← Chapters

အခန်း ၃၅၉

Vol. 24 Ch. 359

အခန်း ၃၅၉

Vol. 24 Ch. 359

အပိုင်း ( 359 )

မင်းမေကလွှား

အပျက်အစီး နယ်မြေမှာ တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် လန်လင်းက ရှေ့တက်သွားချိန်တွင် သူမက လုပ်နိုင်မည်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ အဆိုပါ ခံစားချက်က အတော်ပင် လျှို့ဝှက်ဆန်းကြယ်နေခဲ့ပြီး သူမသည် ၎င်းက သူမအတွက် ကြိုတင်ပြင်ဆင်ပေးထားသည့်ပမာ သူမက ပိုမိုသင့်တော်သည်ဟုပင် ခံစားသွားခဲ့ရသည်။

သူမက နောက်ကျနေခဲ့သောကြောင့်သာ လုချန်ရှန်းက အရင်ဦးဆုံး ရရှိသွားခဲ့ခြင်း ဖြစ်သည်။

လုချန်ရှန်းကို ငေးကြည့်နေသည့် လူတိုင်း၏ အကြည့်များ ပြောင်းလဲသွားကာ ဆိုးရွားသော ရည်ရွယ်ချက်များ စွန်းထင်းလာခဲ့သည်။

အကယ်၍ လန်လင်း၏ ခံစားချက်ကသာ မှန်ကန်နေမည်ဆိုပါက လုချန်ရှန်းက ကံဆုံးသွားရလိမ့်မည် မဟုတ်လော။

သူတို့ထံတွင် ထိုအကောင့်ကို ကိုင်တွယ်နိုင်မည့် နည်းလမ်းမျိုး မရှိသောကြောင့် အစောပိုင်းအချိန်များအတွင်းက ထိုအကောင့်ကို ထင်တိုင်းကြဲခွင့်ပေးထားခဲ့ရခြင်း ဖြစ်သည်။ နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက် ထိုအကောင်၏ ကံကြမ္မာက အတော်ပင် ဆိုးရွားသွားလိမ့်မည် ဖြစ်သည်။

ထိုလူများသည် သူတို့က ထိုအကောင့်ကို အရှင်လတ်လတ် အရေခွံဆုတ်နိုင်ပါစေဟု ဆုတောင်းနေခဲ့ကြသည်။

“ ကိစ္စတွေက စိတ်ဝင်စားဖို့ကောင်းလာပြီ “

လန်ချန်းမှာ တပြုံးပြုံးဖြစ်နေခဲ့ပြီး ယခင်ကကဲ့သို့ ဒေါသထွက်မနေတော့ပေ။

ထို့နောက်တွင် လန်လင်းက လှုပ်ရှားနေခဲ့ပြီး ရှေ့တစ်လှမ်းတိုးကာ ထိုနေရာဆီသို့ ချဥ်းကပ်သွားခဲ့သည်။ သူမသည် သူမ၏ တောက်ပသော မျက်ဝန်းများဖြင့် လုချန်ရှန်းကို စိုက်ကြည့်ကာ ပြုံးနေတော့သည်။

“ လူငယ်လေး အဲ့တာအတွက် နင်ငါ့ကို အပြစ်တင်လို့ မရဘူး “

“ ဆိုတော့ အဲ့တာက ငါ့အမှားလား “ ဟု လုချန်ရှန်းက ချေပလိုက်၏။

လန်လင်းက ပြန်ပြောလိုက်၏ “ နင့်ရဲ့ ပါးစပ်က တကယ်ကို စိတ်ရှုပ်ဖို့ကောင်းတယ်။ ဒါပင်မဲ့ အခုလက်ရှိ အချိန်မှာတော့ တော်တော်လေးကို နောက်ကျနေပြီ “

“ အဲ့လိုလား “

လုချန်ရှန်းက စိုက်ကြည့်နေတော့သည်။

တစ်ခြားလူများကပါ စောင့်ကြည့်နေခဲ့ကြသည်။ သူတို့သည် လန်လင်းက အနားသို့ ကပ်သွားသည့် အချိန်တွင် သူမက တစ်ခြားလူများကဲ့သို့ မည်သည့်အတားအဆီးကိုမှ မခံစားခဲ့ရဘဲ အပျက်အစီး ကျောက်တုံးထံသို့ ရောက်ရှိသွားသည်ကို မြင်တွေ့လိုက်ကြရသည်။

သူမ၏ လက်က ၎င်းထံသို့ ဖြည်းဖြည်းချင်း ကျဆင်းသွားခဲ့ပြီး အသက်ချီ အနည်းငယ် စီးဆင်းလာခဲ့ကာ သူမ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်း၍ ကြွယ်ဝသော အသက်စွမ်းအားများအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ သူမ၏ မျက်ဝန်းများ တလက်လက် တောက်ပသွားခဲ့သည်။

အဆိုပါ အခွင့်အလမ်းက အမှန်ပင် ထူးခြားနေခဲ့သည်။

ထိုဖြစ်စဥ်က အတော်ပင် ချောချောမွေ့မွေ့ ဖြစ်နေခဲ့ကာ မည်သည့်အတားအဆီးမှ မဖြစ်ပေါ်လာခဲ့ပေ။

“ ဟားဟား အဲ့လိုပေါ့ “

“ တကယ်ကို ပိုပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းလာပြီ “

လူတော်တော်များများက တောက်တောက်ပပ ပြုံးနေခဲ့ကြကာ မျှော်လင့်ချက်များတို့ဖြင့် ပြည့်နှက်နေသော မျက်ဝန်းများနှင့် တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။

အကယ်၍ သူတို့ မည်သည့်အခွင့်အလမ်းကိုမှ မရရှိဘူးဆိုလျှင်တောင်မှ သူတို့က လုချန်ရှန်းနှင့် စာရင်းရှင်းကြမည်ဖြစ်သည်။ ဟွာရှုနယ်ပယ် အဆင့်၂နှင့် အဆင့်၃ ပညာရှင်များစွာ ဘက်ပေါင်းစုံမှ ဆင်းသက်လာခဲ့ပြီး ဤဧရိယာကို ဝိုင်းရံလိုက်ကြသည်။

“ ညီမလေး သွားတော့ “

လန်ချန်း၏ အသံ ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့သည်။

လန်လင်းက ခေါင်းငြိမ့်ပြလိုက်ပြီး အပျက်အစီးကျောက်တုံးပေါ်သို့ လျှောက်သွားတော့သည်။ သူမ၏ မျက်ဝန်းများ လှုပ်ခတ်သွားကာ စကားထပ်ပြောနေတော့သည်။

“ လူငယ်လေး စိတ်မကောင်းစရာပဲ “

“ ငါမင်းကို အပြစ်တင်မှာ မဟုတ်ဘူး “

ချက်ချင်းဆိုသလိုပင် လုချန်ရှန်း၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

လန်လင်းက အံ့အားသင့်သွားပြီး တစ်ခြားလူများမှာလည်း ဇဝေဇဝါ ဖြစ်သွားခဲ့ကြသည်။

လန်လင်း မတုံ့နိုင်ခင်အချိန်မှာပင် လုချန်ရှန်းက စကားထပ်ပြောနေတော့၏ “ ဒါနဲ့ ဒီအခွင့်အလမ်းကို ရသွားတဲ့အတွက် ဂုဏ်ယူပါတယ် “

“ ဘာဖြစ်တယ် “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် လုချန်ရှန်းက ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ သူမက သူ့ကို ဖိနှိပ်ရန် လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။ သူမက သူ့ကို နှင်ထုတ်ရန် ကြံရွယ်ထားသော်လည်း စွမ်းအားတစ်ခု ရုတ်တရက် ပေါ်ထွက်လာကာ သူမကို ဖိနှိပ်သွားခဲ့သည်။

သူမထံတွင် ခုခံနိုင်မည့် မူလတာအို ကားချပ် မရှိပေ။ ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်မှာ နေရာမှာပင် အေးခဲတောင့်တင်းသွားခဲ့သည်။

သူမ၏ ခန္ဓာကိုယ်က ဆက်တိုက်တောက်ပနေခဲ့ပြီး အမျိုးမျိုးသော နည်းစနစ်များ ပေါက်ထွက်လာခဲ့သည်။ မှော်ပစ္စည်းများ ပေါ်ထွက်လာပြီး တိုးညှင်းသော ညည်းသံလေးများကို ထုတ်လွှတ်လာခဲ့ပြီး ချုပ်နှောင်မှုမှ ရုန်းထွက်ချင်နေခဲ့သည်။ သို့သော် အရာအားလုံး အချည်းနှီးသာဖြစ်သွားခဲ့ရသည်။

ထိုမြင်ကွင်းက လူတိုင်း၏ အမူအရာများကို ပြောင်းလဲသွားစေခဲ့သည်။

“ တစ်ခုခုတော့ မှားနေပြီ “

“ ဘာဖြစ်တာလဲ “

သူတို့အားလုံး စိုက်ကြည့်နေကြပြီး လန်လင်းမှာလည်း မျက်မှောင်ကြုတ်သွားကာ စကားထပ်ပြောနေတော့သည် “ နင်က အစောပိုင်းအချိန်တုန်းက ဒီနေရာမှာ ပိတ်မိနေခဲ့တာပဲ။ အဲ့တာကြောင့် ငါတို့အားလုံး အထဲဝင်လာအောင် လုပ်ဖို့အတွက် ငါတို့ကို တမင်သက်သက် စော်ကားနေခဲ့တာပဲ “

“ အဲ့လိုပဲ “

လုချန်ရှန်းက ပြုံးပြလိုက်သည်။ အခြေအနေက ထိုအတိုင်းပင် ဖြစ်နေခဲ့သည်။

သူက မေးခွန်းများကို ရက်ရက်ရောရော ပြန်ဖြေပေးခဲ့ပြီး ထိုကဲ့သို့ ဖြစ်နေလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။

သူတို့သည် အစတွင် လုချန်ရှန်းက လူတွေ့သွားမည်ကို ကြောက်သည့်အတွက် အစီအရင်အနောက်တွင် ပုန်းကွယ်နေသည်ဟုသာ ထင်နေခဲ့ခြင်းဖြစ်သည်။ ယခုတွင်မူ ထိုကဲ့သို့သာ ဖြစ်နေခဲ့သည်။

လုချန်ရှန်းကမူ စကားထပ်ပြောရန်အတွက် အလွန်တရာ ပျင်းရိနေခဲ့ပြီဖြစ်ကာ ထွက်သွားရန် ပြင်ဆင်နေတော့သည်။

သို့ရာ၌ လန်လင်းကို ငေးကြည့်လိုက်သည့် အချိန်တွင် သူ၏ အကြည့်များ ပြောင်းလဲသွားခဲ့သည်။ သူသည် သူမကို ခေါင်းအစခြေအဆုံး ငေးမောကြည့်ရှုကာ ပြုံးစိစိဖြစ်သွားခဲ့သည်။ သူ၏ အတွေးအတွင်းသို့ အကြံဉာဏ်တစ်ခု တိုးဝင်လာခဲ့သည်။

လန်လင်း၏ မျက်ဝန်းများ လှုပ်ရမ်းသွားကာ ဆိုးရွားသော ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။

လန်ချန်းမှာလည်း အထိတ်တလန့်ဖြစ်သွားခဲ့သည်။

သို့ရာတွင် လုချန်ရှန်းက စကားဆက်ပြောနေတော့ပြန်သည် “ ဒီကိုကျတော့ ရောက်အောင်လာခဲ့ပြီး ဘာကိစ္စ ငါ့အတွက် လက်ဆောင်မယူခဲ့ရတာလဲ “

“ လက်ဆောင်လား “

ထို့နောက် စက္ကန့်ပိုင်းမျှကြာတွင် လုချန်ရှန်းမှ သူ၏လက်ကို မြှောက်လိုက်ရာ လန်လင်းထံတွင် ရှိနေသည့် မှော်ပစ္စည်းအားလုံးက သူ့လက်အတွင်းသို့ ရောက်ရှိလာခဲ့သည်။

တစ်ပြိုင်နက်ဆိုသလိုပင် သူသည် ဘေးတိုက်ရွေ့လျားသွားကာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ အပျက်အစီးကျောက်တုံးအောက်မှ ခုန်ထွက်ကာ ပုံရိပ်များ ချန်ရစ်ထားပြီး အဝေးသို့ ပြေးထွက်သွားတော့သည်။

သူ၏ အမြန်နှုန်းက အလွန်တရာ မြန်ဆန်နေခဲ့သည်။

“ သူ့ကို တားလိုက် “ ဟု လန်ချန်းက အော်ပြောလိုက်၏။

ဖပ်

သူ၏ အသံပျံ့လွင့်သွားသည့်အချိန်တွင် သူသည် တစ်စုံတစ်ဦး ချဥ်းကပ်လာသည်ကို ခံစားလိုက်ရကာ သူသည် ပြင်းထန်သော ပါးရိုက်ချက်တစ်ခုကို ခံယူလိုက်ရသည်။ ထိုမြင်ကွင်းက အလွန်တရာ ရုတ်တရက် ဆန်လွန်းနေခဲ့ပြီး လူတိုင်းကို အငိုက်မိသွားစေခဲ့ကာ သူ့ကိုပင် မူးနောက်နောက်ဖြစ်သွားစေခဲ့သည်။

ဝှစ်

တစ်ပြိုင်နက်နီးပါးဆိုသလိုပင် အနီးအနားတွင် ဖြန့်ကျက်ထားသည့် လူများက တစ်ဦးပြီးတစ်ဦး လှုပ်ရှားလာကြကာ လုချန်ရှန်း ထွက်လာသည်နှင့်တစ်ပြိုင်နက် သူ့ကို ဖမ်းဆီးရန် ပြင်ဆင်နေခဲ့သည်။

သို့ရာတွင် ဘေးတစ်ဖက်ရှိ ဟွာရှုနယ်ပယ် အဆင့်၃ ပညာရှင်တစ်ဦးကမူ အနားမှ တစ်စုံတစ်ခု ကျော်ဖြတ်သွားသည်ဟုသာ ခံစားလိုက်ရလေသည်။

“ မင်းမေကလွှား ဘာကြီးလဲဟ “

သူသည် တအံ့တဩဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ လုချန်ရှန်း၏ ခြေရာလက်ရာများကို မည်သို့မျှ ရှာမတွေ့ခဲ့သည့်အတွက် ဒေါသတကြီး ဟိန်းဟောက်နေတော့သည်။

သူ ပါးရိုက်ခံလိုက်ရပြီး သူ၏ မျက်နှာပင် ရောင်ကိုင်းနေခဲ့ပြီဖြစ်သည်။

လုချန်ရှန်းကမူ မည်သို့မျှ တွေဝေတုံ့ဆိုင်းမနေဘဲ ရှောင်ဟေးရှိရာဘက်သို့ ပျံသန်းသွားပြီး သူ့ကို ဝင်ခေါ်ကာ ကောင်းကင်ဆီသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

အဆိုပါ အမြန်နှုန်းက ဟွာရှုနယ်ပယ် ပညာရှင်ထပ်ပင် သာလွန်နေပြီး ၎င်းကို မည်သူကမှ အမှီလိုက်နိုင်လိမ့်မည် မဟုတ်ပေ။

လူအုပ်ကြီးမှာ ကြောင်အမ်းအမ်းဖြင့် အငိုက်မိသွားကြသည်။

လန်လင်းကို ပြန်လှည့်ကြည့်လိုက်ရာ သူမက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အပျက်အစီးကျောက်တုံးပေါ်တွင် တင်ပျဥ်ခွေထိုင်နေကာ မျက်လုံးမှိတ်ထားသည်ကို မြင်တွေ့လိုက်ရ၏။

“ ညီမလေး “

လန်ချင်းက အော်ခေါ်လိုက်၏။

တစ်ခြားလူများကပါ အော်ခေါ်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ကြပေ။

အသက်စွမ်းအင်များက သူမ၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် တိုးဝင်နေခဲ့ပြီး လုချန်ရှန်းမရှိတော့သောကြောင့် အပျက်အစီးကျောက်တုံးတွင် ကျန်ရှိနေသည့် အနည်းငယ်မျှသော အသက်စွမ်းအင်များက သူမ၏ ပိုင်ဆိုင်မှုဖြစ်သွားခဲ့သည်။

သို့သော် ၎င်းက အခွင့်အလမ်းတစ်ခုဖြစ်နေစဲဖြစ်ပြီး အပြင်ဘက်မှ လူများက အခြေအနေကို မည်ကဲ့သို့ အလွယ်တကူ သိရှိနိုင်မည်နည်း။

သူတို့သည် သူမကို ကယ်တင်ရန်အတွက် စတင်၍ လုပ်ဆောင်နေကြတော့သည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းနှင့် ရှောင်ဟေးက မိုင်‌ထောင်နှင့်ချီ၍ ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်သည်။

တောင်တန်းနှင့် မြစ်ပြင်များ အဆက်မပြတ် လည်ပတ်နေခဲ့ပြီး အလွန်တရာ မြန်ဆန်နေခဲ့၏။ သူထွက်လာသည်နှင့်တစ်ပြိုင်နက် မည်သို့မျှ လေးဖင့်မနေရဲချေ။

အဓိကအကြောင်းအရင်းမှာ ဤနေရာက အလွန်တရာ ထူးဆန်းလွန်းနေခြင်းဖြစ်သည်။ တောင်အောက်ရှိ ရှေးဦးဝိညာဥ်က မည်သည့်အရာလဲဆိုသည်ကို မည်သူက သိကြမည်နည်း။ ၎င်း၏ နည်းလမ်းများက အတော်ပင် ဆန်းကြယ်လွန်းနေခဲ့ပြီး အခွင့်အလမ်းများကို ထိန်းချုပ်နိုင်ကာ လူများက ၎င်းတို့ကို ခံစားသိရှိသွားအောင် ပြုလုပ်နေနိုင်ခဲ့သည်။

သူသည် ထိုအရာထံတွင် ကောင်းကင်ဘုံကို ဆန့်ကျင်နေသည့် မည်ကဲ့သို့သော နည်းလမ်းများ ရှိနေဦးမလဲဆိုသည်ကို မမှန်းဆနိုင်ခဲ့ပေ။

အကယ်၍ သူကသာ ယခုလက်ရှိအချိန်တွင် မထွက်ပြေးဘဲ တစ်ခုခုဖြစ်လာမှ လှုပ်ရှားမည်ဆိုပါက အရာအားလုံး နောက်ကျသွားပေလိမ့်မည်။

သူတို့ရပ်တန့်သွားသည့် အချိန်တွင် ရှောင်ဟေးက မေးမြန်းနေတော့သည်။

“ မင်းနေရာမှာ အစားထိုးဖို့အတွက် တစ်ယောက်ယောက်ကို လူစားထိုးဖို့ ဆုံးဖြတ်လိုက်တာလား “

“ ဟုတ်တယ် “

လုချန်ရှန်းက ခေါင်းငြိမ့်ပြလိုက်၏။ သူက ထိုနည်းလမ်းကို တမင်သက်သက် ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။ အဓိကအကြောင်းအရင်းမှာ ရှေးဦးဝိညာဥ်ကို သယ်ဆောင်နိုင်စွမ်းရှိသည့် ရုပ်ခန္ဓာကို တည်ဆောက်ရခြင်းက အလွန်တရာ ခက်ခဲလွန်းလှပြီး သူကိုယ်တိုင်ကပင် အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့လေသည်။

ထို့အပြင် ထိုလူများက အစကတည်းက မကောင်းသော ရည်ရွယ်ချက်များဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ရှောင်ဟေးက ပြန်ပြောလိုက်၏ “ အဲ့တာဆိုရင် ဘာကိစ္စ အစီအရင်တစ်ခုကို ဒုက္ခခံပြီးတော့ လုပ်ခဲ့ရတာလဲ “

“ တကယ်လို့ မင်းက တစ်နေရာရာကို ရောက်သွားပြီတော့ အဲ့နေရာမှာ တစ်ယောက်ယောက် ပုန်းနေမယ် ပတ်ဝန်းကျင်မှာလည်း အခွင့်အလမ်းတွေ ရှိနေမယ်ဆိုရင် သူတို့က ဘာတွေးနေကြမလဲ “

“ သူက အနှောင့်အယှက်မခံရဖို့အတွက် အဲ့ဒီအခွင့်လမ်းကို မောင်ပိုင်စီးတာလို့ ထင်သွားမှာပဲ “

“ အဲ့တာဆိုရင် တကယ်လို့ တစ်ယောက်ယောက်က အခွင့်အလမ်းတစ်ခုကို သန့်စင်နေတာကို အဝေးက လှမ်းတွေ့သွားမယ်ဆိုရင် ဘာတွေတွေးနေမလဲ “

ထိုအခိုက်အတန့်တွင် ရှောင်ဟေးမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

လုချန်ရှန်းက စကားထပ်ပြောနေတော့၏ “ ဒါပေါ့ သူတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုရင် လှည့်ထွက်သွားလိမ့်မယ်။ ငါကလည်း သူတို့ကို ကိုင်တွယ်ရမှာမဟုတ်ဘူး။ ဟုတ်တယ်မလား “

“ ဟုတ်တယ် “

သူပြောခဲ့သည့် စကားမှာ ငြင်းပယ်ရန် မဖြစ်နိုင်သော အရာဖြစ်သည်။

အကယ်၍ ထိုလူများထံတွင် ဆိုးယုတ်သော ရည်ရွယ်ချက်များ မရှိဘူးဆိုပါက သူတို့က လှည့်ထွက်သွားကြမည်ဖြစ်ကာ မည်သည့်ကိစ္စမှ ဖြစ်ပျက်လာလိမ့်မည် မဟုတ်ပေ။

လုချန်ရှန်းက စကားထပ်ပြောနေတော့၏ “ ငါက အပြစ်ကင်းတယ် “

“ အမ် …… “

ရှောင်ဟေးမှာ ပါးစပ်အဟောင်းသားဖြင့် ဆွံ့အသွားခဲ့သည်။

လုချန်ရှန်းက ဘာမှထပ်မပြောတော့ပေ။ သူ၏ စိတ်အခြေအနေက အလွန်တရာ ကောင်းမွန်နေခဲ့သည်။ သူ၏ တာအိုကားချပ်က ပြီးပြည့်စုံသွားခဲ့ပြီဖြစ်ကာ သူ၏ အကြီးမားဆုံးသော အတားအဆီးကို ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်သည်။ ဟွာရှုနယ်ပယ်သို့ အဆင့်တက်ခြင်းမှာ အတော်ပင် နီးကပ်လာခဲ့ပြီဖြစ်သည်။

--

……………………………………………………………………………………………………………………………………

All Chapters