← Chapters

အခန်း ၃၀၆

Vol. 31 Ch. 306

အခန်း ၃၀၆

Vol. 31 Ch. 306

အခန်း (၃၀၆) အမှန်နှင့်အမှား၊ အစစ်အမှန်နှင့် လှည့်စားမှု

နိုင်ငံဆယ်ခု မဟာမိတ်တပ်ဘက်မှ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် ဟွာရှနိုင်ငံ စစ်ဘက်ဆိုင်ရာဌာန စစ်စခန်းရှိရာ အရပ်ဆီသို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။

ထို့နောက် သူက ချက်ချင်းပင် ဟိန်းဟောက်ကာ ပြောလိုက်၏။

"ကျန်တဲ့သူတွေ... ငါ့နောက်လိုက်ခဲ့ပြီး ဟွာရှ စစ်အခြေစိုက်စခန်းကို သွားဖျက်ဆီးကြမယ်"

အားကောင်းသော လူပုဂ္ဂိုလ် အများအပြားသည် စစ်ဘက်ဆိုင်ရာဌာန စစ်အခြေစိုက်စခန်း ရှိရာသို့ ပြေးဝင်သွားကြသည်။

စစ်အခြေစိုက်စခန်း ဖျက်ဆီးခံရသည်နှင့် တစ်ပြိုင်နက် ဟွာရှနိုင်ငံသည် ခဲယမ်းမီးကျောက်နှင့် ထောက်ပံ့ရေးပစ္စည်းများ ပြတ်တောက်သွားမည်ဖြစ်ပြီး စစ်ခေါင်းဆောင်များနှင့် အခြားသော ကျွမ်းကျင်သူများအနေဖြင့် နိုင်ငံဆယ်ခု မဟာမိတ်တပ်ကို ခုခံနိုင်ရန် မဖြစ်နိုင်တော့ချေ။

“မင်းတို့က သိပ်စွမ်းနေတယ်ဆိုရင် အစားအသောက် မစားဘဲ သုံးရက်ကနေ ငါးရက်အထိ တိုက်ခိုက်ကြည့်ပါလား…”

ရှန်ကွမ်ယွဲ့ ချက်ချင်းပင် အထိတ်တလန့် ဖြစ်သွားလေ၏။

"သူတို့ကို တားကြ"

"ယားးး..."

ရှောင်ချူနန်က သွားကို တင်းတင်းကြိတ်ကာ လူတစ်စုကို ဦးဆောင်၍ ရှေ့သို့ ပြေးဝင်သွားသည်။

သူသည် စစ်ဘက်ဆိုင်ရာဌာန၏ အကြီးအကဲ ညွှန်ကြားရေးမှူး ချင်ထိုက်၏ တူဖြစ်ရာ ဤအရေးကြီးသော တာဝန်ကို ပခုံးလွှဲပြောင်းယူရမည်မှာ သဘာဝပင်။

သို့သော် သူက မည်သို့ပင်ဆိုစေ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ တစ်ဦးသာဖြစ်ပြီး အခြားနိုင်ငံများမှ အားကောင်းသော ရန်သူများကို ယှဉ်ပြိုင်နိုင်စွမ်း လုံးဝ မရှိခဲ့ချေ။

တိုက်ကွက် သုံးကွက်ပင် မပြည့်သေးမီ။

သူက ၎င်းတို့ထဲမှ တစ်ဦး၏ တိုက်ခိုက်မှုကြောင့် လွင့်စဉ်သွားခဲ့လေကာ

သူ ချက်ချင်းပင် သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။

တစ်စုံတစ်ယောက်က သူ့ကို နောက်မှ ဖေးမ မထားပါက သူ၏ ဒဏ်ရာများမှာ ပိုမိုဆိုးရွားသွားလောက်ပေ၏။

ဒါက သူ ဧကရာဇ်အဆင့်နဲ့ ထိပ်တိုက် ရင်ဆိုင်ရတဲ့ ပထမဆုံးအကြိမ်ပဲ။

“ကျေးဇူးတင်ပါတယ်…”

သူက အနောက်ရှိ လူကို တစ်ချက် ကြည့်လိုက်သည်။

တစ်ဖက်လူမှာ အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးဖြစ်ပြီး အခြားသူ မဟုတ်ဘဲ အဇူရာနန်းတော်၏ ပင်မနတ်ဘုရား ရွှမ်ယွီ ပင် ဖြစ်လေ၏။

သူမသည် ပင်မနတ်ဘုရား ဆယ်ပါးထဲတွင် တစ်ဦးတည်းသော အမျိုးသမီးလည်း ဖြစ်သည်။

ရွှမ်ယွီက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက်

လျင်မြန်သော လှုပ်ရှားမှုတစ်ခုနှင့်အတူ ရန်သူဆီသို့ ပြေးဝင်သွားတော့သည်။

"ဟမ့်... ပင်မနတ်ဘုရားတစ်ပါးက ဒီကိုလာပြီး အသေခံရဲတယ်ပေါ့... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ"

မဟာလင်းယုန်နိုင်ငံမှ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးက အေးစက်စွာ နှာမှုတ်လိုက်သည်။

သူ၏ လက်ထဲရှိ ဓားမှ အားကောင်းသော ဓားအလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ရွှမ်ယွီဆီသို့ မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ရိုက်ခတ်သွားလေ၏။

"ဂရုစိုက်..."

ရှောင်ချူနန် လန့်ဖြတ်သွားသည်။

သူလည်း တားဆီးချင်ခဲ့၏။

သို့သော် နောက်ကျသွားခဲ့ပြီ။

ရွှမ်ယွီက ဓားကို ရှောင်တိမ်းလိုက်စဉ်မှာပင် တစ်ဖက်လူ၏ လက်သီးချက်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြိုးပြတ်သွားသော စွန်တစ်ကောင်အလား ဖြစ်သွားတော့သည်။

အဝေးသို့ ပြင်းထန်စွာ ပြုတ်ကျသွားလေ၏။

"ဝေါ့…”

ရွှမ်ယွီ သွေးအန်သွားခဲ့သည်။

ရှောင်ချူနန်က အလျင်အမြန် ပြေးသွားပြီး သူမကို ထူပေးလိုက်သည်။

နိုင်ငံဆယ်ခု မဟာမိတ်တပ်မှ ဤဧကရာဇ်အဆင့် ကျွမ်းကျင်သူများသည် ၎င်းတို့ ခုခံနိုင်စွမ်းထက် ကျော်လွန်နေခဲ့လေပြီ။

ထိုလူများကလည်း တိုက်ပွဲတွင် အချိန်ဆွဲမနေခဲ့ကြချေ။

အဇူရာနန်းတော်၏ တပ်ဖွဲ့များကို အနိုင်ယူပြီးနောက် ၎င်းတို့၏ အမြန်နှုန်းကို အမြင့်ဆုံးအထိ မြှင့်တင်ကာ စစ်စခန်းဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားလေ၏။

ပြီးတော့ ထိုအချိန်မှာပင်…

ရှန်ကွမ်ယွဲ့သည်လည်း ရန်သူ့ဖက်မှ ဧကရာဇ်အဆင့် ကျွမ်းကျင်သူကို ခါထုတ်နိုင်ခဲ့ပြီး စစ်စခန်းဆီသို့ အလျင်အမြန် လိုက်သွားခဲ့သည်။

သူမ လျင်မြန်သော်လည်း ပြိုင်ဘက်က ပို၍ လျင်မြန်နေခဲ့၏။

တစ်မိနစ်ပင် မကြာလိုက်ချေ။

၎င်းတို့ နယ်နိမိတ်မျဉ်းသို့ ရောက်ရှိသွားခဲ့ကြလေပြီ။

ထိုအချိန်၌

မဟာလင်းယုန်နိုင်ငံ၏ ဧကရာဇ်အဆင့် ကျွမ်းကျင်သူသည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ၏ရှေ့တွင် ရှိနေသော လူတစ်ယောက်ကြောင့် ဖြစ်ပေသည်။

ချန်ဖုန်းက ဓားကြီးတစ်လက်ကို ကိုင်ဆောင်ကာ ပြုံးလျက် ရပ်နေခဲ့သည်။

သူက ထိုနေရာတွင် အချိန်အတော်ကြာ ရပ်နေခဲ့ပုံရပြီး ပတ်လည်ရှိ တိုက်ပွဲများက သူ့အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိပုံရပေ၏။

"ချီးပဲ... အဇူရာနန်းတော်သခင်က ဝမ်လျန်နဲ့ အခြားသူတွေကြောင့် ပြင်းထန်တဲ့ ဒဏ်ရာရသွားပြီလို့ ပြောထားတာ မဟုတ်ဘူးလား... ဘယ်လိုလုပ် သူက စစ်မြေပြင်မှာ ရှိနေသေးတာလဲ"

သူ၏ဘေးရှိ အခြားသော ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးက မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်သည်။

"မသိဘူးလေ... ဟန်ဆောင်နေတာလည်း ဖြစ်နိုင်တယ်... အထက်ကလာတဲ့ သတင်းအရတော့ အဇူရာနန်းတော်သခင်က ဧကရာဇ်ကြီးသုံးပါးကြောင့် တကယ်ပဲ ဒဏ်ရာရသွားခဲ့တယ်လို့ ပြောတယ်"

"အထက်ကလာတဲ့ သတင်းလား..."

မဟာလင်းယုန်နိုင်ငံမှ ဧကရာဇ်အဆင့် ကျွမ်းကျင်သူက လှောင်ပြောင်လိုက်၏။

"ငါတို့က အငိုက်ဖမ်းပြီး တိုက်ခိုက်မယ်လို့ သူတို့ပြောခဲ့ပေမဲ့ တကယ်တမ်းကျတော့ ဟွာရှဘက်က သတင်းရထားနှင့်ပြီးသား ဖြစ်နေတယ်"

“အဇူရာနန်းတော်သခင်ရဲ့ မျက်နှာပေါ်က ကောက်ကျစ်တဲ့ အပြုံးကို ကြည့်ပါဦး... သူက တကယ် ပြင်းထန်တဲ့ ဒဏ်ရာရထားတာ လုံးဝ မဟုတ်ဘူး…ဒါကြောင့် ငါတို့ သုံးယောက် ပေါင်းပြီး တိုက်ခိုက်ကြမယ်"

သူ စကားပြော၍ မပြီးဆုံးမီမှာပင် သူ၏အနောက်ရှိ လူတစ်ဦးသည် အမီလိုက်လာသော ရှန်ကွမ်ယွဲ့၏ လက်သီးချက်ကြောင့် ရုတ်တရက် လွင့်စဉ်သွားခဲ့လေ၏။

လွင့်စဉ်သွားသူမှာ ချန်ဖုန်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖြတ်သန်းသွားခဲ့သည်။

ကြည့်ရှုနေသူများမှာလည်း အနည်းငယ် အံ့အားသင့်သွားကြ၏။

“ဘာတွေ ဖြစ်နေတာလဲ…”

“ဒီအဇူရာနန်းတော်သခင်က အတုလား…”

ထိုအခိုက်အတန့်မှာပင်…

ဘာတွေဖြစ်နေလဲဆိုတာကို လူတိုင်း ချက်ချင်း သဘောပေါက်သွားကြလေ၏။

"ဒါက... ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင် လား..."

မဟာလင်းယုန်နိုင်ငံမှ ဧကရာဇ်အဆင့် ကျွမ်းကျင်သူက ရုတ်တရက် ရယ်မောကာ ပြောလိုက်သည်။

"ချီးပဲ... တကယ်ကို လန့်သွားတာပဲ... အဇူရာနန်းတော်သခင် တကယ် ဒီမှာရှိနေတယ်လို့ ငါထင်လိုက်တာ"

ဒါက ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင် ဖြစ်နေတာကိုး...

ဒါပေမဲ့ မင်းတို့ရဲ့ ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင် နည်းပညာက တကယ်ကို အံ့သြဖို့ကောင်းတယ်... မျက်စိကို လှည့်စားနိုင်လောက်အောင် တကယ့်အစစ်နဲ့ တူလွန်းတယ်…”

ယခုအခါ စစ်သေနာပတိ ရှန်ကွမ်ယွဲ့က အမီလိုက်လာလျှင်ပင် ၎င်းတို့ လုံးဝ စိုးရိမ်မနေတော့ချေ။

စစ်ဘက်ဆိုင်ရာဌာန စစ်အခြေစိုက်စခန်းကို ဖျက်ဆီးရန် တာဝန်ယူထားသည့် အဖွဲ့ထဲတွင် ဧကရာဇ်အဆင့် ကျွမ်းကျင်သူ အနည်းဆုံး သုံးဦး ပါဝင်လေသည်။

ကျန်ရှိနေသော ပင်မနတ်ဘုရားအဆင့် အဖွဲ့ဝင် ခြောက်ဦး သို့မဟုတ် ခုနစ်ဦးလည်း ရောက်ရှိလာကြပြီ။

စစ်သေနာပတိက အားကောင်းနေလျှင်ပင် သူတို့ကို အကုန်လုံး တားဆီးနိုင်ပါမည်လော။

မဟာလင်းယုန်နိုင်ငံ၏ ဧကရာဇ်အဆင့် ကျွမ်းကျင်သူက သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူက

ဆာကူရာနိုင်ငံမှ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ဦးအား လက်ညှိုးထိုးကာ သူက ပြောဆိုလိုက်၏။

"မင်း သွားပြီး စစ်သေနာပတိရှန်ကွမ်ကို တားထားလိုက်... သူ့ကို မသတ်နဲ့... တားထားရုံပဲ တားထား... ကျန်တဲ့သူတွေ ငါ့နောက်လိုက်ခဲ့ပြီး စစ်ဘက်ဆိုင်ရာဌာန စခန်းကို သွားဖျက်ဆီးကြမယ်

စစ်ဘက်ဆိုင်ရာဌာန စခန်း ဖျက်ဆီးခံရပြီးရင်... ဒီဟွာရှတွေက အကြာကြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး"

သို့သော် သူတို့ မသိခဲ့ကြတာတစ်ခုက…

ရှန်ကွမ်ယွဲ့အပေါ် ၎င်းတို့၏ အာရုံစိုက်မှုကို စုစည်းထားစဉ်မှာပင် ပုံရိပ်တစ်ခု ဖြတ်ပြေးသွားပြီး မလှမ်းမကမ်းရှိ ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင် မျက်နှာပြင်မှာ ရုတ်တရက် တဖျပ်ဖျပ် လင်းလက်သွားခဲ့သည်။

ထို့နောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေ၏။

တစ်ခုတည်းသော ကွာခြားချက်မှာ...

ချန်ဖုန်း၏ `ပုံရိပ်များ´ မှာ ပို၍ပင် လက်တွေ့ဆန်လာခြင်း ဖြစ်သည်။

ထိုအချိန်တွင် ရှန်ကွမ်ယွဲ့မှာလည်း ဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ဦး၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။

ရန်သူများ စစ်စခန်းဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်ကို ကြည့်ရင်း သူမ ပိုမို၍ စိုးရိမ်ပူပန်လာခဲ့၏။

‘တကယ်ပါပဲ ဒီဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်က လှည့်စားဖို့ သက်သက်ပဲလား…’ဟုလည်း သူမတွေးလိုက်၏။

ထိုလူစုက ချန်ဖုန်း၏ `ပုံရိပ်´ ကို ဖြတ်သန်းသွားစဉ်မှာပင်

မဟာလင်းယုန်နိုင်ငံ၏ ဧကရာဇ်အဆင့် ကျွမ်းကျင်သူက `ပုံရိပ်´ ကြီးက သူ့ကို ပြုံးပြနေသည်ကို ရုတ်တရက် သတိပြုမိလိုက်ပြီး သူ၏ စိတ်ထဲတွင် ပြင်းထန်သော အန္တရာယ် အငွေ့အသက်တစ်ခု ဖြတ်ပြေးသွားခဲ့လေ၏။

"မကောင်းတော့ဘူး..."

သူ၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားသည်။

‘ငါ အခုလေးတင် စစ်ဆေးပြီးသွားပြီ... အဲဒါ အတုလေ…’

သို့သော် ယခု ရုတ်တရက် သူတို့၏ ဘေးတွင် ရပ်နေသူမှာ အသက်ရှင်လျက် အသက်ရှူနေသော အဇူရာနန်းတော်သခင် ကိုယ်တိုင် ဖြစ်နေကြောင်း ၎င်းတို့ တွေ့ရှိလိုက်ရပေ၏။

ထိုအခိုက်အတန့်မှာပင်

ချန်ဖုန်း၏ `ပုံရိပ်´ က ရုတ်တရက် အသက်ဝင်လာခဲ့ကာ

ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ပေါက်ကွဲထွက်လာ၏။

နိုင်ငံဆယ်ခု မဟာမိတ်တပ်မှ ဧကရာဇ်အဆင့် ကျွမ်းကျင်သူများမှာ ဆံပင်များ ထောင်မတ်သွားသည်ဟု ခံစားလိုက်ရပြီး ကြီးမားလှသော ကြောက်ရွံ့မှုတစ်ခုက ၎င်းတို့ကို လွှမ်းခြုံသွားလေသည်။

၎င်းတို့ ခင်မျာ ရေခဲတိုက်ထဲ ကျသွားသလို ခံစားလိုက်ရသည်။

"ပြေးကြ..."

၎င်းတို့က မျက်စိတစ်မှိတ်အတွင်း အလိုအလျောက် ထွက်ပြေးသွားကြတော့၏။

"မင်းတို့ ထွက်ပြေးလို့ လွတ်မယ်ထင်နေတာလား"

ချန်ဖုန်း၏ အငွေ့အသက်များ ပေါက်ကွဲထွက်လာခဲ့သည်။

လူအနည်းငယ်ကို ထပ်မံသတ်ဖြတ်ရန်အတွက် သူက ဟိုလိုဂရမ် ရုပ်လုံးကြွ ပုံရိပ်အဖြစ် ဟန်ဆောင်ကာ ၎င်းတို့ သတိမထားမိချိန်ကို အခွင့်ကောင်းယူခဲ့ခြင်း ဖြစ်ပေ၏။

ဒီလိုအခွင့်အရေးမျိုးကို သူ ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မှာလဲ။

ချန်ဖုန်းက ဓားကြီးကို အလျားလိုက် ဝှေ့ယမ်းလိုက်ယုံဖြင့်

ဓားစွမ်းအင်များ မြင့်တက်လာ၏။

ထို့နောက် နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

"ဝုန်းး..."

ဓား၏ အရှိန်အဟုန်မှာ လုံးဝ ဟန့်တားမှု မရှိခဲ့ချေ။အလွန် ထက်မြက်လှသော ဓားကြီးသည် ချန်ဖုန်း၏ အစွမ်းကုန် တိုက်ခိုက်မှုကို သယ်ဆောင်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း သူက ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးကို နှစ်ပိုင်းပိုင်းချလိုက်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်များမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့၏။

ချန်ဖုန်းက ဓားကို ဓားအိမ်ထဲပြန်သွင်းပြီး မတ်တတ်ရပ်နေလိုက်သည်။

သူက နတ်ဘုရား သို့မဟုတ် မိစ္ဆာတစ်ပါးအလား ရပ်နေပြီး သူ၏ ခြေအောက်တွင် ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နှစ်ဦး၏ အလောင်းများ ရှိနေခဲ့လေ၏။

ဤမြင်ကွင်းက...

လူတိုင်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့သည်။

တိုက်ပွဲစတင်ကတည်းက ဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ဦးတစ်ယောက်မျှ မသေဆုံးခဲ့ရသော်လည်း ယခုအခါတွင်မူ ရုတ်တရက် နှစ်ဦးတောင် သေဆုံးသွားခဲ့လေပြီ။

ချန်ဖုန်း၏ ပုံရိပ်က နယ်စပ်တွင် မြင့်မားသော တံတိုင်းကြီးတစ်ခုကို တည်ဆောက်ထားသကဲ့သို့ ဖြစ်နေပေ၏။

လူတစ်ယောက်က ဂိတ်ပေါက်ကို ကာကွယ်ထားနိုင်တယ်။

ဘယ်သူမှ ဖြတ်သွားလို့ မရဘူး။

အခြားသူများလည်း ဤသည်ကို မြင်သောအခါ အလွန်အမင်း ထိတ်လန့်သွားကြသည်။

အားလုံးက ပြာယာခတ်လျက် နောက်ဆုတ်သွားကြတော့၏။

ထိုအချိန်၌ ချန်ဖုန်း၏ အကြည့်က မလှမ်းမကမ်းတွင် ရှန်ကွမ်ယွဲ့နှင့် တိုက်ခိုက်နေသော ဧကရာဇ်အဆင့် ကျွမ်းကျင်သူဆီသို့ ရုတ်တရက် ရောက်ရှိသွားလေသည်။

ချန်ဖုန်း ကြည့်လိုက်သည်နှင် တစ်ပြိုင်နက်

ထိုဧကရာဇ်အဆင့် ကျွမ်းကျင်သူမှာ ထိတ်လန့်သွားပြီး သူ့နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်လာခဲ့၏။ ထိုသို့ သူအာရုံလွှင့်သွားပြီး ခနလေး သတိမထားမိလိုက်မှာပင်…

ရှန်ကွမ်ယွဲ့က သူ၏ လက်မောင်းတစ်ဖက်ကို ဖြတ်တောက်လိုက်လေသည်။

သို့သော်လည်း သူကပြန်လည်

မတိုက်ခိုက်ရဲသေးပဲ သွားကို တင်းတင်းကြိတ်ကာ ရူးသွပ်စွာ နောက်ဆုတ်သွားတော့၏။

အဇူရာနန်းတော်သခင် ရောက်လာပြီ…

တစ်ဖက်လူက ဒဏ်ရာရထားတာ မဟုတ်ဘူး။

အဇူရာနန်းတော်သခင်က ဧကရာဇ်နှစ်ပါးကို အငိုက်ဖမ်း တိုက်ခိုက်ခြင်းဖြင့် သတ်ဖြတ်ခဲ့သည် မှန်သော်လည်း အငိုက်ဖမ်း တိုက်ခိုက်ခြင်းမှာလည်း စွမ်းအား၏ ပြယုဂ်တစ်ခုသာ ဖြစ်ပေသည်။

စွမ်းအား မလုံလောက်ဘူးဆိုရင်

အငိုက်ဖမ်း တိုက်ခိုက်ရင်တောင် ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်ဖို့ မလုံလောက်ဘူး။

All Chapters