချင်းဆိုသလိုပင် အဝေးတစ်နေရာတွင် ကြောက်မက်ဖွယ်ရာ တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ရှောင်ဟေးက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လေထုအတွင်းသို့ ခုန်တက်သွားကာ ထိုအမျိုးသမီးနှင့် တိုက်ခိုက်နေတော့သည်။

တိုက်ပွဲအဆုံးသတ်သွားမှုနှင့်အတူ သွေးများ လွင့်စင်သွားကာ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

အရာအားလုံး ပြီးဆုံးသွားသည်ဟု သူထင်နေခဲ့သော်လည်း အဆိုပါ တိုက်ပွဲက လူများကို ပိုမိုဆွဲဆောင်မိသွားခဲ့သည်။ သူတို့က အနီးအနားသို့ ရောက်ရှိလာကာ စွမ်းအင်လှိုင်းများကိုပင် ရှာဖွေနေခဲ့ပြီဖြစ်သည်။

“အပြာရောင် စိတ်ဝိညာဥ် မျိုးနွယ်စု ကောင်းကင်ဘုံ အကယ်ဒမီ တျန်းရီ သူတို့အားလုံး ရောက်လာကြပြီပဲ “ ဟု ရှောင်ဟေးက ရေရွတ်ပြောဆိုနေတော့၏။

ရှောင်ဟေးမှာ စိုးရိမ်တကြီး ဖြစ်နေခဲ့ကာ မမျှော်လင့်ထားသော ဖြစ်ရပ်မျိုး ပေါ်ထွက်လာမည်ကို စိုးရွံ့နေခဲ့သည်။

ရှောင်ဟေးက မေးမြန်းလိုက်၏ “ ငါတို့ ဘာလုပ်ကြမလဲ “

လုချန်ရှန်းသည် သူ့လက်ထဲတွင် ရှိနေသည့် တစ်ဝက်ပြီးစီးသွားသော ခန္ဓာကိုယ်ကို ငေးကြည့်နေတော့သည်။ သူသည် ဘယ်နှကြိမ် ကျရှုံးခဲ့လဲဆိုသည်ကိုပင် မမှတ်မိတော့ချေ။

သူသည် တွေးတောစဥ်းစားနေရင်းဖြင့် ယခင်က သူသန့်စင်ထားခဲ့သည့် အစီအရင် အလံတစ်စုံကို ထုတ်ယူလိုက်ပြီး ရှောင်ဟေးအား ၎င်းတို့ကို တပ်ဆင်ခိုင်းလိုက်သည်။

သူသည် ဤနေရာရှိ စွမ်းအင်လှိုင်းများကို ထိန်းသိမ်းရန် ရှေးဦးဝိညာဥ်ကိုပါ အလုပ်ပေးလိုက်သည်။

အရာအားလုံး လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် သူသည် ရှောင်ဟေးကို ထွက်သွားခိုင်းလိုက်သည်။

ထိုလူများမှာလည်း အနီးအနားသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

--

……………………………………………………………………………………………………………………………………

All Chapters