← Chapters

အခန်း ၃၅၈

Vol. 24 Ch. 358

အခန်း ၃၅၈

Vol. 24 Ch. 358

အပိုင်း ( 358 )

မင်းတို့တွေက တော်တော်လေးကို ခေါင်းမာကြတာပဲ

ထိုအချိန်၌ လုချန်ရှန်းထံတွင် မည်သည့်စိုးရိမ်ပူပန်မှုမှ ရှိမနေတော့ပေ။

ဟွာရှုနယ်ပယ် အဆင့်၃ ပညာရှင်အနည်းငယ် ရှိနေခဲ့သော်လည်း ၎င်းတို့က ပြဿနာကြီးတစ်ရပ် ဟုတ်မနေခဲ့ပေ။ အကယ်၍ သူသာ အလိုရှိသည်ဆိုပါက ထိုလူများလည်း သေဆုံးသွားရမည် ဖြစ်သည်။

လုချန်ရှန်း၏ ထပ်ခါတလဲလဲ ပြုလုပ်နေသော စော်ကားပြောဆိုမှုများကို ကြားခဲ့ရပြီးသည့်နောက်တွင် မည်သူကမျှ စကားဆက်ပြောလိုစိတ် မရှိတော့ပေ။

လန်ချန်း၏ အချက်ပြမှုကြောင့် ထိုလူများက လုချန်ရှန်းကို ဝိုင်းရံရန် စတင်၍ လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။

သူသည် ဆရာဖြစ်သူကို အားကိုး၍ မိုက်မိုက်ကန်းကန်း ပြုလုပ်ဝံ့သည့် လုချန်ရှန်း၏ အရှက်မဲ့မှုနှင့် ဂုဏ်သတင်းကို ကြားသိထားခဲ့သည်။ အကယ်၍ သူကသာ အနိုင်ရမည်ဆိုပါက သေသည်အထိ တိုက်ခိုက်မည်ဖြစ်ပြီး အနိုင်မရနိုင်ဘူးဆိုပါက ထွက်ပြေးသွားမည် ဖြစ်သည်။

သူက တစ်ဖက်လူ၏ ပြေးလမ်းကြောင်းများကို ဖြတ်တောက်ချင်နေခဲ့သည်။

လုချန်ရှန်းက အေးအေးလူလူ စောင့်ကြည့်နေခဲ့ပြီး တစ်ဖက်လူက သူ၏ပြေးပေါက်များကို ပိတ်ဆို့လိုက်သည်အထိ ဉာဏ်ပြေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့ရာတွင် လုချန်ရှန်းကမူ မည်သည့်အရာကိုမှ ဂရုစိုက်မနေခဲ့ပေ။

တစ်ချိန်တည်းမှာပင် လန်ချန်းပါ လှုပ်ရှားလာခဲ့သည်။ သူချဥ်းကပ်လာခဲ့ပြီး အစောပိုင်း အချိန်များအတွင်းက ရှုံးနိမ့်သွားခဲ့သည့် အစီအရင်ကို ကြည့်ကာ လှောင်ပြောင်နေတော့သည် “ နောက်ဆုံးမှာတော့ မင်းက လေပဲရှိတာပါကွာ။ ဒီအတားအဆီးသာ မရှိဘူးဆိုရင် ဘယ်သူကမှ မင်းကို မထိရဲကြဘူး တကယ်ကြီး ထင်နေတာလား “

လူတိုင်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားကြသည်။ အကယ်၍ လုချန်ရှန်းက အမှန်တကယ် မရိုးမဖြောင့်ဖြစ်နေမည်ဆိုပါက သူက မည်သည့်အတွက်ကြောင့် အစီအရင်တစ်ခု၏ အနောက်တွင် ပုန်းကွယ်နေမည်နည်း။ လူသိသွားမည်ကို ကြောက်လန့်နေခြင်းပင် မဟုတ်လော။

ရှောင်ဟေးမှာလည်း တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေခဲ့ရသည်။ သို့သော် မည်သည့်အရာက မှားယွင်းနေလဲဆိုသည်ကို သူအဖြေမရှာနိုင်ခဲ့ပေ။

အနှောင့်အယှက်ခံရမည်ကို စိုးရိမ်သောကြောင့် အစီအရင် အသုံးပြုခြင်းက ကြောင်းကျိုးသင့်လှသော်လည်း ထူးဆန်းသော ခံစားချက်တစ်ခု အမြဲလိုလို တည်ရှိနေခဲ့သည်။

သို့ရာတွင် လုချန်ရှန်းက ပြန်လည်လှောင်ပြောင်နေတော့သည် “ ဘာဖြစ်လို့ အပြင်ထွက်ပြီးတော့ ငါ့ဆရာက ဘယ်သူလဲဆိုတာကို မမေးလိုက်ရတာလဲ။ ပြီးတော့ ဒီနေရာမှာ ကိုယ့်ကိုကိုယ်ကို ကာကွယ်ဖို့အတွက် လုံလောက်တဲ့ စွမ်းအားမျိုး ငါ့ဆီမှာ ရှိတယ်။ ငါက မင်းတို့ကို အထင်သေးနေတာ မဟုတ်ဘူး။ မင်းတို့ကောင်တွေက ငါ့ကို ထိနိုင်မှာ မဟုတ်ဘူး “

လန်ချန်းမှာ စတင်၍ လှုပ်ရှားနေတော့သည်။ သူ၏ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး အပြာရောင် အလင်းတန်းတစ်ခုက ကောင်းကင်ယံတစ်ခုလုံးကို လင်းလက်သွားစေကာ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ဆင်းသက်လာခဲ့၏။

တစ်ချိန်တည်းမှာပင် အားကောင်းသော စွမ်းအင်တစ်ခု ကျဆင်းလာခဲ့ပြီး လုချန်ရှန်းကို ချုပ်နှောင်ကာ သူ့ကို ဆွဲထုတ်၍ သတ်ဖြတ်ရန် ကြိုးပမ်းနေတော့သည်။

သို့သော် ရလဒ်မှာ မထင်မှတ်ထားသော အရာသာ ဖြစ်နေခဲ့သည်။

သူ၏ စွမ်းအားက အလွန်တရာ ကြောက်မက်ဖွယ်ကောင်း၍ ထူးခြားလှပြီး သူ့ထပ်အဆင့်မြင့်သော လူများကပင် အံ့အားသင့်သွားရမည် ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော စွမ်းအားမျိုးက လုချန်ရှန်း၏ အနားသို့ မကပ်သွားနိုင်ဘဲ ဆက်တိုင်ပြိုကွဲသွားကာ တုန်ခါမှုလှိုင်းလုံးအဖြစ် ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။

အပျက်အစီး ကျောက်တုံးကပင် အနည်းငယ်မျှသော လှုပ်ခတ်မှုကို ပြသလာခဲ့သည်။ သို့သော် ၎င်းက အလွန်တရာ ငြင်သာသိမ်မွေ့နေခဲ့ပြီး မည်သည့်အရာမှ မပြောင်းလဲသွားခဲ့ပေ။

“ ဘာတွေ ဖြစ်နေတာလဲဟ “

လုချန်ရှန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။

သူ့အနောက်တွင် ရှိနေသည့် လူများမှာလည်း ဇဝေဇဝါ ဖြစ်သွားကြသည်။

လုချန်ရှန်းက အနီးကပ်ငေးကြည့်ကာ အေးအေးလူလူ ပြန်ပြောလိုက်သည် “ မင်းက အရာအားလုံးကို ယုံကြည်မှုရှိရှိ အကွက်စေ့စေ့ တွက်ချက်ခဲ့တာ မဟုတ်ဘူးလား။ ဒါပဲလား “

“ မင်း ……… “

လန်ချန်း၏ မျက်ဝန်းများအတွင်းတွင် ဒေါသများ စွန်းထင်းလာခဲ့သည်။ သူက နီးနီးကပ်ကပ် အလှောင်ခံခဲ့ရလေသည်။

သူက လက်ဆန့်တန်းကာ ထိုအကောင့်ကို တစ်စစီဆွဲဖြဲချင်နေခဲ့သည်။ သို့သော် မည်သည့်အရာကိုမှ မပြုလုပ်နိုင်ဘဲ ကူရာကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

လန်ချန်းသည် ၎င်းကို မယုံကြည်ဘဲ ထပ်မံ၍ ကြိုးစားကြည့်နေတော့သည်။ ဒီတစ်ကြိမ်တွင်မူ သူ၏လှုပ်ရှားမှုများက ပိုမိုရဲတင်းနေခဲ့ပြီး သူ၏ မှော်စွမ်းအားများ ထပ်မံ၍ ပေါက်ထွက်လာခဲ့ကာ ကျယ်လောင်သော အသံများကို ထုတ်လွှတ်လာခဲ့သည်။ သူသည် တောင်တန်းတစ်ခုလုံးကို လှုပ်ခါသွားစေရန် ပြုလုပ်နေသည့်ပမာ တစ်ချက်ပြီးတစ်ချက် တိုက်ခိုက်နေတော့သည်။

သူသည် အနားသို့ ချဥ်းကပ်သွားပြီး သူ့အရှေ့ရှိ အတားအဆီးကို ရိုက်ချိုးရန် ကြိုးပမ်းနေတော့သည်။

သူက အပြင်းအထန် ကြိုးစားအားထုတ်နေခဲ့သော်လည်း ပိတ်ဆို့ခံထားရသေး၏။

“ ဟူးးးး “

၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းမှာ အသာအယာ သက်ပြင်းချနေတော့သည်။ အတော်ပင် နီးကပ်နေသည့် လန်ချန်းကို မြင်နေရသောအခါတွင် သူသည် သူ၏လက်ကို မြှောက်ကာ ထိုကောင့်ကို အကြိမ်အနည်းငယ်မျှ ရိုက်နှက်ချင်နေခဲ့သည်။

သို့သော် ရှေးဦးဝိညာဥ်က အတော်ပင် တင်းကြပ်လွန်းနေခဲ့ပြီး သူ့ကို လက်ချောင်းလေးတစ်ချောင်းပင် မြှောက်ခွင့်မပြုခဲ့ချေ။

ဘုမ်းးးးး

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ မှော်စွမ်းအားများ လှုပ်ရမ်းသွားပြီး လန်ချန်းမှာ ခြေလှမ်းတော်တော်များများ နောက်ဆုတ်သွားခဲ့ရသည်။

လုချန်ရှန်းက သနားစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့၏။

“ အဲ့တာက ဘာသဘောလဲ “

လန်ချန်းသည် လှောင်ပြောင်နေသည့် ထိုအကြည့်ကို သည်းမခံနိုင်ဘဲ မေးခွန်းထုတ်လိုက်သည်။

လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ ဘာမှမဟုတ်ပါဘူး။ မင်းကို နည်းနည်းလောက် ပါးရိုက်ချင်နေရုံလေးပါပဲ “

“ မင်း ………. “

“ အလဟာသ အားကုန်ခံမနေနဲ့။ ဒီအခွင့်အရေးက လိုချင်စိတ်ရှိရုံနဲ့ ရနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား။ မင်းလို လူတစ်ယောက်အတွက်ကတော့ အိမ်ပြန်ပြီးတော့ နှစ်နည်းနည်းလောက် ထပ်ကျင့်ကြံနေလိုက်ဦး။ ပြီးမှ ပြန်လာခဲ့ “

လန်ချန်းမှာ အံတကြိတ်ကြိတ် ဖြစ်သွားခဲ့သည်။ သူက ထင်ပေါ်တောက်ပစွာ မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး မည်သူကမှ သူ့ကို ထိုကဲ့သို့ မလှောင်ပြောင်ခဲ့ဖူးချေ။

သူတို့အားလုံးက တစ်ဦးကိုတစ်ဦး လှည့်ကြည့်ကာ ဘာပြောရမှန်းမသိဖြစ်သွားကြသည်။ ထိုလူက အတော်ပင် မုန်းတီးဖွယ်ကောင်းနေခဲ့ပြီး စကားလုံးတိုင်းဖြင့် လူတိုင်းကို လှောင်ပြောင်နေခဲ့ကာ လူအုပ်ကြီးကို အမုန်းတရားတို့ဖြင့် အံတကြိတ်ကြိတ် ဖြစ်သွားစေခဲ့၏။

သက်လတ်ပိုင်းလူကပါ အကြံပေးစကားဝင်ပြောလာခဲ့သည် “ သခင်လေး လန်ချန်း ဘာဖြစ်လို့ သူနဲ့ ငြင်းခုန်နေရတာလဲ။ ဒီလိုနေရာမျိုးတွေက ကံကြမ္မာအပေါ်မှာပဲ မူတည်နေဖို့များတယ်။ အဲ့တာက မင်းက ဒီနေရာနဲ့ မလိုက်ဖက်ဘူးလို့ ဆိုလိုနေရုံပဲ “

“ ဟမ့် “

လန်ချန်းက အေးစက်စွာ နှာခေါင်းရှုံ့နေတော့သည်။

သို့ရာတွင် လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ကျွတ် ကျွတ် ကျွတ် တစ်ယောက်က ဆင်ခြေဘယ်လိုပေးရမလဲဆိုတာကို သိနေတယ်။ နောက်တစ်ယောက်က ဘယ်လိုယူရမလဲဆိုတာကို သိနေတယ်။ တကယ်ကို အတွဲညီကြတာပဲ “

ထိုအချိန်တွင် ပျော့ပျောင်းသွားသည့် လန်ချန်း၏ အမူအရာမှာ ထပ်မံ၍ မည်းမှောင်သွားခဲ့ပြန်သည်။

သူသည် ထိုအကောင့်၏ ပါးစပ်ကို အတော်ပင် ဆွဲဖြဲချင်နေခဲ့သည်။ သူသည် ထိုကဲ့သို့သော ခံစားချက်မျိုးကို ယခင်က တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရဖူးချေ။

တစ်ခြားလူများက သူတို့၏ စိတ် ခန္ဓာနှင့် စွမ်းအားတို့ကို ကျင့်ကြံလေ့ရှိကြသည်။ မည်သို့ပင်စေကာမူ လက်သီးပိုပြင်းသည့် လူက အာဏာရှိနေသောကြောင့် စကားစစ်ပွဲ ဆင်နွှဲခြင်းကို မည်သူက အာရုံစိုက်ကြမည်နည်း။ သို့သော် ထိုလူကမူ သူ၏ ပါးစပ်ကို အထူးတလည် လေ့ကျင့်ပေးထားသည့်ပုံပင်။

“ တာအိုရောင်းရင်း လန်ချန်း သူ့ကို အရေးစိုက်မနေနဲ့။ ငါကြိုးစားကြည့်မယ် “

ရှောင်ထျန်ချန်းက ရှေ့တက်ကာ လုချန်ရှန်းအနားသို့ ချဥ်းကပ်သွားခဲ့သည်။ မည်သည့်အတွက်ကြောင့်လဲဆိုသည်ကို မသိသော်လည်း လုချန်ရှန်းကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရသည့် ယခုလက်ရှိအချိန်တွင် သူသည် စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသည့် ရွံရှာစက်ဆုပ်မှုမျိုးကို ခံစားလိုက်ရသည်။

ထိုလူ့ကို မြင်တွေ့ရရုံဖြင့် သတ်ဖြတ်လိုစိတ်များ တဖွားဖွားဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။

လုချန်ရှန်းသည် အနားကပ်လာသည့် လူကို ကြည့်ကာ စကားထပ်ပြောနေတော့သည် “ ဘာမှအားကုန်ခံမနေနဲ့။ မင်းက ခုနက ကောင်စုတ်လေးလောက်တောင် မကောင်းဘူး။ ဒီနေရာက အခွင့်အလမ်းက စွမ်းရည်အပေါ်မှာ မူတည်တယ်။ မင်းမယှဥ်နိုင်ဘူး “

ဟမ့်

ရှောင်ထျန်ချန်းက အေးစက်စွာ နှာမှုတ်၍ အရှေ့သို့ ချက်ချင်းပြေးတက်သွာကာ အပျက်အစီး ကျောက်တုံးအောက်သို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းနေတော့သည်။

ကျဆင်းနေသည့် အသက်ချီများက ကြွယ်ဝသော အသက်စွမ်းအားကို သယ်ဆောင်ကာ ဖြည်းဖြည်းချင်း စီးဆင်းနေခဲ့ပြီး ၎င်းက လူတော်တော်များများကို ဂဏာမငြိမ်ဖြစ်သွားစေခဲ့သည်။

သို့ရာ၌ ရှောင်ထျန်ချန်းက အတော်ပင် နီးကပ်သွားသည်နှင့်တစ်ပြိုင်နက် စွမ်းအားတစ်ခု ချက်ချင်းပေါက်ထွက်လာခဲ့ပြီး သူ့အား ပေဒါဇင်နှင့်ချီ၍ လွင့်ထွက်သွားစေခဲ့သည်။

ကျယ်လောင်သော အသံတစ်သံနှင့်အတူ သူ၏ ခန္ဓာကိုယ်က တောင်တန်းတစ်ခုနှင့် ဆောင့်မိသွားခဲ့သည်။

“ ဟူးးး။ အကြီးအကဲတွေရဲ့ စကားကို နားမထောင်မှတော့ ခံစားရပြီပေါ့။ မင်းတို့က တော်တော်လေးကို ခေါင်းမာကြတာပဲ “

လုချန်ရှန်းက စကားထပ်ပြောနေခဲ့ပြီး လူတိုင်း ထပ်မံ၍ ဆွံ့အသွားခဲ့ရပြန်သည်။

၎င်းမှာ သူတော်စင်တစ်ဦးက ချန်ထားခဲ့သည့် နည်းလမ်းတစ်ခုဖြစ်ပြီး မွေးရာပါ ဝိညာဥ်နယ်ပယ် အဆင့် ပညာရှင်တစ်ဦးက ၎င်းကို မည်ကဲ့သို့ ယှဥ်နိုင်မည်နည်း။ အထူးသဖြင့် ရှေးဦးဝိညာဥ်က သဘောမကျသည့် ရှောင်ထျန်ချန်းက ၎င်းက ထိုကောင့်ကို မည်သို့မျှ အနားကပ်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။

ထို့နောက်တွင် ပိုင်ပိုင်ဟီကပါ ကြိုးပမ်းလာခဲ့သည်။

ချွင်းချက်မရှိဘဲ သူတို့အားလုံး ပိတ်ဆို့ခံခဲ့ရလေသည်။

လုချန်ရှန်းကမူ စိတ်အနှောင့်အယှက်ဖြစ်နေသည့်ပမာ ထိုလူများကို ကြည့်ပင်မကြည့်တော့ချေ။

သို့သော် သူကိုယ်တိုင်မှာလည်း စတင်၍ မျှော်လင့်မိနေခဲ့ပြီဖြစ်သည်။ လူတိုင်း အလှည့်ကျ ကြိုးပမ်းခဲ့ပြီးပြီဖြစ်ကာ လန်လင်းတစ်ဦးတည်းသာလျှင် ကျန်နေတော့သည်။

သူမကို ရှေးဦးဝိညာဥ်က ရွေးချယ်ထားခဲ့ပြီးပြီဖြစ်ပြီး သူမသာ ရောက်ရှိလာသရွေ့ သူထွက်သွားနိုင်လိမ့်မည် ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ဖြစ်လာရန် အမှန်တကယ် မလွယ်ကူလှချေ။ သူက ထိုကဲ့သို့သော ကိစ္စသေးတစ်ခုအတွက် သူ၏ ပုံရိပ်ကို ပျက်စီးစေနိုင်သည့် မရိုးဖြောင့်သော စကားလုံးများစွာကို ပြောဆိုခဲ့ရသည်။

ထိုအခိုက်အတန့်တွင် လုချန်ရှန်းက မည်သည့်အတွက်ကြောင့် မောက်မောက်မာမာ ပြုမူစော်ကားနေရဲရလဲဆိုသည်ကို ထိုလူများက နားလည်သွားခဲ့ပြီ ဖြစ်သည်။

သူတို့သည် ဤနေရာက လုချန်ရှန်းနှင့် သဟဇာတဖြစ်နေပြီး ၎င်းက သူ့ကို ကာကွယ်ပေးထားသောကြောင့် လူတိုင်း၏ လှုပ်ရှားမှုအားလုံးက အချည်းနှီးသာ ဖြစ်သွားခဲ့ရသည်ဟု မှန်းဆနေကြတော့သည်။

သို့သော် သူတို့က ထိုအကောင့်ကို အလွယ်တကူ အလွတ်မပေးလိုကြပေ။

သူတို့အားလုံး စိတ်အနှောင့်အယှက်ဖြစ်နေသည့် အချိန်မှာပင် လန်လင်းက ရုတ်တရက် လှုပ်ရှားနေတော့သည်။ သူမသည် အရှေ့သို့ စိုက်ကြည့်နေခဲ့ပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ ဘာဖြစ်လို့လဲ “ ဟု လန်ချန်းက မေးမြန်းလိုက်သည်။

လန်လင်းက ၎င်းကို ငေးကြည့်နေရင်းဖြင့် တုံ့ပြန်လိုက်သည် “ ဘာလို့လဲ မသိပင်မဲ့ အခုလေးတင် တစ်ခုခုကို ခံစားလိုက်ရတယ် “

“ ဘာကိုလဲ “

လူအမြောက်အများက အလောတကြီး မေးမြန်းလာကြသည်။

လန်လင်းက ပြန်ပြောလိုက်သည် “ အဲ့ဒီနေရာက ငါနဲ့ပိုပြီးတော့ ကိုက်ညီတယ်လို့ ခံစားနေရတယ်။ တစ်ခုခုက ငါနဲ့ ပေါင်းစည်းချင်နေတယ်ဆိုတဲ့ ဝေဝေဝါးဝါး ခံစားချက်တစ်ခုပဲ “

ဟမ်

လူတိုင်း၏ မျက်ဝန်းများ တောက်ပသွားကာ သူတို့အားလုံး၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။

လုချန်ရှန်းကပင် အနည်းငယ် မှင်သက်သွားခဲ့သည်။ ၎င်းက အတော်ပင် ရုတ်တရက် ဆန်လွန်းနေခဲ့သည်။

“ အဲ့တာက ဘာကိုဆိုလိုတာလဲ “

သူသည် မြေအောက်ရှိ ရှေးဦးဝိညာဥ်ကို မေးခွန်းထုတ်နေတော့သည်။

၎င်းက ဖြည်းဖြည်းချင်း ပြန်ပြောလာခဲ့၏ “ လိုရမယ်ရအနေနဲ့ အခွင့်အလမ်းရဲ့ တစ်စိတ်တစ်ပိုင်းကို လှုံ့ဆော်လိုက်တာ “

“ မင်းဆီမှာ အဲ့လိုနည်းလမ်းမျိုး ရှိတယ်ပေါ့ “ လုချန်ရှန်းမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ အဆိုပါ နည်းလမ်းက ကောင်းကင်ဘုံကို အနည်းငယ်မျှ ဆန့်ကျင်နေခဲ့ပြီး သူကိုယ်တိုင်ကပင် အံ့ဩတုန်လှုပ်သွားခဲ့ရ၏။

--

………………………………………………………………………………………………………………………………….

All Chapters