← Chapters

အခန်း ၃၈၁

Vol. 35 Ch. 381

အခန်း ၃၈၁

Vol. 35 Ch. 381

အပိုင်း(၄၈၁)

သူတို့သည် ဆေရှန် တိုင်းပြည် မှ ကျင့်ကြံသူ အနည်းငယ်နှင့် ဆုံတွေ့ခဲ့ကြသည်။ ထိုသူများက သူတို့ မြင်တွေ့ခဲ့ရသည်များကို သတင်းပို့ရန် နောက်သို့ ပြန်ပျံသန်းသွားကြ၏။

၎င်းကို မျှော်လင့်ထားပြီး ဖြစ်သည်။ အာကူရာ မိသားစု ၏ ရဲတိုက်နှင့် ပိုမို နီးကပ်လာသည်နှင့်အမျှ ထိုသူများ၏ စိတ်ဝိညာဉ် များ ဆန့်ကျင်ဘက်သို့ ဆုတ်ခွာသွားသည်ကို လင်းတုန်း အာရုံခံမိသောကြောင့် ပို၍ အားတက်သွားသည်။ ဆေရှန် တိုင်းပြည် ၏ အင်အားစု အများစုမှာ တောင်ကြား ၏ ဗဟိုချက်တွင် စုစည်းနေသည်ဟု သူတို့၏ သတင်းများက ညွှန်ပြနေပြီး ၎င်းကို အတည်ပြုနိုင်ခဲ့သဖြင့် ဝမ်းသာစရာပင် ဖြစ်၏။

အကယ်၍ အရာအားလုံးက အစီအစဉ်အတိုင်း ဖြစ်သွားပြီး အာကူရာ ဘဏ္ဍာတိုက်ထဲမှ မဟူရာ မီးတောက် အင်ပါယာ တစ်ခုလုံးကို ထောက်ပံ့ပေးနိုင်လောက်အောင် လုံလောက်သော သဘာဝ ရတနာ များ အပြည့်အမောက်ဖြင့် ပြန်လည် ထွက်ပေါ်လာလျှင်ပင် ယီရင် အတွက်တော့ လုံလောက်ချင်မှ လုံလောက်မည် ဖြစ်၏။

မာစီ၏ လက်ဟန်ခြေဟန် အမူအရာများကြောင့် သင်္ဘောက စတင် အရှိန်လျော့သွားသည်။ အင်ပါယာ အရှင် ၏ စွမ်းအားများ ဆုတ်ခွာသွားသည်နှင့်အမျှ ဦးပိုင်းက တဖြည်းဖြည်း နိမ့်ကျသွားပြီး နောက်ဆုံးတွင် လင်းတုန်းက ကုန်းပတ်ကို လွှတ်နိုင်ခဲ့သည်။

သူတို့သည် အမှောင်ထု ကောင်းကင်ကြီးကို နောက်ခံထား၍ တောင်တစ်တောင်ကဲ့သို့ သူတို့အပေါ်တွင် မိုးမောက်နေသည့် အာကူရာ မိသားစု ၏ ခံတပ်ကြီး၏ အောက်ခြေတွင် ရောက်နေကြပြီ ဖြစ်သည်။ ၎င်း၏ အရိပ်က သူတို့ကို ဖုံးလွှမ်းထားပြီး ခရမ်းရောင်နှင့် လိမ္မော်ရောင် မီးရောင်များက အလွှာတစ်ခုစီတွင် ထူးဆန်းသော ပုံရိပ်ယောင်များကို ဖြစ်ပေါ်စေ၏။

အောက်ဆုံးအလွှာတွင် အစီအရင် ရေးဆွဲထားသော ကျောက်နံရံ တစ်ခုက မြေပြင်မှ ပေတစ်ရာခန့် မြင့်တက်နေသည်။ ထိုနံရံ၏ အောက်ခြေတွင် ကြယ်စုတန်းများ ထွင်းထုထားသော ကြီးမားသည့် တံခါးကြီး တစ်ခု ရှိနေ၏။

သင်္ဘောက တံခါးကြီး၏ အရှေ့တွင် ရပ်နားလိုက်ပြီး အစိမ်းရောင် တိမ်တိုက်က မြက်ခင်းပြင်ပေါ်တွင် ညင်သာစွာ ဆင်းသက်လိုက်သည်။

"မင်းတို့ အားလုံးရဲ့ တာဝန်တွေကို မင်းတို့ သိကြတယ်..."

အင်ပါယာ အရှင် က ကြေညာလိုက်၏။

"အဆင့်နိမ့် အရှင်သခင် ပထမအဖွဲ့က အာကူရာ မာစီ ကို တံခါးပေါက်ဆီ စောင့်ရှောက်ပြီး လိုက်ပို့... အစစ်အမှန် ရွှေအဆင့် ပထမအဖွဲ့က သူတို့နဲ့အတူ သွား... အစစ်အမှန် ရွှေအဆင့် ဒုတိယအဖွဲ့က တောအုပ်ထဲကို ဖြန့်ထွက်... အဆင့်နိမ့် အရှင်သခင် ဒုတိယအဖွဲ့က..."

သူက အမိန့်များကို ဆက်ပေးနေသော်လည်း လင်းတုန်းနှင့် ယီရင်တို့က ပထမအဖွဲ့တွင် ပါဝင်နေ၏။ သူတို့က မာစီ ဆီသို့ လျှောက်သွားကြပြီး အီသန် ၊ နာရူဆေယာ နှင့် ငွေရောင် ဆံပင်ရှိသော ကိုတိုင် အဆင့်နိမ့် အရှင်သခင်မ တို့နှင့် ပူးပေါင်းလိုက်ကြသည်။ သူမက လင်းတုန်းနှင့် ယီရင် တို့ ပူးပေါင်းလာသည်ကို တစ်ချက် ကြည့်လိုက်သော်လည်း သူမ၏ အာရုံကို မာစီ အပေါ်တွင်သာ အများစု ထားရှိထား၏။

"ချောမွေ့တဲ့ ခရီးစဉ်ပဲ..."

အီသန်က မှတ်ချက်ချလိုက်သည်။

"ချောမွေ့တဲ့ ခရီးစဉ်လောက် ငါ့ကို စိတ်ပူစေတာ ဘာမှ မရှိဘူး... မင်းရဲ့ သင်္ဘောက မပျက်ကျဘူး ဆိုရင် ဒါက တကယ့် ခရီးစဉ်လို့ ခေါ်နိုင်ပါ့မလား..."

သူ၏ ခေါင်းက ဘေးဘက်သို့ ရုတ်တရက် လှည့်သွား၏။ သူ၏ မျက်လုံးများက ရုတ်တရက် အလေးအနက် ဖြစ်သွား၏။ နာရူဆေယာက တစ်ခဏအကြာတွင် သူမ၏ သက်တံရောင် တောက်ပနေသော ဓားကို ဆွဲထုတ်လိုက်သည်။

"တိုက်ပွဲအတွက် အသင့်ပြင်..."

သူမက အော်လိုက်၏။ သူမ၏ အသံက မြှင့်တင်ထားသော စွမ်းအားများဖြင့် ဟိန်းထွက်သွား၏။

ထို့နောက် လင်းတုန်းသည် သူတို့ကို ဝန်းရံနေသော စွမ်းအားများကို ခံစားလိုက်ရသည်။ မြေအောက်တွင် စီးဆင်းနေသော အစီအရင် တစ်ခုက အသက်ဝင်လာခြင်း ဖြစ်၏။

မြေပြင်မှ မြူခိုးများကဲ့သို့ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ နယ်နိမိတ် အကာအကွယ် တစ်ခုပင်။

ညဘီး နယ်မြေ အဝင် တံခါးပေါက်ကို ဝန်းရံထားသော နံရံနှင့် ခြားနားစွာပင် ဤတစ်ခုမှာ တောင့်တင်းသော စွမ်းအား မျက်နှာပြင် တစ်ခု မဟုတ်ပေ။ ၎င်းက လေထုကို ထူးဆန်းသော အိပ်မက် အော်ရာ များဖြင့် ပြည့်နှက်သွားစေ၏။ သူ၏ တွေးတောမှုများက ထူပိန်းကာ နှေးကွေးလာပြီး ညဘီး တောင်ကြား ၏ အမှောင်ထုကြောင့် ကန့်သတ်ခံထားရပြီးဖြစ်သော သူ၏ အာရုံခံနိုင်စွမ်းများက ထုံထိုင်းကာ လေးကန်သွားသည်။

"ရွံစရာကြီး..."

ဒရော့စ် က ပြောလိုက်၏။

"ဒါကြီးက ဘာကြီးလဲ... ငါ သဘောမကျဘူး..."

လင်းတုန်း၏ စိတ်ဝိညာဉ် ထဲတွင် ခရမ်းရောင် အလင်းတန်း တစ်ခု တောက်ပလာသည်။ ရုတ်တရက် သူ၏ တွေးတောမှုများအပေါ် ကျရောက်နေသော ဝန်ထုပ်ဝန်ပိုးများ အားလုံး လွတ်ကျသွား၏။ အဖြူရောင် မြူခိုးများ ပုံစံဖြင့် ပတ်လည်တွင် လွင့်မျောနေသော အုပ်ချုပ်သူ နည်းစနစ် ကို သူ မြင်တွေ့နိုင်သေးသော်လည်း ၎င်းတို့မှာ သူ့အပေါ်သို့ သက်ရောက်မှု မရှိတော့ပေ။

"မင်းကို အလျင်စလို မဖြစ်စေချင်ပေမဲ့ ငါ့မှာ မာဒြာ အကန့်အသတ် ရှိတယ်... ဒါက ငါ့ကို ပိုပြီး သန်မာအောင် လုပ်ပေးဖို့ နောက်ထပ် အကြောင်းပြချက်ကောင်း တစ်ခု မဟုတ်ဘူးလား... မှတ်ထားလိုက်ဦး..."

'မင်း ငါ့ကို ကယ်လိုက်တာပဲ...'

လင်းတုန်းက တွေးလိုက်ပြီး စိတ်ဝိညာဉ်ထံသို့ ကျေးဇူးတင်လိုက်သည်။ ကုန်းပတ်ပေါ်တွင် ယိမ်းယိုင်နေသော ယီရင် ကို သူက ဆွဲယူလိုက်သည်။ သူမ၏ မျက်လုံးများက သူ့အပေါ် အာရုံစိုက်နိုင်ရန် အချိန်အတော်ကြာ ယူလိုက်ရ၏။

နယ်နိမိတ် အကာအကွယ်၏ သက်ရောက်မှုအောက်တွင် ရှိနေစဉ် စကားပြောဆိုရန် ကြိုးစားခြင်းက အချည်းနှီး ဖြစ်မည် ဖြစ်၍ သူမကို မာစီ ဆီသို့ သူ ဆွဲခေါ်သွားလိုက်သည်။ မာစီ က သူမ၏ မာဒြာ ကြိုးများဖြင့် ကုန်းပတ်နှင့် ချည်နှောင်ထားဆဲ ဖြစ်ပြီး မျက်နှာတွင် အသက်မဲ့သော အပြုံးတစ်ခုဖြင့် ကောင်းကင်ကို စိုက်ကြည့်နေ၏။

သူမထံသို့ လက်လှမ်းမည့်အစား သူမ၏ ဘေးရှိ အဆင့်နိမ့် အရှင်သခင် ဆီသို့ သူ လက်လှမ်းလိုက်သည်။ အီသန် ဆီသို့ ဖြစ်၏။

အီသန်၏ မာဒြာ များက လည်ပတ်နေပြီ ဖြစ်ပြီး သူ၏ မျက်လုံးများ မှိတ်ထားသော်လည်း နှေးကွေးစွာ လှုပ်ရှားနေ၏။ လင်းတုန်းက သူ၏ ဝိညာဉ်အကြွင်းအကျန် လက်မောင်းဖြင့် အီသန် ကို လှုပ်ရမ်းလိုက်သော်လည်း အီသန် က ပြန်လည် တုံ့ပြန်ခြင်း မရှိပေ။

လင်းတုန်းက သူ့ကို စွန့်ပစ်ရန် ပြင်လိုက်စဉ် သန့်စင်သော မာဒြာ လှိုင်းတစ်ခုက အဆင့်နိမ့် အရှင်သခင် ကို ဖြတ်သန်းသွား၏။ သူက မျက်လုံးများ ပွင့်လာပြီး သူက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ကာ လင်းတုန်းကို အထက်အောက် ကြည့်လိုက်သည်။

"ကိုယ်ပိုင် အသိဉာဏ် စိတ်ဝိညာဉ် တစ်ခု ရှိနေခြင်းရဲ့ နောက်ထပ် အားသာချက် တစ်ခုပဲ..."

အီသန် က သူ၏ အပြင်ဝတ်ရုံကို သပ်ရပ်အောင် လုပ်ရင်း ပြောလိုက်၏။

"မင်းကို ငါ အားကျတယ်... ငါ ဒါကို တစ်သက်လုံး ထိန်းမထားနိုင်ဘူး... ပြီးတော့ ငါ့ရဲ့ မာဒြာ ကုန်သွားရင် မင်းတို့လိုပဲ ငါလည်း အကာအကွယ်မဲ့ ဖြစ်သွားမှာပဲ..."

သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"အပြာလေး ရော ဘယ်မှာလဲ..."

"ကျွန်တော့် ဟင်းလင်းပြင် သော့ ထဲမှာ..."

လင်းတုန်းက ပြန်ဖြေလိုက်၏။ အီသန် ၏ ရည်ရွယ်ချက်ကို သူ ချက်ချင်း နားလည်သွား၏။ သူတို့ နှစ်ဦးစလုံးက အင်ပါယာ အရှင် ဆီသို့ တပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။

အီသန် ၏ အသံက တိုးညှင်းနေပြီး သူ၏ စွမ်းအားများကို ပိုမို နက်ရှိုင်းစွာ ဆွဲယူလိုက်သဖြင့် သူ၏ စိတ်ဝိညာဉ် က ပိုမို မြန်ဆန်စွာ လည်ပတ်လာ၏။

"မြန်မြန်... သူတို့ ရောက်နေကြပြီ..."

အဖြူရောင် အလင်းတန်း၏ နက်ရှိုင်းသော နေရာများမှ အရိပ်များက တောအုပ်ထဲမှ ထွက်ပေါ်ကာ ချဉ်းကပ်လာကြသည်။

အဆင့်နိမ့် အရှင်သခင် များပင်...

ဆယ်ယောက်အရောက်တွင် လင်းတုန်းက ရေတွက်ခြင်းကို ရပ်လိုက်၏။ သူ အားလုံးကို အာရုံမခံနိုင်သလို သူတို့ ပတ်လည်ရှိ သစ်ပင်များထဲတွင်လည်း နောက်ထပ် ရှိနေသေးသည်။

သူက သူ၏ တံဆိပ်ဘေးတွင် ချိတ်ဆွဲထားသော သော့ကို ထိလိုက်သော်လည်း ယီရင် ၏ လက်ကိုတော့ လွှတ်မပေးသေးပေ။ သူမက ပတ်ဝန်းကျင်ကို လိုက်ကြည့်နေပြီး ပုံရိပ် တစ်ခုမှ နောက်တစ်ခုသို့ ရွှေ့လျားနေကာ တိုက်ပွဲအတွက် သူမ၏ စိတ်ဝိညာဉ် ကို လေးကန်စွာ ပြင်ဆင်နေ၏။

ဟင်းလင်းပြင်သော့က ပွင့်သွားပြီး ဗီရို အရွယ်အစားခန့်ရှိသော တံခါးက သူ၏ ဘေးတွင် ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ အစစ်အမှန် ရွှေအဆင့် အချို့က မျက်မှောင်ကြုတ်သွားကြပြီး သူ ဘာလုပ်လိုက်သလဲ ဆိုတာကို နားလည်နိုင်ရန် သူတို့၏ ရှုပ်ထွေးနေသော တွေးတောမှုများကို အတင်းအကျပ် အာရုံစိုက်နေကြ၏။

အပြာလေးသည် အိပ်မက် ရေတွင်း ရေများ ပါဝင်သော အိုးတစ်လုံး၏ အစွန်းတွင် လက်နှစ်ဖက်ဖြင့် မေးထောက်ကာ ထိုင်နေပြီး ဒန်းတစ်စီး၏ အစွန်းတွင် ကလေးတစ်ယောက် ခြေထောက်ကို လွှဲနေသကဲ့သို့ သူမ၏ ဂါဝန်လေးက လွင့်နေသည်။ သူ့ကို မြင်သောအခါ သူမက တက်ကြွသွားပြီး စူးရှစွာ အော်ဟစ်လိုက်ကာ သူ့ထံသို့ ပြေးလာ၏။

ထို့နောက် အဖြူရောင် အော်ရာ က သူမကို ထိတွေ့သွားရာ သူမက မူးမေ့သွားပြီး ယိမ်းယိုင်သွားကာ ကိုယ်ကို ထိန်းနိုင်ရန် အနီးအနားရှိ သေတ္တာတစ်လုံးကို မှီထားလိုက်ရသည်။

လင်းတုန်းက သူမကို သူ၏ ဝိညာဉ်အကြွင်းအကျန် လက်မောင်းဖြင့် ပွေ့ချီလိုက်ပြီး ဆာလောင်ခြင်း မာဒြာ ကို ထိန်းချုပ်ထားရန် ဂရုစိုက်လိုက်၏။

"တောင်းပန်ပါတယ်... ဒါပေမဲ့ မင်းရဲ့ အကူအညီ လိုအပ်နေလို့ပါ..."

သူက တိုးညှင်းစွာ ပြောလိုက်သည်။

"သူတို့ရဲ့ စိတ်ဝိညာဉ် တွေကို မင်း သန့်စင်ပေးနိုင်မလား..."

သူမက အိပ်မက်မက်နေသကဲ့သို့ သဘောတူကြောင်း အသံပြုလိုက်သည်အထိ အချိန်အတော်ကြာသွားသဖြင့် စိုးရိမ်စရာ ဖြစ်သွား၏။

လင်းတုန်း သူမကို ယီရင် ၏ လက်ပေါ်သို့ တွန်းတင်ပေးလိုက်သည်။ အပြာလေးက ယီရင်နှင့် ထိတွေ့ရမည်ကို ပုံမှန်လိုမျိုး တွန့်ဆုတ်နေခြင်းမျိုး မပြသဘဲ လက်ကို ဆန့်ထုတ်ကာ ယီရင် ၏ ဝိညာဉ်ထဲသို့ နက်ရှိုင်းသော အပြာရောင် စွမ်းအား မီးပွားလေး တစ်ခုကို ပို့လွှတ်လိုက်၏။

မာဒြာက အကာအကွယ် နယ်နိမိတ်ကြောင့် ရှုပ်ထွေးနေသကဲ့သို့ ပျင်းရိလေးတွဲ့စွာ စီးဆင်းသွားသော်လည်း ယီရင်၏ ကိုယ်တွင်းသို့ အကွေ့အကောက် ရှည်လျားစွာ ဝင်ရောက်သွားသည်။ အသက်ရှူ အကြိမ်အနည်းငယ် အကြာတွင် သူမ၏ မျက်လုံးများက ထက်မြက်လာပြီး သူမ၏ အသက်ရှူနှုန်းက မြန်ဆန်လာလေ၏။

"ဒါက ခေါင်းကို အရိုက်ခံလိုက်ရသလိုပဲ…”

ယီရင်က ပြောလိုက်လေသည်။

***

All Chapters