အခန်း ၂၉၆
Vol. 30 Ch. 296
အခန်း (၂၉၆) တိုက်ပွဲ
ပိုင်ရိဟန် အလွန်အမင်း ဒေါသထွက်သွားလေ၏။
သွေးဆာနေသော စွမ်းအင်များ သူ၏ ခန္ဓာကိုယ်မှ ဆူပွက်လာပြီး အဆုံးမဲ့ ဖိအားများ တိုက်ခတ်လာခဲ့ပေသည်။
ရုတ်တရန် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဝေဝါးသွားခဲ့၏။
ထ်ု့နောက် သူသည် ထိုက်ရှန်းဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားလေသည်။
ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်မှုတစ်ခု လုပ်လိုက်ရုံဖြင့်...
ဓားရှည်တစ်လက်က သူ၏ လက်ထဲတွင် ပေါ်လာပြီး မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ထိုက်ရှန်းဆီသို့ ထိုးသွင်းလိုက်လေသည်။
"သေစမ်း..."
"သတိထား..."
မလှမ်းမကမ်းတွင် ယွင်ထင်က သူမ၏ ပါးစပ်ကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်၏။
သူမ၏ မျက်နှာတွင် အထိတ်တလန့်ဖြစ်မှုများ ပြည့်နှက်နေပေသည်။
တစ်ဖက်လူက သူမကို ကယ်တင်ရန်အတွက် မိမိကိုယ်ကို ဤကဲ့သို့ အန္တရာယ်ထဲ တွန်းပို့နေခဲ့ခြင်းဖြစ်ရာ ထိုက်ရှန်းကို မည်သည့် အန္တရာယ်မျှ မဖြစ်စေချင်ခဲ့ချေ။
သို့သော် ဤအခြေအနေကို ရင်ဆိုင်ရချိန်တွင်
သူမမှာ စွမ်းအားမဲ့နေခဲ့ပေ၏။
ထိုအခိုက်အတန့်၌
ထိုက်ရှန်းသည် အမြင့်ဆုံး သတိအနေအထားတွင် ရှိနေခဲ့သည်။
အစွမ်းထက်သော အငွေ့အသက်တစ်ခုက သူ့ကို လော့ခ်ချထားသကဲ့သို့ပင်။ ရှောင်တိမ်းရန် ကြိုးစားသော်လည်း သူ၏ ခန္ဓာကိုယ်မှာ လှုပ်ရှား၍ မရနိုင်တော့ချေ။
ဖူး...
ထိုက်ရှန်းသည် သူ၏ အစွမ်းကုန်ကို အသုံးပြုလိုက်၏။
သူ၏ ခန္ဓာကိုယ်ကို ရွှေ့လိုက်သည့် အခိုက်အတန့်တွင် ဓားရှည်က သူ၏ ရင်ဘတ်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားလေသည်။
သူ့ကို နံရံတွင် သံမှိုရိုက်ထားသကဲ့သို့ ဖြစ်သွားစေ၏။
ထို့နောက် သူက သွေးတစ်လုတ် ထပ်အန်ချလိုက်ပေသည်။
"ဟားဟားဟား... ထိုက်ရှန်း... အို ထိုက်ရှန်း... မင်း ငါ့ကို သစ္စာဖောက်ရင် ဒါမျိုး ဖြစ်တတ်တယ်..."
ပိုင်ရိဟန်က အော်ဟစ်ရယ်မောလိုက်၏။
ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခုက သူ၏ မျက်နှာပေါ်တွင် လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။
"ငါ မင်းတို့ကို ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တာ... မင်းတို့ကို ငါ အသုံးချလို့ မရမှတော့ သေလိုက်ကြတော့..."
"ကျေးဇူးကန်းတဲ့ ဝံပုလွေကောင်တွေကို ငါ သတ်ပစ်မယ်... ပြီးရင် အဇူရာနန်းတော်ကို ပြန်လည်တည်ဆောက်မယ်..."
ထိုသို့ ပြောဆိုနေစဉ်မှာပင် နက်ရှိုင်းသော အကျပ်အတည်း ခံစားချက်တစ်ခုက သူ၏ နှလုံးသားထဲတွင် ရုတ်တရက် လျှပ်တစ်ပြက် ပေါ်လာခဲ့ပေ၏။
သူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
သူ၏ လက်ဝါးက ဓားရှည်ကို အလျင်အမြန် လွှတ်လိုက်ပြီး သူ၏ ပုံရိပ်မှာ အနောက်သို့ ဆုတ်ခွာသွားရလေ၏။
သို့သော်လည်း...
အရမ်း နောက်ကျနေပြီ ဖြစ်သည်။
ထိုက်ရှန်း၏ ညှိုးနွမ်းနေသော အငွေ့အသက်များ နောက်တစ်ကြိမ် ဆူပွက်လာခဲ့၏။
သူ့တွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။
သူ၏ ခန္ဓာကိုယ်ထဲတွင် စိုက်ဝင်နေသော ဓားရှည်ကို ဂရုမစိုက်တော့ဘဲ ပိုင်ရိဟန်ဆီသို့ လျှပ်စီးအလား ပြေးဝင်သွားလေ၏။
ဓားသွား၏ သုံးပုံတစ်ပုံခန့်သာ စိုက်ဝင်နေခဲ့သော ဓားသည် ယခုအခါ သူ၏ ခန္ဓာကိုယ်ထဲသို့ လုံးဝ စိုက်ဝင်သွားပြီး အနောက်ဘက်မှ ဖောက်ထွက်သွားခဲ့သည်။
သို့သော် ထိုက်ရှန်းသည် ပိုင်ရိဟန်၏ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်၏။
ထို့နောက် သူက လက်သီးတစ်ချက် ပစ်သွင်းလိုက်လေသည်။
ဤလက်သီးအတွက် သူ၏ ခွန်အားအားလုံးကို အသုံးပြုလိုက်၏။
မိုးကြိုးပစ်ချလိုက်သည့်အလား…
ဖြောင်း…
ပိုင်ရိဟန်သည် လျှပ်စီးလက်ခံလိုက်ရသည့်အလား ရိုက်နှက်ခံလိုက်ရပေသည်။
သူ၏ ခန္ဓာကိုယ်မှာ အလိုအလျောက် ယိမ်းယိုင်သွားခဲ့၏။
သူ၏ နံရိုးနှစ်ချောင်းပင် ကျိုးသွားခဲ့လေသည်။
ထိုအခိုက် သူ ရုတ်တရက် မော့ကြည့်လိုက်ရာ ထိုက်ရှန်းကို ကြည့်သော သူ၏ အကြည့်များမှာ အေးစက်စိမ့်တက်သွားခဲ့သည်။
ပိုင်ရိဟန်က အေးဆက်ဆက် ပြောဆိုလိုက်သည်။
"မင်းက အတူတူ သေချင်နေတာလား... ဟက်... မင်းမှာ အဲဒီ အရည်အချင်း မရှိသေးပါဘူးကွာ..."
နှစ်များတစ်လျှောက်။
ပိုင်ရိဟန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသော ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာလည်း ရှိခဲ့ပေသည်။ သို့သော် မည်သည့် ပင်မနတ်ဘုရားတစ်ပါးကမျှ သူ့ကို ယနေ့လောက်အထိ နာကျင်စေခဲ့ခြင်း မရှိခဲ့ချေ။
ထိုက်ရှန်းတွင် ဤမျှ ရဲရင့်သော အခြမ်းတစ်ခု ရှိနေလိမ့်မည်ဟု သူ တကယ်ပင် မထင်မှတ်ထားခဲ့ပေ။
ဝမ်လျန်က ယွင်ထင်ကို ဆွဲခေါ်လာခဲ့ပြီ ဖြစ်၏။
ထို့နောက် ဝမ်လျန်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ပိုင်ရိဟန်... သူ့ကို အမြန်ဆုံး ရှင်းလိုက်...အဇူရာနန်းတော်က တခြားလူတွေ ရောက်လာတော့မယ်... တကယ်လို့ သူတို့လူများနေရင် ငါတို့အတွက် အကျိုးမရှိဖြစ်လိမ့်မယ်..."
"ဟက်... မင်းက ငါ့ကို သတ်ချင်တယ်ဆိုရင်... မင်း ငါနဲ့အတူ သေရမယ်ဆိုတာကို ငါ သေချာပေါက် လုပ်ပြမယ်..."
ထိုက်ရှန်းသည် မြေပြင်ကို ရုတ်တရက် တွန်းကန်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ထုတ်လွှတ်ကာ ပိုင်ရိဟန်ဆီသို့ ကိုယ်တိုင် ပြေးဝင်သွားလေ၏။
ဝမ်လျန်နှင့် ပိုင်ရိဟန်တို့ ပေါ်လာချိန်မှစ၍ ယခုအထိ...
သုံးမိနစ်ပင် မကြာသေးချေ။
သို့သော် စံအိမ်အတွင်းရှိ ဆူညံသံများက အလွန် ကျယ်လောင်နေသဖြင့် အတွင်းရှိ လုံခြုံရေးအစောင့်များကို အလျင်အမြန် သတိထားမိသွားစေခဲ့သည်။
လုံခြုံရေးအစောင့် လေးငါးဦးခန့်သည် လျှပ်စစ်တုတ်များကို ကိုင်ဆောင်လျက် အလျင်အမြန် ပြေးလာကြ၏။
ပျက်စီးယိုယွင်းနေသော စံအိမ်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသော လူအနည်းငယ်ကို မြင်သောအခါ လူတိုင်း၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့ပေသည်။
"မင်းတို့... မင်းတို့က ဘယ်သူတွေလဲ... ဥက္ကဋ္ဌယွင်ကို အမြန်လွှတ်ပေးစမ်း..."
"ကပ္ပတိန်... ကပ္ပတိန်... ဒီမှာ တစ်ခုခု ဖြစ်နေပြီ..."
"မြန်မြန်... ရဲခေါ်လိုက်..."
စံအိမ်ကို သူဌေးကြီးတစ်ဦးက ဝယ်ထားကြောင်း ၎င်းတို့ သိရှိထားကြ၏။
ထို့အပြင် အတွင်း၌ နေထိုင်သူမှာ အခြားသူမဟုတ်ဘဲ ကုမ္ပဏီ၏ အသစ်ခန့်အပ်လိုက်သော ဥက္ကဋ္ဌ ယွင်ထင် ပင် ဖြစ်လေသည်။
အကယ်၍ ၎င်းတို့က ဥက္ကဋ္ဌယွင်၏ လုံခြုံရေးကိုပင် မကာကွယ်နိုင်ပါက အနာဂတ်တွင် ဤနေရာ၌ လုံခြုံရေးအစောင့်များအဖြစ် အလုပ်လုပ်ရန် မျက်နှာရှိတော့မည် မဟုတ်ချေ။
လုံခြုံရေးအစောင့် အနည်းငယ်က ဝိုင်းရံလိုက်ချိန်မှာပင်။
ဝမ်လျန်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ပတ်လည်ရှိ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်များက ၎င်းတို့ကို ချက်ချင်း လော့ခ်ချလိုက်လေ၏။
ရွှတ်…
ရွှတ်…
ရွှတ်…
မျက်စိတစ်မှိတ်အတွင်းမှာပင်။
လုံခြုံရေးအစောင့် အနည်းငယ်မှာ လည်ပင်းအလှီးခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။
ပွဲချင်းပြီး သေဆုံးသွားခြင်းပင်။
ဤအချိန်၌ ထိုက်ရှန်းသည်လည်း ပိုင်ရိဟန်၏ ကန်ထုတ်ခြင်းကို ခံလိုက်ရပြီး စံအိမ်၏ နောက်ထပ် နံရံတစ်ခုမှာ ကျယ်လောင်သော အသံကြီးနှင့်အတူ ပြိုကျသွားခဲ့ပြန်၏။
စံအိမ်တစ်ခုလုံးမှာ ပြိုကျလုနီးပါး ဖြစ်နေပုံရပေသည်။
ထိုက်ရှန်းမှာ ဆက်လက် မတိုက်ခိုက်နိုင်တော့ချေ။
ယခုအခါ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများ ဖုံးလွှမ်းနေလေပြီ။ အစောပိုင်းက ဓားချက်ဖြင့် သူ၏ နှလုံးကို ရှောင်လွှဲနိုင်ခဲ့သော်လည်း သူ၏ ခွန်အားမှာ အလွန် အားနည်းနေဆဲပင် ဖြစ်၏။
သူ မတ်တပ်ပင် မရပ်နိုင်တော့ချေ။
"မစ်ယွင်... တောင်းပန်ပါတယ်... ကျွန်တော် မင်းကို ဆက်မကာကွယ်နိုင်တော့ဘူး... နန်းတော်သခင်ရဲ့ ယုံကြည်မှုကို ကျွန်တော် ပျက်ကွက်ခဲ့ပြီ..."
ထိုက်ရှန်းမှာ မျှော်လင့်ချက် ကင်းမဲ့နေပြီ ဖြစ်သည်။ သူသည် အသက်နှင့် သေခြင်းတရားကို ဘေးဖယ်ထားခဲ့သည်မှာ ကြာပြီဖြစ်၏။
သူ သေသွားရင်လည်း ကိစ္စမရှိဘူး... ဒါပေမဲ့ မစ်ယွင်က နန်းတော်သခင်ရဲ့ လူပဲလေ…။
ပိုင်ရိဟန်က သူ၏ အသက်ကို အဆုံးသတ်ရန် ပြင်လိုက်ချိန်မှာပင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး သူ၏ ဓားကြီးက မုန်တိုင်းတစ်ခုအလား ထွက်ပေါ်လာခဲ့ပေ၏။
"ပင်မနတ်ဘုရား လဲ့ယန် က မစ္စတာပိုင်ရဲ့ ပြောင်မြောက်တဲ့ အကွက်တွေကို မျက်မြင်တွေ့ရှိလိုက်ပါပြီ..."
လဲ့ယန်က ခြေတစ်လှမ်း ရှေ့တိုးလိုက်၏။
သူ၏ ခန္ဓာကိုယ်မှ အငွေ့အသက်များသည် မိုးခြိမ်းသံနှင့်အတူ ပေါက်ကွဲထွက်လာပြီး ဆည်ကျိုးပေါက်သွားသည့် ရေလွှမ်းမိုးမှုတစ်ခုအလား ထွက်ပေါ်လာခဲ့ပေသည်။
"ကောင်းတယ်... တကယ့် လဲ့ယန် ပါလား..."
ပိုင်ရိဟန်မှာ ဆွံ့အသွားပြီးနောက် နောက်တစ်ကြိမ် ဒေါသထွက်သွားခဲ့ပြန်၏။
"ပင်မနတ်ဘုရားဆယ်ပါး ထဲမှာ ငါ မင်းကို အမျှော်လင့်ဆုံးပဲ... ဒါပေမဲ့ မင်းကတောင် ငါ့ကို သစ္စာဖောက်လိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့ဘူး..."
"အရင်တုန်းက မင်း ငါ့ကို အမြဲတမ်း 'နန်းတော်သခင်' လို့ ခေါ်ခဲ့တာလေ... အခုကျတော့ ငါ့ကို မစ္စတာပိုင် လို့ ခေါ်နေတယ်ပေါ့..."
ပိုင်ရိဟန်က ထိုသို့ပြောနေစဥ်မှာပင် သူ၏ ပတ်ပတ်လည်ရှိ သွေးဆာနေသော အငွေ့အသက်များက ပိုပိုပြီး ထူထဲလာခဲ့၏။
"ဒါပေမဲ့ မင်းက ငါနဲ့ ဝမ်လျန်ကို တကယ်ပဲ ခုခံနိုင်မယ်လို့ ထင်နေတာလား...သာမန် ပင်မနတ်ဘုရားတစ်ပါးက... သူကိုယ်သူ သူရဲကောင်းကြီးလို့ တကယ်ကြီး ထင်နေတာလား..."
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်။
ပုံရိပ်သုံးခုလည်း အလျင်အမြန် ပြေးလာခဲ့ကြသည်။
"မစ္စတာပိုင် နေကောင်းမယ်လို့ မျှော်လင့်ပါတယ်... အဇူရာနန်းတော်ရဲ့ အကြီးအကဲက ခင်ဗျားရဲ့ ပြောင်မြောက်တဲ့ နည်းဗျူဟာတွေကို သင်ယူခဲ့ပြီးပါပြီ..."
"အဇူရာနန်းတော်ရဲ့ ဒုတိယအကြီးအကဲက မစ္စတာပိုင်ရဲ့ ပြောင်မြောက်တဲ့ အကွက်ကို သင်ယူခဲ့ပြီးပါပြီ..."
"အဇူရာနန်းတော်ရဲ့ တတိယအကြီးအကဲက မစ္စတာပိုင်ရဲ့ ပြောင်မြောက်တဲ့ အကွက်ကို သင်ယူခဲ့ပြီးပါပြီ..."
အဇူရာနန်းတော်မှ အကြီးအကဲသုံးဦးလည်း ချက်ချင်း ရောက်ရှိလာကြပေ၏။
၎င်းတို့က ယွင်ထင်နှင့် ထိုက်ရှန်းတို့ကို ၎င်းတို့၏ အနောက်တွင် ကာကွယ်ထားလိုက်ကြသည်။
ထိုနေရာရှိ လေထုမှာ ချက်ချင်းပင် တင်းမာသွားတော့၏။
ယွင်ထင်သည် ပြင်းထန်သော ဖိအားများကို ခံစားနေရသည်။
ယနေ့မှသာ ကမ္ဘာကြီး၏ အခြားတစ်ဖက်က မည်သို့ရှိသည်ကို သူမ သဘောပေါက်သွားခဲ့ခြင်း ဖြစ်ပေ၏။
နေရာတိုင်းမှာ အစွမ်းထက်တဲ့ သိုင်းပညာရှင်တွေ...
သတ်ဖြတ်မှုတွေက ပြန့်နှံ့နေတယ်...
နေရာတိုင်းမှာ အလောင်းတွေ...
ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ အများအားဖြင့် စစ်မြေပြင်တွင်သာ ဖြစ်ပွားလေ့ရှိသော်လည်း ယခုအခါ သူမ၏ မျက်စိရှေ့တွင် ဖြစ်ပွားနေခဲ့ပေပြီ။
ချန်ဖုန်း မကြာသေးမီက အဘယ်ကြောင့် ထိုနေရာတွင် မရှိခဲ့ကြောင်းကို သူမ နောက်ဆုံးတွင် နားလည်သွားခဲ့၏။
ချန်ဖုန်း၏ ကမ္ဘာကြီးက တကယ်တမ်း မည်သို့ရှိသည်ကိုလည်း နောက်ဆုံးတွင် သူမ နားလည်သွားခဲ့လေပြီ။
ဆက်လက် တွေးတောနေရန် အချိန်မရှိချေ။
ယွင်ထင်သည် ပြိုကျနေသော နံရံပုံစံထဲမှ ထိုက်ရှန်းအား အလျင်အမြန် ဆွဲထုတ်လိုက်ပြီး သူမ၏ အင်္ကျီလက်ကို ဆုတ်ဖြဲကာ သူ၏ ဒဏ်ရာကို ကမန်းကတန်း ပတ်စည်းပေးလိုက်၏။
"အကြီးအကဲသုံးဦးလည်း ရောက်လာတာပဲ..."
ပိုင်ရိဟန်က ၎င်းတို့အား လုံးဝ ဂရုမစိုက်ခဲ့ချေ။
သူ့ဘေးရှိ ဝမ်လျန်ကို လက်ညှိုးထိုးပြကာ ပြုံးလျက် ပြောဆိုလိုက်သည်။
"မင်းတို့သုံးယောက်က ပင်မနတ်ဘုရားအဆင့်ထက် စွမ်းအားပိုသာတယ်ဆိုရင်တောင်... ဧကရာဇ်အဆင့်ကို တကယ် ရောက်သွားပြီလား..."
"မသေချာဘူးနော်... မင်းတို့သုံးယောက် ပေါင်းရင်တောင် ညီအစ်ကိုဝမ်လျန်ရဲ့ ပြိုင်ဘက် ဖြစ်မှာမဟုတ်ဘူးလို့ ငါ စိုးရိမ်တယ်..."
"ငါတို့နှစ်ယောက်ကို ဘယ်လိုများ ရင်ဆိုင်ကြမလဲ..."
"မှန်တယ်..."
ဝမ်လျန်က ခြေတစ်လှမ်း ရှေ့တိုးလိုက်၏။
သူသည် အကြီးအကဲများထဲမှ တစ်ဦးဆီသို့ ပြေးဝင်နေခဲ့ပြီ ဖြစ်သည်။ "အရင်တစ်ခေါက် နယ်စပ်စစ်မြေပြင်တုန်းက မင်းတို့သုံးယောက် တော်တော်လေး မြန်မြန် ပြေးတာကို ငါ တွေ့ခဲ့တယ်... ဒီတစ်ခါတော့ အကဲစမ်းဖို့ အကောင်းဆုံး အချိန်ပဲ...ငါ့ကို စိတ်မပျက်စေနဲ့နော်..."
"သတ်..."
ပထမအကြီးအကဲက ပြင်းထန်စွာ အော်ဟစ်လိုက်၏။
အကြီးအကဲသုံးဦး တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
သူတို့ထဲမှ နှစ်ဦးက ဝမ်လျန်ကို ရင်ဆိုင်ပြီး ကျန်တစ်ဦးနှင့် လဲ့ယန်က ပိုင်ရိဟန်ကို ပိတ်ဆို့လိုက်ကြပေ၏။
"သတ်..."
လဲ့ယန်၏ လက်ထဲရှိ ဓားကြီးက လွှဲယမ်းသွားခဲ့သည်။
ပြင်းထန်သော လှိုင်းလုံးကြီးများက စံအိမ်၏ နံရံများကို အပိုင်းပိုင်း အစစ ကွဲအက်သွားစေပြီး မြေပြင်မှာလည်း တွင်းချိုင့်များဖြင့် ပြည့်နှက်သွားလေ၏။
တိုက်ပွဲမှာ အလွန်အမင်း ပြင်းထန်လှပေသည်။
၎င်းတို့မှာ မြန်ဆန်ကြပြီး အပြန်အလှန် တိုက်ခိုက်မှုတိုင်းက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပေါ်နေခဲ့၏။
ဤသည်မှာ အကြွင်းမဲ့ စွမ်းအားများ၏ ထိပ်တိုက်တွေ့ဆုံမှုပင် ဖြစ်ပေသည်။
ဖြတ်လမ်း လုံးဝ မရှိချေ။