← Chapters

အခန်း ၃၈၃

Vol. 35 Ch. 383

အခန်း ၃၈၃

Vol. 35 Ch. 383

အပိုင်း(၄၈၃)

အာကူရာ မိသားစု၏ နံရံက သင်္ဘော၏ ဘေးတစ်ဖက်တစ်ချက်ကို ကာကွယ်ပေးထား၏။ ဆေရှန် အဆင့်နိမ့် အရှင်သခင် များထဲမှ မည်သူကမျှ ထိုဘက်မှ ချဉ်းကပ်လာနိုင်မည် မဟုတ်ချေ။ အစောင့်အရှောက် သော့ များ ပါလျှင်ပင် သူတို့၏ ဝိညာဉ်ရေးရာ အာရုံခံနိုင်စွမ်းများ ကန့်သတ်ခံရမည် ဖြစ်သည်။ ညဘီး တောင်ကြား က မည်သည့်အရာကိုမဆို မြင်တွေ့ရန် သို့မဟုတ် အာရုံခံရန် ပိုမို ခက်ခဲစေပြီး ဖြစ်၏။ ထိုအခြေအနေများအောက်တွင် ဖုံးကွယ်ခြင်း နည်းစနစ် ကို အသုံးပြုကာ ယီရင် အနေဖြင့် တံခါးပေါက်ဆီသို့ မည်သူမျှ မသိစေဘဲ ရောက်ရှိရန် အခွင့်အလမ်း အပြည့်အဝ ရှိနေသည်။

သို့သော် ၎င်းသည် သူမ၏ အစီအစဉ် မဟုတ်ကြောင်း သူ သိလိုက်၏။ သူမက မာစီ ကို ခေါ်မသွားခဲ့ပေ။ သူမ တံခါးပေါက်ထဲသို့ ဝင်နိုင်မည် မဟုတ်ပါ။ သူမက အနီးအနားတွင် ပုန်းအောင်းကာ တရားထိုင်နေမည် ဖြစ်၏။ အဆင့်တက်ရန် ကြိုးစားနေမည် ဖြစ်သည်။

အင်ပါယာ အရှင် နှင့် ဆေရှန် ဘုရင် တို့ စကားနိုင်လုနေကြပြီး အီသန် ၏ မာဒြာ များက တိမ်ပျံသင်္ဘောအပေါ်သို့ လွှတ်ထုတ်ရန် ပြင်ဆင်နေစဉ် လည်ပတ်နေ၏။

'ဒရော့စ်... ဒီ နယ်နိမိတ် အကာအကွယ် က ဘဏ္ဍာတိုက် ထဲအထိ ရောက်နိုင်လား...'

"တကယ်လို့ အဲဒီအထဲမှာ သဘာဝ ရတနာ တွေ ပြည့်နေတယ်ဆိုရင်တော့ မဖြစ်နိုင်ဘူး... အော်ရာ တွေကို ပိတ်ဆို့ထားတဲ့ အစီအရင် တွေနဲ့ တင်းတင်းကျပ်ကျပ် သော့ခတ်ထားရမှာပဲ..."

ထိုအရာက လင်းတုန်း ကြားချင်နေသော အရာပင်။ သူက မာစီ ဆီသို့ လက်လှမ်းလိုက်သည်...

သို့သော် သူမက သူ၏ လက်မောင်းကို လှမ်းဆွဲပြီးပြီဖြစ်ကာ သူ့ကို လက်ရန်းအနီးသို့ ဆွဲခေါ်သွား၏။ သူမ၏ စိတ်ဝိညာဉ်က ဖုံးကွယ်ထားသည်။

"ငါတို့ ယီရင် နောက်ကို လိုက်သွားမယ် ဆိုတာ နင် သိတယ်မလား..."

သူမက ပြောလိုက်၏။

"ငါ့နောက်ကို လိုက်ခဲ့..."

'အီသန်ကို သတင်းချန်ထားခဲ့ပေးပါ...'

လင်းတုန်းက ဒရော့စ် ကို ပြောလိုက်ပြီး သူ၏ သန့်စင်သော မာဒြာ များကို တင်းကျပ်စွာ စုစည်းကာ မာစီ ၏ နောက်မှ ခုန်ချလိုက်သည်။

သူမက မြေပြင်ဆီသို့ တိုတောင်းသော အကွာအဝေးကို သူမ၏ တောင်ဝှေးဖြင့် စီးဆင်းသွားပြီး တံခါးပေါက်ဆီသို့ ပြေးသွား၏။

ယီရင် က အနီးအနားရှိ ချုံပုတ်တစ်ခုထဲမှ ပြေးထွက်လာသည်။

"နင်တို့ ရူးနေလား... တကယ်လို့ ငါ ထွက်သွားနှင့်ပြီးသား ဆိုရင် ဘယ်လိုလုပ်မလဲ..."

"ဒါဆိုရင် ငါတို့က နင့်နောက်ကို လိုက်လာမှာပေါ့..."

လင်းတုန်းက ပြောလိုက်ပြီး ကြယ်စုတန်းများ ထွင်းထုထားသော တံခါးပေါက်ဆီသို့ ပြေးသွား၏။

မာစီ ၏ လက်ဖြင့် ထိတွေ့လိုက်သောအခါ တံခါးပေါ်ရှိ ကြယ်စုတန်း ပုံစံများက ပြောင်းလဲ လှုပ်ရှားသွားပြီး လှည်းနှစ်စီး ယှဉ်မောင်း၍ ရနိုင်လောက်အောင် ကျယ်ဝန်းသော ထူထဲသည့် ကျောက်တံခါးကြီးက စတင် ပွင့်လာတော့သည်။

လင်းတုန်းသည် ကျောက်တုံးအချင်းချင်း ပွတ်တိုက်သံနှင့်အတူ နံရံပေါ်၌ ကြီးမားလှသော အပေါက်ကြီးတစ်ပေါက် ပေါ်လာမည်ဟု မျှော်လင့်ကာ အသင့်ပြင်ထားလိုက်၏။ သို့သော် ထိုကျောက်တုံးကြီးသည် အသံတိတ်စွာပင် အပေါ်သို့ ပျော်ဝင်သွားခဲ့သည်။ ထို့နောက် သူတို့ အထဲသို့ ဝင်ရောက်နိုင်ရန် နေရာလုံလောက်စွာ ပွင့်သွားခဲ့လေ၏။

အပြင်ဘက်ရှိ အော်ရာများသည် သိပ်သည်းလှပြီဟု သူ ထင်မှတ်ထားခဲ့သော်လည်း အတွင်းဘက်၌မူ စွမ်းအင်များထဲတွင် နစ်မွန်းသွားရမလိုပင် ဖြစ်နေ၏။ သူသည် ကြေးအဆင့် အမြင်ကို ဖွင့်ရန်ပင် ကြောက်ရွံ့နေခဲ့သည်။ ကြေးအဆင့်သို့ ရောက်ခါစက ထူးကဲသော ရှေးဟောင်း အပျက်အစီး ထဲတွင် ခံစားခဲ့ရသကဲ့သို့ ယခုအခါတွင်လည်း အလွန်ပင် ဖိအားများနေသည်ဟု သူ ခံစားလိုက်ရသည်။

ဤနေရာသည် သူတို့ အဆင့်တက်ရန်အတွက် အကောင်းဆုံးသော နေရာပင် ဖြစ်လေ၏။

ထိုအချက်က ကံကောင်းသည်ဟု ဆိုရမည်။ အကြောင်းမူကား သူတို့သည် အထဲသို့ ဝင်လိုက်သည်နှင့် တစ်ပါတည်း ပိတ်မိသွားသောကြောင့်ပင် ဖြစ်သည်။ မဟူရာ မီးတောက် အင်ပါယာ ဆုတ်ခွာသွားသောကြောင့် သူတို့သည် ရက်အတန်ကြာသည်အထိ အပြင်သို့ ထွက်နိုင်မည် မဟုတ်ပေ။ ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီး အင်ပါယာသို့ ပြန်ရာ လမ်းကြောင်း ပျောက်ကွယ်သွားသည့်တိုင်အောင် အထဲ၌ ဆက်နေရနိုင်ချေလည်း ရှိလေ၏။

အကယ်၍ သူနှင့် ယီရင်သာ အဆင့်နိမ့် အရှင်သခင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင် အရာအားလုံးသည် တန်ဖိုးရှိသွားမည် ဖြစ်သည်။ အမှန်တကယ်တော့ ယီရင် အဆင့်တက်နိုင်ခဲ့လျှင်ပင် လုံလောက်ပြီ ဖြစ်၏။ လင်းတုန်းသည် သူကိုယ်တိုင် အဆင့်တက်ရန် ရလာသော အခွင့်အရေးကို လက်လွှတ်မည် မဟုတ်သော်လည်း ယီရင်အတွက်မူ ပို၍ပင် စိုးရိမ်ပူပန်နေမိသည်။

သူတို့ ပြေးနေစဉ် လင်းတုန်းက နောက်သို့ လှည့်ကြည့်လိုက်ရာ တိမ်တိုက်သင်္ဘော၏ နောက်ဘက်ရှိ တွန်းကန်အားပေးသော မှော်ပစ္စည်းများက အစိမ်းရောင် တောက်ပနေသည်ကို တွေ့လိုက်ရ၏။ ဆေရှန်ဘက်မှ အချို့သော အဆင့်နိမ့် အရှင်သခင် များသည် တိုက်ခိုက်သူ နည်းစနစ်များကို ထုတ်လွှတ်လိုက်သောကြောင့် ငွေရောင်လှံတံအချို့ ပစ်လွှတ်လာခဲ့သည်။ သို့သော် အရေးပါဆုံးသော တိုက်ခိုက်မှုမှာ ဘုရင်ကြီးထံမှသာ ဖြစ်လေ၏။ ထုထည်ကြီးမားလှသော မီးခိုးရောင် စွမ်းအင်များသည် လေဟာပြင်ထဲမှနေ၍ ဧရာမ လက်သီးဆုပ်ကြီး တစ်ခုအသွင်ဖြင့် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သင်္ဘောပေါ်သို့ ပြင်းထန်စွာ ဆင်းသက်လာခဲ့တော့၏။

ထိုတိုက်ခိုက်မှုသည် မဟူရာ မီးတောက် လှိုင်းလုံးကြီးနှင့် ရင်ဆိုင်လိုက်ရလေသည်။

ထိုမီးတောက်စွမ်းအင်များကြောင့် နေရာအနှံ့တွင် အပူချိန်များ မြင့်တက်လာပြီး ဘုရင်ကြီး၏ နည်းစနစ်ကို ပြာကျသွားစေခဲ့၏။ ထို့နောက် လေလှိုင်းတစ်ခု ထွက်ပေါ်လာပြီး အီသန် ၏ မာဒြာများက သူတို့ကို တွန်းထုတ်လိုက်ရာ သင်္ဘောသည် အရောင်တန်း တစ်ခုအသွင်ဖြင့် ပျောက်ကွယ်သွားတော့သည်။

ဆေရှန် တိုင်းပြည်သည်လည်း ချက်ချင်းပင် နောက်မှ လိုက်လာခဲ့သည်။ သူတို့၏ သေးငယ်သော တိမ်တိုက်သင်္ဘောက နောက်မှ ပြေးလိုက်လာပြီး အခြားသော အဆင့်နိမ့် အရှင်သခင် အားလုံးသည်လည်း တိမ်တိုက်များကို စီးကာ (သို့မဟုတ်) ကိုယ်ပိုင် နည်းစနစ်များကို သုံး၍ ပျံသန်းလိုက်လာကြ၏။ မည်သူမျှ တံခါးပေါက်ဆီသို့ အပြေးအလွှား သွားနေသော လင်းတုန်း ကို သတိမထားမိကြချေ။

"မင်း တခြားတစ်ယောက်ယောက်ကိုများ ဖိတ်ထားသေးလို့လား..."

ဒရော့စ် က မေးလိုက်သည်။ လင်းတုန်းသည် ချက်ချင်း လှည့်ကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။ တစ်ယောက်ယောက် သူတို့နောက်ကို လိုက်နေတာလား ဟု တွေးလိုက်မိ၏။

"ငါ့အာရုံအများစုက မင်း မတ်တပ်ရပ်လျက်နဲ့ အိပ်မပျော်သွားအောင် ထိန်းထားရတာနဲ့တင် ကုန်နေပြီ... မင်းရဲ့ ကိုယ်ပိုင်အာရုံခံစားမှုကိုပဲ ဂရုစိုက်သင့်တယ်..."

မည်သို့ပင်ဆိုစေကာမူ လင်းတုန်းသည် ကျောက်တံခါးအောက်မှ ဖြတ်သွားသောအခါ ပတ်ဝန်းကျင်ကိုပင် မကြည့်အားဘဲ မာစီ ကို အရင်ကြည့်လိုက်၏။

"ငါတို့ အနောက်က တံခါးကို ပိတ်ဖို့ လိုတယ်..."

သူက ပြောလိုက်သည်။ သူမက သူ၏အကွယ်မှနေ၍ ဖြူလွှလွှ မြူခိုးများထဲသို့ လှမ်းကြည့်လိုက်သည်။

"လုပ်လို့တော့ ရပါတယ်... ဒါပေမဲ့ အဲဒီလိုလုပ်ရင် ချာရတီ ရဲ့ သနားညှာတာမှုကိုပဲ မျှော်လင့်ရတော့မယ်... တံခါးကို အထဲကနေ ပိတ်လို့ရပေမဲ့ အပြင်ဘက်ကနေဆိုရင်တော့ အာကူရာ တစ်ယောက်တည်းကပဲ ဖွင့်လို့ရတာ... ငါ အကူအညီတောင်းလို့တော့ ရတယ်... ဒါပေမဲ့ ငါ့ မိသားစုက..."

သူမက မျှော်လင့်ချက်မဲ့စွာဖြင့် ပခုံးတွန့်ပြလိုက်၏။

"ငါတို့နောက်ကို တစ်ယောက်ယောက် လိုက်လာတာလား..."

သူမ၏ ရွှေအဆင့် အမှတ်အသားများ ထောင်မတ်လာပြီး လက်ထဲတွင် အဖြူရောင် ဓားကို ကိုင်ဆောင်ထားရင်း ယီရင် က မေးလိုက်၏။

"ဒရော့စ် က တစ်ယောက်ယောက်ကို သတိထားမိလိုက်တယ် ထင်တယ်..."

လင်းတုန်းက ပြောလိုက်သည်။ ခရမ်းရောင် ဝိညာဉ်လေးသည် လင်းတုန်း၏ ပခုံးပေါ်တွင် တွဲလွဲခိုလျက် ရုတ်တရက် ပေါ်လာပြီး ချောင်းဟန့်ဟန်ဆောင်လိုက်၏။

"ငါက မင်းရဲ့ ခန္ဓာကိုယ်ကနေတစ်ဆင့် အလုပ်လုပ်ရတာ... တစ်ယောက်ယောက်ရဲ့ မျက်လုံးတွေက ငါ့ကို လှည့်စားနေတယ်ဆိုရင် အဲဒါ မင်းရဲ့ မျက်လုံးတွေပဲ..."

ယီရင်သည် ခပ်လှမ်းလှမ်းသို့ အချိန်အတော်ကြာ လှမ်းကြည့်နေပြီးနောက် အခန်းကျယ်ကြီး၏ အတွင်းပိုင်းသို့ ဝင်ရန် လှည့်လိုက်သည်။

"ဒါပေမဲ့ ငါတို့ လုပ်စရာရှိတာကိုတော့ ပြောင်းလဲသွားစေမှာ မဟုတ်ပါဘူး..."

သူမပြောသည်မှာ မှန်သည်ဟု သူ တွေးလိုက်သော်လည်း နောက်ကျောတွင် ဟာကွက်တစ်ခု ချန်ထားခဲ့ရမည်ကိုမူ သူ မနှစ်မြို့ပေ။ လင်းတုန်းသည် သူမနောက်သို့ မလိုက်မီ နောက်ကျောဘက်သို့ နောက်ဆုံးတစ်ခေါက် လှည့်ကြည့်လိုက်လေ၏။

…

ကီရို...

ကီရိုသည် ဖခင်ဖြစ်သူ၏ တိမ်တိုက်သင်္ဘောက အင်ပါယာနောက်သို့ အရှိန်ပြင်းစွာ လိုက်သွားသည်ကို ကြည့်ရင်း ဘုရင်ကြီး၏ ဒေါသကို ခံစားမိနေ၏။ သူတို့သည် နယ်နိမိတ် စက်ကွင်း အလုပ်လုပ်မည့်အချိန်ကို စောင့်ဆိုင်းကာ သတိကြီးစွာဖြင့် ချဉ်းကပ်ခဲ့ကြသည်။ သို့သော် ဧကရာဇ်သည် သူတို့၏ အိပ်မက် အော်ရာ ကြောင့် အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိခဲ့သည်ကိုသာ တွေ့လိုက်ရ၏။ သူ၏ထံတွင် စိတ်ပိုင်းဆိုင်ရာ နည်းစနစ်များကို ကာကွယ်ပေးနိုင်သည့် အရာတစ်ခုခု ရှိနေသလားဟု တွေးမိသည်။ သူ၏ သံမဏိအဆင့် ခန္ဓာကိုယ်ကြောင့်လည်း ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ ဧကရာဇ် နိုးထနေလျှင်တောင်မှ ဤနေရာတွင် မဟူရာ မီးတောက် အင်ပါယာ အနေဖြင့် မည်သည့်အရာကိုမျှ ရရှိနိုင်မည် မဟုတ်ပေ။

အထူးသဖြင့် ကီရို၊ ဒါဂျီ နှင့် မေရာတို့သည် သင်္ဘော မထွက်ခွာမီကပင် ခုန်ဆင်းခဲ့ကြခြင်း ဖြစ်သည်။ သူတော်စင် ၏ သတိပေးချက်သာ မပါပါက အင်ပါယာ၏ ဧရာမ တိမ်တိုက်သင်္ဘောပေါ်မှ စွမ်းအင်ဖုံးကွယ်ထားသော အစစ်အမှန် ရွှေအဆင့် အချို့ လစ်ထွက်သွားသည်ကို သူတို့ သတိထားမိကြမည် မဟုတ်ပေ။ အကယ်၍ သူတို့သာ နောက်သို့ လိုက်သွားမိပါက ဤအခွင့်အရေးကို ဆုံးရှုံးသွားရမည် ဖြစ်၏။

ကီရိုသည် ယခုတိုင် မည်သည့်အရာကိုမျှ အာရုံမခံနိုင်သေးသော်လည်း အာကူရာ ချာရတီ ၏ မြေပုံကြောင့် မည်သည့်နေရာကို ကြည့်ရမည်ကို တိကျစွာ သိနေခဲ့သည်။ သူတို့ ချဉ်းကပ်သွားသောအခါ တံခါးပေါက် အနည်းငယ် ပွင့်နေသည်ကို မြင်လိုက်ရ၏။

မေရာ ၏ ဆံပင်တွင် ကျစ်ထားသော ပန်းလေးများသည် ပန်းရောင်တောက်နေပြီး သူမ၏ အပြုံးက အေးစက်နေ၏။ သူမသည် ပါးလွှာပြီး ပြောင်လက်နေသော သံချပ်ကာအသစ်နှင့် အလွန် လှပနေခဲ့သည်။ သူမကိုင်ဆောင်ထားသော တံစဉ် ကြောင့် သူမသည် သေမင်းတမန် သခင်မတစ်ဦးနှင့် အတိအကျပင် တူနေလေ၏။

သို့သော် သူမက သူ့အပေါ် အာရုံစိုက်နေမှုကို ကီရို အခွင့်ကောင်း မယူရက်ပေ။ ထို့အပြင် သူမသည် သူမကို အပြည့်အဝ အာရုံစိုက်ပေးနိုင်မည့် သူတစ်ယောက်နှင့်သာ ထိုက်တန်လေသည်။

"ကျွန်မတို့ ကံကောင်းတယ် အရှင်မင်းသား..."

သူမက ပြောလိုက်သည်။

"သူတို့ လာကြတယ်... သူတို့ရဲ့ အင်ပါယာက ကြိုက်ရာပြောနိုင်ပေမဲ့ ဆုလာဘ်ကတော့ ကျွန်မတို့ လက်ထဲမှာပါ..."

သူမက နာရူဟွပ်၏ စကားများကို ရည်ညွှန်းလိုက်သောအခါ ကီရိုသည် အပြင်ဘက်တွင် မည်သို့မျှ မပြသသော်လည်း ရင်ထဲတွင် ရှက်ရွံ့မှုများ ဒလဟော ဝင်ရောက်လာခဲ့၏။ နာရူဟွမ် သည် သူ၏ အတွင်းစိတ်ကို ဖောက်ထွင်းမြင်နေခဲ့လေသည်။

ဒါဂျီသည် သူ၏ ဓားများကို ဆုပ်ကိုင်ကာ ရှေ့သို့ လျှောက်သွားလိုက်သည်။

"သူတို့ကို ငါကိုယ်တိုင်ပဲ ရှင်းလိုက်မယ်... ခန်းမတွေကို သူတို့ သွေးတွေနဲ့ ဆေးခြယ်ပေးလိုက်တဲ့အခါ သူတော်စင်က ဘာပြောမလဲဆိုတာ ကြည့်ရသေးတာပေါ့..."

"ထိန်းချုပ်စမ်းပါ..."

ကီရိုက သတိပေးလိုက်သော်လည်း သူ၏ ညီဖြစ်သူနောက်မှ တံခါးပေါက်ဆီသို့ လိုက်သွားခဲ့၏။

"ငါတို့သာ သတိမထားရင် သူတော်စင်ရဲ့ မျက်လုံးထဲမှာ ငါတို့ကိုယ်တိုင် အရှက်ကွဲရလိမ့်မယ်... ပြီးတော့ မတော်တဆဖြစ်ရင်တောင်မှ အာကူရာ မာစီ ကို ငါတို့ ထိခိုက်အောင် လုပ်လို့ မဖြစ်ဘူး..."

သို့သော်လည်း... သူတော်စင်၏ စာထဲတွင် 'အာကူရာ မာစီ ကို ထိခိုက်အောင် မလုပ်နဲ့' ဟူ၍ မပါရှိပေ။ ထို့အပြင် 'အာကူရာ မာစီ ကို ထိခိုက်အောင်လုပ်ရင် မင်း အပြစ်ပေးခံရမယ်' ဟုလည်း မရေးထားချေ။

ထိုစာတွင် 'မင်း အာကူရာ မာစီ ကို ထိခိုက်အောင် မလုပ်သင့်ဘူး' ဟုသာ ရေးထားလေသည်။

၎င်းကို အမိန့်တစ်ခုအနေဖြင့် မှတ်ယူနိုင်သလို သတိပေးချက်တစ်ခု အနေဖြင့်လည်း ယူဆနိုင်သည်။ မည်သို့ပင်ဖြစ်စေ ကီရိုသည် ထိုအချက်ကို လိုက်နာရန် ရည်ရွယ်ထား၏။

ဒါဂျီက မည်သို့မျှ မှတ်ချက်မပေးသော်လည်း သူတို့ သုံးယောက် အတူတကွ အာကူရာ ခန်းမဆောင်၏ တံခါးပေါက်အတွင်းသို့ ဝင်ရောက်သွားကြတော့သည်။

***

All Chapters