အခန်း ၃၀၇
Vol. 31 Ch. 307
အခန်း (၃၀၇) ဓားတစ်လက်ရဲ့ အေးစက်တဲ့အလင်းရောင်
"ချန်ဖုန်း..."
ရှန်ကွမ်ယွဲ့၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ တစ်ဖက်လူက ယခုလို ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူမ တကယ်ကို မထင်မှတ်ထားခဲ့ချေ။ သူမသည် တိုက်ပွဲအပေါ် အလွန်အမင်း အာရုံစိုက်နေခဲ့သဖြင့် ချန်ဖုန်းက ဟိုလိုဂရမ် ရုပ်လုံးကြွ ပုံရိပ်ကို အစစ်အမှန်ဖြင့် အစားထိုးလိုက်သည်ကိုပင် သတိမပြုမိခဲ့ချေ။
ချန်ဖုန်းက အလျင်အမြန်ပင် သူမအနား ရောက်လာ၏။ ရှန်ကွမ်ယွဲ့ အထိအခိုက်မရှိသည်ကို မြင်လိုက်ရချိန်တွင် သူ သက်ပြင်းတစ်ချက် ချလိုက်သည်။
သူမ၏ ပြိုင်ဘက်မှာ ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီး အလွန် အားကောင်းကြောင်းနှင့် သာမန် ဧကရာဇ်အဆင့် ကျွမ်းကျင်သူများက သူမကို လုံးဝ မထိခိုက်နိုင်ကြောင်း သူ သိထားသော်လည်း ချန်ဖုန်းကတော့ စိုးရိမ်နေဆဲပင်။ ဘာပဲဖြစ်ဖြစ် ရှန်ကွမ်ယွဲ့က သူ၏မိန်းမ ဖြစ်နေသည် မဟုတ်လော။
"နန်းတော်သခင်ချန်... ကျေးဇူးပြုပြီး သူ့ကို ကယ်ပါဦး..."
ရှောင်ချူနန်သည် ရွှမ်ယွီကို ပွေ့ချီကာ ပြောလိုက်ပြီး အလျင်အမြန် ပြေးလာခဲ့သည်။
ယခင်က ဝမ်ဖူစားသောက်ဆိုင်တွင် သူသည် ရှန်ကွမ်ယွဲ့အား လိုက်နိုင်ရန်အတွက် ချန်ဖုန်းနှင့် ယှဉ်ပြိုင်လိုခဲ့သော်လည်း အဆုံးတွင် ချန်ဖုန်း၏ ကန်ထုတ်ခြင်းကိုသာ ခံခဲ့ရပေသည်။ သူက အဇူရာနန်းတော်သခင်နှင့် အလွန် ရင်းနှီးကျွမ်းဝင်ကြောင်းကိုလည်း ပြောဆိုခဲ့သေး၏။
ယယခု ချန်ဖုန်းကို ပြန်တွေ့ချိန်တွင် ရှောင်ချူနန်မှာ အနေရခက်သွားခဲ့သည်။ ဒါပေမဲ့ အခုချိန်မှာ အဲဒါတွေကို ဂရုစိုက်နေလို့ မရတော့ချေ။ သူမကို ကယ်တင်ရမည်သာ ဖြစ်သည်။
ရွှမ်ယွီ ပြင်းထန်စွာ ဒဏ်ရာရထားသည်ကို မြင်သောအခါ ချန်ဖုန်း၏ မျက်ခုံးများ ပြင်းထန်စွာ တွန့်ချိုးသွားခဲ့၏။ ဒဏ်ရာတွေက အရမ်း ပြင်းထန်လွန်းတယ်။
သူက ငွေအပ်များကို အလျင်အမြန် ထုတ်ယူလိုက်ပြီး ရှောင်ချူနန်အား ရွှမ်ယွီကို မြေပြင်ပေါ်သို့ ချထားခိုင်းလိုက်သည်။ ထို့နောက် ချန်ဖုန်း၏ လက်ချောင်းများက လျင်မြန်စွာ လှုပ်ရှားသွား၏။ ယင်ယန် အပ်ကိုးချောင်းသည် ပန်းများကြားတွင် ပျံသန်းနေသော လိပ်ပြာများအလား ရွှမ်ယွီ၏ သွေးကြောစုံမှတ်များကို လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်သွားလေသည်။
ယင်ယန် အပ်ကိုးချောင်း ၊ အပ်တစ်ချောင်း၊ နည်းစနစ် ကိုးမျိုး။ ယင်းက အသက်ရှည်စေရန်နှင့် အသက်ကယ်တင်ရန်အတွက် အလွန်ကောင်းမွန်သော အာနိသင် ရှိပေသည်။ ငါးမိနစ်ပင် မကြာလိုက်ချေ။ ရွှမ်ယွီ၏ အခြေအနေမှာ တည်ငြိမ်သွားခဲ့လေပြီ။
ချန်ဖုန်းက ရှောင်ချူနန်ကို ကြည့်ကာ ပြောဆိုလိုက်၏။
"သူ့အသက်ကို မင်းဆီ အပ်ထားခဲ့မယ်... သူ့ရဲ့ လုံခြုံရေးကို မင်း အာမခံနိုင်မလား..."
"ကျွန်တော် မသေသရွေ့တော့ အာမခံနိုင်ပါတယ်..."
ရှောင်ချူနန်က လုံးဝ သေချာပြတ်သားစွာဖြင့် ပြောဆိုလိုက်သည်။
"ကောင်းပြီ..."
စကားအပိုတွေ ပြောမနေတော့ဘဲ ချန်ဖုန်းသည် ရှေ့ရှိ စစ်မြေပြင်ဆီသို့ တစ်လှမ်းချင်းစီ လျှောက်သွားရင်း ပြောလိုက်၏။
"ယွဲ့လေး... ရန်သူတွေကို ကိုယ် သတ်မယ်... မင်းက ကျန်တဲ့ဟာတွေကို ရှင်းလိုက်..." ဟုပြောပြီးနောက်…
ချန်ဖုန်း၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်သည်။ နောက်အခိုက်အတန့်တွင် သူက ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ နှစ်ဦး၏ ဘေးတွင် ချက်ချင်း ပေါ်လာပြီး သူ၏ ဓားကြီးက အောက်သို့ ကျဆင်းသွားတော့၏။
“ရွှစ်…”
မည်သည့် အဟန့်အတားမှ မရှိခဲ့ချေ။ လက်ရှိ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူများသည် ချန်ဖုန်း၏ တိုက်ခိုက်မှု တစ်ကွက်တည်းကိုပင် သေချာပေါက် အသက်ရှင်လျက် လွတ်မြောက်နိုင်မည် မဟုတ်ချေ။ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ
ပေါက်ကွဲထွက်သွားတော့၏။
ချန်ဖုန်း၏ လက်ရှိပုံစံမှာ…
နတ်ဘုရားနဲ့တွေ့ရင် နတ်ဘုရားကို သတ်မယ်။ မိစ္ဆာနဲ့တွေ့ရင် မိစ္ဆာကို သတ်မယ်။ သူ၏ အငွေ့အသက်များကလည်း ဆက်လက် မြင့်တက်နေခဲ့သည်။
ထိုအချိန်တွင်…
“ရွှီးးး…ဝုန်းး”
ဒုံးပျံတစ်စင်း ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ချန်ဖုန်း၏ ရင်ဘတ်ဆီသို့ တည့်မတ်စွာ ဝင်ရောက်လာလေ၏။ မီးတောက်များကလည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံတော့မတတ် နီးကပ်လာသည်။
"ချန်ဖုန်း..."
ရှန်ကွမ်ယွဲ့၏ နှလုံးသား တစ်ချက်ခုန်သွားခဲ့၏။ ဒုံးပျံကို ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးက ပစ်လွှတ်လိုက်ခြင်းဖြစ်ပြီး အချိန်ကိုက်မှုက ပြီးပြည့်စုံလွန်းလှသည်။ ရှောင်တိမ်းရန် အချိန်မရှိတော့ချေ။
ရှန်ကွမ်ယွဲ့က ရုတ်တရက် ရှေ့သို့ တစ်လှမ်း တိုးလာခဲ့သည်။ သူမ၏ အလွိုင်းတိုက်ခိုက်ရေးဝတ်စုံမှာ အလွန် ခိုင်ခံ့လှပေသည်။ မည်သို့ပင်ဆိုစေ ယင်းမှာ အမှောင်သတ္တုဖြင့် ဖန်တီးထားသော အဆင့်မြင့် နည်းပညာထုတ်ကုန်တစ်ခု ဖြစ်လေ၏။ ဤဒုံးပျံကို လမ်းလွှဲပစ်ရန်မှာ ပြဿနာ မရှိချေ။
"သူရဲကောင်း ဝင်မလုပ်စမ်းပါနဲ့... ဖယ်နေလိုက်..."
ချန်ဖုန်းက သူမကို သူ၏အနောက်သို့ ဆွဲယူလိုက်ပြီး သူ၏ ဓားကြီးကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့် အပူချိန်က ဓားကို အဆက်မပြတ် ဖိသိပ်ထားပြီး ချန်ဖုန်းက ရုတ်တရက် ဟိန်းဟောက်လိုက်၏။ ၎င်းက ဒုံးပျံ၏ လမ်းကြောင်းကို အမှန်တကယ်ပင် ပြောင်းလဲသွားစေခဲ့သည်။
ထို့နောက် နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့၏။ ဒုံးပျံသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ရန်သူနိုင်ငံ နိုင်ငံဆယ်ခု မဟာမိတ်တပ်၏ တိုက်လေယာဉ်တစ်စင်းကို ဖျက်ဆီးပစ်လိုက်လေကာ မီးရောင်များက ကောင်းကင်ယံကို လင်းထိန်သွားစေတော့၏။
ချန်ဖုန်းက သူ၏လက်ကို ခါယမ်းလိုက်သည်။ ပူပြင်းလှသော အပူချိန်ကြောင့် ဓားမှာ အလွန်ပူလောင်နေပြီး သူ၏ လက်ဝါးများမှာလည်း နီရဲနေခဲ့ပေ၏။
မည်သူမျှ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် ချန်ဖုန်းက ရှေ့သို့ နောက်တစ်ကြိမ် ပြေးဝင်သွားပြီး ကြုံးဝါးလိုက်သည်။
"ဒီနေ့ ငါတို့ ဟွာရှနိုင်ငံအတွက် သေသည်အထိ တိုက်ပွဲဝင်မယ်... ရန်သူတွေကို သတ်ဖို့ ငါ့နောက်လိုက်ခဲ့ကြ..."
“သတ်… သတ်… သတ်…”
ချန်ဖုန်းက ရန်သူများကို ဓားတစ်ချက်တည်းဖြင့် တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်နေသည်ကို ကြည့်ရင်း လူတိုင်း၏ ရင်ထဲတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်သွားခဲ့လေ၏။
အဇူရာနန်းတော်မှ အဖွဲ့ဝင်များနှင့် စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များ အားလုံးသည် သူ၏ ဩဇာကြီးမားသော ဟန်ပန်ကြောင့် လွှမ်းမိုးခံလိုက်ရပေသည်။
လူတိုင်း၏ တိုက်ခိုက်လိုစိတ်များ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာခဲ့ပြန်၏။ ၎င်းတို့က ရန်သူများကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ကြလေသည်။ အချို့လူများဆိုလျှင် ၎င်းတို့ သေဆုံးသွားရမည်ဆိုလျှင်ပင် ရန်သူတစ်ဦးကို အတူတကွ ခေါ်သွားမည်ဟူသော ဆုံးဖြတ်ချက်ဖြင့် ကိုယ်ပိုင်အသက်ကိုပင် စတေး၍ တိုက်ပွဲဝင်နေကြပေ၏။
ဟွာရှနိုင်ငံမှာ အစကတည်းက အရေအတွက်ပိုင်းဆိုင်ရာ အသာစီးရမှု မရှိခဲ့ချေ။
တစ်ဖက်တွင် ချန်ဖုန်းက နိုင်ငံဆယ်ခု မဟာမိတ်တပ်မှ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ကတည်းက ရန်သူနိုင်ငံ၏ စိတ်ဓာတ်များ သိသိသာသာ ကျဆင်းသွားခဲ့ပေသည်။
စစ်ဘက်ဆိုင်ရာဌာနသည် အမှန်တကယ်ပင် အခြေအနေကို ပြောင်းလဲနိုင်မည့် အရိပ်အယောင်များ ပြသနေခဲ့လေပြီ။
"ဆုတ်ခွာကြ..."
ဆာကူရာနိုင်ငံမှ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။
ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ဆယ်ဦးထဲမှ နှစ်ဦးမှာ ယခုအခါ သေဆုံးသွားခဲ့ပြီဖြစ်ပြီး အခြားတစ်ဦးမှာလည်း လက်မောင်းတစ်ဖက် ပြတ်တောက်သွားခဲ့လေပြီ။ သူတို့ဆီမှာ ဧကရာဇ်အဆင့် တိုက်ခိုက်ရေးသမား ရှစ်ယောက်ပဲ ကျန်တော့တယ်လေ။
ပုံမှန်အခြေအနေများအောက်တွင်ဆိုလျှင် အဇူရာနန်းတော်သခင်ကို ဝိုင်းရံသတ်ဖြတ်ရန် ဖြစ်နိုင်ပေသည်။
သို့သော် အဓိကအချက်က ဤဧကရာဇ်အဆင့် ကျွမ်းကျင်သူ ရှစ်ဦးသည် မတူညီသော နိုင်ငံများမှ လာရောက်ကြခြင်းဖြစ်ရာ ၎င်းတို့၏ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုမှာ ပြီးပြည့်စုံမှု မရှိခဲ့ချေ။ ပြီးတော့ တကယ်လို့ သူတို့ အန္တရာယ်နဲ့ ကြုံတွေ့ရမယ်ဆိုရင် သူတို့က ချက်ချင်း ထွက်ပြေးဖို့ အလားအလာ အများဆုံးပဲ။
အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုက အားနည်းနေတယ်။
အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုက ဆိုးရွားလွန်းတယ်။
ယုံကြည်မှုတွေ လိုအပ်နေတယ်။
ဤအခြေအနေမျိုးအောက်တွင် အဇူရာနန်းတော်သခင်ကို သတ်ဖြတ်ရန် ကြိုးစားခြင်းက အထူးသဖြင့် ချန်ဖုန်းတို့ဘက်တွင် ကျွမ်းကျင်သော စစ်သည်အများအပြား ရှိနေသေးသဖြင့် သေချာပေါက် ပြဿနာရှာနေခြင်းသာ ဖြစ်ပေလိမ့်မည်။
ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ရှစ်ဦးစလုံး နောက်ဆုတ်သွားကြတော့၏။
မဟာလင်းယုန်နိုင်ငံ ဌာနချုပ် စစ်အခြေစိုက်စခန်း၏ အစည်းအဝေးခန်းမအတွင်း၌။
တပ်မှူး ဟာလေသည် တိုက်ပွဲ မျက်နှာပြင်ကို ကြည့်နေခဲ့သည်။ ထို့နောက် သူသည် ဒေါသတကြီးဖြင့် အစည်းအဝေးခန်းမ၏ စကျင်ကျောက် စားပွဲခုံကို လက်သီးတစ်ချက်တည်းဖြင့် အပိုင်းပိုင်းအစစ ကြေမွသွားအောင် ထိုးချလိုက်လေ၏။
"မိုက်မဲလိုက်တာ... ငါတို့က အခု ဘယ်လိုလုပ် နောက်ဆုတ်လို့ ရမှာလဲ... အခု နောက်ဆုတ်လိုက်တာက ဟွာရှနိုင်ငံ စစ်ဘက်ဆိုင်ရာဌာနရဲ့ တိုက်ခိုက်လိုစိတ်ကို ပိုမို အားကောင်းလာစေရုံပဲ ရှိမှာပေါ့..."
ဒါက သူတို့ကို အခွင့်အရေး ပေးလိုက်သလို ဖြစ်မနေဘူးလား…”
"တပ်မှူး ဟာလေ... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဦး..."
ဆီရိုနိုင်ငံ၏ တပ်မှူးက မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်သည်။
"ဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေကို မွေးထုတ်ဖို့ဆိုတာ မလွယ်ကူပါဘူး... သူတို့က သူတို့ရဲ့ ကိုယ်ပိုင်အင်အားကို ထိန်းသိမ်းထားဖို့ ကြိုးစားနေကြတာပါ..."
“အောင်ပွဲရဖို့ အာမခံချက်မရှိဘူးဆိုတာ သိသိရက်နဲ့ ဘာလို့ အသေအလဲ တိုက်ပွဲဝင်နေရမှာလဲ ဟွာရှနိုင်ငံမှာ စကားပုံတစ်ခု ရှိတယ် မဟုတ်လား… ပထမတစ်ကြိမ်မှာ အားကုန်ထုတ်ရမယ် ဒုတိယတစ်ကြိမ်မှာ အရှိန်လျော့သွားမယ် တတိယတစ်ကြိမ်မှာတော့ လုံးဝ ကုန်ဆုံးသွားလိမ့်မယ်တဲ့… အခု ငါတို့ နောက်ဆုတ်လိုက်တာက သူတို့ရဲ့ စိတ်ဓာတ်တွေကို ကျဆင်းသွားစေဖို့ပဲ…”
ဤစကားများကို ကြားချိန်တွင် တပ်မှူး ဟာလေ၏ မျက်နှာအမူအရာ အနည်းငယ် ကောင်းမွန်လာခဲ့ပြီး မျက်နှာပြင်ပေါ်ရှိ ချန်ဖုန်း၏ ပုံရိပ်ကို အသေအချာ စူးစိုက်ကြည့်နေခဲ့ပေ၏။ သူ တကယ်ကို မထင်မှတ်ထားခဲ့ချေ။
ဤအဇူရာနန်းတော်သခင်က သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဧကရာဇ်အဆင့် အားကောင်းသော ပုဂ္ဂိုလ်နှစ်ဦးကို အမှန်တကယ်ပင် သတ်ဖြတ်လိုက်သည်တဲ့လား။
တပ်မှူး ဟာလေ က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ အေးစက်သော မျက်နှာအမူအရာဖြင့် သူက ပြောဆိုလိုက်သည်။
"ဟွာရှနိုင်ငံဘက်က စစ်သေနာပတိမှာ ဧကရာဇ်အဆင့် တိုက်ခိုက်ရေးစွမ်းအား ရှိနေတယ်... ပြီးတော့ တခြားသူတွေကလည်း ဧကရာဇ်အဆင့်တွေကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ကြတယ်..."
"လူကြီးမင်းတို့... တစ်နိုင်ငံကို ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နောက်ထပ် တစ်ယောက်စီ ရွေးချယ်ကြရအောင်..."
"ဒါ့အပြင် မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ဖိတ်ခေါ်ဖို့ တစ်ယောက်ယောက်ကို ငါ တောင်းဆိုထားပြီးပြီ..."
"ဒီတစ်ကြိမ်တော့...ဟွာရှနိုင်ငံ စစ်ဘက်ဆိုင်ရာဌာနကို ငါတို့ မဖျက်ဆီးနိုင်ဘူးဆိုရင်တောင် အဇူရာနန်းတော်သခင်ကိုတော့ သေချာပေါက် ဖျက်ဆီးပစ်ရမယ်..."
"ငါ သဘောတူတယ်... ဆီရိုနိုင်ငံက နောက်ထပ် ဧကရာဇ်တစ်ပါး ထွက်ပေါ်လာလိမ့်မယ်..."
"သဘောတူတယ်..."
"ငါ ထောက်ခံတယ်..."
နိုင်ငံဆယ်ခု မဟာမိတ်တပ်သည် ဤတစ်ကြိမ်တွင် တကယ်ကို အစွမ်းကုန် ကြိုးပမ်းနေခဲ့လေပြီ။ ပုံမှန်အားဖြင့် စစ်မြေပြင်တွင် ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူများပင် ရှားပါးလှသော်လည်း ယခုအခါ ပင်မနတ်ဘုရားများ နေရာအနှံ့ ရှိနေပြီး ကောင်းကင်မဘုရင်များမှာလည်း ပေါများလွန်းလှပေသည်။
ဧကရာဇ်အဆင့် လူတွေအများကြီးတောင် ရောက်လာခဲ့ကြတာပဲ။
ယခုအခါ မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေကိုတောင် စေလွှတ်ရတော့မှာတဲ့လား။
တပ်မှူး ဟာလေက ထပ်မံပြောဆိုလိုက်၏။
"တပ်တွေ ဆယ်မိုင် နောက်ဆုတ်ပြီး ဆယ်မိုင်အကွာမှာ တပ်စခန်းချဖို့ အမိန့်ပေးလိုက်..."
"ဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေနဲ့ မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေ ရောက်လာတာနဲ့ တစ်ပြိုင်နက်... ငါတို့ ဒုတိယမြောက် တိုက်ခိုက်မှုကို စတင်မယ်..."
အမိန့် ထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက် စစ်မြေပြင်တွင်။
နိုင်ငံဆယ်ခု မဟာမိတ်တပ်သည် တိုက်ခိုက်ရင်း နောက်ဆုတ်သွားကြလေ၏။
ကျန်ရှိနေသော ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ရှစ်ဦးသည် ချန်ဖုန်းကို ထိပ်တိုက် ရင်ဆိုင်ခြင်း လုံးဝမရှိဘဲ ရူးသွပ်စွာ နောက်ဆုတ်သွားကြတော့သည်။ ၎င်းတို့က ကြောက်ရွံ့နေခြင်း မဟုတ်ချေ။ ၎င်းတို့ ယုံကြည်မှုမရှိသော တိုက်ပွဲများကို မတိုက်ခိုက်လို၍ မဟုတ်ပေ။ ဧကရာဇ်အဆင့်သို့ ရောက်ရှိရန်မှာ မည်သူ့အတွက်မျှ မလွယ်ကူလှချေ။
မည်သူကမျှ မသေချင်ကြပေ။
ချန်ဖုန်းက ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ပြီးနောက် သူ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားခဲ့၏။
"နောက်ဆုတ်သွားကြတာလား..."
"သွားကြစို့... အရင်ဆုံး ဒဏ်ရာရတဲ့သူတွေကို စာရင်းပြုစုလိုက်... သူတို့က ဒုတိယမြောက် တိုက်ခိုက်မှု ထပ်လုပ်လာလိမ့်မယ်..."
ရှန်ကွမ်ယွဲ့သည် စစ်မြေပြင်ရှိ အခြေအနေကို အပြည့်အဝ နားလည်သဘောပေါက်ထားလေ၏။
သူမ ပြောနိုင်ပေသည်။ ဒုတိယမြောက် တိုက်ခိုက်မှုက ပထမအကြိမ်ထက် ပိုမို ပြင်းထန်လာဖွယ် ရှိပေ၏။
ယခုက အကဲစမ်းတာ သက်သက်ပင်။