← Chapters

အခန်း ၃၅၆

Vol. 24 Ch. 356

အခန်း ၃၅၆

Vol. 24 Ch. 356

အပိုင်း ( 356 )

ငါလက်လျှော့တယ်

မဟာတောရိုင်း နန်းတော်၏ အပျက်အစီးနယ်မြေသို့ သက်ရှိတစ်စု ချဥ်းကပ်လာခဲ့၏။

သူတို့သည် အစောပိုင်း အချိန်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၏ စွမ်းအင်လှိုင်း အတက်အကျများနောက်သို့ လိုက်ရင်းဖြင့် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ပျက်စီးနေသော တောင်တန်းနှင့် မြစ်ပြင်များ သွေးများ စွန်းထင်းနေသော အပြာရောင် ကျောက်တုံးများကို မြင်တွေ့လိုက်ရပြီး အလောင်းတစ်လောင်းမှ မရှိသော်လည်း သူတို့က ဤနေရာတွင် ကပ်ညိနေသည့် လတ်ဆတ်သော သွေးရနံ့ကို အာရုံခံမိနေခဲ့သည်။ ထိုစဥ် လူငယ်တစ်ဦး၏ အမူအရာ မည်းမှောင်သွားခဲ့သည်။

“ အဲ့တာက ကျုပ်တို့ မျိုးနွယ်စုဝင်ရဲ့ သွေးတွေပဲ။ တစ်ယောက်ယောက်က ဒီနေရာမှာ တိုက်ခိုက်နေရဲတယ်ပေါ့ “

“ အဲ့လူက သေသွားဖို့များတယ် “

နောက်လူတစ်ဦးက အေးစက်စက်လေသံမျိုးဖြင့် စကားဝင်ပြောလာခဲ့သည်။

သူတို့က အပြာရောင် စိတ်ဝိညာဥ်မျိုးနွယ်စု၏ အဖွဲ့ဝင်များဖြစ်ပြီး သူတို့ကို အသက်နှစ်ဆယ့်ခုနစ်(သို) နှစ်ဆယ့်ရှစ်နှစ်အရွယ်ရှိ လူငယ်တစ်ဦးက ဦးဆောင်လာခဲ့ခြင်းဖြစ်သည်။ အထက်သို့ မြင့်တက်နေသည့် ဓားသဏ္ဍာန်မျက်ခုံးတစ်စုံနှင့် ပုဆိန်နှင့် ထုထစ်ထားသည့်ပမာ ခံ့ညားချောမာသော အသွင်အပြင်ကို ပိုင်ဆိုင်ထားခဲ့သည်။

သူ့ဘေးနားတွင် အနည်းငယ် ပိုမိုငယ်ရွယ်ကာ မျိုးဆက်တူဖြစ်ပုံရသည့် အမျိုးသမီးတစ်ဦး ရှိနေခဲ့သည်။

တစ်ဖက်တွင် ကောင်းကင်ဘုံ အကယ်ဒမီ၏ လူများ ရှိနေခဲ့ကာ ရှောင်ထျန်ချန်းပါ ရောက်ရှိနေခဲ့သည်။

လုချန်ရှန်းသည် ထိုလူ့ကို မြင်တွေ့လိုက်ရသည့်အတွက် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ယခင်က ရှုံးနိမ့်မှုက သူ၏ တာအိုနှလုံးသားကို မည်သို့မျှ လှုပ်ခတ်သွားစေပုံမရချေ။ ထို့အစား သူ၏ ချီက ပိုမိုကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး ဟွာရှုနယ်ပယ်သို့ ရောက်သွားတော့မည်ဆိုသည့် ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့၏။

သူ၏ ပတ်ပတ်လည်တွင် နတ်ဆိုးနတ်ဘုရား အရင်းအမြစ်၏ ချီများ လည်ပတ်နေခဲ့ကာ သူ့အား ပိုမိုကြောက်မက်ဖွယ်ကောင်းသွားစေခဲ့သည်။

လုချန်ရှန်းသည် ထိုလူများအပြင် ပိုင်ပိုင်ဟီကိုပါ မြင်တွေ့လိုက်ရသည်။ သူက အပြာရောင် စိတ်ဝိညာဥ်မျိုးနွယ်စု၏ အနောက်တွင် ရှိနေခဲ့ပြီး ဟွာရှုနယ်ပယ် အဆင့်၃ ကျင့်ကြံသူများ၏ ဝိုင်းရံခြင်းကို ခံထားရလေသည်။

“ ဒီအမွေအနှစ် ရှိနေခဲ့တာက တော်တော်လေးကို ကြာနေပြီ။ ရှေးခေတ်ရဲ့ အစွမ်းထက် ပညာရှင်တစ်ယောက်က ချန်ထားခဲ့တာပဲ ဖြစ်ရမယ် “ ဟု သက်လတ်ပိုင်းလူတစ်ဦးက စကားဝင်ပြောလာခဲ့၏။

ထိုစဥ် အနောက်ဘက်မှ ပုံရိပ်သုံးလေးခု ရောက်ရှိလာခဲ့သည်။

“ ကျုပ်တို့ စစ်ဆေးခဲ့ပြီးပြီ။ ဒီနေရာမှာ ဘာအခွင့်အလမ်းမှ မရှိဘူး။ အနှုတ်ခံလိုက်ရတဲ့ ဝိညာဥ်ဆေးပင်တွေရဲ့ ခြေရာလက်ရာတွေပဲ ရှိတယ်။ ကျန်နေတဲ့ စွမ်းအင်အရဆိုရင်တော့ ဝိညာဥ်ဆေးပင် မရှားဘူး “

ထိုစကားကို ကြားလိုက်ရသောအခါတွင် အပြာရောင် စိတ်ဝိညာဥ်မျိုးနွယ်စုကို ဦးဆောင်နေသည့် လူငယ်က စကားဝင်ပြောနေတော့၏ “ ဒီနေရာမှာ တစ်ခုခု ရှိနေနိုင်တယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုက ဘယ်လိုလုပ် ပေါ်လာရတာလဲ “

“ အစ်ကိုလန်ချန်း မင်းက တစ်ခုခုကို အာရုံခံမိလို့လား “ ဟု ပိုင်ပိုင်ဟီက ရှေ့တက်၍ မေးမြန်းလိုက်သည်။

လန်ချန်းသည် မည်သည့်မူမမှန်မှုမှ မရှိသည့်ပမာ သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည်။

“ အစ်ကို အဲ့သွေးတွေက ညီမလန်မုန့်ရဲ့ သွေးတွေဖြစ်သင့်တယ် “

အမျိုးသမီးက ပတ်ဝန်းကျင်ကို အာရုံခံကာ စကားဝင်ပြောလာခဲ့သည်။ သူမ၏အမည်က လန်လင်းဖြစ်ပြီး သူမက လန်ချန်း၏ ညီမငယ်ပင် ဖြစ်သည်။

လုချန်ရှန်းက ၎င်းတို့ကို စောင့်ကြည့်နေရင်းဖြင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ ပြဿနာကောင် ရှေးဦးဝိညာဥ်ကို ကြုံတွေ့ခဲ့ရခြင်းကပင် လုံလုံလောက်လောက် စိတ်ရှုပ်ဖွယ်ကောင်းနေခဲ့ပြီဖြစ်ပြီး မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ဦးက ပြန်လည်သင့်မြတ်သွားခဲ့ပြီ ဖြစ်သည်။

ရလဒ်အနေဖြင့် ထိုလူတစ်စု ပေါ်ထွက်လာခဲ့လေသည်။

သူ့လက်အတွင်းတွင် ရှိနေသည့် ယုန်ဖြူလေးက ယာယီရပ်တန့်သွားပြီး အစီအရင်အလံမှတစ်ဆင့် တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

ရှေးဦးဝိညာဥ်မှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

လုချန်ရှန်းကမူ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။ အစီအရင်အလံများကို သန့်စင်ခဲ့ပြီးသည့် အချိန်ကတည်းက သူသည် ၎င်းကို သူနှင့်အတူ သွားလေရာနေရာတိုင်းသို့ ယူဆောင်သွားခဲ့ပြီး ဟွာရှုနယ်ပယ် အဆင့်၃ ပညာရှင်ကပင် သူတို့ကို အလွယ်တကူ ရှာဖွေထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။

ရှေးဦးဝိညာဥ်မှာ ဇဝေဇဝါ ဖြစ်နေသေးသည်။

လူအုပ်ကြီးက တစ်ခဏခန့် ဂရုတစိုက် စူးစမ်းလေ့လာနေခဲ့ပြီး မည်သည့်စွမ်းအင်လှိုင်းကိုမှ ရှာမတွေ့ခဲ့သောကြောင့် ထွက်ခွာသွားရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

လုချန်ရှန်း၏ မျက်ခုံးတစ်ဖက် ပင့်တက်သွားခဲ့သည်။ သူတို့က ထွက်သွားကြပြီလား။

သို့သော် အရေးကြီးသော အခိုက်အတန့်တွင် ရှောင်ထျန်ချန်းက ထိုနေရာမှာပင် အမြစ်တွယ်နေခဲ့ကာ နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်နေခဲ့သည်။

လူတိုင်းက ပုံမှန်မဟုတ်သော သူ၏ အပြုအမူကို သတိပြုမိသွားခဲ့သည်။ လန်ချန်းက စကားလှမ်းပြောလိုက်သည် “ အစ်ကိုရှောင် တစ်ခုခု ရှာတွေ့လို့လား “

“ မဟုတ်ဘူး “ ရှောင်ထျန်ချန်းက ခေါင်းခါပြလိုက်၏။ သို့သော် သူသည် စကားထပ်ဖြည့်ပြောလိုက်သည် “ ဒါပင်မဲ့ ဒီနေရာကို ရောက်လာတော့ ရွံရှာစက်ဆုပ်တဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရတယ် “

“ ရွံတာလား “

“ အင်းး “

ရှောင်ထျန်ချန်းသည် နတ်ဆိုးနတ်ဘုရား အရင်းအမြစ်နှင့် ပေါင်းစည်းခဲ့သည့် အချိန်ကတည်းက ကျင့်စဥ်တစ်ခုခု တတ်မြောက်သွားသည့်ပမာ အာရုံသစ်တစ်ခု ရရှိခဲ့ပြီး ထိုအရာက ကံဆိုးမှုများကို ရှောင်လွှဲကာ ကံကောင်းခြင်းကို ရှာဖွေနိုင်ပေသည်။

“ ရှင့်ကို ရွံရှာစက်ဆုပ်သွားအောင် ဘာကများ လုပ်နိုင်တာလဲ “

လန်လင်းက စကားဝင်ပြောလာခဲ့ပြီး သူမ၏ လှပသော မျက်ဝန်းလေးများက ပတ်ဝန်းကျင်သို့ ဖုံးလွှမ်းသွားခဲ့သော်လည် မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ပေ။

လုချန်ရှန်းက မနေနိုင်တော့ဘဲ ရေရွတ်ပြောဆိုနေတော့၏ “ အဲ့လောက်တောင် ထူးဆန်းတာလား။ ဒဏ္ဍာရီလာ ဆဌမအာရုံများလား “

မည်သို့ပင်ဆိုစေကာမူ ၎င်းက ခံစားချက်တစ်ခုမျှသာဖြစ်ပြီး အကယ်၍ မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ဘူးဆိုပါက သူတို့အားလုံး ထွက်သွားရမည် ဖြစ်သည်။

သို့သော် လန်လင်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည်ံရှုခဲ့ပြီးသည့်နောက်တွင် လေထုအတွင်းသို့ ခုန်တက်ကာ မှော်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ၎င်းက အဆုံးမဲ့ သတ်ဖြတ်ခြင်း တိုက်ကွက်များအဖြစ် အသွင်ပြောင်းသွားကာ ဘက်ပေါင်းစုံသို့ ကျဆင်းသွားခဲ့သည်။

ဝရုန်းးးးးး

ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားတွင် အဆုံးမဲ့ ဟိန်းဟောက်သံများ ပျံ့လွင့်နေခဲ့ပြီး ကြီးမားသော ဖုန်လှိုင်းကြီးတစ်ခု လှိုက်တက်လာခဲ့၏။

လုချန်ရှန်းကမူ အေးအေးလူလူသာ ဖြစ်နေခဲ့ပြီး မျက်လုံးများပင် မှိတ်လိုက်လေသည်။

အဆိုပါ တိုက်ကွက်များ ကျဆင်းသွားချိန်၌ လန်လင်း၏ နှုတ်ခမ်းများပေါ်တွင် လှောင်ပြောင်နေသည့် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

“ ရှာတွေ့ပြီ “

အစီအရင်က တိုက်ခိုက်မှုများကို ပိတ်ဆို့နိုင်ခဲ့သော်လည်း စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ပေးခဲ့သည်။

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် လန်လင်းက ထိုနေရာဆီသို့ အင်အားပြည့် တိုက်ကွက်တစ်ခုကို ထုတ်လွှတ်လိုက်၏။ အစီအရင်အလံများ ပြောင်းပြန်လှန်သွားခဲ့ကာ ထိုနေရာရှိ မြင်ကွင်းကို လှစ်ဟပြသလာခဲ့၏။

မည်သို့ပင်ဆိုစေကာမူ ၎င်းက ခံစစ်အမျိုးအစား မဟုတ်ပေ။ ထို့ကြောင့် မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်၏ တိုက်ကွက်ကို မည်သို့မျှ မခုခံနိုင်ခဲ့ပေ။

ရှောင်ဟေးကမူ အဝေးမှ စောင့်ကြည့်ရင်းဖြင့် ဇဝေဇဝါဖြစ်သွားခဲ့သည်။ သူက လုချန်ရှန်း၏ နည်းလမ်းများကို မမြင်ခဲ့ရခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုလူက မည်ကဲ့သို့သော လူစားမျိုးလဲဆိုသည်ကို သူကောင်းစွာသိရှိနေခဲ့သည်။

ဒီကောင်က ဘာလုပ်ချင်နေတာလဲ။ အစီအရင်အလံ တစ်စုံပဲ ရှိလို့လား။ ခံစစ်အလံတွေ မရှိလို့လား။ မင်း အားယားနေတဲ့ အချိန်တုန်းက ဘယ်လောက်တောင် သန့်စင်ထားလိုက်မလဲ။ တစ်စုံတည်း မဟုတ်တာတော့ သေချာတယ်။

ဆိုတော့ သူဘာလုပ်ချင်နေတာလဲ။

လူတိုင်း၏ အကြည့်များက ထိုနေရာသို့ ရောက်ရှိလာခဲ့ပြီး လုချန်ရှန်းက တင်ပျဥ်ခွေထိုင်နေလျက်ရှိပြီး သူ့ဦးခေါင်းပေါ်တွင် ကျောက်တုံးကြီးတစ်တုံး မျောလွင့်နေကာ ၎င်းကို အဖြူရောင်ချီများ ဝိုင်းရံလည်ပတ်နေပြီး အံ့ဖွယ်ကောင်းသော အသက်စွမ်းအင်များ ထုတ်နေသည်ကိုသာ မြင်တွေ့သွားကြသည်။

“ မူလအသက်စွမ်းအင် “

တစ်စုံတစ်ဦးက အံ့ဩတကြီးဖြင့် လွှတ်ခနဲပြောမိသွားကာ အမှန်တရားကို ဖော်ထုတ်လိုက်သည်။

လူတိုင်း၏ အကြည့်များက လုချန်ရှန်းအပေါ်သို့ ကျဆင်းသွားခဲ့သည်။

ရှောင်ထျန်ချန်းက အရင်ဦးဆုံး စကားစပြောနေတော့သည် “ သူကိုး။ ငါ့ကို ရွံရှာစက်ဆုပ်စေတဲ့ ခံစားချက်က သူပဲ “

ဟက်

လုချန်ရှန်း၏ အသွင်အပြင်မှာ ယခင်ကအတိုင်း ရှိနေသေးပြီး သူသည် သူ၏ တကယ့်အသွင်အပြင်ကို မချပြထားခဲ့ပေ။

ပိုင်ပိုင်ဟီမှာလည်း ထိုမြင်ကွင်းကို စိုက်ကြည့်နေခဲ့ပြီး မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ “

“ ဘာလဲ “ ဟု လန်ချန်းက မေးမြန်းလိုက်၏။

ပိုင်ပိုင်ဟီက ပြန်ပြောလိုက်သည် “ သူ့ဆီကနေ ရင်းနှီးတဲ့ ချီတစ်ခုကို အာရုံခံမိတယ် “

“ ဘယ်သူ့ဟာလဲ “

“ လုချန်ရှန်း “

လူတိုင်း မှင်သက်သွားကြသည်။ အထူးသဖြင့် ကောင်းကင်ဘုံ အကယ်ဒမီ၏ လူများပင် ဖြစ်သည်။ လုချန်ရှန်းက နတ်ဘုရား မြှုပ်နှံခြင်းနယ်မြေတွင် သေဆုံးသွားသည်ဆိုသည်မှာ လူတိုင်းသိရှိထားသော အရာဖြစ်သည်။ ထိုလူက ဤနေရာတွင် မည်ကဲ့သို့ ပေါ်ထွက်လာရသနည်း။

ပိုင်ပိုင်ဟီက စကားထပ်ပြောနေတော့၏ “ အဲ့ချီက မှန်တယ်ဆိုတာကို ငါအတည်ပြုနိုင်တယ်။ ပိုပြီးတော့ အားကောင်းနေရုံလေးတင်ပဲ “

“ ဒါပင်မဲ့ ……… “

တစ်ခြားလူများက တစ်စုံတစ်ခုကို ပြောချင်နေကြသေး၏။

သို့ရာတွင် လန်ချန်းက ထပ်မံ၍ မေးမြန်းနေတော့သည် “ ဘာကိစ္စ စိတ်ရှုပ်ခံနေတာလဲ။ စစ်ဆေးကြည့်လိုက်တာနဲ့ သိလာမှာပဲလေ “

ချက်ချင်းဆိုသလိုပင် သူ့လက်အတွင်းတွင် နက်ပြာရောင် ပုလဲတစ်လုံး ပေါ်ထွက်လာခဲ့သည်။ ၎င်း၏ ခရမ်းပြာရောင် အလင်းတန်းတစ်ခု တောက်ပလာမှုနှင့်အတူ သူတို့က လုချန်ရှန်း၏ အစစ်အမှန် ပုံရိပ်ကို မြင်တွေ့လိုက်ကြရသည်။

၎င်းက သာမန်ရုပ်ဖျက်မှုများကို အလွယ်တကူ မြင်နိုင်စွမ်းရှိသည့် လျှို့ဝှက်ရတနာတစ်ခု ဖြစ်သည်။ ၎င်းက ကျင်းကျန့်၏ ရှေးဟောင်းကြေးမှန်ကို မယှဥ်နိုင်သော်လည်း အတော်ပင် ရှားပါးနေသေး၏။

သို့ရာ၌ ရင်းနှီးသော ထိုမျက်နှာကို ထပ်မံ၍ မြင်တွေ့လိုက်ရသောအခါတွင် ပိုင်ပိုင်ဟီမှာ အနည်းငယ် မိန်းမောသွားခဲ့သည်။ တစ်ဖက်တွင် ရှိနေသည့် လန်လင်း၏ မျက်ဝန်းလေးများအတွင်းတွင် လေးစားမှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ ဒီကမ္ဘာပေါ်မှာ ဒီလောက်တောင် အံ့ဖွယ်ကောင်းတဲ့ လူငယ်တစ်ယောက် တကယ်ကြီးကို ရှိနေတာပဲ “

သူ၏ ရုပ်ရည်က အတော်ပင် ဆွဲဆောင်မှုရှိနေခဲ့သည်။

ထိုအခိုက်အတန့်တွင် သူတို့က မည်သို့မျှ စိုးရိမ်ပူပန်မနေတော့ပေ။ ကူချန်ကျွင်းဆိုသည့် အဟန့်အတားသာ မရှိဘူးဆိုပါက လုချန်ရှန်းက ဘာမှမဟုတ်ပေ။ သူမည်မျှပင် အံ့ဖွယ်ကောင်းနေပါစေ မည်သို့မျှ အသုံးဝင်လိမ့်မယ် မဟုတ်ပေ။

ထိုစဥ် လန်ချန်းက အပြုံးဖြင့် စကားထပ်ပြောနေတော့သည် “ ကြည့်ရတာတော့ သူက အခွင့်အလမ်းကြီးတစ်ခုခုကို ရသွားတဲ့ပုံပဲ “

သူမည်သည့်အတွက်ကြောင့် အသက်ရှင်နေသေးကာ ဤနေရာတွင် ပေါ်လာရလဲဆိုသည့် အကြောင်းကို မည်သူကမှ မမေးမြန်းခဲ့ကြပေ။ သူတို့အားလုံးက သူ့အထက်တွင် မျောလွင့်နေသည့် မူလအသက်စွမ်းအင်ကိုသာ ငေးကြည့်နေခဲ့ကြသည်။

လုချန်ရှန်းကမူ ထိုလူများကို အပြည့်အဝ လျစ်လျူရှုထားကာ ထိုနေရာမှာပင် တိတ်တဆိတ် ထိုင်နေခဲ့သည်။

ထိုစဥ် ဧရာမလက်တစ်ဖက် ပေါ်ထွက်လာခဲ့ပြီး အပျက်အစီးကျောက်တုံးကို ရုတ်တရက် တိုက်ခိုက်နေတော့သည်။

ထိတွေ့သွားသည့် အခိုက်အတန့်တွင် ဧရာမလက်ကြီး ပြိုကွဲသွားကာ အပျက်အစီး ကျောက်တုံးက မည်သို့မျှ မထိခိုက်သွားခဲ့ပေ။ လုချန်ရှန်းလက်အတွင်းတွင် ရှိနေသည့် ယုန်ဖြူလေးမှာလည်း တုန်ရင်ပြိုကွဲသွားကာ ဓားဆန္ဒအဖြစ် အသွင်ပြောင်းသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူသည် မျက်ဝန်းများ ရုတ်တရက် ဖွင့်လိုက်ပြီး ထိုလူစုကို ဒေါသတကြီး ငေးကြည့်ကာ ရန်လိုနေသော အမူအရာဖြင့် စိုက်ကြည့်နေတော့သည်။

သို့ရာတွင် လန်ချန်းက လုချန်ရှန်းကို လုံးဝလျစ်လျူရှုထားခဲ့သည်။ ထို့အစား သူသည် အပျက်အစီးကျောက်တုံးကို စိုက်ကြည့်ကာ စကားထပ်ပြောနေတော့သည် “ ဒီအခွင့်အလမ်းက နည်းနည်းလေး ကရိကထများနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ မင်းက အထဲကို ဘယ်လိုဝင်သွားတာလဲ “

--

…………………………………………………………………………………………………………………………………

All Chapters